၁၅၆ - ၁၆၀

321 20 0
                                    


စစ်ဧကရာဇ် ( Chapter:156 )
......................................
( ဘယ်သူပိုချမ်းသာလဲ ပြိုင်မလား ၂ )
...............................................
" ကျောက်မျိုးနွယ်စုဆိုတာ မိစ္ဆာမျိုးနွယ်စုဝင်တွေနဲ့ ခပ်ဆင်ဆင်ဘဲ ၊ မိစ္ဆာမျိုးနွယ်စုဝင်တွေကိုတော့ ကြားဖူးကြတယ်မလား၊ အဲ့နေရာမှာ နဂါးနက်ဘုရင်နဲ့ အင်မော်တယ်ဧကရာဇ်တကောင်းတို့ တိုက်ခိုက်ခဲ့ကြသေးတယ်လေ၊ ဒါပေမယ့် အခုနောက်ပိုင်းမှာ မိစ္ဆာမျိုးနွယ်စုတွေကို တွေ့ဖို့ မလွယ်တော့ဘူး "

နူးဖန်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။

" အိုး......"
နန်ဟွာရန်တို့ အုပ်စုကလည်း ထိန်းချုပ်မရတော့အောင် စိတ်လှုပ်ရှားသွားကြသည်။ ထိုစဉ် လူအိုဖန်းဟွာက အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်သည်။

" ကျ....ကျွန်တော်ထင်ထားတာက မိစ္ဆာတွေက ခေါင်းအကြီးကြီးတွေနဲ့ မျက်လုံးအကြီးကြီးတွေ ရှိတယ်ထင်တာ၊ အဲ့လို့ မဟုတ်ဘူးလား၊ မိစ္ဆာမျိုးနွယ်စုတွေကလည်း ခဏက ကျောက်မျိုးနွယ်စုကလူလို ကြည့်လို့ကောင်းတာဘဲလား "

" မိစ္ဆာမျိုးနွယ်စုတွေက တစ်ခုထဲရှိတာ မဟုတ်ဘူး၊ မိစ္ဆာမျိုးကွဲတွေ အများကြီး ရှိကြတယ် "
လီကွမ်ရီက ဇန်ယုကို ပြန်ရှင်းပြလိုက်သည်။

သူတို့အဖွဲ့က မြို့ထဲမှာ ပတ်သွားနေကြပြီး ထူးခြား ဆန်းပြားတဲ့ မြင်ကွင်း အမျိုးမျိုးကို မြင်တွေ့ခဲ့ကြရသည်။ နောက်ဆုံးတွင် သူတို့အဖွဲ့က ရတနာပစ္စည်းတစ်ခု ရောင်းချတဲ့ ဆိုင်အရှေ့ကို ရောက်သွားကြသည်။ လီကွမ်ရီက ဆိုင်အရှေ့မှာ ချိတ်ထားတဲ့ နာမည်ကို ကြည့်ပြီး သဘောကျစွာ ရယ်မော လိုက်မိသည်။ လီရှောင်းရန်ကလည်း " သွက်လက်မြန်ဆန်ရှေ့ဟောင်းဆိုင် " ဆိုတဲ့ ဆိုင်နာမည်ကို ဖတ်ကြည့်ပြီး လီကွမ်ရီကို ကြည့်ကာ ပြောလိုက်သည်။

" ငါတို့အထဲကို ဝင်ပြီး ကြည့်သင့်တယ် "

" ကောင်းပြီလေ၊ ငါတို့ဝင်ကြတာပေါ့ "
လီကွမ်ရီက သူမကို ခေါင်းညိမ့်ပြပြီး ဆိုင်အတွင်းသို့ ဦးဆောင်ပြီး ဝင်သွားလိုက်သည်။

ဆိုင်အတွင်းမှာ လွန်စွာကျယ်ဝန်းပြီး ပစ္စည်းဝယ်ယူရန် ရွေးချယ်နေကြသည့် လူအချို့ကိုလည်း တွေ့လိုက်ကြရသည်။ ဒါ့အပြင် များစွာသော သတ္ထုတွေ၊ ရတနာပစ္စည်းတွေ၊ သံမဏိတွေ နဲ့ ရှားပါးဝိညဉ်ဆေးဝါးအချို့ ခင်းကျင်းပြသထားသည်ကို တွေ့ကြရသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now