Mr.Silent (Completed)

By D_Yayy_Nine

173K 14.7K 1.2K

သူ့တစ်ယောက်တည်းကို ကွက်ပြီး သစ်စိမ်းချိုး ချိုးနေတဲ့အချေကိုယ်တော်လေးကိုမှ ချစ်မိသွားတဲ့ညီသုတနဲ့.. ရှောင်ပြေးခ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part- 14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-49
Part-50 (Final Part)
Extra-1
Extra-2

Part-48

3.1K 253 21
By D_Yayy_Nine

Unicode Version

နောက်တစ်​ရက်မနက်စောစောတွင်လည်း ညီသုတဟာ ကာရန်ရှင်းဆီသို့ ထွက်လာခဲ့လေသည်။ ညီသုတရောက်သွားချိန်တွင် ကာရန်ရှင်းသည် ဆေးရုံခန်းထဲတွင် ပျင်းတိပျင်းလျော့အမူအရာနှင့် သူ့အဘိုးကို စကားပြောနေသည်။ ကုမ္ပဏီကိစ္စတချို့နှင့် ရှယ်ယာကိစ္စများပြောဆိုနေကြသည်ကို ညီသုတတစ်စွန်းတစ်စကြားလိုက်ရပြီးနောက် သူဝင်လာသည်ကိုမြင်သည်နှင့် နှစ်ယောက်သားစကားစရပ်သွားကြသောကြောင့် အခြားဘာမှမသိလိုက်ပေ။

"ဒီနေ့ရုံးမသွားဘူးလား"

ကာရန်ရှင်းက သူ့ကိုမြင်သည်နှင့် မူလကတည်တင်းနေသောမျက်နှာထက်တွင် ပေါ့ပါးသောအပြုံးတစ်ခုဖြစ်တည်လာပြီး မျက်လုံးအရောင်မှာလည်း တလက်လက်နှင့် တောက်ပနေလေသည်။

"ခွင့်ယူထားတာ.."

"ဘာလို့လဲ။ ငါ့ကြောင့်လား"

ညီသုတသည် ကာရန်ရှင်း၏အဘိုးကို မဝံ့မရဲကြည့်လိုက်မိပြီးနောက် အသာအယာခေါင်းညိတ်ပြလေသည်။

"ဒီကိုလာလေ.."

ကာရန်ရှင်းသည် ကုတင်ဘေးရှိလူနာစောင့်ခုံ၌ ညီသုတဝင်ထိုင်လိုက်သည်ကို မြင်သော် အလိုမကျဟန်နှင့်စိုက်ကြည့်ကာ သူ့ဘေးရှိနေရာလွတ်ကို ပုတ်ပြရင်း လာထိုင်ရန် ဆိုလေသည်။ ညီသုတမှာလည်း အားတုံ့အားနာဟန်ဖြင့်ပြုံးကာ ကာရန်ရှင်းကို သူ့အဘိုးရှိနေသေးကြောင့် အရိပ်အကဲပြလေသည်။

"မြေးလေးက မနေ့ညကတစ်ရေးနိုးလာကတည်းက မင်းကိုမျှော်နေတာ။ အခုရောက်လာပြီဆိုတော့ ဒီအဘိုးကြီးရှေ့တောင် အိန္ဒြေမဆည်နိုင်ရှာတော့ဘူး"

ပြုံးစစနှင့်ပြောလာသောအဘိုး၏စကားကြောင့် ညီသုတမှာ မျက်နှာတစ်ခုလုံးနီမြန်းသွားရပြီး လက်ကိုလည်း ဘယ်နားထားရမှန်းမသိလောက်အောင် နေရခက်သွားရသဖြင့် အရှက်ပြေအနေနှင့် လည်ဂုတ်ကိုသာ အကြောင်းမဲ့ပွတ်သပ်နေမိသည်။ ကာရန်ရှင်းကတော့ အရှက်ဟူသောအရာကိုပင် မသိတတ်စွာ အဘိုးဖြစ်သူကို မျက်နှာပြောင်တိုက်နေလေသည်။

"အဘိုးလည်း ဒီလို​နေ့ရက်လေးတွေကို ကျော်ဖြတ်ဖူးတာပဲ။ ကျွန်တော်ပြောရဲတယ်။ အဘိုးတုန်းကဆိုရင် ကျွန်တော့်ထက်တောင် ဆိုးဦးမှာ"

"ဒီကောင်စုတ်လေးကတော့.."

ကာရန်ရှင်းသည် ကြိမ်းမောင်းခံရသည်ကိုပင် သဘောတကျအော်ရယ်နေလေသည်။ အရွယ်ရောက်ပြီးကတည်းက အပြုံးအရယ်နည်းလှသော မြေးဖြစ်သူဟာ နှစ်နှစ်ခြိုက်ခြိုက်အော်ရယ်နေသည်ကို မြင်လိုက်ရသော အဘိုးခမျာ ခဏမျှငေးခနဲဖြစ်သွားရသည်။  ယခုနောက်ပိုင်း ကာရန်ရှင်း၏အပြုံးမျက်နှာလေးကိုမြင်ရတိုင်း သူ့မှာ ညီသုတဟူသောကလေးကို ကျေးဇူးတင်၍မဆုံး။

"ဒီအဘိုးကြီးကို မရှိတဲ့လူလိုသာ သဘောထားကြပါ။ အချစ်ငှက်လေးနှစ်ကောင်ကို မနှောင့်ယှက်ရဲပါဘူး"

အဘိုးစကားသံအဆုံးမှာပင် ဆေးရုံခန်းတံခါးပွင့်လာပြီး တံခါးရှေ့တွင် စောင့်ကြပ်ရသော သက်တော်စောင့်တစ်ယောက်ဝင်လာသည်ကို အားလုံးမြင်လိုက်ကြရသည်။

"အပြင်မှာဧည့်သည်ရောက်နေပါတယ် ဆရာ။ ဦးဝင့်ထည်လို့ပြောပါတယ်"

"ဝင်ခွင့်ပေးလိုက်"

"ဟုတ်ကဲ့ပါ"

ထိုသက်တော်စောင့်ထွက်သွားသည်နှင့် ညီသုတကို ကာရန်ရှင်းက သူ့ဘေးတွင်လာထိုင်ရန်ထပ်တိုက်တွန်းလာသဖြင့် ညီသုတလည်း ယောင်နနဖြင့်ထရပ်ကာ ကာရန်ရှင်းဘေးတွင်တင်ပါးလွှဲအနေအထားနှင့် ဝင်ထိုင်လိုက်သည်။ ကာရန်ရှင်းသည် ကုတင်ခေါင်းရင်းကိုကျောမှီထားပြီး ညီသုတဘက်သို့ မျက်နှာမူကာ ဝင်လာမည့်ဧည့်သည်ကို လျစ်လျူရှုထားပြီး ညီသုတ၏လက်တစ်ဖက်ကို ဆုပ်ကိုင်ထားရင်း လက်ချောင်းများကို တို့ကာထိကာနှင့် ကစားနေပေသည်။

"ဧည့်သည်က ဘယ်သူလဲ။ ငါ ခဏရှောင်ပေးသင့်လား"

ထိုအခါ ကာရန်ရှင်းသည် လက်ချောင်းများကိုငုံ့ကြည့်နေရာမှ နားမလည်နိုင်ဟန်ဖြင့် သူ့ကိုမော့ကြည့်လာသည်။

"ရှောင်ချင်းရှောင် မဖိတ်ဘဲရောက်လာတဲ့ အဲ့ဒီအမှိုက်လိုလူကသာ ရှောင်သင့်တာ။ မင်းက ငါ့ရဲ့VVIPလေ။ ဘာအတွက်နဲ့ ရှောင်ပေးချင်နေတာလဲ"

ညီသုတသည် ထိုစကားမှတစ်ဆင့် ကာရန်ရှင်း၏လက်ရှိစိတ်အခြေအနေကို ခန့်မှန်းကြည့်မိသည်။ ယခုရောက်လာသောသူသည် ကာရန်ရှင်းကြည့်မရသူတစ်ဦးဖြစ်နိုင်သည်ဟု တွေးမိသည်။

သူတို့နှစ်ယောက်စကား​ပြောနေစဥ်မှာပင် ခဲရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားသော အသက်လေးဆယ်ခန့်ရှိသည့် အမျိုးသားတစ်ယောက်သည် အခန်းတွင်းသို့ ဝင်ရောက်လာပြီး ကာရန်ရှင်း၏အဘိုးကို ဦးစွာနှုတ်ဆက်သည်။ အဘိုး၏တုံ့ပြန်မှုကတော့ ပြင်းထန်သည်။ ထိုလူကိုကျောပေးလိုက်ပြီး ဧည့်သည်ခုံနေရာတွင် ဝင်ထိုင်ရန် အချက်ပြလိုက်သည်။

အခန်းထဲရှိလေထုသည် ရုတ်ချည်းအေးခဲသွားလေရာ ညီသုတသည် အထူးသတိထား၍ နေနေရသည်။ ဤသည်ကို ကာရန်ရှင်းသတိပြုမိသောအခါ သူ၏ပခုံးပေါ်တွင် ခေါင်းမှီရင်း တီးတိုးစကားဆိုသည်။

"ဘယ်ကိုအာရုံထားပြီး ဘာတွေကြောက်နေတာလဲ။ ငါ့ကိုပဲကြည့်လို့မရဘူးလား။ ငါ့ဆီမှာပဲ အာရုံစိုက်လေ။ ငါ အခု နာနေတယ်"

"ဟင်... ဘယ်နေရာကနာတာလဲ"

ညီသုတသည် ချက်ချင်းပင် ပျာယာခတ်သွားရတော့သည်။ သူသည် ကာရန်ရှင်းကို တစ်ကိုယ်လုံးအနှံ့အကြည့်ဝေ့ကာ စစ်ဆေးမိပြီး ထိုသူ၏ခန္ဓာကိုယ်ကို ခပ်ကြမ်းကြမ်းမဆိုထားနှင့်၊ အသာအယာပင် မထိကိုင်ဝံ့ပေ။ သူထိလိုက်သည်နှင့် ဒဏ်ရာများပြည့်နှက်နေသော ခန္ဓာကိုယ်က ထိခိုက်နာကျင်သွားမည်ကို စိုးလှသည်။

"ရင်ဘတ်ထဲကနာတယ်။ မင်းက ငါ့ထက် အဲ့ဒီလူကို ပိုအာရုံစိုက်နေလို့ ရင်ဘတ်ထဲကနေလို့မကောင်းဘူး"

ရင်ဘတ်ကို လက်ညှိုးတထိုးထိုးနှင့်ပြောနေသော ကာရန်ရှင်းကြောင့် စိတ်ပူမိနေသော ညီသုတမှာ ယခုမှသဘောပေါက်သွားပြီး ခပ်ဖွဖွပြုံးမိရသည်။

"မင်းကလေ..တကယ်ပဲ။ ငါအခုမြင်နေရတာ ကာရန်ရှင်းရောဟုတ်ရဲ့လားလို့ ပြန်တွေးနေမိပြီ။ ဘယ်လိုတောင် မရှက်မရွံ့ပြောရဲရတာလဲ"

"အမှန်ပဲလေ။ ငါကကာရန်ရှင်းမဟုတ်တော့ဘူး။ မင်းရဲ့ချစ်သူဖြစ်နေပြီ"

"တော်ပြီ တော်ပြီ။ မင်းကို ငါမနိုင်ဘူး"

သူတို့နှစ်ယောက်သားပူးကပ်ကာ စကားပြောနေခိုက်မှာပင် တစ်ဖက်ကစကားဝိုင်းမှာလည်း ဇာတ်ရှိန်အမြင့်ဆုံးသို့ရောက်လာဟန်နှင့် အသံများကျယ်လောင်ပေသည်။

"ဒီတော့ မင်းက ယဥ်ယဥ်လတ်ဆိုတဲ့မိန်းမကို သက်ညှာပေးဖို့ လာတောင်းဆိုတယ်ပေါ့"

"မိသားစုဝင်အချင်းချင်းတွေ မဖြစ်သင့်တာမဖြစ်ရအောင်ပါ"

"ငါ့သားကြီးနဲ့ချွေးမက သူ့လက်ချက်နဲ့ပဲ ဆုံးသွားပြီ။ သူ့ရဲ့တိရစ္ဆာန်စိတ်ကြောင့် သူ့ယောကျ်ား၊ငါ့သားလေးလည်း ဒုက္ခတွေခံပြီး အဆုံးမှာဘဝကူးတောင်မကောင်းခဲ့ရဘူး။ အဲ့ဒီအချိန်တွေတုန်းကတော့ မိသားစုအချင်းချင်းမဖြစ်သင့်တာမဖြစ်ရအောင်ဆိုပြီး မင်းဝင်ပြောတာလည်း ငါမကြားမိပါလား။ ပြီးတော့ ငါမင်းကို ကိုယ့်နေရာကိုသိဖို့ သတိပေးလိုက်ပါဦးမယ်"

ကာရန်ရှင်းနှင့်ညီသုတတို့သည် အဘိုး၏ဒေါသတကြီးစကားသံများကြောင့် မျက်တောင်ပင်မခတ်ဘဲ ငေးကြည့်နေမိသည်။

"မိသားစုဝင်အချင်းချင်းဆိုရင် ငါတို့မိသားစုကိစ္စကို ငါတို့ဘာသာ ကြိုက်တဲ့နည်းနဲ့ဖြေရှင်းမယ်။ မင်းလိုကောင်က ဝင်ပါစရာမလိုဘူး။ ရှင်းမိသားစုက မင်းလိုအမှိုက်မျိုး ဝင်စွက်ဖက်ချင်သလိုစွက်ဖက်လို့ရတဲ့လူတွေမဟုတ်ဘူး"

"မဟုတ်ပါဘူး။ ကျွန်တော်က.."

"မင်းက သူများအတွက်ဝင်ပြောပေးရလောက်အောင်အထိ ကရုဏာတရားပြည့်ဝတယ်ဆိုတာ အရင်ကငါမသိခဲ့ပါလား။ မဟုတ်မှ အဲ့ဒီမိန်းမရဲ့လုပ်ငန်းတွေထဲမှာ မင်းရော ဘယ်လောက်အတိုင်းအတာထိ ပါဝင်နေတာလဲ။ သူအခြေမလှတော့ဘူးဆိုတော့ မင်းတို့လည်းအထိနာနေကြပြီပေါ့လေ"

တစ်ဖက်လူမှာ အလွန်အမင်းမျက်နှာပျက်နေလေပြီ။ ပြေပြေလည်လည်ညှိနှိုင်း၍မရမှန်းသိပြီးဖြစ်သော်လည်း ယခုလို သူ့ကိုပါ ကိစ္စထဲကို ဆွဲသွင်းလိမ့်မည်ဟု ထင်မထားခဲ့သဖြင့် အနည်းငယ်ကြောက်ရွံ့သွားလေသည်။

"အခု ငါ့သဘောထားကို မင်းသိရပြီ။ မကျေနပ်ရင် ကြိုက်သလိုတုံ့ပြန်နိုင်တယ်။ ဒါပေမဲ့တစ်ခုတော့မှတ်ထား။ ငါ့ကို လာထိပါးပြီဆိုတာနဲ့ ငါကအဆုံးထိသွားမှာမို့ ကိုယ့်ဇာတ်ကိုမှမနိုင်ရင် အစကတည်းက လှည့်ပြန်ရင်ကောင်းမယ်။ ငါက ငါ့ကိုလာမစရင် ကိုယ့်စည်းနဲ့ကိုယ်နေတဲ့လူ"

ထိုလူသည် ဘာစကားမှပင် ခွန်းတုံ့မပြန်နိုင်တော့ဘဲ ခေါင်းငိုက်စိုက်ချထားရင်းသာ ထပြန်ရန်ပြင်လေသည်။ ထိုသူလှည့်ပြန်ခါနီးတွင် အဘိုးက ခြိမ်းခြောက်သောလေသံနှင့် ထိုလူအား သတိပေးလိုက်သည်။

"မင်းတို့အုပ်စုဘက်က အတင်းအဖျင်းသိပ်ကြိုက်တဲ့လူတွေကိုလည်းပြောလိုက်။ မိသားစုဝင်အချင်းချင်းတိုက်ပွဲဖြစ်နေတဲ့လုပ်ငန်းစုဆိုပြီး ကွယ်ရာမှာအပုပ်ချနေမယ့်အစား ငါတို့လုပ်ငန်းစုကိုခြေဖျားလောက်ပဲဖြစ်ဖြစ်မီအောင် အရည်အချင်းမြှင့်တင်ဖို့ကိုသာ အာရုံစိုက်ထားလိုက်လို့"

စကားအဆုံးတွင် ထိူလူ၏ဖြူရော်နေသောမျက်နှာသည် ပို၍ပင် ဖြူဖျော့သွားပြီး မျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်သွားရှာသည်။ ကာရန်ရှင်းကလည်း ထိုလူကို အမှိုက်လောက်ပင်တန်ဖိုးမရှိသည့်အရာကို ကြည့်သလိုကြည့်ပြီးသည်နှင့် ချက်ချင်းမျက်နှာလွှဲလိုက်သည်။

အထက်တန်းလွှာများအကြားက စကားစစ်ထိုးပွဲကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသော ညီသုတခမျာ ခဏမျှယုန်သူငယ်လေးလို ဖြစ်သွားရရှာသည်။ မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် ကြောင်တိကြောင်အမ်းဖြစ်နေသော သူ့ပုံစံကို ကာရန်ရှင်းမြင်သော် မပြုံးဘဲမနေနိုင်တော့ချေ။

"ဘာဖြစ်နေတာလဲ"

"ဟင့်အင်း"

"ဒါဆို ဒါကဘာရုပ်လဲ"

တမင်တကာကျီစယ်နေသော ကာရန်ရှင်းကို ညီသုတလည်း လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်သည်။ ကာရန်ရှင်းကတော့ တုံ့ပြန်စကားပြန်မလာလည်း ရွှင်မြူနေဆဲပင်။

"ဒါနဲ့ မင်း အခုတာဝန်ယူထားတဲ့ ဌာနမှူးနေရာကိုရော ဘယ်လိုလုပ်မလဲ"

"ဒီလိုတွေဖြစ်သွားမှတော့ သူတို့ကို ငါဌာနမှူးအသစ်ရှာဖို့ပဲပြောလိုက်တော့တယ်။ မဟုတ်လည်း ငါကယာယီပဲဆိုတော့"

"အင်း။ ငါလည်း မကြာခင် သူတို့နဲ့projectအတူလုပ်တာပြီးတော့မယ်ဆိုတော့ ဌာနမှူးအသစ်ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိပေမယ့် အစ်ကိုရှင်းသန့်မောင်ကိုတော့ ဖြစ်စေချင်တယ်။ သူကတကယ် အလုပ်ကြိုးစားတယ်"

"ရှင်းသန့်မောင်က တကယ်တော်ပါတယ်။ ဌာနမှူးနေရာကို အရင်ကတည်းကနေရာရထိုက်တယ်။ အထက်က သက်သက်ညစ်ထားလို့ ငါနည်းနည်းဝင်ပါလိုက်တယ်"

"ဒါဆို.."

"အင်း။ မင်းထင်တာမှန်တယ်"

ကာရန်ရှင်းပြောသလို အထက်က ဘယ်လိုညစ်ထားသလဲဆိုသည်ကို ညီသုတမသိသော်လည်း ရှင်းသန့်မောင်၏တက်လမ်းရှင်းသွားပြီဖြစ်သဖြင့် သူဝမ်းသာမိသည်။

"ငါ့ကို မင်းအတွက်ရော လုပ်ပေးစေချင်လား"

ညီသုတလက်မခံမှန်းသိသော်လည်း မနေနိုင်မထိုင်နိုင် မေးလိုက်မိလေရာ ချက်ချင်းပင် ခေါင်းရမ်းပြ၍ အငြင်းခံလိုက်ရသည်။

"အခုအတိုင်းလေးပဲ ငါအဆင်ပြေတယ်"

"ဟုတ်ပါပြီ"

နှစ်ယောက်သားသည် တစ်မနက်ခင်းလုံးအတူတကွအချိန်ဖြုန်းပြီးနောက် ညီသုတက နေ့လယ်စာစားပြီးသည်နှင့် အိမ်ကိုခဏပြန်သွားသည်။ ထို့ကြောင့် အနားမှာညီသုတမရှိရှာသော ကာရန်ရှင်းမှာလည်း မူလပုံစံဖြစ်သည့် မှုန်တေတေအမူအရာနှင့်သာ အခန်းတွင်း၌ ကျန်ရစ်နေခဲ့တော့သည်။

ညီသုတလည်း အိမ်ပြန်ရောက်သည်နှင့် ရေချိုးလိုက်ပြီး ခဏတဖြုတ်အနားယူလေသည်။ သူသည် ညဘက်တွင်ပါ ကာရန်ရှင်းကိုစောင့်အိပ်ပေးမည်ဖြစ်သဖြင့် နိုးနိုးကြားကြားဖြစ်နေရန် တစ်ရေးတစ်မောအိပ်လိုက်သေးသည်။ အိပ်ရာနိုးလာသောအခါ သူ့အမေသည် အိမ်ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။

"အမေ.. ဆိုင်ကိုပစ်ထားပြီး ရောက်လာပြန်ပြီ"

မီးဖိုချောင်ထဲတွင် အလုပ်များနေသော သူ့အမေကလည်း ညီသုတအသံကိုကြားသည်နှင့် လှည့်ကြည့်လာပြီး အကျိုးအကြောင်းရှင်းပြသည်။

"သားကောင်လေးက ဆေးရုံတက်နေတုန်းဆိုတော့ အမေက သူ့အတွက် ညနေစာကို စွပ်ပြုတ်လေးနဲ့ တခြားလူမမာစာလေးနည်းနည်းလုပ်ပေးလိုက်ချင်လို့။ သူတို့ကလည်း ယောကျ်ားသားတွေချည်းပဲဆိုတော့ အာရုံစိုက်နိုင်မှာမဟုတ်ဘူး။ ဆေးရုံက လူမမာစာကလည်း အမေစိတ်မချပါဘူး။ ကိုယ်တိုင်လုပ်တာလောက်တော့ ဘယ်ဟာမှမကောင်းဘူး။ သားသွားရင်ယူသွားဦး။ အခုပဲရတော့မှာ"

အမေများ၏ စဥ်းစားပေးတတ်ပုံကတော့ အံ့မခန်းပါပင်။ မအားသည့်ကြားက ယခုလို သားဖြစ်သူ၏သက်ဆိုင်သူကို အသေးစိတ်ကအစ တွေးပေးတတ်လွန်းသည်။

ညီသုတလည်း ကြည်နူးလွန်းသောစိတ်အစဥ်ကို မထိန်းချုပ်နိုင်သည့်အဆုံး မီးဖိုချောင်ထဲသို့ အပြေးဝင်ကာ သူ့အမေကို သိမ်းကြုံးကာဖက်ထားမိသည်။

"ကျေးဇူးတင်ပါတယ် အမေ။ သားကို အဆုံးထိနားလည်လက်ခံပေးတာ။ အဖေတောင် အ​မေ့ကိုမမီဘူး"

ထိုစကားကိုကြားသော် သူ့အမေက ရယ်သည်။

"အဲ့ဒါကို မင်းအဖေရှေ့မှာ ပြောရဲလို့လား"

"အမေကလည်း..."

သားအမိနှစ်ယောက်သား အတန်ကြာသည်အထိစရင်းနောက်ရင်းနှင့် ကာရန်ရှင်းအတွက် ထည့်ပေးမည့် ထမင်းဘူးနှင့် စွပ်ပြုတ်အပူခံဘူးလည်း အဆင်သင့်ဖြစ်သွားလေပြီ။

ညီသုတက အဝတ်အစားလဲပြီးသည်နှင့် သူ့အမေသေချာထုပ်ပိုးပေးထားသော ဘူးများကိုသယ်ကာ ဆေးရုံသို့ ပြန်ထွက်လာခဲ့လိုက်သည်။ တစ်လမ်းလုံးလည်း သူ့အမေ၏စကားကိုပြန်ကြားယောင်လိုက်၊ ပြင်ပေးလိုက်သောထမင်းဘူးကိုကြည့်လိုက်နှင့် အလွန်တရာသဘောကျနေတော့သည်။

ကာရန်ရှင်းရှိရာသို့ သူရောက်သွားချိန်တွင် အခန်းဝတွင် စောင့်ကြပ်နေကျသက်တော်စောင့်များကို မတွေ့ရသဖြင့် တံခါးကိုအသာဟကာ အတွင်းဘက်ကအခြေအနေကိုစူးစမ်းကြည့်သော် အထဲတွင် အနည်းငယ်မျှယောက်ယက်ခတ်နေသံများကို ကြားလိုက်ရသဖြင့် စိုးရိမ်တကြီးနှင့် တံခါးကိုဆွဲဖွင့်ပြီး အလောတကြီးဝင်သွားလိုက်လေရာ ထင်မထားသောမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

သူနှင့်ရွယ်တူလောက်ပင်ရှိဦးမည့် မိန်းကလေးတစ်ယောက်သည် သက်တော်စောင့်နှစ်ယောက်ပိတ်ကာခြင်းခံထားရသည့် ကာရန်ရှင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ရန်ရှာနေပြီး တစ်ဖက်တွင်ရပ်နေသော အဘိုးကိုလည်း မကြာခဏပြစ်တင်ပြောဆိုနေလေသည်။

"သမီးကရော အဘိုးရဲ့မြေးမဟုတ်လို့လား။ မြေးချင်းအတူတူကို ဘာလို့ခွဲခြားဆက်ဆံရတာလဲ"

"ငါ့မှာ မင်းတို့လိုယုတ်ညံ့တဲ့ချွေးမနဲ့မြေးမျိုးမရှိဘူး"

သူတို့သည် ယခုလေးတင်မှ ဝင်လာသောညီသုတကို သတိမထားမိဘဲ ဆက်ရန်ဖြစ်နေကြသည်။

"ဟက်..ကာရန်ရှင်း...။ နင်ကတော့ သိပ်ပျော်နေမှာပေါ့။ အရင်တုန်းကတော့ နင့်ဘာသာနင် အဘိုးရဲ့အချစ်ဆုံးမြေးမကလို့ ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ အခုတော့ နင်လွန်လွန်းနေပြီ။ နင့်ကြောင့် ငါ့အမေထောင်ကျလို့ကတော့..."

ထိုစကားကြောင့် သက်တော်စောင့်များကွယ်ထားသည့်နေရာမှ ကာရန်ရှင်း၏အေးစက်စက်ရယ်သံထွက်လာပေသည်။ ထိုရယ်သံသည် ကြားရသူတိုင်းကို ကျောချမ်းသွားစေသည်အထိ အေးတိအေးစက်နိုင်လှသည်။

"ဖယ်ကြစမ်း။ သူက ငါကိုယ်တိုင်လှောင်တာကိုခံချင်နေတာ"

ကာရန်ရှင်းသည် ကုတင်အနားတွင်ရပ်ကာ သူ့ကိုပိတ်ကာရင်း ထိုမိန်းကလေးတိုးကပ်လာခြင်းမှ ကာကွယ်နေသောသက်တော်စောင့်နှစ်ယောက်ကို ဖယ်ခိုင်းလိုက်ပြီး ထိုမိန်းကလေးနှင့် မျက်နှာချင်းဆိုင်သည်။

"ငါ့ကြောင့် နင့်အမေထောင်ကျတယ်ဟုတ်လား။ သူဘာမှလုပ်မထားရင် ငါကထောင်ချချင်တိုင်း ချလို့ရလား၊ မရဘူးလားဆိုတာ ဉာဏ်မမီတဲ့နင့်လိုဦးနှောက်တောင် စဥ်းစားတတ်တဲ့ကိစ္စပဲ"

"နင်...နင်..."

ထိုမိန်းကလေးသည် ကာရန်ရှင်းစကားကြောင့် အရှိုက်ထိသွားပြီး မျက်နှာတစ်ခုလုံး နီရဲသွားသည်။ ဒေါသအရှိန်ကြောင့် နီရဲသွားသောမျက်နှာနှင့်အတူ လက်ချောင်းများသည်လည်း တဆတ်ဆတ်တုန်ယင်လျက်ရှိသည်။

ကာရန်ရှင်းကမူ အစကတည်းက အခုအချိန်အထိ အေးဆေးတည်ငြိမ်နေသည်။ 

"နင်တို့အနိုင်ကျင့်တာကို ငါဘယ်တော့မှမမေ့ဘူး"

"ငါတို့အနိုင်ကျင့်တာက နင့်အမေလူသတ်သမားနဲ့ယှဥ်ရင် သဲတစ်မှုန်လောက်တောင် မရှိသေးပါဘူး"

"ငါ့အမေကို အဲ့လိုမပြောနဲ့။ နင့်လိုလူရာမဝင်တဲ့ကောင်ရဲ့ပါးစပ်က သူ့အကြောင်းထွက်လာတာကြားရင် သူရှက်လို့သေလိမ့်မယ်ဟဲ့"

စော်ကားလွန်းသောအသုံးအနှုန်းကြောင့် ညီသုတမှာ ဒေါသကြောင့် လက်သီးကိုတင်းတင်းဆုပ်ထားမိသည်။ တစ်ဖက်ကမိန်းကလေးဖြစ်နေသည့်အပြင် ဤကိစ္စတွင် သူသည်ပါဝင်ပတ်သက်ဖို့သင့်မသင့် မဆုံးဖြတ်နိုင်၍ ဒေါသကိုထိန်းကာ အသာငြိမ်နေလိုက်ရသည်။

"နင်ငါ့ကို ဘယ်လိုပဲပုတ်ခတ်နေပါစေ။ နင့်အမေက လူသတ်သမားဆိုတဲ့အမှန်တရားက ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူး"

ကာရန်ရှင်းသည် ယတိပြတ်စကားကိုဆိုပြီးသည်နှင့် သူ(မ)ကိုမျက်နှာလွှဲလိုက်လေရာ ထောင့်တစ်နေရာတွင်ရပ်၍ သူ့ကိုကြည့်နေသောညီသုတကို မြင်သွားပြီး ခဏမျှမင်သက်သွားမိသည်။ သူ၏အမူအရာကို ထိုမိန်းကလေးကလည်း သတိပြုမိသွားပြီး အနောက်ကိုလှည့်လာသဖြင့် အခန်းထဲရှိလူအားလုံး၏အကြည့်သည် သူ့ထံသို့ကျရောက်လာသည်။

"ဟက်... ငါ ဒီရက်ပိုင်းနည်းနည်းစုံစမ်းထားလို့သိထားတာရှိတယ်။ သူက နင့်အားနည်းချက်မလား ကာရန်ရှင်း။ ငါ သူ့ကိုအလွတ်ပေးလိမ့်မယ်မထင်နဲ့"

သူ(မ)သည် ကာရန်ရှင်း၏ကုတင်နားသို့ကပ်၍ လက်ညှိုးတထိုးထိုးနှင့် ဒေါသတကြီးပြောလေသည်။ သူ(မ)၏မျက်လုံးအစုံသည် ဒေါသမီးတောက်လောင်နေပြီး အသိစိတ်ကလည်း မကပ်တော့သည်ဖြစ်ရာ အန္တရာယ်စက်ကွင်းထဲသို့ သက်ဆင်းနေမိသည်ကိုပင် သတိမမူနိုင်တော့ချေ။

ကာရန်ရှင်းဟာ သူ(မ)၏ခြိမ်းခြောက်စကားကို ကြားသည်နှင့် မူလကတည်ငြိမ်နေသော သူ့အမူအရာသည် ညီသုတမြင်ပင်မမြင်ဖူးသည့်တင်းမာမှုများနှင့် ပြည့်နှက်သွားပြီး သူ့ပုံစံမှာ ဒေါသူပုန်ထနေသော သားရိုင်းကောင်အသွင်သို့ ပြောင်းလဲသွားတော့သည်။

မျက်လုံးအစုံသည် စူးရှပြီးကျဥ်းမြောင်းသွားကာ အံတင်းတင်းကြိတ်ထားခြင်းကြောင့် နဖူးကြောနှင့် နားထင်ကြောများလည်း ထောင်ထလာသည်။ ထိုအခိုက်မှာပင် သူသည် ဒဏ်ရာပိုနည်းသောလက်ကို လျှပ်စီးလိုလျင်မြန်သောအရှိန်နှင့် လှုပ်ရှားလိုက်ပြီး သူ(မ)၏လည်တိုင်ကို ခွန်အားအပြည့်နှင့်ကိုင်ညှစ်လိုက်တော့သည်။

"သူ့ကိုထိရဲရင်ထိကြည့်လိုက်။ နင်နဲ့နင့်အမေ သေကွဲကွဲစေရမယ်လို့ ငါကတိပေးတယ်။ ဒီတော့ ဘဝကူးကောင်းချင်သေးတယ်ဆိုရင် သူ့ကိုမျက်စောင်းတောင် ထိုးမကြည့်မိစေနဲ့"

ထိုမိန်းကလေးသည် ကာရန်ရှင်း၏ခွန်အားကြောင့် လည်ပင်းဆီမှတစ်ဆို့မှုကိုသာ ခံစားနေရပြီး အသံပင်မထွက်နိုင်ပေ။ လျှပ်တပြက်ဖြစ်သွားသော ထိုအဖြစ်ကြောင့် ဘေးနားရှိလူတစ်စုမှာ ခဏမျှကြောင်အနေပြီးမှ အသိပြန်ဝင်ကာ ကာရန်ရှင်းကို တားကြရတော့သည်။

ကာရန်ရှင်းမှာတော့ လွှတ်ပေးရန်ငြင်းဆန်နေဆဲဖြစ်ပြီး လေးယောက်တစ်ယောက်တားနေသည့်ကြားမှ ထပ်ခြိမ်းခြောက်လိုက်သေးသည်။

"နင့်ကြောင့် သူ နည်းနည်းလေးဒဏ်ရာရရင်တောင် နင်မလွယ်ဘူးမှတ်။ မိန်းကလေးဆိုပြီး ညှာလိမ့်မယ်မထင်နဲ့"

အသိစိတ်လွတ်သွားသည့်အလား ရဲရဲတောက်နေသည့်မျက်ဝန်းများနှင့် စူးရဲစွာစိုက်ကြည့်ရင်း ခြိမ်းခြောက်သတိပေးနေသူမှာ သူသိထားဖူးသည့်ကာရန်ရှင်းမှ ဟုတ်ရဲ့လားဟု တွေးမိသည်အထိ စိမ်းသက်နေရသည်။

"လွှတ်လိုက်တော့ ကာရန်..."

တစ်ဖက်မိန်းကလေးမှာ အသံသေးသေးလေးပင် မထွက်နိုင်ရှာတော့ချေ။ ညီသုတလည်း အထိတ်တလန့်ဖြစ်သွားရပြီး ကာရန်ရှင်း၏လက်ကို ဆုပ်ကိုင်ပြီး အလျင်အမြန်တိုက်တွန်းလိုက်လေရာ ကာရန်ရှင်းသည် သူ့ကိုမော့ကြည့်လာပြီးနောက် လည်တိုင်ကိုဆုပ်ကိုင်ထားသောလက်ကို အနည်းငယ်ဖြေလျှော့ပေးလိုက်သည်။

"ငါနင့်ကိုအဆုံးစွန်ဆုံးသတိပေးပြီးပြီနော်။ သူ့ရှေ့မှာထပ်ပေါ်လာလို့ကတော့ နောက်ဆက်တွဲတွေအတွက် ငါက နင်ရောနင့်အမေရဲ့အသက်ကိုတောင် အာမမခံနိုင်ဘူး"

ကာရန်ရှင်းက လက်ကိုဖယ်ပေးလိုက်သည်နှင့် ထိုမိန်းကလေးမှာ နေရာမှာပင် ခွေကျသွားမတတ်အင်အားယုတ်လျော့သွားသော်လည်း လုံးဝလဲမကျသွားပေ။ ထို့နောက် အခန်းထဲရှိလူတစ်ဦးစီကို သေချာစိုက်ကြည့်သွားပြီး မကျေနပ်ကြောင်းလည်း တစ်ခွန်းမျှပင်ပြန်မပြောနိုင်ဘဲ ဒယိမ်းဒယိုင်လမ်းလျှောက်ကာ အခန်းထဲမှထွက်သွားတော့သည်။

"အဆင်ပြေရဲ့လား"

အဘိုးဟာ ယခုထိဒေါသအရှိန်ကြောင့် အသက်ရှူနှုန်းမမှန်သေးသော ကာရန်ရှင်းကိုကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။ ကာရန်ရှင်းကလည်း ကုတင်ဘေးတွင် မတ်တပ်ရပ်ကာ သူ့ကိုငုံ့ကြည့်နေသောညီသုတ၏လက်သန်းလေးတစ်ချောင်းတည်းကို အားမရှိစွာ လှမ်းကိုင်ထားရင်း အိပ်ရာပေါ်သို့လှဲချလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ နည်းနည်းဒေါသထွက်သွားလို့"

"နည်းနည်းမို့လို့တော်သေးတာပေါ့"

သူ့အဘိုးလည်း မတိုင်မီကအဖြစ်ကြောင့် အနည်းငယ်လန့်သွားပုံရသည်။ သို့သော် အိန္ဒြေဆည်ကာ ကာရန်ရှင်းကို စနောက်နေသေးသည်။ ကာရန်ရှင်းကမူ နည်းနည်းမျှပင် မပြုံးမိချေ။ ညီသုတလည်း ထိုနည်းတူပင်။

"ညနေစာစားချိန်တောင်ရောက်နေပြီပဲ။ မြေးလေးတို့ဘာစားချင်လဲ"

"ဟို... ကျွန်တော့်အမေက သူစားဖို့စွပ်ပြုတ်လေးနည်းနည်းထည့်ပေးလိုက်သေးတယ်"

ညီသုတက သူယူလာသောဘူးများကို ကိုင်မြှောက်ပြရင်းပြောသောအခါမှသာ မြေးအဘိုးနှစ်ယောက်ဟာ ထိုဘူးများသည် ကာရန်ရှင်းအတွက်ညနေစာများဖြစ်ကြောင်း သတိထားမိတော့သည်။

"ဒါဆိုလည်း အဘိုးပဲတစ်ခုခုသွားစားလိုက်တော့လေ။ ကျွန်တော်တို့က ဒါနဲ့ပဲအဆင်ပြေနေပြီ"

"ကောင်းပြီလေ"

သူ့အဘိုးထွက်သွားသောအခါမှသာ ကာရန်ရှင်းသည် အံ့သြနေသောအမူအရာနှင့် ယခုထိမတ်တပ်ရပ်နေသေးသော ညီသုတကို မော့ကြည့်လိုက်သည်။

"တကယ်ကြီးလား"

"ဘာကိုလဲ"

"မင်းအမေက ငါ့အတွက် စားစရာထည့်ပေးလိုက်တယ်ဆိုတာလေ"

"ဟောဗျာ..ဒီမှာလေ..။ ငါယူတောင်ယူလာပြီကို"

"အဲ့လိုပြောတာမဟုတ်ဘူးလေ။ တကယ်ပဲ မင်းအမေက ငါ့အတွက်.."

"အင်း။ အဖေနဲ့အမေက ငါတို့အကြောင်းကိုသိပြီးပြီ။ ဒါကလည်း အမေကိုယ်တိုင် မင်းအတွက်တကူးတကချက်ပြုတ်ပြီးထည့်ပေးလိုက်တာ"

"တကယ်ကြီးလား"

ကာရန်ရှင်းသည် ကမ္ဘာသစ်ကိုရှာဖွေတွေ့ရှိသွားသည့်ကောင်လေးတစ်ယောက်လို တအံ့တသြဖြစ်ကာ လက်ရှိအခြေအနေကို အလွန်ဆန်းကြယ်သည်ဟု ထင်မြင်နေရှာသည်။ ညီသုတမှာ အသံထွက်၍ပင် အော်ရယ်မိသည်။

"တကယ်ပါဆိုမှကွာ"

"ယောက္ခမကြီးက စေတနာကောင်းလိုက်တာ"

ကာရန်ရှင်းသည် စိတ်လှုပ်ရှားမှုကြောင့် အောက်နှုတ်ခမ်းကို ပြတ်ထွက်မတတ်ကိုက်ကာ ပြုံးဖြီးနေသဖြင့် ညီသုတဝင်တားရသည်အထိပင်။ ယခုလို ကာရန်ရှင်းပျော်ရွှင်နေသည်ကိုမြင်မိပြန်တော့လည်း သူ၏ရွေးချယ်မှုအတွက် ကျေနပ်ရပြန်သည်။

"ဒီမှာလာထိုင်"

ကာရန်ရှင်းက ကုတင်ပေါ်ကိုပုတ်ပြကာ ခေါ်နေသဖြင့် ညီသုတက လက်ထဲရှိဘူးများကို စားပွဲပေါ်သို့သွားတင်လိုက်ပြီး ကုတင်ခေါင်းရင်းနားတွင်ဝင်ထိုင်လိုက်သည်။ သူဝင်ထိုင်လိုက်သည်နှင့် ကာရန်ရှင်းသည် သူ၏ပေါင်ပေါ်သို့လှဲရန် ကိုယ်ကိုကွေးညွတ်ကာတိုးလာသည်။ သူ၏ခြေထောက်ကမူ လှုပ်ရှား၍မရသေးသဖြင့် ထိုအတိုင်းသာငြိမ်နေရပြီး ခန္ဓာကိုယ်အထက်ပိုင်းကိုမူ ကွေးကောက်ထားကာ ညီသုတပေါင်ပေါ်ကို ခေါင်းအုံး၍အိပ်လာသည်။

ညီသုတလည်း ကာရန်ရှင်း၏ရှုပ်ပွနေသောဆံပင်စများကို လက်နှင့်သပ်ကာ ရှင်းလင်းပေးနေပြီး ကျန်လက်တစ်ဖက်မှာတော့ ထိုသူ၏တင်းကြပ်စွာဆုပ်ကိုင်ထားခြင်းကိုခံနေရသည်။

"ပျော်လား"

ညီသုတ၏လျှပ်တပြက်အမေးကို ကာရန်ရှင်းကလည်း မတုံ့ဆိုင်းဘဲ ချက်ချင်းပြန်ဖြေလေသည်။

"အရမ်းပျော်ရလွန်းလို့ အိပ်မက်ဖြစ်နေမှာတောင်ကြောက်တယ်"

ကာရန်ရှင်းက သာမန်ကာလျှံကာမျှပြောလိုက်သော်လည်း ညီသုတကတော့ ထိုစကားကြောင့် ရင်ထဲတွင်အနည်းငယ်နာကျင်သွားရသည်။ ထိုလူသားသည် စစ်မှန်သောပျော်ရွှင်မှုကိုပင် တစ်သက်နှင့်တစ်ကိုယ် ကောင်းစွာမခံစားဖူးရှာပေ။

"အိပ်မက်လို့ပဲထင်ထင်၊ တကယ့်အဖြစ်မှန်လို့ပဲထင်ထင် ဘယ်တော့မှမပြောင်းလဲမဲ့အမှန်တရားကတော့ ငါက တကယ့်ကမ္ဘာမှာရော အိပ်မက်ထဲမှာရော မင်းအနားမှာပဲ ရှိနေတော့မှာ။ မင်းက အိပ်မက်လို့ ထင်ယောင်ထင်မှားဖြစ်နေလည်းရတယ်။ ဘယ်တော့မှနိုးထစရာမလိုတော့တဲ့အိပ်မက်လို့သာ သဘောထားလိုက်ပေါ့"

စကားဆုံးသည်နှင့် ညီသုတသည် ကာရန်ရှင်း၏မျက်နှာနားသို့ငုံ့ကိုင်းကာ ဒဏ်ရာမရှိသည့်နဖူးပြင်ပေါ်တွင် အနမ်းတစ်ပွင့်ခြွေချမိသည်။ ကြင်နာယုယစွာ ပေးအပ်မိသော အနမ်းတစ်ရှိုက်အတွက် ပျော်ရွှင်ကြည်နူးစွာ ပြန်လည်ပေးအပ်လာသော စစ်မှန်လှသည့်အပြုံးတစ်သွယ်မှာလည်း လွန်စွာအသက်ဝင်နေခဲ့သည်။

အနာတရဆိုရင်လည်း
မင်းအနားမှာရှိနေရမယ်ဆိုရင်
နာကျင်မှုတွေမှာ လက်ပစ်ကူးနေပါ့မယ်..။

လောကဓံဆိုလည်း
မင်းအနားကိုသာ ရောက်နိုင်မယ်ဆိုရင်
အဲ့ဒီဒုက္ခတွေမှာ...
စိတ်လိုလက်ရလဲကျပစ်ချင်တော့တာပါပဲ...။

**********************
ZawGyi Version

ေနာက္တစ္​ရက္မနက္ေစာေစာတြင္လည္း ညီသုတဟာ ကာရန္႐ွင္းဆီသို႔ ထြက္လာခဲ့ေလသည္။ ညီသုတေရာက္သြားခ်ိန္တြင္ ကာရန္႐ွင္းသည္ ေဆး႐ုံခန္းထဲတြင္ ပ်င္းတိပ်င္းေလ်ာ့အမူအရာႏွင့္ သူ႕အဘိုးကို စကားေျပာေနသည္။ ကုမၸဏီကိစၥတခ်ိဳ႕ႏွင့္ ႐ွယ္ယာကိစၥမ်ားေျပာဆိုေနၾကသည္ကို ညီသုတတစ္စြန္းတစ္စၾကားလိုက္ရၿပီးေနာက္ သူဝင္လာသည္ကိုျမင္သည္ႏွင့္ ႏွစ္ေယာက္သားစကားစရပ္သြားၾကေသာေၾကာင့္ အျခားဘာမွမသိလိုက္ေပ။

"ဒီေန႔႐ုံးမသြားဘူးလား"

ကာရန္႐ွင္းက သူ႕ကိုျမင္သည္ႏွင့္ မူလကတည္တင္းေနေသာမ်က္ႏွာထက္တြင္ ေပါ့ပါးေသာအျပဳံးတစ္ခုျဖစ္တည္လာၿပီး မ်က္လုံးအေရာင္မွာလည္း တလက္လက္ႏွင့္ ေတာက္ပေနေလသည္။

"ခြင့္ယူထားတာ.."

"ဘာလို႔လဲ။ ငါ့ေၾကာင့္လား"

ညီသုတသည္ ကာရန္႐ွင္း၏အဘိုးကို မဝံ့မရဲၾကည့္လိုက္မိၿပီးေနာက္ အသာအယာေခါင္းညိတ္ျပေလသည္။

"ဒီကိုလာေလ.."

ကာရန္႐ွင္းသည္ ကုတင္ေဘး႐ွိလူနာေစာင့္ခုံ၌ ညီသုတဝင္ထိုင္လိုက္သည္ကို ျမင္ေသာ္ အလိုမက်ဟန္ႏွင့္စိုက္ၾကည့္ကာ သူ႕ေဘး႐ွိေနရာလြတ္ကို ပုတ္ျပရင္း လာထိုင္ရန္ ဆိုေလသည္။ ညီသုတမွာလည္း အားတုံ႔အားနာဟန္ျဖင့္ျပဳံးကာ ကာရန္႐ွင္းကို သူ႕အဘိုး႐ွိေနေသးေၾကာင့္ အရိပ္အကဲျပေလသည္။

"ေျမးေလးက မေန႔ညကတစ္ေရးႏိုးလာကတည္းက မင္းကိုေမွ်ာ္ေနတာ။ အခုေရာက္လာၿပီဆိုေတာ့ ဒီအဘိုးႀကီးေ႐ွ႕ေတာင္ အိေႁႏၵမဆည္ႏိုင္႐ွာေတာ့ဘူး"

ျပဳံးစစႏွင့္ေျပာလာေသာအဘိုး၏စကားေၾကာင့္ ညီသုတမွာ မ်က္ႏွာတစ္ခုလုံးနီျမန္းသြားရၿပီး လက္ကိုလည္း ဘယ္နားထားရမွန္းမသိေလာက္ေအာင္ ေနရခက္သြားရသျဖင့္ အ႐ွက္ေျပအေနႏွင့္ လည္ဂုတ္ကိုသာ အေၾကာင္းမဲ့ပြတ္သပ္ေနမိသည္။ ကာရန္႐ွင္းကေတာ့ အ႐ွက္ဟူေသာအရာကိုပင္ မသိတတ္စြာ အဘိုးျဖစ္သူကို မ်က္ႏွာေျပာင္တိုက္ေနေလသည္။

"အဘိုးလည္း ဒီလို​ေန႔ရက္ေလးေတြကို ေက်ာ္ျဖတ္ဖူးတာပဲ။ ကြၽန္ေတာ္ေျပာရဲတယ္။ အဘိုးတုန္းကဆိုရင္ ကြၽန္ေတာ္႕ထက္ေတာင္ ဆိုးဦးမွာ"

"ဒီေကာင္စုတ္ေလးကေတာ့.."

ကာရန္႐ွင္းသည္ ႀကိမ္းေမာင္းခံရသည္ကိုပင္ သေဘာတက်ေအာ္ရယ္ေနေလသည္။ အ႐ြယ္ေရာက္ၿပီးကတည္းက အျပဳံးအရယ္နည္းလွေသာ ေျမးျဖစ္သူဟာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ေအာ္ရယ္ေနသည္ကို ျမင္လိုက္ရေသာ အဘိုးခမ်ာ ခဏမွ်ေငးခနဲျဖစ္သြားရသည္။  ယခုေနာက္ပိုင္း ကာရန္႐ွင္း၏အျပဳံးမ်က္ႏွာေလးကိုျမင္ရတိုင္း သူ႕မွာ ညီသုတဟူေသာကေလးကို ေက်းဇူးတင္၍မဆုံး။

"ဒီအဘိုးႀကီးကို မ႐ွိတဲ့လူလိုသာ သေဘာထားၾကပါ။ အခ်စ္ငွက္ေလးႏွစ္ေကာင္ကို မေႏွာင့္ယွက္ရဲပါဘူး"

အဘိုးစကားသံအဆုံးမွာပင္ ေဆး႐ုံခန္းတံခါးပြင့္လာၿပီး တံခါးေ႐ွ႕တြင္ ေစာင့္ၾကပ္ရေသာ သက္ေတာ္ေစာင့္တစ္ေယာက္ဝင္လာသည္ကို အားလုံးျမင္လိုက္ၾကရသည္။

"အျပင္မွာဧည့္သည္ေရာက္ေနပါတယ္ ဆရာ။ ဦးဝင့္ထည္လို႔ေျပာပါတယ္"

"ဝင္ခြင့္ေပးလိုက္"

"ဟုတ္ကဲ့ပါ"

ထိုသက္ေတာ္ေစာင့္ထြက္သြားသည္ႏွင့္ ညီသုတကို ကာရန္႐ွင္းက သူ႕ေဘးတြင္လာထိုင္ရန္ထပ္တိုက္တြန္းလာသျဖင့္ ညီသုတလည္း ေယာင္နနျဖင့္ထရပ္ကာ ကာရန္႐ွင္းေဘးတြင္တင္ပါးလႊဲအေနအထားႏွင့္ ဝင္ထိုင္လိုက္သည္။ ကာရန္႐ွင္းသည္ ကုတင္ေခါင္းရင္းကိုေက်ာမွီထားၿပီး ညီသုတဘက္သို႔ မ်က္ႏွာမူကာ ဝင္လာမည့္ဧည့္သည္ကို လ်စ္လ်ဴ႐ႈထားၿပီး ညီသုတ၏လက္တစ္ဖက္ကို ဆုပ္ကိုင္ထားရင္း လက္ေခ်ာင္းမ်ားကို တို႔ကာထိကာႏွင့္ ကစားေနေပသည္။

"ဧည့္သည္က ဘယ္သူလဲ။ ငါ ခဏေ႐ွာင္ေပးသင့္လား"

ထိုအခါ ကာရန္႐ွင္းသည္ လက္ေခ်ာင္းမ်ားကိုငုံ႔ၾကည့္ေနရာမွ နားမလည္ႏိုင္ဟန္ျဖင့္ သူ႕ကိုေမာ့ၾကည့္လာသည္။

"ေ႐ွာင္ခ်င္းေ႐ွာင္ မဖိတ္ဘဲေရာက္လာတဲ့ အဲ့ဒီအမိႈက္လိုလူကသာ ေ႐ွာင္သင့္တာ။ မင္းက ငါ့ရဲ႕VVIPေလ။ ဘာအတြက္နဲ႔ ေ႐ွာင္ေပးခ်င္ေနတာလဲ"

ညီသုတသည္ ထိုစကားမွတစ္ဆင့္ ကာရန္႐ွင္း၏လက္႐ွိစိတ္အေျခအေနကို ခန္႔မွန္းၾကည့္မိသည္။ ယခုေရာက္လာေသာသူသည္ ကာရန္႐ွင္းၾကည့္မရသူတစ္ဦးျဖစ္ႏိုင္သည္ဟု ေတြးမိသည္။

သူတို႔ႏွစ္ေယာက္စကား​ေျပာေနစဥ္မွာပင္ ခဲေရာင္ဝတ္စုံျပည့္ဝတ္ဆင္ထားေသာ အသက္ေလးဆယ္ခန္႔႐ွိသည့္ အမ်ိဳးသားတစ္ေယာက္သည္ အခန္းတြင္းသို႔ ဝင္ေရာက္လာၿပီး ကာရန္႐ွင္း၏အဘိုးကို ဦးစြာႏႈတ္ဆက္သည္။ အဘိုး၏တုံ႔ျပန္မႈကေတာ့ ျပင္းထန္သည္။ ထိုလူကိုေက်ာေပးလိုက္ၿပီး ဧည့္သည္ခုံေနရာတြင္ ဝင္ထိုင္ရန္ အခ်က္ျပလိုက္သည္။

အခန္းထဲ႐ွိေလထုသည္ ႐ုတ္ခ်ည္းေအးခဲသြားေလရာ ညီသုတသည္ အထူးသတိထား၍ ေနေနရသည္။ ဤသည္ကို ကာရန္႐ွင္းသတိျပဳမိေသာအခါ သူ၏ပခုံးေပၚတြင္ ေခါင္းမွီရင္း တီးတိုးစကားဆိုသည္။

"ဘယ္ကိုအာ႐ုံထားၿပီး ဘာေတြေၾကာက္ေနတာလဲ။ ငါ့ကိုပဲၾကည့္လို႔မရဘူးလား။ ငါ့ဆီမွာပဲ အာ႐ုံစိုက္ေလ။ ငါ အခု နာေနတယ္"

"ဟင္... ဘယ္ေနရာကနာတာလဲ"

ညီသုတသည္ ခ်က္ခ်င္းပင္ ပ်ာယာခတ္သြားရေတာ့သည္။ သူသည္ ကာရန္႐ွင္းကို တစ္ကိုယ္လုံးအႏွံ႔အၾကည့္ေဝ့ကာ စစ္ေဆးမိၿပီး ထိုသူ၏ခႏၶာကိုယ္ကို ခပ္ၾကမ္းၾကမ္းမဆိုထားႏွင့္၊ အသာအယာပင္ မထိကိုင္ဝံ့ေပ။ သူထိလိုက္သည္ႏွင့္ ဒဏ္ရာမ်ားျပည့္ႏွက္ေနေသာ ခႏၶာကိုယ္က ထိခိုက္နာက်င္သြားမည္ကို စိုးလွသည္။

"ရင္ဘတ္ထဲကနာတယ္။ မင္းက ငါ့ထက္ အဲ့ဒီလူကို ပိုအာ႐ုံစိုက္ေနလို႔ ရင္ဘတ္ထဲကေနလို႔မေကာင္းဘူး"

ရင္ဘတ္ကို လက္ညိႇဳးတထိုးထိုးႏွင့္ေျပာေနေသာ ကာရန္႐ွင္းေၾကာင့္ စိတ္ပူမိေနေသာ ညီသုတမွာ ယခုမွသေဘာေပါက္သြားၿပီး ခပ္ဖြဖြျပဳံးမိရသည္။

"မင္းကေလ..တကယ္ပဲ။ ငါအခုျမင္ေနရတာ ကာရန္႐ွင္းေရာဟုတ္ရဲ႕လားလို႔ ျပန္ေတြးေနမိၿပီ။ ဘယ္လိုေတာင္ မ႐ွက္မ႐ြံ႕ေျပာရဲရတာလဲ"

"အမွန္ပဲေလ။ ငါကကာရန္႐ွင္းမဟုတ္ေတာ့ဘူး။ မင္းရဲ႕ခ်စ္သူျဖစ္ေနၿပီ"

"ေတာ္ၿပီ ေတာ္ၿပီ။ မင္းကို ငါမႏိုင္ဘူး"

သူတို႔ႏွစ္ေယာက္သားပူးကပ္ကာ စကားေျပာေနခိုက္မွာပင္ တစ္ဖက္ကစကားဝိုင္းမွာလည္း ဇာတ္႐ွိန္အျမင့္ဆုံးသို႔ေရာက္လာဟန္ႏွင့္ အသံမ်ားက်ယ္ေလာင္ေပသည္။

"ဒီေတာ့ မင္းက ယဥ္ယဥ္လတ္ဆိုတဲ့မိန္းမကို သက္ညႇာေပးဖို႔ လာေတာင္းဆိုတယ္ေပါ့"

"မိသားစုဝင္အခ်င္းခ်င္းေတြ မျဖစ္သင့္တာမျဖစ္ရေအာင္ပါ"

"ငါ့သားႀကီးနဲ႔ေခြၽးမက သူ႕လက္ခ်က္နဲ႔ပဲ ဆုံးသြားၿပီ။ သူ႕ရဲ႕တိရစၧာန္စိတ္ေၾကာင့္ သူ႕ေယာက်္ား၊ငါ့သားေလးလည္း ဒုကၡေတြခံၿပီး အဆုံးမွာဘဝကူးေတာင္မေကာင္းခဲ့ရဘူး။ အဲ့ဒီအခ်ိန္ေတြတုန္းကေတာ့ မိသားစုအခ်င္းခ်င္းမျဖစ္သင့္တာမျဖစ္ရေအာင္ဆိုၿပီး မင္းဝင္ေျပာတာလည္း ငါမၾကားမိပါလား။ ၿပီးေတာ့ ငါမင္းကို ကိုယ့္ေနရာကိုသိဖို႔ သတိေပးလိုက္ပါဦးမယ္"

ကာရန္႐ွင္းႏွင့္ညီသုတတို႔သည္ အဘိုး၏ေဒါသတႀကီးစကားသံမ်ားေၾကာင့္ မ်က္ေတာင္ပင္မခတ္ဘဲ ေငးၾကည့္ေနမိသည္။

"မိသားစုဝင္အခ်င္းခ်င္းဆိုရင္ ငါတို႔မိသားစုကိစၥကို ငါတို႔ဘာသာ ႀကိဳက္တဲ့နည္းနဲ႔ေျဖ႐ွင္းမယ္။ မင္းလိုေကာင္က ဝင္ပါစရာမလိုဘူး။ ႐ွင္းမိသားစုက မင္းလိုအမိႈက္မ်ိဳး ဝင္စြက္ဖက္ခ်င္သလိုစြက္ဖက္လို႔ရတဲ့လူေတြမဟုတ္ဘူး"

"မဟုတ္ပါဘူး။ ကြၽန္ေတာ္က.."

"မင္းက သူမ်ားအတြက္ဝင္ေျပာေပးရေလာက္ေအာင္အထိ က႐ုဏာတရားျပည့္ဝတယ္ဆိုတာ အရင္ကငါမသိခဲ့ပါလား။ မဟုတ္မွ အဲ့ဒီမိန္းမရဲ႕လုပ္ငန္းေတြထဲမွာ မင္းေရာ ဘယ္ေလာက္အတိုင္းအတာထိ ပါဝင္ေနတာလဲ။ သူအေျခမလွေတာ့ဘူးဆိုေတာ့ မင္းတို႔လည္းအထိနာေနၾကၿပီေပါ့ေလ"

တစ္ဖက္လူမွာ အလြန္အမင္းမ်က္ႏွာပ်က္ေနေလၿပီ။ ေျပေျပလည္လည္ညႇိႏိႈင္း၍မရမွန္းသိၿပီးျဖစ္ေသာ္လည္း ယခုလို သူ႕ကိုပါ ကိစၥထဲကို ဆြဲသြင္းလိမ့္မည္ဟု ထင္မထားခဲ့သျဖင့္ အနည္းငယ္ေၾကာက္႐ြံ႕သြားေလသည္။

"အခု ငါ့သေဘာထားကို မင္းသိရၿပီ။ မေက်နပ္ရင္ ႀကိဳက္သလိုတုံ႔ျပန္ႏိုင္တယ္။ ဒါေပမဲ့တစ္ခုေတာ့မွတ္ထား။ ငါ့ကို လာထိပါးၿပီဆိုတာနဲ႔ ငါကအဆုံးထိသြားမွာမို႔ ကိုယ့္ဇာတ္ကိုမွမႏိုင္ရင္ အစကတည္းက လွည့္ျပန္ရင္ေကာင္းမယ္။ ငါက ငါ့ကိုလာမစရင္ ကိုယ့္စည္းနဲ႔ကိုယ္ေနတဲ့လူ"

ထိုလူသည္ ဘာစကားမွပင္ ခြန္းတုံ႔မျပန္ႏိုင္ေတာ့ဘဲ ေခါင္းငိုက္စိုက္ခ်ထားရင္းသာ ထျပန္ရန္ျပင္ေလသည္။ ထိုသူလွည့္ျပန္ခါနီးတြင္ အဘိုးက ၿခိမ္းေျခာက္ေသာေလသံႏွင့္ ထိုလူအား သတိေပးလိုက္သည္။

"မင္းတို႔အုပ္စုဘက္က အတင္းအဖ်င္းသိပ္ႀကိဳက္တဲ့လူေတြကိုလည္းေျပာလိုက္။ မိသားစုဝင္အခ်င္းခ်င္းတိုက္ပြဲျဖစ္ေနတဲ့လုပ္ငန္းစုဆိုၿပီး ကြယ္ရာမွာအပုပ္ခ်ေနမယ့္အစား ငါတို႔လုပ္ငန္းစုကိုေျခဖ်ားေလာက္ပဲျဖစ္ျဖစ္မီေအာင္ အရည္အခ်င္းျမႇင့္တင္ဖို႔ကိုသာ အာ႐ုံစိုက္ထားလိုက္လို႔"

စကားအဆုံးတြင္ ထိူလူ၏ျဖဴေရာ္ေနေသာမ်က္ႏွာသည္ ပို၍ပင္ ျဖဴေဖ်ာ့သြားၿပီး မ်က္ႏွာအပ်က္ပ်က္အယြင္းယြင္းျဖစ္သြား႐ွာသည္။ ကာရန္႐ွင္းကလည္း ထိုလူကို အမိႈက္ေလာက္ပင္တန္ဖိုးမ႐ွိသည့္အရာကို ၾကည့္သလိုၾကည့္ၿပီးသည္ႏွင့္ ခ်က္ခ်င္းမ်က္ႏွာလႊဲလိုက္သည္။

အထက္တန္းလႊာမ်ားအၾကားက စကားစစ္ထိုးပြဲကို မ်က္ျမင္ကိုယ္ေတြ႕ၾကဳံလိုက္ရေသာ ညီသုတခမ်ာ ခဏမွ်ယုန္သူငယ္ေလးလို ျဖစ္သြားရ႐ွာသည္။ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ႏွင့္ ေၾကာင္တိေၾကာင္အမ္းျဖစ္ေနေသာ သူ႕ပုံစံကို ကာရန္႐ွင္းျမင္ေသာ္ မျပဳံးဘဲမေနႏိုင္ေတာ့ေခ်။

"ဘာျဖစ္ေနတာလဲ"

"ဟင့္အင္း"

"ဒါဆို ဒါကဘာ႐ုပ္လဲ"

တမင္တကာက်ီစယ္ေနေသာ ကာရန္႐ွင္းကို ညီသုတလည္း လ်စ္လ်ဴ႐ႈထားရန္သာ ဆုံးျဖတ္လိုက္သည္။ ကာရန္႐ွင္းကေတာ့ တုံ႔ျပန္စကားျပန္မလာလည္း ႐ႊင္ျမဴေနဆဲပင္။

"ဒါနဲ႔ မင္း အခုတာဝန္ယူထားတဲ့ ဌာနမႉးေနရာကိုေရာ ဘယ္လိုလုပ္မလဲ"

"ဒီလိုေတြျဖစ္သြားမွေတာ့ သူတို႔ကို ငါဌာနမႉးအသစ္႐ွာဖို႔ပဲေျပာလိုက္ေတာ့တယ္။ မဟုတ္လည္း ငါကယာယီပဲဆိုေတာ့"

"အင္း။ ငါလည္း မၾကာခင္ သူတို႔နဲ႔projectအတူလုပ္တာၿပီးေတာ့မယ္ဆိုေတာ့ ဌာနမႉးအသစ္ဘယ္သူျဖစ္ျဖစ္ ကိစၥမ႐ွိေပမယ့္ အစ္ကို႐ွင္းသန္႔ေမာင္ကိုေတာ့ ျဖစ္ေစခ်င္တယ္။ သူကတကယ္ အလုပ္ႀကိဳးစားတယ္"

"႐ွင္းသန္႔ေမာင္က တကယ္ေတာ္ပါတယ္။ ဌာနမႉးေနရာကို အရင္ကတည္းကေနရာရထိုက္တယ္။ အထက္က သက္သက္ညစ္ထားလို႔ ငါနည္းနည္းဝင္ပါလိုက္တယ္"

"ဒါဆို.."

"အင္း။ မင္းထင္တာမွန္တယ္"

ကာရန္႐ွင္းေျပာသလို အထက္က ဘယ္လိုညစ္ထားသလဲဆိုသည္ကို ညီသုတမသိေသာ္လည္း ႐ွင္းသန္႔ေမာင္၏တက္လမ္း႐ွင္းသြားၿပီျဖစ္သျဖင့္ သူဝမ္းသာမိသည္။

"ငါ့ကို မင္းအတြက္ေရာ လုပ္ေပးေစခ်င္လား"

ညီသုတလက္မခံမွန္းသိေသာ္လည္း မေနႏိုင္မထိုင္ႏိုင္ ေမးလိုက္မိေလရာ ခ်က္ခ်င္းပင္ ေခါင္းရမ္းျပ၍ အျငင္းခံလိုက္ရသည္။

"အခုအတိုင္းေလးပဲ ငါအဆင္ေျပတယ္"

"ဟုတ္ပါၿပီ"

ႏွစ္ေယာက္သားသည္ တစ္မနက္ခင္းလုံးအတူတကြအခ်ိန္ျဖဳန္းၿပီးေနာက္ ညီသုတက ေန႔လယ္စာစားၿပီးသည္ႏွင့္ အိမ္ကိုခဏျပန္သြားသည္။ ထို႔ေၾကာင့္ အနားမွာညီသုတမ႐ွိ႐ွာေသာ ကာရန္႐ွင္းမွာလည္း မူလပုံစံျဖစ္သည့္ မႈန္ေတေတအမူအရာႏွင့္သာ အခန္းတြင္း၌ က်န္ရစ္ေနခဲ့ေတာ့သည္။

ညီသုတလည္း အိမ္ျပန္ေရာက္သည္ႏွင့္ ေရခ်ိဳးလိုက္ၿပီး ခဏတျဖဳတ္အနားယူေလသည္။ သူသည္ ညဘက္တြင္ပါ ကာရန္႐ွင္းကိုေစာင့္အိပ္ေပးမည္ျဖစ္သျဖင့္ ႏိုးႏိုးၾကားၾကားျဖစ္ေနရန္ တစ္ေရးတစ္ေမာအိပ္လိုက္ေသးသည္။ အိပ္ရာႏိုးလာေသာအခါ သူ႕အေမသည္ အိမ္ျပန္ေရာက္ေနသည္ကို ေတြ႕လိုက္ရသည္။

"အေမ.. ဆိုင္ကိုပစ္ထားၿပီး ေရာက္လာျပန္ၿပီ"

မီးဖိုေခ်ာင္ထဲတြင္ အလုပ္မ်ားေနေသာ သူ႕အေမကလည္း ညီသုတအသံကိုၾကားသည္ႏွင့္ လွည့္ၾကည့္လာၿပီး အက်ိဳးအေၾကာင္း႐ွင္းျပသည္။

"သားေကာင္ေလးက ေဆး႐ုံတက္ေနတုန္းဆိုေတာ့ အေမက သူ႕အတြက္ ညေနစာကို စြပ္ျပဳတ္ေလးနဲ႔ တျခားလူမမာစာေလးနည္းနည္းလုပ္ေပးလိုက္ခ်င္လို႔။ သူတို႔ကလည္း ေယာက်္ားသားေတြခ်ည္းပဲဆိုေတာ့ အာ႐ုံစိုက္ႏိုင္မွာမဟုတ္ဘူး။ ေဆး႐ုံက လူမမာစာကလည္း အေမစိတ္မခ်ပါဘူး။ ကိုယ္တိုင္လုပ္တာေလာက္ေတာ့ ဘယ္ဟာမွမေကာင္းဘူး။ သားသြားရင္ယူသြားဦး။ အခုပဲရေတာ့မွာ"

အေမမ်ား၏ စဥ္းစားေပးတတ္ပုံကေတာ့ အံ့မခန္းပါပင္။ မအားသည့္ၾကားက ယခုလို သားျဖစ္သူ၏သက္ဆိုင္သူကို အေသးစိတ္ကအစ ေတြးေပးတတ္လြန္းသည္။

ညီသုတလည္း ၾကည္ႏူးလြန္းေသာစိတ္အစဥ္ကို မထိန္းခ်ဳပ္ႏိုင္သည့္အဆုံး မီးဖိုေခ်ာင္ထဲသို႔ အေျပးဝင္ကာ သူ႕အေမကို သိမ္းၾကဳံးကာဖက္ထားမိသည္။

"ေက်းဇူးတင္ပါတယ္ အေမ။ သားကို အဆုံးထိနားလည္လက္ခံေပးတာ။ အေဖေတာင္ အ​ေမ့ကိုမမီဘူး"

ထိုစကားကိုၾကားေသာ္ သူ႕အေမက ရယ္သည္။

"အဲ့ဒါကို မင္းအေဖေ႐ွ႕မွာ ေျပာရဲလို႔လား"

"အေမကလည္း..."

သားအမိႏွစ္ေယာက္သား အတန္ၾကာသည္အထိစရင္းေနာက္ရင္းႏွင့္ ကာရန္႐ွင္းအတြက္ ထည့္ေပးမည့္ ထမင္းဘူးႏွင့္ စြပ္ျပဳတ္အပူခံဘူးလည္း အဆင္သင့္ျဖစ္သြားေလၿပီ။

ညီသုတက အဝတ္အစားလဲၿပီးသည္ႏွင့္ သူ႕အေမေသခ်ာထုပ္ပိုးေပးထားေသာ ဘူးမ်ားကိုသယ္ကာ ေဆး႐ုံသို႔ ျပန္ထြက္လာခဲ့လိုက္သည္။ တစ္လမ္းလုံးလည္း သူ႕အေမ၏စကားကိုျပန္ၾကားေယာင္လိုက္၊ ျပင္ေပးလိုက္ေသာထမင္းဘူးကိုၾကည့္လိုက္ႏွင့္ အလြန္တရာသေဘာက်ေနေတာ့သည္။

ကာရန္႐ွင္း႐ွိရာသို႔ သူေရာက္သြားခ်ိန္တြင္ အခန္းဝတြင္ ေစာင့္ၾကပ္ေနက်သက္ေတာ္ေစာင့္မ်ားကို မေတြ႕ရသျဖင့္ တံခါးကိုအသာဟကာ အတြင္းဘက္ကအေျခအေနကိုစူးစမ္းၾကည့္ေသာ္ အထဲတြင္ အနည္းငယ္မွ်ေယာက္ယက္ခတ္ေနသံမ်ားကို ၾကားလိုက္ရသျဖင့္ စိုးရိမ္တႀကီးႏွင့္ တံခါးကိုဆြဲဖြင့္ၿပီး အေလာတႀကီးဝင္သြားလိုက္ေလရာ ထင္မထားေသာျမင္ကြင္းေၾကာင့္ ပါးစပ္အေဟာင္းသားျဖစ္သြားရသည္။

သူႏွင့္႐ြယ္တူေလာက္ပင္႐ွိဦးမည့္ မိန္းကေလးတစ္ေယာက္သည္ သက္ေတာ္ေစာင့္ႏွစ္ေယာက္ပိတ္ကာျခင္းခံထားရသည့္ ကာရန္႐ွင္းကို လက္ညိႇဳးေငါက္ေငါက္ထိုးကာ ရန္႐ွာေနၿပီး တစ္ဖက္တြင္ရပ္ေနေသာ အဘိုးကိုလည္း မၾကာခဏျပစ္တင္ေျပာဆိုေနေလသည္။

"သမီးကေရာ အဘိုးရဲ႕ေျမးမဟုတ္လို႔လား။ ေျမးခ်င္းအတူတူကို ဘာလို႔ခြဲျခားဆက္ဆံရတာလဲ"

"ငါ့မွာ မင္းတို႔လိုယုတ္ညံ့တဲ့ေခြၽးမနဲ႔ေျမးမ်ိဳးမ႐ွိဘူး"

သူတို႔သည္ ယခုေလးတင္မွ ဝင္လာေသာညီသုတကို သတိမထားမိဘဲ ဆက္ရန္ျဖစ္ေနၾကသည္။

"ဟက္..ကာရန္႐ွင္း...။ နင္ကေတာ့ သိပ္ေပ်ာ္ေနမွာေပါ့။ အရင္တုန္းကေတာ့ နင့္ဘာသာနင္ အဘိုးရဲ႕အခ်စ္ဆုံးေျမးမကလို႔ ဘာျဖစ္ျဖစ္ ငါဂ႐ုမစိုက္ဘူး။ ဒါေပမဲ့ အခုေတာ့ နင္လြန္လြန္းေနၿပီ။ နင့္ေၾကာင့္ ငါ့အေမေထာင္က်လို႔ကေတာ့..."

ထိုစကားေၾကာင့္ သက္ေတာ္ေစာင့္မ်ားကြယ္ထားသည့္ေနရာမွ ကာရန္႐ွင္း၏ေအးစက္စက္ရယ္သံထြက္လာေပသည္။ ထိုရယ္သံသည္ ၾကားရသူတိုင္းကို ေက်ာခ်မ္းသြားေစသည္အထိ ေအးတိေအးစက္ႏိုင္လွသည္။

"ဖယ္ၾကစမ္း။ သူက ငါကိုယ္တိုင္ေလွာင္တာကိုခံခ်င္ေနတာ"

ကာရန္႐ွင္းသည္ ကုတင္အနားတြင္ရပ္ကာ သူ႕ကိုပိတ္ကာရင္း ထိုမိန္းကေလးတိုးကပ္လာျခင္းမွ ကာကြယ္ေနေသာသက္ေတာ္ေစာင့္ႏွစ္ေယာက္ကို ဖယ္ခိုင္းလိုက္ၿပီး ထိုမိန္းကေလးႏွင့္ မ်က္ႏွာခ်င္းဆိုင္သည္။

"ငါ့ေၾကာင့္ နင့္အေမေထာင္က်တယ္ဟုတ္လား။ သူဘာမွလုပ္မထားရင္ ငါကေထာင္ခ်ခ်င္တိုင္း ခ်လို႔ရလား၊ မရဘူးလားဆိုတာ ဉာဏ္မမီတဲ့နင့္လိုဦးေႏွာက္ေတာင္ စဥ္းစားတတ္တဲ့ကိစၥပဲ"

"နင္...နင္..."

ထိုမိန္းကေလးသည္ ကာရန္႐ွင္းစကားေၾကာင့္ အ႐ိႈက္ထိသြားၿပီး မ်က္ႏွာတစ္ခုလုံး နီရဲသြားသည္။ ေဒါသအ႐ွိန္ေၾကာင့္ နီရဲသြားေသာမ်က္ႏွာႏွင့္အတူ လက္ေခ်ာင္းမ်ားသည္လည္း တဆတ္ဆတ္တုန္ယင္လ်က္႐ွိသည္။

ကာရန္႐ွင္းကမူ အစကတည္းက အခုအခ်ိန္အထိ ေအးေဆးတည္ၿငိမ္ေနသည္။ 

"နင္တို႔အႏိုင္က်င့္တာကို ငါဘယ္ေတာ့မွမေမ့ဘူး"

"ငါတို႔အႏိုင္က်င့္တာက နင့္အေမလူသတ္သမားနဲ႔ယွဥ္ရင္ သဲတစ္မႈန္ေလာက္ေတာင္ မ႐ွိေသးပါဘူး"

"ငါ့အေမကို အဲ့လိုမေျပာနဲ႔။ နင့္လိုလူရာမဝင္တဲ့ေကာင္ရဲ႕ပါးစပ္က သူ႕အေၾကာင္းထြက္လာတာၾကားရင္ သူ႐ွက္လို႔ေသလိမ့္မယ္ဟဲ့"

ေစာ္ကားလြန္းေသာအသုံးအႏႈန္းေၾကာင့္ ညီသုတမွာ ေဒါသေၾကာင့္ လက္သီးကိုတင္းတင္းဆုပ္ထားမိသည္။ တစ္ဖက္ကမိန္းကေလးျဖစ္ေနသည့္အျပင္ ဤကိစၥတြင္ သူသည္ပါဝင္ပတ္သက္ဖို႔သင့္မသင့္ မဆုံးျဖတ္ႏိုင္၍ ေဒါသကိုထိန္းကာ အသာၿငိမ္ေနလိုက္ရသည္။

"နင္ငါ့ကို ဘယ္လိုပဲပုတ္ခတ္ေနပါေစ။ နင့္အေမက လူသတ္သမားဆိုတဲ့အမွန္တရားက ဘယ္ေတာ့မွေျပာင္းလဲသြားမွာမဟုတ္ဘူး"

ကာရန္႐ွင္းသည္ ယတိျပတ္စကားကိုဆိုၿပီးသည္ႏွင့္ သူ(မ)ကိုမ်က္ႏွာလႊဲလိုက္ေလရာ ေထာင့္တစ္ေနရာတြင္ရပ္၍ သူ႕ကိုၾကည့္ေနေသာညီသုတကို ျမင္သြားၿပီး ခဏမွ်မင္သက္သြားမိသည္။ သူ၏အမူအရာကို ထိုမိန္းကေလးကလည္း သတိျပဳမိသြားၿပီး အေနာက္ကိုလွည့္လာသျဖင့္ အခန္းထဲ႐ွိလူအားလုံး၏အၾကည့္သည္ သူ႕ထံသို႔က်ေရာက္လာသည္။

"ဟက္... ငါ ဒီရက္ပိုင္းနည္းနည္းစုံစမ္းထားလို႔သိထားတာ႐ွိတယ္။ သူက နင့္အားနည္းခ်က္မလား ကာရန္႐ွင္း။ ငါ သူ႕ကိုအလြတ္ေပးလိမ့္မယ္မထင္နဲ႔"

သူ(မ)သည္ ကာရန္႐ွင္း၏ကုတင္နားသို႔ကပ္၍ လက္ညိႇဳးတထိုးထိုးႏွင့္ ေဒါသတႀကီးေျပာေလသည္။ သူ(မ)၏မ်က္လုံးအစုံသည္ ေဒါသမီးေတာက္ေလာင္ေနၿပီး အသိစိတ္ကလည္း မကပ္ေတာ့သည္ျဖစ္ရာ အႏၲရာယ္စက္ကြင္းထဲသို႔ သက္ဆင္းေနမိသည္ကိုပင္ သတိမမူႏိုင္ေတာ့ေခ်။

ကာရန္႐ွင္းဟာ သူ(မ)၏ၿခိမ္းေျခာက္စကားကို ၾကားသည္ႏွင့္ မူလကတည္ၿငိမ္ေနေသာ သူ႕အမူအရာသည္ ညီသုတျမင္ပင္မျမင္ဖူးသည့္တင္းမာမႈမ်ားႏွင့္ ျပည့္ႏွက္သြားၿပီး သူ႕ပုံစံမွာ ေဒါသူပုန္ထေနေသာ သား႐ိုင္းေကာင္အသြင္သို႔ ေျပာင္းလဲသြားေတာ့သည္။

မ်က္လုံးအစုံသည္ စူး႐ွၿပီးက်ဥ္းေျမာင္းသြားကာ အံတင္းတင္းႀကိတ္ထားျခင္းေၾကာင့္ နဖူးေၾကာႏွင့္ နားထင္ေၾကာမ်ားလည္း ေထာင္ထလာသည္။ ထိုအခိုက္မွာပင္ သူသည္ ဒဏ္ရာပိုနည္းေသာလက္ကို လွ်ပ္စီးလိုလ်င္ျမန္ေသာအ႐ွိန္ႏွင့္ လႈပ္႐ွားလိုက္ၿပီး သူ(မ)၏လည္တိုင္ကို ခြန္အားအျပည့္ႏွင့္ကိုင္ညႇစ္လိုက္ေတာ့သည္။

"သူ႕ကိုထိရဲရင္ထိၾကည့္လိုက္။ နင္နဲ႔နင့္အေမ ေသကြဲကြဲေစရမယ္လို႔ ငါကတိေပးတယ္။ ဒီေတာ့ ဘဝကူးေကာင္းခ်င္ေသးတယ္ဆိုရင္ သူ႕ကိုမ်က္ေစာင္းေတာင္ ထိုးမၾကည့္မိေစနဲ႔"

ထိုမိန္းကေလးသည္ ကာရန္႐ွင္း၏ခြန္အားေၾကာင့္ လည္ပင္းဆီမွတစ္ဆို႔မႈကိုသာ ခံစားေနရၿပီး အသံပင္မထြက္ႏိုင္ေပ။ လွ်ပ္တျပက္ျဖစ္သြားေသာ ထိုအျဖစ္ေၾကာင့္ ေဘးနား႐ွိလူတစ္စုမွာ ခဏမွ်ေၾကာင္အေနၿပီးမွ အသိျပန္ဝင္ကာ ကာရန္႐ွင္းကို တားၾကရေတာ့သည္။

ကာရန္႐ွင္းမွာေတာ့ လႊတ္ေပးရန္ျငင္းဆန္ေနဆဲျဖစ္ၿပီး ေလးေယာက္တစ္ေယာက္တားေနသည့္ၾကားမွ ထပ္ၿခိမ္းေျခာက္လိုက္ေသးသည္။

"နင့္ေၾကာင့္ သူ နည္းနည္းေလးဒဏ္ရာရရင္ေတာင္ နင္မလြယ္ဘူးမွတ္။ မိန္းကေလးဆိုၿပီး ညႇာလိမ့္မယ္မထင္နဲ႔"

အသိစိတ္လြတ္သြားသည့္အလား ရဲရဲေတာက္ေနသည့္မ်က္ဝန္းမ်ားႏွင့္ စူးရဲစြာစိုက္ၾကည့္ရင္း ၿခိမ္းေျခာက္သတိေပးေနသူမွာ သူသိထားဖူးသည့္ကာရန္႐ွင္းမွ ဟုတ္ရဲ႕လားဟု ေတြးမိသည္အထိ စိမ္းသက္ေနရသည္။

"လႊတ္လိုက္ေတာ့ ကာရန္..."

တစ္ဖက္မိန္းကေလးမွာ အသံေသးေသးေလးပင္ မထြက္ႏိုင္႐ွာေတာ့ေခ်။ ညီသုတလည္း အထိတ္တလန္႔ျဖစ္သြားရၿပီး ကာရန္႐ွင္း၏လက္ကို ဆုပ္ကိုင္ၿပီး အလ်င္အျမန္တိုက္တြန္းလိုက္ေလရာ ကာရန္႐ွင္းသည္ သူ႕ကိုေမာ့ၾကည့္လာၿပီးေနာက္ လည္တိုင္ကိုဆုပ္ကိုင္ထားေသာလက္ကို အနည္းငယ္ေျဖေလွ်ာ့ေပးလိုက္သည္။

"ငါနင့္ကိုအဆုံးစြန္ဆုံးသတိေပးၿပီးၿပီေနာ္။ သူ႕ေ႐ွ႕မွာထပ္ေပၚလာလို႔ကေတာ့ ေနာက္ဆက္တြဲေတြအတြက္ ငါက နင္ေရာနင့္အေမရဲ႕အသက္ကိုေတာင္ အာမမခံႏိုင္ဘူး"

ကာရန္႐ွင္းက လက္ကိုဖယ္ေပးလိုက္သည္ႏွင့္ ထိုမိန္းကေလးမွာ ေနရာမွာပင္ ေခြက်သြားမတတ္အင္အားယုတ္ေလ်ာ့သြားေသာ္လည္း လုံးဝလဲမက်သြားေပ။ ထို႔ေနာက္ အခန္းထဲ႐ွိလူတစ္ဦးစီကို ေသခ်ာစိုက္ၾကည့္သြားၿပီး မေက်နပ္ေၾကာင္းလည္း တစ္ခြန္းမွ်ပင္ျပန္မေျပာႏိုင္ဘဲ ဒယိမ္းဒယိုင္လမ္းေလွ်ာက္ကာ အခန္းထဲမွထြက္သြားေတာ့သည္။

"အဆင္ေျပရဲ႕လား"

အဘိုးဟာ ယခုထိေဒါသအ႐ွိန္ေၾကာင့္ အသက္႐ွဴႏႈန္းမမွန္ေသးေသာ ကာရန္႐ွင္းကိုၾကည့္၍ ေမးလိုက္ျခင္းျဖစ္သည္။ ကာရန္႐ွင္းကလည္း ကုတင္ေဘးတြင္ မတ္တပ္ရပ္ကာ သူ႕ကိုငုံ႔ၾကည့္ေနေသာညီသုတ၏လက္သန္းေလးတစ္ေခ်ာင္းတည္းကို အားမ႐ွိစြာ လွမ္းကိုင္ထားရင္း အိပ္ရာေပၚသို႔လွဲခ်လိုက္သည္။

"ဘာမွမျဖစ္ပါဘူး။ နည္းနည္းေဒါသထြက္သြားလို႔"

"နည္းနည္းမို႔လို႔ေတာ္ေသးတာေပါ့"

သူ႕အဘိုးလည္း မတိုင္မီကအျဖစ္ေၾကာင့္ အနည္းငယ္လန္႔သြားပုံရသည္။ သို႔ေသာ္ အိေႁႏၵဆည္ကာ ကာရန္႐ွင္းကို စေနာက္ေနေသးသည္။ ကာရန္႐ွင္းကမူ နည္းနည္းမွ်ပင္ မျပဳံးမိေခ်။ ညီသုတလည္း ထိုနည္းတူပင္။

"ညေနစာစားခ်ိန္ေတာင္ေရာက္ေနၿပီပဲ။ ေျမးေလးတို႔ဘာစားခ်င္လဲ"

"ဟို... ကြၽန္ေတာ္႕အေမက သူစားဖို႔စြပ္ျပဳတ္ေလးနည္းနည္းထည့္ေပးလိုက္ေသးတယ္"

ညီသုတက သူယူလာေသာဘူးမ်ားကို ကိုင္ေျမႇာက္ျပရင္းေျပာေသာအခါမွသာ ေျမးအဘိုးႏွစ္ေယာက္ဟာ ထိုဘူးမ်ားသည္ ကာရန္႐ွင္းအတြက္ညေနစာမ်ားျဖစ္ေၾကာင္း သတိထားမိေတာ့သည္။

"ဒါဆိုလည္း အဘိုးပဲတစ္ခုခုသြားစားလိုက္ေတာ့ေလ။ ကြၽန္ေတာ္တို႔က ဒါနဲ႔ပဲအဆင္ေျပေနၿပီ"

"ေကာင္းၿပီေလ"

သူ႕အဘိုးထြက္သြားေသာအခါမွသာ ကာရန္႐ွင္းသည္ အံ့ၾသေနေသာအမူအရာႏွင့္ ယခုထိမတ္တပ္ရပ္ေနေသးေသာ ညီသုတကို ေမာ့ၾကည့္လိုက္သည္။

"တကယ္ႀကီးလား"

"ဘာကိုလဲ"

"မင္းအေမက ငါ့အတြက္ စားစရာထည့္ေပးလိုက္တယ္ဆိုတာေလ"

"ေဟာဗ်ာ..ဒီမွာေလ..။ ငါယူေတာင္ယူလာၿပီကို"

"အဲ့လိုေျပာတာမဟုတ္ဘူးေလ။ တကယ္ပဲ မင္းအေမက ငါ့အတြက္.."

"အင္း။ အေဖနဲ႔အေမက ငါတို႔အေၾကာင္းကိုသိၿပီးၿပီ။ ဒါကလည္း အေမကိုယ္တိုင္ မင္းအတြက္တကူးတကခ်က္ျပဳတ္ၿပီးထည့္ေပးလိုက္တာ"

"တကယ္ႀကီးလား"

ကာရန္႐ွင္းသည္ ကမ႓ာသစ္ကို႐ွာေဖြေတြ႕႐ွိသြားသည့္ေကာင္ေလးတစ္ေယာက္လို တအံ့တၾသျဖစ္ကာ လက္႐ွိအေျခအေနကို အလြန္ဆန္းၾကယ္သည္ဟု ထင္ျမင္ေန႐ွာသည္။ ညီသုတမွာ အသံထြက္၍ပင္ ေအာ္ရယ္မိသည္။

"တကယ္ပါဆိုမွကြာ"

"ေယာကၡမႀကီးက ေစတနာေကာင္းလိုက္တာ"

ကာရန္႐ွင္းသည္ စိတ္လႈပ္႐ွားမႈေၾကာင့္ ေအာက္ႏႈတ္ခမ္းကို ျပတ္ထြက္မတတ္ကိုက္ကာ ျပဳံးၿဖီးေနသျဖင့္ ညီသုတဝင္တားရသည္အထိပင္။ ယခုလို ကာရန္႐ွင္းေပ်ာ္႐ႊင္ေနသည္ကိုျမင္မိျပန္ေတာ့လည္း သူ၏ေ႐ြးခ်ယ္မႈအတြက္ ေက်နပ္ရျပန္သည္။

"ဒီမွာလာထိုင္"

ကာရန္႐ွင္းက ကုတင္ေပၚကိုပုတ္ျပကာ ေခၚေနသျဖင့္ ညီသုတက လက္ထဲ႐ွိဘူးမ်ားကို စားပြဲေပၚသို႔သြားတင္လိုက္ၿပီး ကုတင္ေခါင္းရင္းနားတြင္ဝင္ထိုင္လိုက္သည္။ သူဝင္ထိုင္လိုက္သည္ႏွင့္ ကာရန္႐ွင္းသည္ သူ၏ေပါင္ေပၚသို႔လွဲရန္ ကိုယ္ကိုေကြးၫြတ္ကာတိုးလာသည္။ သူ၏ေျခေထာက္ကမူ လႈပ္႐ွား၍မရေသးသျဖင့္ ထိုအတိုင္းသာၿငိမ္ေနရၿပီး ခႏၶာကိုယ္အထက္ပိုင္းကိုမူ ေကြးေကာက္ထားကာ ညီသုတေပါင္ေပၚကို ေခါင္းအုံး၍အိပ္လာသည္။

ညီသုတလည္း ကာရန္႐ွင္း၏႐ႈပ္ပြေနေသာဆံပင္စမ်ားကို လက္ႏွင့္သပ္ကာ ႐ွင္းလင္းေပးေနၿပီး က်န္လက္တစ္ဖက္မွာေတာ့ ထိုသူ၏တင္းၾကပ္စြာဆုပ္ကိုင္ထားျခင္းကိုခံေနရသည္။

"ေပ်ာ္လား"

ညီသုတ၏လွ်ပ္တျပက္အေမးကို ကာရန္႐ွင္းကလည္း မတုံ႔ဆိုင္းဘဲ ခ်က္ခ်င္းျပန္ေျဖေလသည္။

"အရမ္းေပ်ာ္ရလြန္းလို႔ အိပ္မက္ျဖစ္ေနမွာေတာင္ေၾကာက္တယ္"

ကာရန္႐ွင္းက သာမန္ကာလွ်ံကာမွ်ေျပာလိုက္ေသာ္လည္း ညီသုတကေတာ့ ထိုစကားေၾကာင့္ ရင္ထဲတြင္အနည္းငယ္နာက်င္သြားရသည္။ ထိုလူသားသည္ စစ္မွန္ေသာေပ်ာ္႐ႊင္မႈကိုပင္ တစ္သက္ႏွင့္တစ္ကိုယ္ ေကာင္းစြာမခံစားဖူး႐ွာေပ။

"အိပ္မက္လို႔ပဲထင္ထင္၊ တကယ့္အျဖစ္မွန္လို႔ပဲထင္ထင္ ဘယ္ေတာ့မွမေျပာင္းလဲမဲ့အမွန္တရားကေတာ့ ငါက တကယ့္ကမ႓ာမွာေရာ အိပ္မက္ထဲမွာေရာ မင္းအနားမွာပဲ ႐ွိေနေတာ့မွာ။ မင္းက အိပ္မက္လို႔ ထင္ေယာင္ထင္မွားျဖစ္ေနလည္းရတယ္။ ဘယ္ေတာ့မွႏိုးထစရာမလိုေတာ့တဲ့အိပ္မက္လို႔သာ သေဘာထားလိုက္ေပါ့"

စကားဆုံးသည္ႏွင့္ ညီသုတသည္ ကာရန္႐ွင္း၏မ်က္ႏွာနားသို႔ငုံ႔ကိုင္းကာ ဒဏ္ရာမ႐ွိသည့္နဖူးျပင္ေပၚတြင္ အနမ္းတစ္ပြင့္ေႁခြခ်မိသည္။ ၾကင္နာယုယစြာ ေပးအပ္မိေသာ အနမ္းတစ္႐ိႈက္အတြက္ ေပ်ာ္႐ႊင္ၾကည္ႏူးစြာ ျပန္လည္ေပးအပ္လာေသာ စစ္မွန္လွသည့္အျပဳံးတစ္သြယ္မွာလည္း လြန္စြာအသက္ဝင္ေနခဲ့သည္။

အနာတရဆိုရင္လည္း
မင္းအနားမွာ႐ွိေနရမယ္ဆိုရင္
နာက်င္မႈေတြမွာ လက္ပစ္ကူးေနပါ့မယ္..။

ေလာကဓံဆိုလည္း
မင္းအနားကိုသာ ေရာက္ႏိုင္မယ္ဆိုရင္
အဲ့ဒီဒုကၡေတြမွာ...
စိတ္လိုလက္ရလဲက်ပစ္ခ်င္ေတာ့တာပါပဲ...။

**********************


Continue Reading

You'll Also Like

424K 35.3K 50
သတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။
295K 17.5K 46
​ကြၽန္​​ေတာ္​့စိတ္​ကို ဘယ္​စကားနဲ႔မွ အ ​ေရာင္​မျခယ္​ခ်င္​ပါနဲ႔​ေတာ့.... ခင္​ဗ်ားကိုလြမ္​းတိုင္​း အလဲလဲအၿပိဳၿပိဳ ျဖစ္​​ခဲ့တဲ့ ကြၽန္​​ေတာ္​့ကိုသနားပါ...
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
105K 6.8K 45
Openness to new emotions and feelings,in a romantic sense.💙 >>September 4,2021 ••December 28,2021 //