မနက်စောစော ဆက်ထုံး ထမင်းဟင်းထချက်ပေးကာ လဲ့လဲ့ကို မှာထားခဲ့ ပြီး ပြန်ဝင်အိပ်လိုက်သည်။ အရင်အလုပ်မှာ အစားသောက်မမှန်ခဲ့တာတွေကောဒီမှာစားချိန်မူမမှန်တာတွေကြောင့်ပါခုတစ်လော သူမကြာခဏ ဗိုက်အောင့် နေတတ်သည်။
အခုလဲ ဗိုက်ထဲကအောင့်နေတာမို့ အခုထိမနိုးသေးပဲ အိပ်နေသောမောင့်ကိုလဲ ဝမ်းနည်းဒေါသဖြစ်မိသည်။ညကဘာဖြစ်ခဲ့တယ် ဆိုတာအခုထိ ရေရေရာရာ မသိရသေး။နာနေသောဗိုက်ကြောင့်သက်သာမလားအထင်နဲ့ သူမျက်လုံးမှိတ်ကာ မှိန်းနေသည်။
"အားး ကျွတ်ကျွတ် ခေါင်းတွေကိုက်လိုက်တာ "
ထုံး လှည့်ကြည့်တော့ မောင်အိပ်ယာမှ နိုးလာလို့ခေါင်းကိုက်နေသည်ထင် သူနားထင်ကို နိုပ်ကာ အော်နေသည်။သူ့ကိုလဲမြင်ရော
"ဟင် ထုံး အခုထိမထသေးဘူး မောင့်ကို စောင့်နေတာလား"
"မဟုတ်ပါဘူး ထမင်းဟင်းချက် ပြီးမှ ပြန်လှဲနေတာပါ"
"မှန်း နေမကောင်းလို့လား ထုံး"
မောင်နဖူးကိုလှမ်းစမ်းတော့ ဆက်ထုံး ခေါင်းကိုယမ်းပြလိုက်သည်။
"နေကောင်းပါတယ် စိတ်ပဲမကောင်းတာ"
"ပြောပါဦး ဘာကိုစိတ်မကောင်းနေတာ မောင့်ထုံးက"
"မောင်ညက မူးရူးပြီးပြန်လာတယ်လေ "
"အာ...မောင်တောင်းပန်ပါတယ် ကွာ သွယ် ရဲ့party မို့ မောင်နဲနဲ သောက်လိုက်တာပါ"
"မောင့် နဲနဲကလဲ လူမှန်းသူမှန်းမသိမူးနေတာပဲနော်"
"မောင့်ကို ယုံပါနော် မောင်အလုပ်လုပ်နေတာပါ။ အကုန်လုံး လူမူ့ရေးအရပဲ မောင်ရင်ထဲမှာ ထုံးပဲရှိတာ"
"တော်သေးတာပေါ့ သတိရနေသေးလို့"
ရွဲ့သလို ပြောလာသူကြောင့် သဏ္ဍန်စိတ်ကတိုသွားသည်။
"မင်းက ဘာဖြစ်နေတာလဲ ငါဒီလောက်ရှင်းပြနေတာကို"
"ငါ့ကို ဘာလို့အော်တာလဲ သဏ္ဍန်သုမောင် "
"မင်း ငါ့ကိုလာရွဲ့နေလို့လေ "
"အော် အဲ့လိုဖြစ်သွားတာလား ဟက်!!"
"ဒီမှာ ထုံး ငါအခုမင်းသဝန်တိုနေတာကို နားလည်တယ်။ ငါလဲ အလုပ်သဘောအရ ဆက်ဆံနေတာလေ မင်းလုပ်မကူနိုင်ရင်လဲ အိမ်မှာ အေးဆေးနေပါ ထုံးရာ နေရာတကာ လိုက်ပြောမနေပဲခဏ လျစ်လျူရူထားပေးလိုက်"
"အော်... အင်းပါ"
"အဲ့ဒါပဲ ပြောလိုက်ရင် မထုံတတ်တေး နဲ့မင်းရွဲ့မယ်၊ စောင်းမယ်၊ မင်းဒါပဲတတ်တယ်။ အခုငါဘယ်လောက်ခက်ခဲနေလဲ ငါဘယ်လောက်ထိ ခေါင်းစားနေလဲ မင်းမသိဘူးထုံး"
"ဟုတ်တယ် ငါတစ်ခုမှမသိသလို ငါနဲ့လဲမဆိုင်ဘူးမောင် ။ ငါ့ဝင်ဖြေရှင်းပေးရအောင် မင်းရဲ့မိသားစုက ငါ့ကို လူရာသွင်းလို့လား မင်းကရော ငါ့ကိုအကြီးတစ်ယောက်အနေနဲ့ ဘာများပြောပြဖူးလို့လဲ ဟုတ်ပါတယ် ငါက တောရွာကလာတဲ့ မထုံတတ်တေး ငနုံ ငအပဲ တောက်!!"
"မင်းကွာ!!"
ဆက်ထုံး ဘာမှပြောချင်စိတ်မရှိတော့တာမို့ အိပ်ယာမှထကာ အပေါ်ထပ် အင်္ကျီအကွက်လေးကောက်၀တ်လိုက်သည်။
"ဒါကဘယ်လဲ "
"တိုက်ခန်းပြန်မလို့ လိုအပ်တာလေးတွေ သွားယူမယ်။ မမြင်နဲ့ကိုထွန်းကိုလဲ မတွေ့ရတာကြာပြီ မင်းလိုက်မလို့လား"
"မလိုက်ပါဘူး ဒီနေ့မအားဘူး။လျှောက်သွားမနေနဲ့ အိမ်စောစောပြန်လား ဘာယူစရာများရှိသေးလို့လဲ အကုန်အစုတ်တွေပဲ ကျန်ခဲ့တော့တာမဟုတ်လား၊ ဒီမှာအကုန်ပြည်စုံနေတာကို ယူမနေတော့နဲ့ ထားလိုက် "
ဆက်ထုံး ရင်ထဲမှာ ဆစ်ခနဲ နာသွားသည်။
*အစုတ်ပြတ်တွေတဲ့လား မောင် မင်းနဲ့ငါပထမဆုံးဘဝစခဲတဲ့ အခန်းလေး ကပျော်စရာတွေအတိပါ၊ မောင်ပူမှာဆိုးလို့ သူဝယ်ပေးထားတဲ့ ပန်ကာလေးက အခုမောင့်အခန်းက Aircon လောက် မအေးရင်တောင် သူ့မေတ္တာတွေကအပြည့်၊ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဦး ပစ္စည်းလေးတွေ၊ ကြမ်းပြင်မှာအတူထိုင် သူခွံ့သမျှ ဒိုင်ခံစားခဲ့တဲ့ မောင်က အခုတော့အစုတ်တွေတဲ့လား ပြောရက်လိုက်တာ မောင်ရယ် မင်းမို့ ပြောရက်လိုက်တာ*
ဆက်ထုံး ကျအံဆဲမျက်ရည်တွေကို ထိန်းလိုက်ရင်း အံကိုကြိတ်လိုက်သည်။
"တောက်!!သဏ္ဍန်သုမောင် မင်းသိပ်တရားလွန်တယ်"
"ငါပြောတာ ဘာမှားလို့ ငါကိုပြန်အော်တာလဲ ထုံး"
"တောက်!!"
"ပိုက်ဆံယူသွားဦး"
"မင်း စောက်ပူမပါဘူး"
*နေပေါ့ စေတနာနဲ့ သူအဆင်ပြေအောင်ပြောရသေး ဒီလူအခုတစ်လော ဘာဖြစ်နေသည်မသိ၊ လူပုံ
ကြည့်တော့လဲ မလန်း ဒီမှာနေရတာ အဆင်မပြေစရာလဲ မရှိပါဘူး။ မေမေက သားငယ်သားငယ်နဲ့ ဒီလောက်ချစ်ပေးနေတာကို ဒီလူ ကိုကမာနတစ်ခွဲသားနဲ့ဖြစ်နေတာ*
သဏ္ဍန် အတွေးကိုဖြတ်လိုက်ကာ ရေချိုးဖို့ပြင်ရတော့သည်။ မနက်စာ စားပြီ သွယ်ဆီပြေးရဦးမည်။
သွယ်ကိုသူ့ရဲ့Compnay မှာ ရှယ်ယာထည့်ဖို့ ဒီနေ့သူ ပြောရမည်။
သူနောက်ကြလျှင် ထိုအမိက စိတ်ကောက်တော်မူဦးမည်။
ရေမြန်မြန်ချိုးရမှာမို့ သီချင်းတစ်အေးအေးလေးနဲ့ သဏ္ဍန် ရေချိုးခန်းထဲ ဝင်ခဲ့သည်။
"ဒါက ဘယ်လဲ "
"တိုက်ခန်းကို လိုတာလေးတွေယူဖို့ ခဏပြန်မလို့ပါ အန်တီ"
"ငါအိမ်ကို ရူပ်ရူပ်ယှက်ယှက် တွေ ယူမလာနဲ့နော် အိမ်ကျက်သရေ မရှိဘူး "
"ဟုတ်ကဲ့ပါ အန်တီတို့ရဲ့ ကျက်သရေ ရှိလှတဲ့ အိမ်ကို အန်တီသား နေခဲ့တဲ့ ကျက်သရေ မရှိတဲ့ ပစ္စည်းတွေ ယူမလာပါဘူးဗျ
အန်တီ့သား ကျက်သရေ တွေ ယုတ် ကုန်မှာဆိုးလို့ပါ"
"မင်း ! !"
"တော်ပြီ ထင် မင်းလဲနေရာတကာ လိုက်ပြောမနေနဲ့"
"အို ကိုကြီးဘာသိလို့လဲ အဲ့ကောင်လေးကို သားမျက်နာနဲ့မို့သည်းခံနေတာ တစ််ကယ့်အရိုင်းစိုင်း လေး"
ဆက်ထုံး ရင်ထဲတွင်အော်ရယ်လိုက်မိသည်။ ပလောင်းပလဲ တတ်လွန်းသည့် ယက္ခမကြီးအား ကြည့်ကာ အစာမရှိတဲ့ ဗိုက်ထဲကတောင် ပျို့တတ်လာသည်။
"ဟုတ် ကျက်သရေ နဲ့ပြည်စုံ ယဥ်ကျေးလိမ်မာတဲ့ အန်တီ ကျွန်တော် သွားလိုက်ပါအုံးမယ်ဗျ"
"ကြွဟေ့ ကြွကြွ စောစောစီးစီးကျက်သရေကိုမရှိဘူး။ ပြန်လာ ချင်းမှပြန်လာ၊ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ရအောင် ငါအိမ်ကဇရပ် မဟုတ်ဘူးနော် "
ဆက်ထုံး ရယ်လိုက်မိသည်။ ဇရပ်ကမှ အန်တီအိမ်ထက် အေးချမ်းဦးမည်ဟု သူမပြောတော့ပါ ။ ကားဂိတ်ရောက်အောင် လျှောက်ရဦးမည်မို့ သူထိုရှေ့ကသာမြန်မြန်ထွက်လာခဲ့သည်။မဟုတ်လျှင် ထိုအိမ်တွင် သူပူလောင်လွန်းလို့ပါ။
"ဘာတွေ ဖြစ်နေတာလဲ မေမေ ဆူညံနေတာပဲ"
"အို ဘာဖြစ်ရမှာလဲ သားရဲ့အကောင်ပေါ့ မေမေက သူပစ္စည်း တွေ ပြန်သွားယူမှာမို့ ကိုမြင့်ကို ကားနဲ့ထဲ့ပေးမလို့ဟာကို မေမေ့ကို ရန်တွေ့သွားလိုက်တာများ။ အမလေး သားမျက်နာကြောင့် သာသည်းခံလိုက်ရတာ မေမေ့ရင်တွေနာလိုက်တာ ဟင့်ဟင့်.."
"ထင်.."
"ကိုကြီး အသာနေစမ်းပါ"
"မငိုပါနဲ့မေမေရယ် သားထုံးကိုပြောပါ့မယ် ထုံးက အဲ့လိုလူစားမျိုး မဟုတ်ပါဘူး အပြောင်းလဲမှာမို့ စိတ်နဲနဲဆတ်နေလို့ပါ"
"ကောင်းပါတယ် ကောင်းကြပါတယ် ဒီအမေက ကျွန်မကမကောင်းတာပါ ကျွန်မကသာလူဆိုးမကြီးပါ"
"ဟာ မေမေကလဲ သားဘဝမှာ မေမေကအကောင်းဆုံးပါ ရွှတ်!မငိုနဲ့တော့တိတ် "
သဏ္ဍန် မေမေ့ပါးလေးကိုနမ်းကာ ပြေးထွက်ခဲ့သည်။
"ဟဲ့ မနက်စာ မစားသွားတော့ဘူးလား"
"သွယ်နဲဲကြမှ စားလိုက်တော့မယ်မေမေရေ အရေးကြီးနေလို့"
"ကားကို ဖြည်းဖြည်းမောင်းနော် "
"ဟုတ်မေမေ"
ဒေါ်ထင်သဏ္ဍန် ပြုံးလိုက်သည်။ ငါ့သားလို့ ရွှေလင်ပန်း နဲ့အခြင်းဆေး မင်းမွေးသည့် သားလို့ထားတဲ့ သူကို ဒင်းလို ရွာကြိုရွာကြား ဇနပုဒ်က လူတွေနဲ့ ဘဝကို တစ်သက်လုံး မကုန်ဆုံး ခိုင်းနိုင်ပါ။ သူတတ်နိုင်သလောက်တော့ သွယ်လေးနဲ့နီးစပ်ဖို့ လုပ်ပေးရမည်။
>>>>>>>>>>>>>>>>>>>>>>>
"ထိုင် ....ဆက်ထုံးလေး မမြင့်က လွမ်းနေတာ ကလေးရယ် ကြည့်ပါဦး ပိန်သွားလိုက်တာ"
"အဆင်ရောပြေရဲ့လားညီလေး ဟိုမှာနေရတာရောဘယ်လိုလဲ
သဏ္ဍန်ကရော ဂရုစိုက်ရဲ့လား "
"ဟုတ် အဆင်ပြေပါတယ် သဏ္ဍန်က company ကိစ္စ တွေနဲ့ အားတယ်လို့မရှိပါဘူးကိုကြီးရာ"
"အေးပေါ့ကွာ သူအဆင်ပြေတော့လဲ မင်းနားနားနေနေ နေလို့ရတာပေါ့ မင်းလဲ ဒီတစ်လျှောက်လုံး ဘယ်လောက်ပင်ပန်းခဲ့လဲ ငါတို့အသိဆုံးပဲလေ"
"မမြင်နဲ့ကိုထွန်းကို သိပ်လွမ်းနေတာ ယွန်းလေးရော"
"မင်းညီမလေး က
ကျောင်းသွားတယ်လေ မင်းမရှိတဲ့နောက်ပိုင်း မေးလိုက်တာ အရမ်းပဲ ငါတို့ဖြင့် မနဲပြောပြထားရတယ်"
"ကျွန်တော် လဲသတိရပါတယ်ဗျာ "
မျက်နာ မကောင်းသော ကောင်လေးကို ကြည့်ကာ မမြင့် သက်ပြင်းချမိသည်။ သူသာ ကိုထွန်းကိုယူခဲ့တာ ယက္ခမ မရှိသည့်မို့ဒဏ်မခံရသော်လဲ မြင်နေကြပတ်ဝန်းကျင်တွင် ထိုအရာတွေကို သူနားလည်နိုင်သည်။
ဘယ်လောက်ပဲ ပြေလည်တယ် ပြောပြော ညိုးငယ်နေသော ဆက်ထုံးလေး မျက်နာက အဆင်မပြေနေတာအသိသာပင်။ သို့သော် ကလေးစိတ်မကောင်းမှာဆိုး၍ သူအတင်းမမေးတော့ပါ။
"အဲ့ဆို ငါညီ မမြင့်နဲ့နေခဲ့ဦးကွာ အကိုကားကိစ္စ လေးရှိသေးလို့ သွားရဦးမယ်"
"သွားသွား ကျွန်တော်က ရတယ်
ညနေမှ ပြန်မှာ"
ကိုထွန်း ထွက်သွားတော့ မမြင့်ဆီက သော့တောင်းကာ အပေါ်ထပ်သို့ တတ်လာခဲ့သည်။ သူအခန်းလေးကို ဖွင့်ဖွင့်ချင်း သူရင်ထဲက နာပြီးမွန်းကြပ်နေသည်။
မောင်ကသူပြန်လာရင် အမြဲစနောက်နေတတ်ပြီး သူ့ကိုနောက်ကနေဖက်ကာ အမြဲနမ်းရူံ့နေတတ်သည်။
အဲ့လိုမလုပ်ဖို့ ပြောရင်မောင်က သူကိုနမ်းရတာ အများကြီးသဘောကြသည်တဲ့ သူပြုံးလိုက်မိသည်။ထိုအရာတွေကို မောင်မေ့သွားပြီလား မောင့်အလုပ်ဆိုတဲ့ အကြောင်းပြချက်များဖြင့် အားလုံးကိုမေ့ပြစ်လိုက်သည်
လား ။
သူဖုန်လေးတွေ ရှင်းကာ ဘာလုပ်ရမယ် မသိသဖြင့် ထိုင်နေလိုက်သည်။ နေရာအနှံကို လိုက်ကြည့်ကာ သူငိုချင်သည့် စိတ်ကို မနဲထိန်းထားပေ့မယ့် တစ်ချက်တစ်ချက် ကျလာတဲ့မျက်ရည်တွေကိုသူ စိတ်ပျက်မိသည်။
"ဆက်ထုံး... ကလေး မမြင့်ဝင်လာမယ်နော်"
"ဟုတ်မကြီး "
မျက်ရည်တွေကိုကမန်းကတမ်းသုတ်ရင်း သူဆိုလိုက်သည်။
"ဒီမှာ ဆက်ထုံးကြိုက်တတ်တဲ့ အသုပ်နဲ့လက်ဖက်ရည် ဝယ်လာခဲ့တယ်၊ စားလိုက်ဦး မနက်ထဲကဘာမစားရသေးဘူးမလား "
ဆက်ထုံး ခေါင်းကိုငုံထားမိသည်။ မမြင့်ရှေ့မှာ သူမငိုချင်။။ မောင့်ကို အပြစ်ပြောကြမှာသူမလိုလား။ ဒါပေ့မယ့် သူပေါက်ထွက်ပစ်ချင်သည်။ မွန်းကြပ်ပိတ်လှောင်နေသော သူရင်ကိုဖွင့်ကာ အော်ဟစ်ငိုချင်မိသည်။
"ဆက်ထုံး မောင်လေး ဘာဖြစ်တာလဲဟင် ငိုနေတာလား။ ဘာဖြစ်လို့လဲ ကလေးရယ် မမြင့်ကိုပြောပြ ။ မမြင့် ရင်တွေပူလိုက်တာ တစ်ယောက်ထဲမခံစားနဲ့လေ မမြင့်ကိုရင်ဖွင့်လို့ရတယ်ကလေး "
သူမမြင့်ရင်ခွင်ထဲခေါင်းတိုးဝင်လိုက်ကာ မမြင်ဖက်၍ ငိုချပြစ်လိုက်တော့သည်။
"ဟီး..အီး သူတို့က သားကို မိသားစုလိုမသတ်မှတ်ကြဘူးမကြီး သားကို နိုင်တယ် နိုင်ချင်ကြတယ် မောင်ကလဲ မောင်ကလဲ"
"ပြောပါဦး သဏ္ဍန် ကဘာဖြစ်လဲ ဘာဖြစ်တာလဲ လို့"
"သားကို ဂရုမစိုက်တော့ဘူး၊ သူအရင်အဆက်ဟောင်းနဲ့ အလုပ်ဆိုပြီ တစ်ပူးပူးတစ်တွဲတွဲလုပ်နေတယ် ဟင့် ဟီးအီးသားနားမှာသားဘက်မှာ ဘယ်သူမှ မရှိကြတော့ဘူး ဟင့်ဟီးအီး "
"ငိုလိုက် ရင်ထဲမှာခံစားရတာတွေကို ရှင်းထုတ်လိုက် ကလေး မမြင့်ရှိတယ်နော် မမြင့်ကဆက်ထုံးအနားမှာ အမြဲရှိတယ် ငိုလိုက် အားရပါးရငိုချလိုက်"
မမြင့်က ဆက်ထုံး ခေါင်းလေးပုတ်ကာ ချော့ရှာသည်။ ဒီလောက် လိမ်မာတဲ့ကလေး သည်းခံပေးတတ်တဲ့ကလေးကို ဘယ်လိုလူတွေက လုပ်ရက်တာလဲ။ သဏ္ဍန်ကရော ခေါ်သွားပြီးကာကွယ်မပေးဘူးလား။ ဒီကောင် တွေ့မှ ပြောကိုပြောရမည်။
"သား ဟင့် ဟင့် ဗိုက်ဆာနေတာ ဗိုက်အရမ်းဆာနေတာ "
"စားလေ စားလိုက် ကလေး ဒီမှာ မမြင့်ဝယ်လာတယ် စားလိုက်"
ဆက်ထုံးလေး မျက်ရည်တွေနဲ့ရိူက်ကာ အသုပ်တွေကို အတင်းထိုးသွပ်နေသည်။ သူနံဘေး ကနေကြည့်ရင်း မျက်ရည်ပါကျမိသည်။
"ဖြည်းဖြည်း စားပါဆက်ထုံးရယ် လက်ဖက်ရည်လဲသောက် ဘာမှမပူနဲ့ မမြင့်တို့က သားအနားမှာ အမြဲရှိနေမှာကိုနော် "
"မောင်က မောင်က ဟင့် ဟင့် သားကို မချစ်တော့ဘူး မချစ်တော့ဘူးနေမှာ ဟင့်ဟင့် အီး... "
"သူ အလုပ်တွေမအားလို့နေမှာပါ ဆက်ထုံးလေးရယ်"
"သူ သားဝယ်ပေးထားတဲ့ ဒီအိမ်က ပစ္စည်းတွေ ကိုလဲ အစုတ်တွေတဲ့ ဟင့် အဟွတ်!!ဟွတ်!! "
"ဟော.... သီးကုန်ပြီ ဖြည်းဖြည်း စားပါဆို ဆက်ထုံးရယ် ရော့ရေသောက်"
ဆက်ထုံးလေးကရေသောက်ကာ
ရိူက်နေတုန်းပင် မမြင့်ရင်ထဲကြည့်ပြီးဘယ်လိုမှစိတ်မကောင်း။ ငါ့သားလေးကို မင်းဘယ်လိုတွေ သဘောထားနေလဲ သဏ္ဍန်။
"ဆက်ထုံး အမေတွေနဲ့ရော အဆက်သွယ် ရလား ဘာမှလှမ်းမပြောပြဘူး လား"
"တမင်မဆက်သွယ်တာ သိရင်အိမ်ကပြန်ခေါ်ကြမှာ ။ သားမောင်နဲ့မခွဲနိုင်ဘူးမကြီး အမေနဲ့အစ်မကိုလဲ စိတ်မဆင်းရဲစေချင်ဘူး သားရအောင်နေမယ် ရအောင်နေဦးမှာ"
"ဆက်ထုံးလေးရယ် မေမေတို့က ပြန်ခေါ်နေလို့လား."
"အဲ့လို မဟုတ်ပေ့မယ့် အခုလိုတွေသိရင် ချက်ချင်းပြန်ခေါ်မှာ သား မောင်နဲ့ မခွဲနိုင်ဘူး မကြီး
ဟုတ်တယ် ကျွန်တော် မောင်မရှိပဲ မနေနိုင်ဘူး ကျွန်တော် ရူးသွားလိမ့်မယ် မကြီးရဲ့"
"ဆက်ထုံးရယ်...."
ငိုရိူက်နေသော ဆက်ထုံး လေးအား မမြင့် ခေါင်းလေးကို အုပ်ကိုင်ကာ
နှစ်သိမ့်ပေးမိသည်။ ဘယ်သူအတွက် ဘယ်လောက်ဆိုးနေပါစေ ဘာတွေပဲ ဖြစ်နေပါစေ မိဘတွေက ကိုယ့်သားသမီးကိုတော့ အထိမခံနိုင်ကြပါ ။ ဒါတွေသိရင် ဆက်ထုံးကို သူအိမ်ကသေချာပေါက် ပြန်ခေါ်ကြလိမ့်မည်။
မင်းသန့်ပြောစကားအရ ဆက်ထုံးတို့ကလဲ အခြေမဲ့အနေမဲ့တော့မဟုတ်။ ထမင်းဆိုင်လေးနဲ့ ချမ်းသာသည်မဟုတောင် ပြေလည်သည့်မိသားစုတစ်ခု ။
အိုဘယ်လိုပင်ဖြစ်စေကာမူ ဘယ်သူအတွက်မှ အရာမဝင်ရင်တောင် ကိုယ်ဟာ ကိုယ်အိမ်ကရတနာချစ်မဝလေးတွေပဲ မဟုတ်ပါလား....
Ah Shin💛
(ဖြည်းဖြည်း လေးပဲဆူနော်😁😘)