341 - 345

192 10 0
                                    

စစ်ဧကရာဇ်(Chapter:341)
....................................
(ကမ္ဘာဦးသစ်ပင်ပေါ်သို့ တက်ခြင်း)
..............................................
လီကွမ်ရီက မယ်ဆုယောင်ရဲ့ တောင်းဆိုချက်ကြောင့် ပြုံး၍ ပြန်ပြောသည်။
" ကောင်မလေး၊ ငါနဲ့ လိုက်ပြီး ငါ့ကို စုံစမ်းဖို့ ကြိုးစားနေတာလား၊ ဒါက အလုပ်မဖြစ်ဘူးနော် ၊ မင်းရဲ့ အတွေ့အကြုံတွေက အရမ်း အားနည်းနေ‌သေးတယ် "

ချီရှောင်းတျယ်မှာ လီကွမ်ရီရဲ့ စကားကြောင့် တစ်ကိုယ်လုံး ချွေးတွေ စိုရွှဲလာရတော့သည်။ မယ်ဆုယောင်ကား ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်ပြီး အရှေ့ပိုင်းမြစ်ဝှမ်းဒေသတစ်လျှောက် သူမကို မည်သူမှ အထက်ဆီးက မပြောရဲပေ။ သို့သော် လီကွမ်ရီက လုပ်ခဲ့သည်။ သူမအနေနဲ့ အဘယ်မှာ မအံ့ဩဘဲ နေနိုင်တော့မည်နည်း။

" မင်းသမီးမယ်၊ ငါသဘောတူတယ်၊ အခုကိစ္စက ပူးပေါင်းလုပ်ဆောင်တာ အကောင်းဆုံးဘဲ "
ထိုစဉ် ပင်းယွီရှားက ပြုံး၍ ဆက်ပြောသည်။
" မင်းသမီးမယ်နဲ့သာ ပူးပေါင်းရင် အရာအားလုံးက အောင်မြင်ဖို့ ပိုအခွင့်အလမ်းများတယ်..."

" ဖြန်း...."
ပင်းယွီရှားရဲ့ စကားမဆုံးခင်မှာပင် လီကွမ်ရီက သူမရဲ့ တင်ပါးကို ဖြန်းကနဲ ရိုက်ပစ်လိုက်သည်။ ပြီးနောက် ပြုံး၍ ပြောသည်။
" မင်းက ငါနဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလား၊ ဒါဆို့ ငါ့ဆီမှာ မင်းအတွက် နေရာမရှိဘူးနော် "

" နင်...နင်..."
ပင်းယွီရှားမှာ လီကွမ်ရီကို ကြည့်ပြီး ဒေါသတကြီး ထခုန်သည်။ သူမအား မည်သူမှ ယခုလို မဆက်ဆံရဲပေ။ သို့သော် လီကွမ်ရီက သူမကို လူပုံအလယ်မှာပင် ဂရုမစိုက်သည့်အလား ပြုမူနေခဲ့သည်။

မယ်ဆုယောင်မှာမူ လီကွမ်ရီရဲ့ စကားကြောင့် စိတ်ပျက်သွားရသည်။ သို့သော် သူမကလည်း မာနကြီးသူ တစ်ယောက် ဖြစ်ရကား လီကွမ်ရီကို တည်ငြိမ်စွာ ပြန်ပြောသည်။
" အကိုလီက မလိုလားဘူးဆိုရင် ငါအတင်းအကျပ် လုပ်မှာ မဟုတ်ပါဘူး "

" ကောင်းပြီ၊ ငါတို့သွားကြမယ် "
နောက်ဆုံးတွင် လီကွမ်ရီက မယ်ဆုယောက်ကို ပြုံး၍ ပြောလိုက်သည်။ ပြီးနောက် ကြေးနီရောင် စစ်ရထားကို ထုတ်လိုက်ပြီး သူ့အဖွဲ့သားအားလုံးကို ခေါ်ဆောင်စေလိုက်သည်။ ချက်ချင်းပင် ကြေးနီရောင် စစ်ရထားက ကောင်းကင်ပေါ်သို့ မယုံနိုင်ဖွယ် အရှိန်နှုန်းဖြင့် ပျံတက်သွားတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now