(Unicode Version)
"🔔...🔔...🔔"
မှေးစက်နိုင်ခြင်းမရှိတဲ့ ညတာရှည်ကို သိင်္ဂါရက ခက်ခဲစွာ ဖြတ်သန်းခဲ့ရပြီး နံနက်ခင်းတစ်ခုကို အစပြုလိုက်ချိန်မှာပင် ဘဲလ်မြည်သံက သူ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။
နွမ်းနယ်နေတဲ့ သူ့ရဲ့စိတ်နဲ့ကိုယ်ကို အားတင်းပြီး ရွေ့လျားမှုပြုကာ တံခါးဆီသို့ ထွက်လာရတော့သည်။
တံခါးဝမှာ သူ့ကို ရပ်စောင့်နေသူက-
"မင်းခန့်... အစောကြီးရှိသေးတယ်။ ဘာလာလုပ်တာလဲ!?"
"ဒီကိစ္စကြောင့် ရောက်လာရတာ။"
မင်းခန့်က လက်ထဲမှာ ပွေ့ပိုက်ထားတဲ့ အရာလေးကို သူ့ရှေ့သို့ တိုးပေးလိုက်လေသည်။
"အူဝဲ...အူဝဲ..."
သနားစဖွယ် ငိုကြွေးနေရှာတဲ့ ဖြူဖြူဖွေးဖွေးအရာလေးက သူ့ကို အားကိုးတကြီးဖြင့် ငေးကြည့်သလိုပင်။
"ဒါလေးက... ဘာလုပ်တာလဲ!?"
"အိမ်ထဲကို အရင်ဝင်ပါရစေဦးကွာ။ ပြီးမှ ငါ ဆက်ပြောပြပါ့မယ်။"
"ဪ... အေး... အေး..."
သိင်္ဂါရက မင်းခန့်ကို အိမ်ထဲသို့ ဝင်ခွင့်ပြုပြီး ဆက်လက်မေးမြန်းလိုက်မိသည်။
"ဒါ ဘယ်က ကလေးလေးလဲ!?"
"သူက ကေသရီ့ရဲ့သားပဲ။"
"ကေသရီ့ရဲ့သား... ဟုတ်လား!?"
"ဟုတ်တယ်။ သူကတော့ ကလေးမွေးပြီးပြီးချင်းပဲ ဆုံးသွားတာတဲ့။ ဒါပေမဲ့ မသေခင်မှာ ကလေးကို မင်းဆီ ရောက်အောင်ပို့ပေးပါဆိုပြီး ထောင်မှူးကို ကြိုမှာထားခဲ့လို့ ငါက ခေါ်လာပေးရတာ။ ရော့..ဒါက မင်းအတွက်စာ။"
သိင်္ဂါရကလည်း နားမလည်နိုင်မှုများဖြင့် ထိုစာကို ဖွင့်ဖတ်ကြည့်ရပြန်သည်။
"သို့...
ကျွန်မကို မတွေ့ချင်လောက်တဲ့အထိ မုန်းတီးနေမယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ကလေးအတွက် အားကိုးအားထားပြုစရာလူ မရှိတော့လို့ပါ။ မိဘမဲ့ဂေဟာကိုလည်း မရောက်စေချင်ဘူး။ သာမန်မိသားစုဘဝလေးမှာ သူ့ကို ကောင်းကောင်းမွန်မွန် ကြီးပြင်းစေချင်တယ်။ ဒါက ကျွန်မရဲ့နောက်ဆုံးဆန္ဒပါ။ ဒီဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့်သူကလည်း ရှင်တစ်ယောက်တည်းပဲ ရှိပါတော့တယ်။
ကလေးက Theoနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဒီတစ်ချက်ကို သံသယကင်းကင်းနဲ့ ယုံကြည်ပေးလို့ ရပါတယ်။
ကျွန်မ အမှားတွေ အများကြီးလုပ်ခဲ့မိတယ်။ ခွင့်မလွှတ်နိုင်မှန်းလည်း သိပါတယ်။ ဒါပေမဲ့ ဘာမှမသိတဲ့ ကလေးကိုတော့ အပြစ်တွေကနေ ကင်းလွတ်ခွင့်ပေးကြပါလို့ တောင်းဆိုပါရစေ။
ကေသရီ..."
ထိုစာရဲ့အဆုံးမှာ သိင်္ဂါရက အပြစ်မဲ့ကလေးငယ်ဆီသို့သာ ငေးကြည့်မိလေသည်။
"အူဝဲ... အူဝဲ..."
ကူကယ်ရာမဲ့စွာ ငိုကြွေးနေရှာတဲ့ကလေးငယ်က သူ့ကို လှမ်းခေါ်နေသလိုမျိုး ခံစားလိုက်ရပေသည်။
"ကလေးကို ငါ ခဏချီကြည့်ချင်တယ်။"
မင်းခန့်က ကလေးလေးကို သူ့လက်ထဲသို့ လွှဲပေးပြီးချိန်မှာ ထူးဆန်းစွာပင် အငိုတိတ်သွားခဲ့သည်။
"ဟ... မင်းလက်ထဲမှာ ဘာလို့ မငိုတာလဲ!?"
"မင်း ချီတာက အဆင်မပြေလို့ နေမှာပေါ့။"
"မဖြစ်နိုင်ဘူး။ ငါက ကလေးချီနည်းကို ကြိုကျင့်ထားတာပါ။ ကြည့်ရတာတော့ ကလေးက မင်းကို သဘောကျလို့ ဖြစ်မယ်။"
မှန်ပေသည်။
အကြောင်းအရင်းကို မသိပေမဲ့ ကလေးလေးက သူ့လက်ပေါ်မှာ ပျော်မွေ့နေပုံပင်။
"ဒီကလေးမှာ အမှတ်လေးတစ်ခုပါတယ်တဲ့။ ရင်ဘတ်နားမှာလို့ ပြောတာပဲ။"
သိင်္ဂါရက ထိုကလေးငယ်ရဲ့အနှီးစကို ခပ်ဖွဖွဖယ်ရှားပြီး ရင်ဘတ်ကို ကြည့်လိုက်မိသည်။ မင်းခန့် ပြောတဲ့အတိုင်း ဘယ်ဘက်ရင်အုံမှာ အမှတ်အသားတစ်ခုက သူ့ကို ကြိုဆိုနေလေသည်။
"လူဝင်စားလေး ထင်တယ်။"
မင်းခန့်ရဲ့စကားကြောင့် သိင်္ဂါရက ထိုအမှတ်လေးကို ထပ်မံစစ်ဆေးကြည့်ခဲ့သည်။ အညိုရောင်ရှိပြီး ခပ်ဝိုင်းဝိုင်းပုံစံမျိုးက သူ့အတွက် မြင်ဖူးနေသလို ခံစားရပေသည်။
ထိုအချိန်မှာ သူ့စိတ်ထဲသို့ မြင်ကွင်းတစ်ခုက ဝင်ရောက်လာတာမို့ ပြုံးလိုက်မိတော့သည်။
"မင်း ဘာဆက်လုပ်မှာလဲ... သိင်္ဂါရ!?"
"ဘာကို မေးတာလဲ!?"
"ဒီကလေးအတွက်ကို ပြောတာလေ။ မင်းက ကလေးကို တစ်ယောက်တည်းပျိုးထောင်လို့မှ မဖြစ်တာ။ တာဝန်လည်း ကြီးတယ်လေ။"
သိင်္ဂါရက ကလေးငယ်ကို ငုံ့ကြည့်ရင်းနဲ့ ပြုံးလျက်သာ ပြန်ဖြေပေးခဲ့သည်။
"အခုချိန်ကစပြီး ဒီကလေးကို ငါ့သားအဖြစ် မွေးစားလိုက်ပြီ။"
"ဟေ့ကောင်...အေးအေးဆေးဆေး ဆုံးဖြတ်မှပေါ့။ မင်းဟာက လောလှချည်လား!?"
"မလောပါဘူး။ ငါ သေချာစဉ်းစားထားတာ။ ဒီကလေးကို ကောင်းကောင်းမွန်မွန် ကြီးပြင်းလာအောင်လို့ ငါကိုယ်တိုင် စောင့်ရှောက်ပေးမှာ။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကိုရော အချစ်ခံရတယ်ဆိုတဲ့ ခံစားချက်ကိုရော သူ သေချာပေါက်သိစေရမယ်။"
အခိုင်အမာပြောလာတဲ့ သိင်္ဂါရကို ငေးကြည့်ပြီး မင်းခန့်က အံ့အားသင့်မိရုံမှအပ ဝင်တားခွင့်မရှိခဲ့ပေ။ သို့ပေမဲ့ ထိုကလေးငယ်ကြောင့် သိင်္ဂါရရဲ့အပြုံးများက ပြန်လည်အသက်ဝင်လာခြင်းကိုတော့ သူ သတိထားမိလေသည်။
"ကဲ...ဒါဆို မင်းရဲ့သားလေးကို နာမည်ပေးရမှာပေါ့။ ဘယ်လိုနာမည်မျိုး ပေးချင်လဲ!?"
"ဝီ...ရ... သူ့နာမည်ကို ဝီရလို့ ပေးမယ်။"
"အဲ့နာမည်က ဟိုဝီရနဲ့ တူနေတယ်မလား!?"
"မတူပါဘူး။ စိုင်းနဲ့မောင်ဆိုတဲ့ စာလုံးနှစ်လုံးကို ဖယ်ထားပြီးသားပါ။ ရဲရင့်ခြင်းဆိုတဲ့ ဝီရကိုပဲ ယူသုံးတာ။ သားလေးရော..ဒီနာမည်ကို သဘောကျတယ်မလား!?"
ကလေးငယ်ကလည်း သိင်္ဂါရ ပြောခဲ့သမျှကို နားလည်ဟန်ဖြင့် ပြုံးရွှင်စွာ လှမ်းကြည့်နေခဲ့သည်။ ထိုနေ့မှစတင်ပြီး အထီးကျန်နေရှာတဲ့ သိင်္ဂါရရဲ့ဘဝထဲသို့ ဝီရဆိုတဲ့ ကလေးငယ်က ဝင်ရောက်လာကာ ပျော်ရွှင်စရာနေ့ရက်လေးများကို ဖန်တီးပေးခဲ့ပေသည်။
သုံးနှစ်ခန့်ကြာမြင့်ပြီးနောက်-
"ဖေဖေ... သားသားကို ချီ..."
ကားတံခါးဖွင့်ပေးပြီးချိန်မှာ လက်နှစ်ဖက်ကို အဆင်သင့်ဆန့်တန်းပေးထားတဲ့ ဝီရလေးကချစ်စဖွယ်မျက်နှာလေးနဲ့ သိင်္ဂါရကို ပြောလာတော့သည်။
"ချီမှာပေါ့... သားလေးရဲ့။ လာ..."
သိင်္ဂါရက ဝီရလေးကို ပွေ့ချီကာ ကားနောက်ခန်းထဲမှ ပန်းစည်းနှစ်စည်းကို လှမ်းယူလိုက်ရသည်။
"ပန်းတွေက လှလိုက်တာ။ သားသားကို ပေးပါလားဟင်!?"
"ဒီပန်းတွေက သူများအတွက် ဝယ်လာတာ။ သား လိုချင်ရင်တော့ ဖေဖေ ထပ်ဝယ်ပေးပါ့မယ်။"
"ဘယ်သူ့ကို ပေးရမှာလဲ!?"
"ဖေဖေ့အတွက် တန်ဖိုးရှိတဲ့သူကိုပေါ့။"
သားအဖနှစ်ယောက် စကားပြောရင်းနဲ့ အတူထွက်လာခဲ့ပြီး တစ်နေရာသို့အရောက်မှာ သိင်္ဂါရရဲ့ခြေလှမ်းများက ရပ်တန့်သွားမိသည်။ အကြောင်းမှာ အမျိုးသမီးတစ်ဦးက အုတ်ဂူတစ်ခုရဲ့ရှေ့မှာ ငြိမ်သက်စွာ ရပ်တန့်နေခြင်းကြောင့် ဖြစ်သည်။
သူမက ပန်းစည်းတစ်စည်းကို အုတ်ဂူပေါ်သို့ တင်ပေးလိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ဆက်လက်ရပ်နေခဲ့ပြန်သည်။ ထို့ကြောင့် သိင်္ဂါရက သူမကို ဝင်မနှောင့်ယှက်မိအောင် ခပ်လှမ်းလှမ်းမှသာ လှမ်းကြည့်နေလိုက်သည်။
"ဖေဖေ... ဘာလို့ ဆက်မသွားတာလဲ!?"
ဝီရလေးရဲ့အသံကြောင့် သူမက ထွက်သွားဖို့ ဟန်ပြင်လိုက်ချိန်မှာ သိင်္ဂါရကလည်း သိချင်စိတ်ဖြင့် လှမ်းမေးခဲ့လေသည်။
"မင်းက ရွှေစင်မိုးမလား!?"
တုံ့ဆိုင်းသွားတဲ့ ခြေလှမ်းများကို မြင်လိုက်ရတာမို့ ခန့်မှန်းချက်က မှန်ကန်သွားပုံပင်။
"ဒီလိုနေ့မျိုးကို ရောက်တိုင်း လူတစ်ယောက်က အစ်ကို့ထက်စောပြီး ပန်းစည်းလာချသွားတတ်တယ်။ အဲဒီလူက ဘယ်သူများဖြစ်မလဲလို့ စဉ်းစားကြည့်နေတာ။ လက်စသတ်တော့ မင်း ဖြစ်နေခဲ့တာပဲ။"
ထိုအချိန်မှာပင် ရွှေစင်မိုးက သူတို့ရှိရာဘက်သို့ လှည့်လာပြီး ပြုံးပြခဲ့သည်။
"ဒါက နောက်ဆုံးအခေါက်ပါ။ နောက်နှစ်ကျရင် ကျွန်မ ဒီကို ထပ်လာနိုင်တော့မှာ မဟုတ်ဘူး။"
"ဘာလို့လဲဆိုတာကို သိခွင့်ရနိုင်မလား!?"
"ရှေ့လထဲမှာ ကျွန်မ လက်ထပ်ရတော့မယ်။ လက်ထပ်ပွဲပြီးတာနဲ့ နိုင်ငံခြားမှာပဲ အခြေချဖို့ စီစဉ်ထားတာ။"
"ဒီကိစ္စကို သူ သိသွားရင် ဝမ်းသာနေမှာပါ။"
သိင်္ဂါရရဲ့စကားကြောင့် သူမက ပြုံးနေရင်းနဲ့ မျက်ရည်များ စီးကျလာတော့သည်။
"သူက အဝေးကိုပဲ အမြဲတွန်းပို့နေခဲ့တာ။ သူ ပြောတဲ့အတိုင်း ကျွန်မ လိုက်နေပေးနိုင်ခဲ့ရင် သိပ်ကောင်းမှာပဲ။"
စကားအဆုံးမှာ ဝီရလေးက သူမရဲ့မျက်ရည်များကို မမီမကမ်းနဲ့ လှမ်းပြီး သုတ်ပေးလိုက်သည်။
"မငိုနဲ့... မငိုနဲ့။ ငိုရင် ဖေဖေက မုန့်မုန့်မကျွေးဘူးတဲ့။"
ဝီရလေးရဲ့အပြုအမူက သူမကို ပြန်ပြီးရွှင်ပျသွားစေခဲ့သည်။
"ဟုတ်သားပဲ။ တီတီက မေ့သွားတာ။"
မျက်ရည်များကို သုတ်ပစ်ပြီး သူမက ပြုံးပြလိုက်တော့မှ ဝီရလေးက အင်္ကျီအိတ်ကပ်ထဲမှာ ထည့်ယူလာတဲ့ သကြားလုံးကို ထုတ်ပေးခဲ့ပြန်သည်။
"ဒါက တီတီ့အတွက် လက်ဆောင်။"
သူမက ဝီရလေးရဲ့ခေါင်းကို ခပ်ဖွဖွ ပုတ်ပေးပြီး နှုတ်ဆက်စကားဆိုလိုက်မိသည်။
"ကျေးဇူးပါပဲ။ တီတီ သွားတော့မယ်နော်။"
"ဟုတ်ကဲ့။"
ကျောခိုင်းပြီး ထွက်ခွာလာခဲ့ချိန်မှာ ရွှေစင်မိုးရဲ့စိတ်က ယခင်ကလိုမျိုး မဟုတ်ဘဲ ပေါ့ပါးနေသလိုပင်။ စတင်ခွင့်မရခဲ့တဲ့ အချစ်တစ်ခုကို ဖက်တွယ်မထားဘဲ သူမရဲ့ဘဝကို ဆက်လျှောက်လှမ်းဖို့ အချိန်ကျခဲ့လေပြီ။
"ဖေဖေ... အဲဒါက ဘာတွေလဲ!?"
အုတ်ဂူများကို ကြည့်ပြီး မေးနေတဲ့ ဝီရလေးကို သိင်္ဂါရက နားလည်လွယ်အောင် ဖြေပေးခဲ့ရသည်။
"ဖေဖေတို့ ချစ်ခင်တဲ့သူတွေကို သတိရတိုင်း လာကြည့်လို့ ရအောင် ဒီအထဲမှာ ထည့်ထားကြတာ။"
"သူတို့က အပြင်ထွက်လို့ မရဘူးလား!?"
"သူတို့က အသက်မရှိတော့ဘူး။ အသက်မရှိရင် အစားစားလို့ မရဘူး။ ကစားလို့လည်း မရတော့ဘူး။ အကြာကြီးအိပ်နေရသလိုပဲ။"
"ဟင်...ဒါဆို သူတို့ကို နှိုးလိုက်လေ။"
"ဘယ်လိုပဲနှိုးနှိုး သူတို့ကတော့ ပြန်နိုးလာမှာ မဟုတ်ဘူး။"
ယူဆောင်လာတဲ့ ပန်းစည်းတစ်စည်းကို စိုင်းဝီရမောင်ရဲ့အုတ်ဂူပေါ်သို့ တင်ပေးလိုက်ပြီး ညာဘက်အခြမ်းက နောက်ထပ်အုတ်ဂူတစ်ခုဆီသို့ အကြည့်ရောက်သွားမိသည်။
လာရောက်ကြည့်ရှုသူ တစ်ယောက်မှမရှိတာမို့ အထီးကျန်နေပုံရတဲ့ ထိုအုတ်ဂူထဲမှာ ရှိနေသူကတော့ ဦးစိုင်းမောင်ပင်။
သိင်္ဂါရက ထိုအုတ်ဂူပေါ်သို့ နောက်ပန်းစည်းတစ်စည်းကို တင်ပေးလိုက်တော့သည်။
"နာကြည်းမုန်းတီးမှုတွေကနေ လောဘဖြစ်ခဲ့တာလား!? လက်စားချေဖို့ ကြံစည်ခဲ့သမျှက အခုတော့ ဘာများကျန်ခဲ့လို့လဲ!? ကံဆိုးမှုဆိုတာက အတိတ်ရဲ့ဝဋ်ကြွေးကို ပြန်ပေးဆပ်ရတာတဲ့။ ဒီကံဆိုးမှုအတွက် လက်စားချေတာက နောက်ဘဝအထိ ဝဋ်ကြွေးကို သယ်သွားတာနဲ့ အတူတူပဲပေါ့။"
ဦးစိုင်းမောင်ရဲ့ဘဝအတွက် သက်ပြင်းချမိရုံမှအပ သူ လုပ်ပေးနိုင်တာက ဘာမှမရှိခဲ့ပေ။ ကံရဲ့အကျိုးအတိုင်း ဆက်လည်ပတ်နေမယ့် ကံကြမ္မာကို တွေးကြည့်ရင်းနဲ့ ရင်မောနေခဲ့ရသည်။
သိင်္ဂါရတို့သားအဖက ထိုနေရာမှ ပြန်လာပြီးနောက် အစီအစဉ်အတိုင်း ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ နေ့ဆွမ်းအလှူဒါနကို ပြုပေးခဲ့ကြသည်။
"ဒကာလေးရဲ့သားက စကားတတ်တာပဲ။"
ရာသက်ပန်ရဟန်းအဖြစ်သို့ ကူးပြောင်းသွားတဲ့ ဦးဝင်း(ခ)ဆရာတော်ဦးရေဝတက ဝီရရဲ့စကားတတ်မှုကို ချီးကျူးလိုက်လေသည်။
"တင်ပါ့... သူက ဒီနှစ်ထဲမှာ ပိုပြီးစကားပြောသွက်လာတာပါ။"
"ကလေးတစ်ဖက်နဲ့ဆိုတော့ အလုပ်တွေရော အဆင်ပြေရဲ့လား!?"
"ပြေပါတယ်... ဘုရား။ ကုမ္ပဏီအတွက် ဌားထားတဲ့သူကလည်း အဆင်ပြေပါတယ်။"
"ဒကာလေးက သဒ္ဓါထက်သန်တဲ့သူဆိုတော့ လူကောင်းတွေနဲ့ တွေ့ရတာပေါ့။ ဆရာလေးဒေါ်အိန္ဒဆီကိုရော သွားဖြစ်သေးလား!?"
ဦးဝင်းနည်းတူပင် ဒေါ်အေးကလည်း ဒေါ်အိန္ဒဆိုတဲ့ဘွဲ့အမည်နဲ့ ရာသက်ပန်သီလရှင်ဘဝသို့ ကူးပြောင်းသွားခဲ့ခြင်း ဖြစ်သည်။
"တင်ပါ့... တပည့်တော် မကြာခဏသွားတွေ့ဖြစ်ပါတယ်။ ဆရာလေးရဲ့မျက်နှာက တရားအားထုတ်နေရလို့ ပိုပြီးကြည်လင်လာတဲ့ပုံပါပဲ။"
"ကောင်းတာပေါ့ကွယ်။ ဘုရားရိပ်တရားရိပ်ကသာ အအေးမြဆုံးမှန်း သူ သိသွားပြီ ထင်ပါရဲ့။"
သိင်္ဂါရကလည်း ဆရာတော် မိန့်ကြားခဲ့သမျှကို မှတ်သားနာယူပြီး အိပ်ပျော်နေရှာတဲ့ ဝီရလေးကို ပွေ့ချီကာ အိမ်ပြန်လာမိတော့သည်။ သို့ပေမဲ့ အိမ်နားသို့ မရောက်သေးခင်မှာ စုရုံးနေကြတဲ့ လူများကြောင့် ကားပေါ်မှ ဆင်းပြီး အခြေအနေကို မေးကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ!?"
လူအားလုံးက အရှေ့ကိုသာ အာရုံရောက်နေခြင်းကြောင့် သူ့ကို ပြန်ဖြေပေးမယ့်သူ မရှိခဲ့ပေ။ ခဏအကြာမှာ ဘေးနားက အမျိုးသမီးနှစ်ဦးရဲ့စကားသံကို သူ ကြားလိုက်ရသည်။
"လမ်းကူးနေတဲ့ အဘွားကြီးကို ကားနဲ့ တိုက်မိမလို ဖြစ်သွားတာတဲ့။"
"တော်သေးတာပေါ့။ လူက ဘာမှမဖြစ်ဘူးမလား!?"
"မဖြစ်ဘူးလို့တော့ ကြားတာပဲ။"
"ဒါဆို ဘာလို့ လူအုံနေသေးတာလဲ!?"
"အဘွားကြီးနဲ့ အတူပါလာတဲ့သူ ရှိတယ်တဲ့။ အဲဒီလူပျောက်သွားလို့ ရှာခိုင်းနေတာ။"
သူက ထိုလူအုပ်ကြီးရဲ့အရှေ့နားဆီသို့ ပိုတိုးသွားပြီး အဘွားကို အကူအညီပေးဖို့အတွက် ကြိုးစားမိလေသည်။
"အဘွား...ပျောက်သွားတဲ့သူက ဘယ်လိုပုံစံမျိုးလဲ!?"
"အရပ်ရှည်ပြီး ကြည့်ကောင်းတဲ့ကောင်လေးပဲ။"
"သူ့နာမည်ကရော!?"
"အဲဒါကိုတော့ မသိဘူး။"
"သူက အဘွားနဲ့ အမျိုးမတော်ဘူးလား!?"
"မတော်ဘူးကွဲ့။ သူက ခေါင်းမှာ ဒဏ်ရာဖြစ်နေလို့ အဘွားက စောင့်ရှောက်ပေးခဲ့ရတာ။"
"သူ့ရဲ့ပုံစံကို သေချာသိရမှ ကျွန်တော်တို့ကလည်း ကူရှာပေးလို့ရမှာ။"
"သူက သူ့နာမည်ကိုတောင် ပြန်မမှတ်မိသေးဘူး။ တစ်နေ့ကမှ ဘာပြန်မှတ်မိသွားလဲ မသိပါဘူး။ ဒီနေရာကို လာချင်တယ်လို့ တွင်တွင်ပြောတော့တာပဲ။ အဘွားက လမ်းကြောတွေ မသိလို့ မေးနေတုန်း သူက ပျောက်သွားတာ။ ဘယ်မှာ လိုက်ရှာရမလဲ မသိပါဘူး။"
ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရမလို ဖြစ်နေပြီမို့ သိင်္ဂါရလည်း ခေါင်းခြောက်နေမိသည်။ ထိုအချိန်မှာ လူကြီးတစ်ဦးက အကြံပေးလာတော့သည်။
"လောလောဆယ် အဘွားကို ရပ်ကွက်ရုံးမှာ ခဏပို့ပေးထားလိုက်ရအောင်။ ပြီးမှ လူငယ်တွေက ပျောက်သွားတဲ့သူကို ဝိုင်းရှာပေးကြတာပေါ့။"
ထိုအကြံကို လူငယ်များက လက်ခံပေးလိုက်ပြီး အဘွားကို ရပ်ကွက်ရုံးပို့ဖို့ ကြိုးစားခဲ့ကြသည်။ သိင်္ဂါရက ဝီရလေးအတွက် စိတ်မချရတာမို့ စိတ်လျှော့ပြီး ကားဆီသို့ ပြန်ခဲ့ရပေသည်။
သို့ပေမဲ့ ဝီရလေးက ကားနောက်ခန်းထဲမှာ ရှိမနေတော့ပေ။ အလောတကြီးနဲ့ ဆင်းသွားမိခြင်းကြောင့် တံခါးကို သော့ခတ်ဖို့ မေ့လျော့သွားခဲ့သည်။ စိုးရိမ်စိတ်နဲ့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လိုက်လံရှာဖွေကြည့်ပေမဲ့ အရိပ်ပင် မမြင်တွေ့ခဲ့ရတာမို့ ရင်ထဲမှာလည်း ပူလောင်လာမိသည်။
"သုံးနှစ်အရွယ် ကလေးလေးကို တွေ့မိသေးလားဟင်!? အသားဖြူပြီး မျက်လုံးဝိုင်းဝိုင်းလေးနဲ့လေ။"
ခေါင်းကိုသာ တွင်တွင်ခါနေကြသူများက သိင်္ဂါရအတွက် ရတက်မအေးရအောင် ညှင်းဆဲနေသလိုပင်။
"ဝီရလေး... သားရေ..."
သားလေး ကြားစေဖို့ အသံကုန်အော်ကြည့်ခဲ့ပေမဲ့ ပြန်ထူးသံကိုတော့ မကြားခဲ့ရပေ။
အတော်ကြာတဲ့အထိ အနီးအနားတစ်ဝိုက်မှာ လိုက်ရှာကြည့်ပြီးမှ စိတ်ပျက်လက်ပျက်ဖြင့် အိမ်သို့ ပြန်လာခဲ့ရသည်။ မင်းခန့်ဆီသို့ ဖုန်းလှမ်းဆက်ပြီး အကူအညီတောင်းဖို့ကိုလည်း သူ ကြိုတင်စဉ်းစားထားလိုက်သည်။
"ဖေဖေ..."
အိမ်ရှေ့ပန်းခြံလေးထဲမှ ပြေးထွက်လာတဲ့ ဝီရလေးက သူ့ရဲ့သောကမီးကို ငြှိမ်းသတ်ပေးနိုင်ခဲ့လေသည်။
"သားလေး... ဘယ်ကို သွားနေတာလဲကွယ်။ သား ပျောက်သွားလို့ ဖေဖေက လိုက်ရှာနေရတာ။"
"ဖေဖေက ပျောက်သွားတာလေ။"
"ဟုတ်သားပဲ။ ဖေဖေ ပျောက်သွားလို့ သားနဲ့ လွဲသွားတာပေါ့။ အိမ်ကို ကိုယ့်ဘာသာကိုယ် ပြန်လာတတ်တဲ့ ကလေးလေးပဲ။ တော်လိုက်တာ..."
"သားသားကို ဦးဦးက လိုက်ပို့ပေးတာ။"
"ဟုတ်လား...ဘယ်က ဦးဦးလဲ!?"
"ဟိုမှာ ရပ်နေတဲ့ဦးဦး..."
ပန်းခြံထဲမှာ သူတို့ကို ကျောပေးပြီး မတ်တပ်ရပ်နေတဲ့ အမျိုးသားတစ်ဦးရှိနေမှန်း လုံးဝမသိလိုက်ပေ။ သို့ပေမဲ့ ထိုကျောပြင်ကို ကြည့်ပြီး သူ့စိတ်က လှုပ်ရှားလာခြင်းကြောင့် နှုတ်မှ မထိန်းချုပ်နိုင်ဘဲ ရေရွတ်မိတော့သည်။
"ရသ..."
ထိုလူက ခေါ်သံကို ကြားသွားပြီး သူတို့ရှိရာဘက်သို့ လှည့်ကြည့်လာခဲ့သည်။
သေချာပေသည်။
အတွေးအာရုံထဲမှာ အမြဲတမ်းရှိနေခဲ့သူ...
နှလုံးသားတစ်ခုလုံးကို ပိုင်ဆိုင်ရရှိထားသူ...
ထိုလူက သူ အချစ်ရဆုံးလူသားပင်။
"တကယ် မင်း ဖြစ်နေတာပဲ။"
ပျော်ရွှင်စွာဖြင့် စိုင်းရသဦးဆီသို့ ပြေးသွားဖို့ ဟန်ပြင်နေချိန်မှာ သူစိမ်းဆန်တဲ့မေးခွန်းတစ်ခုက သူ့ကို ဆီးကြိုနေခဲ့ပြန်သည်။
"အစ်ကိုက ကျွန်တော့်ကို ရသလို့ ခေါ်လိုက်တာလား!?"
ထိုမေးခွန်းနဲ့အတူ သူ့ခေါင်းထဲမှာ ပေါ်လာတဲ့အရာက စောစောက အဘွားရဲ့စကားများကိုသာ ဖြစ်သည်။ သူ့ရဲ့ယူဆချက်သာ မှန်သွားပါက စိုင်းရသဦးရဲ့မှတ်ဉာဏ်ထဲမှာ သူဆိုတဲ့ ဖြစ်တည်မှုက ပျောက်ဆုံးနေမှာ သေချာလေပြီ။
"မင်း ငါ့ကို မမှတ်မိဘူးလား!?"
စိုင်းရသဦးက ပြန်မဖြေခဲ့...
တစ်စုံတစ်ခုကြောင့် စိတ်ရှုပ်ထွေးနေပုံလည်း ရပေသည်။
သို့ပေမဲ့ အရာအားလုံးကို မေ့လျော့သွားခဲ့သူပင် ဖြစ်ပါစေဦးတော့...
သူ့ရဲ့ရှေ့မှာ ယခုလိုမျိုးရှိနေရုံနဲ့တင် အရာရာကို ရင်ဆိုင်လိုက်ဖို့ သတ္တိများ ပေါ်ပေါက်လာခဲ့သည်။
ထို့ကြောင့် စိုင်းရသဦးရဲ့ရှေ့သို့ သူ လျှောက်သွားပြီး ပြောလိုက်မိသည်။
"ငါ့ကို မမှတ်မိလည်း ကိစ္စမရှိပါဘူး။ မင်းကို အားလုံးပြန်ပြောပြပေးပါ့မယ်။"
"မပြောပြပါနဲ့။ ကျွန်တော် မသိချင်ဘူး။"
"ဘာလို့လဲ!?"
"မသိဘူး။ ဒါပေမဲ့ ကျွန်တော် ဘာကိုမှ ပြန်မသိချင်ဘူး။"
သူက ရှေ့ဆက်တိုးလာချင်ပေမဲ့ စိုင်းရသဦးက နောက်သို့ ဆုတ်ခွာသွားချင်ပုံပင်။
"မင်း မသိချင်ရင် ငါ မပြောပြတော့ပါဘူး။"
"တစ်ခုပဲ။ အဲဒီတစ်ခုတော့ ပြောပြပေးပါ။"
"ဘာကို ပြောပြပေးရမှာလဲ!?"
"အစ်ကို့အကြောင်းကိုပဲ ပြောပြပေးပါ။"
ယခုလက်ရှိမှာ အရာအားလုံးက ကွဲပြားသွားပေမဲ့ သူ့နှလုံးသားကို လှုပ်နှိုးနိုင်စွမ်းကတော့ ယခင်ကအတိုင်း မပြောင်းမလဲဘဲ ဆက်ရှိနေခဲ့လေသည်။
"ငါ့နာမည်က..."
"သိင်္ဂါရမလား!?"
စိုင်းရသဦးရဲ့နှုတ်ဖျားမှ သူ့နာမည်ကို ထပ်မံရေရွတ်ပေးဖို့အတွက် သူ နေ့ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရဖူးသည်။
ယခုတော့ နောက်တစ်ကြိမ်ပြန်ကြားခွင့်ရရှိခဲ့လေပြီ။
"ဟုတ်တယ်။ ငါ့နာမည်က သိင်္ဂါရ။ ဒီနာမည်ကို မင်းက ဘယ်လိုလုပ်သိနေတာလဲ!?"
"ကျွန်တော် သတိပြန်ရလာကတည်းက ဘာကိုမှ မမှတ်မိတော့ပေမဲ့ အဲဒီနာမည်ကိုပဲ နားထဲမှာ အမြဲကြားနေရတာ။ ပြီးတော့ အစ်ကို့ကိုလည်း အိပ်မက်ထဲမှာ ခဏခဏတွေ့နေရတယ်။"
ခဏတာအတွင်းမှာ သိင်္ဂါရက စိုင်းရသဦးရဲ့စကားတစ်ခွန်းကို ပြန်လည်ကြားယောင်လာမိသည်။
"မင်းရဲ့နာမည်လေးကို အနက်ရှိုင်းဆုံးနေရာတစ်ခုမှာ ကိုယ့်နှလုံးသွေးနဲ့ ရေးထိုးထားပြီးသား။"
ထိုစကားက လိမ်ညာခြင်းမဟုတ်ခဲ့တာမို့ သူ့ရင်ထဲမှာ တလှပ်လှပ် တုန်ခါလာသလို ခံစားလိုက်ရသည်။
"မင်းက ငါ့ကို တကယ်မညာခဲ့ဘူးပဲ။"
ပီတိကြောင့် ဖြစ်လာတဲ့ မျက်ရည်များက သူ့ပါးပြင်ပေါ်သို့ တလိမ့်လိမ့် စီးကျနေခဲ့သည်။ စိုင်းရသဦးက ထိုမျက်ရည်များကို မြင်တွေ့ရချိန်မှာ စိုးရိမ်တကြီး မေးလာတော့သည်။
"အစ်ကို... ဘာဖြစ်လို့..."
စကားမဆုံးသေးခင်မှာ သူ့ရဲ့နှုတ်ခမ်းများက စိုင်းရသဦးကို ပိတ်ဆို့ပေးလိုက်ပြီး ခဏကြာမှ ပြန်လွှတ်ပေးခဲ့လေသည်။
"ငါ မင်းကို ချစ်တယ်။"
"ကျွန်တော်လည်း အစ်ကို့ကို ချစ်တယ်။"
"ချစ်တယ်ဆိုတဲ့ ခံစားချက်ကို သေချာသိလို့လား!?"
"အဲဒါတွေကို ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အစ်ကို့ကို တွေ့ကတည်းက ကျွန်တော့်ရဲ့စိတ်ထဲမှာ ခံစားချက်တစ်မျိုးဖြစ်လာတယ်။ အဲဒီလိုမျိုး ဘယ်သူ့အပေါ်မှာမှ မဖြစ်ဖူးဘူးလေ။ အစ်ကိုလည်း ကျွန်တော့်လိုပဲ ခံစားမိတယ်မလား!?"
"အင်း... အဲဒီခံစားချက်က အချစ်ပဲ။"
"ဖေဖေ..."
ဝီရလေးရဲ့အသံကြောင့် သိင်္ဂါရက သတိမမူဘဲ နမ်းလိုက်မိမှန်း သိရှိသွားသည်။
"ဖေဖေက ဒီဦးဦးကို ဘာလို့ နမ်းတာလဲ!?"
အရှက်ကတော့ ဗြန်းဗြန်းကွဲသွားလေပြီ။
"အစ်ကို့မှာ အိမ်ထောင်ရှိတာလား!? အဲဒါဆို ကျွန်တော်ကရော!?"
ဝီရလေးဆီက နားမလည်နိုင်သလို အကြည့်များအပြင် စိုင်းရသဦးဆီက ဘာဖြစ်နေမှန်း မသိရှာတဲ့ အကြည့်များက သူ့ထံသို့ စုပြုံပြီး ကျရောက်လာခဲ့သည်။ ထို့ကြောင့် ပြဿနာမရှုပ်သေးခင်မှာ အမြန်ရှင်းပြဖို့ ကြိုးစားခဲ့ရသည်။
"ရသ... မင်းနဲ့ငါက လက်ထပ်ပြီးပြီ။ ဒါလေးကို ကြည့်..."
လည်ပင်းပေါ်မှာ အမြဲတမ်းရှိနေခဲ့တဲ့ ဆွဲကြိုးနဲ့ လက်စွပ်ကို ထုတ်ပြကာ လက်ထပ်ထားပါကြောင်း သက်သေထူလိုက်သည်။
"ဒါက ငါတို့ရဲ့လက်ထပ်လက်စွပ်။"
"ကျွန်တော့်မှာလည်း တစ်ကွင်းရှိတယ်။ ဒီမှာလေ..."
မရှိနိုင်လောက်တော့ဘူးဆိုပြီး ထင်မှတ်ထားမိပေမဲ့ ယခုလိုမျိုး ကျန်ရစ်နေသေးမှန်း သိရချိန်မှာ အတော်လေးပျော်ရွှင်မိပေသည်။
"ဟုတ်တယ်။ မင်း အခုလိုမျိုး အားလုံးကို မမေ့ခင်ကတည်းက ငါတို့ လက်ထပ်ခဲ့တာ။"
"ဒါဆို သူကရော!?"
"သူက ငါတို့ရဲ့သားပဲ။ နာမည်က ဝီရတဲ့။"
"သူက ကျွန်တော်တို့ရဲ့သားလား!?"
"သေချာကြည့်ကြည့်လိုက်။ မင်းနဲ့ တူတယ်။ တွေ့လား!?"
"တူတော့ တူပါတယ်။"
တစ်ရန်က ရှင်းသွားပြီမို့ သူ့ရဲ့မြားဦးက ဝီရလေးဆီသို့ လှည့်သွားရပြန်သည်။
"သားလေး...သူက သားရဲ့နောက်ထပ်ဖေဖေတစ်ယောက်။ သူ့နာမည်က ရသတဲ့။ ဒီနေ့ကစပြီး ဖေဖေတို့က အတူတူနေရတော့မှာ။"
"ဖေဖေက အများကြီးပဲ။"
"သားလေးကို အများကြီးပိုချစ်ပေးလို့ ရတာပေါ့။ မကောင်းဘူးလား!?"
"ကောင်းတယ်...ကောင်းတယ်။"
"ဒါဆို ဒီဦးဦးကို ဖေဖေလို့ ခေါ်လိုက်ပါဦး။"
ဝီရလေးက စိုင်းရသဦးကို မော့ကြည့်လာပြီး ခေါ်ပေးခဲ့လေသည်။
"ဖေဖေ..."
ချစ်မွေးပါတဲ့ ကလေးမို့ စိုင်းရသဦးကလည်း နှစ်ခြိုက်စွာဖြင့် ပွေ့ချီလိုက်တော့သည်။
"သားနာမည်က ဝီရလား!?"
"ဟုတ်ကဲ့။"
"လိမ္မာလိုက်တာ..."
သားအဖနှစ်ယောက်ရဲ့စကားပြောဆိုနေပုံကို ကြည့်ပြီး သိင်္ဂါရက ပူပန်မှုကင်းစွာ ပြုံးမိပေသည်။
"ဖေဖေ..."
"အစ်ကို..."
သူ အချစ်ရဆုံးသော လူသားနှစ်ယောက်...
ထိုသူတို့နဲ့ အတူရှိရခြင်းက ပြီးပြည့်စုံတဲ့ဘဝတစ်ခုကို ပုံဖော်ပေးနေသလိုပင်။
ပန်းရနံ့လေးများကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြည်ညင်းက သူတို့သုံးယောက်ဆီသို့ ရောက်ရှိလာခဲ့သည်။
အေးမြလန်းဆန်းလိုက်လေခြင်း...
လောကဓံတရားရဲ့စမ်းသပ်ချက်ကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး အောင်မြင်ခဲ့ပြီမို့ ချစ်ခြင်းမေတ္တာများနဲ့ ရှေ့ဆက်သွားမယ့် ရှေ့ခရီးလမ်းလေးက ပျော်ရွှင်ဖွယ်ရာအတိ ဖြစ်ခဲ့လေပြီ။
နှလုံးသွေးဖြင့် ရေးထိုးအပ်သော အချစ်များကလည်း အသက်ရှိသရွေ့ ဆက်လက်တည်မြဲနေပေတော့မည်။
ပြီးပါပြီ။
*ဒီမှာ အဓိကသိစေချင်တာက လက်စားချေတာဟာ မကောင်းဘူးဆိုတာပါပဲ။
ကံ၊ ကံ၏အကျိုးကို ကြောက်ရွံ့ဖို့ လိုအပ်ပါတယ်။
အားလုံးပဲ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝနိုင်ကြပါစေ။
စိတ်ရှည်လက်ရှည်နဲ့ စောင့်ဖတ်ပေးခဲ့ကြလို့လည်း တကယ်ကျေးဇူးတင်မိပါတယ်။
ဈေးဗန်း
ဒီတစ်ပုဒ်ပြီးရင် ထပ်ရေးဖို့ စဉ်းစားထားတာက 'ကြမ္မာလှည့်စားရာ' နဲ့ 'ညှို့'ပါ။
Introတွေလည်း တင်ထားပါတယ်။
အဲဒီနှစ်ပုဒ်ကို တစ်ပြိုင်နက်တည်းတင်မှာပါ။ Upလည်း သေချာပေါက်မှန်ပါလိမ့်မယ်။
လောလောဆယ်တော့ စိတ်ကို ခဏလောက် အနားပေးလိုက်ပါဦးမယ်🌹🌹🌹
#Śûè
***************
(Zawgyi Version)
"🔔...🔔...🔔"
ေမွးစက္ႏိုင္ျခင္းမ႐ွိတဲ့ ညတာ႐ွည္ကို သိဂၤါရက ခက္ခဲစြာ ျဖတ္သန္းခဲ့ရၿပီး နံနက္ခင္းတစ္ခုကို အစျပဳလိုက္ခ်ိန္မွာပင္ ဘဲလ္ျမည္သံက သူ႕နားထဲသို႔ ဝင္ေရာက္လာခဲ့သည္။
ႏြမ္းနယ္ေနတဲ့ သူ႕ရဲ႕စိတ္နဲ႔ကိုယ္ကို အားတင္းၿပီး ေ႐ြ႕လ်ားမႈျပဳကာ တံခါးဆီသို႔ ထြက္လာရေတာ့သည္။
တံခါးဝမွာ သူ႕ကို ရပ္ေစာင့္ေနသူက-
"မင္းခန္႔... အေစာႀကီး႐ွိေသးတယ္။ ဘာလာလုပ္တာလဲ!?"
"ဒီကိစၥေၾကာင့္ ေရာက္လာရတာ။"
မင္းခန္႔က လက္ထဲမွာ ေပြ႕ပိုက္ထားတဲ့ အရာေလးကို သူ႕ေ႐ွ႕သို႔ တိုးေပးလိုက္ေလသည္။
"အူဝဲ...အူဝဲ..."
သနားစဖြယ္ ငိုေႂကြးေန႐ွာတဲ့ ျဖဴျဖဴေဖြးေဖြးအရာေလးက သူ႕ကို အားကိုးတႀကီးျဖင့္ ေငးၾကည့္သလိုပင္။
"ဒါေလးက... ဘာလုပ္တာလဲ!?"
"အိမ္ထဲကို အရင္ဝင္ပါရေစဦးကြာ။ ၿပီးမွ ငါ ဆက္ေျပာျပပါ့မယ္။"
"ဪ... ေအး... ေအး..."
သိဂၤါရက မင္းခန္႔ကို အိမ္ထဲသို႔ ဝင္ခြင့္ျပဳၿပီး ဆက္လက္ေမးျမန္းလိုက္မိသည္။
"ဒါ ဘယ္က ကေလးေလးလဲ!?"
"သူက ေကသရီ႕ရဲ႕သားပဲ။"
"ေကသရီ႕ရဲ႕သား... ဟုတ္လား!?"
"ဟုတ္တယ္။ သူကေတာ့ ကေလးေမြးၿပီးၿပီးခ်င္းပဲ ဆုံးသြားတာတဲ့။ ဒါေပမဲ့ မေသခင္မွာ ကေလးကို မင္းဆီ ေရာက္ေအာင္ပို႔ေပးပါဆိုၿပီး ေထာင္မႉးကို ႀကိဳမွာထားခဲ့လို႔ ငါက ေခၚလာေပးရတာ။ ေရာ့..ဒါက မင္းအတြက္စာ။"
သိဂၤါရကလည္း နားမလည္ႏိုင္မႈမ်ားျဖင့္ ထိုစာကို ဖြင့္ဖတ္ၾကည့္ရျပန္သည္။
"သို႔...
ကြၽန္မကို မေတြ႕ခ်င္ေလာက္တဲ့အထိ မုန္းတီးေနမယ္ဆိုတာကို သိပါတယ္။ ဒါေပမဲ့ ကြၽန္မရဲ႕ကေလးအတြက္ အားကိုးအားထားျပဳစရာလူ မ႐ွိေတာ့လို႔ပါ။ မိဘမဲ့ေဂဟာကိုလည္း မေရာက္ေစခ်င္ဘူး။ သာမန္မိသားစုဘဝေလးမွာ သူ႕ကို ေကာင္းေကာင္းမြန္မြန္ ႀကီးျပင္းေစခ်င္တယ္။ ဒါက ကြၽန္မရဲ႕ေနာက္ဆုံးဆႏၵပါ။ ဒီဆႏၵကို ျဖည့္ဆည္းေပးႏိုင္မယ့္သူကလည္း ႐ွင္တစ္ေယာက္တည္းပဲ ႐ွိပါေတာ့တယ္။
ကေလးက Theoနဲ႔ ဘာမွမသက္ဆိုင္ပါဘူး။ ဒီတစ္ခ်က္ကို သံသယကင္းကင္းနဲ႔ ယုံၾကည္ေပးလို႔ ရပါတယ္။
ကြၽန္မ အမွားေတြ အမ်ားႀကီးလုပ္ခဲ့မိတယ္။ ခြင့္မလႊတ္ႏိုင္မွန္းလည္း သိပါတယ္။ ဒါေပမဲ့ ဘာမွမသိတဲ့ ကေလးကိုေတာ့ အျပစ္ေတြကေန ကင္းလြတ္ခြင့္ေပးၾကပါလို႔ ေတာင္းဆိုပါရေစ။
ေကသရီ..."
ထိုစာရဲ႕အဆုံးမွာ သိဂၤါရက အျပစ္မဲ့ကေလးငယ္ဆီသို႔သာ ေငးၾကည့္မိေလသည္။
"အူဝဲ... အူဝဲ..."
ကူကယ္ရာမဲ့စြာ ငိုေႂကြးေန႐ွာတဲ့ကေလးငယ္က သူ႕ကို လွမ္းေခၚေနသလိုမ်ိဳး ခံစားလိုက္ရေပသည္။
"ကေလးကို ငါ ခဏခ်ီၾကည့္ခ်င္တယ္။"
မင္းခန္႔က ကေလးေလးကို သူ႕လက္ထဲသို႔ လႊဲေပးၿပီးခ်ိန္မွာ ထူးဆန္းစြာပင္ အငိုတိတ္သြားခဲ့သည္။
"ဟ... မင္းလက္ထဲမွာ ဘာလို႔ မငိုတာလဲ!?"
"မင္း ခ်ီတာက အဆင္မေျပလို႔ ေနမွာေပါ့။"
"မျဖစ္ႏိုင္ဘူး။ ငါက ကေလးခ်ီနည္းကို ႀကိဳက်င့္ထားတာပါ။ ၾကည့္ရတာေတာ့ ကေလးက မင္းကို သေဘာက်လို႔ ျဖစ္မယ္။"
မွန္ေပသည္။
အေၾကာင္းအရင္းကို မသိေပမဲ့ ကေလးေလးက သူ႕လက္ေပၚမွာ ေပ်ာ္ေမြ႕ေနပုံပင္။
"ဒီကေလးမွာ အမွတ္ေလးတစ္ခုပါတယ္တဲ့။ ရင္ဘတ္နားမွာလို႔ ေျပာတာပဲ။"
သိဂၤါရက ထိုကေလးငယ္ရဲ႕အႏွီးစကို ခပ္ဖြဖြဖယ္႐ွားၿပီး ရင္ဘတ္ကို ၾကည့္လိုက္မိသည္။ မင္းခန္႔ ေျပာတဲ့အတိုင္း ဘယ္ဘက္ရင္အုံမွာ အမွတ္အသားတစ္ခုက သူ႕ကို ႀကိဳဆိုေနေလသည္။
"လူဝင္စားေလး ထင္တယ္။"
မင္းခန္႔ရဲ႕စကားေၾကာင့္ သိဂၤါရက ထိုအမွတ္ေလးကို ထပ္မံစစ္ေဆးၾကည့္ခဲ့သည္။ အညိဳေရာင္႐ွိၿပီး ခပ္ဝိုင္းဝိုင္းပုံစံမ်ိဳးက သူ႕အတြက္ ျမင္ဖူးေနသလို ခံစားရေပသည္။
ထိုအခ်ိန္မွာ သူ႕စိတ္ထဲသို႔ ျမင္ကြင္းတစ္ခုက ဝင္ေရာက္လာတာမို႔ ျပဳံးလိုက္မိေတာ့သည္။
"မင္း ဘာဆက္လုပ္မွာလဲ... သိဂၤါရ!?"
"ဘာကို ေမးတာလဲ!?"
"ဒီကေလးအတြက္ကို ေျပာတာေလ။ မင္းက ကေလးကို တစ္ေယာက္တည္းပ်ိဳးေထာင္လို႔မွ မျဖစ္တာ။ တာဝန္လည္း ႀကီးတယ္ေလ။"
သိဂၤါရက ကေလးငယ္ကို ငုံ႔ၾကည့္ရင္းနဲ႔ ျပဳံးလ်က္သာ ျပန္ေျဖေပးခဲ့သည္။
"အခုခ်ိန္ကစၿပီး ဒီကေလးကို ငါ့သားအျဖစ္ ေမြးစားလိုက္ၿပီ။"
"ေဟ့ေကာင္...ေအးေအးေဆးေဆး ဆုံးျဖတ္မွေပါ့။ မင္းဟာက ေလာလွခ်ည္လား!?"
"မေလာပါဘူး။ ငါ ေသခ်ာစဥ္းစားထားတာ။ ဒီကေလးကို ေကာင္းေကာင္းမြန္မြန္ ႀကီးျပင္းလာေအာင္လို႔ ငါကိုယ္တိုင္ ေစာင့္ေ႐ွာက္ေပးမွာ။ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝကိုေရာ အခ်စ္ခံရတယ္ဆိုတဲ့ ခံစားခ်က္ကိုေရာ သူ ေသခ်ာေပါက္သိေစရမယ္။"
အခိုင္အမာေျပာလာတဲ့ သိဂၤါရကို ေငးၾကည့္ၿပီး မင္းခန္႔က အံ့အားသင့္မိ႐ုံမွအပ ဝင္တားခြင့္မ႐ွိခဲ့ေပ။ သို႔ေပမဲ့ ထိုကေလးငယ္ေၾကာင့္ သိဂၤါရရဲ႕အျပဳံးမ်ားက ျပန္လည္အသက္ဝင္လာျခင္းကိုေတာ့ သူ သတိထားမိေလသည္။
"ကဲ...ဒါဆို မင္းရဲ႕သားေလးကို နာမည္ေပးရမွာေပါ့။ ဘယ္လိုနာမည္မ်ိဳး ေပးခ်င္လဲ!?"
"ဝီ...ရ... သူ႕နာမည္ကို ဝီရလို႔ ေပးမယ္။"
"အဲ့နာမည္က ဟိုဝီရနဲ႔ တူေနတယ္မလား!?"
"မတူပါဘူး။ စိုင္းနဲ႔ေမာင္ဆိုတဲ့ စာလုံးႏွစ္လုံးကို ဖယ္ထားၿပီးသားပါ။ ရဲရင့္ျခင္းဆိုတဲ့ ဝီရကိုပဲ ယူသုံးတာ။ သားေလးေရာ..ဒီနာမည္ကို သေဘာက်တယ္မလား!?"
ကေလးငယ္ကလည္း သိဂၤါရ ေျပာခဲ့သမွ်ကို နားလည္ဟန္ျဖင့္ ျပဳံး႐ႊင္စြာ လွမ္းၾကည့္ေနခဲ့သည္။ ထိုေန႔မွစတင္ၿပီး အထီးက်န္ေန႐ွာတဲ့ သိဂၤါရရဲ႕ဘဝထဲသို႔ ဝီရဆိုတဲ့ ကေလးငယ္က ဝင္ေရာက္လာကာ ေပ်ာ္႐ႊင္စရာေန႔ရက္ေလးမ်ားကို ဖန္တီးေပးခဲ့ေပသည္။
သုံးႏွစ္ခန္႔ၾကာျမင့္ၿပီးေနာက္-
"ေဖေဖ... သားသားကို ခ်ီ..."
ကားတံခါးဖြင့္ေပးၿပီးခ်ိန္မွာ လက္ႏွစ္ဖက္ကို အဆင္သင့္ဆန္႔တန္းေပးထားတဲ့ ဝီရေလးကခ်စ္စဖြယ္မ်က္ႏွာေလးနဲ႔ သိဂၤါရကို ေျပာလာေတာ့သည္။
"ခ်ီမွာေပါ့... သားေလးရဲ႕။ လာ..."
သိဂၤါရက ဝီရေလးကို ေပြ႕ခ်ီကာ ကားေနာက္ခန္းထဲမွ ပန္းစည္းႏွစ္စည္းကို လွမ္းယူလိုက္ရသည္။
"ပန္းေတြက လွလိုက္တာ။ သားသားကို ေပးပါလားဟင္!?"
"ဒီပန္းေတြက သူမ်ားအတြက္ ဝယ္လာတာ။ သား လိုခ်င္ရင္ေတာ့ ေဖေဖ ထပ္ဝယ္ေပးပါ့မယ္။"
"ဘယ္သူ႕ကို ေပးရမွာလဲ!?"
"ေဖေဖ့အတြက္ တန္ဖိုး႐ွိတဲ့သူကိုေပါ့။"
သားအဖႏွစ္ေယာက္ စကားေျပာရင္းနဲ႔ အတူထြက္လာခဲ့ၿပီး တစ္ေနရာသို႔အေရာက္မွာ သိဂၤါရရဲ႕ေျခလွမ္းမ်ားက ရပ္တန္႔သြားမိသည္။ အေၾကာင္းမွာ အမ်ိဳးသမီးတစ္ဦးက အုတ္ဂူတစ္ခုရဲ႕ေ႐ွ႕မွာ ၿငိမ္သက္စြာ ရပ္တန္႔ေနျခင္းေၾကာင့္ ျဖစ္သည္။
သူမက ပန္းစည္းတစ္စည္းကို အုတ္ဂူေပၚသို႔ တင္ေပးလိုက္ၿပီး စကားတစ္ခြန္းမွ မေျပာဘဲ ဆက္လက္ရပ္ေနခဲ့ျပန္သည္။ ထို႔ေၾကာင့္ သိဂၤါရက သူမကို ဝင္မေႏွာင့္ယွက္မိေအာင္ ခပ္လွမ္းလွမ္းမွသာ လွမ္းၾကည့္ေနလိုက္သည္။
"ေဖေဖ... ဘာလို႔ ဆက္မသြားတာလဲ!?"
ဝီရေလးရဲ႕အသံေၾကာင့္ သူမက ထြက္သြားဖို႔ ဟန္ျပင္လိုက္ခ်ိန္မွာ သိဂၤါရကလည္း သိခ်င္စိတ္ျဖင့္ လွမ္းေမးခဲ့ေလသည္။
"မင္းက ေ႐ႊစင္မိုးမလား!?"
တုံ႔ဆိုင္းသြားတဲ့ ေျခလွမ္းမ်ားကို ျမင္လိုက္ရတာမို႔ ခန္႔မွန္းခ်က္က မွန္ကန္သြားပုံပင္။
"ဒီလိုေန႔မ်ိဳးကို ေရာက္တိုင္း လူတစ္ေယာက္က အစ္ကို႔ထက္ေစာၿပီး ပန္းစည္းလာခ်သြားတတ္တယ္။ အဲဒီလူက ဘယ္သူမ်ားျဖစ္မလဲလို႔ စဥ္းစားၾကည့္ေနတာ။ လက္စသတ္ေတာ့ မင္း ျဖစ္ေနခဲ့တာပဲ။"
ထိုအခ်ိန္မွာပင္ ေ႐ႊစင္မိုးက သူတို႔႐ွိရာဘက္သို႔ လွည့္လာၿပီး ျပဳံးျပခဲ့သည္။
"ဒါက ေနာက္ဆုံးအေခါက္ပါ။ ေနာက္ႏွစ္က်ရင္ ကြၽန္မ ဒီကို ထပ္လာႏိုင္ေတာ့မွာ မဟုတ္ဘူး။"
"ဘာလို႔လဲဆိုတာကို သိခြင့္ရႏိုင္မလား!?"
"ေ႐ွ႕လထဲမွာ ကြၽန္မ လက္ထပ္ရေတာ့မယ္။ လက္ထပ္ပြဲၿပီးတာနဲ႔ ႏိုင္ငံျခားမွာပဲ အေျခခ်ဖို႔ စီစဥ္ထားတာ။"
"ဒီကိစၥကို သူ သိသြားရင္ ဝမ္းသာေနမွာပါ။"
သိဂၤါရရဲ႕စကားေၾကာင့္ သူမက ျပဳံးေနရင္းနဲ႔ မ်က္ရည္မ်ား စီးက်လာေတာ့သည္။
"သူက အေဝးကိုပဲ အၿမဲတြန္းပို႔ေနခဲ့တာ။ သူ ေျပာတဲ့အတိုင္း ကြၽန္မ လိုက္ေနေပးႏိုင္ခဲ့ရင္ သိပ္ေကာင္းမွာပဲ။"
စကားအဆုံးမွာ ဝီရေလးက သူမရဲ႕မ်က္ရည္မ်ားကို မမီမကမ္းနဲ႔ လွမ္းၿပီး သုတ္ေပးလိုက္သည္။
"မငိုနဲ႔... မငိုနဲ႔။ ငိုရင္ ေဖေဖက မုန္႔မုန္႔မေကြၽးဘူးတဲ့။"
ဝီရေလးရဲ႕အျပဳအမူက သူမကို ျပန္ၿပီး႐ႊင္ပ်သြားေစခဲ့သည္။
"ဟုတ္သားပဲ။ တီတီက ေမ့သြားတာ။"
မ်က္ရည္မ်ားကို သုတ္ပစ္ၿပီး သူမက ျပဳံးျပလိုက္ေတာ့မွ ဝီရေလးက အက်ႌအိတ္ကပ္ထဲမွာ ထည့္ယူလာတဲ့ သၾကားလုံးကို ထုတ္ေပးခဲ့ျပန္သည္။
"ဒါက တီတီ့အတြက္ လက္ေဆာင္။"
သူမက ဝီရေလးရဲ႕ေခါင္းကို ခပ္ဖြဖြ ပုတ္ေပးၿပီး ႏႈတ္ဆက္စကားဆိုလိုက္မိသည္။
"ေက်းဇူးပါပဲ။ တီတီ သြားေတာ့မယ္ေနာ္။"
"ဟုတ္ကဲ့။"
ေက်ာခိုင္းၿပီး ထြက္ခြာလာခဲ့ခ်ိန္မွာ ေ႐ႊစင္မိုးရဲ႕စိတ္က ယခင္ကလိုမ်ိဳး မဟုတ္ဘဲ ေပါ့ပါးေနသလိုပင္။ စတင္ခြင့္မရခဲ့တဲ့ အခ်စ္တစ္ခုကို ဖက္တြယ္မထားဘဲ သူမရဲ႕ဘဝကို ဆက္ေလွ်ာက္လွမ္းဖို႔ အခ်ိန္က်ခဲ့ေလၿပီ။
"ေဖေဖ... အဲဒါက ဘာေတြလဲ!?"
အုတ္ဂူမ်ားကို ၾကည့္ၿပီး ေမးေနတဲ့ ဝီရေလးကို သိဂၤါရက နားလည္လြယ္ေအာင္ ေျဖေပးခဲ့ရသည္။
"ေဖေဖတို႔ ခ်စ္ခင္တဲ့သူေတြကို သတိရတိုင္း လာၾကည့္လို႔ ရေအာင္ ဒီအထဲမွာ ထည့္ထားၾကတာ။"
"သူတို႔က အျပင္ထြက္လို႔ မရဘူးလား!?"
"သူတို႔က အသက္မ႐ွိေတာ့ဘူး။ အသက္မ႐ွိရင္ အစားစားလို႔ မရဘူး။ ကစားလို႔လည္း မရေတာ့ဘူး။ အၾကာႀကီးအိပ္ေနရသလိုပဲ။"
"ဟင္...ဒါဆို သူတို႔ကို ႏိႈးလိုက္ေလ။"
"ဘယ္လိုပဲႏိႈးႏိႈး သူတို႔ကေတာ့ ျပန္ႏိုးလာမွာ မဟုတ္ဘူး။"
ယူေဆာင္လာတဲ့ ပန္းစည္းတစ္စည္းကို စိုင္းဝီရေမာင္ရဲ႕အုတ္ဂူေပၚသို႔ တင္ေပးလိုက္ၿပီး ညာဘက္အျခမ္းက ေနာက္ထပ္အုတ္ဂူတစ္ခုဆီသို႔ အၾကည့္ေရာက္သြားမိသည္။
လာေရာက္ၾကည့္႐ႈသူ တစ္ေယာက္မွမ႐ွိတာမို႔ အထီးက်န္ေနပုံရတဲ့ ထိုအုတ္ဂူထဲမွာ ႐ွိေနသူကေတာ့ ဦးစိုင္းေမာင္ပင္။
သိဂၤါရက ထိုအုတ္ဂူေပၚသို႔ ေနာက္ပန္းစည္းတစ္စည္းကို တင္ေပးလိုက္ေတာ့သည္။
"နာၾကည္းမုန္းတီးမႈေတြကေန ေလာဘျဖစ္ခဲ့တာလား!? လက္စားေခ်ဖို႔ ၾကံစည္ခဲ့သမွ်က အခုေတာ့ ဘာမ်ားက်န္ခဲ့လို႔လဲ!? ကံဆိုးမႈဆိုတာက အတိတ္ရဲ႕ဝဋ္ေႂကြးကို ျပန္ေပးဆပ္ရတာတဲ့။ ဒီကံဆိုးမႈအတြက္ လက္စားေခ်တာက ေနာက္ဘဝအထိ ဝဋ္ေႂကြးကို သယ္သြားတာနဲ႔ အတူတူပဲေပါ့။"
ဦးစိုင္းေမာင္ရဲ႕ဘဝအတြက္ သက္ျပင္းခ်မိ႐ုံမွအပ သူ လုပ္ေပးႏိုင္တာက ဘာမွမ႐ွိခဲ့ေပ။ ကံရဲ႕အက်ိဳးအတိုင္း ဆက္လည္ပတ္ေနမယ့္ ကံၾကမၼာကို ေတြးၾကည့္ရင္းနဲ႔ ရင္ေမာေနခဲ့ရသည္။
သိဂၤါရတို႔သားအဖက ထိုေနရာမွ ျပန္လာၿပီးေနာက္ အစီအစဥ္အတိုင္း ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းမွာ ေန႔ဆြမ္းအလႉဒါနကို ျပဳေပးခဲ့ၾကသည္။
"ဒကာေလးရဲ႕သားက စကားတတ္တာပဲ။"
ရာသက္ပန္ရဟန္းအျဖစ္သို႔ ကူးေျပာင္းသြားတဲ့ ဦးဝင္း(ခ)ဆရာေတာ္ဦးေရဝတက ဝီရရဲ႕စကားတတ္မႈကို ခ်ီးက်ဴးလိုက္ေလသည္။
"တင္ပါ့... သူက ဒီႏွစ္ထဲမွာ ပိုၿပီးစကားေျပာသြက္လာတာပါ။"
"ကေလးတစ္ဖက္နဲ႔ဆိုေတာ့ အလုပ္ေတြေရာ အဆင္ေျပရဲ႕လား!?"
"ေျပပါတယ္... ဘုရား။ ကုမၸဏီအတြက္ ဌားထားတဲ့သူကလည္း အဆင္ေျပပါတယ္။"
"ဒကာေလးက သဒၶါထက္သန္တဲ့သူဆိုေတာ့ လူေကာင္းေတြနဲ႔ ေတြ႕ရတာေပါ့။ ဆရာေလးေဒၚအိႏၵဆီကိုေရာ သြားျဖစ္ေသးလား!?"
ဦးဝင္းနည္းတူပင္ ေဒၚေအးကလည္း ေဒၚအိႏၵဆိုတဲ့ဘြဲ႕အမည္နဲ႔ ရာသက္ပန္သီလ႐ွင္ဘဝသို႔ ကူးေျပာင္းသြားခဲ့ျခင္း ျဖစ္သည္။
"တင္ပါ့... တပည့္ေတာ္ မၾကာခဏသြားေတြ႕ျဖစ္ပါတယ္။ ဆရာေလးရဲ႕မ်က္ႏွာက တရားအားထုတ္ေနရလို႔ ပိုၿပီးၾကည္လင္လာတဲ့ပုံပါပဲ။"
"ေကာင္းတာေပါ့ကြယ္။ ဘုရားရိပ္တရားရိပ္ကသာ အေအးျမဆုံးမွန္း သူ သိသြားၿပီ ထင္ပါရဲ႕။"
သိဂၤါရကလည္း ဆရာေတာ္ မိန္႔ၾကားခဲ့သမွ်ကို မွတ္သားနာယူၿပီး အိပ္ေပ်ာ္ေန႐ွာတဲ့ ဝီရေလးကို ေပြ႕ခ်ီကာ အိမ္ျပန္လာမိေတာ့သည္။ သို႔ေပမဲ့ အိမ္နားသို႔ မေရာက္ေသးခင္မွာ စု႐ုံးေနၾကတဲ့ လူမ်ားေၾကာင့္ ကားေပၚမွ ဆင္းၿပီး အေျခအေနကို ေမးၾကည့္လိုက္သည္။
"ဘာျဖစ္လို႔လဲ!?"
လူအားလုံးက အေ႐ွ႕ကိုသာ အာ႐ုံေရာက္ေနျခင္းေၾကာင့္ သူ႕ကို ျပန္ေျဖေပးမယ့္သူ မ႐ွိခဲ့ေပ။ ခဏအၾကာမွာ ေဘးနားက အမ်ိဳးသမီးႏွစ္ဦးရဲ႕စကားသံကို သူ ၾကားလိုက္ရသည္။
"လမ္းကူးေနတဲ့ အဘြားႀကီးကို ကားနဲ႔ တိုက္မိမလို ျဖစ္သြားတာတဲ့။"
"ေတာ္ေသးတာေပါ့။ လူက ဘာမွမျဖစ္ဘူးမလား!?"
"မျဖစ္ဘူးလို႔ေတာ့ ၾကားတာပဲ။"
"ဒါဆို ဘာလို႔ လူအုံေနေသးတာလဲ!?"
"အဘြားႀကီးနဲ႔ အတူပါလာတဲ့သူ ႐ွိတယ္တဲ့။ အဲဒီလူေပ်ာက္သြားလို႔ ႐ွာခိုင္းေနတာ။"
သူက ထိုလူအုပ္ႀကီးရဲ႕အေ႐ွ႕နားဆီသို႔ ပိုတိုးသြားၿပီး အဘြားကို အကူအညီေပးဖို႔အတြက္ ႀကိဳးစားမိေလသည္။
"အဘြား...ေပ်ာက္သြားတဲ့သူက ဘယ္လိုပုံစံမ်ိဳးလဲ!?"
"အရပ္႐ွည္ၿပီး ၾကည့္ေကာင္းတဲ့ေကာင္ေလးပဲ။"
"သူ႕နာမည္ကေရာ!?"
"အဲဒါကိုေတာ့ မသိဘူး။"
"သူက အဘြားနဲ႔ အမ်ိဳးမေတာ္ဘူးလား!?"
"မေတာ္ဘူးကြဲ႕။ သူက ေခါင္းမွာ ဒဏ္ရာျဖစ္ေနလို႔ အဘြားက ေစာင့္ေ႐ွာက္ေပးခဲ့ရတာ။"
"သူ႕ရဲ႕ပုံစံကို ေသခ်ာသိရမွ ကြၽန္ေတာ္တို႔ကလည္း ကူ႐ွာေပးလို႔ရမွာ။"
"သူက သူ႕နာမည္ကိုေတာင္ ျပန္မမွတ္မိေသးဘူး။ တစ္ေန႔ကမွ ဘာျပန္မွတ္မိသြားလဲ မသိပါဘူး။ ဒီေနရာကို လာခ်င္တယ္လို႔ တြင္တြင္ေျပာေတာ့တာပဲ။ အဘြားက လမ္းေၾကာေတြ မသိလို႔ ေမးေနတုန္း သူက ေပ်ာက္သြားတာ။ ဘယ္မွာ လိုက္႐ွာရမလဲ မသိပါဘူး။"
ေကာက္႐ိုးပုံထဲ အပ္ေပ်ာက္႐ွာရမလို ျဖစ္ေနၿပီမို႔ သိဂၤါရလည္း ေခါင္းေျခာက္ေနမိသည္။ ထိုအခ်ိန္မွာ လူႀကီးတစ္ဦးက အၾကံေပးလာေတာ့သည္။
"ေလာေလာဆယ္ အဘြားကို ရပ္ကြက္႐ုံးမွာ ခဏပို႔ေပးထားလိုက္ရေအာင္။ ၿပီးမွ လူငယ္ေတြက ေပ်ာက္သြားတဲ့သူကို ဝိုင္း႐ွာေပးၾကတာေပါ့။"
ထိုအၾကံကို လူငယ္မ်ားက လက္ခံေပးလိုက္ၿပီး အဘြားကို ရပ္ကြက္႐ုံးပို႔ဖို႔ ႀကိဳးစားခဲ့ၾကသည္။ သိဂၤါရက ဝီရေလးအတြက္ စိတ္မခ်ရတာမို႔ စိတ္ေလွ်ာ့ၿပီး ကားဆီသို႔ ျပန္ခဲ့ရေပသည္။
သို႔ေပမဲ့ ဝီရေလးက ကားေနာက္ခန္းထဲမွာ ႐ွိမေနေတာ့ေပ။ အေလာတႀကီးနဲ႔ ဆင္းသြားမိျခင္းေၾကာင့္ တံခါးကို ေသာ့ခတ္ဖို႔ ေမ့ေလ်ာ့သြားခဲ့သည္။ စိုးရိမ္စိတ္နဲ႔ ပတ္ဝန္းက်င္တစ္ခုလုံးမွာ လိုက္လံ႐ွာေဖြၾကည့္ေပမဲ့ အရိပ္ပင္ မျမင္ေတြ႕ခဲ့ရတာမို႔ ရင္ထဲမွာလည္း ပူေလာင္လာမိသည္။
"သုံးႏွစ္အ႐ြယ္ ကေလးေလးကို ေတြ႕မိေသးလားဟင္!? အသားျဖဴၿပီး မ်က္လုံးဝိုင္းဝိုင္းေလးနဲ႔ေလ။"
ေခါင္းကိုသာ တြင္တြင္ခါေနၾကသူမ်ားက သိဂၤါရအတြက္ ရတက္မေအးရေအာင္ ညႇင္းဆဲေနသလိုပင္။
"ဝီရေလး... သားေရ..."
သားေလး ၾကားေစဖို႔ အသံကုန္ေအာ္ၾကည့္ခဲ့ေပမဲ့ ျပန္ထူးသံကိုေတာ့ မၾကားခဲ့ရေပ။
အေတာ္ၾကာတဲ့အထိ အနီးအနားတစ္ဝိုက္မွာ လိုက္႐ွာၾကည့္ၿပီးမွ စိတ္ပ်က္လက္ပ်က္ျဖင့္ အိမ္သို႔ ျပန္လာခဲ့ရသည္။ မင္းခန္႔ဆီသို႔ ဖုန္းလွမ္းဆက္ၿပီး အကူအညီေတာင္းဖို႔ကိုလည္း သူ ႀကိဳတင္စဥ္းစားထားလိုက္သည္။
"ေဖေဖ..."
အိမ္ေ႐ွ႕ပန္းျခံေလးထဲမွ ေျပးထြက္လာတဲ့ ဝီရေလးက သူ႕ရဲ႕ေသာကမီးကို ၿငႇိမ္းသတ္ေပးႏိုင္ခဲ့ေလသည္။
"သားေလး... ဘယ္ကို သြားေနတာလဲကြယ္။ သား ေပ်ာက္သြားလို႔ ေဖေဖက လိုက္႐ွာေနရတာ။"
"ေဖေဖက ေပ်ာက္သြားတာေလ။"
"ဟုတ္သားပဲ။ ေဖေဖ ေပ်ာက္သြားလို႔ သားနဲ႔ လြဲသြားတာေပါ့။ အိမ္ကို ကိုယ့္ဘာသာကိုယ္ ျပန္လာတတ္တဲ့ ကေလးေလးပဲ။ ေတာ္လိုက္တာ..."
"သားသားကို ဦးဦးက လိုက္ပို႔ေပးတာ။"
"ဟုတ္လား...ဘယ္က ဦးဦးလဲ!?"
"ဟိုမွာ ရပ္ေနတဲ့ဦးဦး..."
ပန္းျခံထဲမွာ သူတို႔ကို ေက်ာေပးၿပီး မတ္တပ္ရပ္ေနတဲ့ အမ်ိဳးသားတစ္ဦး႐ွိေနမွန္း လုံးဝမသိလိုက္ေပ။ သို႔ေပမဲ့ ထိုေက်ာျပင္ကို ၾကည့္ၿပီး သူ႕စိတ္က လႈပ္႐ွားလာျခင္းေၾကာင့္ ႏႈတ္မွ မထိန္းခ်ဳပ္ႏိုင္ဘဲ ေရ႐ြတ္မိေတာ့သည္။
"ရသ..."
ထိုလူက ေခၚသံကို ၾကားသြားၿပီး သူတို႔႐ွိရာဘက္သို႔ လွည့္ၾကည့္လာခဲ့သည္။
ေသခ်ာေပသည္။
အေတြးအာ႐ုံထဲမွာ အၿမဲတမ္း႐ွိေနခဲ့သူ...
ႏွလုံးသားတစ္ခုလုံးကို ပိုင္ဆိုင္ရ႐ွိထားသူ...
ထိုလူက သူ အခ်စ္ရဆုံးလူသားပင္။
"တကယ္ မင္း ျဖစ္ေနတာပဲ။"
ေပ်ာ္႐ႊင္စြာျဖင့္ စိုင္းရသဦးဆီသို႔ ေျပးသြားဖို႔ ဟန္ျပင္ေနခ်ိန္မွာ သူစိမ္းဆန္တဲ့ေမးခြန္းတစ္ခုက သူ႕ကို ဆီးႀကိဳေနခဲ့ျပန္သည္။
"အစ္ကိုက ကြၽန္ေတာ့္ကို ရသလို႔ ေခၚလိုက္တာလား!?"
ထိုေမးခြန္းနဲ႔အတူ သူ႕ေခါင္းထဲမွာ ေပၚလာတဲ့အရာက ေစာေစာက အဘြားရဲ႕စကားမ်ားကိုသာ ျဖစ္သည္။ သူ႕ရဲ႕ယူဆခ်က္သာ မွန္သြားပါက စိုင္းရသဦးရဲ႕မွတ္ဉာဏ္ထဲမွာ သူဆိုတဲ့ ျဖစ္တည္မႈက ေပ်ာက္ဆုံးေနမွာ ေသခ်ာေလၿပီ။
"မင္း ငါ့ကို မမွတ္မိဘူးလား!?"
စိုင္းရသဦးက ျပန္မေျဖခဲ့...
တစ္စုံတစ္ခုေၾကာင့္ စိတ္႐ႈပ္ေထြးေနပုံလည္း ရေပသည္။
သို႔ေပမဲ့ အရာအားလုံးကို ေမ့ေလ်ာ့သြားခဲ့သူပင္ ျဖစ္ပါေစဦးေတာ့...
သူ႕ရဲ႕ေ႐ွ႕မွာ ယခုလိုမ်ိဳး႐ွိေန႐ုံနဲ႔တင္ အရာရာကို ရင္ဆိုင္လိုက္ဖို႔ သတၱိမ်ား ေပၚေပါက္လာခဲ့သည္။
ထို႔ေၾကာင့္ စိုင္းရသဦးရဲ႕ေ႐ွ႕သို႔ သူ ေလွ်ာက္သြားၿပီး ေျပာလိုက္မိသည္။
"ငါ့ကို မမွတ္မိလည္း ကိစၥမ႐ွိပါဘူး။ မင္းကို အားလုံးျပန္ေျပာျပေပးပါ့မယ္။"
"မေျပာျပပါနဲ႔။ ကြၽန္ေတာ္ မသိခ်င္ဘူး။"
"ဘာလို႔လဲ!?"
"မသိဘူး။ ဒါေပမဲ့ ကြၽန္ေတာ္ ဘာကိုမွ ျပန္မသိခ်င္ဘူး။"
သူက ေ႐ွ႕ဆက္တိုးလာခ်င္ေပမဲ့ စိုင္းရသဦးက ေနာက္သို႔ ဆုတ္ခြာသြားခ်င္ပုံပင္။
"မင္း မသိခ်င္ရင္ ငါ မေျပာျပေတာ့ပါဘူး။"
"တစ္ခုပဲ။ အဲဒီတစ္ခုေတာ့ ေျပာျပေပးပါ။"
"ဘာကို ေျပာျပေပးရမွာလဲ!?"
"အစ္ကို႔အေၾကာင္းကိုပဲ ေျပာျပေပးပါ။"
ယခုလက္႐ွိမွာ အရာအားလုံးက ကြဲျပားသြားေပမဲ့ သူ႕ႏွလုံးသားကို လႈပ္ႏိႈးႏိုင္စြမ္းကေတာ့ ယခင္ကအတိုင္း မေျပာင္းမလဲဘဲ ဆက္႐ွိေနခဲ့ေလသည္။
"ငါ့နာမည္က..."
"သိဂၤါရမလား!?"
စိုင္းရသဦးရဲ႕ႏႈတ္ဖ်ားမွ သူ႕နာမည္ကို ထပ္မံေရ႐ြတ္ေပးဖို႔အတြက္ သူ ေန႔ရက္ေပါင္းမ်ားစြာ ေစာင့္ဆိုင္းခဲ့ရဖူးသည္။
ယခုေတာ့ ေနာက္တစ္ႀကိမ္ျပန္ၾကားခြင့္ရ႐ွိခဲ့ေလၿပီ။
"ဟုတ္တယ္။ ငါ့နာမည္က သိဂၤါရ။ ဒီနာမည္ကို မင္းက ဘယ္လိုလုပ္သိေနတာလဲ!?"
"ကြၽန္ေတာ္ သတိျပန္ရလာကတည္းက ဘာကိုမွ မမွတ္မိေတာ့ေပမဲ့ အဲဒီနာမည္ကိုပဲ နားထဲမွာ အၿမဲၾကားေနရတာ။ ၿပီးေတာ့ အစ္ကို႔ကိုလည္း အိပ္မက္ထဲမွာ ခဏခဏေတြ႕ေနရတယ္။"
ခဏတာအတြင္းမွာ သိဂၤါရက စိုင္းရသဦးရဲ႕စကားတစ္ခြန္းကို ျပန္လည္ၾကားေယာင္လာမိသည္။
"မင္းရဲ႕နာမည္ေလးကို အနက္႐ိႈင္းဆုံးေနရာတစ္ခုမွာ ကိုယ့္ႏွလုံးေသြးနဲ႔ ေရးထိုးထားၿပီးသား။"
ထိုစကားက လိမ္ညာျခင္းမဟုတ္ခဲ့တာမို႔ သူ႕ရင္ထဲမွာ တလွပ္လွပ္ တုန္ခါလာသလို ခံစားလိုက္ရသည္။
"မင္းက ငါ့ကို တကယ္မညာခဲ့ဘူးပဲ။"
ပီတိေၾကာင့္ ျဖစ္လာတဲ့ မ်က္ရည္မ်ားက သူ႕ပါးျပင္ေပၚသို႔ တလိမ့္လိမ့္ စီးက်ေနခဲ့သည္။ စိုင္းရသဦးက ထိုမ်က္ရည္မ်ားကို ျမင္ေတြ႕ရခ်ိန္မွာ စိုးရိမ္တႀကီး ေမးလာေတာ့သည္။
"အစ္ကို... ဘာျဖစ္လို႔..."
စကားမဆုံးေသးခင္မွာ သူ႕ရဲ႕ႏႈတ္ခမ္းမ်ားက စိုင္းရသဦးကို ပိတ္ဆို႔ေပးလိုက္ၿပီး ခဏၾကာမွ ျပန္လႊတ္ေပးခဲ့ေလသည္။
"ငါ မင္းကို ခ်စ္တယ္။"
"ကြၽန္ေတာ္လည္း အစ္ကို႔ကို ခ်စ္တယ္။"
"ခ်စ္တယ္ဆိုတဲ့ ခံစားခ်က္ကို ေသခ်ာသိလို႔လား!?"
"အဲဒါေတြကို ကြၽန္ေတာ္ မသိပါဘူး။ ဒါေပမဲ့ အစ္ကို႔ကို ေတြ႕ကတည္းက ကြၽန္ေတာ့္ရဲ႕စိတ္ထဲမွာ ခံစားခ်က္တစ္မ်ိဳးျဖစ္လာတယ္။ အဲဒီလိုမ်ိဳး ဘယ္သူ႕အေပၚမွာမွ မျဖစ္ဖူးဘူးေလ။ အစ္ကိုလည္း ကြၽန္ေတာ့္လိုပဲ ခံစားမိတယ္မလား!?"
"အင္း... အဲဒီခံစားခ်က္က အခ်စ္ပဲ။"
"ေဖေဖ..."
ဝီရေလးရဲ႕အသံေၾကာင့္ သိဂၤါရက သတိမမူဘဲ နမ္းလိုက္မိမွန္း သိ႐ွိသြားသည္။
"ေဖေဖက ဒီဦးဦးကို ဘာလို႔ နမ္းတာလဲ!?"
အ႐ွက္ကေတာ့ ျဗန္းျဗန္းကြဲသြားေလၿပီ။
"အစ္ကို႔မွာ အိမ္ေထာင္႐ွိတာလား!? အဲဒါဆို ကြၽန္ေတာ္ကေရာ!?"
ဝီရေလးဆီက နားမလည္ႏိုင္သလို အၾကည့္မ်ားအျပင္ စိုင္းရသဦးဆီက ဘာျဖစ္ေနမွန္း မသိ႐ွာတဲ့ အၾကည့္မ်ားက သူ႕ထံသို႔ စုျပဳံၿပီး က်ေရာက္လာခဲ့သည္။ ထို႔ေၾကာင့္ ျပႆနာမ႐ႈပ္ေသးခင္မွာ အျမန္႐ွင္းျပဖို႔ ႀကိဳးစားခဲ့ရသည္။
"ရသ... မင္းနဲ႔ငါက လက္ထပ္ၿပီးၿပီ။ ဒါေလးကို ၾကည့္..."
လည္ပင္းေပၚမွာ အၿမဲတမ္း႐ွိေနခဲ့တဲ့ ဆြဲႀကိဳးနဲ႔ လက္စြပ္ကို ထုတ္ျပကာ လက္ထပ္ထားပါေၾကာင္း သက္ေသထူလိုက္သည္။
"ဒါက ငါတို႔ရဲ႕လက္ထပ္လက္စြပ္။"
"ကြၽန္ေတာ့္မွာလည္း တစ္ကြင္း႐ွိတယ္။ ဒီမွာေလ..."
မ႐ွိႏိုင္ေလာက္ေတာ့ဘူးဆိုၿပီး ထင္မွတ္ထားမိေပမဲ့ ယခုလိုမ်ိဳး က်န္ရစ္ေနေသးမွန္း သိရခ်ိန္မွာ အေတာ္ေလးေပ်ာ္႐ႊင္မိေပသည္။
"ဟုတ္တယ္။ မင္း အခုလိုမ်ိဳး အားလုံးကို မေမ့ခင္ကတည္းက ငါတို႔ လက္ထပ္ခဲ့တာ။"
"ဒါဆို သူကေရာ!?"
"သူက ငါတို႔ရဲ႕သားပဲ။ နာမည္က ဝီရတဲ့။"
"သူက ကြၽန္ေတာ္တို႔ရဲ႕သားလား!?"
"ေသခ်ာၾကည့္ၾကည့္လိုက္။ မင္းနဲ႔ တူတယ္။ ေတြ႕လား!?"
"တူေတာ့ တူပါတယ္။"
တစ္ရန္က ႐ွင္းသြားၿပီမို႔ သူ႕ရဲ႕ျမားဦးက ဝီရေလးဆီသို႔ လွည့္သြားရျပန္သည္။
"သားေလး...သူက သားရဲ႕ေနာက္ထပ္ေဖေဖတစ္ေယာက္။ သူ႕နာမည္က ရသတဲ့။ ဒီေန႔ကစၿပီး ေဖေဖတို႔က အတူတူေနရေတာ့မွာ။"
"ေဖေဖက အမ်ားႀကီးပဲ။"
"သားေလးကို အမ်ားႀကီးပိုခ်စ္ေပးလို႔ ရတာေပါ့။ မေကာင္းဘူးလား!?"
"ေကာင္းတယ္...ေကာင္းတယ္။"
"ဒါဆို ဒီဦးဦးကို ေဖေဖလို႔ ေခၚလိုက္ပါဦး။"
ဝီရေလးက စိုင္းရသဦးကို ေမာ့ၾကည့္လာၿပီး ေခၚေပးခဲ့ေလသည္။
"ေဖေဖ..."
ခ်စ္ေမြးပါတဲ့ ကေလးမို႔ စိုင္းရသဦးကလည္း ႏွစ္ၿခိဳက္စြာျဖင့္ ေပြ႕ခ်ီလိုက္ေတာ့သည္။
"သားနာမည္က ဝီရလား!?"
"ဟုတ္ကဲ့။"
"လိမၼာလိုက္တာ..."
သားအဖႏွစ္ေယာက္ရဲ႕စကားေျပာဆိုေနပုံကို ၾကည့္ၿပီး သိဂၤါရက ပူပန္မႈကင္းစြာ ျပဳံးမိေပသည္။
"ေဖေဖ..."
"အစ္ကို..."
သူ အခ်စ္ရဆုံးေသာ လူသားႏွစ္ေယာက္...
ထိုသူတို႔နဲ႔ အတူ႐ွိရျခင္းက ၿပီးျပည့္စုံတဲ့ဘဝတစ္ခုကို ပုံေဖာ္ေပးေနသလိုပင္။
ပန္းရနံ႔ေလးမ်ားကို ျဖတ္သန္းတိုက္ခတ္လာတဲ့ ေလျပည္ညင္းက သူတို႔သုံးေယာက္ဆီသို႔ ေရာက္႐ွိလာခဲ့သည္။
ေအးျမလန္းဆန္းလိုက္ေလျခင္း...
ေလာကဓံတရားရဲ႕စမ္းသပ္ခ်က္ကို ၾကံ့ၾကံ့ခံရင္ဆိုင္ၿပီး ေအာင္ျမင္ခဲ့ၿပီမို႔ ခ်စ္ျခင္းေမတၱာမ်ားနဲ႔ ေ႐ွ႕ဆက္သြားမယ့္ ေ႐ွ႕ခရီးလမ္းေလးက ေပ်ာ္႐ႊင္ဖြယ္ရာအတိ ျဖစ္ခဲ့ေလၿပီ။
ႏွလုံးေသြးျဖင့္ ေရးထိုးအပ္ေသာ အခ်စ္မ်ားကလည္း အသက္႐ွိသေ႐ြ႕ ဆက္လက္တည္ၿမဲေနေပေတာ့မည္။
ၿပီးပါၿပီ။
*ဒီမွာ အဓိကသိေစခ်င္တာက လက္စားေခ်တာဟာ မေကာင္းဘူးဆိုတာပါပဲ။
ကံ၊ ကံ၏အက်ိဳးကို ေၾကာက္႐ြံ႕ဖို႔ လိုအပ္ပါတယ္။
အားလုံးပဲ က်န္းမာခ်မ္းသာၿပီး လိုအင္ဆႏၵမွန္သမွ် ျပည့္ဝႏိုင္ၾကပါေစ။
စိတ္႐ွည္လက္႐ွည္နဲ႔ ေစာင့္ဖတ္ေပးခဲ့ၾကလို႔လည္း တကယ္ေက်းဇူးတင္မိပါတယ္။
ေဈးဗန္း
ဒီတစ္ပုဒ္ၿပီးရင္ ထပ္ေရးဖို႔ စဥ္းစားထားတာက 'ၾကမၼာလွည့္စားရာ' နဲ႔ 'ညိႇဳ႕'ပါ။
Introေတြလည္း တင္ထားပါတယ္။
အဲဒီႏွစ္ပုဒ္ကို တစ္ၿပိဳင္နက္တည္းတင္မွာပါ။ Upလည္း ေသခ်ာေပါက္မွန္ပါလိမ့္မယ္။
ေလာေလာဆယ္ေတာ့ စိတ္ကို ခဏေလာက္ အနားေပးလိုက္ပါဦးမယ္🌹🌹🌹
#Śûè
***************