871 - 875

110 14 0
                                    

စစ်ဧကရာဇ်(Chapter:871)
(ရွှေကျီးကန်းရဲ့တိုက်ခိုက်မှု)
..........................................
     ခေါင်းကိုးလုံး ခြင်္သေ့ဘုရင်က မုဒြာပုံစံကို ဖော်ဆောင်ပြီး လီကွမ်ရီရဲ့ လက်သီးကို ချေဖျက်ဖို့ ကြိုးစားသည်။ ချက်ချင်းပင် သူ့ရဲ့ အရှေ့၌ မရေမတွက်နိုင်တဲ့ ခြင်္သေ့ပုံရိပ်တွေ အများအပြား ပေါ်လာခဲ့သည်။ သို့သော် ပုံရိပ်တွေ မည်မျှ များပြားနေစေကာမူ လီကွမ်ရီရဲ့ လက်သီးတစ်ချက်က ခြင်္သေ့ပုံရိပ်အားလုံးကို ပျက်စီးသွားစေခဲ့သည်။

     "ဝေ့ါ ..."ပုံရိပ်တွေ မရှိတော့တဲ့နောက်မှာတော့ လက်သီးက ခေါင်းကိုးလုံး ခြင်္သေ့ဘုရင်ကို တိုက်ရိုက်ထိမှန်သည်။ ခေါင်းကိုးလုံး ခြင်္သေ့ဘုရင်မှာ ရှောင်တိမ်းဖို့ပင် အခွင့်အရေးမရဘဲ သွေးတစ်လုတ် အန်ထုတ်ပစ်လိုက်ရသည်။ တစ်ဆက်ထဲမှာ အရုတ်ကြိုးပြတ် လွင့်စင်ပြီး ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့တော့သည်။

     လီကွမ်ရီရဲ့ လက်သီးက ကောင်းကင်ဖျက်ဆီးခြင်း ခန္ဓာကိုယ်အမျိုးအစားမှ အခြေခံလာခြင်း ဖြစ်သည်။ ဒီအင်အားက အရာအားလုံးကို ဖြိုခွင်းပစ်ဖို့ လုံလောက်ပေသည်။

     "ရပ်လိုက်စမ်း"ထိုအချိန်မှာပင် ခြင်္သေ့စစ်တပ်က သူတို့ရဲ့ သခင်ကို ကာကွယ်ဖို့အတွက် အလျင်အမြန် ရှေ့တက်လာကြသည်။ ၎င်းတို့ထံမှ ကြောက်မက်ဖွယ် အေးစက်တဲ့ အငွေ့အသက်တွေ ထုတ်လွတ်နေကြပြီး လေထုတစ်ခုလုံး အေးခဲသွားသည့်အလား ထင်မှတ်မှားလိုက်ရသည်။

     "အင်းဆက်ပိုးမွှားလေးတွေ စုစည်းထားတာပဲ"လီကွမ်ရီက ခြင်္သေ့စစ်တပ်ကို ကြည့်ပြီး နှာခေါင်းတစ်ချက် ရှုံ့သည်။ တစ်ချိန်ထဲမှာ သူ့ရဲ့ ခန္ဓာကိုယ်အနောက်မှ မရေမတွက်နိုင်တဲ့ လက်တွေ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့က ကမ္ဘာကိုးခုရဲ့ အဆီအနှစ်အားလုံးကို စုပ်ယူစုစည်းထားသည့်အလား လွန်စွာ အားကောင်းတဲ့ အရှိန်အဝါတွေကို ထုတ်ဖော်နေကြသည်။

     မရေမတွက်နိုင်တဲ့ လက်တွေက လျင်မြန်စွာ လှုပ်ရှားပြီး ခြေင်္သေ့စစ်တပ်ကို ထိုးနှက်ကြသည်။ ၎င်းတို့က ခြင်္သေ့စစ်တပ်ရဲ့ နည်းစနစ်တွေနဲ့ လက်နက်တွေကို တိုက်ရိုက် ဖျက်ဆီးလိုက်ကြသည်။ ဒီစနစ်က လီကွမ်ရီကိုတိုင် ဖန်တီးထားတဲ့ ကမ္ဘာကိုးခုစွမ်းအားနဲ့ လက်တစ်ထောင်ကျင့်စဉ် ဖြစ်ပြီး စစ်တပ်တွေကို ချေမုန်းရာ၌ လွန်စွာ အသုံးဝင်သည်။ အချိန်တိုအတွင်းမှာပင် ခြင်္သေ့စစ်သည်အများအပြား အသတ်ခံရပြီး အသက်ရှင်ကျန်ရစ်သူတွေမှာလည်း ဒဏ်ရာဗလပွနဲ့ ကစဉ့်ကလျား လွင့်စင်သွားကြရတော့သည်။ အချို့စစ်သည်တွေဆိုလျှင် ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေ ပိုင်းဖြတ်ခံရပြီး အရုပ်ဆိုးစွာ သေဆုံးကြရသည်။ သူတို့ရဲ့ အားအကောင်း‌ဆုံးဖြစ်တဲ့ ဝင်္ကပါတိုက်ကွက်ကိုတောင်မှ ဖော်ဆောင်ခွင့် မရလိုက်ကြပေ။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now