361 - 365

168 7 0
                                    

စစ်ဧကရာဇ်(Chapter:361)
....................................
(ကျားရဲဂိုဏ်း)
...................
လက်ရှိအချိန်မှာ များစွာသော လူတွေက ခြင်္သေ့ဂိုဏ်းဘိုးဘေးနဲ့ ချီရှောင်းတာအိုတို့အကြောင်းကို ပြောဆိုနေကြသည်။

" ကျားရဲဂိုဏ်းက တကယ့်ကို အတင့်ရဲလွန်းတာဘဲ၊ သူတို့က ခြင်္သေ့ဂိုဏ်းကို မျက်စိထဲ လုံးဝ မထည့်ထားဘူးထင်တယ် "
ကျင့်ကြံသူတစ်ယောက်က သူ့အဖော်ကို စိတ်လှုပ်ရှားစွာ ပြောသည်။

သို့သော် နဘေးနားမှ သက်ကြီးပိုင်း ကျင့်ကြံသူတစ်ယောက်က ခေါင်းကို ခါရမ်းပြီး ပထမကျင့်ကြံသူကို ပြန်ပြောသည်။
" ကျားရဲဂိုဏ်းက ခြင်္သေ့ဂိုဏ်းကို ဂရုမစိုက်တာ မထူးဆန်းပါဘူး၊ လက်ရှိခြင်္သေ့ဂိုဏ်းရဲ့ အကြီးအကဲတွေက ဒဏ်ရာရပြီး တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့နေတယ်လေ၊ သူတို့က ဘာကြောင့် ဂရုစိုက်နေဦးမှာလဲ "

" ဒါပေမယ့် အခုကအရမ်းထူးဆန်းနေတယ်၊ ခြင်္သေ့ဂိုဏ်းရဲ့ ကောင်းကင်ဘုံသခင်က ဘာလို့ လျှို့ဝှက်နယ်မြေထဲ ပိတ်မိနေရတာလဲ၊ သူ့ရဲ့ စွမ်းအားအဆင့်က အရမ်းကို တိုးတက်လာတယ်မလား၊ သူ့အနေနဲ့ အခုလောက်ထိ နမော်နမဲ့ မနိုင်သင့်ဘူးလေ "
ပထမကျင့်ကြံသူက အားမလိုအားမရနဲ့ ပြန်ပြောသည်။

အမှန်တကယ်လည်း ခြင်္သေ့ဂိုဏ်းရဲ့ ဘိုးဘေးဖြစ်တဲ့ ကောင်းကင်ဘုံသခင်က အရှေ့ပိုင်းမြစ်ဝှမ်းဒေသရဲ့ အင်အားကြီးမားသူတွေထဲ ပါဝင်ပေသည်။ ဒါ့အပြင် သူက တံခါးပိတ်လေ့ကျင့်နေရာမှာ ထွက်လာပြီး အင်မော်တယ်ခန္ဓာကိုယ်ကျင့်စဉ်ကိုပင် အထိုက်အလျောက် အောင်မြင်ခဲ့ပြီဟု ကောလဟာလတွေ ထွက်ရှိနေခဲ့သည်။ သို့သော် သူက ချီရှောင်းတာအိုကို ကယ်တင်ချင်ဇောနဲ့ ကျားရဲဂိုဏ်းထဲ ဝင်ရောက်သွားခဲ့ပြီး လျှို့ဝှက်နယ်မြေထဲမှာ ပိတ်မိနေခဲ့တော့သည်။ ဒါကြောင့်လည်း အတော်များများက အားမလိုအားမရ ဖြစ်နေကြခြင်း ဖြစ်သည်။

" နဂါးတောင် မြွေရဲ့ အသိုက်ထဲကို ရူးရူးမိုက်မိုက် မဝင်ရဲဘူး၊ သူက တကယ့်ကို စဉ်းစားဆင်ခြင်မှု ကင်းမဲ့တယ် "
အခြားကျင့်ကြံသူ တစ်ယောက်ကလည်း သူ့ရဲ့ အမြင်ကို ဝင်ပြောသည်။ လက်ရှိအချိန်မှာ အားလုံးက ခြင်္သေ့ဂိုဏ်းရဲ့ ဘိုးဘေးကို အဆင်အခြင်ကင်းမဲ့သူတစ်ယောက်အဖြစ် ဝေဖန်ပြောဆိုနေကြတော့သည်။
............................
ချီရှောင်းတာအိုနဲ့ ကောင်းကင်ဘုံသခင်ကို ဖမ်းဆီးပြီးနောက်မှာ ကျားရဲဂိုဏ်းက သတင်းတစ်ခုကို ထုတ်ပြန်ခဲ့သည်။ အသက်၇၀ ဝန်းကျင်ခန့်ရှိ အဖိုးအို တစ်ယောက်က ခြင်္သေ့ဂိုဏ်းထံ ရောက်လာခဲ့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now