"ဖြစ်လိုက်ရင် မင်းတို့နှစ်ယောက်
ထစ်ခနဲရှိ ဖြစ်လိုက်ရင် မင်းတို့နှစ်ယောက် ငါဘယ်လိုလုပ်ရတော့မလဲဟမ်! !"
သူကြီး ဆက်ထုံးနဲ့သူသားကို အကြီးကျယ်ပေါက်ကွဲနေလေပြီ။ဘယ်သူမှအသံမထွက်ရဲ ။ သူကြီးမျက်နှာကလိုတာထက်ပို၍ တင်းမာနေသည်။
"ဘယ်လိုမှ မလုပ်ပါနဲ့သူကြီး"
"မင်းဘာစကားပြောတာလဲကွ"
"သူကြီးမေးလို့လဲဖြေရသေး"
"မင်းတော့နော်"
"ဆက်ထုံးရယ် ပါးစပ်လေးကို ခဏလောက်ပိတ်ထားစမ်းပါ သူကြီးစိတ်ဆိုးနေရတဲ့ကြားထဲ"
အမေကဝင်တားရှာသည်။ တစ်ညလုံးလဲ ခြင်တွေကကိုက် အိပ်လို့ကမရထိပ်တုံးက ဟိုအကောင်နဲ့ အတူခတ်ခံထားရတာမို့ ဆက်ထုံးအတွက်ကျက်သရေ တုံးချက်ကပြောမနေပါနဲ့တော့။
"ကဲ မြို့ကအလည်လာတဲ့ ကလေးကိုလဲ ဘယ်လောက်အားနာစရာကောင်းလဲ မင်းတို့လုပ်ပုံကကောင်းကြရဲ့လား "
"ကောင်းပါတယ် "
"သက်ဆက်ထုံး !!"
သူကြီးအော်လိုက်မှ ဆက်ထုံးဇက်ကလေးပုကာ အသံတိတ်သွားသည်။
သဏ္ဍန် ကို အခေါ်လွှတ်လိုက်၍မင်းသန့်နဲ့ အတူလိုက်လာခဲ့သည်။ သူကြီးက သူမျက်နာကြည့်ကာ အားနာနေပုံရသည်။ သူကတော့ မျက်နာတွေဖူးယောင်ကာ မြေပြင်တွင် ထိုင်နေသော ထိုလူအား ကြည့်ပြီးသာစိတ်ထဲမကောင်း။ တစ်ညလုံး ထိုလူ ဘယ်လိုနေမယ်မသိ အိပ်လို့ရမည်ပုံလဲ မမြင်။
"ရပါတယ် သူကြီး ကျွန်တော်ကဘာမဖြစ်ပါဘူး ဗျ"
သူကြီးအိမ်တွင် အလှူအတွက် လုပ်စရာရှိတာလာလုပ်ကူသော အပျိုမတစ်သိုက်ကတော့ သဏ္ဍန်ကိုသာ ကွက်ကြည့် ကွက်ကြည့်လုပ်နေကြသည်။
"ဟယ် ချောလိုက်တာ မင်းသားလေးကြလို့ "
"ဟုတ်ပ့ဟယ် အရပ်ကြီးက နဲတာကြီးမဟုတ်ဘူး ငါအိမ်မက်ထဲက မင်းသားလေးအတိုင်းပဲ "
ထိုအခါ နွေးနွေးမှ ထ၍
"ဟက် အိမ်မက်တွေ ဘာတွေလုပ်မနေနဲ့ အဲ့လိုအဆင်က လင်ယူတာများတယ်"
"ဖွဟဲ့ လွှဲပါစေ ပယ်ပါစေ အံသြပ့အေ နင်ကလဲ ယောကျားချင်း မဖြစ်နိုင်တာ ရွံစရာအပြူမူတွေ "
"အေ့လေ့ နင်နော် မဟုတ်တာတွေမပြောနဲ့ "
နွေးနွေး ခေတ်အမြင်မရှိတဲ့ ရွာသူမတွေနဲ့ ဖက်မပြောချင်တော့ ။ကောင်မတွေ တစ်နေတော့ Zapaနဲ့ BL ကားတွေကြီးထိုင်ကူး ပေးလိုက်ရမကောင်း ရှိတော့မယ်။စွဲသွားရင်ဖျက်ရခက်တာဒင်းတို့မသိ။
ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ ပြောနေကြတာတွေကို ဆက်ထုံး ကြည့်ကာနှာခေါင်းရူံလိုက်မိသည်။
*ကောင်မတွေ ယော်ကျားချောချောမြင်ရင် ယွကိုယွတယ်။ ဒင်းတို့ ရွာသိက္ခာ မှမထောက် ဟိုအကောင်ကလဲ ဘာကိစ္စ တွေ့တဲ့သူတိုင်း ဖြဲပြနေရတာတုန်း ဒင်းကို မျောက်ပွဲပြနေတယ်များထင်နေတာလား ကျက်သတုံး..*
"ကဲကဲ အားလုံးငြိမ်မယ် မင်းတို့ မနေ့ကရန်ဖြစ်တဲ့အတွက် အပြစ်ပေးတဲ့အနေနဲ့ မနက် အလှူပြီးတာနဲ့ အမှိုက်သိမ်း သန့်ရှင်းရေး လုပ်ရမယ် အဲ့ဒါအပြင် တစ်ယောက်သုံးသောင်း ဒဏ်ငွေဆောင်ရမယ် ကိုယ်ပိုက်ဆံနဲ့ကိုယ်နော်
အမေတွေဆီကပြန်တောင်းတာကြားရင် ထိပ်တုံးပဲ"
"ဟင် အဲ့ဒါသူကြီးမတရားတာပဲ "
"ဟ! ဘာကိုလဲကွ"
"ကျုပ်ငယ်ငယ်လေး ရှိသေးတာ ဘယ်ကပိုက်ဆံသွားရမှာတုန်း "
"အမလေး ဆက်ထုံး ရယ် ငယ်ပေလို့ပဲ တစ်နေ့တစ်နေ့ မွှေလိုက်တာလွန်ရော ရန်ကလဲမထင်ရင်မထင်သလို ဖြစ်တတ်သေး မင်းလားငယ်သေးတာ "
"အဲ့ဒါကအဲ့ဒါပဲ လေဗျာ"
ဆက်ထုံးရဲ့အထွန့်တတ်မူတွေကြောင့် တင်အောင်ရွှေစိတ်ကမရှည်တော့ပေ။
"ပေးဆိုပေးမယ်ဗျာ ထိပ်တုံးကဖြုတ်ပေးတော့ ကျွတ် တစ်ကိုယ်လုံး နာနေပြီ"
"ကဲအဲ့ဒါဆို ဒီလိုလုပ်"
ဆက်ထုံး အထွန့်တတ်တော့တင်အောင်ရွှေ ဆက်သည်းမခံနိုင်တော့ပေ။
"မင်းမပြီနိုင်သေးဘူးလား
သက်ဆက်ထုံး "
"ဘာကိုလာ၀င်ပြောနေတာလဲ"
"ငါဒီမှာဒီကထွက်ချင်နေပြီလို့ ပြောနေတယ်လေ၊ ပိုက်ဆံလေး သုံးသောင်းကို မင်းယောကျာ်းမဟုတ်ဘူးလား "
"ဟ! မင်းကသူဋ္ဌေးသားလေ ငါကအမေ့ဆီက ခုထိမုန့်ဖိုး တောင်တောင်းသုံးနေရတာ မင်းလို့အားယား မိဘဆီ နိူက်နေတာမဟုတ်ဘူး"
"မင်း ခွေးစကားလာမပြောနဲ့"
"ပြောတော့ လိ့ဖြစ်လား "
နှစ်ယောက်သား ထိပ်တုံးခတ်ထားလို့တော်သေးသည်။ ခတ်များမထားရင် ထသတ်ကြတော့မည့်အတိုင်း။
"ဟာဒီကကောင်တွေကွာငါလုပ်ရင်သေတော့မယ် တော်ကြစမ်း!!"
နှစ်ယောက်သား ဘုကြည့်ကြည့်ကာ ငြိမ်သွားကြသည်။
ဆက်ထုံး အမေ့ မျက်နာလေးကို လှမ်းကြည့်ကာ စိတ်ထဲမကောင်း။
သူရန်ဖြစ်တိုင်း အမေက ဟိုလူတောင်းပန်ရ ဒီလူတောင်းပန်ရနှင့် သူစိတ်ကလဲ ထိန်းနေရင်းနဲ့ကို ဆတ်ဆတ်ထိ မခံ ခက်တော့ခက်နေပြီအမေရာ။
"ကျုပ် သုံးသောင်း တစ်ခါထဲ
အပြည့်ပေးစရာ မရှိဘူးဗျာ ဒီလိုလုပ် တစ်လသုံးထောင် မပြည့်မချင်း လာသွင်းမယ် အဆင်ပြေလား မပြေရင်လဲထိတ်တုံးပဲခတ်ထားလိုက်တော့"
"အမလေး အရပ်ကတို့ရယ် ကျုပ်သူကြီး လုပ်လာတဲ့တစ်လျှောက် ဒဏ်ကြေးကို အရစ်ကျဆောင်တာ ဒီတစ်ခါပဲ ကြုံဖူးတော့တယ် ဗျို.."
သူကြီးအသံကြောင့် အကုန်လုံးဝိုင်းရယ်ကြတော့သည်။ သဏ္ဍန်လဲ ထိုမနိုင်စိန်လေး ကိုကြည့်ကာ ထရယ်တော့သည်။ တစ်ကယ့်လူဗျာ ။
"ကဲ အောင်ဘုရေ လွှတ်ပေးလိုက်ပါတော့ကွာ ကြွပါတော့အမောင် ဆက်ထုံးရယ် ဒဏ်ကြေးလဲ ဆောင်ချင်တဲ့ အချိန်သာ လာဆောင်ပါတော့ ကြွကြွ မြန်မြန်သာကြွ"
"ဟီးးး ကျုပ်က ကတိတည် ပါတယ်ဗျ"
ပြောလေပိုဆိုလေ ဖြစ်နေသော ဆက်ထုံးအား သူအမေက မနေနိုင်တော့ပဲ နားရွက်ဆွဲကာ ခေါ်လာခဲ့လိုက်ရတော့သည်။
"အားးအ့ အမေနာတယ် ဘာလုပ်တာလဲ လွှတ် လွှတ်ဦး "
>>>>>>>>>>>>>>>>>>>>>>>
"အဲ့ဒါတာကြည့်တော့ မင်းသန့်ရေ မင်းအစ်ကို ငါမနိုင်ပါဘူးဆို "
"မြင်တယ် အရီးရေ မြင်တယ်"
"အ့!! အမေနာတယ် ဖြည်းဖြည်းလုပ်ပါ အ့"
"နင်ဟာလေ အဲ့အကောင်တွေနဲ့ ရန်မဖြစ်ပါနဲ့ လို့ငါဘယ်နှစ်ခါပြောလဲမရဘူး "
"ဟ့ ခင်များ ဘာသိလို့လဲ သူတို့ကအရင်လာစတာကို လို့"
မင်းသန့်နဲ့ သဏ္ဍန် အရီးနဲ့ဆက်ထုံးကို ကြည့်ကာ ပြုံးစိစိလုပ်နေကြတော့သည်။ အရီးကို ပြန်ပြောနေပုံကတစ်ကယ့် ကလေးလိုပင် ။နူတ်ခမ်းကထော်ထားသေးသည်။
"မြို့ကျောင်းကို မင်းသန့်လေးနဲ့ လိုက်တတ်ပါဆိုတော့လဲ မတတ်ဘူး ကလေးလိုလုပ်နေတယ်"
"ကျုပ်မှ အမေတို့နဲ့ မခွဲနိုင်တာကိုဗျ"
"ဟဲ့ ဒီအရွယ်ကြီးရောက်
နေပြီလေမကြီးမငယ်နဲ့ "
"ခွီးး!!"
သဏ္ဍန်မနေနိုင်ထရယ်တော့သည်။
ဆက်ထုံး မျက်စောင်းဖြင့်ကြည့်ကာ
"ခင်များက ဘာရယ်တာလဲ "
"ဟို ဘာမရယ်ပါဘူးဗျ"
"အဲ့တာကြည့်တော့ သားရေ သားတို့အစ်ကိုက အသက်သာကြီးတာခုထိကလေးစိတ်"
"အကို ဆက်ထုံးက အသက်ဘယ်လောက်မို့လို့လဲ အန်တီ"
"မင်း တို့အကိုက မင်းသန့်တို့နဲ့ကွာလှ နှစ်နှစ်ပေါ့"
"ခုနှစ်ကရော အန်တီ "
"အို အရီးလဲ မမှတ်မိပါဘူးအေ အိမ်ထောင်စုထဲမယ်တော့ ရှိမယ်
ထင်ပ့"
သူတို့ထက် နှစ်နှစ် ကြီးတယ်ဆိုတော့ သဏ္ဍန်က အခု 20 ထိုလူက 22ဆိုတော့ 1995 လောက် ဖြစ်မည်ထင် ။ သူတို့က1997ဖွား မင်းသန့်နဲ့ သဏ္ဍန်အသက်အတူတူပဲ ဖြစ်သည်။
"လျှာရှည်လိုက်တာ မင်းက သန်းခေါင်စားရင် ကလား "
"အယ် "
"ဒေါက်!!"
"အ! ဘာလုပ်တာလဲ အမေရ နာလိုက်တာ အားလာလာ"
"ဧည့်သည်ကို ဘယ်လိုပြောနေတာလဲ "
ဆက်ထုံး မျက်စောင်းဖြင့်ကြည့်ကာ ဘာဧည့်သည်လဲ နေရာတကာလျှာကရှည်သေး ရုပ်ကြည့်တော့ တရုတ်မ ပေါင်ရင်း ခရုသင်းစွဲထားသလို အသားရည်နဲ့ သူကြောင့် ဆူခံရတာ မို့ နဲနဲမှ ကြည့်မရ ပါ။
*အယ်တစ်ခုတော့ ညကသူဝင်ဆွဲလို့ မဟုတ်ရင် သူဒီထက် နာမှာတော့ အသေချာ ဟိုကောင်တွေငါးယောက်တောင်လေ*
"အား အမေရေ အရမ်းနာတယ်ဖြည်းဖြည်းလုပ်ပါဗျ"
"မရဘူး ငြိမ်ခံ ရွာတောင်ပိုင်းက ဆေးဆရာ ဆီ သွားလိုက်ပါဆိုလဲ မဟုတ်ဘူး ဒီကလေး နာပါစေ "
"အို မသွားချင်ပါဘူး တစ်ရွာလုံး ဘာဖြစ်ဖြစ် ရေခွက်ထဲ မန်းမူတ်ပြီးပဲတိုက်တာ အခန့်မသင့် သူတံတွေးပါ စင်သေး ရွံစရာကြီး အမေရာ"
"ဟဲ့ အန္တရယ် ကင်းအောင် ရေမန်းတိုက်တာလေ သူရေမန်းစွမ်းတယ် ဆက်ထုံးရဲ့"
"အဲ့ဒါများ အမောခံ တစ်ခါလာ ကု တစ်ခွက်မှုတ်နေမယ်အစား ရွာထိပ်က ချောင်းရိုးကနေ တစ်နေကုန်ထိုင်ရွတ်နေပါလား "
"တယ် စကားကိုကပ်သီးကပ်ဖဲ့ပြောဦး ပြောဦး"
"အ့ အမေရာ ထစ်ခနဲဆို လက်ပါ ထစ်ခနဲဆို လက်ပါနဲ့ အမေ သုံးအိမ်ကျော်က သေသွားတဲ့ ကျောင်းဆရာ ဝင်စားသလာပဲ"
"ပြောလေ ကဲလေ ကဲဟယ် ကဲဟယ် "
"အားး အစ်မရေ "
ဆက်ထုံး အော်ကာ ပြေးဝင်သွားတော့ မင်းသန့်တို့ အော်ရယ်ရတော့သည်။
"ကိုကြီး ဆက်ထုံး ညနေ ရွာဘုရားမီးထွန်း သွားမှာ လိုက်မယ်မလား "
"လိုက်မယ် လိုက်မယ် မုန့်တော့ဝယ် ကျွေးရမယ်နော်"
"ဟုတ်ပါပြီ ဗျာ "
"ကဲအရီး သားတို့ပြန်တော့မယ် "
"အန်တီ ပြန်တော့မယ်ခင်မျ "
"အေးကွယ် အေးအေး ညနေဟင်းစားလာယူဦးနော်သား ချောလိုက်တာအေ့ လိမ်မာရေးချာကလဲရှိ အိမ်ကအကောင်နဲ့များ ကွာပ့ "
သဏ္ဍန် ပြုံးပြကာ နူတ်ဆက်ပြီး မင်းသန့်တို့ အိမ်ကို ပြန်လာခဲ့လိုက်တော့သည်။ထိုလူမျက်နာအား မြင်ယောင်ရင်းသူ ပြုံးစိစိလုပ်နေမိတော့သည်။
*တစ်ကယ်လူ ဘာတဲ့ အမေနဲ့ မခွဲနိုင်လို့ မြို့ကျောင်းမတတ်တာပါတဲ့*
သူပြုံးစိစိလုပ်နေတာကို မင်းသန့်ကြည့်ကာ မေးတော့သည်။
"ဘာတွေပြုံးနေတာလဲ သဏ္ဍန်ရ "
"မင်းတို့ရွာလေးက အဲ့လောက်ပျော်ဖို့ကောင်းမယ် မထင်ထားလို့ကွ "
"ခု ယုံပြီးမလား "
"ယုံပါပြီဗျာ ယုံပါပြီ"
"မမြမိုးသွယ် ပါရင်နေနိုင်မယ်မထင်ဘူးဟ ဒီမှာ အရမ်းပူတော့လေ"
"ငါတောင်နေနိုင်သေးတာပဲ "
"မင်းကိုတောင် ငါကအားနာနေတာ မင်းလိုသူဋ္ဌေးသားက ရွာထိဒုက္ခလာခံပြီး မပျော်မှာ ဆိုးနေတာကွ "
"မဆိုင်လိုက်တာ မင်းသန့်ရာ ငါကျေးလက် သဘာဝကို သဘောကြတာ မင်းသိသားနဲ့ "
"ကျေးဇူးအများကြီးတင်ပါတယ် သူငယ်ချင်းရာမင်းပျော်သလောက်နေကွာ"
"ဟ အဲ့ဒါတော့ မရဘူး ငါမေမေနဲ့ အကြာကြီး မခွဲနိုင်ဘူး ကွ"
"ခဏက ကိုကြီးဆက်ထုံး ကိုကြရယ်ပြီး မင်းကြတော့ရော"
"သူက ကြီးနေပြီလေ "
"အော် မင်းကငယ်သေးတာကို "
"ကြည့်မလား "
"ဟင် မင်းမိုက်ရိုင်းလှချည်လား "
"မှတ်ပုံတင် ပြောတာပါကွာ "
"မင်းစောက်ကျင့်ငါသိတယ် "
သဏ္ဍန် အော်ရယ်ကာ နေ့လည်တစ်ရေးအိပ်ဖို့ ပြင်လိုက်သည်။ ပူကပူနဲ့ အိပ်တော့အိပ်ရမည်။ ညကထိုလူကြောင့်အိပ်မပျော် အခုလူအတော်လေး အိပ်ချင်နေပြီ။
ညနေမီးထွန်းပွဲတွက် သူပုံလှလှ လေးတွေ ထွက်ဖို့ အားယူရဦးမည်ဟုတွေးကာ ကင်မရာလေး ထုတ်ကြည့်လိုက််ပြီး သူအိပ်စက်လိုက်တော့သည်။
"မင်းသန်ရေ ဟျောင့် မင်းသန့် မပြီးသေးဘူးလား ငါတို့တောင်ပြီးနေပြီကွ"
"ပြီးပါပြီ ကိုကြီးဆက်ထုံးရ သဏ္ဍန်ကို စောင့်နေလို့ပါ ခဏလေး ခဏလေး "
"ဘာတွေများ ပြင်ဆင်နေလို့ အဲ့လောက်ကြာနေရတုန်း သူတို့ကိုသူတို့မင်းသားတွေထင်နေလား မသိဘူး"
"လာပါပြီဗျ လာပါပြီ"
သဏ္ဍန် တို့ ထွက်လာတော့ လူဂွစာလေးကအိမ်ရှေ့ပင်ရောက်နေပြီ။ သဏ္ဍန် ထိုလူအားကြည့်ကာ ငေးမိသွားသည်။ လည်ကတုံး နံ့သာရောင်လေးကိုပုဆိုးအနီလေးတွဲဝတ်ကာ ပါးပေါ်တွင် မညီမညာသနပ်ခါးလေးနှင့်။ ဒီလိုကြ ဒီလူက လူရည်သန့်ပဲ ညိုစိမ့်စိမ့်အသားရည် လေးနှင့်ထိုလူကဒီညအတော်ကြည့်လေးကောင်းနေပါသည်။
ဆက်ထုံး သဏ္ဍန် ကြည့်လိုက်တော့အေးချမ်းစွာမြင်လိုက်ရသည်မို့ နှာခေါင်းရူံ့လိုက်သည်။ ကျောက်စိမ်းရောင် ရှပ်လက်ရှည်လေးကို ပုဆိုးအစိမ်းလေးထဲထည့်ဝတ်ကာဝတ်ထားတာမို့ သူအသားရည်နှင့်အရမ်းလိုက်ဖက်ကာရှင်းသန့်နေသည်။
*ယောကျ်ားတစ်ယောက်ကအဲ့လောက်ထိကြည့်ကောင်းစရာလိုရဲ့လား*
"ကိုကြီးဆက်ထုံး ကိုကြီးဆက်ထုံး ဟ!!"
"ဟင်,.. ဟင်ဘာလဲ ဘာလဲ"
ထိုလူ သူကိုငေးနေတာသူသိသည်မို့ငြိမ်နေတာဖြစ်သည်။မင်းသန့်အသံကြောင့်ရှက်ကိုးရှက်ကန်း ဖြစ်သွားတဲ့ပုံလေးကြည့်ကာ သဏ္ဍန်အူယားနေမိသည်။
* ခင်များရာ တစ်ကယ့်ကလေးလေးကြလို့ဗျာ*
"ဖိုးထောင်ရော လိုက်မှာလားကိုကြီးဆက်ထုံး "
"အေ့ ဟုတ်တယ်လေ ငါပါ သူပါတော့မပေါ့ သူနဲ့ငါခွဲဖူးလို့လား "
"ဟုတ်ပါပြီ လာလူစုံပြီဆို သွားကြရအောင်"
သဏ္ဍန်တို့ ပွဲခင်းကြကို ဖြတ်ကာ ရွာဦးစေတီ လေးဆီ မီးထွန်ရန်သူတို့အဖွဲ့ထွက်လာကြသည်။ ရွာဦးစေတီ တွင် လူတွေစည်ကားသိုက်မြိုက်စွာ ဆီမီးများ ပူဇော်နေကြသည်။
ပွဲတော်ရက်မို့ ရွာနီးစပ်ချုပ်ကရွာတွေကပါ အကုန်လာကြသည်။ သဏ္ဍန် လူတွေကိုငေးကြည့်ကာ ပျော်နေမိသည် ကျေးရွာဓလေ့တွေက မြို့ပြ အငွေ့သက်နှင့်ဘာမှမဆိုင်ပါ။
သူတစ်နေရာသို့ ငေးကြည့်လိုက်စဥ် ထိုလူ ဆီးမီးထွန်းနေသည် ။ မီးရောင်ရဲ့ အရှိန် ဆီးမီးရဲ့ အငွေ့လေးနှင့် ထိုလူက လရောင်ထိုးထားသဖြင့် အသားရည်က၀င်း၀ါနေကာ ကြည့်ရတာပနံသင့်လှသည်။ သူ လက်ထဲက ကင်မရာအား မြောက်၍ ထိုပုံလေးအား အမိရ ရိုက်ယူလိုက်တော့သည်။
"ဟက် !ချစ်စရာလေး "
ထိုစဥ် သူနားကို ရွာက ကောင်မလေးတွေ အုပ်စုလိုက်သူ့အနား ရောက်လာကာသူကို ပူဆာကြတော့သည်။
"ဟို အကိုက ဓာတ်ပုံကော ရိုက်တတ်တာလား ရွှေမိတို့ကိုရော ရိုက်ပေးပါဦး "
"ဟုတ်တယ် ဟုတ်တယ် ဖုန်းနဲ့ရိုက်တာ မလှလို့ စန်းစန်းတို့ကို ရိုက်ပေးပါနော်"
သူမငြင်းသာတော့ငြင်းလဲမငြင်းရဲ။ အကူညီရလို့ရငြားမင်းသန့်ကိုလှမ်းကြည့်တောလဲ ထိုလူနှင့်စကားပြောကာ မီးထွန်းနေကြသည့်မို့ သူလွှတ်လမ်းမမြင် ။
"ဟုတ် ရိုက်ပေးပါမယ်ဗျ တန်းစီးလိုက်ပါ"
"ဝေးး အဲ့ဒါမို့ တို့ကိုကြီးက သဘောကောင်းပါတယ်ဆို "
"ရုပ်ချောလို့ သဘောကောင်းတာ "
"ဟယ်ကောင်မရယ် သဘောကောင်းလို့ရုပ်ချောတာပါအေ့"
သဏ္ဍန် ရယ်လိုက်ကာ
"ကဲကဲ ရိုက်ကြမယ်ဆို တန်းစီးကြပါဗျ"
သူရွာသူလေးတွေကို ဓာတ်ပုံလေးတွေရိုက်နေပေးနေတာမို့ နောက်ကျောမှ တစ်စုံ တစ်ယောက် က မျက်စောင်းဖြင့်လှမ်းကြည့်နေသည်ကို သူသတိမထားမိတော့ပါ။
"ကောင်မတွေတွေ့ရင် ဖြီးပြနေလိုက်တာများ လူရွှင်တော် မျက်နာ အငှားရထားသလိုပဲ ပြုံးဖြဲနေတာပဲ အလကား နှာဘူး"
သူတို့ မီးထွန်း ဘုရားကန်တော့ လုပ်စရာရှိတာ လုပ်ပြီး ပွဲစျေးတန်းပတ်ကြသည်။ ဆက်ထုံး ကို မုန့်ဝယ်ကျွေးမည်ဟု ကတိပေးထားသောကြောင့် မင်းသန့်က ဆိုင်ထိုင်ရန် နေရာလိုက်ရှာနေရသည်။ ပွဲကစည်တော့ ဆိုင်များတွင် လူတွေကပြည့်နေတာများသည်။
"ဟော ဟိုမှာ အဲ့မှာထိုင်မယ် အဲ့မှာလွတ်တယ်"
သူတို့ခုံလေးတွေတွင်ထိုင်ကာ စားပွဲထိုးလေးအားမှာလိုက်ကြသည်။
"ရှမ်းခေါက်ဆွဲ လေးပွဲ အကို၊
တစ်ပွဲက ငရုပ်သီးမထည့်ဘူး၊နံနံပင် လဲမထည့်ဘူး "
"ကဲ ကိုကြီးဆက်ထုံး ဘာသောက်မလဲ သဏ္ဍန်ရော ကိုဖိုးထောင်ကောမှာလေ "
"ငါက ကော်ဖီတစ်ခွက် "
ဖိုးထောင်ကမှာမည်အပြု ဆက်ထုံးမှ လက်ပြကာ တားလိုက်သည်။
စားပွဲထိုးလေး ထွက်သွားတော့မှ
"ကိုဖိုးထောင် သောက်ပါစေ ကိုကြီးဆက်ထုံး ရဲ့"
"မင်းအသာနေစမ်းပါ မင်းဘာမသိပဲ နော့ဖိုးထောင်ရာ"
ဆက်ထုံး ရယ်ကြဲကြဲဖြင့် အဖော်ငြိတော့ ဖိုးထောင်မျက်နာရူံမဲ့ကာ
"ဆက်ထုံးကို မနိုင်ပါဘူးမင်းသန့်ရာ "
သဏ္ဍန်နဲ့မင်းသန့် ဘာဝင်မပြောတော့ပဲ အရင်ချပေးလာသည့် ကော်ဖီ အား အမူန့်ထုတ်ဖောက်ထည့်မည်အပြု
"ခဏ ခဏလေး မင်းတို့ဟာက နှစ်ခွက် ရေနွေးကထပ်သွန်အုံးမှာမလား "
မင်းသန့်နဲ့သဏ္ဍန် ယောင်ယမ်းကာ ခေါင်းငြိမ့်တော့
"ဟဲဟဲ ပေး အဲ့ကော်ဖီခွက်တွေ "
ဆက်ထုံး ဆိုင်ရှင်ကောင်လေးထံ ကိုင်းခွက် တစ်ခုတောင်းကာ ရေနွေးတွေအကုန်ရောထည့်လိုက်ပြီးဘယ်ချိန်ကယူလာမှန်းမသိတဲ့ ကော်ဖီထုတ်တစ်ထုတ်အား ပုဆိုးခါးပုံစထဲမှ ထုတ်၍ထိုကော်ဖီ
သုံးထုတ်အား ကိုင်းဖန်ခွက်ထဲ စုဖျော်ကာ ဝေပုံကြခွဲလိုက်သည်။သူတို့ရှေ့တွင် တစ်ခွက်ဆီချပေးလိုက်တော့ မင်းသန့် သဏ္ဍန်ကိုအားနာသွားရသည်။
"ဟာ ကိုကြီးဆက်ထုံး ရာ ကော်ဖီတစ်ခွက်မှ သုံးရာထဲဟာကို လေးခွက် 1200 ပဲကြမှာလေ ကပ်စေးနှဲလိုက်တာဗျာ"
"ဟ မင်းဘာသိလို့လဲ အခုနှစ်ခွက် ခြောက်ရာပဲ ကျမယ် ငါကော်ဖီတစ်ထုတ်ယူလာတယ် တစ်ရာပဲ ခုနှစ်ရာပဲကုန်တယ် ငါးရာသက်သာတယ်လေ မင်းမြို့ကျောင်းတတ်ပြီး လက်မဖွာစမ်းပါနဲ့"
"သဏ္ဍန်က ရှိသေးတယ်လေဗျာ"
"ရတယ် ရတယ် ကိုဆက်ထုံး ပြောတာလဲမှန်နေတာပဲ အဲ့လိုပဲသောက်လိုက်ကြတာပေါ့"
"တွေ့လား ငါဘယ်လောက်တော်လဲ"
ဖိုးထောင်မှ မနေနိုင်တော့ပဲ
"အေးပါ အေးပါ ရှမ်းခေါက်ဆွဲ နှစ်ပွဲ လေးယောက်မစားရခင် မြန်မြန် သောက်လိုက်ကြရအောင်ပါ"
ဖိုးထောင်စကားကြောင့် သူတို့နှစ်ယောက်ရယ်ကြတော့သည်။
ရှမ်းခေါက်ဆွဲ စားနေရင်း သဏ္ဍန်တူက ပုဆိုးနဲ့ထိမိပြီးပြုတ်ကျသွားသည်။
"အာ...တူပြုတ်ကျသွားပြီ"
"ငါစားပြီပြီငါတူယူလိုက်"
ထိုလူစကားကြောင့် သဏ္ဍန် နဲနဲကြောင်သွားပေ့မယ့် မင်းသန့်ကအားနာသွားသည်ထင်
"နေနေ ကိုကြီးသားအသစ်ပြန်တောင်းလိုက်မယ်"
"ရ...ရတယ် ငါ ကိုဆက်ထုံးတူနဲ့ပဲစားလိုက်တော့မယ်"
"အမ်"
မင်းသန့်ကြောင်သွားပေ့မယ် ဘာထပ်မပြောမိတော့ ။ရွံတတ်လွန်းတဲမြို့ကြီးသားကထူးထူးဆန်းဆန်း။
သူဒီညစားခဲ့ရတဲ့ ရှမ်းခေါက်ဆွဲနဲ့ ကော်ဖီလေးက သူဘဝတွက် ပထမဆုံး အမှတ်တရလေးပေါ့။
"သဏ္ဍန် ငါတို့ပွဲကြည့်ကြရ
အောင် "
"ဖျာကရောရပါဦးမလား မက်တပ်ကြီးတော့ မကြည့်ချင်ဘူးညောင်းတယ် "
"အင်းငါ့ဦးကြီး ရပ်ရွာလူကြီးမို့ တစ်ယောက်တစ်ချပ်ရထားတာရှိတယ် ကြည့်ကြရအောင်ကွာ ဇာတ်ပွဲ ကောင်းတယ်ကြားတယ်"
"ကိုဆက်ထုံးကော ကြည်မှာလား "
"မင်းကရော "
"ကိုဆက်ထုံးကြည့်ရင် ကြည့်မယ်လေ "
ဘာမှလဲမဆိုင်ဘူး သူမျက်စိနဲ့သူ ငါမျက်စိနဲ့ငါကို။ မနေ့ညကမအိပ်ရသေးတဲ့အရှိန်နဲ့ လူကနဲနဲတော့ အိပ်ချင်နေသည်။ သို့သော် မင်းသန့်ကလဲ ကြည့်ချင်နေသည်မို့ တစ်ယောက် ထဲ သူမထားခဲ့ရက် ။
"ကြည့်မယ်ကွာ စတိတ်ရိူး ပြီးရင်တော့ ပြန်မယ်နော်"
"အင်း"
"ငါတော့မလိုက်တော့ဘူးကွာ မနက်အလှူ ထမင်းချက်ငါပါတယ်ကွ "
"ဟာ..မင်းကလဲ အေးပါအဲ့ဆို ဂရုစိုက်ပြန်ဦး ဖိုးထောင်ငါလိုက်မပို့တော့ဘူး "
မင်းသန့် ဖိုးထောင်နဲ့လိုက်ပြန်ကာ ယူစရာရှိတာလေတွေယူသည်။ ပွဲကစနေပြီမို့သူတို့ဖျာနေရာရှာကာ ပွဲ ကြည့်ကြသည်။ ပွဲက ပမာဏ မြန်မာသံ အော်ပရာ ပင်မပြီးသေး ဆက်ထုံး အရမ်းငိုက်နေပြီ ။
လူကထိန်းနေတဲ့ကြားက
ဘယ်လိုမှမဟန်တော့။ သူသတိမထားမိလိုက်ခင်မှာပဲ သူလှဲချကာ အိပ်မိသွားခဲ့ပြီ ကျန်တာဘာမမှတ်မိတော့ပါ။
"ဟင် "
ထိုလူရဲ့ခေါင်း သူပေါင်ပေါ်သို့ကျအလာ ရုတ်တရက်မို့သဏ္ဍန် ကြောင်သွားပေ့မယ့် သူမဖယ်ရက်ခဲ့။ မင်းသန့်ကမြင်သွားကာ
"ရရဲ့လား သဏ္ဍန် ငါတို့ပြန်ကြမလား ကိုကြီးကိုငါနိုးလိုက်မယ်လေ"
"နေနေ နေပါစေ ပြီတဲ့ထိကြည့်ကြတာပေါ့ "
မင်းသန့် ပွဲဘက်အာရုံပြန်ရောက်သွားစဥ် ကွေးကွေးလေး အိပ်နေသော ထိုလူအား သူအကျီလေးချွတ်ကာခြုံပေးလိုက်သည်။ သူလက်ကို ဘယ်ထားရမယ်မှန်းမသိ။ လူကလဲအိုးတို့အန်တန့်ဖြစ်နေသည်။ မထူးတော့တဲ့အဆုံး ထိုလူ လက်မောင်းပေါ်တွင်သာတင်၍ သူပွဲကိုပြန်ကြည့်နေလိုက်သည်။
စိတ်ကပွဲဆီမရောက်ပါ သူရင်ထဲ ကလိကလိနှင့် ဘာဖြစ်နေသည်မသိ လေးနေသလိုလို ပျော်နေသလိုလိုနဲ့။ ထိုလူပါးအိအိက သူပေါင်နှင့်ထိကပ်ထားကာ သူရင်ထဲနွေးနေသလိုလို သူစိတ်တွေပင်ကပြောင်းကပြန် တစ်ဒိန်းဒိန်းခုန်နေသည်။
*ဘောက်သံကကျယ်လိုက်တာရင်တွေတောင်အရမ်းတုန်နေပြီ*
တစ်နေရာကနေ သူတို့ကိုမလိုသောအကြည့်နဲ့ကြည့်ကာပြုံးနေသောတင်အောင်ရွှေကိုတော့သူတို့သတိမထားမိကြ။
AhShin💛