"လာ သမီးလေး. ... ငါ့သမီးလေးက ဟိုကပြန်လာမှ ပိုလှလာလိုက်တာ "
"အန်တီကလဲ မြှောက်နေပြန်ပါပြီ သွယ် တီတီအတွက် လက်ဆောင်တွေ အများကြီး ပါပါတယ်နော်"
"ဟော ပြောရမယ့်လူတွေလား အဲ့လိုတွေ မလိုပါဘူး သမီးရယ် ဟင်းဟင်း.."
"အန်ကယ် နေကောင်းတယ်နော် "
သွယ်ထိုင်နေသော မောင့်ဖေဖေကိုနူတ်ဆက်လိုက်သည်။
"ကောင်းတယ် သမီးသွယ် သမီးဖေဖေတို့ရော နေကောင်းကြလား"
"ကောင်းတယ် အန်ကယ် ဖေဖေတို့က လိုက်မလာနိုင်လို့ စိတ်မကောင်း ဖြစ်နေတာ"
"နောက်မှအေးဆေးဆုံကြတာပေါ့သမီးရယ်"
"ကဲ စကားတွေလဲ နောက်မှ ပြောကြ။ ဗိုက်ဆာနေပြီမလားထမင်းအရင်စားကြ ရအောင်လေ"
"ဟုတ် မေမေ ထုံးရော နောက်ဖေးမှာလား"
ဒေါ်ထင်သဏ္ဍန် တစ်ချက် ပြုံးလိုက်ပြီး
" သားငယ်ရေ ဧည့်သည် တွေ ရောက်နေပြီ ထမင်းဝိုင်း အဆင်သင့်ပြင်ထားလိုက်ပါဦး "
ဆက်ထုံး မီးဖိုးထဲကနေ မောင့်မေမေ အသံကြားကာ လဲ့လဲ့နဲ့ တစ်ယောက်မျက်နာ တစ်ယောက်ကြည့်ကာ ရယ်လိုက်ကြသည်။
"ခွီး!! သားငယ်တဲ့ အကိုလေးထုံး ရေ"
"ဟဲ့! တိုးတိုး ကြားသွားလို့ နင်ခေါက်ခံနေရဦးမယ်"
"ဟိ ....ဟုတ်သား သွားလိုက်ဦး ကိုလေးထုံး။ တော်ကြာ သားငယ်ထပ်ခေါ်ရလို့ သွေးတိုးနေဦးမယ်"
"ဒီကောင်မလေးကတော့ "
ဆက်ထုံး ရယ်လိုက်ကာ အရှေ့ဘက်သို့ထွက်၍ ထမင်းစားရန်အကုန်အဆင်သင့် ပြင်ပေးလိုက်သည်။
" အဆင်သင့်ဖြစ်ပါပြီ...အန်တီ "
"ထုံး မင်းရောတစ်ခါထဲဝင်စားလိုက်လေ"
"ငါ..."
"အော် သားငယ်က ချက်ပြုတ်ပေးထားရတော့ ပင်ပန်းနေရှာပေါ့ သားရယ်။ သူသန့်ရှင်းရေးတွေဘာတွေလုပ်ချင်နေရှာမှာပေါ့ ပြီးမှစားပါစေ ဟင်းဟင်း.."
မြမိုးသွယ် မှဆက်ထုံးအားတစ်ချက်ကြည့်လိုက်ကာ စကားစလိုက်သည်။
"တစ်ခါထဲ စားခိုင်းလိုက်ပါ တီရဲ့ သမီးက အဆင့်တန်းမခွဲခြားတတ်ပါဘူး၊ ကိုယ်ထက်နှိမ့်ပါးသူတွေကိုလဲ သဏ္ဍန်မျက်နှာနဲ့မို့ တန်းတူ ဆက်ဆံနိုင်ပါတယ် အန်တီရဲ့"
ဆက်ထုံး ဒေါသထောင်းခနဲ ထွက်သွားကာ ပြန်ပြောမည့်အလုပ်
သဏ္ဍန်က သူ့လက်ကို ဆွဲကာမပြောနဲ့ဆိုသည့် သဘောဖြင့် ညှစ်ထားသည်။ သူခံစားချက်တွေကို မောင်ဆ်ိုတဲ့အသိစိတ်နဲ့မြိုချကာ အံကြိတ်ထားလိုက်ရသည်။
"အဲ့ဆိုလဲ သားငယ်က.."
"ကဲ ထင် မင်းစကားများတယ်ကွယ် သမီးသွယ်လဲ ဗိုက်ဆာနေရော့မယ်၊ ဆက်ထုံး မင်းပါတစ်ခါထဲ ဝင်စားလိုက်တော့"
ဒေါ်ထင်သဏ္ဍန် အောင့်သက်သက် နဲ့လက်ခံလိုက်ရသည်။ ဆက်ထုံး ကလဲ အစထဲကစားဖို့ အစီစဥ်လုံးဝမရှိပါ ။ သူဟာသူ လဲ့လဲ့ နဲ့အတူပြီးမှ စားမလို့ပါပဲ မောင်ခေါ်လိုက်လို့ အခုလိုဖြစ်သွားရခြင်း ဖြစ်သည်။
pants အနက်ရောင်အပျော့လေးကို အနီရောင် ကိုယ်ကြပ်ကပ်ကပ်လေးနဲ့ တွဲဝတ်ထားပြီး ရွေဝါရောင် ဆံပင်တောက်တောက်လေးကို သွယ်က ခပ်မြင့်မြင့် စီးထားသည်။
တစ်ကိုယ်လုံး စိန်တွေ တစ်ဖျတ်ဖျတ် တောက်နေသည့် မြမိုးသွယ် နဲ့ တီရှပ်အပြာအနွမ်းလေးကို ဘောလုံးဘောင်းဘီနဲ့ တွဲဝတ်ထားတဲ့သူက မိုးနဲ့မြေလို့ ကွာခြားသည်မဟုတ်ပါလား ။
ထမင်းဝိုင်းတွင် အတူထိုင်ကြတော့လဲ အန်ကယ်က ထိပ်ဆုံးမှာထိုင်ပြီး သွယ်နဲ့မောင်နဲ့က ယှဥ်လျှက်ထိုင်သည်။ အန်တီနဲ့သူကဘေးချင်းကပ်။ ဘာကိစ္စ သူထိုင်ရမည့်နေရာမှာ အဲ့ကောင်မ ဝင်ထိုင်သွားရတာလဲ။ သူဒေါသထွက်နေပေ့မယ့် မောင့်မျက်နာကို ကြည့်ကာမပြောရက်။မောင်ကမျက်နှာတော့ပျက်နေရှာသည်။
"ဟင်းဟင်း..အခုမှပဲ ကြည့်ကောင်းသွားတော့တယ် လိုက်ဖက်လိုက်တာ"
"မေမေ တော်ပါတော့ "
"ဘာကိုလဲ သားရဲ့မေမေက ဟင်းပွဲ ပြင်ထားတာကို ပြောတာပါ ဟင်းဟင်း...."
အကြောင်းမဲ့ရယ်နေသော မောင့်မေမေကိုရွံ့ပေ့မယ့် ဆက်ထုံး ဘာမှမပြောပဲ ထမင်းကိုသာငုံစားနေလိုက်သည်။ သူမှာ ဘာမှဝင်ပြောပိုင်ခွင့်လဲ မရှိပါ။ သူရှေ့တွင် ရှိသောဟင်းများကလဲ ဘာအရသာရှိလို့ ရှိမှန်းတောင်သူမသိတော့ပေ။
"ထည့်စားလေး သမီးသွယ် ဟင်းတွေကစားလို့ ကောင်းရဲ့လား "
"ကောင်းပါတယ် အန်တီ အိမ်ဟင်းအိမ်ဟင်း မစားရတာကြာတော့ မြိန်လိုက်တာ အန်တီချက်ထားတာလား"
"မဟုတ်ပါဘူး သားငယ် ချက်ထားတာလေ ဟင်းဟင်း.. စီးပွားရေး လဲမကူနိုင် အပြင်အလုပ်တွေလဲ သားငယ်ကဘာမှမသိ မလုပ်တတ် ဆိုတော့ တော်သေးတယ် အိမ်အလုပ်တောက်တိုမယ်ရလေးတွေတော့
ခိုင်းလို့ ရနေသေးတော့ သူ့ပဲအားကိုးနေရတာပေါ့ သမီးရယ်"
မောင့် မေမေကသူကိုနိုမ်သည်။
"အော် ဆက်ထုံး ချက်ထားတာလား စားလို့ ကောင်းတယ် ရှယ်ပဲ အန်တီ ။သမီး အပြင်စာတွေ သိပ်စားလေ့ မရှိဘူး အခုတော့ဆက်ထုံး လက်ရာကြိုက်သွားလို့ အန်တီတို့အိမ် ခဏခဏလာဖြစ်တော့မယ်ထင်တယ်"
"သမီးလေးသာ လာမယ်ဆို တံခါးမရှိ ဓားမရှိပါကွယ်"
"ရတယ်မလား ဆက်ထုံး တို့လာတိုင်းချက်ကျွေးမယ်မလား"
"ရပါတယ်အစ်မ။ အစ်မကမောင်အိမ်ထိတောင် အရမ်းအားလို့ တကူးတက လာစားမှာကို ကျွန်တော် လိုအလုပ်မရှိတဲ့ကောင်က မချက်ထားနိုင်စရာ ဘာရှိလို့လဲဗျာ"
"သက်ဆက်ထုံး! !"
သူခပ်ရွဲ့ရွဲ့ပြောတော့ မောင်က ဝင်ဟန့်သည်။ မြမိုးသွယ်ကလဲခံမနေပါ။
"သဏ္ဍန် မင်းလူက အစွာလေးပဲ"
"မဟုတ်ပါဘူး ထုံးက စကားသွက်လို့ပါ"
သွယ် ပခုံးတွန့်ပြတော့
မောင့်မေမေက ထ၍ပြောပြန်သည်။
"အဲ့လိုပဲ သမီးရေ တစ်ချို့တွေက ဗီဇကို မဖျောက်နိုင်ကြဘူး ရွာဓလေ့တွေ အကျင့်တွေပါလာတာဆိုတော့ စရိုက်ပေါ့သမီးရယ်"
ဆက်ထုံး ဆက်သည်းမခံနိုင်တော့ပေ။
"ဒုန်း!!"
ဆက်ထုံး ထရပ်လိုက်သည်။
"ပြန်ထိုင်စမ်း သက်ဆက်ထုံး! !"
သူကိုအော်လိုက်သော မောင့်ကို
ကြည့်လိုက်ကာ သူဘာပြန်ပြောရမလဲသူမသိ။ ချောင်ပိတ်နေတဲ့လူတစ်ယောက်လိုထွက်ပေါက်မဲ့နေသည်။ ကျအံဆဲဆဲ မျက်ရည်တွေကိုထိန်းရင်း
"ခွင့်ပြုပါဦး ကျွန်တော်လို တောသားအရိုင်းစိုင်းနဲ့ တစ်ဝိုင်းထဲ ထိုင်စားလိုက်လို့ စိတ်အနှောင့်ယှက် ဖြစ်သွားရင် တောင်းပန်ပါတယ် "
သွယ်ရော အန်တီပါ ပုခုံးတွန့်လိုက်ကြသဖြင့် ဆက်ထုံး လှည့်ထွက်သွားသည်။ ဖေဖေ မျက်နာမကောင်း သဏ္ဍန်လဲ ထုံး လုပ်ရက်အတွက်သွယ် ရှေ့မှာမို့ ရှက်သွားကာ သွယ်ကိုလဲ အားနာသွားရသည်။စားသောက်ပြီး သွယ်ကိုပြန်ပို့ကာ ထုံးနဲ့ စာရင်းရှင်းဖို့သူပြန်လာခဲ့လိုက်သည်။ အခန်းထဲဒုန်းစုန်း၀င်လာသူကမောင်။
"သက်ဆက်ထုံး! !"
"ဘာလဲ"
"မင်းဘယ်လိုပြုမူလိုက်တာလဲ "
"မင်း မြင်တဲ့အတိုင်းပဲလေ"
"မင်း ရိုင်းလှချည်လား ကွာ"
"အော် ငါ့ကို ရစရာမရှိအောင် မင်းဟာမရှေ့ သိက္ခာ တွေချနေတဲ့မင်း အမေကမှန်တယ်ပေါ့မောင်"
"သက်ဆက်ထုံး မင်းလွန်မလာနဲ့နော်"
"ငါဘာမှားနေလို့လဲမောင် ငါဘာတွေ အမှားလုပ်နေမိလို့လဲငါကိုလာအော်နေရတာလဲ။ မင်းသာ နေ့နေ့ ညညပြန်လာချင်တဲ့အချိန်မှ ပြန်လာတယ် မင်းနေချင်သလိုနေတယ် ငါ့ကိုရော မင်းအမေလိုပဲ လူရာကောသွင်းသေးရဲ့လားသဏ္ဍန်သုမောင်"
"ငါနေ့ဆိုလဲ မအားဘူး ညဆိုလဲ ငါCompany အတွက် လူကြီးပိုင်းတွေနဲ့တွေ့ရတယ် ပြောရဆိုရတယ်"
"အော် လူကြီး လူကောင်းဆိုတာ
မြမိုးသွယ်လား။ သူနဲ့လဲ ညဘက်တွေ ပြောရဆိုရတာပဲလား"
"မင်းငါ့ကို မစော်ကားနဲ့ သက်ဆက်ထုံး "
"အိုဟိုး မစော်ကားရဲပါဘူး မောင်ကအလုပ်တွေကို ကာမပိုင်လင်
ယောကျ်ား ရှိပါလျှက်နဲ့ သူစိမ်းမိန်းမတစ်ယောက်နဲ့ နေ့နေ့ည ညကြိုးစားနေတာ ငါကဘယ်လိုများ စော်ကားရဲမှာလဲ ဂုဏ်တောင်ယူပေးရဦးမယ် ဟွန်း!!"
"အေး ရွဲ့နေလိုက် မင်းကပါ ငါအပေါ်အဲ့လိုဖြစ်နေမှတော့ ငါဘာလုပ်လုပ် အရာထင်နေမှာမဟုတ်ဘူး။ ငါမင်းကြောင့် တစ်ကယ်စိတ်ပင်ပန်းရတယ် ထုံး "
ဆက်ထုံး ကုတင်ပေါ်ထိုင်ချကာ စိတ်ပျက်လက်ပျက်ပြောလာသောမောင့်ရှေ့ ဒူးထောက်ထိုင်ချလိုက်ကာ မောင့်လက်လေးကိုစုပ်ကိုင်လိုက်သည်။
"ငါတို့ အိမ်လေးဆီ ပြန်ကြရအောင်မောင် မင်းကအရင်လို အလုပ်မလုပ်ချင်ရင်တောင် အိမ်မှာနေလေ။ ငါအလုပ်ကိုအရင်ကထက်ပို ကြိုးစားမယ် ငါတို့အရင်လို ပြန်နေကြရအောင်နော် ..နော်မောင်"
"စိတ်ကူးတွေ ယဥ်မနေစမ်းပါနဲ့ ဆက်ထုံးရာ၊ ဘဝဆိုတာ လက်တွေ့ကျကျဖြတ်သန်းရတာကွ လခစားအလုပ်လေးနဲ့ ငါတို့ဘဝ ဘယ်လိုတိုးတက်မှာလဲ။ မင်းဘဝကိုဘယ်လောက်များ နားလည်မှာမို့လို့လဲ အေးပေါ့ ထုံးက စာကို ဆုံးခန်းတိုင်အောင် မသင်ခဲ့ရတော့ ဘဝမှာ ငွေရှိမှ ပြည့်စုံတာ ထုံးဘယ်သိပါ့မလဲ"
*အော်.... ပြောရက်လိုက်တာ မောင်ရယ် *
မောင် ဘယ်လိုပြောပြော ဆက်ထုံး ဗွေ မယူပါ။ အပြစ်လဲမမြင်ရက် သူ ရအောင်ပြောကြည့်ရမည်။ သူဒီမှာ နေရတာ သိပ်ပင်ပန်းနေပြီ။ အရင်လို မောင်နဲ့ပျော်စရာဘဝလေး ပြန်လိုချင်သည်။ သူမောင့်ကို ရအောင်ခေါ်ကြည့်ရမည်။
"အဲ့ဆိုရင် ရွာပြန်ကြမယ်လေ နော် လိုက်ခဲ့မယ်မလားဟင်"
"ပိုတောင် ဆိုးသေးတယ် ထုံးရယ် ပူကပူ ရေကရှား အသိဉာဏ်
ပညာတွေကလဲ မကြွယ်ဝ ထုံးဒီလောက် ပြောခံထားရတာတောင် ခုထိရွာကို ပြန်ချင်နေသေးတာလား"
ဆက်ထုံး ကြမ်းပြင်ပေါ် ဖင်ထိုင်ရက်သား လှဲကျသွားကာ မောင့်မျက်နှာကိုဆွေးမြေ့စွာ ကြည့်လိုက်သည်။
"မောင် မင်းငါ့ကို ချစ်သေးရဲ့လားဟင် ငါကိုရော ချစ်များချစ်သေးရဲ့လားကွာ..."
"စိတ်ကူးယဥ် ကမ္ဘာထဲက ထွက်ခဲ့ပါ ထုံးရယ် အချစ်ဆိုတာ ပြည့်စုံကြည့် အရာအားလုံး ချစ်စရာတွေ ဖြစ်ကုန်လိမ်မယ်။ ခဏပဲစောင့် မောင်ငွေတွေ အများကြီး ရှာပေးမှာမို့ ထုံးက ဒီနေ့လိုအပြူမူတွေ မလုပ်ပဲ မေမေနဲ့တည့်အောင်ပေါင်းပြီး ခဏပဲစောင့်ပေး နော်"
*ငါလိုချင်တာ ငွေတွေမှ မဟုတ်တာမောင်ရယ်။ ငါဒီလောက်ထိ ပြောဆိုခံနေရတာကို တစ်ချက်
ကာကွယ် မပေးပဲ မင်းအမေနဲ့ အဆင်ပြေအောင် နေဖို့ ပြောနိုင်သေးတယ်နော် *
သို့သော် သူထုတ်မပြောဖြစ်သလိုမောင့်ကိုလဲစိတ်မပျက်ရက်ပါ။ ဆက်ကြည့်နေလျှင် စိတ်ပျက်မိမှာကြောင့် သူထွက်သွားရန်သာပြင်လိုက်ပြီး အပေါ်ဝတ် အကျီလေးကို လှမ်းယူလိုက်သည်။
"ငါပြောလို့ မပြီးသေးဘူးလေ မင်းဘယ်သွားဦးမလို့လဲ "
"ငါ ကိုထွန်းတို့ဆီ သွားမလို့ "
"အဲ့ကိုလဲ ခဏခဏ မသွားပါနဲ့ငါမကြိုက်ဘူး ထုံး ကားဂိတ်မှာ
ယောကျ်ားတွေ တစ်ရူန်းရူန်းနဲ့ ပြီးရင်မမြင့်ထည့်ပေးတဲ့ ပေါက်ကရဆိုက်ကိုတွေကို သယ်လာ ပြသာနာတွေရှာနဲ့ အိမ်မှာပဲနေစမ်းပါထုံး
ရာ "
သူမောင့်ကို ပြောစရာစကားမရှိတော့အောင် စွံ့အမိသည်။ မောင်ကျေးဇူးကန်းတတ်ပါရော့လား ။
နူတ်ကတော့ ထုတ်မပြောဖြစ်တော့ပါ။ သူဘာမှပြောချင်စိတ်လဲ မရှိတော့ပေ။ သူမောင်ါရှေ့ကအမြန်ထွက်၍သာ လာခဲ့လိုက်တော့သည်။
>>>>>>>>>>>>>>>>>>>>
သူလမ်းလျှောက်ရင်း လျှောက်ရင်း ဘယ်တွေကို ရောက်နေမိမှန်းတောင်မသိ ဘယ်သွားရမလဲ
လဲ သူမသိ ။ စိတ်တွေ မွန်းကြပ်လွန်းလို့သာ သူခြေဦးတည့်ရာ သွားနေတာ သူဘယ်ကိုဦးတည်ရမလဲသူမသိ။
ဗိုက်ကလဲ ဆာလာသည့်မို့
mini market တစ်ခုထဲဝင်ကာ
ပေါင်မုန့်နဲ့ ပဲနို့၀င်ဝယ်လိုက်သည်။ပဲနို့ကိုစုပ်သောက်၍ ပြန်ထွက်အလာ
"အင့် အားး!ခွမ်း!! "
လူတစ်ယောက်နဲ့ ပိုးစိုးပက်စက် ဝင်တိုက်မိသွားသည်။ ထိုလူကလဲ အလျှင်လိုနေသည့်ဟန်ပင်။
"ဟာ ကွဲသွားပြီး သွားပါပြီကွာ"
"ဟို ကျွန်တော်တောင်းပန်ပါတယ် "
တောင်းပန်လာတဲ့ကောင်လေးကြောင့် သူ့လဲအားနာသွားကာ
"ရပါတယ် အစ်ကိုလဲ မမြင်လိုက်လို့ပါ"
"အကို့အရက်ပုလင်း ကျကွဲသွားပြီ။ ကျွန်တော် ပြန်လျှော် အယ် စျေးကြီးရင်တော့ မလျှော်ပေးနိုင်ဘူးဗျ တစ်ဝက်ဆိုက်ပေးဆိုရင်တော့ ရမယ်ထင်တယ်"
သူဟာသူပြော သူဟာသူဖြေရှင်းနေသော ကောင်လေးကို ကြည့်ကာ
ခန့်ငြား ပြုံးလိုက်မိသည်။ လူပုံလေးကြည့်လိုက်တော့အထဲကတီရှပ်အပြာလေးကိုအပေါ်အင်္ကျီအကွက်လေးထပ်ဝတ်ကာ ဘောလုံးဘောင်းဘီတိုကိုတွဲ၀တ်ထားသည်က ကလေးကုလား။
ခြေညှပ် ဖိနပ်လေးကလဲစီးထားသေးတာမို့အူယားစရာကောင်းနေသည်။ ကောင်လေးက ချောသည်တော့မဟုတ်ပေ့မယ့် ကြည့်ရတာအေးအေးချမ်းချမ်းလေးနဲ့ ချစ်စရာကောင်းနေသည်။ သူကြိတ်ရယ်မိလိုက်သည်။ ဘယ်သူက အပြင်ထွက်ရင် ဘောလုံး ဘောင်းဘီ ဝတ်လို့လဲ။
"ဘာရယ်တာလဲဗျ ကျွန်တော်အတည်ပြောနေတာကို "
"မရယ်ပါဘူးကွာ ကိုက မလျော်
ခိုင်းပါဘူးကွ "
"အားနာလိုဗျ ကျွန်တော် ကြောင့်မဟုတ်ပေ့မယ့် ကျွန်တော် နဲ့တိုက်မိတာလဲပါတော့ တာဝန်ယူသင့်တယ်ထင်လို့"
*ဟော စိတ်ဓာတ် လေးကလဲ မဆိုးပြန်ဘူး *
ခန့်ငြား အခုမှမြင်ဖူးသည့် ကောင်လေးကို အမှတ်တွေ ပေးနေမိသည်။ သူကိုသူလဲ အံသြမိကာ ဒုတိယ အကြိမ် ရယ်လိုက်မိပြန်ပြီ။
"ခင်များ ရယ်ပြန်ပြီ "
"မဟုတ်ပါဘူး ကွာ လျော်
စရာလဲ မလိုဘူး လျော်ဖို့လဲ မပြောဘူး ဟုတ်ပြီလား "
"ခင်များ သောက်ချင်လို့ဝယ်ထားတာမလား"
"ကိုယ့် ဖေဖေတွက်ပါ ကိုယ် ကအရက်မသောက်တတ်တဲ့ လူကောင်းလေးပါ"
"မေးမိလား "
"ဟက်!!ဖြေချင်လို့ပါ ၊ မင်းကအစွာလေးပဲ ဒါနဲ့ကိုယ့်နာမည်က သွင်ခန့်ငြားပါ"
"မေးမိလို့လား "
"ဟောဗျာ မမေးမိလဲ ဖြေမိသွားပြီ ကျေသွားအောင် မင်း နာမည်လေးလဲပြောပြ"
"ဘာမှလဲ မဆိုင်ဘူး မလျော်ရဘူးဆိုလဲ ဖယ် ကျွန်တော်သွားတော့မယ်"
"ဟာ ဟေ့ဟေ့ !!နာမည်လို့"
"နှာခေါင်းပိတ်ထားတယ်ဗျို့"
"ဟား.... ဘယ်လိုဟာလေးလဲကွာ"
ခန့်ငြား သိချင်တာမသိလိုက်ရ၍ မကျေနပ်။ ဆိုင်ဝန်ထမ်းလေးခေါ်ကာ ကျကွဲသွားသော ပုလင်းအတွက် ငွေရှင်းကာ အသစ်တစ်လုံးထပ်ယူလိုက်ပြီး လှည့်အထွက်
"ဒီမှာ !!"
ရုတ်တရက် အကွယ်ကထွက်လာသော ထိုကောင်လေးကြောင့် ခန့်ငြားလန့်သွားကာ လက်ထဲကပုလင်းကို လွှတ်ကျသွားပြန်သည်။
"ခွမ်းး!!"
"ဟာ ဒီခါလဲ ကျုပ်ကြောင့်ပဲလား
နာမည်လေး တာဝန်ရှိတယ်ထင်လို့ လာပြောပြတာကို သေချာကိုင်မထားဘူး ကလေးလားခင်များက "
ခန့်ငြားရယ်လိုက်ပြီး
"မင်းကွာ..."
"မင်းကွာ မဟုတ်ဘူး ကျွန်တော့် နာမည် သက်ဆက်ထုံး! !"
Ah Shin💛