(Unicode Version)
တစ်ပြိုင်နက်တည်း ထွက်လာတဲ့ သေနတ်သံနှစ်ချက်ရဲ့အဆုံးမှာ မြေပြင်ပေါ်သို့ လူနှစ်ဦးက လဲကျသွားခဲ့လေသည်။
ထိုနှစ်ဦးထဲမှ တစ်ဦးက နှလုံးသားရှိရာဆီသို့ တည့်မတ်စွာ ကျည်ထိမှန်ထားပေမဲ့ အပြုံးမပျက်သွားဘဲ ကျန်တစ်ဦးကိုသာ မမှိတ်မသုန် ငေးကြည့်နေခဲ့ရှာသည်။
"ဖေဖေ~~~"
ထူးဆန်းလွန်းလှတဲ့ အကြည့်များ...
ရင်းနှီးကျွမ်းဝင်နေတဲ့ ခေါ်သံတစ်ခု...
ထိုအရာအားလုံးက သွေးအိုင်ထဲမှာ လဲနေသူဆီက ထွက်ပေါ်လာခြင်းပင်။
ကိုယ်တိုင်ကလည်း ဝမ်းဗိုက်မှာ ကျည်ထိမှန်ထားပေမဲ့ တဆစ်ဆစ်နဲ့ နာကျင်လာသည်က နှလုံးသားဆီမှသာ ဖြစ်နေခဲ့သည်။
"ဘာကြောင့်လဲ!? သေနတ်မောင်းကို ဘာလို့ လာနှိပ်ရတာလဲ!? တကယ်ဆို သူက အနိုင်ရထားပြီးသားပါ။ ဒါတောင်မှ ဘာဖြစ်လို့ သေခြင်းတရားကို ရွေးလိုက်တာလဲ!?"
အဖြေပေါ်မလာတဲ့ မေးခွန်းများက ခေါင်းထဲသို့ ဝင်လာချိန်မှာ စကားတစ်ခွန်းကို သူ ထပ်ကြားလိုက်ရပြန်သည်။
"သားလို့ နောက်ဆုံးတစ်ခေါက်လောက် ခေါ်ပေးနိုင်မလား!?"
အားတင်းပြီး ပြောလိုက်ရတဲ့စကားမှန်း တုန်ရီနေတဲ့အသံက သက်သေပြပေးခဲ့ပေသည်။
"မင်းက အရူးလေးပဲ။"
ဤသည်မှာလည်း သူ့ရဲ့အတွေးမျှသာ...
မသိစိတ်ရဲ့နှိုးဆော်မှုကြောင့် ထိုကောင်လေးရဲ့မျက်နှာကို စေ့စေ့ကြည့်ကာ ရေရွတ်လိုက်မိသည်။
"သား~~~"
အပြုံးလေးတစ်ခု...
သူ တစ်ခါမှ မမြင်ဖူးသေးတဲ့ အပွင့်လင်းဆုံးအပြုံးတစ်ခုက ထိုကောင်လေးရဲ့မျက်နှာမှာ ပွင့်လန်းလာတော့သည်။
ဘာကြောင့်မှန်းမသိပေမဲ့ သူကိုယ်တိုင်လည်း အတုခိုးကာ လိုက်ပြုံးမိပုံပင်...
"ကျေးဇူးတင်ပါတယ်... ဖေဖေ။"
ဖခင်ဖြစ်သူရဲ့မျက်နှာကို အချိန်ကြာတဲ့အထိ သေချာငေးကြည့်ခွင့်ရခြင်းက စိုင်းဝီရမောင်အတွက် ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဟု ဆိုနိုင်ခဲ့သည်။ အထူးဆုအဖြစ် ဟန်ဆောင်ခြင်းကင်းတဲ့ ခေါ်သံလေးကိုလည်း ကြားခွင့်ရပြီးပြီမို့ ဆန္ဒအားလုံးပြည့်မြောက်သွားခဲ့လေပြီ။
"ဖေဖေနဲ့မေမေ...သားတစ်ယောက်ရဲ့တာဝန်ကို မကျေပွန်ခဲ့တဲ့ သားမိုက်ကို ခွင့်လွှတ်ပေးကြပါ။ သားကို ချစ်ပေးခဲ့၊ ဂရုစိုက်ပေးခဲ့တာတွေကိုလည်း တကယ်ကျေးဇူးတင်ပါတယ်။ မငိုကြပါနဲ့...ဖေဖေတို့ ပျော်နေတာကိုပဲ သားက မြင်ချင်ခဲ့တာပါ။"
မွေးစားမိဘများကိုလည်း စိတ်ထဲမှ ရည်မှန်းပြီး သူ ဦးချကာ ကန်တော့လိုက်မိသည်။
"အချိန်နီးလာပြီပဲ။"
သူ့စိတ်ထဲမှ ရေရွတ်လိုက်ပြီးနောက် လေးလံစပြုလာတဲ့ မျက်ခွံများကို အနားယူခိုင်းထားရင်းနဲ့ တန်ဖိုးအထားရဆုံးလူသားနှစ်ဦးဆီသို့သာ အာရုံကို ပို့လွှတ်ထားခဲ့ရသည်။
"ရသ... အစ်ကို... ကျွန်တော့်ကို နွေးထွေးစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောင်ဘဝမှာ လူဖြစ်ခွင့်သာ ရခဲ့မယ်ဆိုရင် အစ်ကိုတို့နဲ့ ထပ်ပြီးဆုံတွေ့ချင်ပါသေးတယ်..."
ရှင်သန်ရခြင်းက ပင်ပန်းလွန်းလှသည်။
ဝန်ထုပ်ဝန်ပိုးမှန်သမျှကို လွှတ်ချထားနိုင်ခဲ့ပြီမို့ စိတ်ပေါ့ပါးစွာ အမောဖြေရပေတော့မည်။
သူ အနားယူဖို့ အချိန်ကျလေပြီ...
ဆေးရုံခန်းတစ်ခုတွင်-
"သိင်္ဂါရ... သိင်္ဂါရ..."
ဝေဝါးစွာ ကြားနေရတဲ့ ခေါ်သံကြောင့် သတိပြန်ဝင်လာချိန်မှာ ဆေးရုံခန်းရဲ့အနံ့က သူ့ကို ပထမဆုံးဆီးကြိုနေခဲ့သည်။ အချိန်ကတော့ နံနက်ခင်းပိုင်း ဖြစ်နိုင်ပေသည်။
"မင်း သတိရပြီလား!?"
မင်းခန့်ရဲ့မေးခွန်းများကို သူ မဖြေနိုင်ခဲ့ပေ။
ဖြေချင်စိတ်မရှိဟုဆိုပါက ပိုမှန်လိမ့်မည်။
ဝိုးတဝါးဖြစ်နေခဲ့တဲ့ အမြင်အာရုံများက ပြန်ပြီးကြည်လင်လာပေမဲ့ အမြင်တွေ့ချင်ဆုံးသူကတော့ သူ့အနားမှာ ရှိမနေနိုင်တော့မှန်း သိထားခဲ့လေသည်။
"အဆင်ပြေရဲ့လား!?"
ဝတ်ကျေတမ်းကျေ ခေါင်းညိတ်ပြလိုက်ရုံကလွဲပြီး အခြားတုံ့ပြန်မှုကို သူ မပြုနိုင်ဘဲ ငြိမ်သက်နေမိသည်။
"အခုချိန်မှာ မင်း ဝမ်းနည်းနေမယ်မှန်း ငါ သိပေမဲ့ စိတ်ကို မလျှော့ချလိုက်ပါနဲ့။"
သိင်္ဂါရက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ဖို့အထိ ကြံရွယ်ခဲ့ကြောင်းကို အမှုအခင်းဖြစ်ရာသို့ သွားရောက်ကူညီခဲ့ကြတဲ့ တပည့်များဆီမှ မင်းခန့်က ကြားသိခဲ့ရသည်။ ထို့အပြင် ဆရာဝန်ကြီးရဲ့စစ်ဆေးချက်အရ ခံစားချက်ပြင်းထန်ကာ မေ့မျောခဲ့ခြင်းကို မပေါ့ဆသင့်ကြောင်း မှာကြားသွားခဲ့ပြန်သည်။
သိင်္ဂါရရဲ့နေရာမှာ သူ ဖြစ်ခဲ့ပါက ယခုအချိန်ထိ ဆက်လက်ရှင်သန်ဖို့က မလွယ်ကူနိုင်မှန်းလည်း သိထားပေသည်။ သို့ပေမဲ့ အခင်မင်ရဆုံးသူငယ်ချင်းကို သူ အဆုံးရှုံးမခံချင်ခဲ့ပေ။
"ချောက်ရဲ့အောက်ဘက်ကို ရှာပြီးပြီလား!?"
သတိပြန်ရပြီးနောက် သိင်္ဂါရဆီကနေ ပထမဆုံးစကားသံ ထွက်ပေါ်လာခြင်း ဖြစ်သည်။
"အဲဒီနေရာက ရှာရတာခက်လို့။ ဒါပေမဲ့ မင်း စိတ်ချပါ။ ငါတို့ သေချာရှာပေးနေပါတယ်။"
"ဒီကိစ္စရဲ့တရားခံက ကေသရီဆိုတဲ့ မိန်းမပဲ။ သူ့ကိုသာ မိအောင် ဖမ်းပေးပါ။"
"ကေသရီဆိုတဲ့တစ်ယောက်က သူကိုယ်တိုင် စခန်းကို ရောက်လာပြီး ဝန်ခံသွားတယ်။"
ထိုစကားကိုတော့ သိင်္ဂါရက မမျှော်လင့်ထားတာမို့ အံ့အားသင့်သွားပုံပင်။
"ငါ သူနဲ့ တွေ့ချင်တယ်။"
"နောက်တော့ တွေ့ရအောင်လို့..."
"အခုချက်ချင်း တွေ့ချင်တယ်။"
သိင်္ဂါရရဲ့ပုံစံက ဒေါသကို ထိန်းချုပ်ပြီး ပြောနေရမှန်း သိသာလွန်းလှသည်။
"အေးပါ။ ငါ စီစဉ်ပေးပါ့မယ်။"
မင်းခန့်ကလည်း သိင်္ဂါရရဲ့ဆန္ဒအတိုင်း စခန်းသို့ ခေါ်ဆောင်သွားပြီး ကေသရီနဲ့ တွေ့ပေးခဲ့ရသည်။
"ကေသရီ... ဧည့်တွေ့လာတယ်။"
အချုပ်ခန်းထောင့်မှာ ထိုင်နေတဲ့ ကေသရီက ခေါ်သံကြောင့် အသက်မဲ့စွာဖြင့် အပေါက်ဝနားဆီသို့ ခေါင်းငိုက်စိုက်ချပြီး လျှောက်လာခဲ့သည်။
"သူ့ကို ခဏလောက်ထုတ်ပေးလို့ရမလား!?"
ကေသရီက အသံရှင်ကို မော့ကြည့်လိုက်ချိန်မှာ သိင်္ဂါရကို မြင်တွေ့သွားပေမဲ့ ခေါင်းပြန်ငုံ့ကာ ငြိမ်သက်နေခဲ့လေသည်။ သူတို့နှစ်ဦးကို အေးအေးဆေးဆေး စကားပြောခွင့်ရအောင် စီစဉ်ပြီးမှ မင်းခန့်က ရှောင်ထွက်ပေးလိုက်ရတော့သည်။
"မင်း ပျော်နေမယ်လို့ ငါက ထင်ထားတာ။"
သိင်္ဂါရရဲ့စကားက ကေသရီ့ရဲ့စိတ်ကို စတင်ထိုးနှက်လိုက်သည်။
"စခန်းကို ကိုယ်တိုင်လာပြီး ဝန်ခံခဲ့တယ်တဲ့။ ဘာလို့လဲ...အခုမှ မှားမှန်းသိသွားလို့လား!?"
တုံ့ပြန်ခြင်းမရှိတဲ့ ကေသရီက သိင်္ဂါရရဲ့စိတ်ကို ပိုပြီးဆွပေးလိုက်သလိုပင်။
"မင်း သတ်ပစ်ချင်လောက်အောင် မုန်းတဲ့သူက အခု မင်းရဲ့ရှေ့မှာ အကောင်းပကတိရှိနေတာကို မော့ကြည့်လိုက်စမ်းပါဦး။"
ကေသရီ့ရဲ့မေးစေ့ကို သိင်္ဂါရက ကြမ်းတမ်းစွာ ဆွဲယူပြီး မော့ကြည့်ခိုင်းလိုက်သည်။
"သူကတော့..."
ထိုစကားကို မပြောနိုင်ခင်မှာ တိမ်ဝင်သွားတဲ့အသံအချို့ကြောင့် သိင်္ဂါရက သူ့စိတ်ကို ပြန်ပြီးထိန်းချုပ်ခဲ့ရသည်။
"သူ့မျက်နှာပေါ်မှာ စီးကျခဲ့ရတဲ့ သွေးတွေကို မင်း မြင်ယောင်ကြည့်လိုက်စမ်းပါ။ ဘယ်လိုလဲ..လက်စားချေရတာက ပျော်စရာကောင်းတယ်မလား!?"
မျက်လုံးထဲမှာ ထင်ဟပ်လာတဲ့ မြင်ကွင်းများက ကေသရီ့ရဲ့နှလုံးသားပေါ်မှာ ဓားနဲ့ မွှန်းချလိုက်သလိုမျိုး နာကျင်စေတော့သည်။
"တော်ပါတော့... ဆက်ပြီးမပြောပါနဲ့။ ကျွန်မ တောင်းပန်ပါတယ်။ ဆက်မပြောပါနဲ့တော့။"
ကြမ်းပြင်ပေါ်မှာ အရုပ်ကြိုးပြတ် ထိုင်ချကာ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ ကေသရီကို သိင်္ဂါရက ဥပေက္ခာပြုပြီး ထွက်ခွာလာခဲ့သည်။ ထိုအမျိုးသမီးကိုလည်း မျက်စိရှေ့မှာ ဘယ်သောအခါမှ ပေါ်မလာစေချင်တဲ့အထိကို သူ မုန်းတီးသွားခဲ့လေပြီ။
"သိင်္ဂါရ... သူနဲ့ စကားပြောပြီးပြီလား!?"
မင်းခန့်ကို ခေါင်းညိတ်ပြလိုက်ပြီး သူ သိချင်တဲ့ကိစ္စတစ်ခုကို မေးကြည့်ခဲ့ရသည်။
"Theoရဲ့ကိစ္စကို ရသရော သိပြီးပြီလား!?"
ဂိုဒေါင်မှာ ဖြစ်ပျက်ခဲ့သမျှကို သိင်္ဂါရက မသိသေးတာမို့ မင်းခန့်အတွက် ပြောပြဖို့ ခက်နေပေသည်။
"သူက...နောက်မှ... ငါ ပြောပြပါ့မယ်။"
မူပျက်နေတဲ့ မင်းခန့်က သိင်္ဂါရရဲ့အရိပ်အကဲသိမှုကို အနိုင်မရခဲ့ပေ။
"သူက ဘာဖြစ်လို့လဲ!?"
သိင်္ဂါရရဲ့ခေါင်းမာမှုကို သိထားတဲ့ မင်းခန့်က ယခုကိစ္စကိုလည်း ဆက်လက်ဖုံးထားလို့ မရနိုင်ဘဲ ဖွင့်ပြောပြရတော့သည်။
"သူ... သူ ဆုံးသွားပြီ။"
သေခြင်းတရားနဲ့ခွဲခွာခြင်းက သိင်္ဂါရအတွက် သူစိမ်းဆန်မနေသလိုပင်။ အနားက ထွက်ခွာသွားသူများကို တားဆီးနိုင်မယ့် စွမ်းအင်မျိုးလည်း သူ့ဆီမှာ ရှိမနေခဲ့တာမို့ ခွဲခွာခြင်းများနဲ့ နေသားကျစေဖို့သာ ကြိုးစားရပေဦးမည်။
"သူ့ကို ငါ သွားတွေ့ချင်တယ်။"
"ဖြစ်ပါ့မလား!? ဆရာဝန်က မင်းကို မှာထားတယ်..."
"ဒီလိုကိစ္စမျိုးက ငါ့အတွက် မထူးဆန်းတော့ပါဘူး။ ငါ့ဘေးမှာ ရှိခဲ့ဖူးတဲ့သူတွေက နှုတ်မဆက်ဘဲ ထွက်သွားရတာမျိုးကို သဘောကျတယ် ထင်ပါရဲ့..."
ထိုစကားက ကြားလိုက်ရတဲ့ မင်းခန့်အတွက်ပင် ရင်ထဲမှာ ဆို့နင့်လာစေခဲ့ပေသည်။ သိင်္ဂါရလိုမျိုး ကိုယ်တိုင်ခံစားခဲ့ရသူအတွက်တော့ မတွေးကြည့်ဝံ့စရာ အနေအထားမျိုး ဖြစ်မှာ သေချာနေခဲ့သည်။
ခဏအကြာမှာ မင်းခန့်က ရေခဲတိုက်ရှိရာသို့ သိင်္ဂါရကို လိုက်ပို့ပေးပြီး နံဘေးကနေ စောင့်ကြည့်ပေးဖို့ ကြိုးစားမိသည်။
သိင်္ဂါရကလည်း အသက်မဲ့စွာ လဲလျောင်းနေတဲ့ စိုင်းဝီရမောင်ကို ခဏတာမျှငေးကြည့်ပြီး မေးလာခဲ့လေသည်။
"သူ့ကို ဘယ်သူသတ်တာလဲ!?"
"သတ်တာထက် သတ်ဖို့ ကြံစည်ခဲ့တာက ဦးစိုင်းမောင်ပဲ။ ဒါပေမဲ့ သေနတ်မောင်းကို ရသကိုယ်တိုင်က ဖိချလိုက်တာ။ ပြီးတော့ ဦးစိုင်းမောင်ကိုလည်း ဖေဖေလို့ ခေါ်သွားတယ်။ သူ့ကိုလည်း သားလို့ ပြန်ခေါ်ပေးပါတဲ့။ သူ ဘာလို့ ဒီလိုမျိုးလုပ်ခိုင်းမှန်း ငါတို့ စဉ်းစားကြည့်လို့ကို မရတော့ဘူး။"
အကြောင်းစုံသိရှိထားတဲ့ သိင်္ဂါရကတော့ ထိုအဖြေကို အလိုလိုနားလည်သွားပေသည်။
"ငါ သူနဲ့ စကားပြောချင်တယ်။"
အနုနည်းနဲ့ နှင်ထုတ်နေတဲ့ သိင်္ဂါရကို မင်းခန့်က စိတ်မချသလို လှမ်းကြည့်ပြီး အခန်းထဲမှ ထွက်ခွာပေးလိုက်ရသည်။
အေးစက်စက်အခန်းထဲမှာ နှစ်ယောက်တည်းကျန်နေခဲ့မှန်း သေချာသွားတော့မှ သိင်္ဂါရက စိုင်းဝီရမောင်ကို စကားစပြောခဲ့သည်။
"ဘယ်အချိန်ကတည်းက သိနေခဲ့တာလဲ!?"
ပြန်ဖြေကြားခြင်းမရှိတဲ့ တစ်ဖက်လူကို သိင်္ဂါရက ဆက်လက်ပြောနေမိသည်။
"ရသကို ဟန်ဆောင်ကောင်းတယ်လို့ အစ်ကိုက ထင်ခဲ့တာ။ တကယ်တော့ မင်းက အစ်ကိုတို့အားလုံးကိုတောင် လှည့်စားနိုင်ခဲ့တာပဲ။"
စကားပြောရင်းနဲ့ ကွေးညွှတ်နေခဲ့တဲ့ စိုင်းဝီရမောင်ရဲ့နှုတ်ခမ်းဆီသို့ အကြည့်က ရောက်ရှိသွားပြန်သည်။
"မင်းရဲ့ဆန္ဒတွေကရော ပြည့်ဝသွားပြီလား!? နောက်ဆုံးထွက်သက်လေးမှာလည်း အပြုံးနဲ့ အဆုံးသတ်ပေးနိုင်ခဲ့လို့ အစ်ကို မင်းအတွက် ဂုဏ်ယူပါတယ်... ဝီရရယ်။"
စိုင်းဝီရမောင်ရဲ့ဆံပင်လေးများကို သိင်္ဂါရက ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
"နောင်ဖြစ်လေရာဘဝတိုင်းမှာ အေးချမ်းပြီး မေတ္တာတရားဝေမျှပေးတတ်တဲ့ မိသားစုမျိုးကို ရောက်ရှိပါစေလို့ အစ်ကို ဆုတောင်းပေးပါတယ်။ ပူပန်သောကတွေကို ဒီဘဝမှာ ချန်ထားခဲ့ပြီး ငြိမ်းချမ်းစွာ အနားယူပါတော့..."
စိုင်းဝီရမောင်အတွက် ဆုမွန်ကောင်းတောင်းပေးရင်းနဲ့ နှုတ်ဆက်တဲ့ မျက်ရည်များက သူ့ပါးပြင်ပေါ်မှာ စီးကျလာမိသည်။
စိတ်ထားကောင်းပြီး အချစ်ခံထိုက်သူတစ်ဦးကတော့ မာယာပေါများတဲ့ လောကကြီးထဲမှ တိတ်တဆိတ်ထွက်ခွာသွားခဲ့လေပြီ...
"ဦးစိုင်းမောင်က ဘယ်မှာလဲ!?"
တည်ငြိမ်စွာ မေးလာတဲ့ သိင်္ဂါရကို ကြည့်ပြီး မင်းခန့်က စိတ်အေးသွားကာ သက်ပြင်းချမိတော့သည်။
"သူ့က ဗိုက်မှာ ကျည်ထိထားလို့ ဒီဆေးရုံမှာ တင်ထားရတယ်။"
"သူ့အခြေအနေကရော!?"
"ကျည်ဆံထိတဲ့ဒဏ်ရာက သိပ်မများပါဘူး။ ဒါပေမဲ့ နှလုံးရောဂါအခံရှိလို့ စောင့်ကြည့်နေရတာ။ မင်း သွားကြည့်ချင်လား!?"
သိင်္ဂါရက ခပ်ယဲ့ယဲ့ပြုံးပြီးနောက် ခေါင်းခါပြလိုက်သည်။
"ဘာဖြစ်လို့လဲ!?"
"ငါ သွားတွေ့ရင် သူ သေလိမ့်မယ်။"
"ဟမ်!!!"
ထိုအဖြေကို မင်းခန့်ကတော့ နားမလည်နိုင်ခဲ့ပေ။ သိင်္ဂါရ ပြောပြမယ့် အမှန်တရားများက ဦးစိုင်းမောင်အတွက် သေမိန့်ချပေးသလိုမျိုး ခံစားရစေမှာမို့ မတွေ့မိအောင် ဆုံးဖြတ်ချက်ချထားခဲ့ခြင်း ဖြစ်သည်။
ရေခဲတိုက်မှ ပြန်လာပြီးနောက် ခြေလှမ်းများကို နေရာတစ်ခုဆီသို့ ဦးတည်လိုက်မိသည်။
"ဆရာလေး... ဒီနေ့တော့ တစ်ယောက်တည်း ရောက်လာပါလား!?"
"ဟယ်... ဆရာလေး... အိမ်ထဲ ဝင်ခဲ့လေ။"
ဦးဝင်းနဲ့ ဒေါ်အေးတို့ကို သူ သေချာမကြည့်ဝံ့သလို ခံစားနေရပေမဲ့ ထိမ်ချန်ထားလို့ မဖြစ်တဲ့ကိစ္စမို့ စိတ်ကို တင်းထားခဲ့ရသည်။
"မျက်နှာလည်း သိပ်မကောင်းပါလား!? ဘာဖြစ်လို့လဲဟင်!?"
စိုးရိမ်နေရှာတဲ့ ဒေါ်အေးရဲ့မျက်နှာကို သိင်္ဂါရက ကရုဏာသက်စွာငေးကြည့်ပြီး လက်ဖမိုးကို ဆုပ်ကိုင်ပေးလိုက်သည်။
"ကျွန်တော် အခု ပြောမယ့်ကိစ္စအတွက် စိတ်ကို ပြင်ဆင်ပေးထားကြပါ။ တရားသဘောနဲ့ပဲ တွေးပေးကြပါလို့ အရင်မှာချင်ပါတယ်။"
သိင်္ဂါရရဲ့စကားဦးအရ သတင်းကောင်းတော့ မဟုတ်နိုင်မှန်း ဦးဝင်းတို့က ရိပ်မိခဲ့ကြသည်။
"ပြောသာ ပြောပါ...ဆရာလေး။ ကျုပ်တို့က အဆင်ပြေပါတယ်။"
"ဝီရက မနေ့ညကပဲ ဆုံးသွားပါပြီ။"
"သား..သားလေး ဆုံးသွားပြီ...ဟုတ်လား!?"
"မနေ့က ဦးစိုင်းမောင်နဲ့ ပြဿနာဖြစ်ပြီး ဆုံးသွားခဲ့တာတဲ့။ ကျွန်တော်လည်း စောစောကမှ သိလိုက်ရတာ။"
သူ့ရဲ့စကားအဆုံးမှာ ဒေါ်အေးက အသံတိတ်ငိုကြွေးနေခဲ့လေပြီ။ ဦးဝင်းကတော့ ဒေါ်အေးကို ဖျောင်းဖျပေးရင်းနဲ့ မျက်ရည်မကျမိစေဖို့ ကြိုးစားထိန်းနေရပုံပင်။
"ရသရော... ဒီကိစ္စကို သိပြီးပြီလား!?"
ထိုမေးခွန်းကြောင့် သိင်္ဂါရခမျာ ခဏမျှဆွံ့အသွားရရှာသည်။
"ဆရာလေး... ဘာဖြစ်လို့လဲ!?"
တုန်ရီစပြုလာတဲ့အသံကို ကြိုးစားကာ ထိန်းပြီး အဖြေတစ်ခုကို သူ ထုတ်ပေးခဲ့မိသည်။
"ကြေးစားအုပ်စုတစ်စုက ကျွန်တော့်ကို ဖမ်းသွားလို့ သူက လိုက်ကယ်ပေးရင်းနဲ့ ချောက်ထဲ ပြုတ်ကျသွားတာ။ အခုချိန်ထိ ရှာမတွေ့သေးဘူး။"
ယခုတစ်ကြိမ်မှာ ကရုဏာသက်တဲ့ အကြည့်များဖြင့် အကြည့်ခံရသူက သိင်္ဂါရ ဖြစ်သွားခဲ့သည်။
"သူတို့နှစ်ယောက်ရဲ့ကံကလည်း ဆိုးလွန်းပါတယ်ကွယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားရမယ့်အရွယ်ကတည်းက အခုချိန်ထိကို အန္တရာယ်တွေ ဝိုင်းနေခဲ့ရှာတာ။"
သူတို့ရဲ့အကြောင်းကို တွေးတောကြည့်တိုင်းမှာ ရင်မောစရာအတိတ်များက ဆီးကြိုနေခဲ့ပေသည်။ အတ္တကြီးသူများကြောင့် ဓားစာခံဖြစ်ခဲ့ရတဲ့ ကလေးနှစ်ယောက်က ယခုအချိန်ထိ လောကဓံကို အံတုကာ ရှင်သန်နိုင်ခဲ့ခြင်းကလည်း ချီးကျူးစရာကောင်းလှသည်။
ထိုနေ့က စိုင်းဝီရမောင်ရဲ့ဈာပနပွဲအတွက် ဦးဝင်းတို့ကို လိုက်ကူညီပေးပြီး ညမိုးချုပ်မှ သိင်္ဂါရက အိမ်သို့ ပြန်လာဖြစ်ခဲ့သည်။
"ကျွီ!!!"
အိမ်တံခါးကို ဖွင့်လိုက်ချိန်မှာ အမှောင်ထုက သူ့ကို အေးတိအေးစက်ကြိုဆိုနေလေသည်။မီးဖွင့်လိုက်ပေမဲ့ မြင်နေရသမျှအရာအားလုံးက သူ့အတွက် သူစိမ်းဆန်နေသလိုပင်။
သူတို့ကိုယ်တိုင် နေရာချထားတဲ့ ပစ္စည်းများကလည်း မူလအတိုင်း မပျက်မယွင်းဘဲရှိနေပေသေးသည်။ သို့ပေမဲ့ တစ်စုံတစ်ခုက လစ်ဟာနေပြီး သူ့စိတ်ကို ခံစားရခက်စေခဲ့သည်။
"ဒီနေ့ညစာကို ကိုယ် ချက်ကျွေးရမလား!?"
မီးဖိုခန်းဘက်မှ ကြားလိုက်ရတဲ့အသံကြောင့် ပြုံးရွှင်စွာဖြင့် သူ လှည့်ကြည့်လိုက်မိသည်။
အသံရှင်ကတော့ ရှိမနေခဲ့...
သူ့မျက်နှာပြင်ပေါ်မှ အပြုံးများက ပြန်လည်မှေးမှိန်သွားပြီး ရေချိုးခန်းဆီသို့ ဦးတည်ခဲ့ရသည်။ နွမ်းနယ်ထားသမျှကို လန်းဆန်းစေဖို့အတွက် ရေပန်းအောက်မှာ ရပ်တန့်လိုက်ပြီး ခေါင်းပေါ်မှ စီးကျလာတဲ့ ရေစက်များကို သူ ခံယူမိတော့သည်။
ရင်ဘတ်ထဲမှ ပူလောင်မှုကတော့ အေးမြလာခြင်းမရှိခဲ့...
မှန်ထဲမှာ ထင်ဟပ်နေတဲ့ပုံရိပ်ကို လှမ်းကြည့်မိချိန်မှာ လည်တိုင်ပေါ်ရှိ အမှတ်အသားတစ်ခုက သူ့ကို လှောင်ပြောင်နေခဲ့ပြန်သည်။
"ဒီလိုမျိုးအမှတ်အသားကို နေ့တိုင်းလုပ်ပေးရမယ်။"
ကြားယောင်လာတဲ့အသံလေးက သူ့ရဲ့အနားမှာ တိုးကပ်ပြီး ပြောသွားသကဲ့သို့ ပြတ်သားလွန်းလှသည်။
ဝင်သက်ထွက်သက်တိုင်းကို လွှမ်းမိုးထားသူကတော့ လက်တွေ့မှာ ရှိမနေခဲ့...
မသိစိတ်ရဲ့နှိပ်စက်မှုဒဏ်ကို သည်းခံနိုင်စွမ်းမရှိတဲ့အဆုံးမှာ မင်းခန့်ဆီသို့ ဖုန်းလှမ်းဆက်ပြီး အကူအညီတောင်းလိုက်ရသည်။
"ငါတို့အမှုဖြစ်ခဲ့တဲ့နေရာက ဘယ်မှာလဲ!?"
"ဘာဖြစ်လို့လဲ!?"
"ပြောမှာသာ ပြောစမ်းပါ။ ငါ သူ့ကို သွားရှာကြည့်ချင်တယ်။"
မိုးချုပ်နေပြီမို့ မင်းခန့်က သိင်္ဂါရကို သွားခွင့်မပြုဘဲ တားမြစ်ခဲ့လေသည်။
"သူငယ်ချင်း... သိင်္ဂါရ... စိတ်ကို ငြိမ်အောင်လို့ ထားပါဦးကွာ။ မနက်ဖြန်ကျမှ မင်းကို ငါကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်။"
"သူ့ကို မြန်မြန်ရှာတွေ့မှဖြစ်မယ်။ ငါ့အာရုံထဲမှာ သူ ရောက်လာတိုင်း ရူးသွားတော့မလိုပဲ။ မင်းခန့်... ငါ ဘာဆက်လုပ်ရမလဲ!? ငါ...ဘာလုပ်ရမလဲ!? ပြောပြစမ်းပါ!!!"
သိင်္ဂါရရဲ့စိတ်အခြေအနေက အတော်ဆိုးရွားနေမှန်း မင်းခန့်က သိရှိသွားပြီး ထိုအိမ်ကနေ ဆေးရုံသို့ ညတွင်းချင်း ပြောင်းရွှေ့ခိုင်းလိုက်မိသည်။
"လူနာက အရမ်းအားနည်းနေတယ်။ စိတ်ကလည်း ဝမ်းနည်းစရာတွေနဲ့ ဆက်တိုက်ကြုံခဲ့ရတော့ မထိန်းနိုင်ဘဲ ဖြစ်နေတာပါ။"
"ဘယ်လိုကုပေးရင် ကောင်းမလဲ... ဆရာ!?"
"သူ့စိတ်ထဲက ဝမ်းနည်းစရာတွေကို ဖွင့်ပြောလာအောင် ကူညီပေးရမယ်။ ပြီးတော့ သူက အမှန်တရားကို လက်မခံဘဲ ရှောင်ပြေးချင်ပုံပဲ။ အဲဒါက သူ့အတွက် မကောင်းဘူး။"
"သူ ပြန်အဆင်ပြေနိုင်ပါ့မလား!?"
"ခဏပဲ ကြာမယ်ထင်ပါတယ်။ သူကိုယ်တိုင်လည်း စိတ်ပညာကို ကျွမ်းကျင်တော့ သိပ်မကြာလောက်ပါဘူး။ ဒီလိုပြောလို့ မပေါ့ဆပါနဲ့။ သူ့ကို သေချာစောင့်ကြည့်ပေးကြပါ။"
ဆရာဝန်ကြီးက မှာကြားခဲ့ပြီး ထွက်သွားချိန်မှာ မင်းခန့်ကလည်း စိတ်မောကာ ကျန်ရစ်ခဲ့ရသည်။ စိတ်ဓာတ်ခိုင်မာတဲ့ သိင်္ဂါရအတွက် ယခုတစ်ကြိမ်ရဲ့ဆုံးရှုံးမှုက အတော်ပြင်းထန်သွားမှန်း သိသာလှသည်။ ထိုစိတ်ဒဏ်ရာကနေ ပြန်ကောင်းမွန်လာစေဖို့ သိင်္ဂါရက ကိုယ့်ကိုယ်ကိုယ်သာ အားကိုးထားရပေလိမ့်မည်။
နောက်တစ်နေ့မှာ သိင်္ဂါရဆီသို့ ရှေ့နေတစ်ဦးက ရောက်ရှိလာပြီး Secretကုမ္ပဏီနဲ့ အခြားသောပိုင်ဆိုင်မှုများကို သူ့အမည်ဖြင့် လွှဲအပ်ခဲ့ကြောင်း ပြောပြခဲ့လေသည်။
"ဒီသေတမ်းစာအရ စိုင်းရသဦးက ပိုင်ဆိုင်မှုအားလုံးကို ကိုသိင်္ဂါရရဲ့အမည်နဲ့ လွှဲပေးရမှာပါ။"
"သူက ဘယ်အချိန်ကတည်းက သေတမ်းစာကို ကြိုပြင်ထားတာလဲ!?"
"လွန်ခဲ့တဲ့နှစ်လကျော်လောက်ကပါ။"
ကိစ္စတိုင်းမှာ ကြိုတင်စီစဥ်လေ့ရှိတဲ့ စိုင်းရသဦးကြောင့် သိင်္ဂါရက ထူးထွေပြီး အံ့အားသင့်ရခြင်းတော့ မရှိခဲ့ပေ။ ထို့နောက် စားပွဲခုံပေါ်မှ စာချုပ်ကို လှမ်းယူပြီး လက်မှတ်ထိုးပေးဖို့ ပြင်လိုက်ပေမဲ့ စကားတစ်ခွန်းက သူ့အာရုံထဲသို့ မဖိတ်ခေါ်ထားပါဘဲ ဝင်လာခဲ့ပြန်သည်။
"စာချုပ်မှာ လက်မှတ်ထိုးတော့မယ်ဆိုရင် အထဲက အကြောင်းအရာတွေကို သေချာဖတ်ကြည့်ရတယ်။"
မှာကြားခဲ့ဖူးတဲ့ စကားအတိုင်း စာချုပ်ထဲမှာ ပါတဲ့ အချက်အလက်များကို စစ်ဆေးကြည့်ပြီးမှ သူက လက်မှတ်ထိုးပေးလိုက်သည်။
ထိုရှေ့နေ ပြန်ထွက်သွားချိန်မှာ မင်းခန့်က မနေနိုင်တော့ဘဲ သူ့ကို ထုတ်မေးလာခဲ့သည်။
"ငါ နားမလည်နိုင်လို့ မေးပါရစေဦး။ ရသက သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ဘာလို့ မင်းဆီ လွှဲပေးခဲ့ရတာလဲ!?"
မင်းခန့်က သူ့အတွက် ယုံကြည်စိတ်ချရသူမို့ အမှန်အတိုင်း ဖွင့်ပြောပြလိုက်မိသည်။
"တကယ်တော့ Theoကမှ စိုင်းရသဦးအစစ်ပါ။ မင်း သိထားတဲ့ ရသက ဟန်ဆောင်ထားရတာ။ သူ့နာမည်အရင်းက စိုင်းဝီရမောင်။"
"ဘယ်လိုတွေ ဖြစ်ကုန်တာလဲ!?"
"သေချာပြောပြရရင် ဝီရနဲ့ ရသက အမေတူပြီး အဖေကွဲတဲ့ ညီအစ်ကိုတွေ။ ရသရဲ့အဖေက ဦးစိုင်းဝေ။ ဝီရရဲ့အဖေက..."
"ဘယ်သူမို့လို့လဲ!?"
"ဦးစိုင်းမောင်..."
"ဟမ်...ဦးစိုင်းမောင်က သူ့အဖေလား!? အဲဒါကြောင့် သူ့ရဲ့နောက်ဆုံးအချိန်တုန်းက အဖေလို့ ခေါ်သွားခဲ့တာကို။"
"ဦးစိုင်းမောင်ကလည်း ဝီရကို ရသလို့ပဲ ထင်ထားတာ။ သူ့သားက သူ့လက်ထဲမှာ သေခဲ့ရမှန်း သိသွားရင် အဆင်ပြေမှာ မဟုတ်ဘူး။"
"သူနဲ့ သွားမတွေ့တာ အဲဒါကြောင့်လား!?"
"ဟုတ်တယ်။ ဝီရအတွက် စိတ်မကောင်းဖြစ်ပြီး သူ့ရှေ့မှာ ငါ အကုန်ဖွင့်ချမိလိမ့်မယ်။"
"သိင်္ဂါရ... ငါနဲ့ ခဏလိုက်ခဲ့ပါလား!?"
"ဘယ်သွားမလို့လဲ!?"
"ရောက်ရင် သိရပါလိမ့်မယ်။"
မင်းခန့်က ဆေးရုံခန်းတစ်ခုရဲ့ရှေ့မှာ ရပ်တန့်လိုက်ပြီး တံခါးဖွင့်ပေးကာ သိင်္ဂါရကို ဝင်ခွင့်ပြုခဲ့သည်။
ထိုအခန်းထဲမှာ ရှိနေသူက ဦးစိုင်းမောင်ပင်။
"ငါ သူ့ကို မသတ်ခဲ့ပါဘူး။ သူက သူ့ဘာသာသူ သေနတ်မောင်းကို နှိပ်ချလိုက်တာ။ သွေးတွေကလည်း ငါ့မျက်နှာအထိ လာစင်တယ်။ ဒါပေမဲ့လေ...မနာဘူးထင်တယ်။ ပြုံးနေရောပဲ။ သူက ရူးနေတာလား မသိဘူး။ ဖေဖေဆိုပြီး လာခေါ်တယ်။ သူ့ကိုလည်း သားလို့ ပြန်ခေါ်ပေးပါတဲ့။ ဟား... ဟား... ဟား... ဟား... တကယ့်အရူးလေးပဲ။"
ထိုစကားများကို တစ်ယောက်တည်းရေရွတ်နေတဲ့ ဦးစိုင်းမောင်က စိတ်အခြေအနေပုံမှန်မဟုတ်တော့မှန်း သိသာလွန်းလှသည်။
"ခွဲစိတ်ပြီးလို့ သတိပြန်ရလာကတည်းက သူ့ပုံစံက အဲဒီအတိုင်း ဖြစ်သွားတာ။ မင်း သူ့ကို အမှန်အတိုင်းပြောပြရင်တောင် သူက သိနိုင်တော့မှာ မဟုတ်ဘူး။"
သိင်္ဂါရက ဦးစိုင်းမောင်ကို ငေးကြည့်ပြီး ဘာမှဆက်မပြောနိုင်ဘဲ တွေဝေနေတော့သည်။
"သူ့ဆီမှာလည်း ဖွင့်မပြောပြခဲ့တဲ့ ခံစားချက်တွေ ရှိခဲ့မှာပဲ။ အဲဒါတွေက စုပေါင်းမိသွားလို့ သူ အခုလိုအခြေအနေမျိုး ဖြစ်ခဲ့ရတာ။ မင်းကို သူ့လို မဖြစ်စေချင်ဘူး... သိင်္ဂါရ။"
"မင်းက ဘာကိုဆိုလိုချင်တာလဲ!?"
"Theoနဲ့ ပတ်သက်ပြီး အမှန်အတိုင်းလက်ခံပေးစေချင်တယ်။"
"သူ အသက်ရှင်နေသေးတယ်။"
"အဲ့လောက်အမြင့်ကနေ ပြုတ်ကျသွားတဲ့သူအတွက် မင်းရဲ့ယုံကြည်စိတ်က လွန်ကဲလွန်းနေတယ်။ အမှန်တရားကို သေချာတွေးတောကြည့်လိုက်စမ်းပါ။"
"ငါ သေချာပေါက်ပြောရဲတယ်။ သူ အသက်ရှင်နေတုန်းပဲ။"
"ဘယ်လိုသက်သေမျိုးနဲ့လဲ!?"
"ဒါဆို သူ သေသွားပြီဆိုတဲ့သက်သေကရော မင်းဆီမှာ ရှိလို့လား!?"
"အဲဒါက..."
"ဘာသက်သေမှ ပြစရာမရှိရင် ငါ့ယုံကြည်မှုကိုလည်း လာမရိုက်ချိုးပါနဲ့။ သူ အသက်ရှင်နေသေးမှန်း ငါ သေချာပေါက်သိတယ်။"
သိင်္ဂါရက မင်းခန့်ရဲ့စကားကို လက်မခံနိုင်ဘဲ ငြင်းဆန်ပြီး ထွက်လာခဲ့လေသည်။ သူတို့နှစ်ဦးရဲ့ကြားက ဆက်နွယ်မှုကို သူတို့ကိုယ်တိုင်သာ နားလည်နိုင်ပေလိမ့်မည်။ ထိုယုံကြည်မှုက အခြားသူများအတွက် ဟားတိုက်လှောင်ရယ်စရာဖြစ်နေနိုင်ပေမဲ့ သူ့အတွက်ကတော့ ဆက်ရှင်သန်စေဖို့ အကြောင်းအရင်း ဖြစ်နေခြင်းကြောင့်ပင်။
ယုံကြည်မှုနဲ့အတူ စိုင်းရသဦးကို လိုက်ရှာနေမိတဲ့ သိင်္ဂါရက လပေါင်းများစွာ ကုန်လွန်ပြီးသွားမှန်း မေ့လျော့နေခဲ့ပေသည်။ နည်းလမ်းမျိုးစုံသုံးပြီး နေရာအနှံ့လိုက်ရှာကြည့်ခဲ့ပေမဲ့ ခြေကုန်လက်ပန်းကျကာ အချည်းနှီးဖြစ်ခဲ့ရသည်။
"မင်းနဲ့ တစ်ခါတွေ့ရဖို့ကလည်း ခဲယဉ်းလိုက်တာကွာ။ Secretကုမ္ပဏီကို ထိန်းသိမ်းပေးဖို့ စီးပွါးရေးပညာရှင်တစ်ယောက် ဌားလိုက်ပြီးတော့ အေးအေးဆေးဆေး ကမ္ဘာပတ်နေတာလား!?"
အိမ်ပြေးဖြစ်နေတဲ့ သိင်္ဂါရကို မင်းခန့်က တွေ့တွေ့ချင်းမှာပင် စတင်ဆူပူလေတော့သည်။
"ကုမ္ပဏီကိစ္စတွေက ငါ ကျွမ်းကျင်တဲ့အပိုင်းမှ မဟုတ်တာ။ ပြီးတော့ အခု ငါ ဌားထားတဲ့သူကလည်း ဒီကိစ္စအတွက် တော်တော်လေး အဆင်ပြေပါတယ်။ ဒါတွေ ထားလိုက်ပါဦး။ မင်းက ဘာကိစ္စနဲ့ ရောက်လာတာလဲ!?"
"ကိစ္စရှိမှ လာရမှာလား!? ငါတို့ချင်း မဆုံဖြစ်တာက (၆)လလောက်တောင် ရှိနေပြီ။"
"မင်းကလည်း အားနေတဲ့သူမှ မဟုတ်တာ။"
"အဲဒါကတော့ မှန်တယ်။ အလုပ်က အခုချိန်ထိကို မပြတ်သေးတာ။"
"ဦးစိုင်းမောင် အခွန်ရှောင်တဲ့ကိစ္စကရော ပြီးသွားပြီလား!?"
"ဘယ်ပြီးဦးမှာလဲ!? ငါတို့ လိုက်စစ်ဆေးရင်းနဲ့ တချို့ရဲတွေကို သူက လာဘ်ထိုးပြီး ပေါင်းထားမှန်း သိလာရတာ။ ဆက်တိုက်လိုက်ရှင်းရတော့တာပေါ့။"
"အဲဒီအခွန်ကိစ္စကို သတင်းပေးတာက ဘယ်သူလဲ!?"
"Kingကုမ္ပဏီရဲ့သူဌေး ဦးသုတက ပြောပြခဲ့တာ။ သူ့သမီးက ရသ...အဲ... ဝီရနဲ့ စေ့စပ်ဖူးတယ်လေ။"
"ဪ... ရွှေစင်မိုးကို ပြောတာမလား!?"
"ဟုတ်တယ်။ မင်း သူ့ကို သိလား!?"
"ရသက ပြောပြဖူးလို့ နာမည်ကိုပဲ သိနေတာပါ။ လူချင်းတော့ မဆုံဖူးသေးဘူး။"
"ဒါနဲ့ မင်းကို ကြွားစရာရှိသေးတယ်။"
"ဘာလဲ!?"
"ငါက အဖေဖြစ်တော့မှာကွ။"
"မင်း တကယ်ပြောတာလား!?"
"သေချာတာပေါ့။ သုံးလတောင် ရှိနေပြီ။"
"ပြောလိုက်ရင် မအားဘူးတဲ့။ အခုတော့ သုံးလတောင် ဖြစ်နေပြီပေါ့။"
"အလုပ်များလို့ အလွမ်းသယ်ရင်းနဲ့ ဖြစ်သွားတာပါ။"
ထိုစကားကြောင့် သိင်္ဂါရလည်း အားပါးတရ ရယ်မောမိတော့သည်။ နေ့စဉ်ရက်ဆက် ငေးမှိုင်နေခဲ့ရတဲ့ အခြေအနေမှ သာမန်လူတစ်ဦးကဲ့သို့ သူ နေထိုင်နိုင်ခဲ့လေပြီ။
သို့ပေမဲ့ အမှတ်တရပေါင်းများစွာက သူ့ထံမှ တစ်ကြိမ်တစ်ခါပင် ခွဲခွာသွားခြင်း မရှိခဲ့ပေ။ ယခင်ကအတိုင်း သူ့နှလုံးသားထဲမှာ မြဲမြံစွာဖြင့် ဆက်လက်တည်ရှိနေခဲ့သည်။
ထိုနေ့က မင်းခန့်နဲ့ ဆုံတွေ့ပြီးချိန်ကတည်းက ညအိပ်ချိန်ရောက်တဲ့အထိ အတိတ်ပုံရိပ်များကိုသာ သူ တွေးနေခဲ့မိသည်။
"မင်းရဲ့မျက်လုံးလေးတွေက ကိုယ့်ကို ကြည့်နေတာမျိုးပဲ ဖြစ်စေချင်တယ်။"
မှိတ်ထားတဲ့မျက်ဝန်းများကို ပြန်ပွင့်ဟလိုက်ချိန်မှာ အပြုံးမျက်နှာလေးတစ်ခုက ဆီးကြိုနေတော့သည်။
"ရသ..."
သတိမထားမိလိုက်ခင်မှာပဲ သူ့ရဲ့လက်က ထိုမျက်နှာလေးကို ကိုင်တွယ်ကြည့်ဖို့ ဦးတည်ခဲ့လေသည်။ တဒင်္ဂအတွင်းမှာ ဖမ်းဆုပ်လို့ မရနိုင်တဲ့ လေထုကိုသာ သူ့ရဲ့လက်က ထိမိသွားပြီး ရှက်ရွံ့စိတ်ဖြင့် ပြန်လည်ရုပ်သိမ်းလိုက်ရသည်။
"မင်းရဲ့အနားမှာပဲ အမြဲရှိနေချင်တာ။"
ထပ်ပေါ်လာတဲ့အသံကို သေချာပေါက် ကြားနေပေမဲ့လည်း စောစောကလို ရူးမိုက်ခြင်းကို သူ မပြုလုပ်မိတော့ပေ။
"လူလိမ်... မင်းက ငါ့ကို လိမ်ခဲ့တာ။"
တိတ်ဆိတ်နေတဲ့အခန်းငယ်ထဲမှာ သူ့ရဲ့အသံက ဟိန်းထွက်ကာ ပဲ့တင်ထပ်သွားသလိုပင်။ မျက်ဝန်းထောင့်ဆီမှ ဖြည်းဖြည်းချင်း စီးကျလာတဲ့ မျက်ရည်စများကို တားမြစ်ခြင်းမပြုတော့ဘဲ သူ လွတ်လပ်ခွင့်ပေးလိုက်သည်။
နှစ်သိမ့်ပေးမယ့်သူကတော့ ရှိမနေခဲ့...
*ဒီသီချင်းလေးကို သေချာပေါက်နားထောင်ပေးကြပါရှင့်။ အခုဇာတ်လမ်းကို စရေးမယ်လို့ ဆုံးဖြတ်ခဲ့တုန်းက All I Wantသီချင်းက ခေါင်းထဲမှာ သူ့အလိုလို ပေါ်လာခဲ့တာမို့ပါ။
#Śûè
****************
(Zawgyi Version)
တစ္ၿပိဳင္နက္တည္း ထြက္လာတဲ့ ေသနတ္သံႏွစ္ခ်က္ရဲ႕အဆုံးမွာ ေျမျပင္ေပၚသို႔ လူႏွစ္ဦးက လဲက်သြားခဲ့ေလသည္။
ထိုႏွစ္ဦးထဲမွ တစ္ဦးက ႏွလုံးသား႐ွိရာဆီသို႔ တည့္မတ္စြာ က်ည္ထိမွန္ထားေပမဲ့ အျပဳံးမပ်က္သြားဘဲ က်န္တစ္ဦးကိုသာ မမွိတ္မသုန္ ေငးၾကည့္ေနခဲ့႐ွာသည္။
"ေဖေဖ~~~"
ထူးဆန္းလြန္းလွတဲ့ အၾကည့္မ်ား...
ရင္းႏွီးကြၽမ္းဝင္ေနတဲ့ ေခၚသံတစ္ခု...
ထိုအရာအားလုံးက ေသြးအိုင္ထဲမွာ လဲေနသူဆီက ထြက္ေပၚလာျခင္းပင္။
ကိုယ္တိုင္ကလည္း ဝမ္းဗိုက္မွာ က်ည္ထိမွန္ထားေပမဲ့ တဆစ္ဆစ္နဲ႔ နာက်င္လာသည္က ႏွလုံးသားဆီမွသာ ျဖစ္ေနခဲ့သည္။
"ဘာေၾကာင့္လဲ!? ေသနတ္ေမာင္းကို ဘာလို႔ လာႏွိပ္ရတာလဲ!? တကယ္ဆို သူက အႏိုင္ရထားၿပီးသားပါ။ ဒါေတာင္မွ ဘာျဖစ္လို႔ ေသျခင္းတရားကို ေ႐ြးလိုက္တာလဲ!?"
အေျဖေပၚမလာတဲ့ ေမးခြန္းမ်ားက ေခါင္းထဲသို႔ ဝင္လာခ်ိန္မွာ စကားတစ္ခြန္းကို သူ ထပ္ၾကားလိုက္ရျပန္သည္။
"သားလို႔ ေနာက္ဆုံးတစ္ေခါက္ေလာက္ ေခၚေပးႏိုင္မလား!?"
အားတင္းၿပီး ေျပာလိုက္ရတဲ့စကားမွန္း တုန္ရီေနတဲ့အသံက သက္ေသျပေပးခဲ့ေပသည္။
"မင္းက အ႐ူးေလးပဲ။"
ဤသည္မွာလည္း သူ႕ရဲ႕အေတြးမွ်သာ...
မသိစိတ္ရဲ႕ႏိႈးေဆာ္မႈေၾကာင့္ ထိုေကာင္ေလးရဲ႕မ်က္ႏွာကို ေစ့ေစ့ၾကည့္ကာ ေရ႐ြတ္လိုက္မိသည္။
"သား~~~"
အျပဳံးေလးတစ္ခု...
သူ တစ္ခါမွ မျမင္ဖူးေသးတဲ့ အပြင့္လင္းဆုံးအျပဳံးတစ္ခုက ထိုေကာင္ေလးရဲ႕မ်က္ႏွာမွာ ပြင့္လန္းလာေတာ့သည္။
ဘာေၾကာင့္မွန္းမသိေပမဲ့ သူကိုယ္တိုင္လည္း အတုခိုးကာ လိုက္ျပဳံးမိပုံပင္...
"ေက်းဇူးတင္ပါတယ္... ေဖေဖ။"
ဖခင္ျဖစ္သူရဲ႕မ်က္ႏွာကို အခ်ိန္ၾကာတဲ့အထိ ေသခ်ာေငးၾကည့္ခြင့္ရျခင္းက စိုင္းဝီရေမာင္အတြက္ ပထမဆုံးနဲ႔ေနာက္ဆုံးအႀကိမ္ဟု ဆိုႏိုင္ခဲ့သည္။ အထူးဆုအျဖစ္ ဟန္ေဆာင္ျခင္းကင္းတဲ့ ေခၚသံေလးကိုလည္း ၾကားခြင့္ရၿပီးၿပီမို႔ ဆႏၵအားလုံးျပည့္ေျမာက္သြားခဲ့ေလၿပီ။
"ေဖေဖနဲ႔ေမေမ...သားတစ္ေယာက္ရဲ႕တာဝန္ကို မေက်ပြန္ခဲ့တဲ့ သားမိုက္ကို ခြင့္လႊတ္ေပးၾကပါ။ သားကို ခ်စ္ေပးခဲ့၊ ဂ႐ုစိုက္ေပးခဲ့တာေတြကိုလည္း တကယ္ေက်းဇူးတင္ပါတယ္။ မငိုၾကပါနဲ႔...ေဖေဖတို႔ ေပ်ာ္ေနတာကိုပဲ သားက ျမင္ခ်င္ခဲ့တာပါ။"
ေမြးစားမိဘမ်ားကိုလည္း စိတ္ထဲမွ ရည္မွန္းၿပီး သူ ဦးခ်ကာ ကန္ေတာ့လိုက္မိသည္။
"အခ်ိန္နီးလာၿပီပဲ။"
သူ႕စိတ္ထဲမွ ေရ႐ြတ္လိုက္ၿပီးေနာက္ ေလးလံစျပဳလာတဲ့ မ်က္ခြံမ်ားကို အနားယူခိုင္းထားရင္းနဲ႔ တန္ဖိုးအထားရဆုံးလူသားႏွစ္ဦးဆီသို႔သာ အာ႐ုံကို ပို႔လႊတ္ထားခဲ့ရသည္။
"ရသ... အစ္ကို... ကြၽန္ေတာ့္ကို ေႏြးေထြးေစခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ေနာင္ဘဝမွာ လူျဖစ္ခြင့္သာ ရခဲ့မယ္ဆိုရင္ အစ္ကိုတို႔နဲ႔ ထပ္ၿပီးဆုံေတြ႕ခ်င္ပါေသးတယ္..."
႐ွင္သန္ရျခင္းက ပင္ပန္းလြန္းလွသည္။
ဝန္ထုပ္ဝန္ပိုးမွန္သမွ်ကို လႊတ္ခ်ထားႏိုင္ခဲ့ၿပီမို႔ စိတ္ေပါ့ပါးစြာ အေမာေျဖရေပေတာ့မည္။
သူ အနားယူဖို႔ အခ်ိန္က်ေလၿပီ...
ေဆး႐ုံခန္းတစ္ခုတြင္-
"သိဂၤါရ... သိဂၤါရ..."
ေဝဝါးစြာ ၾကားေနရတဲ့ ေခၚသံေၾကာင့္ သတိျပန္ဝင္လာခ်ိန္မွာ ေဆး႐ုံခန္းရဲ႕အနံ႔က သူ႕ကို ပထမဆုံးဆီးႀကိဳေနခဲ့သည္။ အခ်ိန္ကေတာ့ နံနက္ခင္းပိုင္း ျဖစ္ႏိုင္ေပသည္။
"မင္း သတိရၿပီလား!?"
မင္းခန္႔ရဲ႕ေမးခြန္းမ်ားကို သူ မေျဖႏိုင္ခဲ့ေပ။
ေျဖခ်င္စိတ္မ႐ွိဟုဆိုပါက ပိုမွန္လိမ့္မည္။
ဝိုးတဝါးျဖစ္ေနခဲ့တဲ့ အျမင္အာ႐ုံမ်ားက ျပန္ၿပီးၾကည္လင္လာေပမဲ့ အျမင္ေတြ႕ခ်င္ဆုံးသူကေတာ့ သူ႕အနားမွာ ႐ွိမေနႏိုင္ေတာ့မွန္း သိထားခဲ့ေလသည္။
"အဆင္ေျပရဲ႕လား!?"
ဝတ္ေက်တမ္းေက် ေခါင္းညိတ္ျပလိုက္႐ုံကလြဲၿပီး အျခားတုံ႔ျပန္မႈကို သူ မျပဳႏိုင္ဘဲ ၿငိမ္သက္ေနမိသည္။
"အခုခ်ိန္မွာ မင္း ဝမ္းနည္းေနမယ္မွန္း ငါ သိေပမဲ့ စိတ္ကို မေလွ်ာ့ခ်လိုက္ပါနဲ႔။"
သိဂၤါရက ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္လိုက္ဖို႔အထိ ၾကံ႐ြယ္ခဲ့ေၾကာင္းကို အမႈအခင္းျဖစ္ရာသို႔ သြားေရာက္ကူညီခဲ့ၾကတဲ့ တပည့္မ်ားဆီမွ မင္းခန္႔က ၾကားသိခဲ့ရသည္။ ထို႔အျပင္ ဆရာဝန္ႀကီးရဲ႕စစ္ေဆးခ်က္အရ ခံစားခ်က္ျပင္းထန္ကာ ေမ့ေမ်ာခဲ့ျခင္းကို မေပါ့ဆသင့္ေၾကာင္း မွာၾကားသြားခဲ့ျပန္သည္။
သိဂၤါရရဲ႕ေနရာမွာ သူ ျဖစ္ခဲ့ပါက ယခုအခ်ိန္ထိ ဆက္လက္႐ွင္သန္ဖို႔က မလြယ္ကူႏိုင္မွန္းလည္း သိထားေပသည္။ သို႔ေပမဲ့ အခင္မင္ရဆုံးသူငယ္ခ်င္းကို သူ အဆုံး႐ႈံးမခံခ်င္ခဲ့ေပ။
"ေခ်ာက္ရဲ႕ေအာက္ဘက္ကို ႐ွာၿပီးၿပီလား!?"
သတိျပန္ရၿပီးေနာက္ သိဂၤါရဆီကေန ပထမဆုံးစကားသံ ထြက္ေပၚလာျခင္း ျဖစ္သည္။
"အဲဒီေနရာက ႐ွာရတာခက္လို႔။ ဒါေပမဲ့ မင္း စိတ္ခ်ပါ။ ငါတို႔ ေသခ်ာ႐ွာေပးေနပါတယ္။"
"ဒီကိစၥရဲ႕တရားခံက ေကသရီဆိုတဲ့ မိန္းမပဲ။ သူ႕ကိုသာ မိေအာင္ ဖမ္းေပးပါ။"
"ေကသရီဆိုတဲ့တစ္ေယာက္က သူကိုယ္တိုင္ စခန္းကို ေရာက္လာၿပီး ဝန္ခံသြားတယ္။"
ထိုစကားကိုေတာ့ သိဂၤါရက မေမွ်ာ္လင့္ထားတာမို႔ အံ့အားသင့္သြားပုံပင္။
"ငါ သူနဲ႔ ေတြ႕ခ်င္တယ္။"
"ေနာက္ေတာ့ ေတြ႕ရေအာင္လို႔..."
"အခုခ်က္ခ်င္း ေတြ႕ခ်င္တယ္။"
သိဂၤါရရဲ႕ပုံစံက ေဒါသကို ထိန္းခ်ဳပ္ၿပီး ေျပာေနရမွန္း သိသာလြန္းလွသည္။
"ေအးပါ။ ငါ စီစဥ္ေပးပါ့မယ္။"
မင္းခန္႔ကလည္း သိဂၤါရရဲ႕ဆႏၵအတိုင္း စခန္းသို႔ ေခၚေဆာင္သြားၿပီး ေကသရီနဲ႔ ေတြ႕ေပးခဲ့ရသည္။
"ေကသရီ... ဧည့္ေတြ႕လာတယ္။"
အခ်ဳပ္ခန္းေထာင့္မွာ ထိုင္ေနတဲ့ ေကသရီက ေခၚသံေၾကာင့္ အသက္မဲ့စြာျဖင့္ အေပါက္ဝနားဆီသို႔ ေခါင္းငိုက္စိုက္ခ်ၿပီး ေလွ်ာက္လာခဲ့သည္။
"သူ႕ကို ခဏေလာက္ထုတ္ေပးလို႔ရမလား!?"
ေကသရီက အသံ႐ွင္ကို ေမာ့ၾကည့္လိုက္ခ်ိန္မွာ သိဂၤါရကို ျမင္ေတြ႕သြားေပမဲ့ ေခါင္းျပန္ငုံ႔ကာ ၿငိမ္သက္ေနခဲ့ေလသည္။ သူတို႔ႏွစ္ဦးကို ေအးေအးေဆးေဆး စကားေျပာခြင့္ရေအာင္ စီစဥ္ၿပီးမွ မင္းခန္႔က ေ႐ွာင္ထြက္ေပးလိုက္ရေတာ့သည္။
"မင္း ေပ်ာ္ေနမယ္လို႔ ငါက ထင္ထားတာ။"
သိဂၤါရရဲ႕စကားက ေကသရီ႕ရဲ႕စိတ္ကို စတင္ထိုးႏွက္လိုက္သည္။
"စခန္းကို ကိုယ္တိုင္လာၿပီး ဝန္ခံခဲ့တယ္တဲ့။ ဘာလို႔လဲ...အခုမွ မွားမွန္းသိသြားလို႔လား!?"
တုံ႔ျပန္ျခင္းမ႐ွိတဲ့ ေကသရီက သိဂၤါရရဲ႕စိတ္ကို ပိုၿပီးဆြေပးလိုက္သလိုပင္။
"မင္း သတ္ပစ္ခ်င္ေလာက္ေအာင္ မုန္းတဲ့သူက အခု မင္းရဲ႕ေ႐ွ႕မွာ အေကာင္းပကတိ႐ွိေနတာကို ေမာ့ၾကည့္လိုက္စမ္းပါဦး။"
ေကသရီ႕ရဲ႕ေမးေစ့ကို သိဂၤါရက ၾကမ္းတမ္းစြာ ဆြဲယူၿပီး ေမာ့ၾကည့္ခိုင္းလိုက္သည္။
"သူကေတာ့..."
ထိုစကားကို မေျပာႏိုင္ခင္မွာ တိမ္ဝင္သြားတဲ့အသံအခ်ိဳ႕ေၾကာင့္ သိဂၤါရက သူ႕စိတ္ကို ျပန္ၿပီးထိန္းခ်ဳပ္ခဲ့ရသည္။
"သူ႕မ်က္ႏွာေပၚမွာ စီးက်ခဲ့ရတဲ့ ေသြးေတြကို မင္း ျမင္ေယာင္ၾကည့္လိုက္စမ္းပါ။ ဘယ္လိုလဲ..လက္စားေခ်ရတာက ေပ်ာ္စရာေကာင္းတယ္မလား!?"
မ်က္လုံးထဲမွာ ထင္ဟပ္လာတဲ့ ျမင္ကြင္းမ်ားက ေကသရီ႕ရဲ႕ႏွလုံးသားေပၚမွာ ဓားနဲ႔ မႊန္းခ်လိုက္သလိုမ်ိဳး နာက်င္ေစေတာ့သည္။
"ေတာ္ပါေတာ့... ဆက္ၿပီးမေျပာပါနဲ႔။ ကြၽန္မ ေတာင္းပန္ပါတယ္။ ဆက္မေျပာပါနဲ႔ေတာ့။"
ၾကမ္းျပင္ေပၚမွာ အ႐ုပ္ႀကိဳးျပတ္ ထိုင္ခ်ကာ ႐ိႈက္ႀကီးတငင္ ငိုေႂကြးေနတဲ့ ေကသရီကို သိဂၤါရက ဥေပကၡာျပဳၿပီး ထြက္ခြာလာခဲ့သည္။ ထိုအမ်ိဳးသမီးကိုလည္း မ်က္စိေ႐ွ႕မွာ ဘယ္ေသာအခါမွ ေပၚမလာေစခ်င္တဲ့အထိကို သူ မုန္းတီးသြားခဲ့ေလၿပီ။
"သိဂၤါရ... သူနဲ႔ စကားေျပာၿပီးၿပီလား!?"
မင္းခန္႔ကို ေခါင္းညိတ္ျပလိုက္ၿပီး သူ သိခ်င္တဲ့ကိစၥတစ္ခုကို ေမးၾကည့္ခဲ့ရသည္။
"Theoရဲ႕ကိစၥကို ရသေရာ သိၿပီးၿပီလား!?"
ဂိုေဒါင္မွာ ျဖစ္ပ်က္ခဲ့သမွ်ကို သိဂၤါရက မသိေသးတာမို႔ မင္းခန္႔အတြက္ ေျပာျပဖို႔ ခက္ေနေပသည္။
"သူက...ေနာက္မွ... ငါ ေျပာျပပါ့မယ္။"
မူပ်က္ေနတဲ့ မင္းခန္႔က သိဂၤါရရဲ႕အရိပ္အကဲသိမႈကို အႏိုင္မရခဲ့ေပ။
"သူက ဘာျဖစ္လို႔လဲ!?"
သိဂၤါရရဲ႕ေခါင္းမာမႈကို သိထားတဲ့ မင္းခန္႔က ယခုကိစၥကိုလည္း ဆက္လက္ဖုံးထားလို႔ မရႏိုင္ဘဲ ဖြင့္ေျပာျပရေတာ့သည္။
"သူ... သူ ဆုံးသြားၿပီ။"
ေသျခင္းတရားနဲ႔ခြဲခြာျခင္းက သိဂၤါရအတြက္ သူစိမ္းဆန္မေနသလိုပင္။ အနားက ထြက္ခြာသြားသူမ်ားကို တားဆီးႏိုင္မယ့္ စြမ္းအင္မ်ိဳးလည္း သူ႕ဆီမွာ ႐ွိမေနခဲ့တာမို႔ ခြဲခြာျခင္းမ်ားနဲ႔ ေနသားက်ေစဖို႔သာ ႀကိဳးစားရေပဦးမည္။
"သူ႕ကို ငါ သြားေတြ႕ခ်င္တယ္။"
"ျဖစ္ပါ့မလား!? ဆရာဝန္က မင္းကို မွာထားတယ္..."
"ဒီလိုကိစၥမ်ိဳးက ငါ့အတြက္ မထူးဆန္းေတာ့ပါဘူး။ ငါ့ေဘးမွာ ႐ွိခဲ့ဖူးတဲ့သူေတြက ႏႈတ္မဆက္ဘဲ ထြက္သြားရတာမ်ိဳးကို သေဘာက်တယ္ ထင္ပါရဲ႕..."
ထိုစကားက ၾကားလိုက္ရတဲ့ မင္းခန္႔အတြက္ပင္ ရင္ထဲမွာ ဆို႔နင့္လာေစခဲ့ေပသည္။ သိဂၤါရလိုမ်ိဳး ကိုယ္တိုင္ခံစားခဲ့ရသူအတြက္ေတာ့ မေတြးၾကည့္ဝံ့စရာ အေနအထားမ်ိဳး ျဖစ္မွာ ေသခ်ာေနခဲ့သည္။
ခဏအၾကာမွာ မင္းခန္႔က ေရခဲတိုက္႐ွိရာသို႔ သိဂၤါရကို လိုက္ပို႔ေပးၿပီး နံေဘးကေန ေစာင့္ၾကည့္ေပးဖို႔ ႀကိဳးစားမိသည္။
သိဂၤါရကလည္း အသက္မဲ့စြာ လဲေလ်ာင္းေနတဲ့ စိုင္းဝီရေမာင္ကို ခဏတာမွ်ေငးၾကည့္ၿပီး ေမးလာခဲ့ေလသည္။
"သူ႕ကို ဘယ္သူသတ္တာလဲ!?"
"သတ္တာထက္ သတ္ဖို႔ ၾကံစည္ခဲ့တာက ဦးစိုင္းေမာင္ပဲ။ ဒါေပမဲ့ ေသနတ္ေမာင္းကို ရသကိုယ္တိုင္က ဖိခ်လိုက္တာ။ ၿပီးေတာ့ ဦးစိုင္းေမာင္ကိုလည္း ေဖေဖလို႔ ေခၚသြားတယ္။ သူ႕ကိုလည္း သားလို႔ ျပန္ေခၚေပးပါတဲ့။ သူ ဘာလို႔ ဒီလိုမ်ိဳးလုပ္ခိုင္းမွန္း ငါတို႔ စဥ္းစားၾကည့္လို႔ကို မရေတာ့ဘူး။"
အေၾကာင္းစုံသိ႐ွိထားတဲ့ သိဂၤါရကေတာ့ ထိုအေျဖကို အလိုလိုနားလည္သြားေပသည္။
"ငါ သူနဲ႔ စကားေျပာခ်င္တယ္။"
အႏုနည္းနဲ႔ ႏွင္ထုတ္ေနတဲ့ သိဂၤါရကို မင္းခန္႔က စိတ္မခ်သလို လွမ္းၾကည့္ၿပီး အခန္းထဲမွ ထြက္ခြာေပးလိုက္ရသည္။
ေအးစက္စက္အခန္းထဲမွာ ႏွစ္ေယာက္တည္းက်န္ေနခဲ့မွန္း ေသခ်ာသြားေတာ့မွ သိဂၤါရက စိုင္းဝီရေမာင္ကို စကားစေျပာခဲ့သည္။
"ဘယ္အခ်ိန္ကတည္းက သိေနခဲ့တာလဲ!?"
ျပန္ေျဖၾကားျခင္းမ႐ွိတဲ့ တစ္ဖက္လူကို သိဂၤါရက ဆက္လက္ေျပာေနမိသည္။
"ရသကို ဟန္ေဆာင္ေကာင္းတယ္လို႔ အစ္ကိုက ထင္ခဲ့တာ။ တကယ္ေတာ့ မင္းက အစ္ကိုတို႔အားလုံးကိုေတာင္ လွည့္စားႏိုင္ခဲ့တာပဲ။"
စကားေျပာရင္းနဲ႔ ေကြးၫႊတ္ေနခဲ့တဲ့ စိုင္းဝီရေမာင္ရဲ႕ႏႈတ္ခမ္းဆီသို႔ အၾကည့္က ေရာက္႐ွိသြားျပန္သည္။
"မင္းရဲ႕ဆႏၵေတြကေရာ ျပည့္ဝသြားၿပီလား!? ေနာက္ဆုံးထြက္သက္ေလးမွာလည္း အျပဳံးနဲ႔ အဆုံးသတ္ေပးႏိုင္ခဲ့လို႔ အစ္ကို မင္းအတြက္ ဂုဏ္ယူပါတယ္... ဝီရရယ္။"
စိုင္းဝီရေမာင္ရဲ႕ဆံပင္ေလးမ်ားကို သိဂၤါရက ညင္သာစြာ ပြတ္သပ္ေပးလိုက္သည္။
"ေနာင္ျဖစ္ေလရာဘဝတိုင္းမွာ ေအးခ်မ္းၿပီး ေမတၱာတရားေဝမွ်ေပးတတ္တဲ့ မိသားစုမ်ိဳးကို ေရာက္႐ွိပါေစလို႔ အစ္ကို ဆုေတာင္းေပးပါတယ္။ ပူပန္ေသာကေတြကို ဒီဘဝမွာ ခ်န္ထားခဲ့ၿပီး ၿငိမ္းခ်မ္းစြာ အနားယူပါေတာ့..."
စိုင္းဝီရေမာင္အတြက္ ဆုမြန္ေကာင္းေတာင္းေပးရင္းနဲ႔ ႏႈတ္ဆက္တဲ့ မ်က္ရည္မ်ားက သူ႕ပါးျပင္ေပၚမွာ စီးက်လာမိသည္။
စိတ္ထားေကာင္းၿပီး အခ်စ္ခံထိုက္သူတစ္ဦးကေတာ့ မာယာေပါမ်ားတဲ့ ေလာကႀကီးထဲမွ တိတ္တဆိတ္ထြက္ခြာသြားခဲ့ေလၿပီ...
"ဦးစိုင္းေမာင္က ဘယ္မွာလဲ!?"
တည္ၿငိမ္စြာ ေမးလာတဲ့ သိဂၤါရကို ၾကည့္ၿပီး မင္းခန္႔က စိတ္ေအးသြားကာ သက္ျပင္းခ်မိေတာ့သည္။
"သူ႕က ဗိုက္မွာ က်ည္ထိထားလို႔ ဒီေဆး႐ုံမွာ တင္ထားရတယ္။"
"သူ႕အေျခအေနကေရာ!?"
"က်ည္ဆံထိတဲ့ဒဏ္ရာက သိပ္မမ်ားပါဘူး။ ဒါေပမဲ့ ႏွလုံးေရာဂါအခံ႐ွိလို႔ ေစာင့္ၾကည့္ေနရတာ။ မင္း သြားၾကည့္ခ်င္လား!?"
သိဂၤါရက ခပ္ယဲ့ယဲ့ျပဳံးၿပီးေနာက္ ေခါင္းခါျပလိုက္သည္။
"ဘာျဖစ္လို႔လဲ!?"
"ငါ သြားေတြ႕ရင္ သူ ေသလိမ့္မယ္။"
"ဟမ္!!!"
ထိုအေျဖကို မင္းခန္႔ကေတာ့ နားမလည္ႏိုင္ခဲ့ေပ။ သိဂၤါရ ေျပာျပမယ့္ အမွန္တရားမ်ားက ဦးစိုင္းေမာင္အတြက္ ေသမိန္႔ခ်ေပးသလိုမ်ိဳး ခံစားရေစမွာမို႔ မေတြ႕မိေအာင္ ဆုံးျဖတ္ခ်က္ခ်ထားခဲ့ျခင္း ျဖစ္သည္။
ေရခဲတိုက္မွ ျပန္လာၿပီးေနာက္ ေျခလွမ္းမ်ားကို ေနရာတစ္ခုဆီသို႔ ဦးတည္လိုက္မိသည္။
"ဆရာေလး... ဒီေန႔ေတာ့ တစ္ေယာက္တည္း ေရာက္လာပါလား!?"
"ဟယ္... ဆရာေလး... အိမ္ထဲ ဝင္ခဲ့ေလ။"
ဦးဝင္းနဲ႔ ေဒၚေအးတို႔ကို သူ ေသခ်ာမၾကည့္ဝံ့သလို ခံစားေနရေပမဲ့ ထိမ္ခ်န္ထားလို႔ မျဖစ္တဲ့ကိစၥမို႔ စိတ္ကို တင္းထားခဲ့ရသည္။
"မ်က္ႏွာလည္း သိပ္မေကာင္းပါလား!? ဘာျဖစ္လို႔လဲဟင္!?"
စိုးရိမ္ေန႐ွာတဲ့ ေဒၚေအးရဲ႕မ်က္ႏွာကို သိဂၤါရက က႐ုဏာသက္စြာေငးၾကည့္ၿပီး လက္ဖမိုးကို ဆုပ္ကိုင္ေပးလိုက္သည္။
"ကြၽန္ေတာ္ အခု ေျပာမယ့္ကိစၥအတြက္ စိတ္ကို ျပင္ဆင္ေပးထားၾကပါ။ တရားသေဘာနဲ႔ပဲ ေတြးေပးၾကပါလို႔ အရင္မွာခ်င္ပါတယ္။"
သိဂၤါရရဲ႕စကားဦးအရ သတင္းေကာင္းေတာ့ မဟုတ္ႏိုင္မွန္း ဦးဝင္းတို႔က ရိပ္မိခဲ့ၾကသည္။
"ေျပာသာ ေျပာပါ...ဆရာေလး။ က်ဳပ္တို႔က အဆင္ေျပပါတယ္။"
"ဝီရက မေန႔ညကပဲ ဆုံးသြားပါၿပီ။"
"သား..သားေလး ဆုံးသြားၿပီ...ဟုတ္လား!?"
"မေန႔က ဦးစိုင္းေမာင္နဲ႔ ျပႆနာျဖစ္ၿပီး ဆုံးသြားခဲ့တာတဲ့။ ကြၽန္ေတာ္လည္း ေစာေစာကမွ သိလိုက္ရတာ။"
သူ႕ရဲ႕စကားအဆုံးမွာ ေဒၚေအးက အသံတိတ္ငိုေႂကြးေနခဲ့ေလၿပီ။ ဦးဝင္းကေတာ့ ေဒၚေအးကို ေဖ်ာင္းဖ်ေပးရင္းနဲ႔ မ်က္ရည္မက်မိေစဖို႔ ႀကိဳးစားထိန္းေနရပုံပင္။
"ရသေရာ... ဒီကိစၥကို သိၿပီးၿပီလား!?"
ထိုေမးခြန္းေၾကာင့္ သိဂၤါရခမ်ာ ခဏမွ်ဆြံ႕အသြားရ႐ွာသည္။
"ဆရာေလး... ဘာျဖစ္လို႔လဲ!?"
တုန္ရီစျပဳလာတဲ့အသံကို ႀကိဳးစားကာ ထိန္းၿပီး အေျဖတစ္ခုကို သူ ထုတ္ေပးခဲ့မိသည္။
"ေၾကးစားအုပ္စုတစ္စုက ကြၽန္ေတာ့္ကို ဖမ္းသြားလို႔ သူက လိုက္ကယ္ေပးရင္းနဲ႔ ေခ်ာက္ထဲ ျပဳတ္က်သြားတာ။ အခုခ်ိန္ထိ ႐ွာမေတြ႕ေသးဘူး။"
ယခုတစ္ႀကိမ္မွာ က႐ုဏာသက္တဲ့ အၾကည့္မ်ားျဖင့္ အၾကည့္ခံရသူက သိဂၤါရ ျဖစ္သြားခဲ့သည္။
"သူတို႔ႏွစ္ေယာက္ရဲ႕ကံကလည္း ဆိုးလြန္းပါတယ္ကြယ္။ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ကစားရမယ့္အ႐ြယ္ကတည္းက အခုခ်ိန္ထိကို အႏၲရာယ္ေတြ ဝိုင္းေနခဲ့႐ွာတာ။"
သူတို႔ရဲ႕အေၾကာင္းကို ေတြးေတာၾကည့္တိုင္းမွာ ရင္ေမာစရာအတိတ္မ်ားက ဆီးႀကိဳေနခဲ့ေပသည္။ အတၱႀကီးသူမ်ားေၾကာင့္ ဓားစာခံျဖစ္ခဲ့ရတဲ့ ကေလးႏွစ္ေယာက္က ယခုအခ်ိန္ထိ ေလာကဓံကို အံတုကာ ႐ွင္သန္ႏိုင္ခဲ့ျခင္းကလည္း ခ်ီးက်ဴးစရာေကာင္းလွသည္။
ထိုေန႔က စိုင္းဝီရေမာင္ရဲ႕ဈာပနပြဲအတြက္ ဦးဝင္းတို႔ကို လိုက္ကူညီေပးၿပီး ညမိုးခ်ဳပ္မွ သိဂၤါရက အိမ္သို႔ ျပန္လာျဖစ္ခဲ့သည္။
"ကြၽီ!!!"
အိမ္တံခါးကို ဖြင့္လိုက္ခ်ိန္မွာ အေမွာင္ထုက သူ႕ကို ေအးတိေအးစက္ႀကိဳဆိုေနေလသည္။မီးဖြင့္လိုက္ေပမဲ့ ျမင္ေနရသမွ်အရာအားလုံးက သူ႕အတြက္ သူစိမ္းဆန္ေနသလိုပင္။
သူတို႔ကိုယ္တိုင္ ေနရာခ်ထားတဲ့ ပစၥည္းမ်ားကလည္း မူလအတိုင္း မပ်က္မယြင္းဘဲ႐ွိေနေပေသးသည္။ သို႔ေပမဲ့ တစ္စုံတစ္ခုက လစ္ဟာေနၿပီး သူ႕စိတ္ကို ခံစားရခက္ေစခဲ့သည္။
"ဒီေန႔ညစာကို ကိုယ္ ခ်က္ေကြၽးရမလား!?"
မီးဖိုခန္းဘက္မွ ၾကားလိုက္ရတဲ့အသံေၾကာင့္ ျပဳံး႐ႊင္စြာျဖင့္ သူ လွည့္ၾကည့္လိုက္မိသည္။
အသံ႐ွင္ကေတာ့ ႐ွိမေနခဲ့...
သူ႕မ်က္ႏွာျပင္ေပၚမွ အျပဳံးမ်ားက ျပန္လည္ေမွးမွိန္သြားၿပီး ေရခ်ိဳးခန္းဆီသို႔ ဦးတည္ခဲ့ရသည္။ ႏြမ္းနယ္ထားသမွ်ကို လန္းဆန္းေစဖို႔အတြက္ ေရပန္းေအာက္မွာ ရပ္တန္႔လိုက္ၿပီး ေခါင္းေပၚမွ စီးက်လာတဲ့ ေရစက္မ်ားကို သူ ခံယူမိေတာ့သည္။
ရင္ဘတ္ထဲမွ ပူေလာင္မႈကေတာ့ ေအးျမလာျခင္းမ႐ွိခဲ့...
မွန္ထဲမွာ ထင္ဟပ္ေနတဲ့ပုံရိပ္ကို လွမ္းၾကည့္မိခ်ိန္မွာ လည္တိုင္ေပၚ႐ွိ အမွတ္အသားတစ္ခုက သူ႕ကို ေလွာင္ေျပာင္ေနခဲ့ျပန္သည္။
"ဒီလိုမ်ိဳးအမွတ္အသားကို ေန႔တိုင္းလုပ္ေပးရမယ္။"
ၾကားေယာင္လာတဲ့အသံေလးက သူ႕ရဲ႕အနားမွာ တိုးကပ္ၿပီး ေျပာသြားသကဲ့သို႔ ျပတ္သားလြန္းလွသည္။
ဝင္သက္ထြက္သက္တိုင္းကို လႊမ္းမိုးထားသူကေတာ့ လက္ေတြ႕မွာ ႐ွိမေနခဲ့...
မသိစိတ္ရဲ႕ႏွိပ္စက္မႈဒဏ္ကို သည္းခံႏိုင္စြမ္းမ႐ွိတဲ့အဆုံးမွာ မင္းခန္႔ဆီသို႔ ဖုန္းလွမ္းဆက္ၿပီး အကူအညီေတာင္းလိုက္ရသည္။
"ငါတို႔အမႈျဖစ္ခဲ့တဲ့ေနရာက ဘယ္မွာလဲ!?"
"ဘာျဖစ္လို႔လဲ!?"
"ေျပာမွာသာ ေျပာစမ္းပါ။ ငါ သူ႕ကို သြား႐ွာၾကည့္ခ်င္တယ္။"
မိုးခ်ဳပ္ေနၿပီမို႔ မင္းခန္႔က သိဂၤါရကို သြားခြင့္မျပဳဘဲ တားျမစ္ခဲ့ေလသည္။
"သူငယ္ခ်င္း... သိဂၤါရ... စိတ္ကို ၿငိမ္ေအာင္လို႔ ထားပါဦးကြာ။ မနက္ျဖန္က်မွ မင္းကို ငါကိုယ္တိုင္ လိုက္ပို႔ေပးပါ့မယ္။"
"သူ႕ကို ျမန္ျမန္႐ွာေတြ႕မွျဖစ္မယ္။ ငါ့အာ႐ုံထဲမွာ သူ ေရာက္လာတိုင္း ႐ူးသြားေတာ့မလိုပဲ။ မင္းခန္႔... ငါ ဘာဆက္လုပ္ရမလဲ!? ငါ...ဘာလုပ္ရမလဲ!? ေျပာျပစမ္းပါ!!!"
သိဂၤါရရဲ႕စိတ္အေျခအေနက အေတာ္ဆိုး႐ြားေနမွန္း မင္းခန္႔က သိ႐ွိသြားၿပီး ထိုအိမ္ကေန ေဆး႐ုံသို႔ ညတြင္းခ်င္း ေျပာင္းေ႐ႊ႕ခိုင္းလိုက္မိသည္။
"လူနာက အရမ္းအားနည္းေနတယ္။ စိတ္ကလည္း ဝမ္းနည္းစရာေတြနဲ႔ ဆက္တိုက္ၾကဳံခဲ့ရေတာ့ မထိန္းႏိုင္ဘဲ ျဖစ္ေနတာပါ။"
"ဘယ္လိုကုေပးရင္ ေကာင္းမလဲ... ဆရာ!?"
"သူ႕စိတ္ထဲက ဝမ္းနည္းစရာေတြကို ဖြင့္ေျပာလာေအာင္ ကူညီေပးရမယ္။ ၿပီးေတာ့ သူက အမွန္တရားကို လက္မခံဘဲ ေ႐ွာင္ေျပးခ်င္ပုံပဲ။ အဲဒါက သူ႕အတြက္ မေကာင္းဘူး။"
"သူ ျပန္အဆင္ေျပႏိုင္ပါ့မလား!?"
"ခဏပဲ ၾကာမယ္ထင္ပါတယ္။ သူကိုယ္တိုင္လည္း စိတ္ပညာကို ကြၽမ္းက်င္ေတာ့ သိပ္မၾကာေလာက္ပါဘူး။ ဒီလိုေျပာလို႔ မေပါ့ဆပါနဲ႔။ သူ႕ကို ေသခ်ာေစာင့္ၾကည့္ေပးၾကပါ။"
ဆရာဝန္ႀကီးက မွာၾကားခဲ့ၿပီး ထြက္သြားခ်ိန္မွာ မင္းခန္႔ကလည္း စိတ္ေမာကာ က်န္ရစ္ခဲ့ရသည္။ စိတ္ဓာတ္ခိုင္မာတဲ့ သိဂၤါရအတြက္ ယခုတစ္ႀကိမ္ရဲ႕ဆုံး႐ႈံးမႈက အေတာ္ျပင္းထန္သြားမွန္း သိသာလွသည္။ ထိုစိတ္ဒဏ္ရာကေန ျပန္ေကာင္းမြန္လာေစဖို႔ သိဂၤါရက ကိုယ့္ကိုယ္ကိုယ္သာ အားကိုးထားရေပလိမ့္မည္။
ေနာက္တစ္ေန႔မွာ သိဂၤါရဆီသို႔ ေ႐ွ႕ေနတစ္ဦးက ေရာက္႐ွိလာၿပီး Secretကုမၸဏီနဲ႔ အျခားေသာပိုင္ဆိုင္မႈမ်ားကို သူ႕အမည္ျဖင့္ လႊဲအပ္ခဲ့ေၾကာင္း ေျပာျပခဲ့ေလသည္။
"ဒီေသတမ္းစာအရ စိုင္းရသဦးက ပိုင္ဆိုင္မႈအားလုံးကို ကိုသိဂၤါရရဲ႕အမည္နဲ႔ လႊဲေပးရမွာပါ။"
"သူက ဘယ္အခ်ိန္ကတည္းက ေသတမ္းစာကို ႀကိဳျပင္ထားတာလဲ!?"
"လြန္ခဲ့တဲ့ႏွစ္လေက်ာ္ေလာက္ကပါ။"
ကိစၥတိုင္းမွာ ႀကိဳတင္စီစဥ္ေလ့႐ွိတဲ့ စိုင္းရသဦးေၾကာင့္ သိဂၤါရက ထူးေထြၿပီး အံ့အားသင့္ရျခင္းေတာ့ မ႐ွိခဲ့ေပ။ ထို႔ေနာက္ စားပြဲခုံေပၚမွ စာခ်ဳပ္ကို လွမ္းယူၿပီး လက္မွတ္ထိုးေပးဖို႔ ျပင္လိုက္ေပမဲ့ စကားတစ္ခြန္းက သူ႕အာ႐ုံထဲသို႔ မဖိတ္ေခၚထားပါဘဲ ဝင္လာခဲ့ျပန္သည္။
"စာခ်ဳပ္မွာ လက္မွတ္ထိုးေတာ့မယ္ဆိုရင္ အထဲက အေၾကာင္းအရာေတြကို ေသခ်ာဖတ္ၾကည့္ရတယ္။"
မွာၾကားခဲ့ဖူးတဲ့ စကားအတိုင္း စာခ်ဳပ္ထဲမွာ ပါတဲ့ အခ်က္အလက္မ်ားကို စစ္ေဆးၾကည့္ၿပီးမွ သူက လက္မွတ္ထိုးေပးလိုက္သည္။
ထိုေ႐ွ႕ေန ျပန္ထြက္သြားခ်ိန္မွာ မင္းခန္႔က မေနႏိုင္ေတာ့ဘဲ သူ႕ကို ထုတ္ေမးလာခဲ့သည္။
"ငါ နားမလည္ႏိုင္လို႔ ေမးပါရေစဦး။ ရသက သူ႕ရဲ႕ပိုင္ဆိုင္မႈေတြကို ဘာလို႔ မင္းဆီ လႊဲေပးခဲ့ရတာလဲ!?"
မင္းခန္႔က သူ႕အတြက္ ယုံၾကည္စိတ္ခ်ရသူမို႔ အမွန္အတိုင္း ဖြင့္ေျပာျပလိုက္မိသည္။
"တကယ္ေတာ့ Theoကမွ စိုင္းရသဦးအစစ္ပါ။ မင္း သိထားတဲ့ ရသက ဟန္ေဆာင္ထားရတာ။ သူ႕နာမည္အရင္းက စိုင္းဝီရေမာင္။"
"ဘယ္လိုေတြ ျဖစ္ကုန္တာလဲ!?"
"ေသခ်ာေျပာျပရရင္ ဝီရနဲ႔ ရသက အေမတူၿပီး အေဖကြဲတဲ့ ညီအစ္ကိုေတြ။ ရသရဲ႕အေဖက ဦးစိုင္းေဝ။ ဝီရရဲ႕အေဖက..."
"ဘယ္သူမို႔လို႔လဲ!?"
"ဦးစိုင္းေမာင္..."
"ဟမ္...ဦးစိုင္းေမာင္က သူ႕အေဖလား!? အဲဒါေၾကာင့္ သူ႕ရဲ႕ေနာက္ဆုံးအခ်ိန္တုန္းက အေဖလို႔ ေခၚသြားခဲ့တာကို။"
"ဦးစိုင္းေမာင္ကလည္း ဝီရကို ရသလို႔ပဲ ထင္ထားတာ။ သူ႕သားက သူ႕လက္ထဲမွာ ေသခဲ့ရမွန္း သိသြားရင္ အဆင္ေျပမွာ မဟုတ္ဘူး။"
"သူနဲ႔ သြားမေတြ႕တာ အဲဒါေၾကာင့္လား!?"
"ဟုတ္တယ္။ ဝီရအတြက္ စိတ္မေကာင္းျဖစ္ၿပီး သူ႕ေ႐ွ႕မွာ ငါ အကုန္ဖြင့္ခ်မိလိမ့္မယ္။"
"သိဂၤါရ... ငါနဲ႔ ခဏလိုက္ခဲ့ပါလား!?"
"ဘယ္သြားမလို႔လဲ!?"
"ေရာက္ရင္ သိရပါလိမ့္မယ္။"
မင္းခန္႔က ေဆး႐ုံခန္းတစ္ခုရဲ႕ေ႐ွ႕မွာ ရပ္တန္႔လိုက္ၿပီး တံခါးဖြင့္ေပးကာ သိဂၤါရကို ဝင္ခြင့္ျပဳခဲ့သည္။
ထိုအခန္းထဲမွာ ႐ွိေနသူက ဦးစိုင္းေမာင္ပင္။
"ငါ သူ႕ကို မသတ္ခဲ့ပါဘူး။ သူက သူ႕ဘာသာသူ ေသနတ္ေမာင္းကို ႏွိပ္ခ်လိုက္တာ။ ေသြးေတြကလည္း ငါ့မ်က္ႏွာအထိ လာစင္တယ္။ ဒါေပမဲ့ေလ...မနာဘူးထင္တယ္။ ျပဳံးေနေရာပဲ။ သူက ႐ူးေနတာလား မသိဘူး။ ေဖေဖဆိုၿပီး လာေခၚတယ္။ သူ႕ကိုလည္း သားလို႔ ျပန္ေခၚေပးပါတဲ့။ ဟား... ဟား... ဟား... ဟား... တကယ့္အ႐ူးေလးပဲ။"
ထိုစကားမ်ားကို တစ္ေယာက္တည္းေရ႐ြတ္ေနတဲ့ ဦးစိုင္းေမာင္က စိတ္အေျခအေနပုံမွန္မဟုတ္ေတာ့မွန္း သိသာလြန္းလွသည္။
"ခြဲစိတ္ၿပီးလို႔ သတိျပန္ရလာကတည္းက သူ႕ပုံစံက အဲဒီအတိုင္း ျဖစ္သြားတာ။ မင္း သူ႕ကို အမွန္အတိုင္းေျပာျပရင္ေတာင္ သူက သိႏိုင္ေတာ့မွာ မဟုတ္ဘူး။"
သိဂၤါရက ဦးစိုင္းေမာင္ကို ေငးၾကည့္ၿပီး ဘာမွဆက္မေျပာႏိုင္ဘဲ ေတြေဝေနေတာ့သည္။
"သူ႕ဆီမွာလည္း ဖြင့္မေျပာျပခဲ့တဲ့ ခံစားခ်က္ေတြ ႐ွိခဲ့မွာပဲ။ အဲဒါေတြက စုေပါင္းမိသြားလို႔ သူ အခုလိုအေျခအေနမ်ိဳး ျဖစ္ခဲ့ရတာ။ မင္းကို သူ႕လို မျဖစ္ေစခ်င္ဘူး... သိဂၤါရ။"
"မင္းက ဘာကိုဆိုလိုခ်င္တာလဲ!?"
"Theoနဲ႔ ပတ္သက္ၿပီး အမွန္အတိုင္းလက္ခံေပးေစခ်င္တယ္။"
"သူ အသက္႐ွင္ေနေသးတယ္။"
"အဲ့ေလာက္အျမင့္ကေန ျပဳတ္က်သြားတဲ့သူအတြက္ မင္းရဲ႕ယုံၾကည္စိတ္က လြန္ကဲလြန္းေနတယ္။ အမွန္တရားကို ေသခ်ာေတြးေတာၾကည့္လိုက္စမ္းပါ။"
"ငါ ေသခ်ာေပါက္ေျပာရဲတယ္။ သူ အသက္႐ွင္ေနတုန္းပဲ။"
"ဘယ္လိုသက္ေသမ်ိဳးနဲ႔လဲ!?"
"ဒါဆို သူ ေသသြားၿပီဆိုတဲ့သက္ေသကေရာ မင္းဆီမွာ ႐ွိလို႔လား!?"
"အဲဒါက..."
"ဘာသက္ေသမွ ျပစရာမ႐ွိရင္ ငါ့ယုံၾကည္မႈကိုလည္း လာမ႐ိုက္ခ်ိဳးပါနဲ႔။ သူ အသက္႐ွင္ေနေသးမွန္း ငါ ေသခ်ာေပါက္သိတယ္။"
သိဂၤါရက မင္းခန္႔ရဲ႕စကားကို လက္မခံႏိုင္ဘဲ ျငင္းဆန္ၿပီး ထြက္လာခဲ့ေလသည္။ သူတို႔ႏွစ္ဦးရဲ႕ၾကားက ဆက္ႏြယ္မႈကို သူတို႔ကိုယ္တိုင္သာ နားလည္ႏိုင္ေပလိမ့္မည္။ ထိုယုံၾကည္မႈက အျခားသူမ်ားအတြက္ ဟားတိုက္ေလွာင္ရယ္စရာျဖစ္ေနႏိုင္ေပမဲ့ သူ႕အတြက္ကေတာ့ ဆက္႐ွင္သန္ေစဖို႔ အေၾကာင္းအရင္း ျဖစ္ေနျခင္းေၾကာင့္ပင္။
ယုံၾကည္မႈနဲ႔အတူ စိုင္းရသဦးကို လိုက္႐ွာေနမိတဲ့ သိဂၤါရက လေပါင္းမ်ားစြာ ကုန္လြန္ၿပီးသြားမွန္း ေမ့ေလ်ာ့ေနခဲ့ေပသည္။ နည္းလမ္းမ်ိဳးစုံသုံးၿပီး ေနရာအႏွံ႔လိုက္႐ွာၾကည့္ခဲ့ေပမဲ့ ေျခကုန္လက္ပန္းက်ကာ အခ်ည္းႏွီးျဖစ္ခဲ့ရသည္။
"မင္းနဲ႔ တစ္ခါေတြ႕ရဖို႔ကလည္း ခဲယဥ္းလိုက္တာကြာ။ Secretကုမၸဏီကို ထိန္းသိမ္းေပးဖို႔ စီးပြါးေရးပညာ႐ွင္တစ္ေယာက္ ဌားလိုက္ၿပီးေတာ့ ေအးေအးေဆးေဆး ကမ႓ာပတ္ေနတာလား!?"
အိမ္ေျပးျဖစ္ေနတဲ့ သိဂၤါရကို မင္းခန္႔က ေတြ႕ေတြ႕ခ်င္းမွာပင္ စတင္ဆူပူေလေတာ့သည္။
"ကုမၸဏီကိစၥေတြက ငါ ကြၽမ္းက်င္တဲ့အပိုင္းမွ မဟုတ္တာ။ ၿပီးေတာ့ အခု ငါ ဌားထားတဲ့သူကလည္း ဒီကိစၥအတြက္ ေတာ္ေတာ္ေလး အဆင္ေျပပါတယ္။ ဒါေတြ ထားလိုက္ပါဦး။ မင္းက ဘာကိစၥနဲ႔ ေရာက္လာတာလဲ!?"
"ကိစၥ႐ွိမွ လာရမွာလား!? ငါတို႔ခ်င္း မဆုံျဖစ္တာက (၆)လေလာက္ေတာင္ ႐ွိေနၿပီ။"
"မင္းကလည္း အားေနတဲ့သူမွ မဟုတ္တာ။"
"အဲဒါကေတာ့ မွန္တယ္။ အလုပ္က အခုခ်ိန္ထိကို မျပတ္ေသးတာ။"
"ဦးစိုင္းေမာင္ အခြန္ေ႐ွာင္တဲ့ကိစၥကေရာ ၿပီးသြားၿပီလား!?"
"ဘယ္ၿပီးဦးမွာလဲ!? ငါတို႔ လိုက္စစ္ေဆးရင္းနဲ႔ တခ်ိဳ႕ရဲေတြကို သူက လာဘ္ထိုးၿပီး ေပါင္းထားမွန္း သိလာရတာ။ ဆက္တိုက္လိုက္႐ွင္းရေတာ့တာေပါ့။"
"အဲဒီအခြန္ကိစၥကို သတင္းေပးတာက ဘယ္သူလဲ!?"
"Kingကုမၸဏီရဲ႕သူေဌး ဦးသုတက ေျပာျပခဲ့တာ။ သူ႕သမီးက ရသ...အဲ... ဝီရနဲ႔ ေစ့စပ္ဖူးတယ္ေလ။"
"ဪ... ေ႐ႊစင္မိုးကို ေျပာတာမလား!?"
"ဟုတ္တယ္။ မင္း သူ႕ကို သိလား!?"
"ရသက ေျပာျပဖူးလို႔ နာမည္ကိုပဲ သိေနတာပါ။ လူခ်င္းေတာ့ မဆုံဖူးေသးဘူး။"
"ဒါနဲ႔ မင္းကို ႂကြားစရာ႐ွိေသးတယ္။"
"ဘာလဲ!?"
"ငါက အေဖျဖစ္ေတာ့မွာကြ။"
"မင္း တကယ္ေျပာတာလား!?"
"ေသခ်ာတာေပါ့။ သုံးလေတာင္ ႐ွိေနၿပီ။"
"ေျပာလိုက္ရင္ မအားဘူးတဲ့။ အခုေတာ့ သုံးလေတာင္ ျဖစ္ေနၿပီေပါ့။"
"အလုပ္မ်ားလို႔ အလြမ္းသယ္ရင္းနဲ႔ ျဖစ္သြားတာပါ။"
ထိုစကားေၾကာင့္ သိဂၤါရလည္း အားပါးတရ ရယ္ေမာမိေတာ့သည္။ ေန႔စဥ္ရက္ဆက္ ေငးမိႈင္ေနခဲ့ရတဲ့ အေျခအေနမွ သာမန္လူတစ္ဦးကဲ့သို႔ သူ ေနထိုင္ႏိုင္ခဲ့ေလၿပီ။
သို႔ေပမဲ့ အမွတ္တရေပါင္းမ်ားစြာက သူ႕ထံမွ တစ္ႀကိမ္တစ္ခါပင္ ခြဲခြာသြားျခင္း မ႐ွိခဲ့ေပ။ ယခင္ကအတိုင္း သူ႕ႏွလုံးသားထဲမွာ ၿမဲျမံစြာျဖင့္ ဆက္လက္တည္႐ွိေနခဲ့သည္။
ထိုေန႔က မင္းခန္႔နဲ႔ ဆုံေတြ႕ၿပီးခ်ိန္ကတည္းက ညအိပ္ခ်ိန္ေရာက္တဲ့အထိ အတိတ္ပုံရိပ္မ်ားကိုသာ သူ ေတြးေနခဲ့မိသည္။
"မင္းရဲ႕မ်က္လုံးေလးေတြက ကိုယ့္ကို ၾကည့္ေနတာမ်ိဳးပဲ ျဖစ္ေစခ်င္တယ္။"
မွိတ္ထားတဲ့မ်က္ဝန္းမ်ားကို ျပန္ပြင့္ဟလိုက္ခ်ိန္မွာ အျပဳံးမ်က္ႏွာေလးတစ္ခုက ဆီးႀကိဳေနေတာ့သည္။
"ရသ..."
သတိမထားမိလိုက္ခင္မွာပဲ သူ႕ရဲ႕လက္က ထိုမ်က္ႏွာေလးကို ကိုင္တြယ္ၾကည့္ဖို႔ ဦးတည္ခဲ့ေလသည္။ တဒဂၤအတြင္းမွာ ဖမ္းဆုပ္လို႔ မရႏိုင္တဲ့ ေလထုကိုသာ သူ႕ရဲ႕လက္က ထိမိသြားၿပီး ႐ွက္႐ြံ႕စိတ္ျဖင့္ ျပန္လည္႐ုပ္သိမ္းလိုက္ရသည္။
"မင္းရဲ႕အနားမွာပဲ အၿမဲ႐ွိေနခ်င္တာ။"
ထပ္ေပၚလာတဲ့အသံကို ေသခ်ာေပါက္ ၾကားေနေပမဲ့လည္း ေစာေစာကလို ႐ူးမိုက္ျခင္းကို သူ မျပဳလုပ္မိေတာ့ေပ။
"လူလိမ္... မင္းက ငါ့ကို လိမ္ခဲ့တာ။"
တိတ္ဆိတ္ေနတဲ့အခန္းငယ္ထဲမွာ သူ႕ရဲ႕အသံက ဟိန္းထြက္ကာ ပဲ့တင္ထပ္သြားသလိုပင္။ မ်က္ဝန္းေထာင့္ဆီမွ ျဖည္းျဖည္းခ်င္း စီးက်လာတဲ့ မ်က္ရည္စမ်ားကို တားျမစ္ျခင္းမျပဳေတာ့ဘဲ သူ လြတ္လပ္ခြင့္ေပးလိုက္သည္။
ႏွစ္သိမ့္ေပးမယ့္သူကေတာ့ ႐ွိမေနခဲ့...
*ဒီသီခ်င္းေလးကို ေသခ်ာေပါက္နားေထာင္ေပးၾကပါ႐ွင့္။ အခုဇာတ္လမ္းကို စေရးမယ္လို႔ ဆုံးျဖတ္ခဲ့တုန္းက All I Wantသီခ်င္းက ေခါင္းထဲမွာ သူ႕အလိုလို ေပၚလာခဲ့တာမို႔ပါ။
#Śûè
****************