866 - 870

122 12 0
                                    

စစ်ဧကရာဇ်(Chapter:866)
(ပြိုင်ဘက်ကင်း စစ်တပ်)
......................................
     ကျန့်ဝူရွှမ်းနဲ့ လုံကျင့်ရှန်းတို့ကို ချန်ထားပြီးနောက်မှာတော့ လီကွမ်ရီရဲ့ ရထားလုံးက တရွေ့ရွေ့ စတင်ထွက်ခွာသည်။ လက်ရှိအချိန်မှာ ရထားလုံးပေါ်၌ သူတစ်ယောက်ထဲသာ ကျန်ရှိတော့သည်။ အနည်းငယ် ကြာပြီးနောက်မှာတော့ ရထားလုံးက မိုးထိမတတ် မြင့်မားတဲ့ တောင်ကုန်းတောင်တန်းတွေ ရှိရာဘက်သို့ ရောက်လာခဲ့သည်။ ထိုအခါမှာတော့ လီကွမ်ရီက ရထားလုံးကို အမြင့်ဆုံး တောင်ထိပ်တစ်ခုပေါ်သို့ တက်စေလိုက်သည်။

     လက်ရှိ သူရောက်နေတဲ့ နေရာက ကောင်းကင်နဲ့ အနီးဆုံးဟု ဆိုရပေမည်။ နေရာအနှံ့တွင် လှပတဲ့ ရှုခင်းတွေနဲ့ ပြည့်နှက်နေပြီး ‌ဒီနေရာကို ရောက်ရှိတဲ့ မည်သူကိုမဆို ရင်သပ်ရှုမော ဖြစ်စေမည်မှာ သေချာပေသည်။

     သို့သော် ရှုခင်းတွေထက် ပိုပြီး အံ့အားသင့်ဖွယ်ကောင်းတဲ့ အခြေအနေတစ်ခု ရှိနေခဲ့သည်။ ယင်းမှာ ကျယ်ပြန်းတဲ့ တောင်တန်းဧရိယာတစ်ခုလုံးကို မှော်သင်္ကေတတွေ အသုံးပြုပြီး ချိပ်စည်းတံဆိပ်နဲ့ ပိတ်ဆို့ကာရံထားခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က ဥပဒေသများစွာ အသုံးပြုပြီး ဒီနေရာတစ်ခုလုံးကို တားမြစ်နယ်မြေတစ်ခုအဖြစ် ဖန်တီးထားခဲ့ဟန် တူသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးချိန်မှာတော့ အကာအရံအဖြစ် အသုံးပြုထားတဲ့ ချိပ်စည်းတံဆိပ်တွေက ပိုမိုအားကောင်းလာပုံရသည်။ သေချာတာတစ်ခုကတော့ ဒီနေရာကို အင်မော်တယ်ဧကရာဇ်တွေပင် ချိုးဖောက်ဝင်ရောက်ဖို့ မဖြစ်နိုင်လှပေ။

     လီကွမ်ရီမှာ တောင်ထိပ်မှာ ရပ်နေရင်း အမျိုးမျိုးသော ခံစားချက်တွေကို ခံစားနေရသည်။ ဒီနေရာက သူနဲ့ ရင်းနှီးမှု ရှိပြီး ဒီမြေပြင်အောက်၌ တစ်ချိန်က လူသားမျိုးနွယ်တွေကို ကာကွယ်ပေးခဲ့တဲ့ ပြိုင်ဘက်ကင်း စစ်ဗိုလ်ချုပ်တစ်ယောက်ကို မြုပ်နှံထားခဲ့သည်။ သူအသက်ရှင်စဉ်ကာလက ရန်သူတွေရဲ့ သွေးနဲ့ ကမ္ဘာကိုးခုကို ဆေးကြောခဲ့သည်။ သူ့ရဲ့ စစ်တပ်က ရန်သူအပေါင်းကို နင်းချေဖျက်ဆီးပစ်နိုင်စွမ်း အပြည့် ရှိပြီး အင်မော်တယ်ဧကရာဇ်တွေပင် သူ့ကို သတိထား ဆက်ဆံကြရသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now