၁၆၁ - ၁၆၅

292 22 0
                                    


စစ်ဧကရာဇ် ( Chapter:161 )
......................................
( သေပြီးသားသူတွေနဲ့ ဆက်သွယ်ခြင်း ၁ )
.....................................................
" အင်မော်တယ်တွေကလည်း ရတနာဥသျှောင်တွေနဲ့ ခပ်ဆင်ဆင်တူတယ် "

လီကွမ်ရီက အားလုံးကို ကြည့်ပြီး ဆက်ပြောသည်။
" ဒါပေမယ့် အင်မော်တယ်တွေက ပိုပြီး ကြောက်စရာကောင်းတယ်၊ သူတို့တွေက နဂါးသွေးကြောထဲမှာ ကိုယ့်ကိုယ်ကို သင်္ဂြုလ်ထားတဲ့သူတွေ ဖြစ်တယ်၊ သူတို့က ရတနာဥသျှောင်တွေထက် ပြန်လည်နိုးထဖို့ ပိုပြီး အခွင့်အရေးရှိကြတယ်၊ ပြီးတော့ သူတို့တွေက အရမ်းသန်မာပြီး အလောင်းကောင်တွေကို ထိန်းချုပ်နိုင်စွမ်း ရှိကြတယ် "

" ကျွန်တော် ဒီအကြောင်းတွေကို နည်းနည်းကြားဖူးတယ် "
ထိုစဉ် နူးဖန်က ရုတ်တရက် ပြောလိုက်သည်။
" အင်ပါယာခေတ်ဦးအစက အင်မော်တယ်ဧကရာဇ် ဖြစ်ချင်တဲ့ ကျင့်ကြံသူအချို့က နဂါးသွေးကြောထဲဝင်ပြီး သူတို့ကိုယ်သူတို့် သင်္ဂြုလ်ခဲ့ကြတယ်တဲ့၊ ဒါပေမယ့် သူတို့တွေ အင်မော်တယ်ဧကရာဇ် ဖြစ်သွားလား၊ မဖြစ်သွားဘူးလားဆိုတာကို ဘယ်သူမှ မသိကြဘူး "

" ဒါဆို ရှေ့ဟောင်းသချႋ ုင်းမြေထဲမှာ အလောင်းကောင်တွေက အားအနည်းဆုံးလို့ ပြောရမှာပေါ့ "
ဘာဟိုဂျီယာအိုက စဉ်းစားရင်း မှတ်ချက်ချ လိုက်သည်။

" မင်းပြောတာ မှန်တယ်လို့လဲ ပြောလို့ရသလို မမှန်ဘူးလို့လဲ ပြောလို့ရတယ် "
လီကွမ်ရီက ဘာဟိုဂျီယာအိုကို ပြုံးပြီး ဆက်ပြောသည်။
" တချို့စွမ်းအားမြင့်တဲ့ လူတချို့ သေသွားပြီး အလောင်းကောင် ဖြစ်သွားတာတွေ ရှိတယ်၊ သူတို့တွေဆိုရင် အင်မော်တယ်နဲ့ ရတနာဥသျှောင်တွေ အချို့ကို မောင်းထုတ်ခြောက်လန့်နိုင်စွမ်းရှိကြတယ် ......"

နောက်ဆုံးမှာတော့ နန်ဟွာရန်တို့ အဖွဲ့မှာ လီကွမ်ရီရဲ့ ရှင်းပြမှုကြောင့် ရှေ့ဟောင်းသချႋ ုင်းမြေရဲ့ အကြောင်းကို နားလည်သင့်သလောက် နားလည်သွားတော့သည်။ ဒီခရီးကို လီကွမ်ရီနဲ့ အတူ လာရောက်ရခြင်းက သူတို့အားလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ အသိပညာဗဟုသုတတွေကို တဖြေးဖြေးနဲ့ တိုးပွားလာစေတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now