506 - 510

148 13 0
                                    


စစ်ဧကရာဇ်(Chapter:506)
(လျှို့ဝှက်ဘုံမှ နတ်ဆိုး)

     လီကွမ်ရီက တာအိုဟောပြောသူကို ကြည့်ပြီး ပြောသည်။
"အခု မင်းရဲ့ကံကို စမ်းချင်ရင် အခုရောက်နေတဲ့ နေရာကနေ ရေကန်အစပ်ကို ခုန်ချကြည့်ပါ"

     တာအိုဟောပြောသူမှာ လီကွမ်ရီကို မယုံမရဲ ကြည့်သည်။ သူ့အနေနဲ့ မသေချာတဲ့ အလုပ်ကို အသက်နဲ့ ရင်းပြီး မလုပ်လိုပေ။ တစ်ခုခုသာ လွဲချော်သွားပါက သေချာပေါက် သေဆုံးသွားရလိမ့်မည် ဖြစ်သည်။

     "ဟမျ၊ ငါ့ကို မယုံတာလား"
လီကွမ်ရီက တာအိုဟောပြောသူ တွေဝေနေပုံကို ကြည့်ပြီး မျက်မှောင်ကြုံ့ကာ ပြောသည်။
"ဘာလဲ၊ မင်းက သေမှာကို ကြောက်နေတာလား၊ ငါတောင် မကြောက်တာ မင်းက ဘာလို့ ကြောက်နေမှာလဲ"

     "ဟီး .. ဟီး၊ ဒါက ငါ့ရဲ့မကောင်းတဲ့ အကျင့်တစ်ခုပါ"
တညအိုဟောပြောသူက ရှက်ကိုးရှက်ကန်း ဆက်ပြောသည်။
"ငါ ငယ်ငယ်ကတည်စက အရမ်းကြောက်တတ်တယ်၊ အိမ်အပြင်ထွက်ရင်တောင် အန္တရာယ်ရှိမရှိ အရင်ကြည့်တာ၊ ပြီးမှ အပြင်ကို ထွက်ရဲတာလေ၊ ဒါပေမယ့် သခင်လေးလီကို ငါယုံပါတယ်၊ သခင်လေးလီနောက် လိုက်ရင် ခမ်းနားတဲ့ အခွင့်အလမ်းတွေ ရမယ်လို့ ငါခံစားနေမိတယ်"

     တာအိုဟောပြောသူရဲ့စကားကြောင့် လီကွမ်ရီက သဘောကျစွာ ရယ်မောလိုက်မိသည်။ လန်ယွင်ကျူးမှာမူ လီကွမ်ရီ ရယ်မောနေတာကို အလိုမကျစွာ ကြည့်နေမိသည်။ လီကွမ်ရီရဲ့ စကားအရ လျှို့ဝှက်ဘုံကို တွေ့ဖို့ အလွန်ခက်ခဲပေသည်။ မှားယွင်းတဲ့ လမ်းကြောင်းကို သွားမိပါက ခြွင်းချက်မရှိ သေဆုံးရမည်ဟုလည်း ပြောသည်။ တကယ်လည်း ထိုသို့ ဖြစ်နိုင်မှန်း သူမက သိနေမိသည်။ သူမသာ သင်္ချိုင်းဂူအပြင်ဘက် ပြန်သွားပြီးမှ ဒီနေရာကို ရောက်အောင် ပြန်လာခိုင်းရင် ပြန်မလာတတ်တော့ပေ။ ဒီနေရာတစ်ခုလုံးက သူမမရောက်ဖူးတဲ့ ကမ္ဘာသစ်တစ်ခုကို ရောက်သွားသလို ခံစားစေမိသည်။

     လီကွမ်ရီက လန်ယွင်ကျူးနဲ့ တာအိုဟောပြောသူတို့ကို ဂရုမစိုက်တော့ဘဲ ရေကန်ကို မျက်တောင်မခတ်စတမ်း ကြည့်နေမိသည်။ သူ့ရဲ့ စိတ်ထဲမှာ အတွေးပေါင်းများစွာ နေရာယူနေပြီး အချိန်အနည်းငယ်ကြာမှ တိုးညှင်းစွာ ပြောသည်။
"ဒီရေကန်က ငါသိချင်နေတဲ့ လျှို့ဝှက်ချက်ပဲ"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now