956 - 960

121 9 0
                                    

စစ်ဧကရာဇ်(Chapter:956)
(နဂါးစင်္ကြံ)
.................
     လီကွမ်ရီက စစ်ယွမ်ယွမ်ကို လမ်းပြပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။ ကျားတောင်ကုန်းအတွင်း ကိန်းအောင်းနေသည့် သွေးခုန်နှုန်းကို ခံစားနိုင်ဖို့ မလွယ်ပေ။ ဤအချက်ကို ကြည့်ပြီး စစ်ယွမ်ယွမ်၏ ပါရမီကို သိရှိနိုင်ပေသည်။ ထိုသို့သော ပါရမီရှင်တစ်ယောက်ကို သူမနှစ်သက်ဘူးဟု ဆိုပါက လိမ်လည်ရာကျပေလိမ့်မည်။

     စစ်ယွမ်ယွမ်က သိချင်စိတ် ပြင်းစွာဖြင့် ပြန်မေးသည်။
     "ဘာကို ရှာနေတာလဲ သခင်လေး ... ဉာဏ်အလင်းရဖို့ မဟုတ်ဘူးဆိုရင် တခြား ဘာရှိသေးလို့လဲ ..."

     "ကျားတောင်ကုန်းမှာ ဉာဏ်အလင်းပွင့်ဖို့ တစ်ခုပဲ ရှိတာ မဟုတ်ဘူး"လီကွမ်ရီက ပြုံး၍ ဆက်ပြောသည်။
     "နဂါးစင်္ကြံမှာရှိတဲ့ ရတနာတွေက အလကား မဟုတ်ဘူးလေ၊ ကျားတောင်ကုန်းကိုတက်ရင် အဲ့ဒါတွေကို ယူဖို့ အခွင့်အရေးရှာရမှာပေါ့ ..."

     "ရတနာအတွက် လာခဲ့တာလို့ ပြောနေတာလား၊ ဒါပေမယ့် ရတနာတွေကို ရဖို့က လွယ်ကူပါ့မလား ..."စစ်ယွမ်ယွမ်က အံ့အားသင့်စွာဖြင့် ပြန်မေးသည်။

     "မှန်တယ်၊ ကျားတောင်ကုန်းပေါ်က ရတနာကို ရယူနိုင်ဖို့ မလွယ်ဘူး ..."လီကွမ်ရီက ခေါင်းကို ခါယမ်းလိုက်ပြီး ဆက်ပြောသည်။
     "အချိန်တစ်ညထဲနဲ့ အဲ့ဒီပစ္စည်းတွေကို ရယူနိုင်ဖို့ဆိုတာက မလွယ်ဘူး"

     "ဒါဆို အရင်တုန်းကရော ဒီနေရာက ရတနာတွေကို ရယူဖူးသူရှိသလား ..."စစ်ယွမ်ယွမ်က စိတ်ဝင်စားမှု အပြည့်ဖြင့် မေးသည်။ ကျားတောင်ကုန်းရှိ ရတနာနှင့် ပတ်သက်သော ကောလဟာလတွေကို လူတိုင်းသိကြသည်။ ခေတ်အဆက်ဆက် မရေမတွက်နိုင်သည့် ကျင့်ကြံသူများစွာက ဤနေရာသို့ ရောက်လာပြီး ရတနာတွေ ရှာဖွေခဲ့ကြသည်။ သို့သော် တစ်ယောက်ယောက်က ရတနာကို ရယူနိုင်ခဲ့ခြင်း ရှိမရှိဆိုတာနှင့် ပတ်သက်ပြီး မည်သူမှ အတိအကျ မပြောနိုင်ခဲ့ကြပေ။

     ရတနာလား၊ နဂါးစင်္ကြံမှာ ရတနာတွေက တစ်ခုထက္မက ရှိနေတယ်လေ၊ အချို့က အသေးအဖွဲ့ ရတနာတစ်ခု၊ နှစ်ခုကို ရယူနိုင်ခဲ့ကြတယ် ..."လီကွမ်ရီက အသေးစိတ် ဆက်ရှင်းပြသည်။
     "အင်မော်တယ်ဧကရာဇ် ရွယ်ရှီးကို ကြားဖူးတယ်မလား၊ သူက ဒီနေရာကနေ ရတနာတစ်ခုကို ရယူနိုင်ခဲ့ဖူးတယ်၊ အဲ့ဒီရတနာကပဲ အင်မော်တယ်ဧကရာဇ်ဖြစ်ဖို့ အများကြီး အထောက်အကူ ပေးနိုင်ခဲ့တယ်လေ"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now