836 - 840

136 14 0
                                    

စစ်ဧကရာဇ်(Chapter:836)
(ကောင်းကင် အပျက်အစီးနယ်မြေ)
.....................................................
     ရွှေကျီးကန်းမင်းသားမှာ ရယ်ရယ်မောမောနဲ့ စကားပြောနေပေမယ့် ယဲ့ချင်းချန်ရဲ့နှုတ်ဖျားမှ မြောင်ချန်ဟူသည့် အမည်ထွက်လာတိုင်း မသက်မသာ ခံစားနေရသည်။ သို့သော် နောက်ပိုင်းမှာတော့ ယဲ့ချင်းချန်က သူ့ရဲ့ခံစားချက်ကို နားလည်၍လား၊ ဒါမှမဟုတ် အကြောင်းမတိုက်ဆိုင်လားတော့ မသိဘဲ မြောင်ချန်အကြောင်းကို ဆက်မပြောတော့ပေ။ ထိုအခါမှသာ ရွှေကျီးကန်းမင်းသားရဲ့ စိတ်ထဲ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

     ထိုစဉ် ယဲ့ချင်းချန်က ဝိုင်တစ်ခွက်ကို မော့သောက်ရင်း ပြုံး၍ ပြောသည်။
     "ကျန့်ကလန်ရဲ့ မင်းသမီး ကျန့်ဝူရွှမ်းလည်း သားရဲဘုံကို ရောက်နေတယ်တဲ့၊ သူမက လီကွမ်ရီနဲ့အတူ ရှိနေတယ်လို့ ငါကြားထားတယ်"

     ယဲ့ချင်းချန်ရဲ့စကားက ရွှေကျီးကန်းမင်းသားရဲ့မျက်နှာကို ရှုံ့မဲ့သွားစေခဲ့သည်။ ‌မြောင်ချန်သည် လှပတဲ့ မိန်းမလှလေးတစ်ယောက်ဖြစ်ပေမယ့်လည်း သူက မြောင်ချန်ထက် ဖီးနစ်တစ်ကောင်လို တောက်ပတဲ့ ကျန့်ဝူရွှမ်းကိုသာ ပိုပြီး စိတ်ဝင်စားမိသည်။ ယခုမူ ကျန့်ဝူရွှမ်းက လီကွမ်ရီနဲ့အတူ ရှိနေခဲ့သည်။ သူက မည်သို့သော နှလုံးသားနဲ့ ထြေသိမ့်နိုင်မည်နည်း။

     ယဲ့ချင်းချန်က ရွှေကျီးကန်းမင်းသားကို ပြုံး၍ ကြည့်သည်။
     "ကျန့်ဝူရွှမ်းက ငယ်ရွယ်ပြီး ရင့်ကျက်မှုမရှိဘူး၊ ဒါကြောင့် လီကွမ်ရီအပေါ် ယာယီတိမ်းညွှတ်သွားတာ နေမှာပါ၊ စိတ်မပူပါနဲ့ ညီလေး၊ အချိန်တန်ရင် ကျန့်ဝူရွှမ်းရဲ့စိတ်ထဲ လီကွမ်ရီလို အညတရတစ်ယောက်က သူမနဲ့ မထိုက်တန်ဘူးလို့ နားလည်လာမှာပါ၊ မင်းလို ပါရမီရှင်တစ်ယောက်ကပဲ သူမကို ပိုင်ဆိုင်ဖို့ အရည်အချင်း ရှိတယ်လေ"

     ယဲ့ချင်းချန်က ရွှေကျီးကန်းမင်းသားကို နှစ်သိမ့်လိုက်ပေမယ့် ရွှေကျီးကန်းမင်းသားမှာမူ ထိုစကားနဲ့ပတ်သက်ပြီး စိတ်ထဲ မသေချာ မရေရာ ခံစားနေမိသည်။ ကျန့်ဝူရွှမ်းသည် မာနကြီးသူတစ်ယောက်ဖြစ်ပြီး မည်သည့်အရာကမှ သူမရဲ့ မျက်လုံးထဲ ဘာမှ မဟုတ်တော့ပေ။ သူက အယ်လ်ခမီဘုံမှာ အချိန်တစ်ခုမျှ နေထိုင်ပြီး ကျန့်ဝူရွှမ်းရဲ့ နှစ်သက်မှုကို ရဖို့ ကြိုးစားခဲ့သည်။ ကျန့်ဝူရွှမ်း သတိပြုမိစေရန် အမျိုးမျိုးသော အရည်အချင်းတွေကို ပြသခဲ့သည်။ သို့သော် သူ့ရဲ့ ကြိုးစားမှုက အချည်းနှီးသာ ဖြစ်ခဲ့ပြီး ကျန့်ဝူရွှမ်ရဲ့ အရေးစိုက်မှုကို မရရှိနိုင်ခဲ့ပေ။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now