606 - 610

157 13 0
                                    


စစ်ဧကရာဇ်(Chapter:606)
(အင်မော်တယ်ဧကရာဇ် ၁၃ပါး)

     ခေါင်းတလားထဲမှပုဂ္ဂိုလ်က အမှောင်ထုကို ခြံရံပြီး ရပ်နေခဲ့သည်။ သူ့ရဲ့အသွင်အပြင် တစ်ခုထဲကပင် ကျင့်ကြံသူတွေရဲ့စိတ်ဝိညဉ်တွေကို တုန်ခါသွားစေနိုင်စွမ်း ရှိနေခဲ့သည်။ မရေမတွက်နိုင်တဲ့ တစ္ဆေမျိုးနွယ်တွေမှာ ထိုပုဂ္ဂိုလ်ကို ကြည့်ပြီး သူတို့ကိုယ် သူတို့ အစေခံတွေအလား ခံစားလိုက်ကြရသည်။ သူတို့အားလုံးမှာ ဘာတွေ ဖြစ်ပျက်သွားမှန်းပင် မတွေးနိုင်ကြတော့ပေ။ အားနဲတဲ့ ကျင့်ကြံသူတွေဆိုရင် မြေပြင်ပေါ် ပြားပြားဝပ်နေကြရတော့သည်။ စကြာဝဠာအဆင့်ဘိုးဘေးတွေပင် ကြောက်မက်ဖွယ်ဖိအားကို ခံစားနေရပြီး တုန်ရင်နေကြတော့သည်။

     "ဝုန်း"
ထိုစဉ် အမှောင်ထုထဲမှ လက်ကြီးတစ်ဖက် ရှည်ထွက်လာခဲ့ပြန်သည်။ ယင်းက အင်မော်တယ်ဧကရာဇ်ဖေးယန်ရဲ့တံခွန်နဲ့ တစ္ဆေမုဆိုးထံ အထိမ်းအကွပ်မရှိ တိုးဝင်သွားခဲ့သည်။ ဧကရာဇ်ဖေးယန်ရဲ့တိုက်ပွဲဝင်လိုစိတ်နဲ့ တစ္ဆေမုဆိုးတို့ကလည်း တွန့်ဆုတ်သွားခြင်း မရှိပေ။ သူတို့က အလိုက်သင့် ပူးပေါင်းလှုပ်ရှားလိုက်ကြပြီး အမှောင်ထဲမှ ထွက်ပေါ်လာတဲ့ လက်ကို ခုခံဖို့ ပြင်လိုက်ကြသည်။

     "ဘန်း"
ကြောက်မက်ဖွယ် မြည်ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး ဧရာမလက်ကြီးမှ ရပ်တန့်သွားရတော့သည်။ တစ္ဆေမုဆိုးက ဧရာမလက်ကြီးရဲ့အနီရောင်တောက်နေတဲ့ ကြွက်သွားတွေကို မြိန်ရေရှက်ရည် ကိုက်ဖဲ့စားသောက်ပစ်လိုက်သည်။ သို့သော် သူ့ရဲ့ခန္ဓာကိုယ်ကလည်း ဧရာမလက်ကြီးရဲ့ထိုးခွဲမှုကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်သွားရတော့သည်။

     ထိုအချိန်တွင် လီကွမ်ရီက တစ္ဆေဘိုးဘေးသစ်ပင်ကို ပြန်လည်စိမ်းလန်းလာအောင်သာ ဂရုစိုက်နေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ တစ္ဆေဘိုးဘေးသစ်ပင်မှ တောက်ပတဲ့ အရောင်အဝါတွေ စတင်ထွက်ပေါ်လာခဲ့တော့သည်။ ၎င်းက တစ်ကမ္ဘာလုံးမှာ အမြင့်မြတ်ဆုံး အရာတစ်ခုအလား ဝင့်ကြွားစွာ ရပ်တည်နေခဲ့ပြီး လောကရဲ့ဥပဒေသတွေက အပင်တစ်ခုလုံးကို လွှမ်းခြုံထားကြသည်။ တစ်ချိန်ထဲမှာ တစ္ဆေဘိုးဘေးသစ်ပင်ရဲ့တောက်ပတဲ့ အလင်းတန်းတွေက လီကွမ်ရီရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး အကာအရံတစ်ခု အဖြစ် ကာကွယ်ပေးလိုက်ကြသည်။ ဒါ့အပြင် သူက ကောင်းကင်နိုင်ငံတော်မှ ငှားရမ်းလာခဲ့တဲ့ စစ်ချပ်ဝတ်အင်္ကျီက်ိုလည်း ဝတ်ဆင်ထားသေးသည်။ 

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now