"ဟင်ဟုတ်လား "
"ဟယ်...ဟုတ်ရဲ့လား
မအာကျယ်ရယ် "
"အို...ဟုတ်လို့လား သူအမေကြားမှာဖြင့်အားနာစရာကြီး "
"အို ကျုပ်မဟုတ်ပဲ ပြောမလား ခုလေးတင် ကျုပ်တွေ့လာတာ။ နှစ်ယောက်လုံး အင်္ကျီမပါဘူးတော့ "
"ယောကျ်ား လေးချင်းရိုးရိုးသားသားအိပ်တာနေမှာပါဟဲ့"
"ရိုးသားမှတော့တစ်ယောက်နဲ့တစ်ယောက်ဖက်ထားပါ့မလားတော့်။ ကျုပ်အဲ့လောက်တော့ကြည့်တတ်ပါတယ် "
မအာကျယ် လူတွေယုံအောင်တမင်ဟန်လုပ်ကာ အာပေါင်အာရင်းသန်သန်နဲ့ဖောက်သည်ချတော့သည်။
"အမလေး ဘုရား ဘုရား
ယော်ကျားအချင်းချင်း ။ ကျုပ်သား တာဆို ရှက်လို့သေမှာ
ပဲ "
"ဟဲ့ ...အာကျယ် ညည်းက ဘယ်မှာတွေ့ခဲ့တာတုန်းအေ့ "
" အရီးကလဲ ရွာအပြင် သူကြီးလယ်နားလေးက တဲမှာပါဆို ။ ကျုပ် မနက် ပျိုးနူတ်ဖို့ သွားရင်းတွေ့ခဲ့တာ "
"အဲ့ဆို သူကြီးကိုအရင်သွားပြောရအောင် မဖြစ်သင့်တာတွေ ဖြစ်ကုန်တော့မှာပဲကွယ်"
"ဟုတ်တယ် ဟုတ်တယ် သူကြီးကိုအရင်သွားအကြောင်းကြားရမယ်။ မတော်တစ်ခြားရွာကတွေ့သွားရင်ရွာနာတယ်"
အားလုံးသူများမကောင်းကြောင်း
ပြောရမယ်ဆိုရင်အားလုံးဟာတက်ညီလက်ညီသူကြီးအိမ်ဆီတစ်အုံတစ်မကြီးသွားကြတော့သည်။ သူကြီးလဲသတင်းကြားကြားချင်းဒေါ်ရွှေမိ တို့အိမ်ကိုအရင်ပြေးရရှာတော့သည်။
"ဗျို့!! ဒေါ်ရွှေမိ ဆက်ထုံးရော "
"ညထဲက ပြန်မလာဘူးတော့ ပွဲခင်းထဲရှိမှာပ့"
ဒီတိုင်းဆိုအာကျယ်မပြောတာသေချာနေပြီမို့သူကြီး သက်ပြင်းချလိုက်သည်။ မပြောလျှင်လဲ မဖြစ် မိုးမလင်းသေး ရွာကလော် ဒေါ်အာကျယ်မ ကြောင့် တစ်ရွာကလုံးက သိနေကြပြီ။
ဆက်ထုံးလေးအပေါ်
သံယောဇဉ် ရှိသည်မို့ အချိန်မှီတား နိုင်မလား စိတ်လေဖြင့် ပြောပြဖို့ပြင်လိုက်သည်။
"ဟို နားနဲမနာ ဖဝါးနဲ့သာနာတော့ ရွှေမိရေ "
"ဘာဖြစ်လိုလဲ သူကြီး "
သူကြီး လက်တွေ့ကြ ပြောမထွက်ပြန် ။
"ဟိုရောက်မှသာကြည့်တော့ရွှေမိရယ် လာသွားကြရအောင်"
မင်းသန့်လဲ သူကြီးပြောတာကိုနားထောင်ရင်း စိတ်တော့ပူမိသွားသည်။ သဏ္ဍန်က ညထဲကပြန်မလာသူနေရာနှံ့နေပြီး လိုက်ရှာတာမတွေ့။
စိတ်ကလဲအတော်ပူနေပြီ
ကိုဆက်ထုံးက ဘာဖြစ်သည်မသိ သူသဏ္ဍန် အားရှာရင်း သူကြီးတို့ အဖွဲနှင့် ရွာထိပ်သို့ လိုက်သွားလိုက်သည်။
"အမလေး!! သားလေး ဆက်ထုံး
ထစမ်းသား ဘာလို့ဒီမှာ အိပ်နေတာလဲ၊ ဟိုကလေးကရော ဘာလိုလဲ
ဘာလို့အတူအိပ်နေတာ ဟင်!!"
ဒေါ်ရွှေမိ လန့်ဖြန့်သွားမိသည်။ သားတစ်ကိုယ်လုံး အနီရောင် ကိုက်ရာတွေနှင့် ပြည့်နေကာ လည်ပင်းတေ ရင်ဘတ်တွေမှာ မြင်မကောင်း။ ဘာတွေဖြစ်နေတာလဲ ဘာတွေလဲသူတို့ချင်းများ ဘုရားဘုရားသူ ဆက်လိုပင်မတွေးရဲတော့ချေ။
*ဟင်အင့် ဟင်အင့် သားကအဲ့လိုလူမျိုးမဟုတ်ဘူး မဟုတ်ဘူးလို့*
ဒေါ်ရွှေမိရင်ထဲမှာပြင်းထန်စိုးရိမ်စွာရေရွတ်ရင်းသားကိုထုရိုက်နေမိသည်။
အမေ့ရဲ့ ထုရိုက်နိုးသံကြောင့်
ဆက်ထုံး အလန့်တကြား ထကာ တွေ့ရာအင်္ကျီကိုကောက်ဝတ်လိုက်သည်။ ဘေးကို ကြည့်လိုက်တော့ အမေနှင့် သူကြီး။
တဲအောက် မှာကရွာကလူအုပ်ကြီး က၀ိုင်းကြည့်တေကြသည်။ရှက်စရာကောင်းလွန်း၍ ဆက်ထုံး ခင်မျာခေါင်းပင်မဖော်နိုင်တော့ချေ။
ရှက်သည့် စိတ်ရော သိမ်ငယ်သည့်စိတ်ပါပေါင်းကာ သေသွားချင်သည့်စိတ်သာသူ့မှာရှိတော့သည်။ ညက သူသတိလစ်သွားသည်ထင် အခု အမေ့အသံကြားမှ သူပြန်နိုးလာခြင်း ဖြစ်သည်။
"သားမေမေကို ပြောစမ်း အမေကိုပြော တစ်ကယ် မဟုတ်ဘူးမလား
သူများတွေ ပြောနေကြသလိုမဟုတ်ဘူးမလား သားအရက်မူးပြီး ဒီတိုင်းလေး အိပ်ပျော်သွားတာမလား ဒီတိုင်းလေးပဲဟုတ်တယ်မလားသား...."
"အန်တီ သားရှင်းပြမယ်၊ ကျွန်တော် ရှင်းပြမယ် "
သဏ္ဍန် လဲလန့်နိုးလာကာအဖြစ်ပျက်အားလုံးကို သူသဘောပေါက်လိုက်သည် ။ ညကအဖြစ်တွေပြန်တွေးရင် ထိုလူအား သူ ဘယ်လို မျက်နာနှင့် ပြန်ကြည့်ရမယ်တောင် သူမသိတော့ပေ။ သူကျူးလွန်ခဲ့မိတဲ့ပြသာနာမို့ သူတာဝန်ယူဖြေရှင်းသင့်သည်။
"မပြောနဲ့!! မင်းမပြောနဲ့ ငါ့သားဘာမဖြစ်ဘူး မင်းတို့အထင်လွှဲနေကြတာ ငါ့သားက ယောကျာ်းလေး
ဒါမျိုး အလုပ်ဘယ်တော့မှ မလုပ်ဘူး"
အန်တီက အော်ငိုကာဆိုတော့ မင်းသန့်ကပါ ဒေါသထွက်နေသည်။
"သဏ္ဍန် သဏ္ဍန် မင်း!!မင်းကွာငါ့ ကိုကြီး ကိုမှ မင်းလုပ်ရက်တယ်"
"မဟုတ်ဘူး၊ မင်းသန့် ငါတမင်လုပ်တာမဟုတ်ဘူး ငါရှင်းပြမယ်.."
မင်းသန့် သူငယ်ချင်းနဲ့ အစ်ကိုကြား ဘယ်လိုပင်မျက်နာ ထားရမလဲမသိတော့ပေ။ ကိုကြီး ဆက်ထုံးကလဲ အရီးရဲ့ရင်ခွင်ထဲ တွေတွေကြီးနဲ့ ငြိမ်နေရှာသည်။
"အေ့ဟယ် ယောကျ်ားလေးခြင်းကို ရွံစရာဟာ "
"အခြောက်တွေ တို့ရွာမထားနဲ့ ရွာနာတယ် "
"ဆက်ထုံးက သဘော
မတူပဲ လုပ်တာဆိုရင်ရော"
"ဒါဆိုရင်တော့ တို့ရွာလာ စော်ကားတာပဲချရမှာပေါ့ကွ !!"
အကုန်တစ်ယောက် တစ်ပေါက်နဲ့
ဝုန်းဒိုင်း ကြဲကုန်ကျသည်။ ရွာသားတွေတဲပေါ်တက်လာကြမည်အပြု ဆက်ထုံး သဏ္ဍန်အရှေ့ကို ကိုယ်လေးရွေ့ကာ ကာလိုက်သည်။
"မဟုတ် မဟုတ်ပါဘူး နှစ်ဦးသဘောတူ ...သဘောတူဖြစ် ဖြစ်ခဲ့ကြတာပါ"
"ဟာ "
"ဟင် ...သား!!"
"ကိုကြီး ဆက်ထုံး ! !"
"မောင်လေး "
"ဆက်ထုံးရာ "
အားလုံးမချိတင်ကဲအသံတွေ၊ ရွံရှာ သံတွေ တစ်ယောက်တစ်ပေါက်ဆီထွက်လာကျသည်။ တင်အောင်ရွှေ လိုချင်တာရသွားတဲ့သူမို့ ပြုံးလိုက်သည်။မအာကျယ် ပါးစပ်သရမ်းတာကဒီနေရာတော့အသုံး၀င်သားပဲ။ ဘယ်ဆိုးလိုလဲ ပေးရကြိုးနှပ်တယ် ။
"ဟက်!!ဟိုကောင်အကြံဘယ်ဆိုးလို့လဲ ဖင်ခံရတာကြိုက်သွားတယ်ထင် ဝန်တောင်ခံကုန်ပြီ"
"ရွာနာတယ် ဆက်ထုံးရာ "
"ကျုပ်တစ်သက် မကြားဘူးပေါင်"
"ရှက်စရာ ကောင်းလိုက်တာအေ"
"ရွာမှာမထားနဲ့ဟေ့ နောင်လာ
နောက်သားတွေ အတုယူမှားကုန်မယ်"
"ဟုတ်တယ်ဟုတ်တယ်! !"
"ဟုတ်တယ် သူကြီး ကျုပ်တို့သားတွေ အတုယူအမှားမခံနိုင်ဘူးနော် "
သူကြီး မှာ ရွာသူရွာသားတွေအသံတွေကြောင့်မနေသာတော့ပဲ
"နေကြပါဦး သူတို့မိသားစု
သဘောက ရှိသေးတယ် ။ မင်းတို့ကလဲ ကိုယ်ရွာသားအချင်းချင်းကိုဖေးမပြောမယ်မရှိဘူး"
"အဖေ ဘာသိလို့ ဝင်ပြောနေတာလဲ အခြောက်တွေ ရှိတာ ကျုပ်တို့မြောက်ပိုင်းတွက် ရှက်စရာ ကောင်းတယ်၊ အမြန်မောင်းထုတ်လိုက်အဖေရာ"
သဏ္ဍန်မှာ အခုအကြံအားလုံး တင်အောင်ရွှေ လုပ်တယ်ဆိုတာရိပ်မိလိုက်သည်။ သူဝင်ပြောမှရတော့မည့်အခြေနေ။ ထိုလူက သူအသက်အား အရှက်နဲ့လဲ ကယ်ပေးခဲ့ပြီပြီ ။ သူဒီလောက်တော့ ပေးဆပ်ရမည်။ သူလုပ်ခဲ့တာတွက် သူတာဝန်ယူမည်။
"စိတ်ချပါ ကိုတင်အောင်ရွှေ ကျွန်တော် ကိုဆက်ထုံး ကို တာဝန်ယူမှာပါ ။ ပြီးတော့ ဒီရွာကနေ
လဲ ခေါ်ထုတ်သွားမှာ မို့ခင်များ
မပူပါနဲ့"
ခေတ်အမြင်မရှိ တစ်ဖတ်ပိတ်တွေသာ ပြောနေကြသော ပတ်ဝန်းကျင်ကို ကြည့်ကာ သူစိတ်ပျက်အံသြမိသည်။အားလုံးကလဲဖြစ်ပြီးသွားပြီမို့သူမတတ်နိုင်။ ကိုယ့်ရွာသားအပေါ် အခုလောက်ထိ အယူသည်းနေဖို့ရော လိုအပ်ပါရဲ့လား။
အန်တီရင်ခွင်ထဲမှ ထိုလူအားကြည့်ကာ ရင်ထဲနင့်ကနဲ ။ ဖရိုဖရဲ အလန့်တကြား ကောက်ဝတ်ထားရှာသော မလုံမလဲ အင်္ကျီအောက်တွင် သူရဲ့ မဖွယ်မရာ အသားယူခြင်းခံထားရသော အနီရောင်အမှတ်သားတွေ။ယောကျာ်း တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ အရှက်တရားတွေ အားလုံးကို သူ ဖျက်စီးပြစ်လိုက်မိသည်။
* တောင်းပန်ပါတယ် ကျုပ်ခင်များဘဝတစ်သက်လုံး ပျော်အောင် ထားပါ့မယ့်လို့ ကတိပေးပါတယ် ဗျာ *
သဏ္ဍန် ထိုလူအားကြည့်ကာ စိတ်ထဲမှတိုးတိုးလေးရေရွတ်လိုက်သည်။ကိုယ်ကိုကိုယ်လဲအကြိမ်ကြိမ်သတိပေးရင်းပေါ့။
"ကဲ ကဲ အားလုံးပြန်ကြတော့ ။
ဒေါ်ရွှေမိ လဲ ဆက်ထုံးကို အိမ်ခေါ်သွား ၊ ဘာဆက်လုပ်ကြမလဲဆိုတာ အိမ်ရောက်မှ စဉ်းစားကြတာပေါ့ဗျာ"
အမေ ဘာစကားမှပင် မပြောတော့ပဲငြိမ်နေရှာသည်။ အစ်မကလဲ ရှက်လွန်းလို့ ထင်ရိူက်၍သာငိုနေသည်။ ဆက်ထုံးလဲဘာမှ၀င်မပြော။ပြောချင်စိတ်ခဲမရှိတော့ပေ ဒီနေရာမှာတင် အငွေ့ပြန်ပြီး ပြောက်ကွယ် သွားချင်စိတ်သာသူ့မှာရှိသည်။
ထိုကောင်လေးအား မျက်နာချင်းပင် ဆိုင်ချင်စိတ်မရှိတော့ပါ။ သူညကအတန်အတန် တားပါလျှက် လုပ်ရက်လေးခြင်း အခုတော့ သူသိက္ခာ သူဘဝ အကုန်သေဆုံးသွားခဲ့ရပြီ မဟုတ်လား .....
>>>>>>>>>>>>>>>>>>>>>>>
"ဟိုရောက်ရင် လိမ်လိမ်မာမာ နေနော်သား "
"မောင်လေး အစ်မ စိတ်မချဘူး
ကလေးရယ် မကြာမကြာ ပြန်လာနော်"
အစ်မ မျက်ရည်လေးစမ်းကာသဘက်လေးနဲ့သုတ်၍ဝင်ပြောရှာသည်။
"ဆက်ထုံး ငါမင်းမရှိပဲ မနေနိုင်ဘူးလေကွာ ငါမင်းနဲ့မှ ငယ်ထဲကမခွဲဘူးတာဟီးဟီးအီး "
ဖိုးထောင်က ဆက်ထုံးလက်ကိုကိုင်ကာအော်ငိုတော့သည်။
"ငိုမနေပါနဲ့ ဖိုးထောင်ရာ ဆက်ထုံးက မဖြစ်မနေမို့ လိုက်သွားတာပါ သူရွာကို ဘယ်လောက်ချစ်လဲ မင်းတို့အသိသာပဲကို "
ဦးကြီးငွေ ဝင်ပြောတော့မှ ဖိုးထောင် ရိူက်ကြီးတငင် နှင့် ဘာမှတော့ထပ်မပြောရှာတော့။
"စိတ်ချပါ အန်တီ ကိုဆက်ထုံး
ကို သေချာဂရုစိုက် ပေါင်းသင်းပါ့မယ် လို့ ကတိပေးပါတယ်"
အမေ ကရိူက်၍သာငိုနေသည်။ ဆက်ထုံး ဘာမှဝင်မပြော ငြိမ်ငြိမ်လေးခေါင်းငုံနေမိသည်။
ပြောချင်စိတ်လဲမရှိပါ သူရုတ်တရက်ကြီး ယောကျာ်း
ရသွားလိမ့်မယ် စိတ်ကူးမပြောနှင့် အိမ်မက်တောင် မမက်ခဲ့ဘူး ။
အခုတော့ ထိုလူရဲ့ သူတာဝန်ယူမယ်ဆိုတဲ့တစ်ဇွတ်ထိုးဆန်မူ့.၊သူကြီးနဲ့ ရွာဘုန်းကြီး တိုက်တွန်းမူ့ကြောင့် အခုလိုထိဖြစ်လာရသည်။
ကြုံလာရတဲ့ ရေစက်တွေကို မဖြတ်သင့်ဘူး ဆိုတဲ့ ဘုန်းဘုန်းဘုရား ဆုံးမစကား ကိုသူ မလွန်ဆန်မိသလို ငြင်းလဲမငြင်း ခေါင်းလဲ မငြိမ့်ဖြစ် ။
လက်မှတ်ထိုးပေးရမည့်နေရာမှာ လက်မှတ် ထိုးပေးပြီး ခုချိန်ထိ စကားတစ်လုံး မှလဲပြောဖို့ စိတ်ကူးမရှိ။ သူရင်ထဲ မှာစို့နင့်၍သာ ကြေကွဲနေသည်။
"အစ်မ "
ဆက်ထုံး ပထမဆုံး ခေါ်လိုက်သည်က သူ့သိပ်ချစ်ရတဲ့သူအစ်မ။
"ဟင် မောင်လေး ပြောလေ "
"အမေ့ကို ကျုပ်စိတ်ချမယ်နော်"
"မောင်လေးရယ် အမလေး ငါကလေးလေးမှ ဖြစ်ရတယ်လို့ ငါ့ကလေးက ငါတို့နဲ့တစ်ရက်လေး တောင်ခွဲဖူးတာ မဟုတ်ဘူးဟဲ့ ။ လုပ်ရက်လိုက်ကြတာ ဟင့်ဟင့် ငါ့မောင်လေး ငါမောင်လေး "
ဆက်ထုံး ရဲ့စကားကြောင့် အစ်မအော်ငိုတော့သည်။ သဏ္ဍန် မျက်နာဘယ်ထားရမယ်မှန်း မသိ အားလဲနာသလို ရှက်လဲရှက်မိသည်။ သူစကားပြောဖို့ ကြိုးစားတိုင်း ဆက်ထုံးက ရှောင်ဖယ်နေတတ်သည်။
မင်းသန့်က သူငယ်ချင်း အရင်းမို့ နားလည်ပေးမယ့် သူမျက်နာပူသည်။ ဒီနေ့ သူတို့ ရွာလူကြီးတွေရှေ့ လက်မှတ်ရေးထိုးကာ ဘုန်းကြီးငါးပါး ဆွမ်းကပ်သည်။
အမေ့နဲ့အဖေ့ကို အကြောင်းမကြားဖြစ်သေးပါ။ အမေသိလျှင် လုံးဝလက်ခံမှာမဟုတ်၊ကိစ္စတွေက ပိုဆိုးကုန်မှာဆိုးရသည်။ မြို့ရောက်မှသာသူကြည့်ရှင်းရတော့မည်။
ညနေလဲ ရောက်တော့မည်မို့ သူတို့ပစ္စည်းတွေကို သူကြီး ငှားပေးသော ကားလေးပေါ်တင်ကာအားလုံး အဆင်သင့်ဖြစ်နေချေပြီ။ တစ်ချို့ကလဲကလာနူတ်ဆက်ကြသည်။
မလိုတဲ့သူတွေကတော့ ယောကျာ်းနှစ်ယောက်လက်ထပ်ခြင်းကို ရွံရှာသလို ပြောစရာတစ်ခုအဖြစ် နှာခေါင်းရူံနေကြသည်။
"သား မေမေစိတ်ချမယ်နော် အဆင်မပြေရင် ဖြစ်ဖြစ် တစ်ခုခုခက်ခဲ့ရင် ဒီအမေကို လှမ်းအကြောင်းကြားနော် ဒီရွာမှာ လက်မခံတောင် အမေတို့ ပြောင်းသွားကြမယ်နော် သား နော်သားလေး "
"မောင်လေး ဒါကအစ်မ စုထားတာလေးတွေ အကုန် အိတ်ထဲထည့်ထားပေးတယ်နော် ဟိုရောက်ရင် မျက်နာငယ်ရမှာဆိုးလို့သိလား
လိမ်လိမ်မာမာနေနော်ကလေး"
အစ်မပြောပြီးအိမ်ထဲငိုကာပြေးဝင်သွားသည်။ မောင်နှမနှစ်ယောက်ထဲရှိသည်မို့ ဒီမောင်လေးအတွက်သက်သပ်မာရင်ထဲ ရူးမတတ်ခံစားရသည်။
"ကိုကြီး နှင်းနုလေ ကိုကြီးမရှိရင် Kpop သီချင်းတွေ ဘယ်သူကဒေါင်းပေးတော့မှာလဲဟင် ၊ ဘယ်သူက နှင်းနုကိုဆူတော့မှာလဲ ဟီးဟီး ...ကိုကြီးဆက်ထုံးဒီမှာလေ ဟို. ..နှင်းနှစုထားတာလေယူသွားနော် လက်ဖွဲ့တယ်လို့ပဲသဘောထားပေါ့ နှင်းနှကိုလဲ သတိရနေနော် ကိုကြီး"
ဆက်ထုံး ခေါင်းကိုတွင်တွင်ညိမ့်ပြရင်း မျက်ရည်မကျအောင် အံကိုကြိတ်ထားရသည်။ သူပါးစပ်ထဲတွင် ငံကျိကျိ ငြီစို့စို့နှင့် သွေးပင်ထွက်နေချေပြီ။
သူပါးစပ်မဟမိအောင်တင်းခံရင် လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်ထားသည်။ သူမွေးထဲက ဒီအမေ ဒီအစ်မဒီရွာ တစ်ရက်လေးတောင် သူမခွဲဖူးသေးပါ။ သူဘယ်လိုလုပ်ရပါ့မလဲ ဘယ်လိုလုပ်ရပါအံ့ သူရင်ထဲရူးတော့မလိုပင်သည်းထန်စွာခံစားနေရသည်။
"ဆက်ထုံး သူငယ်ချင်း ငါလေ သူများတွေလို့ ပိုက်ဆံမပေးနိုင်ပေ့မယ့် မင်းအမြဲ ကြိုက်တယ်ဆိုပြီး ငါဆီက လုလုနေတဲ့ ငါအဖေအမွှေပေးထားတဲ့ ဒီ လေးဂွလေးကိုတော့ပေးလိုက်မယ်ကွာ ယူသွားနော် ဟိုမှာ ပျင်းရင်ငှက်ပြစ်လို့ရတာပေါ့ ဟီး ဟီး!!"
"ဟာ ကိုကြီးဖိုးထောင်ကလဲ မြို့မှာ ဘယ်လိုငှက်ရှိမှာလဲ ဗျ"
"ဟင် ဟုတ်လား အဲ့ဒါဆို ငါငါမှာပေးစရာ ငါ့မှာဘာမှလဲ"
"တော်ပါတော့ တော်ပါတော့ဖိုးထောင်ရာ"
ဆက်ထုံး ဆက်သည်းမခံနိုင်တော့ပါ။ ဖိုးထောင်အား ဖက်ပြီး အားရပါးရရိူက်ငိုပြစ်လိုက်တော့သည်။
"ငါ့အမေနဲ့အစ်မကိုသာ ဂရုစိုက်ပေးပါနော်၊ ငါမရှိရင် ဆိုင်ကိုလဲ ခဏခဏသွားပေးပါ အမေ့ကိုရေစည်မဖြည့်ခိုင်းနဲ့မင်း လုပ်ပေးပါ နော် သူငယ်ချင်း နော်"
"အေးပါ အေးပါ စိတ်ချနော် မင်းသာဟိုမှာ အဆင်ပြေအောင်နေရမယ်နော်"
ဆက်ထုံး ခေါင်းကို တစ်ဆတ်ဆတ် ညိတ်ရင်း မျက်ရည်ကိုထိန်းကာ
အမေနဲ့အစ်မကိုမှန်း ကန်တော့လိုက်သည်။
"ကျုပ်သွားတော့မယ် ဗျာ "
အားလုံးကိုနူတ်ဆက်၍ကားပေါ်တတ်မည့်အပြု ဆက်ထုံး နောက်ပြန်လှည့်ကာ သူကြီးအား
"သူကြီး ကျုပ်အကြွေး သုံးသောင်း ကျုပ်ငွေရှာ ပြီးရင် ပြန်ဆပ်မယ်နော်"
သူကြီး လည်နေသော မျက်ရည်တွေကိုမကျလာအောင် အံကြိတ်တင်းခံရင်း
"မလိုပါဘူး မလိုပါဘူး ဆက်ထုံးရာ မင်းသာ ဂရုစိုက်ကွာ သွားတော့ သွားတော့ကွာ မြန်မြန် သွားကြပါတော့ မိုးချုပ်သွားလိမ့်မယ်"
သူဆက်ထုံးလေးကိုသံယောဇဥ်ရှိသည်။ တစ်ရွာလုံးနဲ့တစ်ယောက် မဟုတ်မခံဆိုပေ့မယ့် ဆက်ထုံးက
စိတ်ရင်းလေးက ကောင်းရှာသည်။ သူကြီးရင်ထဲ ဘယ်လိုမှစိတ်မကောင်းနိုင်ပါ။
"အစစအရာရာ အဆင်ပြေပါစေဆက်ထုံးရယ် "
ဆက်ထုံး ကားပေါ်ရောက်သည်နှင့် အားလုံးကိုနူတ်ဆက်ကာ သူလဲကားပေါ်တက်လိုက်သည်။ ရွာအဝင်တွင် ကားလေး မြင်ကွင်းမှ ပြောက်ကွယ်သည်အထိ ရပ်ကြည့်
ကြသော သူမိသားစုလေးအား လှည်ပြန်ကြည့်ရင်း ရိူက်၍ရိူက်၍ ငိုနေသော ကောင်လေးအားသဏ္ဍန် ရင်ခွင်ထဲဆွဲထည့်ကာ ဖက်ထားပေးလိုက်သည်။
"စိတ်ချပါ ခင်များရယ် ကျွန်တော် တစ်သက်လုံး စိတ်ချမ်းသာအောင်ထားပါ့မယ့် ကတိပေးပါတယ်"
လိုက်ထရပ်ကားလေးသည် ခင်မွန်ရွာနဲဝေးရာ ကို တစ်ရွေ့ရွေ့မောင်းနှင်လာရင်း ကားပေါ်တွင် ပါလာသော ကောင်လေးနှစ်ယောက်ရဲ့ အနာဂတ်က တောက်ပစွာ
ကြိုစောင့်နေမည်လား အခက်ခဲတွေနဲ့ ပြည့်နက်နေမလားဆိုတာနတ်ဘုရားပင် သိနိုင်ပါတော့မည်။
Ah Shin💛
(ဒီအပိုင်းလေး ရေးရတာ မျက်ရည်တွေနဲ့ကြိုးစားပြီးအားတင်းရေးထားရတာပါ ငါ့ကလေးလေးကို သနားလွန်းလို့😭💗)