356 - 360

254 14 0
                                    


စစ်ဧကရာဇ်(Chapter:356)
....................................
(ခန္ဓာကိုယ်နှစ်မျိုး)
........................
မင်းသမီးကျစ်ချွင်ပြန်သွားပြီးနောက်မှာ လီကွမ်ရီက အချိန်ကို အလဟတ်သ မဖြစ်စေဘဲ လေ့ကျင့်ဖို့ ပြင်လိုက်သည်။ ကျီးကန်းနက်အဖြစ်နဲ့ အင်မော်တယ်ဧကရာဇ်အမြောက်အများကို လေ့ကျင့်ပေးခဲ့ဖူး၍ လေ့ကျင့်ရာမှာတော့ သူ့အတွက် မည်သည့်အခက်အခဲမှ မရှိပေ။ ယုတ်စွအဆုံး ကျင့်ကြံခြင်းလောကကို့ သူ့ထက်နားလည်သူ မည်သူမှ ရှိမည်မဟုတ်ပေ။

လက်ရှိအချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်က ကမ္ဘာဦးရေစင်ကို စုပ်ယူပြီး သန့်စင်ထား၍ တာအိုအခြေခံကို မြင့်တင်ဖို့ ပြင်ဆင်လိုက်သည်။ တကယ်လို့ ကမ္ဘာဦးရေစင်ကို မစုပ်ယူထားဘူးဆိုရင်တောင်မှ သူ့ရဲ့ တာအိုအခြေခံ အုတ်မြစ်က မြင့်မားနေပြီး ဖြစ်သည်။ သို့သော် အပြစ်အနာအဆာ အနည်းငယ်တော့ ရှိနေမည်ဖြစ်သည်။ ယခုတော့ ကမ္ဘာဦးရေစင်ရဲ့ အကူအညီနဲ့ ပြီးပြည့်စုံနေပြီဟု ဆိုနိုင်ပြီ ဖြစ်သည်။

ထိုစဉ် လီကွမ်ရီက ခွန်ပန်ကို ဦးခေါင်းထက်၌ ပျံဝဲစေလိုက်ပြီး လောကစွမ်းအားတွေကို ခံစားစုပ်ယူစေလိုက်သည်။ ပြီးနောက် သူ့မှတ်ညဏ်ထဲမှာ ရှိနေတဲ့ နဂါးနက်ဘုရင်ရဲ့ နည်းစနစ်အချို့ ပေါ်လာခဲ့သည်။ ယင်းက များပြားလှတဲ့ ခန္ဓာကိုယ်အမျိုးအစားတွေကို ဖန်တီးတဲ့ နည်းစနစ်တစ်ခုသာ ဖြစ်သည်။

ထိုစဉ် မှတ်ညဏ်စာလုံးလေးတွေက လောကစွမ်းအားတွေနဲ့ ပေါင်းစပ်သွားပြီး မန္တာန်တွေအဖြစ် ပြောင်းလဲသွားကာ လီကွမ်ရီရဲ့ ကံစွမ်းအားနန်းတော်ကို ဝန်းရံလိုက်သည်။ ရုတ်တရက် သဘာဝဘီးက ကံစွမ်းအားနန်းတော်နဘေးမှာ ပေါ်လာပြန်ပြီး နဂါးတစ်ကောင်ရဲ့ စစ်မှန်တဲ့ စွမ်းအားတွေ ထုတ်ဖော်ပြီး ကံစွမ်းအားနန်းတော်နဲ့ ချိတ်ဆက်သည်။

အချိန်အနည်းငယ်ကြာပြီးနောက်မှာ မှော်မန္တာန်တွေက ပိုမိုအားကောင်းလာခဲ့ပြီး လီကွမ်ရီမှာ နတ်ဘုရားတစ်ပါးအလား ဖြစ်လာခဲ့သည်။ ထိုစဉ် များပြားလှတဲ့ ဥပဒေသတွေ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နဲ့ ဆက်သွယ်ကာ လီကွမ်ရီအား တစ်ဖက်တစ်လမ်းမှ အားကောင်းအောင် အထောက်အကူ ပြုသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now