696 - 700

138 18 0
                                    

စစ်ဧကရာဇ်(Chapter:696)
(နဂါးပင်လယ်ရဲ့ သူတော်စင်ဆေးဘုရင်)
............................................................
     "ဧကရာဇ်အဆင့်ဆေးဝါး....."
အားလုံးမှာ တုန်လှုပ်ခြင်းကြီးစွာနဲ့ ရေရွတ်မိလိုက်ကြသည်။ သူတို့ရဲ့ မျက်လုံးတွေကတော့ လီကွမ်ရီရဲ့ သစ်သားဘူးလေးထံမှာသာ ရှိနေပြီး သရဲတစ္ဆေတစ်ကောင်ကို တွေ့နေရသည့်အလား ဖြစ်နေကြတော့သည်။

" ဧကရာဇ်ဆေးဝါးကို တွေ့ဖူးတာ ငါ့အတွက်တော့ ပထမဆုံးအကြိမ်ပဲ ....ဒီနေရာမှာတွေ့ရမယ်လို့လည်း တစ်ခါမှ မတွေးထားမိခဲ့ဘူး....."
ထိုစဉ် ကျင့်ကြံသူတစ်ယောက်က စိတ်လှုပ်ရှားဟန်နဲ့ ငြီးတွားလိုက်ပြန်သည်။ သူက အတွေ့အကြုံရှိတဲ့ အယ်လ်မီပညာရှင်တစ်ယောက် ဖြစ်ပေမယ့်လည်း ယခုအချိန်မှာတော့ တည်ငြိမ်နိုင်ခြင်း မရှိတော့ပေ။

အချိန်တိုအတွင်းမှာပင် အားလုံးရဲ့ စိတ်ထဲ၌ ခံစားချက်တွေ ရောထွေးယှက်တင်နေကြတော့သည်။ ဧကရာဇ်အဆင့် ဆေးဝါးဆိုတာက စကြာဝဠာအဆင့်ဘိုးဘေးတွေကိုပင် ရူးသွပ်သွားမတတ် ဆွဲဆောင်နိုင်စွမ်းအပြည့်ရှိသည်မဟုတ်ပါလား.....။ သေချာသည်ကတော့ ဘိုးဘေးတွေပင် ဧကရာဇ်အဆင့်ဆေးဝါးကို ပိုင်ဆိုင်ဖို့ လက်လှမ်းမမှီနိုင်ပေ။

" မင်းတို့ဆီမှာရှိတဲ့ ရှင်ဘုရင်အဆင့်ဆေးဝါးတွေ ပေါင်းစပ်ရင်တောင် ဧကရာဇ်အဆင့်ဆေးဝါးရဲ့ တန်ဖိုးနဲ့ အလှမ်းဝေးနေသေးတယ်၊ ဒါပေမယ့် မင်းတို့နှစ်ယောက်ကို သနားသောအားဖြင့် အလောင်းအစားလုပ်ဖို့ ကူညီပေးပါ့မယ်......"
လီကွမ်ရီက စပျစ်နွယ်ဆေးဘုရင်နဲ့ ဟွမ်ဖုဟောင်တို့ကို ပြုံး၍ ပြောသည်။
" ငွေးကြေးဆိုတာက ငါ့အတွက် ကိန်းဂဏန်းတစ်ခုထက်မပိုဘူး၊ သေချာတာကတော့ ငါ့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးနဲ့ လောင်းကြေးထပ်မယ်ဆိုရင် မင်းတို့လို ဆင်းရဲသားတွေက လိုက်မီနိုင်မှာ မဟုတ်ဘူး....."

လီကွမ်ရီရဲ့ စကားတွေက ရင့်သီးလွန်းသည်မှာ မှန်သော်လည်း ဒီတစ်ကြိမ်မှာတော့ မည်သူတစ်ဦးတစ်ယောက်ကမှ ပျက်ရယ်ပြုရဲခြင်း မရှိတော့ပေ။ သူတို့အနေနဲ့ လီကွမ်ရီရဲ့ အရည်အသွေးတွေကို မယုံကြည်နိုင်ရင်တောင်မှ ဤကောင်စုတ်လေးမှာ ချမ်းသာကြွယ်ဝသူတစ်ယောက်ဖြစ်မှန်း အသိအမှတ်ပြုလိုက်ကြသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now