371 - 375

201 13 0
                                    

စစ်ဧကရာဇ်(Chapter:371)
....................................
(စစ်မှန်တဲ့ နတ်ဘုရား ရောက်ရှိလာခြင်း)
....................................................
လက်ရှိအချိန်မှာ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ယောက် သေဆုံးသွားပြီ ဖြစ်၍ ကျားရဲဂိုဏ်းရဲ့ အဆင့်မြင့် ဘိုးဘေးတစ်ယောက်သာ ကျန်ရှိတော့သည်။ လီကွမ်ရီက ထိုအဖိုးအိုကို ပြုံး၍ ကြည့်ပြီး ပြောသည်။
" အခု မင်းတစ်ယောက်ထဲ ကျန်တော့တယ်၊ ငါ့ကို ဘယ်လို ရင်ဆိုင်မလဲ "

ကျားရဲဂိုဏ်းဘိုးဘေးက ဒေါသတကြီး ကြည့်ပြီး တစ်ချက် ရယ်မောလိုက်သည်။ ပြီးနောက် လီကွမ်ရီကို ပြောသည်။
" ဟား...ဟား၊ ကောင်လေး....အင်မော်တယ်ဧကရာဇ်အဆင့် ရတနာလက်နက်ရှိရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား ၊ ကျေးဇူးပြု၍ ရှေ့ဟောင်းအလင်းနန်းတော်ရဲ့ ဧကရာဇ်အဆင့်လက်နက်တွေ ခနငှားပါ "
ကျားရဲဂိုဏ်းဘိုးဘေးက လီကွမ်ရီကို ပြောပြီးနောက်မှာ ကောင်းကင်ယံသို့ ကြည့်ပြီး အော်ပြောသည်။

" ဘန်း...ဘန်း...ဘန်း..."
ဘိုးဘေးရဲ့ စကားဆုံးသည်နှင့် ကြီးမားတဲ့ ဖိအားတစ်ခု ထွက်ပေါ်လာပြီး အားလုံးကို တုန်လှုပ်သွားစေသည်။ တစ်ချိန်ထဲမှာ လီကွမ်ရီရဲ့ ဧကရာဇ်လက်နက်နှစ်ခုထက် ပိုပြီး မြင့်မားတဲ့ ဧကရာဇ်အဆင့်လက်နက်လေးခု က ကျားရဲဂိုဏ်းဘိုးဘေးရဲ့ လက်ထဲကို ရောက်ရှိလာခဲ့တော့သည်။

" အင်မော်တယ်ဧကရာဇ်အဆင့် လက်နက်တွေ...."
များစွာသော ကျင့်ကြံသူတွေမှာ ကျားရဲဂိုဏ်းဘိုးဘေးလက်ထဲမှ ဧကရာဇ်အဆင့်လက်နက်ကို ကြည့်ပြီး တုန်လှုပ်စွာ ရေရွတ်ကြသည်။ သူတို့ကြည့်နေစဉ်မှာပင် လက်နက်လေးခုက တစ်ခုထဲအဖြစ် ပေါင်းစည်းသွားပြီး အားလုံးမှာ သူတို့ရှေ့ ဧကရာဇ်တစ်ပါး ရောက်လာသည့်အလား ခံစားလိုက်ကြရသည်။

လီကွမ်ရီက ကျားရဲဂိုဏ်းဘိုးဘေးကို တုန်လှုပ်ခြင်းကင်းစွာ ကြည့်သည်။ သူ့ရြဲ လက်နက်နှစ်ခုက ကျားရဲဂိုဏ်းဘိုးဘေးရဲ့ လက်နက်နဲ့ လေထုထဲမှာ အပြင်းအထန် ရင်ဆိုက်လိုက်ကြသည်။ များစွာသော ကျင့်ကြံသူတွေမှာ လက်နက်ခြင်း ထိပ်တိုက် ရင်ဆိုင်နေကြတဲ့ မြင်ကွင်းကို ကြည့်ပြီး ဆွံ့အနေမိကြတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now