မောင့်.....သက်ဆက်ထုံး (Comple...

By ShinThantMinMin8

686K 33.6K 3.2K

အလုပ်လွန် ကျွန်ဖြစ်တဲ့.... အချစ်လွန်တော့ အရူးမူးဖြစ်.... ပေးဆပ်လွန်ပြန်တော့ အရူံးဖြစ်တယ်တဲ့ဗျ...💛 More

အပိုင်း(1)🌴🌾
အပိုင်း(2)🌴🌾
အပိုင်း(3)🌴🌾
အပိုင်း(4)🌴🌾
အပိုင်း(5)🌴🌾
အပိုင်း(6)🌴🌾🔺
အပိုင်း(7)🌴🌾
အပိုင်း(8)🏙
အပိုင်း(9)🏙🔺
အပိုင်း(10)🏙
အပို​င်း(11)🏙
အပိုင်း (12)🏙🔺
အပိုင်း(13)🏙
အပိုင်း(15)🏙
အပိုင်း(16)🏙
အပိုင်း(17)🏙
အပိုင်း(18)🏙
အပိုင်း(19)🏙🔺
အပိုင်း(20)🏙
အပိုင်း(21)🏙
အပိုင်း(22)🏙
အပိုင်း (23)🏙
အပိုင်း(24)🏙
အပိုင်း(25)🏙
အပိုင်း(26)🏙
အပိုင်း(27)🌾🌴
အပိုင်း(28)🌾🌴
အပိုင်း(29)🏙
အပိုင်း(30)🌾🌴
အပိုင်း(31)🌾🌴
အပိုင်း(32)🌾🌴end
အပိုင်း(1)🌾🌴Zawgyi
အပိုင်း(2)🌾🌴Zawgyi
အပိုင်း(3)🌾🌴Zawgyi
အပိုင်း(4)🌾🌴Zawgyi
အပိုင်း(5)🌾🌴Zawgyi
အပိုင်း(6)🌾🌴Zawgyi
အပိုင်း(7)🌾🌴Zawgyi
အပိုင်း(8)🏙Zawgyi
အပိုင်း(9)🏙🔺Zawgyi
အပိုင်း(10)🏙Zawgyi
အပိုင်း(11)🏙Zawgyi
အပိုင်း(12)🏙🔺Zawgyi
အပိုင်း(13)🏙Zawgyi
အပိုင်း(14)🏙Zawgyi
အပိုင်း(15) 🏙Zawgyi
အပိုင်း(16)🏙Zawgyi
အပိုင်း(17)🏙Zawgyi
အပိုင်း(18)🏙Zawgyi
အပိုင်း(19)🏙Zawgyi
အပိုင်း(20)🏙zawgyi
အပိုင်း(21)🏙️zawgyi
အပိုင်း(22)🏙️zawgyi
အပိုင်း(23)🏙️zawgyi
အပိုင်း(24)🏙️Zawgyi
အပိုင်း(25)🏙️Zawgyi
အပိုင်း(26)🏙️zawgyi
အပိုင်း(27)🌾🌴Zawgyi
အပိုင်း(28)🌾🌴zawgyi
အပိုင်း(29)🌾🌴zawgyi
အပိုင်း(30)🌾🌴zawgyi
အပိုင်း(31)🌾🌴zawgyi
အပိုင်း(32)end🌾🌴zawgyi
Extra🌾🌳(1)
Extra (2)🌾🌳
Hello book 📕📕
bl

အပိုင်း(14)🏙

12.8K 813 87
By ShinThantMinMin8

"ဘာ! အဲ့ကောင်က အဲ့လိုပဲပြောလိုက်လား သမီး"

"ဟင့်ဟင့် ဟုတ်တယ် အန်တီထင် သမီးက သဏ္ဌန်ခက်ခဲနေမှာဆိုးလို့ ကူညီမလို့ပါ။  သူကမလိုဘူး သူထားပေးနိုင်တယ်တဲ့ ပြီးတော့ သမီးကို ရိုင်းရိုင်းပျပျဆက်ဆံလိုက်တယ်အန်တီ "

"တောရွာဇနပုဒ်က အပုပ်ပွတွေဆိုတော့ စရိုက်ဆန်မှာပေါ့သမီးရယ်"

"ဟုတ်မယ် အန်တီထင် သဏ္ဌန်ကိုလဲ ဘယ်လိုစည်းရုံးထားတယ် မသိဘူး။ သမီးကို သဏ္ဌန်ကလဲ နှင်တယ် အန်တီ ဟင့်"

"ငိုမနေပါနဲ့ သမီးရယ် အန်တီသားကို အန်တီရအောင် ပြန်ခေါ်မယ် သမီးလေးကသာနားလည်ပေးမယ်မလားဟင် "

"အန်တီသာ သဏ္ဌန်ကို ပြန်ခေါ်ပေးပါ သမီးအဲ့လို ယောကျ်ားချင်း လက်ထပ်တာတွေကို အယုံအကြည်လဲမရှိဘူး၊ အဓိကသဏ္ဍန်ဖြစ်နေရင် အကုန်နားလည်လက်ခံပေးနိုင်ပါတယ် အန်တီ"

"ကျေးဇူးပါသမီးလေးရယ် အန်တီ သားကို ရအောင်ပြန်ခေါ်ပါ့မယ် အဲ့လို့ စရိုက်တွေ ကြားမှာ သားကိုကြာကြာမထားနိုင်ဘူး အန်တီရူးရလိမ့်မယ်"

"သမီးလဲ သဏ္ဌန် ပြောင်းလဲသွားတာကိုကြည့်ပြီး အရမ်းအံသြမိတယ် အန်တီ"

"ဟင့်ဟင့် အန်တီသားလေး"

ဒေါ်ထင်သဏ္ဍန် ထိုင်ချကာချုံးပွဲချငိုတော့သည်။ သားလေးက မွေးထဲက ဖူးဖူးမူတ်ထားခဲ့တာ သူနဲ့တစ်ရက်တောင်မခွဲဘူး။ လိုတိုင်းတ ရချင်တာအကုန် လက်ညိုးထိုးမလွှဲ နေလာခဲ့ရတဲ့ သားလေး အခုတော့ တိုက်ခန်းစုတ်လေးမှာ စားပွဲမပါတဲ့ ထမင်းဝိုင်းကို စားပြီး ဘာကြောင့်မိဘရင်ခွင်ကို စုန်ကန်ချင်ရတာလဲ သားရယ် ။ အမေရင်ထဲမချိလိုက်တာ ဘယ်လိုအောက်တန်းစားတွေကြောင့် အမေရင်ကို စုန်ကန်ရတာလဲ ကွယ်။

မြမိုးသွယ် အန်တီထင်ကို ဖက်၍ နှစ်သိမ့်ပေးနေလိုက်သည်။ သူလိုချင်တာရဖို့ ဘယ်သူကို စတေးရ စတေးရ သူမမူ့ပါ သဏ္ဌန်ကို သူချစ်လာရတာကြာခဲ့ပြီ သူပိုင်ပြီးဆိုတဲ့ အရာကို ဒင်းက ဘာအဆင့်တန်းရှိလို့ငါဆီက လူယူသွားရတာလဲ။  မြမိုးသွယ် အပိုင်ကို လာထိရင်ဘာဖြစ်သွား နိုင်လဲ မင်းသိဖို့ကောင်းတယ် သက်ဆက်ထုံး ။

သွယ် ဟန်ဆောင်မူ့အပြည့်ဖြင့် အောင်နိုင်သူ တစ်ယောက်လို ပြုံးလိုက်တာကို သူကလွှဲ၍ ဘယ်သူမှ မသိနိုင်ပါ။

>>>>>>>>>>>>>>>>>>>>>>>>

ဆက်ထုံး မနက်လေးနာရီထ မောင့်အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင် အကုန်အဆင်သင့်လုပ်ထားပေးပြီး ကပျာကယာ ရေချိုးကာ အလုပ်ကိုပြေးရသည်။ 

ဟိုရောက်တာနဲ့တန်းချက်ပြုတ်ရကာ ဆက်ထုံးခင်များ မနက်ဆယ်တစ်လောက်ထိကို ထိုင်ရတယ်မရှိပဲဟင်းတွေ မျိုးစုံအောင် ချက်ပေးရသည်။

ဆိုင်က အသစ်ဆိုပေမယ့် အတော်လေးရောင်းရသည်။ လက်ရာကောင်းတယ်ဟု နာမည်ရသဖြင့် ဆိုင်ရှင် မသူဇာကလဲ သူကိုအရေးပေး ဆက်ဆံသည်။သို့သော်လဲ မနာလိုသူတွေတော့ ပိုများလာရတာပေါ့ လူသဘာဝပဲမဟုတ်လား။

"ဟဲ့ သူက ယောကျ်ားချင်းလက်ထပ်ထားတာတဲ့"

"ဟင် အဲ့ဆိုသူကအခြောက်ပေါ့ မထင်ရဘူးနော်"

"ဟုတ်ပ့ဟယ် ရုပ်ကြည့်တော့လဲ နွဲ့လျမနေပါဘူး"

"အမလေး တွေးကြည့်လိုက်ရင်
ကြက်သီးထတယ် သူတို့ဘယ်လိုများ နေကြလဲမသိဘူးနော်"

ဆက်ထုံး ကြားနေကြစကားတွေကို လျစ်လျူရှူ့ကာ ချက်စရာရှိတာများကို မြန်မြန်လက်စသတ်နေရသည်။ သူနားချိန်တွင် လမ်းထိပ်မှာ ကိုထွန်းနဲ့လိုက်ကာ ကားတင်ကားချ လုပ်ကူလျှင်အပိုဝင်ငွေရတာ​မို့ သူပြေးလုပ်လိုက်ချင်သေးသည်။ ထိုအရာတွေကို လိုက်ခံစားနေဖို့ သူ့မှာအချိန်မရှိပါ။

" ကောင်မတွေ စကားမများပဲ အလုပ်ကိုဂရုစိုက် သူများစောက်တင်း အားအားရှိ ပြောမနေကြနဲ့ "

"ဟုတ် ဂျာကြီး !!"

ကောင်မလေးတွေ လျှာလေးထုတ်ကာ ပါးစပ်လေးတွေ ပိတ်ထွက်သွားတော့ ဆက်ထုံး သက်ပြင်းသာ ချမိသည်။ အော်လူတွေလဲ သူများအကြောင်းဆို ပါးစပ်အရသာခံချက်က ပြောမပြတတ်အောင်ပါပဲ ။

"ထုံးလေး ပြီးတော့မှာလား"

လာပြန်ပြီ တစ်ယောက်

"ကိုစည်သူ ကျွန်တော်ကို အဲ့လိုခေါ်တာမကြိုက်ပါဘူးလို့ ဘယ်နှစ်ခါပြောရမလဲ"

"ကိုက ရင်းနှီးတစ်မူ့နဲ့ပါ ထုံးလေးရဲ့"

"ကျွန်တော် မကြိုက်ဘူးခင်မျ နောင်မခေါ်နဲ့ "

မောင့်ခေါ်နေကြ နာမ်စားလေးအား မည်သူမျှ ခေါ်တာသူသဘောမကြပါ။ ထိုလူ သူကိုယောကျာ်းချင်း ယူထားမှန်း သိထဲက ရိသဲ့သဲ့အမြဲလုပ်ချင်သည်။ သူအလုပ်ကြောင့် သည်းခံထားရကာ မဟုတ်ရင်စောက်ခွက်စုတ်အောင် ဆွဲထိုးမိတော့မည်။

ယောကျာ်းချင်းယူထားတိုင်း ယောကျ်ားတိုင်း ကြိုက်သည်ဟု မဆိုနိုင်။ကြိုက်လဲမကြိုက် ခုချိန်ထိ မောင်ကလွှဲပြီးလဲ သူဘယ်သူကိုမှ မကြိုက်သလိုကြည်ပင်မကြည့်ခဲ့ဖူး။ စိတ်ကူးမပြောနဲ့ အတွေးနဲ့တောင် ဘယ်သူကိုမှ သူမတွေး။

"ok ok ...relax ကို မင်းမကြိုက်ရင် မခေါ်တော့ဘူး အလုပ်ပြီးရင်တော့ ခဏနားလိုက်ဦး လောလောဆယ် ဒါလေးသောက် ဒီထက်မောနေရင်တော့ ကို ဟိုအခန်းလေးထဲကကိုယ်စောင့်နေမယ်"

သူ့ကို မျက်စိတစ်ဖက်မှိတ်​ပြကာ ထွက်သွားသော ထိုလူအား ဆွဲထိုးချင်တဲ့ စိတ်တွေကို မနည်းထိန်းလိုက်ရသည်။ လက်ထဲတွင် ထိုလူထည့်ပေးသွားသော Shark ဘူး။

"ဖောင်း!!!"

သူရဲ့ ဒေါသတွေကို ထို Sharkဘူးပေါ် ပုံချကာ နံရံကို ပြစ်ပေါက်ပြစ်လိုက်သည်။ လူကမောရတဲ့အထဲ ထိုတနှာရူး အောက်တန်းစားတွေက တစ်မျိုး၊ စောက်တင်းတုပ်တဲ့ ကောင်မတွေက တစ်မျိုးနဲ့ လခများနေလို့သာ သူသည်းခံနေတာ မဟုတ်ရင် သူအကုန်ရိုက်ခွဲ ပြစ်မိမှာ အမှန်ပင်။

"စိတ်လျှော့ပါ ဆက်ထုံးရာ "

"ကိုထွန်းစဥ်းစား ကြည့်ဗျာ တစ်ခါလာလဲ တိုးတိုး တိုးတိုး  နဲ့အခြောက်ဘာညာ ပြောပြန်ရော အဲ့ဒါကထားပါ လျစ်လျူရှူ့လိုက်လို့ရတယ်။ ဟိုအကောင် မန်နေဂျာစည်သူ အောက်တန်းစား လူကိုဗျာ ရိသဲ့သဲ့နဲ့ ကျုပ်များ ဘာထင်နေလဲမသိဘူး သူဖင်တတ်ချပေးလိုက်လို့ ရွာကဆွေမျိုးတွေအကုန်မေ့ကုန်မယ် ငလိုးမလူ!!"

"အဆင်မပြေရင် ထွက်လိုက်ကွာ အဲ့လိုကြငါတို့လဲ သည်းမခံနိုင်ဘူး"

"သဏ္ဌန် မျက်နှာကြောင့်ပေါ့ ကိုထွန်းရာ မဟုတ်ရင် ကျွန်တော် ထွက်တာကြာပေါ့"

"မင်းလဲ ချစ်တတ်ပ့ကွာ အခုလိုဖြစ်နေတာတွေ သဏ္ဌန်မသိဘူးလား"

"မပြောပါဘူး ကိုထွန်းရာ သူသိရင်လုပ်ခိုင်းတော့မှာ မဟုတ်ဘူး သူလဲ ကျောင်းတစ်ဖက်နဲ့ဆိုတော့ နောက်ဆံမတင်း စေချင်ဘူးဗျ"

"မင်းလဲ နားနားနေနေ နေပါဦးကွာ
ချက်ရပြုတ်ရ ပင်ပန်းရတဲ့ထဲ ငါအလုပ်ပါလာကူနေတော့ ကြာရင် မင်းအတွက်မကောင်းဘူး ဆက်ထုံးရ "

"ကျွန်တော် ရွာသားပါဗျ အလုပ်ကြမ်းအကုန်လုပ်နိုင်တယ်။ ဟဲ ကိုထွန်းကသာ မကြည့်ရက်ရင်မုန့်ဖိုးပိုပေးပေါ့ ကျွန်တော်က အလုပ်ကိုနှစ်ဆလုပ်ပေးမယ်"

"အမလေး ကိုငွေခင်ရယ် ပေးပါ့မယ်ဗျာ ပေးပါ့မယ် အိမ်ကမိန်းမ သာမင်းလိုသိတတ်ရင် ရွှေတောင်လမ်းကြားမှာ ငါတို့တိုက်ဝယ်လို့ရနေလောက်ပြီ "

"ဟား....မမြင့်နဲ့တိုင်မှာနော်"

"တော်ပါကွာ တစ်နေ့တစ်နေ့ ကလေးကျောင်းပို့ပြီတာနဲ့ ကြည့်လိုက်တဲ့ BLကား ဖတ်လိုက်တဲ့ Blဝတ္ထု ဝယ်လိုက်တဲ့စာအုပ် မပြောချင်တော့ပါဘူးကွာ "

"အမယ် မကြီးက  ကိုထွန်းကိုချစ်ပါတယ်နော်"

"တော်စမ်ပါး ဘာတဲ့ acc nameတောင် ဓနဗီဇခြားကွန်ထင်ရာစိုင်းတို့ရဲ့ ပူတူးတူးလေး တဲ့ လက်မြောက်ထားပါတယ်ကွာ"

"ဟားဟား ဟား! !!ဘယ်လိုကြီးတုန်း"

ဆက်ထုံး ဘာမှန်းမသိပေ့မယ့် သိပ်လဲမရယ်ရဲ သူacc nameကလဲ ထိုနဲ့သိပ်မကွာ ပေ့မို့ သူရယ်ချင်စိတ်ကိုထိန်း ကားပေါ်ကပစ္စည်းတွေသာ ချဖို့ လုပ်လိုက်တော့သည်။

>>>>>>>>>>>>>>>>>>>>>>>>

ဆက်ထုံးအိမ်ပြန်ရောက်တော့ ညနေငါးနာရီပင် ထိုးနေပြီ ။ ရေချိုး အဝတ်စားလဲပြီး မောင်မနက်ကချွတ်ထားခဲ့သည့် အဝတ်တွေကိုအရင်ကောက်လျှော်လိုက်သည်။ 

မောင်ပြန်လာရင် စားဖို့ ဟင်းတွေကိုပြန်နွေး အဆင်သင့်ပြင်ထားကာ သူအိပ်ယာလေးပေါ်သို့တတ်ကာ  ခြေဆန့်လိုက်သည်။ သိပ်မကြာခင်မှာပဲ  ပင်ပန်းတဲ့အရှိန်ကြောင့်သူအိပ်ပျော်သွားတော့သည်။

အနားတွင် တိုးကာ သူကိုကပ်၍
နမ်းရိူက်နေသော မောင်ကြောင့် သူနိုးလာခဲ့သည်။

"ဟင် မောင်ပြန်လာပြီလား ဘယ်ချိန်ရှိနေပြီလဲ။ ဆောရီး ကွာ ငါအိပ်ပျော်သွားလို့ ထမင်းရော စားပြီပြီလား "

နာရီလှမ်းကြည့်တော့ ခုနှစ်နာရီပင် ထိုးနေပြီ။  မောင်ကသူမေးတာလဲ မဖြေ သူရင်ခွင်ထဲသို့ တိုးကာ သူရင်ဘတ်တွေကိုသာ နမ်းပြီးစုပ်ယူနေသည်။

"မောင် ဘာဖြစ်နေတာလဲ စကားပြန်ပြောပါဦး အ့ဟ့ာ! မောင်"

သဏ္ဍန် ပြန်မဖြေချင်။  သူဒီနေ့
အမေနဲ့တွေ့ခဲ့သည်။ အမေအရမ်းပိန်သွားသည်။ အရင်လိုလန်းဆန်းတတ်ကြွကာ ရွှင်လန်းနေတဲ့အမျိုးသမီး မဟုတ်တော့ပေ။ ညိုးငယ်သောမျက်နာ မရွှင်လန်းသော ပုံစံဖြင့် ဆေးရုံထဲ လှမ်းဝင်သွားသည်။

မေမေဒီနေ့ဆေးစစ်ရမှာ လို့သွယ်ပြောပြလို့ သူသွားချောင်းတာဖြစ်သည်။သူနူတ်ဆက်ချင်ပေ့မယ့် ဖေဖေပါလို့ သူသွားနူတ်မဆက်ရဲခဲ့။  သူမေမေကို သိပ်လွမ်းပါသည်။

ပြန်လာတော့လဲ အိပ်ပျော်နေသော အမျိုးသားလေးအား ကြည့်ကာ သူစိတ်မကောင်းပြန်။  သူအတွက် သူမိသားစုကို စွန့်ကာ သူလက်ကိုတွဲရဲရဲလိုက်ခဲ့သူ။ ညားပြီထဲက ခုချိန်ထိ ပန်းကန်တစ်ချပ် သူမဆေးရ ထုံးက အလုပ်မခံ အဝတ်ကအစအဆင်သင့် လျှော်ပေးရှာသည်။

ပိုက်ဆံ သူသုံးဖို့အဆင်သင့် သူ ကျောင်းတတ်ဖို့ပင်အလုပ်ဝင်လုပ်နေရှာသည်။  သူဒီအမျိုးသားလေးအပေါ် ရှက်စိတ်ရော အားနာစိတ်ရောဝင်ရပြန်သည်။သူ သားကောင်းတစ်ယောက်ရော လင်ယောကျာ်း ကောင်းတစ်ယောက်ပါ မဖြစ်နိုင်ခဲ့။ သူအရမ်းဝမ်းနည်းကာရှက်မိပါသည်။

"မောင် ဘာဖြစ်တာလဲကွာ ငါထမင်းထမခူးပေးလို့လား ဒါမှမဟုတ် အတူမစားလို့လား စိတ်ကောက်နေတာလား၊ ကလေးလေးလာမင်းက မော့ပါဦး မျက်နာကို"

အတင်းသာ တိုးဝင် ဖက်တွယ်နေသော မောင့်အားကြည့်ကာ ဆက်ထုံးသိလိုက်ပြီ။ သေချာတယ် မောင်တစ်ခုခုဖြစ်လာတာ။

"မောင် မင်း ငါ့ကိုမပြောရင် မောင်ကဘယ်သူကို ပြောမှာလဲ ပိုက်ဆံလိုလို့လား အိတ်ထဲမှာ ဒီတိုင်းထားထားတယ်။ မင်းကြိုက်သလို ယူသုံးလို့ ငါပြောပြီပြီလေ မလောက်ရင် ငါအိမ်က"

"မဟုတ်ဘူး မဟုတ်ပါဘူး"

"ဟင် မောင်ငိုနေတယ် ဘာလို့လဲ ဘယ်သူဘာပြောလို့လဲ ပြောပါဦး ငါစိတ်ပူတယ်လေကွာ"

"အမေ အမေနေမကောင်းဘူး
ထုံး "

"ဟင်"

ဆက်ထုံး တွေဝေသွားသည်။ အဲ့ဆိုမောင်က သူကိုထားပြီး ပြန်တော့မလို့လား။ မောင်ပြန်ချင်လို့ ငိုတာလား။ ထိုသို့သာဆို သူ ဆက်မတွေးရဲတော့ပါ။သို့သော်လဲ သူ မတားရက်။

"မောင် ပြန်ချင်လို့လား "

"ဟင်အင့် အမေ့ကို မြင်လိုက်တယ် အရမ်းပိန်သွားတယ် ထုံး"

"မင်းပြန်ချင်ပြန်လိုက်ပါ မင်းအမေတို့က ငါမပါရင်တော့ မင်းကိုကြည်ကြည်ဖြူဖြူ ပြန်လက်ခံကြမှာပါ"

"မောင် မပြန်ပါဘူး"

"အမေနေမကောင်းဘူးဆို မင်းစိတ်မချဘူးမလား"

"ထုံးကရော ထုံးကရှိသေးတယ်လေ"

"ငါ ငါ..ကရပါတယ် မင်းပြန်ချင်ရင် ပြန်လိုက်ပါ"

"ဟင်အင့် မောင်မပြန်ပါဘူး မောင်ထုံးနဲ့လဲ မခွဲနိုင်ဘူး"

"ဒါ ဒါပေ့မယ့် မင်းစိတ် အွန့်!"

"မပြောနဲ့တော့ ထုံးရာ နော်"

သူနူတ်ခမ်းတွေကို စုပ်ယူလာသော သူအမျိုးသားလေးအား သူမငြင်းရက်။ မနက်ထဲက ညနေထိပင်ပန်းထားသော သူခန္ဓာကိုယ်က ခုချိန်မှာ ဒါလုပ်ဖို့ ဘယ်လိုမှ အဆင်သင့်ဖြစ်မနေ။  သူပင်ပန်းတာကြောင့်ထင် စိတ်ကလဲ မပါပါ။

သို့သော် ကျန်းမာသန်စွမ်းသော သူအမျိုးသားလေး အလိုကျအတတ်နိုင်ဆုံး သူ့ဆန္ဒတွေ ကို ဖြည််ဆည်းပေးချင်သည်။ သူမငြင်းလိုက်ရက်ပါ မောင်လိုချင်တိုင်း ပေးဖို့သူအဆင်သင့်ပါပဲ ။ သူ တိုးဝင်လာသော နာကျင်မူ့ကို အံကြိတ်ခံကာ

*မောင်ရယ် ငါ့ကြောင့် မင်းစိတ်သက်သာရာ ရမယ်ဆိုရင် မင်းအလိုရှိသလောက် ယူပါတော့ကွာ*

Ah Shin💛

>>>>>>>>>>>>>>>>>>>>>>>

Continue Reading

You'll Also Like

1.7M 69.7K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
37.2K 1.2K 27
ကိုကို ကျွန်တော့်ဘဝထဲက ထွက်ပြေးဖို့မကြိုးစားနဲ့. ကျွန်တော်ခင်ဗျားကိုဘယ်တော့မှ လက်လွှတ်ပေးမှာမဟုတ်ဘူး ကိုကို့မေမေလိုချင်တဲ့ပိုက်ဆံကိုကျွန်တော်ပေးမယ် ကိ...
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
78.3K 3.1K 17
မင်းဆက်ပိုင်-ငါ့ရဲ့နှလုံးသားကို တစ်ခါလောက်ပဲဖြစ်ဖြစ် မင်းမြင်အောင်ကြည့်ပေးပါလား မိုး​သောက်​ယံ-ကျွန်တော် အကို့ကို အသက်ထက် ပိုချစ်တယ် ခေတ်သစ်သွေး-နှလုံ...