Mr.Silent (Completed)

بواسطة D_Yayy_Nine

173K 14.7K 1.2K

သူ့တစ်ယောက်တည်းကို ကွက်ပြီး သစ်စိမ်းချိုး ချိုးနေတဲ့အချေကိုယ်တော်လေးကိုမှ ချစ်မိသွားတဲ့ညီသုတနဲ့.. ရှောင်ပြေးခ... المزيد

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part- 14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-45
Part-46
Part-47
Part-48
Part-49
Part-50 (Final Part)
Extra-1
Extra-2

Part-44

2.6K 261 24
بواسطة D_Yayy_Nine

Unicode Version

One month Later....

စွမ်းထက်ပိုင်နှင့်လင်းထက်ပိုင်တို့ အမြွှာနှစ်ယောက်သည် စားပွဲပေါ်တွင် မှောက်ကာ ပါးစပ်ထဲရှိသမျှအော်ဟစ်ရင်း မူးရူးနေသော ညီသုတကိုကြည့်ပြီး သက်ပြင်းအခါခါချမိသည်။ ကာရန်ရှင်းကြောင့် တစ်ခါမှမသောက်ဖူးသောအရက်ကိုပင် အသိစိတ်လွတ်သည်အထိ ဒုတိယအကြိမ်သောက်နေလေပြန်သော ညီသုတကို ဘယ်လိုစကားများနှင့် နှစ်သိမ့်ရမည်လဲလေ။

"တော်ပြီကွာ။ အိမ်ပြန်ရအောင်"

စွမ်းထက်ပိုင်က ညီသုတ၏လက်မောင်းတစ်ဖက်ကို ဆွဲထူကာ မတ်တပ်ရပ်စေသော်လည်း မူးနေလေပြီဖြစ်သော ညီသုတမှာ သူ့အား တွန်းထုတ်ကာ မပီမသစကားများကို တရစပ်ပြောနေပေသည်။

"ဒီကောင်... ဘယ်လောက်ထိများ.."

ပြတ်တောင်းပြတ်တောင်းစကားသံများဖြစ်သော်ငြား ရည်ရွယ်သူကိုတော့ အမြွှာနှစ်ယောက်ရိပ်မိပါသည်။ ထို့ကြောင့် လင်းထက်ပိုင်က သူ့ဝသီအတိုင်း အံတကြိတ်ကြိတ်နှင့် ပြစ်တင်ပြောဆိုတော့သည်။

"ကာရန်ရှင်းနဲ့စတွေ့ကတည်းက သူ့မှာကောင်းတာဆိုလို့ ဘာမှဖြစ်မလာဘူး။ အမြဲတမ်းခံစားနေရတာချည်းပဲ။ အဲ့ဒီကောင်က သူ့အတွက် အကျိုးကိုမပေးတာပါကွာ။ ဒီလောက်ထိရက်စက်ခဲ့ပြီးရင်လည်း သူ့ဘာသာသူနေပါတော့လား။ အနည်ထိုင်နေတဲ့ သုတရဲ့စိတ်ကို ပြန်ဆွတော့ ချီးတွေကိုဖြစ်လို့ဟေး"

လင်းထက်ပိုင်၏စကားများသည် နဂိုကတည်းကဒေါသူပုန်ထနေသော ညီသုတ၏စိတ်ကို ပိုဆွပေးလိုက်သည့်နှယ် အခြေအနေဆိုးသွားလေတော့သည်။ ညီသုတသည် ထိုစကားများကြောင့် စားပွဲကို လက်သီးနှင့်ထုကာ တောက်တခေါက်ခေါက်လုပ်ရင်း အော်ဟစ်နေပြန်သည်။

"တော်ပါတော့ လင်းထက်ရာ။ မင်းက ပြဿနာကို မီးစနဲ့ထိုးပြန်ပြီ"

"ငါပြောတာမှားလို့လား။ အဲ့ကောင်သာ ငါနဲ့တည့်တိုးကြည့်။ ငါ သူ့ကိုအလွတ်ပေးမှာမဟုတ်ဘူးဆိုတာ ကတိပေးတယ်"

သူတို့နှစ်ယောက်သည် ကာရန်ရှင်းနှင့် ညီသုတတို့အကြားဖြစ်ပျက်ခဲ့သော ကိစ္စအလုံးစုံကို လွန်ခဲ့သည့်တစ်လက သိခွင့်ရခဲ့သည်။ ထိုနေ့က အလွန်အမင်းပေါက်ကွဲနေလေဟန်တူသော ညီသုတသည် ကာရန်ရှင်း သူ့ကိုဘယ်လိုဘယ်ပုံလှည့်စားခဲ့သလဲဆိုသည့်အကြောင်းများကို အိတ်သွန်ဖာမှောက်ပြောပြပြီး ရင်ဖွင့်ခဲ့သည်။

ယခုလည်း ထရစ်စတန်ကိုသတိရသောစိတ်နှင့် မကျေလည်နိုင်သေးသော ခံစားချက်များ စုပေါင်းပြီး တစ်ဖန်ပေါက်ကွဲပြန်သည်။ တစ်လလုံးလုံးလည်း ကာရန်ရှင်းကို မျက်နှာချင်းပင်မဆိုင်သည့်အကြောင်းများပြောပြပြီး ဒေါသ​ကိုထုတ်ပြပြန်သည်။

"မင်းပြောတာမမှားဘူး။ မမှားလို့ပဲ မပြောခိုင်းတာ လင်းထက်။ ငါလည်း ငါ့သူငယ်ချင်းကို ဒီလိုဖြစ်အောင်လုပ်တဲ့လူကို မကျေနပ်ဘူး။ ဒါပေမဲ့ အဲ့လိုဆိုတိုင်းလည်း လူနှစ်ယောက်ကြားကကိစ္စကို ငါတို့ဝင်စွက်ဖက်ပြီး မပြောသင့်ဘူး။ မလုပ်သင့်ဘူး။ ရင့်ကျက်စမ်းပါ လင်းထက်ရာ"

လင်းထက်ပိုင်မှာ သူ့အမြွှာဖြစ်သူကို မျက်ထောင့်နီဖြင့်စိုက်ကြည့်ရင်း မကျေလည်မှုများကို ပြသသည်။ သို့သော် ဘာမှတော့ဆက်မပြော။ ပြီးနောက် နှစ်ယောက်သား ညီသုတကိုအတူတကွတွဲခေါ်ပြီး အိမ်ပြန်ခဲ့ကြသည်။ ညီသုတအား သူ့အိမ်ကိုပြန်ပို့ရန် မဖြစ်နိုင်သောကြောင့် သူ့အိမ်ကိုဖုန်းဆက်ပေးပြီး ညာလိုက်ရသေးသည်။ အားလုံးအဆင်ပြေသည်နှင့် သူတို့အိမ်ကိုသာ ညီသုတအား ခေါ်သွားလိုက်တော့သည်။

နောက်တစ်ရက်မနက်၌ ညီသုတသည် စိတ်မကြည်မလင်နှင့် နိုးထလာရပြီး သူ၏ခေါင်းမှာလည်း အဆက်မပြတ်ထိုးကိုက်နေသောကြောင့် ဘယ်လိုမှမနေသာ။ လဲလျောင်းနေရာမှ ထလိုက်ပြီး ရေယူရန် ကုတင်ပေါ်မှဆင်းလိုက်ခါမှ သူရောက်နေသောနေရာသည် အမြွှာနှစ်ယောက်၏အိမ်ဖြစ်ကြောင်း သတိပြုမိသွားသည်။

ထိုအချိန်မှာပင် အိပ်ခန်းတံခါးပွင့်လာပြီး ပျားရည်ထည့်ထားသောဖန်ခွက်ကို ကိုင်ကာ စွမ်းထက်ပိုင်ဝင်လာလေသည်။ သူသည် ညီသုတနိုးနေသည်ကိုမြင်သည်နှင့် ပျားရည်ခွက်ကို ကမ်းပေးသည်။ စွမ်းထက်ပိုင်ပေးသော ပျားရည်ခွက်ကို သောက်နေစဥ် ညကဖြစ်ပျက်ခဲ့သမျှကိစ္စများသည် ညီသုတခေါင်းထဲ အစီအရီဝင်လာသဖြင့် အနည်းငယ်ရှက်ရွံ့သွားရသည်။

"ဆောရီးပါကွာ။ ညက ငါတော်တော်မှသောင်းကျန်းလိုက်ရဲ့လား"

"ကိုယ့်အကြောင်းကိုယ်သိရင် ပြီးတာပဲ။ ဒါနဲ့ အလုပ်ကသွားဦးမှာလား"

"အရက်နာကျနေတဲ့ပုံစံနဲ့သွားရင်လည်း ငါ့မျက်နှာထားစရာနေရာရှိမှာမဟုတ်ဘူး။ ခွင့်ပဲတိုင်လိုက်တော့မယ်ကွာ"

"အင်း။ ပြီးတာပဲ။ ရေချိုးကန်ဘက်မှာ မင်းအတွက် သွားတိုက်တံထားပေးထားတယ်နော်။ မျက်နှာသစ်ပြီးတာနဲ့ ထမင်းစားဖို့လာခဲ့။ အမေက မင်းအတွက်ပြင်ပေးထားတာ မနည်းမနောပဲ။ ပွဲတော်ကျနေသလိုပဲ"

အမြွှာနှစ်ယောက်၏အမေသည် သူ့ကိုဆိုလျှင် သားအရင်းလိုသဘောထားတတ်သူဖြစ်သည်။ ထို့ကြောင့် ဤအိမ်တွင် အားနာမနေရဘဲ ကိုယ့်အိမ်ကိုယ်ယာလို အမြဲသဘောထားဖြစ်လောက်အောင် စိတ်ပေါ့ပါးသည်။

"အေး။ ငါမျက်နှာသစ်ပြီးတာနဲ့ လာခဲ့မယ်"

စွမ်းထက်ပိုင်လည်း အခန်းထဲကထွက်ကာ ထမင်းစားခန်းဆီသို့ ဦးတည်လိုက်သည်။ ထမင်းစားခန်းထဲရောက်သည်နှင့် မဖိတ်ထားသည့်ဧည့်သည်တစ်ဦးကို မြင်လိုက်ရသောအခါ မတိုင်မီက မှုန်မှိုင်းနေသောသူ့မျက်နှာလည်း လန်းလာရတော့သည်။

"ချယ်ရီ ဘယ်လိုဖြစ်လို့အစောကြီးရောက်ချလာတာလဲ"

ချယ်ရီလင်းသည် ထမင်းစားပွဲတွင် သူ့အမေနှင့်လင်းထက်ပိုင်တို့နှင့်အတူ ထိုင်နေပေသည်။ လင်းထက်ပိုင်မှာတော့ မျက်နှာရှုံ့မဲ့လျက်ရှိသည်။

"ငတ်ကြီးကျမလို့ဖြစ်မှာပေါ့"

"ဟဲ့ အဲ့လိုပြောစရာလား။ နင်တော်တော်ယဥ်ကျေးမှုမရှိတာပဲ"

ချယ်ရီလင်းဘာမှပြန်မပြောနိုင်ခင်မှာပင် သူတို့အမေက လင်းထက်ပိုင်ကို တစ်ချက်ရိုက်လိုက်ပြီး ဆူငေါက်ပေသည်။ ချယ်ရီလင်းကတော့ နားလည်မှုရှိစွာ ပြုံးပြလျက် ပြန်တုံ့ပြန်ပေသည်။

"ရပါတယ် အဒေါ်။ သမီးနဲ့သူက အဲ့လိုပဲ။ ရန်သတ်နေကျ"

"ဟင်း.."

"နင်တို့နှစ်ယောက်ကို တစ်ခုတော့တောင်းဆိုချင်တယ်။ ကျေးဇူးပြုပြီး ဆံပင်ပုံစံကို အတူတူမထားကြပါနဲ့။ နဂိုကမှ ခွဲမရတဲ့အထဲ ဆံပင်ပုံစံပါတူလို့ လူကြားထဲငါအရှက်ကွဲရပေါင်းများပြီ"

ချယ်ရီလင်းကအရွှန်းဖောက်လိုက်လေရာ အားလုံးလည်း တဟားဟားအော်ရယ်ရင်း ပွဲကျသွားရတော့သည်။

"ဒါကတော့ နင်ကသူတို့ရဲ့အထာမှ မသိဘဲကို"

ယခုလေးတင်မှ ထမင်းစားခန်းထဲသို့ရောက်လာသော ညီသုတကစကားဝိုင်းကို ဝင်ပါလေရာ ချယ်ရီလင်းမှာလည်း တအံ့တသြ။

"သုတပါရောက်နေတာလား"

"ဟုတ်တယ်။ အဲ့ကောင်ကြီး မနေ့ကမူးကွဲနေလို့"

"ဖြစ်ရမယ်"

"ဒီနေ့ အဖေပါရှိရင် လူစုံတာကိုကွာ"

"မင်းတို့အဖေက ရုံးမှာကိစ္စလေးရှိလို့ အစောထွက်သွားတာ"

အမြွှာနှစ်ယောက်ကို သူတို့အမေကပြန်ဖြေရင်း တစ်ယောက်ချင်းစီကို ဟင်းများအလျှံပယ်ခပ်ထည့်ပေးနေသည်မှာ သူတို့ပင်တားယူရသည်အထိပင်။

"သြော် ဒါနဲ့ကိုယ်ပိုင်လုပ်ငန်းကအောင်မြင်နေပြီဆိုတော့ Congratulationsပါ"

ချယ်ရီလင်းက စတင်လိုက်သောစကားကြောင့် ကျန်လူများကလည်း တက်တက်ကြွကြွပါဝင်ပြောဆိုကြတော့သည်။ လင်းထက်ပိုင်နှင့် စွမ်းထက်ပိုင်သည် ညီသုတလို ကုမ္ပဏီကြီးတစ်ခု၌ လုပ်ရသူများမဟုတ်။ သာမန်ရုံးဝန်ထမ်းအဆင့်သာရှိသဖြင့် သူတို့အနေနှင့် ဘယ်တုန်းကမှမရောင့်ရဲခဲ့ကြချေ။

ထို့ကြောင့်လည်း အခွင့်အရေးရသည်နှင့် စုထားဆောင်းထားသမျှထုတ်သုံးကာ ကိုယ်ပိုင်ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ဖြစ်ကြသည်။ ယခုတော့ဖြင့် ထိုဆိုင်လေးမှာလည်း တဖြည်းဖြည်းလူသိများလာသည်အထိ အခြေလှလာပေသည်။

"ဒါပေါ့။ အရင်လို သူများလက်အောက်က ဝန်ထမ်းမဟုတ်တော့ဘူး။ မကြာခင် သူဌေးဖြစ်တော့မှာ ဟဲဟဲ"

ငါးယောက်သားစကားတပြော​ပြောနှင့် မြိန်ရေယှက်ရေစားသောက်ကြလေရာ အချိန်ကုန်မှန်းမသိ ကုန်သွားခဲ့လေသည်။ စားသောက်၍ပြီးစီးကြသည်နှင့် အမြွှာနှစ်ယောက်၊ ချယ်ရီလင်းနှင့် ညီသုတသည် အမြွှာနှစ်ယောက်၏ဆိုင်ရှိရာသို့ အတူထွက်လာကြသည်။

အလုပ်တစ်ရက်နားလိုက်သော်လည်း ယောင်ချာချာဖြစ်နေသောညီသုတအဖို့ ခံစားချက်များသက်သာရန် အလုပ်ထဲကိုစိတ်နှစ်ထားဖို့ လိုအပ်နေသောကြောင့် သူတို့နှစ်ယောက်၏ကော်ဖီဆိုင်ကို ကူစောင့်ပေးကာ တစ်ရက်တာအချိန်ပိုင်းအလုပ်သမားလုပ်ဖြစ်ခဲ့ပေသည်။

"လင်းထက်နဲ့စွမ်းထက်.. ဆိုင်မှာလည်း လူကျသွားပြီမို့ ငါပြန်တော့မယ်"

ညီသုတလည်း ညနေနှစ်နာရီခန့်ရှိပြီမို့ အိမ်ပြန်ရန် ကြံရွယ်လိုက်သည်။ အိမ်ပြန်ပြီး ရေမိုးချိုးပြီးသည်နှင့် သူ့မိဘများ၏ဆိုင်ကို ကူသိမ်းပေးရန်စိတ်ကူးထားသည်။

"နေပါဦးဟ။ အန်တီတို့အတွက် ဒါလေးပေးလိုက်ချင်လို့"

လင်းထက်ပိုင်က ချိစ်ကိတ်ထည့်ထားသည့်ဘူးလေးတစ်ဘူးကို သူ့ကိုလှမ်းပေးလာသဖြင့် ညီသုတလည်း အသာအယာလှမ်းယူကာ ကျေးဇူးတင်ကြောင်းပြောရသည်။

"ကျေးဇူး။ အမေကမင်းတို့ဆိုင်ကကိတ်ကို တကယ်ကြိုက်တာ"

"အမာခံအားပေးသူပဲ"

"ကဲ ငါသွားပြီ။ နောက်မှတွေ့မယ်"

"အေးအေး"

ညီသုတလည်း လက်ပြနှုတ်ဆက်ပြီး ဆိုင်ထဲမှထွက်ကာ တက္ကစီဌား၍သာ အိမ်ကိုပြန်လာခဲ့လိုက်သည်။ အိမ်ပြန်ရောက်ချိန်တွင် နှစ်နာရီပင်ခွဲလေပြီ။ သူဟာ သော့အပိုကို ခါတိုင်းဝှက်ထားတတ်သည့်နေရာမှ ထုတ်ယူကာ သော့ဖွင့်မည်အပြု အိမ်တံခါးသည်သော့ခတ်ထားခြင်းမရှိသည်ကို သတိပြုမိလိုက်သည်။

"အမေတို့ သော့ခတ်ဖို့မေ့သွားပြန်ပြီထင်တယ်။ တော်သေးတာပေါ့။ ဒီရပ်ကွက်က သူခိုးမရှိလို့"

သက်ပြင်းချရင်း အိမ်ထဲသို့ခြေချလိုက်သည်နှင့် သူ့အမေ၏တအံ့တသြလေသံက ဆီးကြိုသည်။

"သားပြန်ရောက်လာပြီလား။ အတော်ပဲ။ အမေက အခုပဲ မင်းကိုဖုန်းခေါ်တော့မလို့"

ပုံမှန်ဆိုလျှင် ဤအချိန်၌ သူ့အမေသည် အိမ်၌ရှိမနေတတ်သဖြင့် သူကပို၍အံ့သြသွားရသည်။

"အမေ ဒီနေ့ ဆိုင်အစောပိတ်တာလား"

"မဟုတ်ဘူး။ သားအဖေက ဆိုင်မှာကျန်ခဲ့တယ်။ ဆိုင်ကို သားရဲ့ဧည့်သည်ဆိုပြီး လာရှာတဲ့လူရှိလို့။ အမေတို့အိမ်ကိုမနက်ကလာသေးပေမယ့် အိမ်မှာဘယ်သူမှမရှိလို့ ဆိုင်ကိုလိုက်လာတာတဲ့။ အဲ့ဒါနဲ့ ဆိုင်မှာနေရာကျဥ်းကျပ်တော့ အမေလည်း အိမ်ကိုပြန်ခေါ်လာရတာ"

"သားဧည့်သည်..ဘယ်သူလဲ"

"အမေလည်းမသိဘူး။ ကိုယ့်ဘာသာတွေ့ကြည့်တော့"

တံခါးဝ၌ရပ်ကာ စကားပြောနေကြသော သူတို့နှစ်ယောက်သည် ဧည့်ခန်းဆီသို့ သွားလိုက်သည်။ ညီသုတ၏စိတ်ထဲတွင်တော့ ထိုဧည့်သည်ဟာ ကာရန်ရှင်းဖြစ်မနေဖို့ တိတ်တဆိတ်ဆုတောင်းမိသည်။

သူ့အမေနောက်ကလိုက်၍ ဧည့်ခန်းထဲသို့ရောက်လာချိန် ထိုနေရာတွင် ငြိမ်သက်စွာထိုင်ကာ သူအလာကို စောင့်ဆိုင်းနေလေဟန်တူသော အသက်ခြောက်ဆယ်အရွယ်ခန့်ရှိသော လူကြီးလူကောင်းတစ်ဦးကို မြင်လိုက်ရသောအခါတွင်တော့ သူ၏ဆုတောင်းများပြည့်သွားပြီဖြစ်သဖြင့် စိတ်ပေါ့ပါးသွားရသည်။

ထိုသူသည် အပေါ်အောက်အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး သူ၏ဘေးတွင်လည်း အတွင်းရေးမှူးယောင်ယောင်၊ဘော်ဒီဂတ်ယောင်ယောင် လူတစ်ဦးမတ်တပ်ရပ်နေလေသည်။ ထိုအရှိန်အဝါမျိုးနှင့် အဆောင်အယောင်များကိုကြည့်၍ ထုတ်မမေးလည်း သိနိုင်သည်မှာ ထိုလူသည် အထက်တန်းလွှာထဲမှ လူတစ်ယောက်ဖြစ်သည်ကိုပင်။

"သြော်..ရောက်လာပြီပဲ။ အကုန်လုံးကို အလုပ်ရှုပ်အောင်နှောင့်ယှက်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်"

"မဟုတ်တာ။ ရပါတယ်ရှင်။ သားလေးလည်းရောက်လာပြီဆိုတော့ အေးအေးဆေးဆေးစကားပြောကြပါဦး"

သူ့အမေသည် အလိုက်သိစွာ အနားမှထွက်သွားပေးသည်။ ညီသုတလည်း ထိုလူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး နေရခက်သောအခြေအနေကို ဖြိုခွင်းရန် ညင်သာစွာပြုံးပြလိုက်မိသည်။

"တွေ့ရတာဝမ်းသာပါတယ်။ အဘိုး မင်းကိုအရင်ကတည်းက တွေ့ဖူးချင်နေတာ"

"ကျွန်တော့်ကိုသိလို့လားဗျ"

"ကောင်းကောင်းကြီးသိတာပေါ့ကွယ်။ နာမည်က ညီသုတမဟုတ်လား"

ထိုလူသည် ညီသုတကို ရင်းနှီးနေဟန်နှင့်လှိုက်လှဲစွာ​ပြုံးပြနေသည်။ သို့သော် သူကတော့ဖြင့် လုံးဝမသိချေ။

"ကျွန်တော်ကတော့ မသိဘူးဖြစ်နေတယ်"

"ဟုတ်တာပေါ့။ ဘယ်သိပါ့မလဲ။ အခု တရားဝင်မိတ်ဆက်ကြတာပေါ့။ အဘိုးနာမည်က'ရှင်းဆောင်းဟို'ပါ။ မြေးလေးနားလည်အောင်ပြောရမယ်ဆိုရင်တော့ ကာရန်ရှင်းရဲ့အဘိုးပေါ့"

ထိုအခိုက်အတန့်၌ ညီသုတသည် ပါးစပ်အဟောင်းသားဖြစ်သွားရသည့်အပြင် အသက်ရှူလည်းရပ်တန့်သွားသယောင် ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်ရော စိတ်ကပါ ဘာမှမတုံ့ပြန်နိုင်တော့ဘဲ ခေတ္တမျှလှုပ်ရှားမှုများ ရပ်ဆိုင်းသွားရတော့သည်။

**********************************

A/N: ကဲ ကဲ Fictionလေးက ပြီးခါနီးပြီမို့ ကိုယ့်အတွက် အားဆေးအနေနဲ့ ဒီဇာတ်လမ်းအပေါ် ဘယ်လိုအမြင်ရှိကြလဲဆိုတာကို ပြောဖို့တောင်းဆိုပါရစေ။ ဒီအပိုင်းမှမဟုတ်ဘူး နောက်အပိုင်းတွေကျရင်လည်း အမြင်လေးဝေမျှပေးကြပါဦး❤️

°°°°°°°°°°°°°
ZawGyi Version


One month Later....

စြမ္းထက္ပိုင္ႏွင့္လင္းထက္ပိုင္တို႔ အႁမႊာႏွစ္ေယာက္သည္ စားပြဲေပၚတြင္ ေမွာက္ကာ ပါးစပ္ထဲ႐ွိသမွ်ေအာ္ဟစ္ရင္း မူး႐ူးေနေသာ ညီသုတကိုၾကည့္ၿပီး သက္ျပင္းအခါခါခ်မိသည္။ ကာရန္႐ွင္းေၾကာင့္ တစ္ခါမွမေသာက္ဖူးေသာအရက္ကိုပင္ အသိစိတ္လြတ္သည္အထိ ဒုတိယအႀကိမ္ေသာက္ေနေလျပန္ေသာ ညီသုတကို ဘယ္လိုစကားမ်ားႏွင့္ ႏွစ္သိမ့္ရမည္လဲေလ။

"ေတာ္ၿပီကြာ။ အိမ္ျပန္ရေအာင္"

စြမ္းထက္ပိုင္က ညီသုတ၏လက္ေမာင္းတစ္ဖက္ကို ဆြဲထူကာ မတ္တပ္ရပ္ေစေသာ္လည္း မူးေနေလၿပီျဖစ္ေသာ ညီသုတမွာ သူ႕အား တြန္းထုတ္ကာ မပီမသစကားမ်ားကို တရစပ္ေျပာေနေပသည္။

"ဒီေကာင္... ဘယ္ေလာက္ထိမ်ား.."

ျပတ္ေတာင္းျပတ္ေတာင္းစကားသံမ်ားျဖစ္ေသာ္ျငား ရည္႐ြယ္သူကိုေတာ့ အႁမႊာႏွစ္ေယာက္ရိပ္မိပါသည္။ ထို႔ေၾကာင့္ လင္းထက္ပိုင္က သူ႕ဝသီအတိုင္း အံတႀကိတ္ႀကိတ္ႏွင့္ ျပစ္တင္ေျပာဆိုေတာ့သည္။

"ကာရန္႐ွင္းနဲ႔စေတြ႕ကတည္းက သူ႕မွာေကာင္းတာဆိုလို႔ ဘာမွျဖစ္မလာဘူး။ အၿမဲတမ္းခံစားေနရတာခ်ည္းပဲ။ အဲ့ဒီေကာင္က သူ႕အတြက္ အက်ိဳးကိုမေပးတာပါကြာ။ ဒီေလာက္ထိရက္စက္ခဲ့ၿပီးရင္လည္း သူ႕ဘာသာသူေနပါေတာ့လား။ အနည္ထိုင္ေနတဲ့ သုတရဲ႕စိတ္ကို ျပန္ဆြေတာ့ ခ်ီးေတြကိုျဖစ္လို႔ေဟး"

လင္းထက္ပိုင္၏စကားမ်ားသည္ နဂိုကတည္းကေဒါသူပုန္ထေနေသာ ညီသုတ၏စိတ္ကို ပိုဆြေပးလိုက္သည့္ႏွယ္ အေျခအေနဆိုးသြားေလေတာ့သည္။ ညီသုတသည္ ထိုစကားမ်ားေၾကာင့္ စားပြဲကို လက္သီးႏွင့္ထုကာ ေတာက္တေခါက္ေခါက္လုပ္ရင္း ေအာ္ဟစ္ေနျပန္သည္။

"ေတာ္ပါေတာ့ လင္းထက္ရာ။ မင္းက ျပႆနာကို မီးစနဲ႔ထိုးျပန္ၿပီ"

"ငါေျပာတာမွားလို႔လား။ အဲ့ေကာင္သာ ငါနဲ႔တည့္တိုးၾကည့္။ ငါ သူ႕ကိုအလြတ္ေပးမွာမဟုတ္ဘူးဆိုတာ ကတိေပးတယ္"

သူတို႔ႏွစ္ေယာက္သည္ ကာရန္႐ွင္းႏွင့္ ညီသုတတို႔အၾကားျဖစ္ပ်က္ခဲ့ေသာ ကိစၥအလုံးစုံကို လြန္ခဲ့သည့္တစ္လက သိခြင့္ရခဲ့သည္။ ထိုေန႔က အလြန္အမင္းေပါက္ကြဲေနေလဟန္တူေသာ ညီသုတသည္ ကာရန္႐ွင္း သူ႕ကိုဘယ္လိုဘယ္ပုံလွည့္စားခဲ့သလဲဆိုသည့္အေၾကာင္းမ်ားကို အိတ္သြန္ဖာေမွာက္ေျပာျပၿပီး ရင္ဖြင့္ခဲ့သည္။

ယခုလည္း ထရစ္စတန္ကိုသတိရေသာစိတ္ႏွင့္ မေက်လည္ႏိုင္ေသးေသာ ခံစားခ်က္မ်ား စုေပါင္းၿပီး တစ္ဖန္ေပါက္ကြဲျပန္သည္။ တစ္လလုံးလုံးလည္း ကာရန္႐ွင္းကို မ်က္ႏွာခ်င္းပင္မဆိုင္သည့္အေၾကာင္းမ်ားေျပာျပၿပီး ေဒါသ​ကိုထုတ္ျပျပန္သည္။

"မင္းေျပာတာမမွားဘူး။ မမွားလို႔ပဲ မေျပာခိုင္းတာ လင္းထက္။ ငါလည္း ငါ့သူငယ္ခ်င္းကို ဒီလိုျဖစ္ေအာင္လုပ္တဲ့လူကို မေက်နပ္ဘူး။ ဒါေပမဲ့ အဲ့လိုဆိုတိုင္းလည္း လူႏွစ္ေယာက္ၾကားကကိစၥကို ငါတို႔ဝင္စြက္ဖက္ၿပီး မေျပာသင့္ဘူး။ မလုပ္သင့္ဘူး။ ရင့္က်က္စမ္းပါ လင္းထက္ရာ"

လင္းထက္ပိုင္မွာ သူ႕အႁမႊာျဖစ္သူကို မ်က္ေထာင့္နီျဖင့္စိုက္ၾကည့္ရင္း မေက်လည္မႈမ်ားကို ျပသသည္။ သို႔ေသာ္ ဘာမွေတာ့ဆက္မေျပာ။ ၿပီးေနာက္ ႏွစ္ေယာက္သား ညီသုတကိုအတူတကြတြဲေခၚၿပီး အိမ္ျပန္ခဲ့ၾကသည္။ ညီသုတအား သူ႕အိမ္ကိုျပန္ပို႔ရန္ မျဖစ္ႏိုင္ေသာေၾကာင့္ သူ႕အိမ္ကိုဖုန္းဆက္ေပးၿပီး ညာလိုက္ရေသးသည္။ အားလုံးအဆင္ေျပသည္ႏွင့္ သူတို႔အိမ္ကိုသာ ညီသုတအား ေခၚသြားလိုက္ေတာ့သည္။

ေနာက္တစ္ရက္မနက္၌ ညီသုတသည္ စိတ္မၾကည္မလင္ႏွင့္ ႏိုးထလာရၿပီး သူ၏ေခါင္းမွာလည္း အဆက္မျပတ္ထိုးကိုက္ေနေသာေၾကာင့္ ဘယ္လိုမွမေနသာ။ လဲေလ်ာင္းေနရာမွ ထလိုက္ၿပီး ေရယူရန္ ကုတင္ေပၚမွဆင္းလိုက္ခါမွ သူေရာက္ေနေသာေနရာသည္ အႁမႊာႏွစ္ေယာက္၏အိမ္ျဖစ္ေၾကာင္း သတိျပဳမိသြားသည္။

ထိုအခ်ိန္မွာပင္ အိပ္ခန္းတံခါးပြင့္လာၿပီး ပ်ားရည္ထည့္ထားေသာဖန္ခြက္ကို ကိုင္ကာ စြမ္းထက္ပိုင္ဝင္လာေလသည္။ သူသည္ ညီသုတႏိုးေနသည္ကိုျမင္သည္ႏွင့္ ပ်ားရည္ခြက္ကို ကမ္းေပးသည္။ စြမ္းထက္ပိုင္ေပးေသာ ပ်ားရည္ခြက္ကို ေသာက္ေနစဥ္ ညကျဖစ္ပ်က္ခဲ့သမွ်ကိစၥမ်ားသည္ ညီသုတေခါင္းထဲ အစီအရီဝင္လာသျဖင့္ အနည္းငယ္႐ွက္႐ြံ႕သြားရသည္။

"ေဆာရီးပါကြာ။ ညက ငါေတာ္ေတာ္မွေသာင္းက်န္းလိုက္ရဲ႕လား"

"ကိုယ့္အေၾကာင္းကိုယ္သိရင္ ၿပီးတာပဲ။ ဒါနဲ႔ အလုပ္ကသြားဦးမွာလား"

"အရက္နာက်ေနတဲ့ပုံစံနဲ႔သြားရင္လည္း ငါ့မ်က္ႏွာထားစရာေနရာ႐ွိမွာမဟုတ္ဘူး။ ခြင့္ပဲတိုင္လိုက္ေတာ့မယ္ကြာ"

"အင္း။ ၿပီးတာပဲ။ ေရခ်ိဳးကန္ဘက္မွာ မင္းအတြက္ သြားတိုက္တံထားေပးထားတယ္ေနာ္။ မ်က္ႏွာသစ္ၿပီးတာနဲ႔ ထမင္းစားဖို႔လာခဲ့။ အေမက မင္းအတြက္ျပင္ေပးထားတာ မနည္းမေနာပဲ။ ပြဲေတာ္က်ေနသလိုပဲ"

အႁမႊာႏွစ္ေယာက္၏အေမသည္ သူ႕ကိုဆိုလွ်င္ သားအရင္းလိုသေဘာထားတတ္သူျဖစ္သည္။ ထို႔ေၾကာင့္ ဤအိမ္တြင္ အားနာမေနရဘဲ ကိုယ့္အိမ္ကိုယ္ယာလို အၿမဲသေဘာထားျဖစ္ေလာက္ေအာင္ စိတ္ေပါ့ပါးသည္။

"ေအး။ ငါမ်က္ႏွာသစ္ၿပီးတာနဲ႔ လာခဲ့မယ္"

စြမ္းထက္ပိုင္လည္း အခန္းထဲကထြက္ကာ ထမင္းစားခန္းဆီသို႔ ဦးတည္လိုက္သည္။ ထမင္းစားခန္းထဲေရာက္သည္ႏွင့္ မဖိတ္ထားသည့္ဧည့္သည္တစ္ဦးကို ျမင္လိုက္ရေသာအခါ မတိုင္မီက မႈန္မိႈင္းေနေသာသူ႕မ်က္ႏွာလည္း လန္းလာရေတာ့သည္။

"ခ်ယ္ရီ ဘယ္လိုျဖစ္လို႔အေစာႀကီးေရာက္ခ်လာတာလဲ"

ခ်ယ္ရီလင္းသည္ ထမင္းစားပြဲတြင္ သူ႕အေမႏွင့္လင္းထက္ပိုင္တို႔ႏွင့္အတူ ထိုင္ေနေပသည္။ လင္းထက္ပိုင္မွာေတာ့ မ်က္ႏွာ႐ႈံ႕မဲ့လ်က္႐ွိသည္။

"ငတ္ႀကီးက်မလို႔ျဖစ္မွာေပါ့"

"ဟဲ့ အဲ့လိုေျပာစရာလား။ နင္ေတာ္ေတာ္ယဥ္ေက်းမႈမ႐ွိတာပဲ"

ခ်ယ္ရီလင္းဘာမွျပန္မေျပာႏိုင္ခင္မွာပင္ သူတို႔အေမက လင္းထက္ပိုင္ကို တစ္ခ်က္႐ိုက္လိုက္ၿပီး ဆူေငါက္ေပသည္။ ခ်ယ္ရီလင္းကေတာ့ နားလည္မႈ႐ွိစြာ ျပဳံးျပလ်က္ ျပန္တုံ႔ျပန္ေပသည္။

"ရပါတယ္ အေဒၚ။ သမီးနဲ႔သူက အဲ့လိုပဲ။ ရန္သတ္ေနက်"

"ဟင္း.."

"နင္တို႔ႏွစ္ေယာက္ကို တစ္ခုေတာ့ေတာင္းဆိုခ်င္တယ္။ ေက်းဇူးျပဳၿပီး ဆံပင္ပုံစံကို အတူတူမထားၾကပါနဲ႔။ နဂိုကမွ ခြဲမရတဲ့အထဲ ဆံပင္ပုံစံပါတူလို႔ လူၾကားထဲငါအ႐ွက္ကြဲရေပါင္းမ်ားၿပီ"

ခ်ယ္ရီလင္းကအ႐ႊန္းေဖာက္လိုက္ေလရာ အားလုံးလည္း တဟားဟားေအာ္ရယ္ရင္း ပြဲက်သြားရေတာ့သည္။

"ဒါကေတာ့ နင္ကသူတို႔ရဲ႕အထာမွ မသိဘဲကို"

ယခုေလးတင္မွ ထမင္းစားခန္းထဲသို႔ေရာက္လာေသာ ညီသုတကစကားဝိုင္းကို ဝင္ပါေလရာ ခ်ယ္ရီလင္းမွာလည္း တအံ့တၾသ။

"သုတပါေရာက္ေနတာလား"

"ဟုတ္တယ္။ အဲ့ေကာင္ႀကီး မေန႔ကမူးကြဲေနလို႔"

"ျဖစ္ရမယ္"

"ဒီေန႔ အေဖပါ႐ွိရင္ လူစုံတာကိုကြာ"

"မင္းတို႔အေဖက ႐ုံးမွာကိစၥေလး႐ွိလို႔ အေစာထြက္သြားတာ"

အႁမႊာႏွစ္ေယာက္ကို သူတို႔အေမကျပန္ေျဖရင္း တစ္ေယာက္ခ်င္းစီကို ဟင္းမ်ားအလွ်ံပယ္ခပ္ထည့္ေပးေနသည္မွာ သူတို႔ပင္တားယူရသည္အထိပင္။

"ေၾသာ္ ဒါနဲ႔ကိုယ္ပိုင္လုပ္ငန္းကေအာင္ျမင္ေနၿပီဆိုေတာ့ Congratulationsပါ"

ခ်ယ္ရီလင္းက စတင္လိုက္ေသာစကားေၾကာင့္ က်န္လူမ်ားကလည္း တက္တက္ႂကြႂကြပါဝင္ေျပာဆိုၾကေတာ့သည္။ လင္းထက္ပိုင္ႏွင့္ စြမ္းထက္ပိုင္သည္ ညီသုတလို ကုမၸဏီႀကီးတစ္ခု၌ လုပ္ရသူမ်ားမဟုတ္။ သာမန္႐ုံးဝန္ထမ္းအဆင့္သာ႐ွိသျဖင့္ သူတို႔အေနႏွင့္ ဘယ္တုန္းကမွမေရာင့္ရဲခဲ့ၾကေခ်။

ထို႔ေၾကာင့္လည္း အခြင့္အေရးရသည္ႏွင့္ စုထားေဆာင္းထားသမွ်ထုတ္သုံးကာ ကိုယ္ပိုင္ေကာ္ဖီဆိုင္ေလးတစ္ဆိုင္ဖြင့္ျဖစ္ၾကသည္။ ယခုေတာ့ျဖင့္ ထိုဆိုင္ေလးမွာလည္း တျဖည္းျဖည္းလူသိမ်ားလာသည္အထိ အေျခလွလာေပသည္။

"ဒါေပါ့။ အရင္လို သူမ်ားလက္ေအာက္က ဝန္ထမ္းမဟုတ္ေတာ့ဘူး။ မၾကာခင္ သူေဌးျဖစ္ေတာ့မွာ ဟဲဟဲ"

ငါးေယာက္သားစကားတေျပာ​ေျပာႏွင့္ ၿမိန္ေရယွက္ေရစားေသာက္ၾကေလရာ အခ်ိန္ကုန္မွန္းမသိ ကုန္သြားခဲ့ေလသည္။ စားေသာက္၍ၿပီးစီးၾကသည္ႏွင့္ အႁမႊာႏွစ္ေယာက္၊ ခ်ယ္ရီလင္းႏွင့္ ညီသုတသည္ အႁမႊာႏွစ္ေယာက္၏ဆိုင္႐ွိရာသို႔ အတူထြက္လာၾကသည္။

အလုပ္တစ္ရက္နားလိုက္ေသာ္လည္း ေယာင္ခ်ာခ်ာျဖစ္ေနေသာညီသုတအဖို႔ ခံစားခ်က္မ်ားသက္သာရန္ အလုပ္ထဲကိုစိတ္ႏွစ္ထားဖို႔ လိုအပ္ေနေသာေၾကာင့္ သူတို႔ႏွစ္ေယာက္၏ေကာ္ဖီဆိုင္ကို ကူေစာင့္ေပးကာ တစ္ရက္တာအခ်ိန္ပိုင္းအလုပ္သမားလုပ္ျဖစ္ခဲ့ေပသည္။

"လင္းထက္နဲ႔စြမ္းထက္.. ဆိုင္မွာလည္း လူက်သြားၿပီမို႔ ငါျပန္ေတာ့မယ္"

ညီသုတလည္း ညေနႏွစ္နာရီခန္႔႐ွိၿပီမို႔ အိမ္ျပန္ရန္ ၾကံ႐ြယ္လိုက္သည္။ အိမ္ျပန္ၿပီး ေရမိုးခ်ိဳးၿပီးသည္ႏွင့္ သူ႕မိဘမ်ား၏ဆိုင္ကို ကူသိမ္းေပးရန္စိတ္ကူးထားသည္။

"ေနပါဦးဟ။ အန္တီတို႔အတြက္ ဒါေလးေပးလိုက္ခ်င္လို႔"

လင္းထက္ပိုင္က ခ်ိစ္ကိတ္ထည့္ထားသည့္ဘူးေလးတစ္ဘူးကို သူ႕ကိုလွမ္းေပးလာသျဖင့္ ညီသုတလည္း အသာအယာလွမ္းယူကာ ေက်းဇူးတင္ေၾကာင္းေျပာရသည္။

"ေက်းဇူး။ အေမကမင္းတို႔ဆိုင္ကကိတ္ကို တကယ္ႀကိဳက္တာ"

"အမာခံအားေပးသူပဲ"

"ကဲ ငါသြားၿပီ။ ေနာက္မွေတြ႕မယ္"

"ေအးေအး"

ညီသုတလည္း လက္ျပႏႈတ္ဆက္ၿပီး ဆိုင္ထဲမွထြက္ကာ တကၠစီဌား၍သာ အိမ္ကိုျပန္လာခဲ့လိုက္သည္။ အိမ္ျပန္ေရာက္ခ်ိန္တြင္ ႏွစ္နာရီပင္ခြဲေလၿပီ။ သူဟာ ေသာ့အပိုကို ခါတိုင္းဝွက္ထားတတ္သည့္ေနရာမွ ထုတ္ယူကာ ေသာ့ဖြင့္မည္အျပဳ အိမ္တံခါးသည္ေသာ့ခတ္ထားျခင္းမ႐ွိသည္ကို သတိျပဳမိလိုက္သည္။

"အေမတို႔ ေသာ့ခတ္ဖို႔ေမ့သြားျပန္ၿပီထင္တယ္။ ေတာ္ေသးတာေပါ့။ ဒီရပ္ကြက္က သူခိုးမ႐ွိလို႔"

သက္ျပင္းခ်ရင္း အိမ္ထဲသို႔ေျခခ်လိုက္သည္ႏွင့္ သူ႕အေမ၏တအံ့တၾသေလသံက ဆီးႀကိဳသည္။

"သားျပန္ေရာက္လာၿပီလား။ အေတာ္ပဲ။ အေမက အခုပဲ မင္းကိုဖုန္းေခၚေတာ့မလို႔"

ပုံမွန္ဆိုလွ်င္ ဤအခ်ိန္၌ သူ႕အေမသည္ အိမ္၌႐ွိမေနတတ္သျဖင့္ သူကပို၍အံ့ၾသသြားရသည္။

"အေမ ဒီေန႔ ဆိုင္အေစာပိတ္တာလား"

"မဟုတ္ဘူး။ သားအေဖက ဆိုင္မွာက်န္ခဲ့တယ္။ ဆိုင္ကို သားရဲ႕ဧည့္သည္ဆိုၿပီး လာ႐ွာတဲ့လူ႐ွိလို႔။ အေမတို႔အိမ္ကိုမနက္ကလာေသးေပမယ့္ အိမ္မွာဘယ္သူမွမ႐ွိလို႔ ဆိုင္ကိုလိုက္လာတာတဲ့။ အဲ့ဒါနဲ႔ ဆိုင္မွာေနရာက်ဥ္းက်ပ္ေတာ့ အေမလည္း အိမ္ကိုျပန္ေခၚလာရတာ"

"သားဧည့္သည္..ဘယ္သူလဲ"

"အေမလည္းမသိဘူး။ ကိုယ့္ဘာသာေတြ႕ၾကည့္ေတာ့"

တံခါးဝ၌ရပ္ကာ စကားေျပာေနၾကေသာ သူတို႔ႏွစ္ေယာက္သည္ ဧည့္ခန္းဆီသို႔ သြားလိုက္သည္။ ညီသုတ၏စိတ္ထဲတြင္ေတာ့ ထိုဧည့္သည္ဟာ ကာရန္႐ွင္းျဖစ္မေနဖို႔ တိတ္တဆိတ္ဆုေတာင္းမိသည္။

သူ႕အေမေနာက္ကလိုက္၍ ဧည့္ခန္းထဲသို႔ေရာက္လာခ်ိန္ ထိုေနရာတြင္ ၿငိမ္သက္စြာထိုင္ကာ သူအလာကို ေစာင့္ဆိုင္းေနေလဟန္တူေသာ အသက္ေျခာက္ဆယ္အ႐ြယ္ခန္႔႐ွိေသာ လူႀကီးလူေကာင္းတစ္ဦးကို ျမင္လိုက္ရေသာအခါတြင္ေတာ့ သူ၏ဆုေတာင္းမ်ားျပည့္သြားၿပီျဖစ္သျဖင့္ စိတ္ေပါ့ပါးသြားရသည္။

ထိုသူသည္ အေပၚေအာက္အနက္ေရာင္ဝတ္စုံျပည့္ဝတ္ဆင္ထားၿပီး သူ၏ေဘးတြင္လည္း အတြင္းေရးမႉးေယာင္ေယာင္၊ေဘာ္ဒီဂတ္ေယာင္ေယာင္ လူတစ္ဦးမတ္တပ္ရပ္ေနေလသည္။ ထိုအ႐ွိန္အဝါမ်ိဳးႏွင့္ အေဆာင္အေယာင္မ်ားကိုၾကည့္၍ ထုတ္မေမးလည္း သိႏိုင္သည္မွာ ထိုလူသည္ အထက္တန္းလႊာထဲမွ လူတစ္ေယာက္ျဖစ္သည္ကိုပင္။

"ေၾသာ္..ေရာက္လာၿပီပဲ။ အကုန္လုံးကို အလုပ္႐ႈပ္ေအာင္ေႏွာင့္ယွက္သလိုျဖစ္သြားရင္ ေတာင္းပန္ပါတယ္"

"မဟုတ္တာ။ ရပါတယ္႐ွင္။ သားေလးလည္းေရာက္လာၿပီဆိုေတာ့ ေအးေအးေဆးေဆးစကားေျပာၾကပါဦး"

သူ႕အေမသည္ အလိုက္သိစြာ အနားမွထြက္သြားေပးသည္။ ညီသုတလည္း ထိုလူႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္လိုက္ၿပီး ေနရခက္ေသာအေျခအေနကို ၿဖိဳခြင္းရန္ ညင္သာစြာျပဳံးျပလိုက္မိသည္။

"ေတြ႕ရတာဝမ္းသာပါတယ္။ အဘိုး မင္းကိုအရင္ကတည္းက ေတြ႕ဖူးခ်င္ေနတာ"

"ကြၽန္ေတာ္႕ကိုသိလို႔လားဗ်"

"ေကာင္းေကာင္းႀကီးသိတာေပါ့ကြယ္။ နာမည္က ညီသုတမဟုတ္လား"

ထိုလူသည္ ညီသုတကို ရင္းႏွီးေနဟန္ႏွင့္လိႈက္လွဲစြာ​ျပဳံးျပေနသည္။ သို႔ေသာ္ သူကေတာ့ျဖင့္ လုံးဝမသိေခ်။

"ကြၽန္ေတာ္ကေတာ့ မသိဘူးျဖစ္ေနတယ္"

"ဟုတ္တာေပါ့။ ဘယ္သိပါ့မလဲ။ အခု တရားဝင္မိတ္ဆက္ၾကတာေပါ့။ အဘိုးနာမည္က'႐ွင္းေဆာင္းဟို'ပါ။ ေျမးေလးနားလည္ေအာင္ေျပာရမယ္ဆိုရင္ေတာ့ ကာရန္႐ွင္းရဲ႕အဘိုးေပါ့"

ထိုအခိုက္အတန္႔၌ ညီသုတသည္ ပါးစပ္အေဟာင္းသားျဖစ္သြားရသည့္အျပင္ အသက္႐ွဴလည္းရပ္တန္႔သြားသေယာင္ ခံစားလိုက္ရၿပီး သူ၏ခႏၶာကိုယ္ေရာ စိတ္ကပါ ဘာမွမတုံ႔ျပန္ႏိုင္ေတာ့ဘဲ ေခတၱမွ်လႈပ္႐ွားမႈမ်ား ရပ္ဆိုင္းသြားရေတာ့သည္။

**********************************

A/N: ကဲ ကဲ Fictionေလးက ၿပီးခါနီးၿပီမို႔ ကိုယ့္အတြက္ အားေဆးအေနနဲ႔ ဒီဇာတ္လမ္းအေပၚ ဘယ္လိုအျမင္႐ွိၾကလဲဆိုတာကို ေျပာဖို႔ေတာင္းဆိုပါရေစ။ ဒီအပိုင္းမွမဟုတ္ဘူး ေနာက္အပိုင္းေတြက်ရင္လည္း အျမင္ေလးေဝမွ်ေပးၾကပါဦး❤️

°°°°°°°°°°°°°

واصل القراءة

ستعجبك أيضاً

225K 25.8K 37
ကြၽန္​​ေတာ္​ဟာခင္​မ်ား​ေၾကာင္​့ရပ္​တည္​​ေနႏိုင္​လာတာ...
15.9K 827 35
ရောင်ရောင်ရဲ့ မျက်လုံးဝိုင်းလေးက ကျောက်စိမ်းလက်စွပ်အကျိုးလေးနဲ့
28K 1.5K 29
ဒေစီများလား ဒုဓလီရယ်ပါ သီကုံးပုလဲ၀ယ် လိပ်ပြာကပ်လို့ ဆင်မြန်းလည်ကျော့ စိမ်းရောင်လွှမ်းစဉ် ကမ္ဘာကြီးလည်း ဟန်နီပြုံးမှ လင်းတော့သည် ။ starting : 1 jan 2...
39.1K 1.6K 55
ကြၽန္ေတာ့္ဘဝမွာ အျဖစ္ခ်င္ဆံုးအရာကိုေျပာပါဆိုရင္ ေမာင့္ညာလက္ဖမိုးေပၚမွာ ႐ွိတဲ့ မွည့္နက္ေလးလို ေမာင့္အနားမွာ အျမဲတမ္းေနခ်င္မိပါတယ္။ ကျွန်တော့်ဘဝမှာ အဖြ...