986 - 990

298 10 0
                                    

စစ်ဧကရာဇ်(Chapter:986)
(ဧကရာဇ်လက်နက်ကို ခုခံခြင်း)
................................................
     "ထွက်ပြေးဖို့ မကြိုးစားဘူးပေါလေ ... မင်းရဲ့သတ္တိကိုတော့ လေးစားမိပြီ ..."လီကွမ်ရီက ချီထျန်းယွီကို ပြုံး၍ပြောလိုက်သည်။

     ချီထျန်းယွီက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းသည်။ ပြီးနောက် သွေးသားစွမ်းအင်ကို ထုတ်လွှင့်လိုက်သည်။ ချက်ချင်းပင် အက်ကွဲနေသည့် လက်မောင်းရိုးက ပြန်ကောင်းလာခဲ့သည်။

     ကျင့်ကြံခြင်းအဆင့်က စစ်နတ်ဘုရားတောင်၏ ဖိနှိပ်မှုကြောင့် ခန္ဓာကိုယ်ဖြည့်ဆည်းခြင်းအဆင့် ဖြစ်နေသော်လည်း တာအိုအုတ်မြစ်ကတော့ ယခင်အတိုင်း ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် အရိုးကျိုးသည့် ဒဏ်ရာတွေကို ပြန်လည်ကုသဖို့က မခက်ခဲပေ။

     "ငါတို့ရဲ့ သွေးမျိုးနွယ်က သူရဲဘောကြောင်ပြီး ထွက်မပြေးတတ်ဘူး၊ စစ်ပွဲမှာ သေဆုံးတဲ့ သူရဲကောင်းတွေပဲ ရှိတယ်"ချီထျန်းယွီက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းသည်။ ပြီးနောက် သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် လီကွမ်ရီကို ကြည့်လိုက်သည်။

     "ဟုတ်တယ်၊ ဒါမှ သွေးမျိုးနွယ်အစစ်ပဲ ..."ယုံကြည်မှုပြန်လည်ရရှိလာသည့် ချီထျန်းယွီကို တွေ့ပြီးနောက် သွေးမျိုးနွယ် အများအပြားက တိတ်တဆိတ် ချီးမွမ်းလိုက်ကြသည်။

     လီကွမ်ရီက ချီထျန်းယွီကို တစ်ချက်ကြည့်သည်။ ပြီးနောက် ပြက်ရယ်ပြုဟန်ဖြင့် ဖြည်းဖြည်းချင်း ပြန်ပြောသည်။
     "သေရမှာကို မကြောက်တာလား၊ ဒါမှမဟုတ် ထွက်ပြေးဖို့ အားမရှိတော့လို့လား ... ဘာပဲဖြစ်ဖြစ်ပါ အခုလို ယုံကြည်မှုတစ်ခုတည်းကပဲ ချီးမွမ်းထိုက်ပါတယ်"လီကွမ်ရီက ပြုံး၍ ဆက်ပြောသည်။
     "လာပါ၊ မင်းရဲ့ အစွမ်းအစ အားလုံးကိုပြလိုက်တော့ ... ဒါက မင်းရဲ့နောက်ဆုံး အခွင့်အရေးပဲ"

     ချီထျန်းယွင်က လီကွမ်ရီကို ပြင်းထန်စွာ စိုက်ကြည့်သည်။ သူ့ကိုယ်သူ အရင်ဆုံး ပြင်ဆင်လိုက်သည်။ ပြီးနောက် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်သည်။
     "သေစမ်းကွာ ..."

You've reached the end of published parts.

⏰ Last updated: Jun 15, 2023 ⏰

Add this story to your Library to get notified about new parts!

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now