၁၈၁ - ၁၈၅

274 18 0
                                    


စစ်ဧကရာဇ် ( Chapter:181 )
......................................
( ပါရမီရှင်ကို နင်းချေခြင်း ၁ )
....................................
" အဆင့်မြင့်သူတော်စင်ဧကရာဇ် "
များစွာသော ကျင့်ကြံသူတွေက ရောက်ရှိလာတဲ့ အဖိုးအိုရဲ့ အော်ရာတွေကို ကြည့်ပြီး တုန်လှုပ်စွာ ပြောလိုက်ကြသည်။

အဆင့်မြင့် သူတော်စင်ဧကရာဇ်......မှန်သည်၊ ဒီအဆင့်ကား သူတော်စင်ဧကရာဇ်အဆင့်တွင် နောက်ဆုံး အထွတ်အထိပ်အဆင့် တစ်ခု ဖြစ်သည်။ ယနေ့ခေတ်တွင် ဒီအဆင့်ကို ရောက်ရှိနေသူတွေကား လက်ချိ ုးရေတွက်လို့ပင် ရနေသည်။ သူတော်စင်ဧကရာဇ်အဆင့်တွင် အဆင့်၃ဆင့် ရှိပြီး ယင်းတို့မှာ စဦး သူတော်စင်ဧကရာဇ်၊ သူတော်စင်ဧကရာဇ်ငယ်နဲ့ အဆင့်မြင့်သူတော်စင်ဧကရာဇ် တို့ဖြစ်ကြသည်။

အဆင့်မြင့်သူတော်စင်ဧကရာဇ်တွေက ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်ရှိဖို့ အဆင့်တစ်ဆင့်သာ လိုတော့သူတွေ ဖြစ်ကြသည်။ လွန်ခဲ့တဲ့ နှစ်ပေါင်း၃သောင်းအထက်တွင်မူ အစွမ်းထက်ကျင့်ကြံသူ ပေါင်းများစွာ ပေါ်ထွက်ဖူးခဲ့သည်။ ထိုအချိန်တွင်မူ သူတော်စင်ဧကရာဇ်တွေကား ကျင့်ကြံခြင်းလောကမှာ အားအကောင်းဆုံးသူတွေတော့ မဟုတ်ကြပေ။

သို့သော် ယနေ့ခေတ်တွင်မူ အစွမ်းထက်ကျင့်ကြံသူတွေ နည်းပါးနေပြီး သူတော်စင်ဧကရာဇ်အဆင့် ကျင့်ကြံသူတွေက နတ်ဘုရားသဖွယ် ဖြစ်နေကြသည်။ အဆင့်မြင့်သူတော်စင်ဧကရာဇ်တွေကား တွေ့ရှိဖို့ပင် မလွယ်ကူလောက်တဲ့အထိ ရှားပါးလွန်းလှသည်။

" ဝမ်ရှန်းကျန့်.....ကောင်းကင်ဘုံနတ်ဘုရားဂိုဏ်းက ဘိုးဘေးရဲ့ နောက်ဆုံးတပည့် "
နိုလ်ဘယ်အဆင့်ကျင့်ကြံသူတစ်ယောက်က အဖိုးအိုကို ထိတ်လန့်စွာ ကြည့်ပြီး ရေရွတ်လိုက်မိသည်။

" အဲ့ဒါ ဝမ်ရှန်းကျန့်လား....."
အခြားနိုလ်ဘယ်တစ်ယောက်ကလည်း တုန်လှုပ်နေဟန်ရပြီး သူ့ဘေးနားမှ အဖော်ကို တိုးတိုးလေး မေးလိုက်ပြန်သည်။

ဝမ်ရှန်းကျန့်က ကောင်းကင်ဘုံနတ်ဘုရားဂိုဏ်း ဘိုးဘေးရဲ့ နောက်ဆုံးတပည့် တစ်ယောက်ဖြစ်သည်။ သူ့ရဲ့ ဆရာက ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းကို ဖျက်ဆီးခဲ့သူပင် ဖြစ်သည်။ ဝမ်ရှန်းကျန့်က သူ့ခေတ်သူ့အခါတွင် ပါရမီရှင်တစ်ယောက်လို့ ကျော်ကြားခဲ့သည်။ ယခုလို ကျင့်ကြံသူတွေအတွက် ခက်ခဲတဲ့ ကာလအတွင်း အဆင့်မြင့် သူတော်စင်ဧကရာဇ်တစ်ယောက် ဖြစ်အောင်လေ့ကျင့် နိုင်ခဲ့ခြင်းက သူ့ရဲ့ ပါရမီကို ထင်ဟပ်ပေါ်လွင်စေသည်။ ကံကောင်းလျှင် သူက ကောင်းကင်ဧကရာဇ်အဆင့်ကိုပင် ရောက်ရှိလာနိုင်ချေ ရှိနေသူ တစ်ယောက် ဖြစ်ပေသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now