ရက်လနှစ်တွေဟာတစ်ရွေ့ရွေ့ကြာညောင်းလာခဲ့သော်.....
"မောင်ရေ.. ဟာ
သဏ္ဍန်သုမောင်ရေ!!!!"
"လာပြီ ထုံးရဲ့ လာပါပြီ ကွာ"
"နောက်ဖေးမှာဘာလုပ်နေတာလဲ ဒီမှာ လူတွေကျနေပြီလေ ထမင်းကရောခုထိမရသေးဘူးလား ဟာကွာမင်းလုပ်နေတာ ကြာလိုက်တာ!!"
"မောင်လဲ ချက်နေတာပဲလေကွာ မင်းကဟင်းတွေချက် ရေချိုးပြီးကျော့မော့လို့ ကောင်တာ ထိုင်နေပြီး၊ မောင့်ကိုလဲကြည့်ဦး မင်းကိုလဲ ကူရ မလောက်တဲ့ထမင်းတွေလဲထပ်ချက်ရနဲ့ "
"ဘာလဲ အဲ့တော့ ခင်များကမကျေနပ်ဘူးလား!!"
ဇာတ်လမ်းက စလာပါပြီ ကိုဆက်ထုံး တို့က လူကိုသိပ်နိုင်တာပဲ။
"အမလေး ဗျာ ကျေနပ်ပါတယ်နော်"
"ကျေနပ်ရင် မြန်မြန်လုပ် ဟဲ့ နှင်းနု ပရမ်းပတာ တွေ ဆိုမနေနဲ့ မြန်မြန်လုပ် အစ်မရေ!!"
"အမလေး ဆက်ထုံးရဲ့ ကျွန်မတို့က လူတွေပါ တစ်ကတည်း အံသြပ့ စက်တွေမှ မဟုတ်တာ အေ့ မနက်ထဲကဒင်းအသံကြီးပဲ နားတွေလဲငြီးလှပါပြီအေ!!"
"အစ်မကလဲစားဖို့စောင့်နေရတဲ့သူတွေ အားနာလို့ပါ"
တစ်နေ့တစ်နေ့ ကြားနေကြ ကျွန်တော်အမျိုးသား ရဲ့မရိုးနိုင်တဲ့သံစဥ်တွေပါ ။ မိုးလင်းပြီးဆိုတာနဲ့တစ်ဆိုင်လုံးသူအသံတွေကြီးပါ။
"အယ် ကျွန်တော်အမျိုးသားဆိိုလို့ တစ်ခုပြောရဦးမယ်ဗျ ထုံးကခုထိ ကျွန်တော်ကို အထိမခံသေးပါဘူးဗျာ။ ကျွန်တော်အပြစ်တွေအတွက် ဒဏ်ခတ်တာတဲ့။ ကျစ် ထုတ်လဲမပြောရဲ မြင်နေရပြီးမကြင်ရဆော့ အတော်နေရခက်တာဗျ။တစ်ခါနမ်းချင်ရင် ကျောတွေလက်တွေ
နိုပ်ပေးရတယ်။ တစ်ခါဖက်ချင်ရင် ချိုးဖို့ရေအပြည့် ဖြည့်ပေးရတယ်။အယ်သူကနမ်းရမယ်ဆိုရင်တော့တစ်နေကုန် သူခိုင်းတာ လုပ်ပေတော့ပဲ အရပ်ကတို့ရေ။ဟိုဒင်းဟိုဟာကတော့ဝေးပေါ့ ဆရာရေကြံတော့ ကြံရဦီးမယ်ဗျ
ဟဲဟဲ "
သဏ္ဍန် တွေးလက်စ အတွေးတွေကို ဖြောက်၍ ပြုံးလိုက်မိသည်။
ဒီအခြေနေလေးတိုင်းပဲသူကျေနပ်ပါပြီ။ သူကို ထုံးက အကပ်မခံတာကလွှဲရင် ထုံးအနားမှာ နေရတာကိုက ကမ္ဘာကြီး တစ်ခုလုံးသူအပိုင်ရထားသလိုပင်။ အခုမှသူဘဝရဲ့ ပျှော်ရွှင်မူ့ သာယာမူ့ နွေးထွေးမူ့တွေကို ခံစားရကာ ပင်ပန်းလဲ သူအပြုံးမပျက်နိုင်ခဲ့ပါ ။
"သက်မာလေးရေ အသည်းမြစ်လေးနဲ့ တစ်ပွဲဟေ့!!"
"စလာပြီ တင်အောင်ရွှေ မင်း ငါလက်သီး မစားရတာကြာလို့လား "
"မင်းကလဲ နဲနဲလေးကို ကောင်းပေးလို့မရဘူး ခွေးသူတောင်းစား မင်းလင်ရတာ ငါ့ကြောင့်ကွ ငါ့ကြောင့်!!"
"အေး အဲ့မျက်နာထောက်နေလို့ မဟုတ်ရင်မင်းသွားတွေ မြန်မာပြည်အထက်ပိုင်းအောက်ပိုင်း ဘုရားဖူးလှည့်နေလောက်ပြီ"
"ဒီ ငိုးမသားတော့ ကွာ"
ရန်ဖြစ်တော့မယ့်အရေ မြင်တော့သဏ္ဍန် မနေသာတော့ပေ။
"တော်ကြပါကွာ ကိုတင်အောင်ရွှေ ထမင်းစားမှာမလား ဘာနဲ့စားမှာလဲ"
"ဟို သက်မာလေးရဲ့... "
"တင်အောင်ရွှေ!!"
"သက်မာထည့်ပေးတဲ့ အသည်းမြစ်လေးလို့ ပြောမလို့ပါယောက်ဖရ"
"ဟာ ငလိုးမသား! !"
"တော်ပါတော့ ထုံးရာ ကိုယ်ဆိုင်လာစားတဲ့သူကို "
"ပြောလိုက်ပါကွာ မင်းပဲငါဘက်က ကာကွယ်ပေးမယ့်သူရှိတာ။ တစ်ချိန်ကြ မယားညီအကိုတွေ ဖြစ် ဖြစ်...".
"ခလွမ်း ဂွမ်း! !!ငလိုးမသား ပြောလေကဲလေ မင်းကိုလိ့မှမရောင်းဘူးကွာ! !"
စတီးပန်ကန်းနဲ့ ပြစ်ပေါက်ကာ ပြေးထွက်လာသော ဆက်ထုံးကြောင့် တင်အောင်ရွှေတို့ ထပြေးကုန်ကြသည်။ ဆိုင်ထဲကရှိတဲ့လူတွေကလဲ ရယ်လိုက်ကြတာဆိုတာ ပြောမနေပါနဲ့တော့။
ဘောလုံး ဘောင်းဘီ ဖရိုဖရဲ နဲ့နောက်ကပြေးလိုက်မယ့်တစ်ကဲကဲလုပ်နေလို့ သူမှာမနဲဆွဲနေရသည်။
"တော်ပါတော့ ထုံးရာ ဘာမှမဟုတ်ပဲကိုယ့်ဆိုင်ကဖောက်သည်ကိုကွာ"
"ဘာလဲ လာမစားနေပေါ့ကွ ဘာဂရုစိုက်နေမှာ သူစားမှ ရောင်းရမှာ မဟုတ်ဘူး "
"ဒါတော့လဲ ဒါပေါ့ကွာ ဒါပေ့မယ့်လဲ ဒါ.."
"သဏ္ဍန်သုမောင်! !!!"
"ဗျာ!!"
"တော်လိုက်တော့ အဲ့ကောင်ဘက်ကနာနေရအောင် တင်အောင်ရွှေက မင်းလင်လား ငါကမင်းလင်လား!"
"အာ ပေါက်ပေါက်ရှာရှာ မောင့်ဘဝမှာ ထုံးလေးကသာ
မောင့်အချစ် "
သူ ထုံးလက်မောင်ကို ချွဲကာပြောတော့ ဆိုင်ထဲကလူတွေကထရယ်ကြပြန်သည်။ အစ်မကလဲ သူတို့ကိုမနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်ကာပွစိပွစိလုပ်နေသည်။
ဖိုးထောင် ကတော့ ထုံးစံအတိုင်းရာဇာနေ၀င်းစတိုင်နဲ့ဝင်လာကာသွားကိုအစွမ်းကုန်ဖြဲလာသည်။
"ငါတို့ လင်မယူချင်သေးဘူး အဲ့တော့ရိုပြမနေနဲ့ ချထမင်းတစ်ပွဲ!!"
"ပေး စောက်ဆံ!!"
"ဟ.. ငါမင်းသူငယ်ချင်း အရင်းကြီးပါကွ "
"အရင်းကြီးလဲ စောက်ဆံပေးစားရမယ် အလကားစားတာတွေများနေပြီ"
"ငလိုးမသား လင်အားကိုးနဲ့ မင်းဆီမစားဘူး သဏ္ဍန်ဆီမှာစားမယ်"
"သဏ္ဍန်! !"
"ဗျာ ကိုဖိုးထောင် "
"ထမင်းတစ်ပွဲချကွာ "
သဏ္ဍန် ဆက်ထုံး မျက်နာကို မရဲတစ်ရဲလှမ်းကြည့်တော့ ဆက်ထုံးက
"သဏ္ဍန်သုမောင်! !"
"ခင်များ "
"အထဲဝင်တော့! !"
"ဟုတ်!!"
"ဟာ သဏ္ဍန် ငါထမင်းမှာနေတယ်လေ "
သဏ္ဍန် တစ်ချက်ပင်လှည့်မကြည့် သုတ်ချေတင်ကာ ပြေးဝင်သွားတော့သည်။
"ငလိုးမ လင်ကြောက် နာမည်ပြောင်းလိုက်တော့
သဏ္ဍန်လောက်ကြင်လို့.... "
"ဂွမ်း!!"
"အ့!!"
"ပါးစပ်ပိတ်ပြီး မျို နားညည်းတယ် ငါလင်ကကြောက်တာမဟုတ်ဘူး ချစ်တာ ချစ်တာနားလည်လား"
ဖိုးထောင် မျက်လုံးလေး ကလယ်ကလယ်နဲ့ ထမင်းကိုသာ ထိုးသွပ်၍ စားလိုက်တော့သည်။
*အော် လင်မရှိတဲ့ဘဝတယ်မျက်နာငယ်ရပါလားနော်!!!*
>>>>>>>>>>>>>>>>>>>>>>>
လွန်ခဲ့တဲ့ နှစ်က
မေမေ ရဲ့နောက်ဆုံး အချိန်မှာ သူသားတစ်ယောက်အနေနဲ့ သွားခဲ့ပါသေးသည်။ ဆက်ထုံးကို မေမေကတွေ့ချင်သည်ဆို၍ သူမနည်းချော့ပြောကာခေါ်သွားရသည်။
သူအင်္ကျီလက်ကို တစ်လျှောက်လုံး မလွှတ်ပဲ ဆွဲထားသော ထုံး ကို
ကြည့်ကာ သူရင်ထဲမချိအောင် ဝမ်းနည်းရသေးသည်။ အရင်လိုအဖြစ်မျိုးတွေ ထပ်ဖြစ်မှာကြောက်နေသည့်ကလေးငယ်။
ဖေဖေကတော့ ရာသက်ပန် ရဟန်းခံသွားခဲ့သည်။
မေမေကနောက်ဆုံးချိန်တွင် သူကိုစကားတွေအများကြီးပြောတော့သည်။ သူတားလို့လဲမရပါ မေမေ မောနေတာကိုကြည့်ပြီး သူဘယ်လိုမှ မဖြေသာ။ သိပ်လှခဲ့တဲ့မေမေ သိပ်ကျက်သရေ ရှိခဲ့တဲ့မေမေက အခုတော့ လောကဓံရဲ့ရိုက်ခက်မူတွေကြောင့် အရိုးပေါ်အရည်တင် ဖြစ်လို့နေသည်။
"သား မေမေသားအပေါ် အတ္တကြီးခဲ့မိတာတွေ အနိုင်ယူခဲ့မိတာတွေအတွက် တောင်းပန်ပါတယ် သားရယ်"
"မလိုပါဘူး မေမေ မိဘတိုင်းသားသမီးကိုကောင်းစေချင်လိုဆိုတာ သားနားလည်တာမို့
မေမေဘာစကားမှ မပြောပဲအနားယူပါနော်"
ဒေါ်ထင်သဏ္ဍန် ခေါင်းကို ခါရမ်းလိုက်ပြီး ထုံးကိုကြည်ကာမျက်ရည်တွေကျနေသည်။ လက်ယပ်လှမ်းခေါ်တော့ ထုံးကမလာရဲ ကြောက်နေရှာသည်။
သူကအမေ့နားသွားဖို့ ပြောတော့လဲခေါင်းကို တွင်တွင်ခါရမ်းကာ သူလက်ကိုသာ တင်းနေအောင်စုပ်ကိုင်ထားရှာသည်။
"အန်တီ.... ဟို အမေက သားတို့ကို ထပ်မခွဲတော့ပါဘူးကွယ် မေမေအနားလာပါဦး ဆက်ထုံးလေးရယ်"
ထိုအခါမှသာ ထုံးက မေမေ့အနားတိုးကပ်သွားရှာသည်။ ကုတင်ဘေးတွင်ဝင်ထိုင်တော့ မေမေက ထုံးရဲ့လက်ကလေးကိုလှမ်းကိုင်သည်။
"မေမေ မှားခဲ့ပါတယ်။ သားရဲ့အချစ်ကို စော်ကားခဲ့မိတာတွေ အတွက် မေမေတောင်းပန်ပါတယ်။သားလက်ထဲကိုလဲ မေ့မေ့သားလေးကိုအပ်ပါတယ် ကလေးရယ်"
ထုံးက စကားမပြော မျက်ရည်များနှင့်သာ မေမေကိုစိုက်ကြည့်ပြီး မေမေလက့်ကို စုပ်ကိုင်ကာ ခေါင်းကိုတွင်တွင်ညိတ်နေရှာသည်။
"မေမေ့သား ပျှော်ရွှင်မူ့ ၊ဝမ်းနည်းမူ့ အရာခပ်သိမ်းအားလုံးကို သားပိုင်ပါတယ် အဲ့ဒါကြောင့် သားကစောင့်ရှောက်ပေးပါနော်"
ဆက်ထုံးက ခေါင်းလေးညိတ်ပြတော့ မေမေကပြုံးပြကာ သူကိုတစ်ချက်လှမ်းကြည့်လာသည်။ထိုနောက် လောကကြီးကို အပြီးပိုင်မေမေစွန့်ခွာသွားခဲ့ရှာပြီ ။
သူ ထုံးကိုတင်းတင်းဖက်ကာ ငိုမိတော့သည်။ သူဘဝတွင် ထုံးတစ်ယောက်ထဲသာ ကျန်တော့သည် မဟုတ်လား မဟုတ်ပါလား။
မေမေက သူအတွက် ဘိုးဘွားပိုင်
ဒီအိမ်ကြီးကို ချန်သွားခဲ့သည်။ သူရန်ကုန်တွင် ဘယ်လိုမှ မနေချင်သဖြင့်အိမ်ကြီးကို ရောင်းချကာ မေမေဆပ်ရမည့် အကြွေးတွေကို သူဆပ်ပေးလိုက်သည်။
ဘဝကူးရတဲ့အခါ သံသရာကြွေး တွေ သူမပါစေချင်ပါ။ ပိုတဲ့ပိုက်ဆံကို ထုံးတို့ ရွာအဝင်လမ်းမကြီးကို ကွန်ကရစ်လမ်းအဖြစ် သူတို့ မတည်ကာ ဆောက်လုပ်လှူဒါန်းပြစ်လိုက်သည်။
မေမေ ရောက်ရာအရပ်ကနေ သာဓုခေါ်နိုင်ပါစေ မေမေ.....
>>>>>>>>>>>>>>>>>>>>>>
ဒီနေ့ ရွာလမ်းမကြီး ဖွင့်ပွဲနေ့ မို့
ကိုခန့် ပိုပေးလိုက်သော အဝတ်စားများကို၀တ်ကာ ထုံးတစ်ယောက်အပျော်ကြီး ပျော်နေတော့သည်။
ကိုထွန်းနဲ့ မမြင့် အပြင်သမီးယွန်းလေးပါလိုက်လာ၍ ဒီနေ့အပျော်ဆုံးလူက သက်ဆက်ထုံးဖြစ်နေတော့သည်။
"ဒီနေ့ ပြီးဦးမှာလား ထုံးရဲ့..."
"ပြီပါပြီကွာ မင်းကလဲ ခေါင်မိုး နဲနဲသနေလို့ပါကွ"
ဆံပင်ကိုဂျယ်နဲ့အမှန်ကန် ဖြီးနေသော ကျွန်တော်အမျိုးသားလေးအား ကြည့်ကာ ကျွန်တော်ပြုံးမိသည်။ ကြက်သွေးရောင် အကျီလေးကိုပုဆိုးအနီရောင်လေးနဲ့ တွဲ၀တ်ထားသောသူရဲ့ထုံးက ဒီနေ့သိပ်ကိုချောမောသန့်ပြန့်နေတာမဟုတ်လား ။
ပိရိသေ သပ်သောနူတ်ခမ်းပါးများ ဖြောင့်တန်းသောနှာတံ ယောကျ်ားပီသစေသော မျက်ဝန်းများနဲ့ သူအမျိုးသားလေးက ညိုချောလေးဖြစ်သည်။
ထိုဖြူစင်တဲ့ဂျစ်တူးအညိုစင်လေးကသူကို ရူးမတတ်ချစ်ခဲ့တာ ဟုတွေးလိုက်တိုင်း ရင်ဘတ်ထဲကနာကာ ဝမ်းနည်း မျက်ရည် ကျရသည်ကအခါအခါ။
"ထုံး.."
သူထုံးခါးလေးကိုကိုင်လိုက်ကာ နောက်ကနေဖက်တော့ ထုံးကပြုံးသည်။
"ဟင် "
"ချစ်တယ် မောင်အရမ်းချစ်တယ်ထုံးရဲ့"
"ဒီလိုနေ့မျိုးမှာ ဘာလို့ငိုတာလဲ မောင်ရဲ့ ငိုစရာလဲမပါပဲ ပျော်နေရမှာကို"
"မောင် လေ ဒီရွာလေးကို သိပ်ကျေးဇူးတင်တာပဲ သိလား"
"ဘာလို့လဲ "
"မင်းနဲ့ ဟုတ်တယ် မောင်ရဲ့ထုံးနဲ့ ဆုံတွေ့ခွင့် ပေးခဲ့လို့"
"သွားပါ အပိုတွေ "
"ထုံး.. "
"ဟင်"
"မောင်နမ်းချင်တယ်"
"ရေထမ်းပြီပြီလား"
"ဟုတ် ထမ်းပြီပြီ
"
"အဲ့ဆို အွန့်."
ပါးလေးထိုးပေးတဲ့ ထုံးကို သူအူယားစွာ နှာခေါင်းများနစ်ဝင်တဲ့ထိ သူမြတ်နိုးစွာ နမ်းရိူက်ပစ်လိုက်သည်။
"ထုံး..."
"ဘာလဲကွာ..!!"
"မောင်ကိုနမ်း.."
"တစ်နေကုန် ဘာခိုင်းခိုင်း လုပ်မှာသေချာလား"
"အင်း...လုပ်မှာ "
သဏ္ဍန် ပြောလဲပြော
ပါးလေးလဲထိုးပေးတော့ ဆက်ထုံးကအနမ်း သူ့မျက်နာကိုထုံးဘက်လှည့်ချလိုက်သည်။
"ပြွတ်!! "
ဟင် မောင်နူတ်ခမ်းကို သူနမ်းရိူက်မိသွားသည်။ မထိတွေ့ရတာကြာပြီဖြစ်တဲ့မောင်အနမ်းတွေက သူကို တုန်လူပ်သွားစေသည်။
"သဏ္ဍန်သုမောင် မင်း!!"
"ဟား ဟားးဟားး! !"
သူတို့ရဲ့အချစ်တွေက တစ်နေ့ထက်တစ်နေ့ ပိုချိုမြိန်လာကာ မောင်ကလဲထုံးအပေါ် အရာရာအလျော့ပေးသလို ထုံးကလဲ မောင့်အပေါ် ဆုံးရူံးရမှာ ကြောက်တဲ့စိတ်လေးနဲ့ ဆိုးမိချွဲမိနေတုန်းပင်။
>>>>>>>>>>>>>>>>>>>>
"ဖြောင်း ဖြောင်း ဖြောင်း!!"
တစ်ရွာလုံးရဲ့ လက်ခုပ်သံတွေကျယ်လောင်စွာထွက်ပေါ်လာသည်။
"အဟမ်း အဟမ်း!! အခုလိုရွာကောင်းကျိုးအတွက် ရွာလမ်းမကြီး ကို ကွန်ကရစ်လမ်းအဖြစ် ပြောင်းလဲ ပြုပြင်ပေးပါသော
ကိုသဏ္ဍန်သုမောင်နဲ့ မောင်သက်ဆက်ထုံး တို့လင်မယား အယ် လင်လင်တွေအား ဟာရူပ်နေတာပဲကွာ
ဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ခင်များ!!"
သူကြီး စကားကြောင့်အားလုံးကဝိုင်းရယ်ကြတော့သည်။
သူတို့ လှူဒါန်းခဲ့သော ရွာအဝင်လမ်းကြီးက သူမောင့်ကိုမျှော်နေကြ မြေနီလမ်းလေးမဟုတ်တော့ပေ ။
အခုတော့သူတို့ရင်ထဲကတစ်ဖန်ပြန်လည်ဖြစ်တည်လာတဲ့အချစ်တွေလိုတောင့်တင်းခိုင်မာတဲ့ ကွန်ကရစ်လမ်းကြီးအဖြစ်အခိုင်မာတည်ဆောက်ပြီးစီးသွားခဲ့သည်။
ထိုသို့တိုင်ပဲ သူရင်ထဲကအချစ်တွေကလဲ မောင့်အပေါ်မှာ ထိုကွန်ကရစ်လမ်းကြီးကဲ့သို့ ခိုင်မာတည်ရှိနေမည်။ ဘယ်တော့မှ အက်ကွဲမသွားအောင် စောင့်ရှောက်ရမည်က မောင်တာဝန်ပင်ဖြစ်သည်။
သူမောင့်လက်လေးကိုင်ကာမောင့်ကို မော့ကြည့်လိုက်သည်။
*ငါမြတ်နိုးလိုက်ရတာမောင်ရယ်*
မောင်က ဘာလဲဆိုသည့်သဘောဖြင့် မေးဆတ်ပြရာ သူကခေါင်းခါပြတော့မောင်က သူဆံပင်တွေကို မြတ်နိုးစွာ နမ်းရိူက်လာသည်။
"ကဲကဲ ရွာလမ်းမကြီး လဲ ပြီးသွားပြီဆိုတော့ ကမ္မည်းထိုးမယ် ဆက်ထုံး မျိုးရိုးနာမည် ထည့်မယ့်လူတွေလာပြောကွာ"
"ဟ သူကြီးကလဲ မျိုးရိုးနာမည်ပြောရအောင် ကျုပ်က ခင်မွန်ရွာကသူကြီးလဲမဟုတ် တိုတိုတုတ်တုတ်သာ လုပ်စမ်းပါဗျ"
"ဒီကောင်ကွာ! !ငါ့ထိပ်တုံး မစားရတာကြာလို့လားကွဟင်းဟင်း"
သူကြီး ရှက်ရမ်းရမ်းသွားသော မျက်နာကြည့်ကာအားလုံးက ဝိုင်းရယ်ကြပြန်သည်။
ဒေါ်ထင်သဏ္ဍန် အား ရည်စူး၍
ဥုးသုစိတ္တ နှင့် ဒေါ်ရွှေမိ တို့အားအမှူးထားကာ
ကိုသဏ္ဍန်သုမောင်+ကိုသက်ဆက်ထုံး
ကောင်းမူ...
ဆိုင်းပုတ်လေးအားကြည့်ကာ မောင်နဲ့သူ ပြိုင်တူပြုံးမိလိုက်ကြသည်။ ရွာလုံးကျွတ် ထမင်းကျွေးသဖြင့် ပင်ပန်းလိုက်တာပြောမနေပါနဲ့တော့။ အိမ်လဲ ပြန်ရောက်ရော လူကဖတ်ဖတ်မော လုပ်ပင်မလုပ်ချင်တော့ ခန္ဓာကိုယ် တွေပြောပါတယ်။
"မောင် ထဦး ခဏထဦးလို့.. "
"ဘာလဲ ထုံးရာ မောင်ပင်ပန်းလို့ပါကွာ"
"မနက်က "
"အင်း "
"မင်းငါကိုနမ်းထားတယ်လေ "
"အင်း အဲ့ဒါဘာဖြစ်လို့လဲ"
"အဲ့ဒါငါအခုညောင်းလို့ နိုပ်ပေးတော့"
"ဘာ!!"
"ဘာလို့လဲ ဘာလို့အော်တာလဲ "
သူကို မျက်စိလေး ကလယ်ကလယ်နဲ့ ကြည့်နေသော ထုံးအား သူဒီထက်ပို မစောင့်နိုင်တော့သလို စိတ်လဲမရှည်တော့ပါ ။မနက်မှ မနက်ပြသာနာရှင်းတော့မည်။ အခုတော့..လာထား
"ဟာ မောင်ဘာလုပ်တာမောင် လွှတ်ဦး အမေကြားသွားမယ် အွန့်အာ့ဟာ့ အ့ မောင် မင်း မင်းကွာအာ့ မလုပ်နဲ့လို့ဟာ့!!...."
ကျွန်တော်တို့ အချစ်က ဒီရွာလေးမှာ စတည်ခဲ့ပြီး ဒီရွာလေးမှာပဲ အဆုံးသတ်သွားမည်။
သေသည့်တိုင်း ထုံး အပေါ်မှာသစ္စာရှိပြီးထုံးလက်ကိုတွဲနေထိုင်သွားပါမည်။ ကျွန်တော်မရှိရင် ထုံးအတွက်မဖြစ်သလို ထုံးမရှိရင်လဲ ကျွန်တော်ဆိုတာ မဖြစ်နိုင်ပါ။
ထုံးက ကျွန်တော်အတွက်
မောင့်အတွက်တော့အ
သက်ဆက်ထုံးပင် .............
AhShin💛
9.3.2023
(အစကနေ အဆုံးထိ ongoing လိုက်ပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းဆီကို ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ် ဇာတ်လမ်းလေးက အစထဲကplotချပြီးသားမို့ SE မလုပ်ပေးနိုင်တာကိုနားလည်ပေးပါ။ ဆက်ထုံးလေးကိုချစ်ပေ့မယ့် သဏ္ဍန်ကို ဒီထက်ပိုပြီး မရက်စက်ပေးနိုင်တဲ့ ဒီအမေရဲ့နှလုံးသားကိုလဲ နားလည်ပေးပါ။ မတရားဘူးလို့ထင်နေသူတွေကိုလဲတစ်ကယ်အားနာရပါတယ်။ အဓိက သက်ဆက်ထုံးလေးပျော်ဖို့ Heလေးကပိုအဆင်ပြေမလားဟင်။ အားလုံးဒီဇာတ်သိမ်းလေးကျေနပ်ကြမယ်ထင်ပါတယ် အားလုံးကို ပျော်စေချင်တဲ့
AhShin💛)
AS...ကိုသဏ္ဍန်သုမောင် မေးခွန်းလေးနဲနဲမေးလို့ရမလာ.
DA...ရပါတယ်မေးပါခင်ဗျ
As..အားလုံးက ရှင်တို့ရဲ့ အဆုံးသတ်ကို SE ဖြစ်စေချင်နေကြတယ် သာသာဘယ်လိုလုပ်ရမလဲ😢
DA..အဲ့လို မလုပ်ကြပါနဲ့ဗျာ ကျွန်တော် ထုံးအပေါ်အဲ့လိုလုပ်ရက်တွေဘယ်တော့မှ မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်။ အများကြီးပဲ ပေးဆပ်ရင်းနေသွားမှာမို့ ဒီအဆုံးသတ်လေးကို ကျေနပ်ပေးပါနော် တောင်းပန်တာပါ😔
AS..ဆက်ထုံးလေးကရော ဘာပြောချင်လဲ
TS..ကျွန်တော်ကို ချစ်ပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။
မောင့်ကို လဲအပြစ်မမြင်ပေးကြပါနဲ့နော်။ ကျွန်တော်ကိုချစ်တယ်ဆို ကျွန်တော်ပျော်ရွှင့်မူ့လေးကိုလဲ လက်ခံပေးပါလို့ ပြောချင်ပါတယ်ခင်ဗျ။
As..ကလေးယူဖို့ရော အစီစဥ်ရှိလား
DA..သူကအနားတောင် အကပ်မခံတာကိုဗျာ..
TS.. မင်း မနေ့ကပဲ....
As..ဟိတ် လူတွေ ကြည်နေကြမှာလေ
ST..ဟာဟုသား (ရှက်၍ နားကိုကုပ်သွား သဏ္ဍန်က ရယ်နေ)
DA..ကလေးက ပိုက်ဆံတွေစုပြီးရင်ယူဖြစ်ပါလိမ့်မယ်။အခုတော့ ထုံးကိုချစ်လို့မဝသေးတာမို့ သူကိုပိုချစ်လိုက်ပါဦးမယ်ဗျ ၊အာလုံးကို လဲ ကျွန်တော်ကတောင်းပန်တာမို့ အဆုံးသတ်လေးကို ကျေနပ်ပေးပါနော်....
As..ကဲ ချစ်ကလေးတို့ရေ
😉😉