821 - 825

137 14 0
                                    


စစ်ဧကရာဇ်(Chapter:821)
(ထျဲကလန်ကို ဝိုင်းရံလာတဲ့ စစ်တပ်ကြီး)
.............................................................
     နောက်တစ်ရက်မှာတော့ ကြီးမားတဲ့ စစ်တပ်ကြီးတစ်ခုက ကောင်းကင်ယံမှာ ပျံသန်းလာခဲ့ကြသည်။ စစ်သည်တော်တွေက ကြောက်မက်ဖွယ် သားရဲတွေ၊ ရထားလုံးတွေကို စီးနင်းထားပြီး လူတိုင်းဖြုံသွားရလောက်သည့် အရှိန်အဝါတွေကိုလည်း ထုတ်လွတ်ထားကြသည်။ အားနည်းတဲ့ မည်သူမဆို ယခုစစ်တပ်ကြီးကို တွေ့ပါက ကြက်သီးထသည်အထိ ထိတ်လန့်တုန်လှုပ်သွားကြနိုင်ပေသည်။

     မဟာနတ်ဆိုးကလန်၊ အရိုးခေါင်းကလန်နဲ့ သူတို့ရဲ့ မိတ်ဖက်တွေ ပါဝင်တဲ့ ဧရာမ စစ်တပ်ကြီးက နွားရိုင်းနိုင်ငံအတွင်း အဟန့်အတားမရှိ ဝင်ရောက်လာခဲ့ကြသည်။ ဒီနယ်မြေထဲတွင် အင်အားကြီးအဖွဲအစည်းတွေ မရှိ၍ မည်သူကမှ ဟန့်တားရဲခြင်း မရှိပေ။ အားလုံးမှာ စစ်တပ်ကြီး ပျံသန်းနေသည်ကိုသာ ရပ်ပြီး ကြည့်နေကြရသည်။ ဒီနိုင်ငံတွင် စုမင်ချန်ရဲ့ တော်ဝင်မိသားစုက အားအကောင်းဆုံး ဖြစ်သည်။ သို့သော် ယခုရောက်လာသည့် စစ်တပ်ကိုတော့ ဟန့်တားနိုင်တဲ့အထိ အားမကောင်းကြသေးပေ။

     ကံကောင်းတာတစ်ခုမှာ ထိုစစ်တပ်က နိုင်ငံအတွင်း မည်သည့်အရာကိုမှ ဖျက်ဆီးသွားခြင်း မရှိပေ။ ၎င်းတို့က ကောင်းကင်မီးလျှံနယ်မြေ ရှိရာအရပ်သို့ ဦးတည်ပြီး ပျံသန်းသွားခဲ့ကြသည်။

     နိုင်ငံအတွင်း ရှိနေသူ အားလုံးမှာ စစ်တပ်ကြီးရဲ့ ဦးတည်ရာကို ကြည့်ပြီး နားမလည်နိုင်အောင် ဖြစ်သွားကြရသည်။ လက်ရှိကာလတွင် ကောင်းကင်မီးလျှံနယ်မြေ၌ မည်သည့် ဂိုဏ်းအဖွဲ့အစည်းမှ ရှိမနေပေ။ ထျဲကလန်သည်လည်း သာမန်သေမျိုးမိသားစုသာ ဖြစ်ပြီး မျိုးဆက်တစ်ယောက်သာ ကျန်ရှိတော့သည်။ အခြား ထျဲကလန်မိသားစုတွေကလည်း သီးခြားစီ ထွက်ခွာသွားကြပြီ ဖြစ်သည်။ ထျဲကလန်ကို တိုက်ခိုက်ဖို့အတွက်နဲ့ ယခုလို စစ်တပ်ကြီး မလိုအပ်ပေ။ ဒါကြောင့်လည်း နိုင်ငံအတွင်း ရှိနေသူအားလုံးမှာ ဇဝေဇဝါ ဖြစ်နေကြရခြင်း ဖြစ်သည်။ နောက်ဆုံးမှာတော့ စပ်စုလိုစိတ် ရှိတဲ့ အင်အားစုအသီးသီးက လူအချို့ကို ကောင်းကင်မီးလျှံနယ်မြေရှိရာသို့ လွတ်ပြီး အခြေအနေကို စူးစမ်းခိုင်းလိုက်ကြသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now