The Land of Miracles ((အံ့ဖွယ...

By NaNa-DH

30.3K 3.4K 236

Two young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgy... More

Intro
Chapter 1+2
Chapter 3+4
Chapter 5+6
Chapter 7+8
Chapter 9+10
Chapter 11+12
Chapter 13+14
Ch 15+16
Chapter 17+18
Chapter 19+20
Chapter 21+22
Chapter 23+24
Chapter 25+26
Chapter 27+28
Chapter 29+30
Chapter 31+32
Chapter 33+34
Chapter 35+36
Chapter 37+38
Chapter 39+40
Chapter 41+42
Chapter 45+46
Chapter 47+48
Chapter 49+50
Chapter 51+52
Chapter 53+54
Chapter 55+56
Chapter 57+58
Chapter 59+60
Chapter 61+62
Chapter 63+64
Notice
Chapter 65+66
Chapter 67+68
Chapter 69+70
Chapter 71+72
Chapter 73+74
Chapter 75/76+77
Chapter 78+79
Chapter 80+81
Chapter 82+83
Chapter 84+85
Chapter 86+87
Chapter 88+89
Chapter 90+91+92+93 (Unicode)
Chapter 90/91/92/93 (Zawgyi)
Chapter 94+95
Chapter 96+97
Chapter 98+99
Chapter 100+101
Chapter 102+103
Chapter 104+105
Chapter 106+107
Chapter 108+109
Chapter 110+111
Chapter 112+113
Chapter 114+115+116+117(Unicode)
Chapter 114+115+116+117(Zawgyi)
Chapter 118+119
Chapter 120+121+122(Unicode)
Chapter 120+121+122(ZawGyi)
Chapter 123+124+125(Unicode)
Chapter 123+124+125(Zawgyi)
Chapter 126+127+128
Chapter 126+127+128(Zawgyi)
Chapter 129+130+131+132(unicode)
Chapter 129+130+131+132(Zawgyi)
Chapter 133+134+135
Chapter 133+134+135(ZawGyi)
Chapter 136+137
Chapter 138+139
Chapter 140+141
Chapter 142+143
Chapter 144+145
Chapter 146+147
Chapter 148+149
Chapter 150+151
Chapter 152+153
Chapter 154+155
Chapter 156+157
Chapter 158+159
Chapter 160+161
Chapter 162+163
Chapter 164+165
Chapter 166+Final (Unicode)
Ch 166+Final(Zawgyi)
စာကြွင်း နှင့် More Info

Chapter 43+44

313 38 1
By NaNa-DH

Chapter 43 : Routines are all routines...
အစဉ်အလာက အစဉ်အလာပဲ ...

"ထုတ်ပေးလို့သာရရင် အခုချက်ချင်း ကျွန်တော် ပါး နဲ့ မား ကို ထုတ်ပေးတယ်.. ပုလဲကို ကျွန်တော်အရမ်းလိုချင်နေတယ်များ ထင်နေတာလား? နဲနဲလေးအာရုံစူးစိုက်လိုက်ရုံနဲ့ တစ်ယောက်စိတ်ထဲဘာဖြစ်နေတယ် ၊ ဘာတွေခံစားနေရတယ်ဆိုတာကို ဖုံးကွယ်လို့မရ ၊ တန်းသိနိုင်နေတဲ့ အခြေအနေကြီးနဲ့! အဲ့ဒါကြီးက ကောင်းတဲ့အရာလား??ကျွန်တော်ကြင်ယာ ရခဲ့ပြီပဲဆိုကြပါစို့... ဟိုတစ်ယောက်က ကျွန်တော်ခံစားရသမျှ သာယာမှုအကုန်ကို သူပါလိုက်ခံစားမိနေမှာလေ!! တွေးကြည့်မိရုံနဲ့တင် ကျောပါစိမ့်တယ်!! တကယ်ပါပဲ...ကျွန်တော့်အတွက်ဆိုပြီး blind date ကြင်ယာတော်ရွေးပွဲတွေ ထပ်မဖန်တီးပါနဲ့တော့ မားရာ... ကျွန်တော် တကယ် စိတ်မပါနိုင်လို့ပါ.."
လန်ကော ဝမ်းနဲစွါ ငြီးငြူးပြနေတော့ ရှင်းယွမ် သက်ပြင်းတစ်ချက်ချပြီး သူမရဲ့သားကို ပုခုံးကနေသိုင်းဖက်ကာ -
"သားတော်လေး စိတ်ထဲအဆင်မပြေ ခံစားနေရတာကို မား နားလည်ပါတယ်... သားပြောသလိုဆို ဒါက တကယ့်ပြသနာပဲ... ဒါပေမဲ့လို့ တစ်ဖက်ကနေ လှည့်တွေးကြည့်ရင်...ဟိုကောင်လေးရည်းစားရခဲ့လို့ သာယာနေချိန် ၊ သားဖက်ကနေ သူ့သာယာမှုတွေကို ခံစားမိမှာပဲလေ... ဘဲစားဘဲခြေပေါ့ .. ကိုယ့်ဖက်က ရှူံးတယ်လို့တွေးပြီး စိတ်ဆင်းရဲခံမနေပါနဲ့.."

လန်ကောရင်ထဲ နမိတ်မကောင်းသည့် ခံစားချက်တွေ တဖွားဖွားပေါ်ပေါက်လာပြီမို့ ... သူ့အမေရဲ့ လက်ကနေ ထွက်ပြေးဖို့ကြိုးစားချင်ပေမဲ့ .. ရှင်းယွမ် က အဆင့်-၈ လေဒြပ်စင်ထိန်းချုပ်သူ! အဆင့်-၆ လန်ကော အနေနဲ့ ဘယ်လိုမှ ပြေးမလွတ်နိုင်ဖူး..

ရှင်းယွမ် မျှော်လင့်ချက်တွေအပြည့် ၊ စိုရွှန်း​နေသောမျက်ဝန်းတွေဖြင့် သူမရဲ့သားတော်ကို မော့ကြည့်ပြီး -
"သားတော်လေး... မင်း မေမေ့ကို မချစ်ဖူးလားဟင်??"

လွတ်လပ်သည့်နိုင်ငံတော်ရဲ့ ဘုရင် .. လန်ရှင်း ... ဒီလိုမြင်ကွင်းမျိုးကို ခဏခဏ မြင်ခဲ့ရလွန်းပြီမို့ ဘာတွေဆက်ဖြစ်တော့မယ်ဆိုတာကို ကြိုသိနေပြီး ဆက်မကြည့်နိုင်ဖြစ်ရကာ ၊ မျက်နှာကို တစ်ခြားဖက်အသာလှည့်လို့ထားတယ်...

လန်ကော နှုတ်ခမ်းထောင့်တွေ တလှုပ်လှုပ် တရွရွ ဖြစ်နေပြီး -
"မား ... ဒီလိုကြီးမလုပ်ပါနဲ့လားဟင်? ပါး ကြည့်နေတယ်လေ..."

ရှင်းယွမ် နီရဲနေသော မျက်ဝန်းတွေဖြင့် လန်ကော ကို သနားစဖွယ် ဆက်မော့ကြည့်နေရင်း -
"သား ... မေမေ့ကို မချစ်ဖူးပေါ့...?"

သူ့အမေ သရုပ်ဆောင်နေတယ်ဆိုတာကို လန်ကော သိတယ် .. ဒါပေမဲ့ အမေက အမေပဲလေ! သူ့နှလုံးသားက ဘယ်လိုလုပ်ခံနိုင်ရည်ရှိမှာလဲ?? လန်ကော ရင်ထဲ နေလို့မကောင်းဖြစ်လာပြီမို့ သူနောက်ဆုံးအကြိမ်အနေဖြင့် ထပ်ကြိုးစားကြည့်ဖို့ကြိုးစားတယ်..
"မား ... ဟန်ဆောင်နေမှန်း ကျွန်တော်သိနေတာမို့ ဆက်ဟန်မဆောင်နေပါနဲ့တော့ ... ကျွန်တော် တကယ် blind date တွေ ထပ်မသွားချင်တော့ဖူးလို့ ..."

"သား... မင်း တကယ်ကို ဟော့ဒီက မင့်မေမေ ကို လုံးဝမချစ်ဖူးပေါ့??"
ရှင်းယွမ် မျက်ဝန်းထဲ မျက်ရည်တွေ တွဲလွဲခိုလို့ ၊ ကြွေကျလုဆဲဆဲ ဖြစ်လာနေပြီ ..

"အိုင်းယား... မား နိုင်ပါတယ်! မားကို ဒီသားတော် က ချစ်ပါတယ်ဗျာ.. အရမ်းကိုချစ်ပါတယ်!"
လန်ကော ရီချင် ငိုချင် အသံကြီးနှင့် အက်ကွဲကွဲ အရှူံပေးလက်မြောက်လိုက်ရတော့သည်...
ရှင်းယွမ်သာ မျက်ရည်ကျလာခဲ့ရင် အခြေအနေက ပိုဆိုးလာဖို့ပဲရှိမယ် .. အဲ့ဒီအခါကျရင် 2 vs 1 ပဲ! သူ့အဖေ က သေချာပေါက် သူ့အမေ ဖက်ကနေပဲ အခိုင်အမာရပ်တည်ပေးမှာသိနေပြီးသား!
တော်နေလေးကတောင်မှ သူ့အဖေရဲ့ကန်ချက်ကို သူခံထားရသေးတယ်မဟုတ်လား??

"မွ!!"
ရှင်းယွမ် ခြေဖျားထောက်ပြီး သူမရဲ့ တစ်ဦးတည်းသော သားတော်လေးရဲ့ ပါးတစ်ဖက်ကို မွှေးမွှေးပေးလိုက်တယ်...
မျက်ဝန်းတွေထဲ ကျလုမတတ် တွဲခိုနေခဲ့သည့် မျက်ရည်တွေက ရေဒြပ်စင်ထုတ်သုံးထားသည့်အလား ပျောက်ခြင်းမလှ ပျောက်သွားရုံမက ၊ ပြုံးနေတာများ ပန်းတွေတောင် ပွင့်တော့မယ်...

"ဒါမှ မားရဲ့သားလိမ္မာလေး! သားက မားကို ချစ်တယ်ဆိုမှတော့ မားရဲ့စကားကို နားထောင်ရမှာပေါ့.. မားက သားအတွက် ကြင်ယာရွေးပွဲ တစ်ခုကိူ ရက်ပိုင်းအတွင်းဖန်တီးပေးမယ် ... သားက လိမ်လိမ်မာမာနဲ့ အကောင်းဆူံးပြုမူပြီး မား ခေါ်ပြတဲ့ကောင်မလေးတွေထဲက အချောဆုံး ၊ နာခံမှုအရှိဆုံးတစ်ယောက်ကို ရွေးကိုရွေးရမယ်နော်! လက်ထပ်ဖိူ့ကို မား လုံးဝမလောပါဖူး.. သားတို့ချင်း ရင်းနှီးကျွမ်းဝင်လာအောင် ၁နှစ် ၊ ၁နှစ်ခွဲလောက် အချိန်ယူရမှာပေါ့.. ဒါပေမဲ့ ကောင်မလေးမှာ ကိုယ်ဝန် ရှိလာခဲ့ရင်တော့ ချက်ချင်းလက်ထပ်ရမှာနော်!!"

လန်ကော သူ့ခမည်းတော်လန်ရှင်းကို သနားကမားမျက်နှာလေးနှင့်လှမ်းကြည့်အကူအညီတောင်းဖို့ကြိုးစားပေမဲ့ လန်ရှင်းက မျက်လုံးချင်းအဆုံမခံပဲ တစ်ဖက်ကို လှည့်တယ်..
လန်ကော ဖက်က ဘာသံမှမထွက်လာသည်နှင့် ရှင်းယွမ်ကပဲ -
"ကဲ ... အိုခေသွားပြီ ... မား သွားစီစဉ်လိုက်တော့မယ်.. လိမ္မာပြီးနာခံတတ်တဲ့သားကောင်းတစ်ယောက်ရထားတာကလည်း နိဗ္ဗာန်ပါပဲလားနော်.."
ရှင်းယွမ် ပြုံးရွှင်တက်ကြွစွါဖြင့် စာကြည့်ခန်းထဲကနေ ခပ်သွက်သွက်ထွက်သွားရင်း တံခါးပေါက်အရောက်မှာ တစ်ခုခုကိူ သတိရမိသွားသည့်ဟန်... နောက်ကို ဆတ်ခနဲလှည့်ကြည့်ကာ သူမရဲ့ခင်ပွန်းဖြစ်သူ လန်ရှင်းကို - 'ဒီတစ်ခါ သားကို ရှင် ဝင်ကူရဲကူကြည့် ၊ ကျမနဲ့အတွေ့ပဲ' - ဟု အဓိပ္ပါယ်ရသည့် အကြည့်စူးစူးတွေနဲ့ ကြည့်သွား၏...

ရှင်းယွမ်ရဲ့ အရိပ်ကို လုံးဝမမြင်ရတော့သည့်အချိန်မှ လန်ကောက သူ့အဖေကို စိတ်ပျက်ဝမ်းနဲနေသည့်မျက်နှာဖြင့် လှမ်းကြည့်ပြီး -
"ပါး ... ပါး အဲ့လောက်ထိ မားကို ကြောက်သလား? အဖေနဲ့သား ကြား သံယောဇဉ်ကို နဲနဲလေးတော့ထောက်ထားသင့်တာပေါ့! စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေလည်းဟုတ်တယ်ဆို??"

လန်ရှင်း လက်တွေဆန့်ထုတ်ကာ -
"ငါဘာလုပ်နိုင်မှာတုန်း?? ခွေးကောင်လေး! မင်းနယ်မြေ(၃)ခု ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ မင်းအမေ မသိအောင် ငါကူညီပေးခဲ့တုန်းက .. သူမ က ငါ့ကို ၁လတိတိ စာကြည့်ခန်းထဲမှာ အိပ်ခိုင်းခဲ့တာကွ! မင်းဘာသိလို့လဲ?!"

လန်ကော မကျေမနပ် ၊ မနှစ်မြို့စွါဖြင့် -
"ဟမ့် .. ပါး ဟာက မားကို ကြောက်နေတာမျိုးမှမဟုတ်ပဲ .. အစဉ်အဆက်က ဘုရင်တွေလို မိဖုရား(၃)ပါး ၊ ကိုယ်လုပ်တော် (၄)ယောက် မထားနိုင်ရင်တောင်မှ အနဲဆုံး ပါးကိုယ့်ကိုကိုယ်စွမ်းတယ်ထင်ရင် အငယ်အနှောင်း(၁)ယောက်တော့ထားပေါ့!"

လန်ရှင်း ရုတ်ချညါး ထပြုံးကာ -
"ကောင်းတယ်! မင်းကျယ်ကျယ်လေးပြောသင့်တယ်... ဒါမှ မင်းအမေကြားမှာ... ဒါပေမဲ့ သူမကြားသွားပြီး မင်းကိူ ဘာလုပ်သွားမယ်ဆိုတာကိုတော့ ... ငါလည်း အာမ မခံနိုင်ဖူးနော်.. ဟင်းဟင်း"

လန်ကော တုန်တက်သွားရကာ -
"ကျွန်တော်က?? ကျွန်တော် ဘာပြောလိုက်လို့လဲ?? ကျွန်တော် ပါးကို ဘာမှမမြှောက်ပေးဖူးနော်... ကဲပါ.. အဲ့ဒီ blind date ကိစ္စအသာထားအုံး... ပါး ကျွန်တော့်ကို ပံ့ပိုးကူညီရမဲ့ ကိစ္စတစ်ခုရှိတယ်... ကျွန်တော် 'မျှော်လင့်ခြင်းဂေဟာ' ဆောက်ခြင်းလို့ .. ပါးကို ပြောပြဖူးတဲ့ ဥာဏ်ပညာမြို့တော်က ဖာ့ဟွား ဆောက်ထားသလိုမျိုးလေးလေ... ဒီလုပ်ရပ်က သိပ်ကောင်းတယ်လို့ ထင်တယ် .. ချို့တဲ့နေတဲ့ ကလေးတစ်ယောက်ကို ကယ်တင်ပြီး သူ့ဘဝအတွက် ဒုတိယအခွင့်အရေး ပေးလိုက်နိုင်တာမျိုးပဲ"

လန်ရှင်း ခေါင်းတဆက်ဆက်ငြိမ့်ရင်း တုံ့ဆိုင်းခြင်းမရှိ -
"ပါး သဘောတူတယ်"

လန်ကော က ထပ်ပြီး -
"ဒါကိုလေ ... နိုင်ငံ့ဥပဒေ ၊ လုပ်ဆောင်ချက်တွေထဲပါ ထဲ့ဆွဲပေးပါလား ပါး.. ဒြပ်စင်မြို့တော်တိုင်း တစ်မြို့ တစ်လုံး ဆောက်စေချင်တယ်"

"အဲ့ဒါကျ ဝန်ကြီးတွေနဲ့ ပါး အစည်းအဝေးထိုင် ဆွေးနွေးဖို့လိုလာပြီ .. အရင်ဦးဆုံး ပါး တို့မိသားစုငွေကို ထုတ်သုံးပြီး မိုးကြိုးမြို့တော်မှာ ဂေဟာတစ်လုံး အရင်ဆောက်ပြ ၊ ဖန်တီးပြမယ် ... ပြီးမှ တစ်နိူင်ငံလုံးအနှံ့ထပ်တိုးဖို့ကြိုးစားကြတာပေါ့"
"ပထမဆုံး ဆောက်ဖို့လုပ်သားရှာရမယ် ၊ မိုးကြိုးမြို့တော်အနှံ့အကူအညီလိုအပ်နေတဲ့ ကလေးဘယ်လောက်ရှိနိုင်လဲဆိုတာ စစ်တမ်းကောက် ၊ ကုန်ကျငွေ တွက်ချက်ရမယ်"

အဓိကကိစ္စအကြောင်းဆွေးနွေးပြီးသည်နှင့် သားအဖ နှစ်ယောက် အစောပိုင်းဆွေးနွေးမှုဆီ ပြန်ဦးလှည့်လို့သွားတယ်...
"လောလောဆယ် မင်းအာရုံစိုက်ရမဲ့ ကိစ္စတစ်ခုရှိနေသေးတယ်"
လန်ကော က အများအကျိုးအတွက် စဉ်းစားပေးတတ်သည့်အပြင် ဥာဏ်ပညာ ၊ စွမ်းရည်ပိုင်းမှာလည်း ထူးချွန်နေသည်မို့ တစ်ချိန်မှာ မိုးကြိုးမြို့တော်ရဲ့ အုပ်ချုပ်သူ ဖြစ်လာနိုင်၏...ဒါဆို လန်ကော ရဲ့မျိုးဆက်ဆိုတာကလည်း ရှိလာရမည်မို့...

လန်ကော သူ့ဖခမည်းတော် ဘာပြောလာတော့မည်ကို ကြိုသိနေသလို ခါးသက်စွါဖြင့် -
"ပါး ... ကျွန်တော် အဲ့ဒီ blind date ကြီးကို တကယ် မသွားပဲနေလို့ မရဖူးလား?"

လန်ရှင်းရဲ့တုန့်ပြန်မှုက နှောင့်နှေးကြံ့ကြာမှုမရှိ -
"ငါ မကူညီနိုင်ဖူးလေ... မင်းအမေစီစဉ်တာကိုသာ နာခံလိုက်ပါ..အလုပ်မဖြစ်တော့လည်း တစ်ခါတည်းနဲ့ ကောင်မလေးတွေအကုန်တွဲချလိုက်ပေါ့.. အချိန်အတိုင်းအတာတစ်ခုအထိ လေ့လာပြီးမှ အကြိုက်ဆုံးတစ်ယောက်ကို ရွေးလိုက် ... မင်းမျက်စိရှေ့မှာနေ့တိုင်းမြင်နေရတဲ့ ငါနဲ့မင်းအမေကိုပဲကြည့် ... နှစ်ယောက်အတူ ဘဝကို ဖြတ်သန်းနေတာ ဘယ်လောက်ကြည်နူးပျော်ရွှင်ဖို့ကောင်းလဲ?"

ဒီတစါကြိမ်တော့ ရှောင်လွှဲလို့မရတော့မှန်း လန်ကော သဘောပေါက်လိုက်ပါပြီ ...

လန်ရှင်းကပဲဆက်ကာ -
"မင်းနဲ့ ဥာဏ်ပညာမြို့တော်က ဖာ့ဟွားဆိုတဲ့ကလေးက တစ်ယောက်နဲ့တစ်ယောက် ဆင့်ခေါ်လို့ရတယ်မလား? သူ့ကိုပါ ဖိတ်ခေါ်လိုက်လေ... မင်းတို့နှစ်ယောက် အတူ ဆော့လို့ရတာပေါ့... အဲ့ဒီကလေးက အမူအကျင့်ကောင်းပြီး တည်ငြိမ်အေးဆေးကြင်နာတယ်မလား? တုနှိုင်းမဲ့ပုလဲကြောင့် ဖြစ်လာတဲ့ဆက်နွယ်မှုကို သူနဲ့ဆို မင်းအဆင်ပြေမှာပါ"

ခမည်းတော်က ဖာ့ဟွားကို ချီးကျူးနေသည်မို့ လန်ကော ကျွဲမြီးတိုသွားရကာ -
"ဘာလို့ အဲ့လူနဲ့ အဆင်ပြေရမှာလဲ?!!ဟမ့်... ဟုတ်ပါပြီ! အခွင့်သင့်ရင် ခေါ်လိုက်ပါ့မယ်!"

လန်ကော စာကြည့်ခန်းထဲကနေ စိတ်မကြည်မသာနဲ့ထွက်လာခဲ့တယ်... ဖာ့ဟွားနဲ့ တုနှိုင်းမဲ့ပုလဲကြောင့် လွတ်လပ်မှု ပျောက်ဆုံးတာကော ၊ သူ့အမေရဲ့ လှည့်စားမှုကြောင့် blind date လုပ်ရမှာတွေကော တွေးမိပြီး သူ စိတ်မကြည်ချင်တော့ဖူး!
လန်ကော က ပုံမှန်ဆို ကောင်မလေးတွေနဲ့ တွေ့ ၊ blind date လုပ်ရတာကို မမုန်းပေမဲ့ ... အခုလို အတင်းအကြပ်စေခိုင်းမှုကြောင့်လုပ်ရရင်တော့ ဆန့်ကျင်ဆန္ဒပြချင်မိတယ်...
ဟွန်း! ရှန်ချန်းကော လို သန်မာလာအောင် အမြန်ကြိုးစားမှ ဖြစ်မယါ! ဒါမှ သူ့ကို ဘယ်သူမှ အကြပ်မကိုင် ၊ မနိုင်စားရဲတော့မှာ!
ပါးပြောဖူးတာတစ်ခုမှတ်မိပါသေးတယ် .. ပိုင်ယွဲ့ရှန်ချန်း က အနာဂတ်မှာ အပြာရောင်နယ်မြေရဲ့ ဘုရင် သို့မဟုတ် အကြီးအကဲ တစ်ယောက် ဖြစ်လာနိုင်ချေရှိတယ်တဲ့ ..
အခန်းပြန်ရောက်သည်နှင့် လန်ကော မန္တာန်ကို တီးတိုးရွတ်ဆိုလိုက်တယ် ..

🔮တုနှိုင်းမဲ့အမြွှာဝိဥာဏ် ၊ တူညီသောဘဝတစ်ခု🔮

အလင်းရောင်ဖျက်ကနဲလက်သွားပြီး စက္ကန့်ပိုင်းအတွင်း သူ့ရှေ့မှာ ဖာ့ဟွား ပေါ်လို့လာတယ်..

ဖာ့ဟွား ပတ်ပတ်လည်ကို လှည့်ပတ်ငေးကြည့်ရင်း -
"ဒါ မင်းအိမ်လား?"
လန်ကောရဲ့အခန်းက ဇိမ်ခံအကောင်းစားပစ္စည်းတွေအပြည့်နဲ့မဟုတ်ပေမဲ့လို့ ဘုရင့်နန်းတော်ထဲက မင်းသားတစ်ပါးရဲ့အခန်းပေမို့ .. ကနုတ် ၊ ဆေးရေးပန်းချီ ၊ အခန်းဖွဲ့ထားပုံတွေက ရိုးရှင်းပေမဲ့ ကျော့ရှင်းအမြင်ဆန်းတယ်...
အခန်းနံရံပေါ်မှာ ပန်းချီကားချပ်တချို့ရှိပြီး ထိုထဲက တစ်ခုက - တိမ်လိပ်မည်းတွေနှင့်ကောင်းကင်ကြီး မဲမှောင်၊ လျှပ်စီးတွေ ဝင်း လက်နေစဉ် လှိုင်းထန်နေသော ပင်လယ်ကမ်းစပ်မှာ လူတစ်ယောက်လက်နောက်ပစ်လျက် မတ်တပ်ရပ်လို့ ပင်လယ်ကိုလှမ်းကြည့်နေသည့်ဟန် ကို အသက်ဝင်စွါ ရေးဆွဲထားတယ် ...

လန်ကော ကပဲ စကားစကာ -
"ငါ မကြာခင်ကမှ အိမ်ပြန်ရောက်တာ"

"မင်းလေ့ကျင့်ချင်လို့လား?"

လန်ကော ခေါင်းငြိမ့်ပြပြီး -
"သေချာပေါက် ငါလုပ်ချင်နေတဲ့အရာပေါ့... ၁၂နာရီ မကျော်သမျှ မူလနေရာ ကို ပြန်သွားလို့ရတယ်ဆိုတော့ .. ရှေ့လျှောက် မင်းနဲ့ငါ တစ်လှည့်စီ သွားပြီး ကျင့်ကြံကြတာပေါ့ .. အသက်(၃၀) မရောက်ခင် အဆင့်-၉ ဖြစ်မှကိုဖြစ်မယ်!"

အားတက်သရော်ပြောဆိူ ၊ တက်ကြွနေတဲ့ လန်ကော ကို ဖာ့ဟွား သံသယဝင်လာမိတယ် .. သူက ကျင့်ကြံရေးဆို အမြဲ ဖင်လေးနေတတ်တဲ့သူ မဟုတ်ဖူးလား?

"ဘာလို့ ငါ့ကို အဲ့လိုကြီးလာကြည့်နေတာလဲ? လာ.. ကျင့်ကြံစို့"
လန်ကော သူ့အိပ်ယာပေါ်ခုန်တက်ပြီး တင်ပလ္လင်ခွေထိုင်ကာ လက်နှစ်ဖက်ကို အသင့်ဆန့်ထုတ်ပေးတယ်...
ဖာ့ဟွားလည်း အိပ်ယာပေါ်လိုက်တက်ပြီး လူနှစ်ယောက် လက်ဖဝါး ၂စုံ ထိတွေ့မိလိုက်သည်နှင့်...
ဒြပ်စင်စွမ်းအင် နှင့် ကျမ်းစွမ်းအင် တို့က တစ်ခုနှင့်တစ်ခု လိမ်ယှက်လျက် လေပွေမုန်တိုင်းတစ်ခုလိုပဲ...

တစ်ညလုံးကျင့်ကြံခဲ့ပြီး နောက်တစ်နေ့ မနက်အာရုဏ်တက်ချိန်မှ ရပ်တန့်လိုက်ကြတယါ.. နှစ်ယောက်စလုံး လန်းဆန်းတက်ကြွနေပြီး သူတို့ရဲ့ ကျင့်ကြံမှုရလဒ်တွေက ပုံမှန်ထက် ပိုသာလွန်နေတာကို သေချာပေါက် သတိထားမိကြတယ်...

ဖာ့ဟွား အိပ်ယာပေါ်မှ ဆင်းကာ -
"ငါပြန်တော့မယ်"

"အချိန်ရပါသေးတယ်.. ငါနဲ့အတူ လိုက်ဆော့အူးလေ... အိုး! အခုမှသတိရတယ်.. မပြန်နဲ့အူး! ငါကလေးတွေအတွက် လက်ဆောင်လေးတွေဝယ်ထဲ့ပေးလိုက်ချင်လို့ .. ငါ့ရဲ့ သိုလှောင်လက်ကောက်ကို မင်းယူသွားပြီး နောက်တစ်ခေါက်ပြန်တွေ့မှ ပြန်ပေး"
ပြောပြောဆိုဆို လေလိုအလျင်နဲ့ အခန်းထဲက ပြေးထွက်သွားသော လန်ကော ...

ဖာ့ဟွား အခန်းထဲရှိ ခုံတစ်ခုမှာဝင်ထိုင်စောင့်နေချိန် အခန်းထဲကို လူတစ်ယောက် ဝင်လာတယ် ...

"ရှောင်ကော ရေ!!"

ဝင်လာသူက ရှင်းယွမ် ဖြစ်ပြီး အခန်းပေါက်အရောက် ၊ ထိုင်နေသည့် ဖာ့ဟွားကို တွေ့လိုက်ရတော့ -
"မင်းက ဘယ်သူလဲ??"

"ကျွန်တော်က ဖာ့ဟွားပါ .. လန်ကောရဲ့ ... သူငယ်ချင်းပါ"
လန်ကော နှင့် သူ့ကြား ဘာ ဆိူတာကို ခေါင်းစဉ်တပ်ဖို့ ဖာ့ဟွား တွန့်ဆုတ်နေမိတယ်...

"အိူး... မင်းက ဖာ့ဟွားလား?"

"ဟုတ်ကဲ့.. ဒီက?"

ရှင်းယွမ် ချိုသာစွါပြုံးပြပြီး -
"အန်တီက ရှောင်ကောရဲ့ မယ်တော်ပါ ... ဒါနဲ့ ဒီကိူ ဘယ်အချိန်ကတည်းက ရောက်နေခဲ့တာလဲ?"

ဖာ့ဟွား ခါးကိုင်းကာ အရိုအသေပြုပြီး -
"တွေ့ရတာဝမ်းသာပါတယ် အန်တီ ... မနေ့ညက လန်ကော နဲ့အတူ ကျင့်ကြံဖို့ ရောက်လာခဲ့တာပါ"
သူစိမ်းတစ်ယောက်ရှေ့မှာဆို အမူအရာ ယဉ်ကျေးမှုက သိသိသာသာ ပြောင်းသွားသော ဖာ့ဟွား...

"ကြိုဆိုပါတယ်နော်... ဒါနဲ့ ရှောင်ကောရော? သူဘယ်သွားခဲ့တာလဲ?"

ဖာ့ဟွား အမှန်အတိုင်း ပြောပြလိုက်တော့ ရှင်းယွမ်က -
"ဆက်နွယ်မှုက မင်းလိုကလေးနဲ့ဖြစ်ခဲ့တာ ကံကောင်းတာပဲ ... အမှန်အတိုင်းပြောကြေးဆိုရင် မင်းက အန်တီ့ရဲ့မကောင်းဆိုးဝါးသား ထပ် အပုံကြီးသာတယ်.."
ရှင်းယွမ် သူမရှေ့က လူငယ်လေးကိူ အသေအချာ ထက်အောက် စုန်ဆန် ကြည့်ပြီး - ဒီကလေးက လန်ကောလို ချောမောတာမျိုး မဟုတ်ပေမဲ့ ... မျက်ခုံး ထင်းထင်း ၊ စင်းနေတဲ့နှာတံ ၊ လေးထောင့်မကျတကျ မျက်နှာနဲ့ ... ခန့်ညားတဲ့ အထဲမှာ ပါတယ် ...
ပြီးတော့သူက လန်ကော ထပ် တည်ငြိမ်အေးဆေးပြီး ရင့်ကျက်သေးတယ်...
ကြည့်ရတာ မှော်နယ်မြေကလူတွေရဲ့ စိတ်နေစိတ်ထားက အပြာရောင်နယ်မြေက လူတွေနဲ့ မတူတာဖြစ်မယ်...

ရှင်းယွမ် မျက်လုံးထဲမှာတော့ ဖာ့ဟွား ပုံစံ က တကယ့်ကို အဖိုးတန်လေးပဲ!

"မင်းတို့နှစ်ယောက်ဆင့်ခေါ်တာတွေလုပ်ရင် အပြင်လူတစ်ယောက်ကိုပါ ခေါ်သွားလို့ရလား? အန်တီ မှော်နယ်မြေကို ရောက်ဖူးချင်လို့လေ"

ရှင်းယွမ် ရဲ့ သွက်လက်ချက်ချာလွန်းသည့် စကားပြောဟန်ကြောင့် ဖာ့ဟွား အနဲငယ် ကြောင်သွားရပြီးမှ -
"အဲ့သလိုတော့ မရပါဖူး အန်တီ"

ရှင်းယွမ် စိတ်မကောင်းစွါဖြင့် -
"အင်းလေ... မရဖူးဆိုမှတော့လည်း .. ထားလိုက်ပါ.."

ထ်ုအချိန်မှာပဲ လန်ကော ပြန်ရောက်လာပြီး -
"မား? ဘယ်လိုလုပ်ရောက်နေတာလဲ?"

ရှင်းယွမ် ပြုံးဖြီးလျက် -
"သတင်းကောင်းပြောမလို့ သားတော်လေးရေ့!!"

🔥

Chapter 44 : LanGe's Plan..
လန်ကောရဲ့ အကြံအစည်...

လန်ကော သံသယမကင်းစွါ သတိအနေအထားဖြင့် -
"ဘာ...ဘာသတင်းကောင်းလဲဟင်?"

"မနေ့က မားရဲ့အသိမိတ်ဆွေတွေဆီသွားပြီး သားတော်အတွက် ကြင်ယာရွေးပွဲလုပ်မယ် ဆိုတဲ့အကြောင်းသတင်းဖြန့်ခိုင်းလိုက်တာ.. အခြေအနေက အလွန်ကောင်းပဲ! တစ်ပတ်အတွင်း မိုးကြိုးမြို့တော်အတွင်းမပြောနဲ့ အပြာရောင်နယ်မြေထဲက မြို့တော်အနှံ့ကနေ မိန်းမကောင်း၊မိန်းမချောလေးတွေ အပုံလိုက်ကြီး ရောက်လာလိမ့်မယ်... ကြင်ယာရွေးတဲ့နေ့ကျ သားတော်စိတ်တိုင်းကျ ရွေးရုံပဲ!"

လန်ကော ခါးတူးတူးဖြစ်သွားပေမဲ့ မနေ့ညက သူစဉ်းစားမိလိုက်တဲ့ အကြံတစ်ခုကြောင့် -
"မား ...ကြင်ယာတော်ရွေးပွဲကို တစ်ပတ်အတွင်းလုပ်ဖို့က မမြန်လွန်းဖူးလား? အခုဆို မြို့တော်အနှံ့က အမျိုးသမီးလေးတွေ လာအရွေးခံကြမှာလေ... တစ်ပတ်အတွင်းဆို လူဘယ်စုံပါ့မလဲ မား ရဲ့"

"တစ်ပတ်ဆိုတဲ့အချိန်က မြန်တာမှန်ပေမဲ့ ... အခုတစ်ပတ်မှာ သားတော်ကြိုက်နှစ်သက်တဲ့မိန်းမပျိုလေးတချို့ကို အရင်ရွေးထားလိုက်လေ.. နောက်အပတ်တွေကျ ထပ်ရောက်လာမဲ့ မိန်းမပျိုလေးတွေထဲကလည်း ထပ်ဆင့်ထပ်ဆင့်ရွေးသွားပေါ့"

လန်ကော အံ့အားသင့်ဟန် မျက်လုံးပြူးလျက် -
"မား!! အဲ့သလိုလုပ်တာ မိန်းမပျိုလေးတွေရဲ့ သိက္ခာကို စော်ကားရာကျနေမှာပေါ့! မား ကိုယ်တိုင်ကလည်း အမျိုးသမီးထုအတွက် အမြဲရပ်တည်ပေးနေတဲ့သူလေ! ထပ်ဆင့်ထပ်ဆင့်ရွေး၊ပယ် ဆိုတာကြီးက မကောင်းပါဖူး... တစ်ခါထဲ တစ်ပွဲထဲ တစ်စုတစ်စည်းတည်း ရွေးတာပဲကောင်းမယ်"

ရှင်းယွမ် က ဧည့်သည်ဖာ့ဟွားရှိနေပေမဲ့ ရှက်ရွံ့ခြင်းမရှိပဲ သူမသားတော်အနားကို နဲနဲကပ်ကာ -
"ထပ်ဆင့်ရွေးပယ်မဟုတ်ဖူး သားရဲ့ ... အပတ်တိူင်းမှာ သားကြိုက်နှစ်သက်တဲ့ မိန်းမပျိုလေးတွေအကုန်ကို သိမ်းဆည်းပိုင်ခွင့်ရှိတယ်.. သားရဲ့ ဖခမည်းတော်ကိုယ်တိုင်ခွင့်ပြုပေးထားတာနော်... မား ကိုယ်တိုင်လည်းသားတော်ဘေးမှာ မိဖုရားတွေဝန်းရံလို့ ၊ မြေးတော်တွေ တစုတဝေးကြီးနဲ့ မြင်ချင်လို့လေ"

လန်ကော နှုတ်ခမ်းတွေ တလှုပ်လှုပ်တရွရွဖြင့် စိတ်ထဲမယ် ခမည်းတော်လန်ရှင်းကို ကြိတ်မေတ္တာပို့သရင်း -
"မား ... တကယ်တော့လေ... ပါး ကလည်း အရွယ်ကောင်းပါပဲ..."

ရှင်းယွမ် မျက်လုံးတွေ မီးဝင်းဝင်းတောက်လာပြီး -
"သူထပ်ယူရဲရင်ယူကြည့်လိုက်လေ!!!"

"ဟူး ... အဲ့ဒါပြောတာပဲ မားရဲ့ ... ပါးနဲ့မား ရဲ့ အချစ်တွေကို ကျွန်တော်က ငယ်ကတည်းက တွေ့မြင်လာခဲ့တဲ့သူ .. ဘယ်လိုလုပ်ပြီး ကျွန်တော်က မိဖုရားတွေ ထားနိုင်မှာလဲ?? ကျွန်တော်က တစ်သက်တာလုံး တစ်ယောက်ကိုပဲ လက်တွဲဖော်အဖြစ်ထားချင်တာ.. ကျွန်တော့်နှလုံးသားကို နှစ်ယောက်မခွဲဝေနိုင်ဖူးမား... ဒါကြောင့်မို့ .. မားကို ကျွန်တော်အချိန် (၃)လပေးမယ် .. (၃)လပြည့် ကြင်ယာရွေးပွဲနေ့ကျ - ၃ရက် ၃ည ကို ကျွန်တော်ဝင်ဆင်နွှဲပြီး တစ်ယောက်ကို သေချာပေါက် ရွေး​ပေးမယ်!! ဘယ်လိုသဘောရလဲ မား?"

ရှင်းယွမ် သားတော်ဖြစ်သူကိူ ခပ်မဲ့မဲ့အပြုံးဖြင့် မော့ကြည့်ပြီး -
"အဆိုးလေး... မင်းသက်သက်မဲ့ ဒီအမေကို အချိန်ထပ်ဆွဲနေတာမလား? ရုတ်ရုတ်လုပ်ရဲလုပ်ကြည့်နော် ကောင်စုတ်လေး!"

"လုံးဝမလုပ်ရဲပါဖူးနော်! မြင့်မြတ်တဲ့ ဒြပ်စင်ပင်လယ်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ် - နောက် (၃)လ မှာ ဒုတိယတစ်ကြိမ် ဒြပ်စင်နိုးထမှု မရှိခဲ့ပါက ကျွန်တော်ကြင်ယာပွဲတော်ကို သေချာပေါက်တက်ပါ့မယ်!"

"ဟမ့် ... ဥာဏ်နီဥာဏ်နက်က များပြီ.. ကဲပါ ကဲပါ .. ဖာ့ဟွားကို ခေါ်ပြီး မြို့တော်အနှံ့လိုက်ပို့လိုက်ဦး"
မှာကြားစရာရှိတာမှာကြားပြီးနောက် မိုးကြိုးမြို့တော်၏ဘုရင်မ ရှင်းယွမ် အခန်းထဲကနေ ခေါင်းမော့ကာ ထွက်သွားသည်..

"ဟူးးးး အခုမှပဲ လှည့်စားလို့အောင်မြင်သွားတော့တယ်"
လန်ကော စိတ်သက်သာရာရစွါ သက်ပြင်းရှည်ကြီးကိုချနိုင်တော့၏...

ဖာ့ဟွား နားမရှင်း ...
"လှည့်စားတယ်??"

လန်ကော ခေါင်းငြိမ့်ပြပြီး -
"အခုချိန်ကစပြီး နေ့တိုင်း ညတိုင်း ငါတို့အကြိတ်အနယ် ကျင့်ကြံရတော့မယ်!! အဆင့်-၇ ဖြစ်လာဖို့ ငါ့မှာ အချိန်(၃)လပဲ ရတယ်.. ငါတို့ အပြာရောင်နယ်မြေမှာက အဆင့်-၇ ရောက်ရင် ဒြပ်စင်ပင်လယ်ထဲကို ဒုတိယအကြိမ်ဆင်းပြီး ချီးမြင့်မှုခံယူရတယ်"

ဖာ့ဟွား ဆွံ့အလျက်...
"(၃)လ နဲ့ အဆင့်-၇!!? မင်း အိမ်မက်တွေ မက်နေတာလား??"
သူတို့နှစ်ယောက် အဆင့်တက်တာ သာမာန်လူတွေထက် မြန်တယ်ဆိူပေမဲ့ .. (၃)လ - အဆင့်-၇ ကတော့ အလှမ်းကြီးလွန်းလှတယ်!

"မကြိုးစားပဲ မင်းဘယ်လိုလုပ်သိနိုင်မှာလဲ?? နေရာတစ်ခုဆီ မင်းကိုခေါ်သွားပေးအူးမယ်.. ငါတို့မိုးကြိုးမြို့တော်နားမှာ မိုးကောင်းကင်နတ်ဒေဝါတို့ရဲ့စွမ်းအင်တွေ ယှက်ဖြာနေတဲ့ စွမ်းအင် မုန်တိုင်းရှိတယ်... မြင့်မြတ်နယ်မြေ တဲစိုက်ကွင်းပြင် မှာ ကြုံခဲ့တဲ့ မိုးကြိုးလေမုန်တိုင်းကို မင်းသတိရသေးတယ်မလား? အခုဟာက အဲ့မုန်တိုင်းထပ် အပုံကြီးစွမ်းတယ်! ငါတို့ အဆင့်တက်နိုင်အောင် ကူညီပေးနိုင်မှာ အသေအချာပဲ!"

ဖာ့ဟွား ရင်ခုန်မိသွားတယ်... ဒီလိုအခွင့်အရေးမျိုးကို သူသေချာပေါက် လက်မလွှတ်နိုင်ဖူးပေါ့...မွေးစားအဖေ ဖာ့ယွင်ကို တုနှိုင်းမဲ့ပုလဲနှင့် အဆင့်-၆ ရောက်ခဲ့ပြီဆိုသည့်အကြောင်း လျှောက်တင်လိုက်သည်နှင့် ဖာ့ယွင်က သူ့ကို တာဝန်တွေကနေ အကုန်ရပ်နားပေးကာ အဆင့်ထပ်တက်အောင် အာရုံစိုက် ကျင့်ကြံဖို့ပဲ အမိန့်ချခဲ့တယ်...

"မင်း နဲ့ မင်းမယ်တော် ကြားက ဆက်ဆံရေးက အတော်လေးကောင်းတယ်နော်"
ဖာ့ဟွား ရုတ်တရက် စကားဆိုလာတော့ လန်ကော ဘာပြန်ပြောရမည်မသိ ၊ မိဘမဲ့ဖာ့ဟွားကို သူ ဘယ်လို နှစ်သိမ့်ပေးရမယ်ဆိုတာ မသိတော့ဖူး ..

ဖာ့ဟွား လက်တစ်ဖက်ဆန့်ထုတ်ပေးလာပြီး -
"ငါ့ကို ပြန်ပို့ပေးတော့"

🔮တုနှိုင်းမဲ့အမြွှာဝိဥာဏ် ၊ တူညီသောဘဝတစ်ခု🔮

⚡️

လန်ကော သူတို့နှစ်ယောက်ကျင့်ကြံနိုင်မည့် ဒြပ်စင်ပင်လယ်အနီးက - မိုးကြိုးတောင် ကို အရင်သွားခဲ့တယ်...
ထိုနေရာကို 'မိုးကြိုးတောင်' လို့ ခေါ်ဆိုရခြင်းက တစ်နှစ်ပတ်လုံး မိုးကြိုးတွေပစ်လို့နေကာ မိုးကြိုးဒြပ်စင်တွေ အမြောက်အမြားကိန်းဝပ်နေလို့ပဲ ဖြစ်တယ်...

ထိုနယ်မြေက မိုးကြိုးမြို့တော်ရဲ့ မြင့်မြတ်သောနေရာတစ်ခုလည်းဖြစ်ပြီး ကျင့်ကြံသူတွေ အမြောက်အမြားသွားရောက်ကျင့်ကြံကျတယ်... လန်ကောက မင်းသားတစ်ပါးမို့ သူ့အတွက်က သူ မတူတဲ့အခွင့်အရေးထူးတစ်ခုရှိပြီး သူက တောင်ရဲ့အထွတ်အထိပ်မှာတည်ဆောက်ထားသည့် နန်းဆောင်မှာ သွားရောက်နေထိုင် ကျင့်ကြံခွင့်ရှိမယ်..

လန်ကော မိုးကြိုးတောင်နန်းဆောင်မှာ သွားရောက်နေထိုင်ပြီး နေ့တိုင်း ဖာ့ဟွားကို ဆင့်ခေါ်ကာ အတူလေ့ကျင့်ကြတယ်...
တစ်ဖက်ရှိ မိုးကြိုးမြို့တော်ရဲ့မျှော်လင့်ခြင်းဂေဟာလေးသည်လည်း လန်ကောရဲ့ အာရုံစိုက်မှုကြောင့် တော်တော်လေး အကောင်အထည်ပေါ်လာလို့နေပြီ.. လန်ကော က ဂေဟာတည်ဆောက်မှု ၊ စီမံမှုနဲ့ ပတ်သက်ပြီး ဖာ့ဟွားကို ခေါ်ပြကာ အကြံဥာဏ်လည်းတောင်းသလို အပြန်အလှန်အနေဖြင့် ဖာ့ဟွားရဲ့ဂေဟာကိုလည်း သွားသွားလည်ပြီး ကလေးတွေနဲ့ သွားဆော့လေ့ရှိတယ်...

လန်ကော တွက်ဆမိသည့်အတိုင်း မှော်နယ်မြေမှာတင် ဒုက္ခသည်ကလေးတွေရှိသည်မဟုတ် ၊ မိုးကြိုးမြို့တော်မှာလည်း ချို့တဲ့ကလေးတွေရှိနေပြီး ဂေဟာစဖွင့်သည့် ၁လအတွင်း ချို့တဲ့ မိဘမဲ့ကလေး အယောက် ၁၀၀ ခန့် ဂေဟာမှာ လာခိုလှုံနေကြပြီဖြစ်သည်...နောက်တစ်ဆင့်အနေနဲ့ - ကလေးတွေကို ကောင်းမွန်စွါ ကုသကျွေးမွေးပြီးသည်နှင့် ကောင်းမွန်ပြည့်စုံသော မိသားစုတွေဆီ မွေးစားခံနိုင်ဖို့ ကြိုးစားပေးမည်ဖြစ်သောကြောင့် မျှော်လင့်ခြင်းဂေဟာလေး ကောင်းမွန်စွါ အမြဲလည်ပတ်နိူင်မည်...

⚡️

မိုးကြိုးတောင် >>

// ဂျိမ်း ဂျ လိန်း //

ကောင်းကင်ကြီးတစ်ခုလုံးက ပြင်းထန်သော တုန်ဟီးသံ ၊ လျှပ်စီးတဝင်းဝင်း တို့ဖြင့် ပြည့်လို့... ဒီရာသီဥတုမျိုးက မိုးကြိုးတောင် မှာ ပုံမှန်မြင်နေကျ အခြေအနေဖြစ်တယ်...
အပြာရောင်နယ်မြေမှာရှိတဲ့ ကျင့်ကြံသူတိုင်းက ဒြပ်စင်သမားတွေမို့ ဒီလို ဒြပ်စင်တွေ ပုံအောစုဝေးနေတဲ့ နေရာတွေကို လာရောက်ပြီး ဒြပ်စင်တွေကိုစုပ်ယူ ၊ ကျင့်ကြံကြတယ်...

မိုးကြိုးတွေကြမ်းနေစဉ် ဖာ့ဟွားနှင့်လန်ကော က တောင်ထိပ်စင်တစ်ခုပေါ်တွင် မျက်နှာချင်းဆိုင်တင်ပလ္လင်ခွေထိုင် ၊ လက်ချင်းထိလျက် အနေအထားဖြင့် ... လန်ကော က မိုးကြိုးကြိုက်သလောက်ကြမ်း လုံးဝမထဖူးဟု ကြုံးဝါးထားတယ်...

မနက်ဖြန်ဆိုရင် လန်ကော သူ့မယ်တော်နဲ့ ကတိကဝတ်လုပ်ထားတာ (၃)လပြည့်တဲ့နေ့ ... ဒီနေ့ညမှာ အဆင့်-၇ သာ မရောက်နိုင်ခဲ့ရင် ကြင်ယာရွေးပွဲကို သူ မတက်ချင်လည်း သေချာပေါက်သွားရောက်တက်ရတော့မည်ဖြစ်သည်...
အစောပိုင်းတုန်းက လန်ကော သူတို့နှစ်ယောက်ရဲ့ တိုးတက်မှုကို အထင်ကြီးပြီး (၃)လအတွင်း အဆင့်-၇ ရောက်နိုင်မယ်လို့ တွက်ခဲ့မိတာ ... လက်တွေ့ကျင့်ကြံလိုက်မှ အဆင့်-၆ နဲ့ အဆင့်-၇ ကြား တက်လှမ်းဖို့ ၊ ကွာဟမှုက အလွန်ခက်ခဲကြီးမားမှန်း သိခဲ့ရတယ်...

အတိုချုံး နားလည်အောင် ပြောပြရရင် - အဆင့်-၆ နဲ့ အောက်အဆင့်ရှိ သူတွေက လူသားအဆင့်သာ ဖြစ်ကြပြီး အဆင့်-၇ နှင့်အထက် ရောက်သွားပြီဆိုတာနဲ့ စွမ်းအားရှင်တွေ ဖြစ်လို့သွားပြီ ... အဆင့်-၆ နဲ့ အဆင့်-၇ ... ကြားထဲမှာ အဆင့် ၁ဆင့် ၊ တစ်လှမ်းစာ လို့သာထင်ရပေမဲ့ တကယ့်တကယ်က ပြောင်းပြန်လှန်လိုက်သလိုကို ပြောင်းလဲသွားစေမှာပင်..

ဖာ့ဟွား ဖက်က မွေးစားအဖေ ဖာ့ယွင် ဆီ အကြံအဥာဏ်တောင်းခံခဲ့သလို ၊ လန်ကောသည်လည်း သူ့ခမည်းတော် လန်ရှင်းကို မေးခဲ့တယ် ...
ဖာ့ယွင် နဲ့ လန်ရှင်း ပေးခဲ့သည့် အကြံဥာဏ်က တစ်ခူထဲ - စွမ်းအင် စုဆောင်း သိုလှောင်ဖို့ ...

// ဂျိမ်း //

လန်ကော ရဲ့ ဒြပ်စင်ထိန်းချုပ်မှု အစွမ်းဖြင့် မိုးကြိုးတွေက သူတို့ခန္ဓာကိုယ်ပေါ် ပစ်ချ ၊ ထိုကနေ လျှပ်စီးတွေ စီးဝင်လာတယ်...
နှစ်ယောက်စလုံး အကြောဆွဲသလို တူန်ခါသွားရပြီး စွမ်းအင်တွေသည်လည်း သူတို့ ခန္ဓာကိုယ်တွေထဲ စီးဝင်လို့လာတယ် ...
ဖာ့ဟွားရဲ့အရှေ့မှာရှိနေသည့် ကျမ်းစာအုပ်သည် ပထမစာမျက်နှာကို လှန်လျက်ရှိနေပြီး နတ်ဘုရားသင်္ကေတက အဆင့်-၈ ၊ ၈ခုသာ ပေါ်နေဆဲ .. ဒါပေမဲ့ သူ့ရဲ့ရွှေဝါရောင် ကျမ်းစွမ်းအင်မှာ ခရမ်းရောင် ရောင်ခြည်တွေပါ ယှက်ဖြာလိူ့နေတယ်...

သူတို့ရဲ့ ခန္ဓာကိူယ်တွေကို စက်ဝန်းပုံအလင်းရောင်ဖြူဖြူလွှလွှ က ရစ်သိုင်းလျက် ၊ ထိုစက်ဝန်းက ပစ်ချလာသည့် ပြင်းထန်လှသော မိုးကြိုးတွေဒဏ်ကနေ ကာကွယ်ပေးပြီး စွမ်းအင်တွေကို စုပ်ယူနိုင်ရန် ကူညီပေးတယ် ... ထိုစက်ဝန်းဖြူသည် သူတို့နှစ်ယောက် အတူကျင့်ကြံတိူင်း တုနှိုင်းမဲ့ပုလဲက ဖန်တီးပေးထားသည့်အရာဖြစ်၏... ထိုစက်ဝန်းကို - တုနှိုင်းမဲ့ဒိုင်း - လို့ သူတို့ နာမည်ပေးထားလိုက်တယ်...

တုနှိုင်းမဲ့ဒိုင်းက စွမ်းအင်ပေါင်းစုံကို စုပ်ယူနိုင် ၊ ကာကွယ်ပေးနိုင်တယ် ...
နှမြောစရာကောင်းတာက တုနှိုင်းမဲ့ဒိုင်း ဟာ စွမ်းအင်တွေရန်ကနေသာ ကာကွယ်ပေးနိုင်သည်မို့ သူ့ကို ကျင့်ကြံချိန်မှာသာ အသုံးပြုဖို့ အဆင်ပြေတယ် ...

လန်ကော ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက မိုးကြိုးဒြပ်စင်ခန္ဓာကိုယ် ခရမ်းပြာရောင် အကြည်လွှာ သို့ ပြောင်းလဲနေပြီး မိုးကြိုးဒြပ်စင်တွေကို ခပ်ပြင်းပြင်းစုပ်ယူ နေတဲ့အချိန် ၊ ဝင်ရောက်လာသော ဒြပ်စင်စွမ်းအင်တွေကို ဖာ့ဟွားသည် ကျမ်းစွမ်းအင်တွေအဖြစ် ပြောင်းလဲရင်း မျှတစွါ လှည့်ပတ်နေတယ်...
စတင်ကျင့်ကြံချိန်တုန်းက မိုးကြိုး ၁ခု ၊ ၂ခု သာ ပစ်ပေမဲ့ ... နောက်ပိုင်းတွင်ကျ မိုးကြိုး ဆယ်ချီ ၊ ရာချီ တွေ ဖြစ်လာခဲ့ပြီး တုနှိုင်းမဲ့ဒိုင်းက စွမ်းအင်တွေဒဏ်ကနေကာကွယ်ပေးနိုင်ပေမဲ့ သူ့မှာလည်း သူ့ ပမာဏ အတိုင်းအတာနဲ့ သူရှိတယ်...
မိုးကြိုးတွေ ရာချီပစ်ချလာသည်နှင့်အမျှ တုနှိုင်းမဲ့ဒိုင်း မတည်မငြိမ်ဖြစ်လာတော့ ...

"အရမ်းမလောနဲ့"
ဖာ့ဟွားရဲ့သတိပေးသံက မိုးကြိုးမုန်တိုင်းကြား ကြည်လင်စွါထွက်ပေါ်လာပြီး စွမ်းအင်စုဆောင်းမှုကလည်း အလျှံအပယ် ဖြစ်နေပြီမို့ လန်ကော မိုးကြိုးဒြပ်စင်ဆင့်ခေါ်ထိန်းချုပ်မှုကို ဖြည်းဖြည်းချင်းလျှော့ချ ရပ်တန့်လိုက်တော့၏...

"ဟူးးး"
ဖာ့ဟွားနှင့်လန်ကော တစ်ပြိုင်တည်း အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ကျင့်ကြံမှုကို ရပ်နားလိုက်ကြတော့သည်...

"မင်း ဆန္ဒတွေစောလွန်းနေတယ်"

လန်ကော နှာခေါင်းရှူံ့ပြီး -
"မင်းကတော့ အေးဆေးနေနိုင်တာပေါ့... ဒီနေ့ညက ငါ့အတွက် နောက်ဆုံးရက်ဆိုတော့ မင်းမသိဖူးလား? အဆင့်-၇ မရောက်နိုင်ခဲ့မှ​တော့ ကြင်ယာရွေးပွဲသွားတက်ရတော့မှာဟ!!"

ဖာ့ဟွား မသိမသာ ကြိတ်ပြုံးရင်း မတ်တပ်ထရပ်ကာ လန်ကော ပုခုံးကို သွားဆုပ်ကိုင်လျက် -
"မင်းရဲ့ကြင်ယာရွေးပွဲကို ငါလာတက် အားပေးပါ့မယ် ..
🔮တုနှိုင်းမဲ့အမြွှာဝိဥာဏ် ၊ တူညီသောဘဝတစ်ခု🔮"

ဖျက်ခနဲဆိုသလို လန်ကော ရှေ့ကနေ ဖာ့ဟွား ပျောက်သွား၏...

"ဒီကောင်ကလေ ... နဲနဲလေးမှ ကြင်နာမှု မရှိဖူး"

သူအကောင်းဆုံးကြိုးစားပြီး စွမ်းအင်တွေစု ၊ အဆင့်-၇ တက်ဖို့ ကြိုးစားခဲ့ပေမဲ့ ရှူံးနိမ့်ခဲ့တယ်...
အခုတော့ အချိန်ထပ်ဆွဲလို့မရတော့ဖူး ... ကြင်ယာရွေးပွဲကို သူ မတက်မနေရ သွားတက်ရပေတော့မည် ...

🔥🔥

8:00pm
8.5.2023
(2ရက်ခြားနေ ထပ်လာပါမည်)

Zawgyi
Chapter 43 : Routines are all routines...
အစဥ္အလာက အစဥ္အလာပဲ ...

"ထုတ္ေပးလို႔သာရရင္ အခုခ်က္ခ်င္း ကၽြန္ေတာ္ ပါး နဲ႔ မား ကို ထုတ္ေပးတယ္.. ပုလဲကို ကၽြန္ေတာ္အရမ္းလိုခ်င္ေနတယ္မ်ား ထင္ေနတာလား? နဲနဲေလးအာ႐ုံစူးစိုက္လိုက္႐ုံနဲ႔ တစ္ေယာက္စိတ္ထဲဘာျဖစ္ေနတယ္ ၊ ဘာေတြခံစားေနရတယ္ဆိုတာကို ဖုံးကြယ္လို႔မရ ၊ တန္းသိနိုင္ေနတဲ့ အေျခအေနႀကီးနဲ႔! အဲ့ဒါႀကီးက ေကာင္းတဲ့အရာလား??ကၽြန္ေတာ္ၾကင္ယာ ရခဲ့ၿပီပဲဆိုၾကပါစို႔... ဟိုတစ္ေယာက္က ကၽြန္ေတာ္ခံစားရသမၽွ သာယာမွုအကုန္ကို သူပါလိုက္ခံစားမိေနမွာေလ!! ေတြးၾကည့္မိ႐ုံနဲ႔တင္ ေက်ာပါစိမ့္တယ္!! တကယ္ပါပဲ...ကၽြန္ေတာ့္အတြက္ဆိုၿပီး blind date ၾကင္ယာေတာ္ေရြးပြဲေတြ ထပ္မဖန္တီးပါနဲ႔ေတာ့ မားရာ... ကၽြန္ေတာ္ တကယ္ စိတ္မပါနိုင္လို႔ပါ.."
လန္ေကာ ဝမ္းနဲစြါ ၿငီးျငဴးျပေနေတာ့ ရွင္းယြမ္ သက္ျပင္းတစ္ခ်က္ခ်ၿပီး သူမရဲ့သားကို ပုခုံးကေနသိုင္းဖက္ကာ -
"သားေတာ္ေလး စိတ္ထဲအဆင္မေၿပ ခံစားေနရတာကို မား နားလည္ပါတယ္... သားေျပာသလိုဆို ဒါက တကယ့္ျပသနာပဲ... ဒါေပမဲ့လို႔ တစ္ဖက္ကေန လွည့္ေတြးၾကည့္ရင္...ဟိုေကာင္ေလးရည္းစားရခဲ့လို႔ သာယာေနခ်ိန္ ၊ သားဖက္ကေန သူ႔သာယာမွုေတြကို ခံစားမိမွာပဲေလ... ဘဲစားဘဲေျခေပါ့ .. ကိုယ့္ဖက္က ရွူံးတယ္လို႔ေတြးၿပီး စိတ္ဆင္းရဲခံမေနပါနဲ႔.."

လန္ေကာရင္ထဲ နမိတ္မေကာင္းသည့္ ခံစားခ်က္ေတြ တဖြားဖြားေပၚေပါက္လာၿပီမို႔ ... သူ႔အေမရဲ့ လက္ကေန ထြက္ေျပးဖို႔ႀကိဳးစားခ်င္ေပမဲ့ .. ရွင္းယြမ္ က အဆင့္-၈ ေလျဒပ္စင္ထိန္းခ်ဳပ္သူ! အဆင့္-၆ လန္ေကာ အေနနဲ႔ ဘယ္လိုမွ ေျပးမလြတ္နိုင္ဖူး..

ရွင္းယြမ္ ေမၽွာ္လင့္ခ်က္ေတြအျပည့္ ၊ စိုရႊန္း​ေနေသာမ်က္ဝန္းေတြျဖင့္ သူမရဲ့သားေတာ္ကို ေမာ့ၾကည့္ၿပီး -
"သားေတာ္ေလး... မင္း ေမေမ့ကို မခ်စ္ဖူးလားဟင္??"

လြတ္လပ္သည့္နိုင္ငံေတာ္ရဲ့ ဘုရင္ .. လန္ရွင္း ... ဒီလိုျမင္ကြင္းမ်ိဳးကို ခဏခဏ ျမင္ခဲ့ရလြန္းၿပီမို႔ ဘာေတြဆက္ျဖစ္ေတာ့မယ္ဆိုတာကို ႀကိဳသိေနၿပီး ဆက္မၾကည့္နိုင္ျဖစ္ရကာ ၊ မ်က္ႏွာကို တစ္ျခားဖက္အသာလွည့္လို႔ထားတယ္...

လန္ေကာ ႏွုတ္ခမ္းေထာင့္ေတြ တလွုပ္လွုပ္ တရြရြ ျဖစ္ေနၿပီး -
"မား ... ဒီလိုႀကီးမလုပ္ပါနဲ႔လားဟင္? ပါး ၾကည့္ေနတယ္ေလ..."

ရွင္းယြမ္ နီရဲေနေသာ မ်က္ဝန္းေတြျဖင့္ လန္ေကာ ကို သနားစဖြယ္ ဆက္ေမာ့ၾကည့္ေနရင္း -
"သား ... ေမေမ့ကို မခ်စ္ဖူးေပါ့...?"

သူ႔အေမ သ႐ုပ္ေဆာင္ေနတယ္ဆိုတာကို လန္ေကာ သိတယ္ .. ဒါေပမဲ့ အေမက အေမပဲေလ! သူ႔ႏွလုံးသားက ဘယ္လိုလုပ္ခံနိုင္ရည္ရွိမွာလဲ?? လန္ေကာ ရင္ထဲ ေနလို႔မေကာင္းျဖစ္လာၿပီမို႔ သူေနာက္ဆုံးအႀကိမ္အေနျဖင့္ ထပ္ႀကိဳးစားၾကည့္ဖို႔ႀကိဳးစားတယ္..
"မား ... ဟန္ေဆာင္ေနမွန္း ကၽြန္ေတာ္သိေနတာမို႔ ဆက္ဟန္မေဆာင္ေနပါနဲ႔ေတာ့ ... ကၽြန္ေတာ္ တကယ္ blind date ေတြ ထပ္မသြားခ်င္ေတာ့ဖူးလို႔ ..."

"သား... မင္း တကယ္ကို ေဟာ့ဒီက မင့္ေမေမ ကို လုံးဝမခ်စ္ဖူးေပါ့??"
ရွင္းယြမ္ မ်က္ဝန္းထဲ မ်က္ရည္ေတြ တြဲလြဲခိုလို႔ ၊ ေႂကြက်လုဆဲဆဲ ျဖစ္လာေနၿပီ ..

"အိုင္းယား... မား နိုင္ပါတယ္! မားကို ဒီသားေတာ္ က ခ်စ္ပါတယ္ဗ်ာ.. အရမ္းကိုခ်စ္ပါတယ္!"
လန္ေကာ ရီခ်င္ ငိုခ်င္ အသံႀကီးႏွင့္ အက္ကြဲကြဲ အရွူံေပးလက္ေျမာက္လိုက္ရေတာ့သည္...
ရွင္းယြမ္သာ မ်က္ရည္က်လာခဲ့ရင္ အေျခအေနက ပိုဆိုးလာဖို႔ပဲရွိမယ္ .. အဲ့ဒီအခါက်ရင္ 2 vs 1 ပဲ! သူ႔အေဖ က ေသခ်ာေပါက္ သူ႔အေမ ဖက္ကေနပဲ အခိုင္အမာရပ္တည္ေပးမွာသိေနၿပီးသား!
ေတာ္ေနေလးကေတာင္မွ သူ႔အေဖရဲ့ကန္ခ်က္ကို သူခံထားရေသးတယ္မဟုတ္လား??

"မြ!!"
ရွင္းယြမ္ ေျခဖ်ားေထာက္ၿပီး သူမရဲ့ တစ္ဦးတည္းေသာ သားေတာ္ေလးရဲ့ ပါးတစ္ဖက္ကို ေမႊးေမႊးေပးလိုက္တယ္...
မ်က္ဝန္းေတြထဲ က်လုမတတ္ တြဲခိုေနခဲ့သည့္ မ်က္ရည္ေတြက ေရျဒပ္စင္ထုတ္သုံးထားသည့္အလား ေပ်ာက္ျခင္းမလွ ေပ်ာက္သြား႐ုံမက ၊ ျပဳံးေနတာမ်ား ပန္းေတြေတာင္ ပြင့္ေတာ့မယ္...

"ဒါမွ မားရဲ့သားလိမၼာေလး! သားက မားကို ခ်စ္တယ္ဆိုမွေတာ့ မားရဲ့စကားကို နားေထာင္ရမွာေပါ့.. မားက သားအတြက္ ၾကင္ယာေရြးပြဲ တစ္ခုကိူ ရက္ပိုင္းအတြင္းဖန္တီးေပးမယ္ ... သားက လိမ္လိမ္မာမာနဲ႔ အေကာင္းဆူံးျပဳမူၿပီး မား ေခၚျပတဲ့ေကာင္မေလးေတြထဲက အေခ်ာဆုံး ၊ နာခံမွုအရွိဆုံးတစ္ေယာက္ကို ေရြးကိုေရြးရမယ္ေနာ္! လက္ထပ္ဖိူ႔ကို မား လုံးဝမေလာပါဖူး.. သားတို႔ခ်င္း ရင္းႏွီးကၽြမ္းဝင္လာေအာင္ ၁ႏွစ္ ၊ ၁ႏွစ္ခြဲေလာက္ အခ်ိန္ယူရမွာေပါ့.. ဒါေပမဲ့ ေကာင္မေလးမွာ ကိုယ္ဝန္ ရွိလာခဲ့ရင္ေတာ့ ခ်က္ခ်င္းလက္ထပ္ရမွာေနာ္!!"

လန္ေကာ သူ႔ခမည္းေတာ္လန္ရွင္းကို သနားကမားမ်က္ႏွာေလးႏွင့္လွမ္းၾကည့္အကူအညီေတာင္းဖို႔ႀကိဳးစားေပမဲ့ လန္ရွင္းက မ်က္လုံးခ်င္းအဆုံမခံပဲ တစ္ဖက္ကို လွည့္တယ္..
လန္ေကာ ဖက္က ဘာသံမွမထြက္လာသည္ႏွင့္ ရွင္းယြမ္ကပဲ -
"ကဲ ... အိုေခသြားၿပီ ... မား သြားစီစဥ္လိုက္ေတာ့မယ္.. လိမၼာၿပီးနာခံတတ္တဲ့သားေကာင္းတစ္ေယာက္ရထားတာကလည္း နိဗၺာန္ပါပဲလားေနာ္.."
ရွင္းယြမ္ ျပဳံးရႊင္တက္ႂကြစြါျဖင့္ စာၾကည့္ခန္းထဲကေန ခပ္သြက္သြက္ထြက္သြားရင္း တံခါးေပါက္အေရာက္မွာ တစ္ခုခုကိူ သတိရမိသြားသည့္ဟန္... ေနာက္ကို ဆတ္ခနဲလွည့္ၾကည့္ကာ သူမရဲ့ခင္ပြန္းျဖစ္သူ လန္ရွင္းကို - 'ဒီတစ္ခါ သားကို ရွင္ ဝင္ကူရဲကူၾကည့္ ၊ က်မနဲ႔အေတြ႕ပဲ' - ဟု အဓိပၸါယ္ရသည့္ အၾကည့္စူးစူးေတြနဲ႔ ၾကည့္သြား၏...

ရွင္းယြမ္ရဲ့ အရိပ္ကို လုံးဝမျမင္ရေတာ့သည့္အခ်ိန္မွ လန္ေကာက သူ႔အေဖကို စိတ္ပ်က္ဝမ္းနဲေနသည့္မ်က္ႏွာျဖင့္ လွမ္းၾကည့္ၿပီး -
"ပါး ... ပါး အဲ့ေလာက္ထိ မားကို ေၾကာက္သလား? အေဖနဲ႔သား ၾကား သံေယာဇဥ္ကို နဲနဲေလးေတာ့ေထာက္ထားသင့္တာေပါ့! စစ္မွန္တဲ့ သူငယ္ခ်င္းေကာင္းေတြလည္းဟုတ္တယ္ဆို??"

လန္ရွင္း လက္ေတြဆန့္ထုတ္ကာ -
"ငါဘာလုပ္နိုင္မွာတုန္း?? ေခြးေကာင္ေလး! မင္းနယ္ေျမ(၃)ခု ၿပိဳင္ပြဲကို ဝင္ၿပိဳင္ဖို႔ မင္းအေမ မသိေအာင္ ငါကူညီေပးခဲ့တုန္းက .. သူမ က ငါ့ကို ၁လတိတိ စာၾကည့္ခန္းထဲမွာ အိပ္ခိုင္းခဲ့တာကြ! မင္းဘာသိလို႔လဲ?!"

လန္ေကာ မေက်မနပ္ ၊ မႏွစ္ၿမိဳ႕စြါျဖင့္ -
"ဟမ့္ .. ပါး ဟာက မားကို ေၾကာက္ေနတာမ်ိဳးမွမဟုတ္ပဲ .. အစဥ္အဆက္က ဘုရင္ေတြလို မိဖုရား(၃)ပါး ၊ ကိုယ္လုပ္ေတာ္ (၄)ေယာက္ မထားနိုင္ရင္ေတာင္မွ အနဲဆုံး ပါးကိုယ့္ကိုကိုယ္စြမ္းတယ္ထင္ရင္ အငယ္အေႏွာင္း(၁)ေယာက္ေတာ့ထားေပါ့!"

လန္ရွင္း ႐ုတ္ခ်ညါး ထျပဳံးကာ -
"ေကာင္းတယ္! မင္းက်ယ္က်ယ္ေလးေျပာသင့္တယ္... ဒါမွ မင္းအေမၾကားမွာ... ဒါေပမဲ့ သူမၾကားသြားၿပီး မင္းကိူ ဘာလုပ္သြားမယ္ဆိုတာကိုေတာ့ ... ငါလည္း အာမ မခံနိုင္ဖူးေနာ္.. ဟင္းဟင္း"

လန္ေကာ တုန္တက္သြားရကာ -
"ကၽြန္ေတာ္က?? ကၽြန္ေတာ္ ဘာေျပာလိုက္လို႔လဲ?? ကၽြန္ေတာ္ ပါးကို ဘာမွမေျမႇာက္ေပးဖူးေနာ္... ကဲပါ.. အဲ့ဒီ blind date ကိစၥအသာထားအုံး... ပါး ကၽြန္ေတာ့္ကို ပံ့ပိုးကူညီရမဲ့ ကိစၥတစ္ခုရွိတယ္... ကၽြန္ေတာ္ 'ေမၽွာ္လင့္ျခင္းေဂဟာ' ေဆာက္ျခင္းလို႔ .. ပါးကို ေျပာျပဖူးတဲ့ ဥာဏ္ပညာၿမိဳ႕ေတာ္က ဖာ့ဟြား ေဆာက္ထားသလိုမ်ိဳးေလးေလ... ဒီလုပ္ရပ္က သိပ္ေကာင္းတယ္လို႔ ထင္တယ္ .. ခ်ိဳ႕တဲ့ေနတဲ့ ကေလးတစ္ေယာက္ကို ကယ္တင္ၿပီး သူ႔ဘဝအတြက္ ဒုတိယအခြင့္အေရး ေပးလိုက္နိုင္တာမ်ိဳးပဲ"

လန္ရွင္း ေခါင္းတဆက္ဆက္ၿငိမ့္ရင္း တုံ႔ဆိုင္းျခင္းမရွိ -
"ပါး သေဘာတူတယ္"

လန္ေကာ က ထပ္ၿပီး -
"ဒါကိုေလ ... နိုင္ငံ့ဥပေဒ ၊ လုပ္ေဆာင္ခ်က္ေတြထဲပါ ထဲ့ဆြဲေပးပါလား ပါး.. ျဒပ္စင္ၿမိဳ႕ေတာ္တိုင္း တစ္ၿမိဳ႕ တစ္လုံး ေဆာက္ေစခ်င္တယ္"

"အဲ့ဒါက် ဝန္ႀကီးေတြနဲ႔ ပါး အစည္းအေဝးထိုင္ ေဆြးေႏြးဖို႔လိုလာၿပီ .. အရင္ဦးဆုံး ပါး တို႔မိသားစုေငြကို ထုတ္သုံးၿပီး မိုးႀကိဳးၿမိဳ႕ေတာ္မွာ ေဂဟာတစ္လုံး အရင္ေဆာက္ၿပ ၊ ဖန္တီးျပမယ္ ... ၿပီးမွ တစ္နိူင္ငံလုံးအႏွံ့ထပ္တိုးဖို႔ႀကိဳးစားၾကတာေပါ့"
"ပထမဆုံး ေဆာက္ဖို႔လုပ္သားရွာရမယ္ ၊ မိုးႀကိဳးၿမိဳ႕ေတာ္အႏွံ့အကူအညီလိုအပ္ေနတဲ့ ကေလးဘယ္ေလာက္ရွိနိုင္လဲဆိုတာ စစ္တမ္းေကာက္ ၊ ကုန္က်ေငြ တြက္ခ်က္ရမယ္"

အဓိကကိစၥအေၾကာင္းေဆြးေႏြးၿပီးသည္ႏွင့္ သားအဖ ႏွစ္ေယာက္ အေစာပိုင္းေဆြးေႏြးမွုဆီ ျပန္ဦးလွည့္လို႔သြားတယ္...
"ေလာေလာဆယ္ မင္းအာ႐ုံစိုက္ရမဲ့ ကိစၥတစ္ခုရွိေနေသးတယ္"
လန္ေကာ က အမ်ားအက်ိဳးအတြက္ စဥ္းစားေပးတတ္သည့္အျပင္ ဥာဏ္ပညာ ၊ စြမ္းရည္ပိုင္းမွာလည္း ထူးခၽြန္ေနသည္မို႔ တစ္ခ်ိန္မွာ မိုးႀကိဳးၿမိဳ႕ေတာ္ရဲ့ အုပ္ခ်ဳပ္သူ ျဖစ္လာနိုင္၏...ဒါဆို လန္ေကာ ရဲ့မ်ိဳးဆက္ဆိုတာကလည္း ရွိလာရမည္မို႔...

လန္ေကာ သူ႔ဖခမည္းေတာ္ ဘာေျပာလာေတာ့မည္ကို ႀကိဳသိေနသလို ခါးသက္စြါျဖင့္ -
"ပါး ... ကၽြန္ေတာ္ အဲ့ဒီ blind date ႀကီးကို တကယ္ မသြားပဲေနလို႔ မရဖူးလား?"

လန္ရွင္းရဲ့တုန့္ျပန္မွုက ေႏွာင့္ေႏွးႀကံ့ၾကာမွုမရွိ -
"ငါ မကူညီနိုင္ဖူးေလ... မင္းအေမစီစဥ္တာကိုသာ နာခံလိုက္ပါ..အလုပ္မျဖစ္ေတာ့လည္း တစ္ခါတည္းနဲ႔ ေကာင္မေလးေတြအကုန္တြဲခ်လိုက္ေပါ့.. အခ်ိန္အတိုင္းအတာတစ္ခုအထိ ေလ့လာၿပီးမွ အႀကိဳက္ဆုံးတစ္ေယာက္ကို ေရြးလိုက္ ... မင္းမ်က္စိေရွ႕မွာေန႔တိုင္းျမင္ေနရတဲ့ ငါနဲ႔မင္းအေမကိုပဲၾကည့္ ... ႏွစ္ေယာက္အတူ ဘဝကို ျဖတ္သန္းေနတာ ဘယ္ေလာက္ၾကည္ႏူးေပ်ာ္ရႊင္ဖို႔ေကာင္းလဲ?"

ဒီတစါႀကိမ္ေတာ့ ေရွာင္လႊဲလို႔မရေတာ့မွန္း လန္ေကာ သေဘာေပါက္လိုက္ပါၿပီ ...

လန္ရွင္းကပဲဆက္ကာ -
"မင္းနဲ႔ ဥာဏ္ပညာၿမိဳ႕ေတာ္က ဖာ့ဟြားဆိုတဲ့ကေလးက တစ္ေယာက္နဲ႔တစ္ေယာက္ ဆင့္ေခၚလို႔ရတယ္မလား? သူ႔ကိုပါ ဖိတ္ေခၚလိုက္ေလ... မင္းတို႔ႏွစ္ေယာက္ အတူ ေဆာ့လို႔ရတာေပါ့... အဲ့ဒီကေလးက အမူအက်င့္ေကာင္းၿပီး တည္ၿငိမ္ေအးေဆးၾကင္နာတယ္မလား? တုႏွိုင္းမဲ့ပုလဲေၾကာင့္ ျဖစ္လာတဲ့ဆက္ႏြယ္မွုကို သူနဲ႔ဆို မင္းအဆင္ေျပမွာပါ"

ခမည္းေတာ္က ဖာ့ဟြားကို ခ်ီးက်ဴးေနသည္မို႔ လန္ေကာ ကၽြဲၿမီးတိုသြားရကာ -
"ဘာလို႔ အဲ့လူနဲ႔ အဆင္ေျပရမွာလဲ?!!ဟမ့္... ဟုတ္ပါၿပီ! အခြင့္သင့္ရင္ ေခၚလိုက္ပါ့မယ္!"

လန္ေကာ စာၾကည့္ခန္းထဲကေန စိတ္မၾကည္မသာနဲ႔ထြက္လာခဲ့တယ္... ဖာ့ဟြားနဲ႔ တုႏွိုင္းမဲ့ပုလဲေၾကာင့္ လြတ္လပ္မွု ေပ်ာက္ဆုံးတာေကာ ၊ သူ႔အေမရဲ့ လွည့္စားမွုေၾကာင့္ blind date လုပ္ရမွာေတြေကာ ေတြးမိၿပီး သူ စိတ္မၾကည္ခ်င္ေတာ့ဖူး!
လန္ေကာ က ပုံမွန္ဆို ေကာင္မေလးေတြနဲ႔ ေတြ႕ ၊ blind date လုပ္ရတာကို မမုန္းေပမဲ့ ... အခုလို အတင္းအၾကပ္ေစခိုင္းမွုေၾကာင့္လုပ္ရရင္ေတာ့ ဆန့္က်င္ဆႏၵျပခ်င္မိတယ္...
ဟြန္း! ရွန္ခ်န္းေကာ လို သန္မာလာေအာင္ အျမန္ႀကိဳးစားမွ ျဖစ္မယါ! ဒါမွ သူ႔ကို ဘယ္သူမွ အၾကပ္မကိုင္ ၊ မနိုင္စားရဲေတာ့မွာ!
ပါးေျပာဖူးတာတစ္ခုမွတ္မိပါေသးတယ္ .. ပိုင္ယြဲ႕ရွန္ခ်န္း က အနာဂတ္မွာ အျပာေရာင္နယ္ေျမရဲ့ ဘုရင္ သို႔မဟုတ္ အႀကီးအကဲ တစ္ေယာက္ ျဖစ္လာနိုင္ေခ်ရွိတယ္တဲ့ ..
အခန္းျပန္ေရာက္သည္ႏွင့္ လန္ေကာ မႏၲာန္ကို တီးတိုးရြတ္ဆိုလိုက္တယ္ ..

🔮တုႏွိုင္းမဲ့အႁမႊာဝိဥာဏ္ ၊ တူညီေသာဘဝတစ္ခု🔮

အလင္းေရာင္ဖ်က္ကနဲလက္သြားၿပီး စကၠန့္ပိုင္းအတြင္း သူ႔ေရွ႕မွာ ဖာ့ဟြား ေပၚလို႔လာတယ္..

ဖာ့ဟြား ပတ္ပတ္လည္ကို လွည့္ပတ္ေငးၾကည့္ရင္း -
"ဒါ မင္းအိမ္လား?"
လန္ေကာရဲ့အခန္းက ဇိမ္ခံအေကာင္းစားပစၥည္းေတြအျပည့္နဲ႔မဟုတ္ေပမဲ့လို႔ ဘုရင့္နန္းေတာ္ထဲက မင္းသားတစ္ပါးရဲ့အခန္းေပမို႔ .. ကႏုတ္ ၊ ေဆးေရးပန္းခ်ီ ၊ အခန္းဖြဲ႕ထားပုံေတြက ရိုးရွင္းေပမဲ့ ေက်ာ့ရွင္းအျမင္ဆန္းတယ္...
အခန္းနံရံေပၚမွာ ပန္းခ်ီကားခ်ပ္တခ်ိဳ႕ရွိၿပီး ထိုထဲက တစ္ခုက - တိမ္လိပ္မည္းေတြႏွင့္ေကာင္းကင္ႀကီး မဲေမွာင္၊ လၽွပ္စီးေတြ ဝင္း လက္ေနစဥ္ လွိုင္းထန္ေနေသာ ပင္လယ္ကမ္းစပ္မွာ လူတစ္ေယာက္လက္ေနာက္ပစ္လ်က္ မတ္တပ္ရပ္လို႔ ပင္လယ္ကိုလွမ္းၾကည့္ေနသည့္ဟန္ ကို အသက္ဝင္စြါ ေရးဆြဲထားတယ္ ...

လန္ေကာ ကပဲ စကားစကာ -
"ငါ မၾကာခင္ကမွ အိမ္ျပန္ေရာက္တာ"

"မင္းေလ့က်င့္ခ်င္လို႔လား?"

လန္ေကာ ေခါင္းၿငိမ့္ျပၿပီး -
"ေသခ်ာေပါက္ ငါလုပ္ခ်င္ေနတဲ့အရာေပါ့... ၁၂နာရီ မေက်ာ္သမၽွ မူလေနရာ ကို ျပန္သြားလို႔ရတယ္ဆိုေတာ့ .. ေရွ႕ေလၽွာက္ မင္းနဲ႔ငါ တစ္လွည့္စီ သြားၿပီး က်င့္ႀကံၾကတာေပါ့ .. အသက္(၃၀) မေရာက္ခင္ အဆင့္-၉ ျဖစ္မွကိုျဖစ္မယ္!"

အားတက္သေရာ္ေျပာဆိူ ၊ တက္ႂကြေနတဲ့ လန္ေကာ ကို ဖာ့ဟြား သံသယဝင္လာမိတယ္ .. သူက က်င့္ႀကံေရးဆို အျမဲ ဖင္ေလးေနတတ္တဲ့သူ မဟုတ္ဖူးလား?

"ဘာလို႔ ငါ့ကို အဲ့လိုႀကီးလာၾကည့္ေနတာလဲ? လာ.. က်င့္ႀကံစို႔"
လန္ေကာ သူ႔အိပ္ယာေပၚခုန္တက္ၿပီး တင္ပလႅင္ေခြထိုင္ကာ လက္ႏွစ္ဖက္ကို အသင့္ဆန့္ထုတ္ေပးတယ္...
ဖာ့ဟြားလည္း အိပ္ယာေပၚလိုက္တက္ၿပီး လူႏွစ္ေယာက္ လက္ဖဝါး ၂စုံ ထိေတြ႕မိလိုက္သည္ႏွင့္...
ျဒပ္စင္စြမ္းအင္ ႏွင့္ က်မ္းစြမ္းအင္ တို႔က တစ္ခုႏွင့္တစ္ခု လိမ္ယွက္လ်က္ ေလေပြမုန္တိုင္းတစ္ခုလိုပဲ...

တစ္ညလုံးက်င့္ႀကံခဲ့ၿပီး ေနာက္တစ္ေန႔ မနက္အာ႐ုဏ္တက္ခ်ိန္မွ ရပ္တန့္လိုက္ၾကတယါ.. ႏွစ္ေယာက္စလုံး လန္းဆန္းတက္ႂကြေနၿပီး သူတို႔ရဲ့ က်င့္ႀကံမွုရလဒ္ေတြက ပုံမွန္ထက္ ပိုသာလြန္ေနတာကို ေသခ်ာေပါက္ သတိထားမိၾကတယ္...

ဖာ့ဟြား အိပ္ယာေပၚမွ ဆင္းကာ -
"ငါျပန္ေတာ့မယ္"

"အခ်ိန္ရပါေသးတယ္.. ငါနဲ႔အတူ လိုက္ေဆာ့အူးေလ... အိုး! အခုမွသတိရတယ္.. မျပန္နဲ႔အူး! ငါကေလးေတြအတြက္ လက္ေဆာင္ေလးေတြဝယ္ထဲ့ေပးလိုက္ခ်င္လို႔ .. ငါ့ရဲ့ သိုေလွာင္လက္ေကာက္ကို မင္းယူသြားၿပီး ေနာက္တစ္ေခါက္ျပန္ေတြ႕မွ ျပန္ေပး"
ေျပာေျပာဆိုဆို ေလလိုအလ်င္နဲ႔ အခန္းထဲက ေျပးထြက္သြားေသာ လန္ေကာ ...

ဖာ့ဟြား အခန္းထဲရွိ ခုံတစ္ခုမွာဝင္ထိုင္ေစာင့္ေနခ်ိန္ အခန္းထဲကို လူတစ္ေယာက္ ဝင္လာတယ္ ...

"ေရွာင္ေကာ ေရ!!"

ဝင္လာသူက ရွင္းယြမ္ ျဖစ္ၿပီး အခန္းေပါက္အေရာက္ ၊ ထိုင္ေနသည့္ ဖာ့ဟြားကို ေတြ႕လိုက္ရေတာ့ -
"မင္းက ဘယ္သူလဲ??"

"ကၽြန္ေတာ္က ဖာ့ဟြားပါ .. လန္ေကာရဲ့ ... သူငယ္ခ်င္းပါ"
လန္ေကာ ႏွင့္ သူ႔ၾကား ဘာ ဆိူတာကို ေခါင္းစဥ္တပ္ဖို႔ ဖာ့ဟြား တြန့္ဆုတ္ေနမိတယ္...

"အိူး... မင္းက ဖာ့ဟြားလား?"

"ဟုတ္ကဲ့.. ဒီက?"

ရွင္းယြမ္ ခ်ိဳသာစြါျပဳံးျပၿပီး -
"အန္တီက ေရွာင္ေကာရဲ့ မယ္ေတာ္ပါ ... ဒါနဲ႔ ဒီကိူ ဘယ္အခ်ိန္ကတည္းက ေရာက္ေနခဲ့တာလဲ?"

ဖာ့ဟြား ခါးကိုင္းကာ အရိုအေသျပဳၿပီး -
"ေတြ႕ရတာဝမ္းသာပါတယ္ အန္တီ ... မေန႔ညက လန္ေကာ နဲ႔အတူ က်င့္ႀကံဖို႔ ေရာက္လာခဲ့တာပါ"
သူစိမ္းတစ္ေယာက္ေရွ႕မွာဆို အမူအရာ ယဥ္ေက်းမွုက သိသိသာသာ ေျပာင္းသြားေသာ ဖာ့ဟြား...

"ႀကိဳဆိုပါတယ္ေနာ္... ဒါနဲ႔ ေရွာင္ေကာေရာ? သူဘယ္သြားခဲ့တာလဲ?"

ဖာ့ဟြား အမွန္အတိုင္း ေျပာျပလိုက္ေတာ့ ရွင္းယြမ္က -
"ဆက္ႏြယ္မွုက မင္းလိုကေလးနဲ႔ျဖစ္ခဲ့တာ ကံေကာင္းတာပဲ ... အမွန္အတိုင္းေျပာေၾကးဆိုရင္ မင္းက အန္တီ့ရဲ့မေကာင္းဆိုးဝါးသား ထပ္ အပုံႀကီးသာတယ္.."
ရွင္းယြမ္ သူမေရွ႕က လူငယ္ေလးကိူ အေသအခ်ာ ထက္ေအာက္ စုန္ဆန္ ၾကည့္ၿပီး - ဒီကေလးက လန္ေကာလို ေခ်ာေမာတာမ်ိဳး မဟုတ္ေပမဲ့ ... မ်က္ခုံး ထင္းထင္း ၊ စင္းေနတဲ့ႏွာတံ ၊ ေလးေထာင့္မက်တက် မ်က္ႏွာနဲ႔ ... ခန့္ညားတဲ့ အထဲမွာ ပါတယ္ ...
ၿပီးေတာ့သူက လန္ေကာ ထပ္ တည္ၿငိမ္ေအးေဆးၿပီး ရင့္က်က္ေသးတယ္...
ၾကည့္ရတာ ေမွာ္နယ္ေျမကလူေတြရဲ့ စိတ္ေနစိတ္ထားက အျပာေရာင္နယ္ေျမက လူေတြနဲ႔ မတူတာျဖစ္မယ္...

ရွင္းယြမ္ မ်က္လုံးထဲမွာေတာ့ ဖာ့ဟြား ပုံစံ က တကယ့္ကို အဖိုးတန္ေလးပဲ!

"မင္းတို႔ႏွစ္ေယာက္ဆင့္ေခၚတာေတြလုပ္ရင္ အျပင္လူတစ္ေယာက္ကိုပါ ေခၚသြားလို႔ရလား? အန္တီ ေမွာ္နယ္ေျမကို ေရာက္ဖူးခ်င္လို႔ေလ"

ရွင္းယြမ္ ရဲ့ သြက္လက္ခ်က္ခ်ာလြန္းသည့္ စကားေျပာဟန္ေၾကာင့္ ဖာ့ဟြား အနဲငယ္ ေၾကာင္သြားရၿပီးမွ -
"အဲ့သလိုေတာ့ မရပါဖူး အန္တီ"

ရွင္းယြမ္ စိတ္မေကာင္းစြါျဖင့္ -
"အင္းေလ... မရဖူးဆိုမွေတာ့လည္း .. ထားလိုက္ပါ.."

ထ္ုအခ်ိန္မွာပဲ လန္ေကာ ျပန္ေရာက္လာၿပီး -
"မား? ဘယ္လိုလုပ္ေရာက္ေနတာလဲ?"

ရွင္းယြမ္ ျပဳံးၿဖီးလ်က္ -
"သတင္းေကာင္းေျပာမလို႔ သားေတာ္ေလးေရ့!!"

🔥

Chapter 44 : LanGe's Plan..
လန္ေကာရဲ့ အႀကံအစည္...

လန္ေကာ သံသယမကင္းစြါ သတိအေနအထားျဖင့္ -
"ဘာ...ဘာသတင္းေကာင္းလဲဟင္?"

"မေန႔က မားရဲ့အသိမိတ္ေဆြေတြဆီသြားၿပီး သားေတာ္အတြက္ ၾကင္ယာေရြးပြဲလုပ္မယ္ ဆိုတဲ့အေၾကာင္းသတင္းျဖန့္ခိုင္းလိုက္တာ.. အေျခအေနက အလြန္ေကာင္းပဲ! တစ္ပတ္အတြင္း မိုးႀကိဳးၿမိဳ႕ေတာ္အတြင္းမေျပာနဲ႔ အျပာေရာင္နယ္ေျမထဲက ၿမိဳ႕ေတာ္အႏွံ့ကေန မိန္းမေကာင္း၊မိန္းမေခ်ာေလးေတြ အပုံလိုက္ႀကီး ေရာက္လာလိမ့္မယ္... ၾကင္ယာေရြးတဲ့ေန႔က် သားေတာ္စိတ္တိုင္းက် ေရြး႐ုံပဲ!"

လန္ေကာ ခါးတူးတူးျဖစ္သြားေပမဲ့ မေန႔ညက သူစဥ္းစားမိလိုက္တဲ့ အႀကံတစ္ခုေၾကာင့္ -
"မား ...ၾကင္ယာေတာ္ေရြးပြဲကို တစ္ပတ္အတြင္းလုပ္ဖို႔က မျမန္လြန္းဖူးလား? အခုဆို ၿမိဳ႕ေတာ္အႏွံ့က အမ်ိဳးသမီးေလးေတြ လာအေရြးခံၾကမွာေလ... တစ္ပတ္အတြင္းဆို လူဘယ္စုံပါ့မလဲ မား ရဲ့"

"တစ္ပတ္ဆိုတဲ့အခ်ိန္က ျမန္တာမွန္ေပမဲ့ ... အခုတစ္ပတ္မွာ သားေတာ္ႀကိဳက္ႏွစ္သက္တဲ့မိန္းမပ်ိဳေလးတခ်ိဳ႕ကို အရင္ေရြးထားလိုက္ေလ.. ေနာက္အပတ္ေတြက် ထပ္ေရာက္လာမဲ့ မိန္းမပ်ိဳေလးေတြထဲကလည္း ထပ္ဆင့္ထပ္ဆင့္ေရြးသြားေပါ့"

လန္ေကာ အံ့အားသင့္ဟန္ မ်က္လုံးျပဴးလ်က္ -
"မား!! အဲ့သလိုလုပ္တာ မိန္းမပ်ိဳေလးေတြရဲ့ သိကၡာကို ေစာ္ကားရာက်ေနမွာေပါ့! မား ကိုယ္တိုင္ကလည္း အမ်ိဳးသမီးထုအတြက္ အျမဲရပ္တည္ေပးေနတဲ့သူေလ! ထပ္ဆင့္ထပ္ဆင့္ေရြး၊ပယ္ ဆိုတာႀကီးက မေကာင္းပါဖူး... တစ္ခါထဲ တစ္ပြဲထဲ တစ္စုတစ္စည္းတည္း ေရြးတာပဲေကာင္းမယ္"

ရွင္းယြမ္ က ဧည့္သည္ဖာ့ဟြားရွိေနေပမဲ့ ရွက္ရြံ႕ျခင္းမရွိပဲ သူမသားေတာ္အနားကို နဲနဲကပ္ကာ -
"ထပ္ဆင့္ေရြးပယ္မဟုတ္ဖူး သားရဲ့ ... အပတ္တိူင္းမွာ သားႀကိဳက္ႏွစ္သက္တဲ့ မိန္းမပ်ိဳေလးေတြအကုန္ကို သိမ္းဆည္းပိုင္ခြင့္ရွိတယ္.. သားရဲ့ ဖခမည္းေတာ္ကိုယ္တိုင္ခြင့္ျပဳေပးထားတာေနာ္... မား ကိုယ္တိုင္လည္းသားေတာ္ေဘးမွာ မိဖုရားေတြဝန္းရံလို႔ ၊ ေျမးေတာ္ေတြ တစုတေဝးႀကီးနဲ႔ ျမင္ခ်င္လို႔ေလ"

လန္ေကာ ႏွုတ္ခမ္းေတြ တလွုပ္လွုပ္တရြရြျဖင့္ စိတ္ထဲမယ္ ခမည္းေတာ္လန္ရွင္းကို ႀကိတ္ေမတၱာပို႔သရင္း -
"မား ... တကယ္ေတာ့ေလ... ပါး ကလည္း အရြယ္ေကာင္းပါပဲ..."

ရွင္းယြမ္ မ်က္လုံးေတြ မီးဝင္းဝင္းေတာက္လာၿပီး -
"သူထပ္ယူရဲရင္ယူၾကည့္လိုက္ေလ!!!"

"ဟူး ... အဲ့ဒါေျပာတာပဲ မားရဲ့ ... ပါးနဲ႔မား ရဲ့ အခ်စ္ေတြကို ကၽြန္ေတာ္က ငယ္ကတည္းက ေတြ႕ျမင္လာခဲ့တဲ့သူ .. ဘယ္လိုလုပ္ၿပီး ကၽြန္ေတာ္က မိဖုရားေတြ ထားနိုင္မွာလဲ?? ကၽြန္ေတာ္က တစ္သက္တာလုံး တစ္ေယာက္ကိုပဲ လက္တြဲေဖာ္အျဖစ္ထားခ်င္တာ.. ကၽြန္ေတာ့္ႏွလုံးသားကို ႏွစ္ေယာက္မခြဲေဝနိုင္ဖူးမား... ဒါေၾကာင့္မို႔ .. မားကို ကၽြန္ေတာ္အခ်ိန္ (၃)လေပးမယ္ .. (၃)လျပည့္ ၾကင္ယာေရြးပြဲေန႔က် - ၃ရက္ ၃ည ကို ကၽြန္ေတာ္ဝင္ဆင္ႏႊဲၿပီး တစ္ေယာက္ကို ေသခ်ာေပါက္ ေရြး​ေပးမယ္!! ဘယ္လိုသေဘာရလဲ မား?"

ရွင္းယြမ္ သားေတာ္ျဖစ္သူကိူ ခပ္မဲ့မဲ့အျပဳံးျဖင့္ ေမာ့ၾကည့္ၿပီး -
"အဆိုးေလး... မင္းသက္သက္မဲ့ ဒီအေမကို အခ်ိန္ထပ္ဆြဲေနတာမလား? ႐ုတ္႐ုတ္လုပ္ရဲလုပ္ၾကည့္ေနာ္ ေကာင္စုတ္ေလး!"

"လုံးဝမလုပ္ရဲပါဖူးေနာ္! ျမင့္ျမတ္တဲ့ ျဒပ္စင္ပင္လယ္ကို တိုင္တည္ၿပီး က်ိန္ဆိုပါတယ္ - ေနာက္ (၃)လ မွာ ဒုတိယတစ္ႀကိမ္ ျဒပ္စင္နိုးထမွု မရွိခဲ့ပါက ကၽြန္ေတာ္ၾကင္ယာပြဲေတာ္ကို ေသခ်ာေပါက္တက္ပါ့မယ္!"

"ဟမ့္ ... ဥာဏ္နီဥာဏ္နက္က မ်ားၿပီ.. ကဲပါ ကဲပါ .. ဖာ့ဟြားကို ေခၚၿပီး ၿမိဳ႕ေတာ္အႏွံ့လိုက္ပို႔လိုက္ဦး"
မွာၾကားစရာရွိတာမွာၾကားၿပီးေနာက္ မိုးႀကိဳးၿမိဳ႕ေတာ္၏ဘုရင္မ ရွင္းယြမ္ အခန္းထဲကေန ေခါင္းေမာ့ကာ ထြက္သြားသည္..

"ဟူးးးး အခုမွပဲ လွည့္စားလို႔ေအာင္ျမင္သြားေတာ့တယ္"
လန္ေကာ စိတ္သက္သာရာရစြါ သက္ျပင္းရွည္ႀကီးကိုခ်နိုင္ေတာ့၏...

ဖာ့ဟြား နားမရွင္း ...
"လွည့္စားတယ္??"

လန္ေကာ ေခါင္းၿငိမ့္ျပၿပီး -
"အခုခ်ိန္ကစၿပီး ေန႔တိုင္း ညတိုင္း ငါတို႔အႀကိတ္အနယ္ က်င့္ႀကံရေတာ့မယ္!! အဆင့္-၇ ျဖစ္လာဖို႔ ငါ့မွာ အခ်ိန္(၃)လပဲ ရတယ္.. ငါတို႔ အျပာေရာင္နယ္ေျမမွာက အဆင့္-၇ ေရာက္ရင္ ျဒပ္စင္ပင္လယ္ထဲကို ဒုတိယအႀကိမ္ဆင္းၿပီး ခ်ီးျမင့္မွုခံယူရတယ္"

ဖာ့ဟြား ဆြံ႕အလ်က္...
"(၃)လ နဲ႔ အဆင့္-၇!!? မင္း အိမ္မက္ေတြ မက္ေနတာလား??"
သူတို႔ႏွစ္ေယာက္ အဆင့္တက္တာ သာမာန္လူေတြထက္ ျမန္တယ္ဆိူေပမဲ့ .. (၃)လ - အဆင့္-၇ ကေတာ့ အလွမ္းႀကီးလြန္းလွတယ္!

"မႀကိဳးစားပဲ မင္းဘယ္လိုလုပ္သိနိုင္မွာလဲ?? ေနရာတစ္ခုဆီ မင္းကိုေခၚသြားေပးအူးမယ္.. ငါတို႔မိုးႀကိဳးၿမိဳ႕ေတာ္နားမွာ မိုးေကာင္းကင္နတ္ေဒဝါတို႔ရဲ့စြမ္းအင္ေတြ ယွက္ျဖာေနတဲ့ စြမ္းအင္ မုန္တိုင္းရွိတယ္... ျမင့္ျမတ္နယ္ေၿမ တဲစိုက္ကြင္းျပင္ မွာ ၾကဳံခဲ့တဲ့ မိုးႀကိဳးေလမုန္တိုင္းကို မင္းသတိရေသးတယ္မလား? အခုဟာက အဲ့မုန္တိုင္းထပ္ အပုံႀကီးစြမ္းတယ္! ငါတို႔ အဆင့္တက္နိုင္ေအာင္ ကူညီေပးနိုင္မွာ အေသအခ်ာပဲ!"

ဖာ့ဟြား ရင္ခုန္မိသြားတယ္... ဒီလိုအခြင့္အေရးမ်ိဳးကို သူေသခ်ာေပါက္ လက္မလႊတ္နိုင္ဖူးေပါ့...ေမြးစားအေဖ ဖာ့ယြင္ကို တုႏွိုင္းမဲ့ပုလဲႏွင့္ အဆင့္-၆ ေရာက္ခဲ့ၿပီဆိုသည့္အေၾကာင္း ေလၽွာက္တင္လိုက္သည္ႏွင့္ ဖာ့ယြင္က သူ႔ကို တာဝန္ေတြကေန အကုန္ရပ္နားေပးကာ အဆင့္ထပ္တက္ေအာင္ အာ႐ုံစိုက္ က်င့္ႀကံဖို႔ပဲ အမိန့္ခ်ခဲ့တယ္...

"မင္း နဲ႔ မင္းမယ္ေတာ္ ၾကားက ဆက္ဆံေရးက အေတာ္ေလးေကာင္းတယ္ေနာ္"
ဖာ့ဟြား ႐ုတ္တရက္ စကားဆိုလာေတာ့ လန္ေကာ ဘာျပန္ေျပာရမည္မသိ ၊ မိဘမဲ့ဖာ့ဟြားကို သူ ဘယ္လို ႏွစ္သိမ့္ေပးရမယ္ဆိုတာ မသိေတာ့ဖူး ..

ဖာ့ဟြား လက္တစ္ဖက္ဆန့္ထုတ္ေပးလာၿပီး -
"ငါ့ကို ျပန္ပို႔ေပးေတာ့"

🔮တုႏွိုင္းမဲ့အႁမႊာဝိဥာဏ္ ၊ တူညီေသာဘဝတစ္ခု🔮

⚡️

လန္ေကာ သူတို႔ႏွစ္ေယာက္က်င့္ႀကံနိုင္မည့္ ျဒပ္စင္ပင္လယ္အနီးက - မိုးႀကိဳးေတာင္ ကို အရင္သြားခဲ့တယ္...
ထိုေနရာကို 'မိုးႀကိဳးေတာင္' လို႔ ေခၚဆိုရျခင္းက တစ္ႏွစ္ပတ္လုံး မိုးႀကိဳးေတြပစ္လို႔ေနကာ မိုးႀကိဳးျဒပ္စင္ေတြ အေျမာက္အျမားကိန္းဝပ္ေနလို႔ပဲ ျဖစ္တယ္...

ထိုနယ္ေျမက မိုးႀကိဳးၿမိဳ႕ေတာ္ရဲ့ ျမင့္ျမတ္ေသာေနရာတစ္ခုလည္းျဖစ္ၿပီး က်င့္ႀကံသူေတြ အေျမာက္အျမားသြားေရာက္က်င့္ႀကံက်တယ္... လန္ေကာက မင္းသားတစ္ပါးမို႔ သူ႔အတြက္က သူ မတူတဲ့အခြင့္အေရးထူးတစ္ခုရွိၿပီး သူက ေတာင္ရဲ့အထြတ္အထိပ္မွာတည္ေဆာက္ထားသည့္ နန္းေဆာင္မွာ သြားေရာက္ေနထိုင္ က်င့္ႀကံခြင့္ရွိမယ္..

လန္ေကာ မိုးႀကိဳးေတာင္နန္းေဆာင္မွာ သြားေရာက္ေနထိုင္ၿပီး ေန႔တိုင္း ဖာ့ဟြားကို ဆင့္ေခၚကာ အတူေလ့က်င့္ၾကတယ္...
တစ္ဖက္ရွိ မိုးႀကိဳးၿမိဳ႕ေတာ္ရဲ့ေမၽွာ္လင့္ျခင္းေဂဟာေလးသည္လည္း လန္ေကာရဲ့ အာ႐ုံစိုက္မွုေၾကာင့္ ေတာ္ေတာ္ေလး အေကာင္အထည္ေပၚလာလို႔ေနၿပီ.. လန္ေကာ က ေဂဟာတည္ေဆာက္မွု ၊ စီမံမွုနဲ႔ ပတ္သက္ၿပီး ဖာ့ဟြားကို ေခၚျပကာ အႀကံဥာဏ္လည္းေတာင္းသလို အျပန္အလွန္အေနျဖင့္ ဖာ့ဟြားရဲ့ေဂဟာကိုလည္း သြားသြားလည္ၿပီး ကေလးေတြနဲ႔ သြားေဆာ့ေလ့ရွိတယ္...

လန္ေကာ တြက္ဆမိသည့္အတိုင္း ေမွာ္နယ္ေျမမွာတင္ ဒုကၡသည္ကေလးေတြရွိသည္မဟုတ္ ၊ မိုးႀကိဳးၿမိဳ႕ေတာ္မွာလည္း ခ်ိဳ႕တဲ့ကေလးေတြရွိေနၿပီး ေဂဟာစဖြင့္သည့္ ၁လအတြင္း ခ်ိဳ႕တဲ့ မိဘမဲ့ကေလး အေယာက္ ၁၀၀ ခန့္ ေဂဟာမွာ လာခိုလွုံေနၾကၿပီျဖစ္သည္...ေနာက္တစ္ဆင့္အေနနဲ႔ - ကေလးေတြကို ေကာင္းမြန္စြါ ကုသေကၽြးေမြးၿပီးသည္ႏွင့္ ေကာင္းမြန္ျပည့္စုံေသာ မိသားစုေတြဆီ ေမြးစားခံနိုင္ဖို႔ ႀကိဳးစားေပးမည္ျဖစ္ေသာေၾကာင့္ ေမၽွာ္လင့္ျခင္းေဂဟာေလး ေကာင္းမြန္စြါ အျမဲလည္ပတ္နိူင္မည္...

⚡️

မိုးႀကိဳးေတာင္ >>

// ဂ်ိမ္း ဂ် လိန္း //

ေကာင္းကင္ႀကီးတစ္ခုလုံးက ျပင္းထန္ေသာ တုန္ဟီးသံ ၊ လၽွပ္စီးတဝင္းဝင္း တို႔ျဖင့္ ျပည့္လို႔... ဒီရာသီဥတုမ်ိဳးက မိုးႀကိဳးေတာင္ မွာ ပုံမွန္ျမင္ေနက် အေျခအေနျဖစ္တယ္...
အျပာေရာင္နယ္ေျမမွာရွိတဲ့ က်င့္ႀကံသူတိုင္းက ျဒပ္စင္သမားေတြမို႔ ဒီလို ျဒပ္စင္ေတြ ပုံေအာစုေဝးေနတဲ့ ေနရာေတြကို လာေရာက္ၿပီး ျဒပ္စင္ေတြကိုစုပ္ယူ ၊ က်င့္ႀကံၾကတယ္...

မိုးႀကိဳးေတြၾကမ္းေနစဥ္ ဖာ့ဟြားႏွင့္လန္ေကာ က ေတာင္ထိပ္စင္တစ္ခုေပၚတြင္ မ်က္ႏွာခ်င္းဆိုင္တင္ပလႅင္ေခြထိုင္ ၊ လက္ခ်င္းထိလ်က္ အေနအထားျဖင့္ ... လန္ေကာ က မိုးႀကိဳးႀကိဳက္သေလာက္ၾကမ္း လုံးဝမထဖူးဟု ၾကဳံးဝါးထားတယ္...

မနက္ျဖန္ဆိုရင္ လန္ေကာ သူ႔မယ္ေတာ္နဲ႔ ကတိကဝတ္လုပ္ထားတာ (၃)လျပည့္တဲ့ေန႔ ... ဒီေန႔ညမွာ အဆင့္-၇ သာ မေရာက္နိုင္ခဲ့ရင္ ၾကင္ယာေရြးပြဲကို သူ မတက္ခ်င္လည္း ေသခ်ာေပါက္သြားေရာက္တက္ရေတာ့မည္ျဖစ္သည္...
အေစာပိုင္းတုန္းက လန္ေကာ သူတို႔ႏွစ္ေယာက္ရဲ့ တိုးတက္မွုကို အထင္ႀကီးၿပီး (၃)လအတြင္း အဆင့္-၇ ေရာက္နိုင္မယ္လို႔ တြက္ခဲ့မိတာ ... လက္ေတြ႕က်င့္ႀကံလိုက္မွ အဆင့္-၆ နဲ႔ အဆင့္-၇ ၾကား တက္လွမ္းဖို႔ ၊ ကြာဟမွုက အလြန္ခက္ခဲႀကီးမားမွန္း သိခဲ့ရတယ္...

အတိုခ်ဳံး နားလည္ေအာင္ ေျပာျပရရင္ - အဆင့္-၆ နဲ႔ ေအာက္အဆင့္ရွိ သူေတြက လူသားအဆင့္သာ ျဖစ္ၾကၿပီး အဆင့္-၇ ႏွင့္အထက္ ေရာက္သြားၿပီဆိုတာနဲ႔ စြမ္းအားရွင္ေတြ ျဖစ္လို႔သြားၿပီ ... အဆင့္-၆ နဲ႔ အဆင့္-၇ ... ၾကားထဲမွာ အဆင့္ ၁ဆင့္ ၊ တစ္လွမ္းစာ လို႔သာထင္ရေပမဲ့ တကယ့္တကယ္က ေျပာင္းျပန္လွန္လိုက္သလိုကို ေျပာင္းလဲသြားေစမွာပင္..

ဖာ့ဟြား ဖက္က ေမြးစားအေဖ ဖာ့ယြင္ ဆီ အႀကံအဥာဏ္ေတာင္းခံခဲ့သလို ၊ လန္ေကာသည္လည္း သူ႔ခမည္းေတာ္ လန္ရွင္းကို ေမးခဲ့တယ္ ...
ဖာ့ယြင္ နဲ႔ လန္ရွင္း ေပးခဲ့သည့္ အႀကံဥာဏ္က တစ္ခူထဲ - စြမ္းအင္ စုေဆာင္း သိုေလွာင္ဖို႔ ...

// ဂ်ိမ္း //

လန္ေကာ ရဲ့ ျဒပ္စင္ထိန္းခ်ဳပ္မွု အစြမ္းျဖင့္ မိုးႀကိဳးေတြက သူတို႔ခႏၶာကိုယ္ေပၚ ပစ္ခ် ၊ ထိုကေန လၽွပ္စီးေတြ စီးဝင္လာတယ္...
ႏွစ္ေယာက္စလုံး အေၾကာဆြဲသလို တူန္ခါသြားရၿပီး စြမ္းအင္ေတြသည္လည္း သူတို႔ ခႏၶာကိုယ္ေတြထဲ စီးဝင္လို႔လာတယ္ ...
ဖာ့ဟြားရဲ့အေရွ႕မွာရွိေနသည့္ က်မ္းစာအုပ္သည္ ပထမစာမ်က္ႏွာကို လွန္လ်က္ရွိေနၿပီး နတ္ဘုရားသေကၤတက အဆင့္-၈ ၊ ၈ခုသာ ေပၚေနဆဲ .. ဒါေပမဲ့ သူ႔ရဲ့ေရႊဝါေရာင္ က်မ္းစြမ္းအင္မွာ ခရမ္းေရာင္ ေရာင္ျခည္ေတြပါ ယွက္ျဖာလိူ႔ေနတယ္...

သူတို႔ရဲ့ ခႏၶာကိူယ္ေတြကို စက္ဝန္းပုံအလင္းေရာင္ျဖဴျဖဴလႊလႊ က ရစ္သိုင္းလ်က္ ၊ ထိုစက္ဝန္းက ပစ္ခ်လာသည့္ ျပင္းထန္လွေသာ မိုးႀကိဳးေတြဒဏ္ကေန ကာကြယ္ေပးၿပီး စြမ္းအင္ေတြကို စုပ္ယူနိုင္ရန္ ကူညီေပးတယ္ ... ထိုစက္ဝန္းျဖဴသည္ သူတို႔ႏွစ္ေယာက္ အတူက်င့္ႀကံတိူင္း တုႏွိုင္းမဲ့ပုလဲက ဖန္တီးေပးထားသည့္အရာျဖစ္၏... ထိုစက္ဝန္းကို - တုႏွိုင္းမဲ့ဒိုင္း - လို႔ သူတို႔ နာမည္ေပးထားလိုက္တယ္...

တုႏွိုင္းမဲ့ဒိုင္းက စြမ္းအင္ေပါင္းစုံကို စုပ္ယူနိုင္ ၊ ကာကြယ္ေပးနိုင္တယ္ ...
ႏွေျမာစရာေကာင္းတာက တုႏွိုင္းမဲ့ဒိုင္း ဟာ စြမ္းအင္ေတြရန္ကေနသာ ကာကြယ္ေပးနိုင္သည္မို႔ သူ႔ကို က်င့္ႀကံခ်ိန္မွာသာ အသုံးျပဳဖို႔ အဆင္ေျပတယ္ ...

လန္ေကာ ရဲ့ ခႏၶာကိုယ္တစ္ခုလုံးက မိုးႀကိဳးျဒပ္စင္ခႏၶာကိုယ္ ခရမ္းျပာေရာင္ အၾကည္လႊာ သို႔ ေျပာင္းလဲေနၿပီး မိုးႀကိဳးျဒပ္စင္ေတြကို ခပ္ျပင္းျပင္းစုပ္ယူ ေနတဲ့အခ်ိန္ ၊ ဝင္ေရာက္လာေသာ ျဒပ္စင္စြမ္းအင္ေတြကို ဖာ့ဟြားသည္ က်မ္းစြမ္းအင္ေတြအျဖစ္ ေျပာင္းလဲရင္း မၽွတစြါ လွည့္ပတ္ေနတယ္...
စတင္က်င့္ႀကံခ်ိန္တုန္းက မိုးႀကိဳး ၁ခု ၊ ၂ခု သာ ပစ္ေပမဲ့ ... ေနာက္ပိုင္းတြင္က် မိုးႀကိဳး ဆယ္ခ်ီ ၊ ရာခ်ီ ေတြ ျဖစ္လာခဲ့ၿပီး တုႏွိုင္းမဲ့ဒိုင္းက စြမ္းအင္ေတြဒဏ္ကေနကာကြယ္ေပးနိုင္ေပမဲ့ သူ႔မွာလည္း သူ႔ ပမာဏ အတိုင္းအတာနဲ႔ သူရွိတယ္...
မိုးႀကိဳးေတြ ရာခ်ီပစ္ခ်လာသည္ႏွင့္အမၽွ တုႏွိုင္းမဲ့ဒိုင္း မတည္မၿငိမ္ျဖစ္လာေတာ့ ...

"အရမ္းမေလာနဲ႔"
ဖာ့ဟြားရဲ့သတိေပးသံက မိုးႀကိဳးမုန္တိုင္းၾကား ၾကည္လင္စြါထြက္ေပၚလာၿပီး စြမ္းအင္စုေဆာင္းမွုကလည္း အလၽွံအပယ္ ျဖစ္ေနၿပီမို႔ လန္ေကာ မိုးႀကိဳးျဒပ္စင္ဆင့္ေခၚထိန္းခ်ဳပ္မွုကို ျဖည္းျဖည္းခ်င္းေလၽွာ့ခ် ရပ္တန့္လိုက္ေတာ့၏...

"ဟူးးး"
ဖာ့ဟြားႏွင့္လန္ေကာ တစ္ၿပိဳင္တည္း အသက္ျပင္းျပင္းရွူထုတ္လိုက္ၿပီး က်င့္ႀကံမွုကို ရပ္နားလိုက္ၾကေတာ့သည္...

"မင္း ဆႏၵေတြေစာလြန္းေနတယ္"

လန္ေကာ ႏွာေခါင္းရွူံ႔ၿပီး -
"မင္းကေတာ့ ေအးေဆးေနနိုင္တာေပါ့... ဒီေန႔ညက ငါ့အတြက္ ေနာက္ဆုံးရက္ဆိုေတာ့ မင္းမသိဖူးလား? အဆင့္-၇ မေရာက္နိုင္ခဲ့မွ​ေတာ့ ၾကင္ယာေရြးပြဲသြားတက္ရေတာ့မွာဟ!!"

ဖာ့ဟြား မသိမသာ ႀကိတ္ျပဳံးရင္း မတ္တပ္ထရပ္ကာ လန္ေကာ ပုခုံးကို သြားဆုပ္ကိုင္လ်က္ -
"မင္းရဲ့ၾကင္ယာေရြးပြဲကို ငါလာတက္ အားေပးပါ့မယ္ ..
🔮တုႏွိုင္းမဲ့အႁမႊာဝိဥာဏ္ ၊ တူညီေသာဘဝတစ္ခု🔮"

ဖ်က္ခနဲဆိုသလို လန္ေကာ ေရွ႕ကေန ဖာ့ဟြား ေပ်ာက္သြား၏...

"ဒီေကာင္ကေလ ... နဲနဲေလးမွ ၾကင္နာမွု မရွိဖူး"

သူအေကာင္းဆုံးႀကိဳးစားၿပီး စြမ္းအင္ေတြစု ၊ အဆင့္-၇ တက္ဖို႔ ႀကိဳးစားခဲ့ေပမဲ့ ရွူံးနိမ့္ခဲ့တယ္...
အခုေတာ့ အခ်ိန္ထပ္ဆြဲလို႔မရေတာ့ဖူး ... ၾကင္ယာေရြးပြဲကို သူ မတက္မေနရ သြားတက္ရေပေတာ့မည္ ...

🔥🔥

8:00pm
8.5.2023
(2ရက္ျခားေန ထပ္လာပါမည္)

Continue Reading

You'll Also Like

81.4K 12.5K 23
မှတ်ချက် : ဝတ္ထုခေါင်းစဉ်နဲ့ ဇာတ်လမ်းက တခြားစီပါ။ ကြောင်တောင်တောင် Gong ရဲ့အမြင်ရှုထောင့်မှ ရေးသားထားခြင်း။ မွတ္ခ်က္ : ဝတၳဳေခါင္းစဥ္နဲ႔ ဇာတ္လမ္းက တျ...
637K 71.2K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
93K 14.3K 17
Original Author - Yan ZhaoMu 言朝暮 Eng Translator - Sakhyulations & A Splash Of Novel You can read eng translation here https://www.novelupdates.com/se...
351K 63.2K 107
Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi Duo (漫漫何其多) Original publisher : jjwxc C...