" ဟိတ် ဟိတ် ဒီမှာ ဟေ့!!!"
ဆက်ထုံးရုတ်တရက်နောက်ကအော်လိုက်တဲ့အသံကြောင့် လန့်သွားကာ ခူးထားသည့် မဲဇလီဖူးတွေအကုန် ပုဆိုး ခါးပုံစထဲမှ ထွက်ကြကုန်သည်။ ပင်ပင်ပန်းပန်းခူးထားရတာမို့ ဒေါသကထောင်းခနဲထွက်သွားသည်။
"ဟ! လခွမ်း ဘာလို့အဲ့လောက်လာအော်နေရတာလဲ လန့်သွားတာပဲ"
ဆက်ထုံး ကျောပိုးအိတ်တစ်လုံးနဲ့ လူကို ကြည့်ကာ စိတ်ရူပ်သွားရသည်။ ဒီမှာ ရွာအလှူအတွက် သူကြီးက မဲဇလီရွက် ခူးလွှတ်လိုက်လို့စိတ်ကမကြည်ပါဘူးဆို။ ညနေကြီးမို့ နေကပူပူ နဲ့စိတ်ရူပ်ရတဲ့ကြားထဲအော်ကြီးဟစ်ကျယ် အသံကြောင့် လူကဒင်းအသံကြောင့်လန့်သွားရသည်။
"ကျွန်တော်ခေါ်နေတာ ကြာလှပြီဗျ ဒီက အစ်ကိုက မကြားတာ"
*သူပုံစံနဲသူအနေအထားနဲ့ ငါ့ကို များ အစ်ကိုတဲ့ ဟွန့် နေပူပူ အာရုံလာစားတဲ့ကောင် ဆက်ထုံး ဘာကောင်လဲဆိုတာ တွေ့ကြသေးတာပေါ့*
"ဆို ဘာတုန်း! "
"ဟို ဒါခင်မွန်ရွာ ဟုတ်ပါတယ်
နော် "
"ဆိုင်းဘုတ်မမြင်ရအောင် ကန်းနေတာတော့ မဟုတ်ဘူးမလား "
"မသေချာမှာဆိုးလို့ပါဗျ "
"သေချာတယ် "
"ခင်မွန် ရွာက ဦးကြီးငွေတို့အိမ်ကို သိလားဗျ သူတူက မင်းသန့်အောင်လေ အဲ့ကိုသွားချင်လို့ သိရင် တစ်ဆိတ်လောက်လမ်းညွှန်းပါ
လားခင်ဗျ "
"အော် .....သိတယ် သိတာပေါ့ သေချာလိုက်မှတ်လိုက် "
"ဟုတ်ကဲ့ "
"ဒီကနေ တည့်တည့်သွား နတ်စင်တွေ့ရင် ညာချိုး တည့်တည့်ပြန်သွား ပွဲခင်း ဘက်မသွားနဲ့ ဝေးသွားလိမ့်မယ် အဲ့ကနေ ဘယ်ပြန်ကွေ့ တည့်တည့်ပြန်လာ ရောက်ပြီဗျာ.."
"ဟုတ် ကျေးဇူးပါ ခင်ဗျ "
"ရတယ် မလိုဘူးရူပ်ရူပ်ယှက်
ယှက် "
ဘယ်လို လူဂွစာနဲ့လာတွေ့နေလဲမသိ။ ဒါပေ့မယ့်သဏ္ဍန်စိတ်ကိုလျှော့ကာပြုံးပြလိုက်သည်။ ကားကရွာထဲဆက်ဝင်လို့မရတော့လို့ ကိုထိုက် ကိုပြန်လွှတ်လိုက်ရတာ ဖြစ်သည်။
သူဖုန်းကလဲ အားကကုန် ပါဝါဘန့်ကလဲ မေ့ခဲ့သည့်မို့ မင်းသန့်ကို ဆက်သွယ်လို့ကမရ။ ဗိုက်ကလဲဆာ သူတော်တော် တိုင်ပတ်သွားရသည်။
အခု ဒီလူဂွစာအစ်ကို ကူညီလို့တော်သေး သည်။ ဒီလိုဆိုတော့လဲ
မင်းသန့် တို့ရွာက လူတွေက စိတ်ကောင်းတော့ရှိသားပဲ ။
သဏ္ဍန် ထိုလူပြောတဲ့ တိုင်းလျောက်လာတာ လည်ပင်လည် နေချေပြီ ။ ခုထိ ရွာအဝင်လမ်းမအားမတွေ့သေး ဟော ဟိုမှာတွေ့ပြီ နတ်စင် ညာချိုး တည့်တည့်သွား ပွဲခင်းက ရွာအပြင်လယ်ကွင်းဆီမို့ လှမ်းတော့တွေ့နေရသည်။
ဟိုလူမှာတဲ့အတိုင်း ပွဲခင်း နားမသွားပဲ ဘယ်ပြန်ကွေ့ ခဲ့ရာ ဟင် ဒီလမ်းက ခဏက ငါလျှောက်ခဲ့တဲ့ လမ်း မဟုတ်လား ဟင် ဟိုမှာ မဲဇလီတန်း ဟာ ဒီလူ တော်တော် ညစ်ပတ်တာပဲ ။
"ဒီမှာ ခင်များ ဘယ်လိုလုပ်လိုက်တာလဲ "
"ဘာလုပ်လို့လဲဟ "
"ခင်များ !!ခင်များ သတ်သတ်မဲ့လမ်းအမှားကြီး ညွှန်းလိုက်တာမလား"
"လမ်းအမှန်ပါလို့ ပြောလိုက်မိလို့လား "
"ခင်များ သတ်သတ်မဲ့ ညစ်ပတ်တာပဲဗျ "
"နေတိုင်း ရေချိုးပါတယ် မွှေးကြည့်မလား "
"ဘာဗျ ခင်များဗျာ!! လူပုံက ရိုးပုံရိုးပါ့ပေ့နဲ့ စိတ်ဓာတ်က"
"ဟေ့ဟေ့ ဒီမှာ မင်းငါ့ကို ဘာမှလာဝေဖန်စရာ မလိုဘူး။ ငါဟာငါဘာဖြစ်ဖြစ် လာဝေဖန်နေရအောင် မင်းကငါလင်လား ငါ့ရည်းစားလား ငါ့အမေလား "
"ခင်များ ယောကျာ်း ဖြစ်ပြီး
စွာလှချည်းလာဗျ"
"အဲ့တော့ မကျေနပ်ဘူးလား ထိုးမလား "
"ဘာ ဘာစကားပြောတာလဲ
ဘာလို့ထိုးရမှာလဲရုပ်လေးနဲ့မှ မလိုက် လူမိုက်လိုလိုနဲ့ "
"မင်း ဝေဖန်စရာမလိုဘူးလို့ ပြောတာ နှစ်ခါရှိပြီးနော် သုံးခါဆို ဆက်ထုံးတို့ လက်ပါလာတော့မယ် "
"ဟမ် ဘာတဲ့ ထုံး ဘာထုံး ကွမ်းယာထဲ ထည့်စားတဲ့ ထုံးလား "
"ဘာကွ! !!မင်းကများ "
"ခင်များ ကိုယ့်ရွာကို လာလည်တဲ့
ဧည့်သည့်ကို လက်ပါ မလို့လား "
ဆက်ထုံး တစ်ချက် တွေဝေသွားကာ သူကြီးသာဒီကိစ္စသိရင် ထပ်နားပူဦးမည်။ ဦးကြီးငွေ ဧည့်သည် ဆိုတော့ ပြန်တိုင်လျှင် သူဦးကြီးငွေ ကိုတော့ ကြောက်ရသည့် မို့ပြသာနာ မဖြစ်ရဲ။ ဟဲ နဲနဲတော့ ကြပ်ပေးရဦးမည်လေ ။
"မင်းကတော့ ငါလုပ်ရင် ငါလုပ်ကြီး ဖြစ်တော့မယ် ၊ရှေ့ကဖယ်ပေး ညနေတောင်စောင်းတော့မှာပဲ ခူးထားတာတွေလဲ များနေပြီ ဆိုတော့ ပြန်တော့မယ်"
တစ်ယောက်ထဲ စကားပြော တစ်ယောက်ထဲအလုပ်ရူပ်နေသော ထိုလူအား သဏ္ဍန် အကဲခတ်နေလိုက်သည်။ မဲသည်မဟုတ် ညိုဝင်းနေသော အသားရည် ပါးလျသောနူတ်ခမ်း ရွာသားပေမယ့် အလုပ်ကြမ်းတွေလုပ်သည့်ပုံတော့မပေါက်။
နဖူးကျဉ်းလေးနှင့် ဆံပင်တွေကို ထိပ်မှာ စုစည်းထားကာ ထိုလူက မျက်လုံး လှလှလေးတွေရှိတာတစ်ခုတော့သူစတွေ့ထဲကသတိထားမိလိုက်သည်။
*ဘာရုပ်မှန်းမသိပါဘူးကွာ ပုဆိုးကို စလွယ်သိုင်းပြီး အောက်က ဘောလုံး ဘောင်းဘီ နဲ့ ဒီလူ ပုံက ရယ်ချင်စရာကြီး*
"ဟက်!"
သဏ္ဌန်ရယ်တော့ ထိုလူကစွာသည်။
"မင်း ဘာရယ်တာလဲ "
" ဘာမှမရယ်ပါဘူးဗျ "
"မရယ်နေ ငါ့ကိုရယ်သာဆိုရင်သေမယ် သွားတော့မယ် မှောင်နေပြီ "
"ဟာ ဟေ့လူ ဟေ့လူ! ကျွန်တော် လဲလိုက်မယ်လေ "
ဆက်ထုံး မျက်လုံးဖြင့် စွေကြည့်လိုက်ကာ
"စကား မများဘူးဆိုလိုက်ခဲ့ "
သဏ္ဍန် ဘာမှမပြောတော့ပဲ ထိုလူနောက် တိတ်တိတ်လေး လိုက်ရသည်။မဟုတ်လျှင်တစ်ယောက်ထဲထားခဲ့မှာကြောက်ရသည်။
ဆက်ထုံး ကြိတ်ရယ်လိုက်ကာ ရွာကို တမင် ပတ်သွားတော့သည်။ ရွာအနောက်ဘက်က ပတ်ကာ င်္သချိုင်းကုန်းနားကတမင်ပတ်သွားလိုက်သည်။ င်္သချိုင်းကုန်းနားလဲအရောက်
"ရွာမှာ လူစိမ်းတွေဘာတွေဆိုအ ခြောက်ကြမ်းတယ် မဖြတ်လို့ကလဲမရဘူး ဖြတ်ရမှာပဲ ခင်များ လိုက်ရဲလား "
"မဖြတ် မဖြတ်လို့မှ မရတာ လိုက်လိုက် ရတော့မှာပေါ့"
ထိုလူအသံတွေပါ တုန်နေတော့ ဆက်ထုံးရယ်ချင်စိတ်ကို မနဲထိန်းထားရသည်။ ဆက်ထုံး တမင် အုတ်ဂူတွေကြား ဖြတ်လျှောက်တော့ ပုဆိုးစကို ထိုကောင်လေးက လှမ်းကိုင်လာသည်။
"ဘာလုပ်တာလဲ "
"ဘာ. ဘာမှ မလုပ်ပါဘူး ဟိုဟို
ခင်များ ကို စိတ် စိတ်မချလို့ "
"အော် ငါကအေးဆေးပါ ရွာမှာဆို ငါကသရဲနိုင်တယ် နာမည်ကြီးတယ် ဟိုရှေ့ ကအပင်မြင်လား "
"အွန်း "
"အဲ့အပင်မှာ!!!"
ဆက်ထုံး ရုတ်တရက် ထအော်တော့ သဏ္ဍန် အရမ်းလန့်သွားထိုလူလက်မောင်းကို ပြေးကိုင်လိုက်သည်။
"ကျစ်! ဖြည်းဖြည်း ပြောပါလား ဘာ ဘာလို့အော်ရတာလဲ ခင်များဗျာ။ ဘာမှမပြောနဲ့တော့ ရွာကို အမြန်ရောက်အောင်သာအရင်သွားဗျာ"
"ဟားဟားဟား ကြောက်တတ်ရန်ကော ငါ့ကောင်ရာ ဟိုမှာပွဲခင်းက အသံတွေတောင်ကြားနေရပါပြီကွ"
"ဟို...ဟို ဓာတ်မီး ဓာတ်မီးဖွင့်လို့ရလား"
သဏ္ဌန်ကျောပိုးအိတ်ထဲကအိတ်ဆောင်ဓာတ်မီးလေးကို ထုတ်၍ ထိုလူအားကြောက်လန့်စွာမေးလိုက်သည်။
"အဲ့ဓာတ်မီးက မင်းခိုးလာတာလား"
"ဟာ..မဟုတ်ပါဘူး"
"အဲ့ဆိုငါမေးစရာမလိုပဲဖွင့်ပေါ့ကွ"
သဏ္ဍန် ဘာတစ်ခုမပြောတော့ပဲ ထိုလူ ပုဆိုးစ ကိုအားကိုးတကြီး ဆွဲကာ လိုက်ခဲ့လိုက်တော့သည်။ စိတ်ထဲမှာတော့ မင်းသန့် မင်းသန့် မင်းရွာက ငါ့ကို ကြိုဆို လိုက်ပုံများ တယ်လှသကိုးး...
>>>>>>>>>>>>>>>>>
"ဟားဟားဟား !!!အဲ့တော့ မင်းကိုကြီး ဆက်ထုံးနဲ့ တွေ့ခဲ့တာပေါ့"
"သေချာတာပေါ့ကွာ မင်းဟာကြီးကမမိုက်ပါဘူးကွာ ငါအတော် အီဆောင့်သွားတာ"
"ဟားဟား ကိုကြီး ဆက်ထုံး ကစိတ်ရင်း ကောင်းပါတယ်။ စတတ်နောက်တတ် ပြောင်တတ်တာတစ်ခုပဲကွ "
"တော်ပါ နောက်အဲ့လူနဲ့ မတွေ့အောင် ရှောင်ရမယ်"
"မတွေ့လို့ မရဘူးသဏ္ဍန်ရေ သူအိမ်က ခြေရင်းတင် ငါ့ကိုကြီးက သဘောကောင်းပါတယ်ကွ "
"တော်ပါကွာ ကြောက်သွားပါပြီ "
မင်းသန့်အော်ရယ်တော့ သဏ္ဍန် ရေနဲ့လှမ်းပတ်ကာ မောင်းထုတ်လိုက်သည်။ သဏ္ဍန် ရောက်ရောက်ခြင်း ခရီးကလဲပန်း ရာသီဥတုကလဲ
လဲပူမို့ မင်းသန့်တို့အိမ်နောက်ဖေး အုတ်ကန် တွင် ရေချိုးနေတာဖြစ်သည်။ အခုမှလန်းဆန်းသွားကာ အညောင်းညာပြေ သွား၍ ဘေးပတ်ဝန်းကျင် ကိုလှမ်းကြည့်မိတော့သည်။
ဟိုလူ အိမ်က မင်းသန့်တို့လို့ အောက်က အုတ်ခံ အပေါ်က ပျဉ်ထောင်နဲ့ ဖြစ်သည်။ ခြံထဲတွင် စပယ်ရုံတွေ နှင်းဆီ တွေ သပြေပန်းပင်တွေနှင့် သပ်သပ်ရပ်ရပ်လေး နှင့် နေချင်စဖွယ်လေးတော့ရှိသည်။
"ဘာလဲ လွမ်းလို့လား ခေါ်ပေးရမလား "
"မင်းမေကြီးတော် ကို လွမ်း "
"ဟားဟားဟား "
"ကဲ လူလေးတို့ စကားများနေကြတုန်း လား၊ ဟိုကောင်
မင်းသန့် လူလေး ဗိုက်ဆာနေရော့မယ် အဘလဲ လူလေး ဘယ်ချိန်ရောက်မယ် မသိလို့ ဘာမချက်ထားရဘူး ဆက်ထုံး တို့ဆိုင်မှာ ဘာရှိလဲ သွားကြည့် စမ်း ရှိတာအကုန်ယူခဲ့"
"ဟုတ် ဘကြီး "
"သဏ္ဍန် အိမ်ထဲဝင်ပြီး အေးဆေးနားလိုက်ဦး ငါဟင်းသွားဝယ်လိုက်ဦးမယ်"
သဏ္ဍန် ခေါင်းငြိမ့်ကာ အိမ်ထဲသို့ဝင်လာခဲ့လိုက်သည် ။
*အဲ့ဆို ဟိုလူက ထမင်းဆိုင် ဖွင့်ထားတာပေါ့၊ ဟာ ငါဘာတွေတွေးနာလဲ ဘာလို့ရောက်ထဲက ထိုလူအကြောင်းပဲ ခေါင်းထဲရောက်ရောက်လာတာလဲ ကျွတ် အာရုံကြီး*
"ထည့်စား လူလေး အဲ့ဆိုင်က ဟင်းတွေက အရမ်းစားကောင်းတာ "
"စား သဏ္ဍန် အဲ့ဒါတွေအကုန် ကိုကြီး ဆက်ထုံး ချက်ထားတာ"
"ဟင် သူချက်ထားတာ သူကဆက်တတ်တယ်ပေါ့"
"ချက်တတ်ပါကော လူလေးရေ ဆက်ထုံးလေးက သူအဖေလက်ရာ အတိုင်း အချက်ပြုတ်ကောင်းတော့ သူတို့ဆိုင်လေးက လူစည်တယ်ကွဲ့ ညနေဘက် လယ်ထဲကိုင်းထဲ ပြန်လာရင်မချက်နိုင်တော့တဲ့ လူတွေအတွက် အားထားရာ ဆိုင်လေးပေါ့ကွာ"
"ဟုတ် အဘ အတော်စားကောင်းတယ်ဗျ မဆိုးဘူး"
"အဲ့ဒါဆို ရွာမှာအကြာကြီးနေ "
"ငါ့အမေကြောင်း မသိတာကြလို့ "
"ဟုတ်ပါပြီး မားမား ဘွိုင်း ကြီးရယ်"
သူတို့စားရင်း ရယ်လိုက်ကြတော့သည်။ ချဉ်ပေါင်နဲ့မျှစ်ကြော် ဝက်သားနုပ် သီးစုံချဉ်ရည် ဘဲဥဆီပြန် အစုံကြော် အရမ်းစားလို့ကောင်းပြီး ထမင်းမြိန်သည်။ သဏ္ဍန် နှစ်ပန်းကန်မျှပင်စာပြစ်လိုက်သည်။
*ဟက် ထိုလူက ပုံကြည့်တော့ ဂျစ်ကန်ကန် နဲ့ ဒါမျိုးကြ ဘယ်ဆိုးလို့လဲ၊ ဟာ ဒါနဲ့ဆို ဒီလူအကြောင်း တွေးတာ အတော်များပြီး ဘာလဲကွာ*
သဏ္ဍန် သူကိုယ်တိုင်ပင် သတိမထားမိလိုက်ပဲ နွေးထွေး စွာ ပြုံးလိုက်မိသည် ။
"သဏ္ဍန် ပွဲခင်းဘက် လမ်းလျှောက်ရအောင် မင်းလဲ ပျင်းနေမှာဆိုးလို့ ထမင်းလုံးစီရင်းပေါ့ကွာ"
"ထမင်း လုံးက အိပ်ပြီး စီရတာမဟုတ်ဘူးလား "
"ဟာ ဘယ်လိုစီစီကွာ "
သူတို့ အဘကိုနူတ်ဆက်ကာ ပွဲခင်းသို့ လမ်းလျှောက်ထွက်လာခဲ့ကြသည်။ ပွဲဈေးတန်းက တော်တော်လေး စည်ကာ ဈေးဆိုင်တန်းများဖြင့် စည်ကားသိုက်မြိုက်နေတော့သည်။
ဒီနေ့က အဖိတ်နေ့ဖြစ်ကာ နက်ဖြန်ဆို လပြည့်နေ့ ရောက်တော့မည်။ ဒါတောင်လမင်းကြီးက ထိန်ထိန်သာနေသည်။ မင်းသန့်နဲ့ သူ လမ်းလျှောက်ကာ ပွဲခင်းကို လျှောက်ကြည့်နေခိုက် တစ်နေရာအရောက်
"မင်း လူပါးမဝနဲ့ ဆက်ထုံး "
"ဟ!! ငါဘာလူပါးဝလိုလဲ ခွေးပုရ "
"ဟ အဲ့ဒါငါ့ပိုက်ဆံလေး ငါနိုင်ခဲ့တာလေ "
"ဟုတ်တယ်လေ ဘယ်သူကြောင့်နိုင်တာလဲ "
"မင်းကြောင့် လေ"
"အေးအဲ့ဒါကြောင့်
ငါတစ်ဝက်ယူတာလေ"
" ခွေးကောင်!!မင်းသတ်သတ်လူပါးဝတာ"
"ဟို ဟို မင်းမှားနေပြီ ခွေးပု မင်းနာမည်က ဘာလဲ"
"ခွေးပု"
"မင်းအဖေကရော"
"ဦးကျွဲကြီး ကွာ"
"မင်းအဖိုး "
"ဟျောင့် ဦးဆိတ်သိုးကွာ အရေးထဲ
မင်းဘာတွေလာမေးနေတာလဲ"
"မင်းကမှ တိရိစ္ဆာန် မျိုးရိုး ငါကို ခွေးကောင်လို့ လာမခေါ်နဲ့ "
"ဘာ!!လူပါးဝလို့ သတ်သတ်မဲ့လဲ နိုင်စားသေးတယ်သူကြီးနဲတိုင်မယ်"
"သူကြီးက မင်းအမေလင်မို့လို့လား....."
ထိုစဉ် အရက်ဆိုင်ထဲတွင် ထိုင်နေ
ကြသော တင်အောင်ရွှေတို့ အဖွဲ့ထလာကာ ဆက်ထုံးအား ရန်ရှာတော့သည်။
"မင်းငါအဖေကို ဘာပြောတာလဲ ဆက်ထုံး "
"အော် ကြားလိုက်တာလား ဒါမျိုးကြကိုတင်အောင်ရွှေကနားကောင်းသားပဲ ဘာမပြောပါဘူး ဒီကောင်အားအားရှိ သူအားသူမကိုးပဲသူကြီးပဲတနေလို့ မင်းအမေလင်လာလို့မေးရုံလေးပါ"
"မင်း လူပါးဝတာများနေပြီနော်ဆက်ထုံး "
"ငါနဲခွေးပုနဲ့ ရှင်းနေတဲ့ကိစ္စ မင်းဝင်ပါရအောင် မင်းကရောသူလင်
လား "
"ဘာကွ မင်းဘာစကားပြောတာလဲ!!!"
"ဟက် ဘာလဲ ကျားမ မရွေးစားတတ်တဲ့ မင်းက ငါပြောတာထိလို့နာသွားတာလား"
လူတွေ အကုန်ဝိုင်းကြည့်နေကြကာ သူကြီးသား ပါသည်မို့ ဝင်မဆွဲရဲ ကြ ။ သဏ္ဍန် အခြေနေကို
ကြည့်နေသည် အများနဲ့တစ်ယောက်မို့ သူအမြင်မတော်လျှင် ဝင်ပါချင်သည်။ ကိုယ်ရပ်ရွာလဲမဟုတ်တော့ ခက်သား သူအခြေနေကို စောင်ကြည့်နေလိုက်သည်။
"မင်းခွေးစကားမပြောနဲ့"
"ငါဆိုတဲ့ကောင်ကမှန်တာပဲပြောတာ။ ဘာလဲ ရွာလယ်ပိုင်းက ပန်းရောင်းတဲ့ ကိုလေးငယ် ကို မင်းဖင်သွားသွားကိုင်တာ လူသိမှာဆိုးလို့လား "
လူတွေအများကြီးဝိုင်းကြည့်နေ
သည့်မို့ တင်အောင်ရွှေ အကြီးကျယ် ဒေါသဖြစ် ရှက်လဲရှက်သွားသည်ထင်။
"အေး အဲ့ကောင့်ဖင်မကိုင်တော့
ဘူးငါက မင်းအစ်မဖင်ပဲ ကိုင်မှာ မအေလိုး ချကွာ"
"ငါ့အစ်မတော့ မရဘူး လက်သီးပဲရမယ်"
"ခွပ်!!"
"ဘုန်း!!"
သူကြီးသားအဖွဲ့နှင့် ဆက်ထုံး တစ်ယောက်ထဲ ထိုးနေကြသည်။ အခြေနေကမဟန်တော့သည်မို့ သဏ္ဍန်တို့ ဝင်ဆွဲရတော့သည်။ ဘယ်လိုဆွဲဆွဲ အတင်းလုံးထွေးနေကြသည်မို့ မနဲဆွဲနေရသည်။
"ခွပ်!!"
ဆက်ထုံးထိုးလိုက်သည့် လက်သီးက တင်အောင်ရွှေ မထိပဲ သဏ္ဍန် ပါးဆီဆိုက်ဆိုက်မြိုက်မြိုက် ကြီးရောက်သွားသည်။ နူတ်ခမ်းထောင့်မှစီးကျလာသော သွေးကိုဂရုမစိုက်အား ထိုလူကို မနဲဆွဲကာတားနေရသည်။
"သူကြီးလာပြီ!!! "
ရွာသား တစ်ယောက် အော်လိုက်မှ
အကုန်ချဲသွားကာ ဆက်ထုံးနဲ့ တင်အောင်ရွှေ ကို ဖမ်းသွားကြသည်။
ယောင်နေသော ပါးတစ်ဖက်ကို ကိုင်ကာ ပြန်လာတော့ တစ်လမ်းလုံး မင်းသန့်ကရယ်သည်။
"မင်းတို့ရွာ ကြိုဆို ချက်က ရှယ်ပါပဲ မင်းသန့်ရာ"
"ဟားဟားဟား! !!"
"လက်သံတော့တော်တော်ပြောင်တဲ့လူ"
ပါးလေးတစ်ဖက်ကိုင်ကာ အညာစောင်လေးခြုံ သင်ဖြူးဖျားအေးအေးပေါ် မြို့အငွေ့သက်တွေမေ့ကာ ထိုလူမျက်နာအား မြင်ယောင်၍ သဏ္ဍန် ပင်ပန်းသမျှအတိုးချအိပ်စက်လိုက်တော့သည်။
Ah Shin💛
>>>>>>>>>>>>>>>>>>>>>>>>>