(Unicode Version)
ရွှေစင်မိုးရဲ့ထူးထူးခြားခြား ချိန်းဆိုမှုကြောင့် စိုင်းရသဦးက ကော်ဖီဆိုင်တစ်ခုသို့ ရောက်ရှိ လာခဲ့ရသည်။ သူ ရောက်ပြီး ခဏအကြာမှာ ရွှေစင်မိုးကလည်း ရောက်ရှိလာခဲ့သည်။
"ကျွန်မ နောက်မကျပါဘူးနော်။"
စိုင်းရသဦးက လက်က နာရီကို ငုံ့ကြည့်ပြီးမှ ပြန်ဖြေပေးလိုက်သည်။
"ကွက်တိပါပဲ။ ပြောပါဦး။ ကိုယ့်ကို တွေ့ချင်ရတဲ့ အကြောင်းအရင်းက ဘာလဲ!?"
"အကြောင်းရှိမှ တွေ့ရမယ်ပေါ့။"
"ချိန်းတွေ့ချင်ရင်လည်း ရပါတယ်။ ကိုယ် ဒီနေ့ ခွင့်ယူလိုက်မယ်။"
"ရူးကြောင်ကြောင် လုပ်မနေနဲ့။ ပြဿနာက တက်နေပြီ။"
"ဘာပြဿနာလဲ!?"
"ဖေဖေက ကျွန်မတို့ကို လက်ထပ်ဖို့ အတင်းတိုက်တွန်းနေတယ်။ အဲဒါ ဘာဆက်လုပ်ရင် ကောင်းမလဲ!?"
"မင်းက ကိုယ့်ကို လက်ထပ်ချင်လို့လား!?"
သွေးအေးစွာ မေးလာတဲ့ စိုင်းရသဦးကြောင့် ရွှေစင်မိုးက မကျေမနပ်ဖြင့် လှမ်းကြည့်လာတော့သည်။
"ကိုယ့်ကိုယ်ကိုယ် အထင်မကြီးစမ်းပါနဲ့။"
"မကြီးပါဘူး။ ခန့်မှန်းချက်အရပဲ ပြောလိုက်တာ။"
"ကျွန်မက ရှင့်ကို လက်ထပ်ချင်တယ်လို့များ တကယ်ကြီး ထင်နေတာလား!?"
"အဲဒီအတွေးသာ မရှိခဲ့ရင် ဒီနေရာထိတောင် မင်း ရောက်လာမှာ မဟုတ်ဘူး။ ရွှေစင်မိုးဆိုတဲ့ မင်းက ဆန္ဒမပါရင် အပြတ်ငြင်းချပစ်တဲ့သူပဲလေ။ အခု ဒီနေရာအထိ ရောက်လာတာက ကိုယ့်ဆန္ဒကို တမင်စစ်ဆေးကြည့်ချင်လို့မလား!?"
စိုင်းရသဦးရဲ့စကားက တစ်ဝက်တော့ မှန်ပေသည်။ ဖခင်ဖြစ်သူရဲ့တိုက်တွန်းမှုကို ငြင်းဆိုဖို့ မလွယ်ကူပေမဲ့ စိုင်းရသဦးဆီကနေ အဖြေတစ်ခု လိုချင်တဲ့စိတ်ကြောင့် သူမ လာခဲ့ခြင်းပင်။
"ဘာမှပြန်မဖြေမှတော့ ကိုယ့်ခန့်မှန်းချက်ကလည်း မှန်သွားတဲ့ပုံပဲ။"
"ထင်ရာဆွဲတွေးမနေပါနဲ့။ ကျွန်မ ဒီကို လာခဲ့တာက ရှင့်ကို ပြတ်ပြတ်သားသားမေးစရာရှိလို့ပဲ... ကိုစိုင်းရသဦး။"
"ဘာမေးချင်လို့လဲ!? မေးလေ..."
"ကျွန်မတို့က ဘယ်အချိန်အထိ ဒီဇာတ်လမ်းကို ဆက်ကနေရဦးမှာလဲ!? အခုဆို ကျွန်မတို့အကြောင်းကို စီးပွါးရေးပိုင်းက အကုန်သိနေကြပြီ။ သူတို့ရှေ့မှာ လိမ်ညာဟန်ဆောင်ပြရတာကိုလည်း ကျွန်မ တော်တော်ငြီးငွေ့နေပြီ။ အဲဒါကြောင့် ဒီဇာတ်လမ်းကို အမြန်ဆုံးသိမ်းပေးနိုင်မလား!?"
"ကိုယ် သေချာပေါက် သိမ်းပေးမှာပါ။"
ထိုအဖြေကြောင့် သူမ ပျော်ရွှင်သင့်ပေမဲ့ ထူးဆန်းစွာပင် ဝမ်းနည်းစိတ်ဝင်လာမိသည်။
"ဒါပေမဲ့ ရက်ပိုင်းလောက်ပဲ ထပ်စောင့်ပေးဖို့ တောင်းဆိုချင်တယ်။"
အချိန်အကန့်အသတ်နဲ့ ဟန်ဆောင်တွဲခဲ့သူမို့ မချစ်မိအောင် ထိန်းချုပ်ထားပေမဲ့ ရင်ခုန်သံက လူရွေးမှားသွားခဲ့လေသည်။ သူမကို ချစ်မလာနိုင်မယ့် ယောက်ျားတစ်ယောက်အပေါ်မှာ ကပ်တွယ်လိုစိတ်က မာနနဲ့ နှိုင်းယှဉ်လျှင် သေးငယ်လွန်းလှသည်။ ထို့ကြောင့် အပြုံးနဲ့ တုံ့ပြန်ပြီး လှလှပပကျောခိုင်းသွားနိုင်ဖို့ သူမ ကြိုးစားခဲ့ရသည်။
"ကောင်းပြီလေ။ ရက်ပိုင်းပဲဆိုရင် ပြီးတာပဲ။ ဒါဆို ကျွန်မ သွားတော့မယ်။"
ပြောပြီးပြီးချင်းမှာ သူမက အမြန်ထွက်သွားဖို့ ဟန်ပြင်လိုက်တော့သည်။
"မိုး..."
ညင်သာတဲ့ ခေါ်သံတစ်ခုက သူမရဲ့ခြေလှမ်းတွေကို ရပ်တန့်သွားစေသည်။
"ဘာပြောစရာ ကျန်သေးလို့လဲ!?"
စိုင်းရသဦးက ခန့်မှန်းရခက်တဲ့ အပြုံးနဲ့ သူမကို လှမ်းကြည့်နေခဲ့သည်။
"လမ်းခွဲမယ့်နေ့ကျရင် မင်းဆီကို မလာဖြစ်ဖို့ များတယ်။ ဒါပေမဲ့ အကျိုးအကြောင်းကို လူတစ်ယောက်လွှတ်ပြီးတော့ ပြောခိုင်းလိုက်ပါ့မယ်။"
ထိုစကားအရ ယခုအချိန်က သူမတို့အတွက် နောက်ဆုံးသော တွေ့ဆုံခြင်းမှန်း သိရှိခဲ့ရပေသည်။ ရင်ထဲက ဆစ်ခနဲနာကျင်မှုကို သိုဝှက်ပြီး စီးကျလာတော့မယ့် မျက်ရည်စအချို့ကို အမြန်ထိန်းကာ သူမ နှုတ်ဆက်ခဲ့မိသည်။
"ရှေ့ခရီးတစ်လျှောက်မှာ ရှင် ပျော်ရွှင်ပါစေလို့ ကျွန်မ ဆုတောင်းပေးလိုက်ပါတယ်။"
"ဆုတောင်းလေးအတွက် ကျေးဇူးပါပဲ။ မင်းလည်း မင်းကို တကယ်ချစ်မြတ်နိုးတဲ့သူမျိုးနဲ့ ဆုံတွေ့နိုင်ပါစေ။"
ရွှေစင်မိုးက အားတင်းကာ ခပ်ယဲ့ယဲ့ ပြုံးပြခဲ့ပေမဲ့ ကျောခိုင်းလိုက်ချိန်မှာပင် မျက်ရည်ကလည်း စီးကျလာတော့သည်။ အခြားသူတွေ ပြောပြဖူးတဲ့ အချစ်အကြောင်းက သူမ သိခဲ့ရတဲ့ အချစ်နဲ့တော့ တူညီခြင်းလုံးဝမရှိခဲ့ပေ။ သူမရဲ့အချစ်ဇာတ်လမ်းလေးက မစတင်ခင်မှာ အဆုံးသတ်ခဲ့ရတာမို့ အမှတ်တရများပင် မကျန်ရစ်ခဲ့တဲ့ အချစ်မျိုးသာ ဖြစ်သည်။
ရွှေစင်မိုးရဲ့ကျောပြင်လေးကို ငေးကြည့်ရင်းနဲ့ ကော်ဖီဆိုင်ထဲမှာ ကျန်နေခဲ့တဲ့ စိုင်းရသဦးက သက်ပြင်းရှည်တစ်ခုကို ချပြီးနောက် တီးတိုးရေရွတ်လိုက်မိသည်။
"ကိုယ့်ကြောင့် မင်းကို မငိုစေချင်ပါဘူး...မိုး။ ဒါပေမဲ့ ဒီဆန္ဒကလည်း မပြည့်တော့ဘူး ထင်တယ်။"
လာခြင်းမကောင်းတဲ့ ဘဝထဲသို့ ရွှေစင်မိုးကို ဆွဲမသွင်းလိုခြင်းကြောင့် အချစ်ဆိုတဲ့အရာနဲ့ အလှမ်းကွာအောင် သူ နေခဲ့မိသည်။ သို့ပေမဲ့ လူ့ခံစားချက်က အထိန်းအကွပ်မဲ့တတ်တာမို့ သူ့ရဲ့မှန်းဆမှုက လွဲချော်သွားခဲ့ပုံပင်။ ရွှေစင်မိုးအပေါ်မှာ ချစ်ခဲ့ဖူးသလားဆိုပြီး မေးလာခဲ့လျှင်လည်း ထုတ်ပေးစရာ အဖြေက မရှိမှန်း သေချာပေသည်။
ရွှေစင်မိုးက သူ့အတွက် စိတ်ကူးယဉ်ဆန်တဲ့ ခံစားချက်မျိုးကို ပထမဆုံး ပေးစွမ်းနိုင်ခဲ့တဲ့ မိန်းကလေးတစ်ဦးမျှသာ...
ထို့ထက်ပိုပြီးလည်း သူ မလိုလားခဲ့ပေ။
Secretကုမ္ပဏီ၏ရုံးခန်းတွင်-
မီးလောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းခိုင်းထားတဲ့သူက ဦးစိုင်းမောင်ဆီသို့ သတင်းလာပို့ပေးခဲ့လေသည်။
"မီးလောင်မှုဖြစ်ပြီး ဝင်ရှာကြည့်တော့မှ အိမ်ထဲမှာ အလောင်း(၄)လောင်း ရှိနေတယ်တဲ့။"
"ဘယ်လိုဖြစ်လို့ အလောင်းတွေက ရှိနေတာလဲ!?"
"အဲဒါကို မသိရသေးပါဘူး။ ဒီကိစ္စကို ရဲတွေကလည်း တိတ်တဆိတ်စုံစမ်းနေကြတယ်။"
"အဲဒီအလောင်း(၄)လောင်းရဲ့သရုပ်အမှန်ကို သေချာရှာကြည့်ပေးထား။ အမြန်ဆုံး သိရဖို့ အရေးကြီးတယ်။"
"ဟုတ်ကဲ့။"
သတင်းပေးသမားက ဦးစိုင်းမောင်ဆီက ငွေယူပြီး ထွက်ခွာသွားမှ ရာဇာက ထိုအခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။
"ရာဇာ... မင်းကို ငါ ခိုင်းစရာရှိတယ်။"
"ကျွန်တော် ဘာလုပ်ပေးရမှာလဲ!?"
"ဒီနေ့ကစပြီး စိုင်းရသဦးရဲ့အနောက်ကို မင်းကိုယ်တိုင် လိုက်စောင့်ကြည့်ပေး။"
"ဟုတ်ကဲ့။"
"သူ သွားလာသမျှကို ငါ အသေးစိတ်သိချင်တယ်။"
"ကျွန်တော် သေချာစောင့်ကြည့်ပါ့မယ်။"
ရာဇာက ဦးစိုင်းမောင်ရဲ့အမိန့်စကားကို နာခံချင်ဟန်ဆောင်ပြီးနောက် Theoဆီသို့ လှမ်းဆက်သွယ်လိုက်တော့သည်။
"Theo...အခု ရသရဲ့နောက်ကို လိုက်ခိုင်းနေပြီ။"
"အဆင်ပြေတာပေါ့။ ကျွန်တော်လည်း ရသကို ကြိုပြောပေးထားမယ်။"
"ငါကရော ဦးစိုင်းမောင်ကို ဘာပြန်ပြောပေးရမှာလဲ!?"
"မြင်တဲ့အတိုင်းပဲ ပြောပြပေးလိုက်ပါ။ စီစဉ်ထားသလို ဆက်လုပ်ရမှာပေါ့။ အစ်ကိုဘက်ကရော အဆင်သင့်ဖြစ်ပြီလား!?"
"ငါက အဆင်သင့်ပါပဲ။"
ရာဇာနဲ့ ဖုန်းပြောပြီးချိန်မှာပဲ ဦးစိုင်းမောင်ဆီက ဖုန်းဝင်လာခဲ့ပြန်သည်။
"မင်းက ပေးထားတဲ့ကတိကို မတည်ချင်တာလား...Theo!? Sunnyကုမ္ပဏီကိုလည်း မင်း တောင်းဆိုလို့ လွှဲပေးပြီးပြီ။ ဘာလဲ... မင်းက ယူစရာရှိတာ အကုန်ယူပြီး ပြန်ပေးဆပ်ဖို့ကျတော့ လက်တွန့်နေတာလား!?"
"စိတ်လျှော့ပါဦး...အန်ကယ်ရဲ့။ ကျုပ်က နေမကောင်းလို့ ခဏအနားယူနေတာပါ။"
"ငါ မင်းကို သည်းခံပြီး စောင့်ပေးတာ နှစ်လရှိနေပြီ။ ဒီထက်ပိုပြီး မစောင့်နိုင်တော့ဘူး။"
"မနက်ဖြန်ကျရင် ကျုပ် သေချာပေါက်လာခဲ့ပါ့မယ်။ စိတ်အေးအေးသာ ထားပါ။ ဟုတ်ပြီလား!?"
မနီးမဝေးကနေ လှမ်းအကဲခတ်နေတဲ့ သိင်္ဂါရက ဖုန်းပြောပြီးချိန်လောက်မှ Theoရဲ့အနားသို့ ရောက်ရှိလာလေသည်။
"အလုပ်များနေတာလား!?"
"မများပါဘူး။ ကိုယ့်အလုပ်တွေကို ရသကပဲ လုပ်ပေးထားတာ။"
"သူ့ကို အနားယူဖို့ပြီး လုပ်ဖို့လည်း သတိပေးလိုက်ပါဦး။"
"ပြောလိုက်ပါ့မယ်။ ဒါနဲ့ ဒီနေ့ ဘယ်သွားဖို့ ရှိလဲ!?"
"ဦးဝင်းတို့ဆီ ဖိတ်စာသွားပေးရမယ်။"
"ကိုယ် လိုက်ခဲ့ပါ့မယ်။ သူတို့နဲ့လည်း မတွေ့ဖြစ်တာ ကြာပြီလေ။"
"ပိုကောင်းတာပေါ့။ ရသကိုလည်း လှမ်းခေါ်လိုက်ပါလား!?"
"သူက ဘာဖြစ်လို့လဲ!?"
"လူစုံရင် ပိုပျော်ရမှာ။"
"မင်း သဘောအတိုင်းပဲ ဖြစ်စေရမယ်။"
"ဪ... တစ်ခုရှိသေးတယ်။"
"ဘာရှိသေးလို့လဲ!?"
"အစ်ကိုဝီရလို့ သူ့ကို ပြန်ခေါ်ပါလား!? သူက မင်းအပေါ်မှာ တကယ်ကောင်းတဲ့သူပါ။ မင်းတို့ချင်း ရင်းရင်းနှီးနှီး ဆက်ဆံကြတာကို ငါ အမြင်ချင်ဆုံးပဲ။"
Theoက ခဏမျှကြာတဲ့အထိ စဉ်းစားကြည့်မိသည်။ တစ်ချိန်က မိခင်အပေါ် အထင်လွဲခဲ့မိတာမို့ စိုင်းဝီရမောင်ကိုပါ မုန်းတီးနေမိခြင်းပင်။ ယခုတော့ ထိုအထင်လွဲမှုကို ဖြေရှင်းပြီးသွားပေမဲ့ ဦးစိုင်းမောင်ရဲ့သွေးသားဆိုတာက သူ့စိတ်ထဲမှာ ထင်ကျန်နေခဲ့ပြန်သည်။
"ကိုယ်တို့ရဲ့ဆက်ဆံရေးက ပြန်အဆင်ပြေဖို့ မလွယ်ဘူး...သိင်္ဂါရ။"
"မလွယ်တာလား!? ဒါမှမဟုတ် လွယ်အောင်လို့ တမင်မလုပ်တာလား!? ငါ သိသလောက်ကတော့ သူ့ဘက်က မင်းနဲ့ ပတ်သက်လာရင် စစ်မှန်တယ်။ အနွံအတာခံတယ်။ ဒါပေမဲ့..."
"ဒါပေမဲ့... ဘာဖြစ်လို့လဲ!?"
"မင်းဘက်က သူ့အပေါ် ဆက်ဆံပုံတွေကို ငါ သဘောမကျဘူး။ အထက်စီးဆန်ပြီး ရိုင်းနေတယ်လို့ ခံစားရတယ်။"
"ကိုယ့်အတွက်တော့ ဒါက ပုံမှန်ပါပဲ။"
"သူက မင်းရဲ့အခိုင်းအစေ မဟုတ်ဘူး။ မင်းရဲ့နေရာမှာ အစားထိုးဝင်ပြီး နေပေးရတာက အန္တရာယ်များမှန်း သိသာတာပဲလေ။ ဒါပေမဲ့ သူက လိုလိုလားလားနဲ့ နေပေးခဲ့တယ်။ မင်းဘက်ကလည်း သူ့ကို ကောင်းကောင်းမွန်မွန် ပြုမူဆက်ဆံပေးသင့်တယ်။"
"ကိုယ်တို့က အမေတူ၊အဖေကွဲတဲ့ ညီအစ်ကိုတွေမှန်း မင်း သိထားတယ်မလား!?"
ထိုစကားကြောင့် သိင်္ဂါရက အံ့အားသင့်သွားရတော့သည်။
"မင်း... ဒါကို ဘယ်လိုလုပ်သိတာလဲ!?"
"ဖွားဖွား မဆုံးခင်က ပြောပြခဲ့တဲ့အထဲမှာ အဲဒါလည်း ပါတယ်။"
"အားလုံး သိထားရဲ့သားနဲ့ ဘာလို့ သူ့အပေါ် ဒီလိုမျိုးဆက်ဆံခဲ့ရတာလဲ!?"
"သူက ဦးစိုင်းမောင်ရဲ့သားလေ။"
"ဘာပဲဖြစ်ဖြစ် သူက မင်းအမေရဲ့သွေးသားပါ။ အခုဆို မင်းအတွက် တစ်ဦးတည်းသော သွေးသားရင်းချာဆိုလို့ သူပဲ ရှိတော့တာ။"
"ဒီအကြောင်းကို ဆက်မပြောတာ ပိုကောင်းမယ် ထင်တယ်။"
"ရှောင်မပြေးနဲ့... Theo။ သူက ဘာအပြစ်မှ မရှိဘဲ အမုန်းခံနေရတာ။ တကယ်လို့ ငါသာ မင်းနေရာမှာဆိုရင်..."
"ကိုယ့်နေရာကို မင်း ဝင်ကြည့်လို့ မရပါဘူး။ မင်းရဲ့စိတ်က အရာအားလုံးကို ခွင့်လွှတ်ပေးနိုင်ပေမဲ့ ကိုယ်ကတော့ မင်းနဲ့ တခြားစီပဲ။"
"ဒါဆို ငါ့ကိုရော မင်း စိတ်မနာဘူးလား!?"
သိင်္ဂါရရဲ့မေးခွန်းကို Theoက အဖြေပြန်ပေးဖို့ ခဲယဉ်းသွားလေသည်။
"မိဘက အပြစ်ရှိလို့ သားသမီးတွေကို မုန်းရမယ်ဆိုတော့ ငါ့ကိုလည်း မုန်းသင့်တာပေါ့။"
တွေဝေနေရှာတဲ့ Theoကို သိင်္ဂါရက လေသံပျော့ပျော့ဖြင့် နားချဖို့ ကြိုးစားလိုက်သည်။
"ဝီရက မင်းကို တကယ်ချစ်ပြီး ကောင်းပေးခဲ့တဲ့ အစ်ကိုတစ်ယောက်ပါ။ သေချာပြန်ပြီးစဉ်းစားကြည့်ရင် မင်း ဒုက္ခရောက်နေချိန်မှာ သူကပဲ မင်းအတွက် အားကိုးစရာဖြစ်ခဲ့တာ မဟုတ်ဘူးလား!?"
သိင်္ဂါရ ပြောသမျှကလည်း အမှားမပါခဲ့ပေ။ စိုင်းရသဦးက Theoအတွက် လိုအပ်သမျှကို ဖြည့်ဆည်းပေးပြီး ကူညီဖို့ အသင့်ရှိနေပေးခဲ့သည်။ ထိုအကြောင်းတွေကို သေချာသိထားပေမဲ့ Theoရဲ့စိတ်က အမုန်းတရားနဲ့ မေတ္တာကြားမှာ လွန်ဆွဲနေခြင်းသာ ဖြစ်သည်။
"ငါ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်မလား!?"
သိင်္ဂါရရဲ့ဖျောင်းဖျမှုကြောင့် Theoကလည်း ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချပေးခဲ့ရသည်။
"ကိုယ် သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါ့မယ်။ ဒါပေမဲ့ အမေတူအဖေကွဲအစ်ကိုအနေနဲ့ မဟုတ်ဘူး။ ကိုယ့်အပေါ်မှာ ကောင်းပေးခဲ့တဲ့ သူစိမ်းအစ်ကိုတစ်ယောက်အနေနဲ့ပဲ သတ်မှတ်ပေးနိုင်မှာ။"
"အဲဒါကို ငါ နားလည်ပါတယ်။ ဒီလောက်ထိ လိုက်လျောပေးတာကိုပဲ ကျေနပ်ပါပြီ။"
"ကျေနပ်ရုံနဲ့ ဘယ်ပြီးမှာလဲ!? ကိုယ့်ကို ဆုချပေးဦးလေ။"
အနားသို့ တိုးလာတဲ့ Theoရဲ့နှုတ်ခမ်းပေါ်မှာ သိင်္ဂါရက ခပ်ဖွဖွ အနမ်းလေးတစ်ခု အပ်နှင်းကာ ပြန်ပြီးဆုချလိုက်မိသည်။
"ရပြီမလား!?"
"ဟင့်အင်း... ကြာကြာနမ်းမှ ရမှာ။"
"သွားစရာရှိလို့ နောက်မှ ထပ်ပေးမယ်။"
အမြန်ထွက်သွားဖို့ ကြိုးစားလိုက်တဲ့ သိင်္ဂါရက Theoရဲ့လက်ကနေ မလွတ်နိုင်ဘဲ ဆိုဖာပေါ်သို့ နောက်ပြန်လဲကျသွားတော့သည်။
"ပြေးချင်သေးတယ်ပေါ့။"
"ဘယ်မှာ ပြေးလို့လဲ!?"
"လိုချင်တာကို တောင်းပြီးရင် ကိုယ့်ဘက်ကလည်း ပြန်ပေးဆပ်တတ်ရတယ်။ အကြွေးမထားကောင်းဘူး။"
လွယ်လွယ်နဲ့ မလွတ်မြောက်နိုင်မှန်း သိနေတဲ့ သိင်္ဂါရက Theoရဲ့နှုတ်ခမ်းကို ထပ်မံနမ်းခဲ့ရပြန်သည်။ ယခုတစ်ခေါက်မှာတော့ Theoရဲ့ဆန္ဒအတိုင်း ကြာမြင့်စွာ နမ်းပေးခဲ့ခြင်းပင်။
"ရပြီမလား!?"
"ရှေ့ကို ဆက်သွားချင်သေးတယ်။"
"ဘယ်ကိုမှ ဆက်မသွားချင်နဲ့။ ဖယ်..."
"ဖယ်လို့ မရတော့ဘူး။"
"Theo... မင်း တော်တော်ဆိုးနေပါလား!?"
"အခုမှ သိတာလား!?"
အတင်းတွန်းဖယ်ပြီး ထွက်ပြေးချင်နေတဲ့ သိင်္ဂါရကြောင့် Theoက ပြုံးမိလေသည်။ သူ့ရဲ့စနောက်မှုကို အမှန်ထင်မှတ်ပြီး ကြောက်နေပုံလေးက ချစ်စရာအတိပဲမို့ ရုပ်တည်တည်နဲ့ ဆက်ပြောနေမိခြင်း ဖြစ်သည်။
"ဖယ်တော့... မင်းရဲ့ကိုယ်က လေးတယ်။"
"မလေးအောင် နေလို့ ရသားပဲ။"
သိင်္ဂါရရဲ့နားရွက်ဖျားလေးတွေပါ နီမြန်းလာမှန်း Theoက သတိထားမိသွားချိန်မှာ ဆက်ပြီး မနှိပ်စက်ရက်တော့ဘဲ လွှတ်ပေးခဲ့သည်။
"ကြာလာရင် ကိုယ် တကယ်စိတ်ပါသွားလိမ့်မယ်။ မစတာက ပိုကောင်းပါတယ်။"
သနားစဖွယ် ရေရွတ်လာတဲ့ Theoကို ကြည့်ပြီး သိင်္ဂါရက မပြုံးဘဲ မနေနိုင်တော့ပေ။ သူတို့ရဲ့အိမ်ထောင်သည်ဘဝလေးက ထင်ထားတာထက် ပိုပြီးသာယာလှပနေတာမို့ နေ့ရက်တိုင်းကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းဖြစ်ခဲ့ကြသည်။ နောင်အနာဂတ်မှာလည်း ထိုပုံစံလေးအတိုင်းပဲ သူ ဆက်နေသွားချင်မိသည်။
ညနေပိုင်းအချိန်မှာ Theoနဲ့သိင်္ဂါရက ဦးဝင်းတို့ဆီသို့ အတူသွားလည်ဖြစ်ခဲ့သည်။
"ဒီနေ့မှပဲ ဆရာလေးတို့ကို အတူတွေ့ရတော့တယ်။ လိုက်ဖက်လိုက်တာကွယ်။"
"ဒေါ်လေးတို့ဆီကို လာလည်ဖို့ တိုင်ပင်ထားတာတော့ ကြာပါပြီ။ ဒီနေ့မှ ဖိတ်စာလာပေးရင်းနဲ့ တစ်ခါတည်းဝင်လာခဲ့တာ။"
"မင်္ဂလာပွဲက ဘယ်နေ့လဲ!?"
"ရှေ့အပတ်ထဲမှာပါ။"
"လာရမှာပေါ့။ သေချာပေါက် လာခဲ့မယ်။"
ဒေါ်အေးက သိင်္ဂါရတို့ကို ပီတိဝေဖြာစွာဖြင့် လှမ်းကြည့်ပြီး ပြောလာခဲ့လေသည်။
"ကလေးလေးတွေတောင် အရွယ်ရောက်လာကြပြီပဲ။ ကျုပ်တို့လည်း အတော်လေးအိုလာပြီ ထင်ပါရဲ့။"
"ဦးလေးရဲ့မျက်လုံးထဲမှာ ဒေါ်လေးကို အလှဆုံးလို့ပဲ မြင်မှာပေါ့။ ဟုတ်တယ်မလား!?"
"သေချာတာပေါ့။ ကျုပ်မိန်းမက ဒီကမ္ဘာပေါ်မှာ အလှဆုံးပဲ။"
"လျှောက်ပြောမနေပါနဲ့။ တော်က မျက်လုံးမကောင်းလို့သာ ဒီလိုစကားမျိုး ပြောနိုင်တာ။ သေချာမြင်ရကြည့်ပါလား...လန့်ပြီး ထွက်မပြေးရင်တောင် ကံကောင်း။"
သူတို့အားလုံးက စကားပြောပြီး ရယ်မောနေကြချိန်မှာ စိုင်းရသဦးကလည်း ထိုအိမ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
"အစ်ကိုတို့က အရင်ရောက်နေတာပဲ။"
"သိပ်တော့ မကြာသေးပါဘူး။ စောစောကမှ ရောက်တာပါ။"
ဒေါ်အေးက သူတို့ကို အတူဆုံတွေ့ခွင့်ရတာမို့ အတော်လေးပျော်နေပုံပင်။
"နောက်လည်း အခုလိုမျိုးအတူတူလာကြပါကွယ်။"
"စိတ်ချပါ... ဒေါ်လေး။ ကျွန်တော်တို့ အလုပ်အားတာနဲ့ အတူချိန်းပြီး လာခဲ့ပါ့မယ်။"
"ဒေါ်လေးတို့ကလည်း အမြဲမျှော်နေပါ့မယ်။ ကြိုက်တဲ့အချိန်သာ လာခဲ့။ ဆရာလေးတို့ရဲ့မင်္ဂလာပွဲကိုတောင် တက်ရတော့မယ်။ သားလေးကရော ဘယ်တော့လောက် ဖြစ်မလဲ!?"
စိုင်းရသဦးဆီက သူ့ဆီ လှည့်လာတဲ့မေးခွန်းကို ပြုံးလျက်သာ ဖြေပေးလိုက်သည်။
"သားရဲ့ပွဲက အဝေးကြီးလိုပါသေးတယ်။"
"ချစ်သူတွေရော မရှိသေးဘူးလား!?"
"မရှိပါဘူး... မေမေရဲ့။"
ထိုအချိန်မှာပင် Theoက ကြားဖြတ်ဝင်ပြောလာတော့သည်။
"သူ့မှာ တွဲနေတဲ့ မိန်းကလေးရှိတယ်။"
"ဟယ်...တကယ်လား!? မေမေ့ကို ပြောပြပါဦး။"
"သူနဲ့က အတည်တွဲနေတာ မဟုတ်ပါဘူး။"
"ဒါ ဘယ်လိုစကားကြီးလဲ!? အတည်မတွဲနိုင်ဘဲနဲ့ မိန်းကလေးကို လှည့်စားချင်တာလား!? အဲ့လိုမျိုးတော့ မေမေ မကြိုက်ဘူးနော်။"
"သားတို့က စီးပွါးရေးပိုင်းမှာ ဟန်ဆောင်တွဲပြရုံပါပဲ။ သရုပ်ဆောင်သလိုမျိုးပေါ့။ သူကလည်း သားကို မချစ်ပါဘူး။ တစ်ချိန်ကျရင် လမ်းခွဲကြမယ်လို့ တိုင်ပင်ထားပြီးသား။"
"ဘယ်လိုတွေလဲကွယ်!? မေမေဖြင့် နားကို မလည်နိုင်တော့ပါဘူး။"
"သား တကယ်လက်ထပ်ချင်တဲ့သူ ရှိလာရင် မေမေတို့ဆီကို ပထမဆုံးခေါ်လာပြပါ့မယ်။"
Theoက ဘာမှဝင်မပြောပေမဲ့ စိုင်းရသဦးရဲ့မျက်နှာကို အကဲခတ်ကြည့်မိသည်။ သို့ပေမဲ့ လက်ရှိမှာ မေးလို့ မဖြစ်သေးတာမို့ သည်းခံကာ စောင့်ဆိုင်းခဲ့ရသည်။
တစ်နာရီမျှကြာအောင် စကားပြောပြီးမှ ဒေါ်အေးတို့ဆီကနေ သူတို့သုံးဦးက ပြန်လာကာ စားသောက်ဆိုင်တစ်ခုသို့ ဝင်ခဲ့ကြသည်။
"သိင်္ဂါရ... မင်း အရင်ဝင်ပြီး စားစရာတွေကို ရွေးထားပါလား!? ကိုယ်တို့ စကားခဏပြောပြီးရင် ဝင်လာခဲ့မယ်။"
သိင်္ဂါရကလည်း နားလည်မှုရှိစွာ ခေါင်းညိတ်ပြပြီး ဆိုင်ထဲသို့ ဝင်သွားလေသည်။
"ဘာပြောစရာရှိလို့လဲ!?"
"ရွှေစင်မိုးနဲ့ ဘာဖြစ်လာတာလဲ!?"
"ငါ သူနဲ့ လမ်းခွဲတော့မှာ။"
"ဘာလို့လဲ!? မင်း သူ့ကို တကယ်သဘောကျနေတာပဲ။ ဆက်တွဲလိုက်ပေါ့။"
"သူက ငါ့ကို စိုင်းရသဦးလို့ပဲ သိထားခဲ့တာ။ ငါ့ရဲ့သရုပ်မှန်ကို သိသွားရင် သူ လက်ခံပေးနိုင်မှာ မဟုတ်ဘူး။"
"မင်းက စစ်မရောက်ခင် မြားကုန်နေတာပဲ။"
"မိန်းကလေးတစ်ယောက်ကို မလှည့်စားချင်လို့ စောစောစီးစီး လမ်းခွဲပေးလိုက်တာပါ။"
Theoက ထိုကိစ္စအတွက် သေချာစဉ်းစားပြီး ဆုံးဖြတ်ချက်ချပေးခဲ့ပြန်သည်။
"စိုင်းရသဦးဆိုတဲ့ နေရာကနေ မင်း ဖယ်ပေးဖို့ မလိုပါဘူး။ ငါကလည်း အဲဒီနေရာကို ပြန်မှ မလိုချင်တော့တာ။"
Theoက မူလနေရာကို သူ့အတွက် စွန့်လွှတ်ပေးနိုင်တဲ့အထိ သံယောဇဉ်ကြီးရှာမှန်း သိရချိန်မှာ စိုင်းရသဦးရဲ့စိတ်က ကြည်နူးမိသလိုပင်။
"အဲ့လောက်အထိ လုပ်ပေးဖို့ မလိုပါဘူးကွာ။ တကယ်သာ ဖူးစာပါခဲ့ရင် သေချာပေါက်ပြန်ဆုံမှာပေါ့။ ငါ့စိတ်ထဲမှာလည်း ဘာမှမဖြစ်ပါဘူး။"
ကာယကံရှင်က ငြင်းဆိုနေပြီးမို့ Theoလည်း ထပ်မံတိုက်တွန်းမှုမပြုဘဲ လက်လျှော့သွားခဲ့သည်။
"မင်းကို နောက်ယောင်ခံလိုက်ဖို့ ကိုရာဇာ့ကို ခိုင်းထားတယ်တဲ့။"
"ကိုမင်းခန့်ကို ဘယ်အချိန်လောက်ဆို လှမ်းပြောလိုက်ရမလဲ!?"
"သုံးရက်လောက်နေရင် ပြောလိုက်။ ရွှေစင်မိုးရဲ့အဖေကရော အဆင်ပြေလောက်ပြီလား!?"
"သူကလည်း ငါ လှမ်းပြောတာနဲ့ အဆင်သင့်ဖြစ်အောင် လုပ်ပေးမယ်တဲ့။"
"ဒါဆို နောက်ငါးရက်နေရင် စကြတာပေါ့။"
အချိန်ပေါင်းများစွာကို ရင်းနှီးပြီး အစီအစဉ်ချထားခဲ့သမျှက မကြာခင်မှာ ပြီးမြောက်ပေတော့မည်။ သူတို့နှစ်ဦးကို ချုပ်နှောင်ထားတဲ့ အိပ်မက်ဆိုးတွေကလည်း အဆုံးသတ်တော့မှာမို့ အနာဂတ်ကို ကြိုတွေးပြီး စိတ်လှုပ်ရှားနေမိသည်။
"အစ်ကိုဝီရ..."
နားကြားမှားသွားလေသလားဆိုပြီး စိုင်းရသဦးက Theoကို အံ့အားသင့်စွာ လှည့်ကြည့်ခဲ့လေသည်။
"Theo... ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ!?"
Theoကတော့ တည်ငြိမ်စွာ ဆက်ပြောလာခဲ့သည်။
"ကျွန်တော့်ရဲ့ဘေးမှာ အမြဲတမ်း ရှိပေးခဲ့တာကိုရော၊ ကူညီပေးခဲ့တာကိုရော ကျေးဇူးတင်ပါတယ်။"
Theoဆီက ထိုစကားကို မမျှော်လင့်ထားပေမဲ့ လက်တွေ့ကြားလိုက်ရချိန်မှာ မျက်ရည်ဝဲမိတဲ့အထိ သူ ပျော်ရွှင်ကြည်နူးခဲ့ရပေသည်။
"ငါ မင်းကို ရသလို့ ပြန်ခေါ်လို့ ရလား!?"
"ရပါတယ်။ ဒီအတောအတွင်းမှာ ကျွန်တော့်ရဲ့အပြောအဆိုတွေက ရိုင်းစိုင်းသလို ဖြစ်နေခဲ့လို့ အစ်ကို့ကို တောင်းပန်ပါတယ်။"
"ငါ နားလည်ပါတယ်။ The...မဟုတ်သေးပါဘူး။ ရသ... အခုမှ ပြန်ပြောင်းရတာဆိုတော့ ငါ ကျင့်သားမရသေးဘူး ဖြစ်နေတာ။"
မျက်ရည်တွေကို သိုဝှက်ရင်းနဲ့ ကပျာကယာ ပြောနေရှာတဲ့ အစ်ကို့ကို Theoက နွေးထွေးစွာ ပွေ့ဖက်ပြီး နှစ်သိမ့်ပေးလိုက်တော့သည်။
"ကျွန်တော်တို့ ဟိုးအရင်ကလိုပဲ ပြန်နေသွားကြရအောင်။ အစ်ကိုကလည်း ကျွန်တော့်ကို အစ်ကိုအရင်းတစ်ယောက်လို စောင့်ရှောက်ပေးပါ။ ကျွန်တော်ကလည်း ဘယ်လိုကိစ္စကိုမဆို အစ်ကို့ဆီမှာ ရင်လာဖွင့်ပါ့မယ်။"
ပီတိစိတ်ကြောင့် ထိန်းချုပ်ထားလို့ မရတော့တဲ့ မျက်ရည်တွေက စိုင်းဝီရမောင်ရဲ့ပါးပြင်ထက်သို့ စီးကျလာခဲ့လေပြီ။
"စိတ်ချပါ။ အစ်ကိုက မင်းနဲ့အတူ အမြဲတမ်းရှိနေပေးပါ့မယ်။ မင်းအတွက် တိုင်ပင်ဖော်ပဲဖြစ်ဖြစ်၊ အားကိုးရမယ့်သူပဲဖြစ်ဖြစ် အစ်ကို ဘာမဆိုဖြစ်ပေးနိုင်ပါတယ်။"
အိပ်မက်ထဲမှာတောင် ထည့်မက်ဖို့ မဝံ့ရဲခဲ့တဲ့ ပျော်စရာအချိန်လေးကို သူ ပိုင်ဆိုင်ခွင့်ရလာပြီမို့ မယုံကြည်နိုင်လောက်အောင် ဝမ်းသာမိပေသည်။ ထို့ကြောင့် မျက်ရည်စတွေကို မြန်မြန်သုတ်ပြီး စိုင်းရသဦးနဲ့ လူချင်းပြန်ခွာကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
(*အခုကစပြီး နာမည်အမှန်တွေကိုပဲ စသုံးပါတော့မယ်။)
"အရင်လိုမျိုးပြန်နေခွင့်ပေးတဲ့ မင်းကိုလည်း အစ်ကိုက ကျေးဇူးတင်ပါတယ်။"
"သိင်္ဂါရက ကျွန်တော့်ကို ဖျောင်းဖျပေးခဲ့တာပါ။"
"မင်း ချစ်မိသွားတဲ့သူက အစ်ကိုသိင်္ဂါရ ဖြစ်နေခဲ့တာကို တကယ်ဝမ်းသာမိတယ်။ မင်းရဲ့ဘဝအတွက် သူက အကောင်းဆုံးအဖော်မွန်ပါပဲ။"
"ကဲ... သူလည်း စောင့်နေတာ ကြာရောပေါ့။ အထဲမှာ စကားဆက်ပြောကြရအောင်။"
စားသောက်ဆိုင်ထဲသို့ ဝင်လာတဲ့ သူတို့နှစ်ဦးရဲ့မျက်နှာအမူအရာကို သိင်္ဂါရက အကဲခတ်ပြီး ကြည့်လိုက်မိသည်။
"တစ်ယောက်တည်း ပျင်းနေပြီလား!?"
နံဘေးမှာ ဝင်ထိုင်လိုက်တဲ့ စိုင်းရသဦးကို သိင်္ဂါရက မျက်နှာရိပ်မျက်နှာကဲဖြင့် မေးခဲ့လေသည်။
"အားလုံး အဆင်ပြေသွားပါပြီ။ ဘာမှမပူနဲ့။ ဟုတ်ပြီလား!?"
"ဒါဆို နာမည်အရင်းတွေကိုပဲ ပြန်သုံးကြရင် ပိုမကောင်းဘူးလား!?"
"ကိုယ်တို့ရဲ့အလုပ်ကိစ္စက နည်းနည်းပဲ ကျန်တော့တာ။ အဲဒါတွေပြီးသွားမှ ပြန်သုံးလို့ ရမှာ။ ဒါပေမဲ့ ကိုယ်တို့ချင်း တွေ့ရင်တော့ မင်း ကြိုက်သလို ခေါ်လို့ရပါတယ်။"
သိင်္ဂါရက ထိုစကားကြောင့် ကျေနပ်သွားတဲ့ပုံစံမျိုးပင်။
"အစ်ကိုသိင်္ဂါရ..."
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ စိုင်းဝီရမောင်က လှမ်းခေါ်လိုက်တာမို့ သိင်္ဂါရက အရှေ့သို့ ပြန်လှည့်ကြည့်ကာ မေးခဲ့ရသည်။
"ပြောလေ... ဝီရ။ ဘာဖြစ်လို့လဲ!?"
"အစ်ကို့ကို ကျေးဇူးတင်ကြောင်းပြောချင်လို့ပါ။"
"ဘာလို့ ကျေးဇူးတင်တာလဲ!?"
"ရသက ကျွန်တော့်အပေါ်မှာ အရင်လိုပဲ ပြန်ဆက်ဆံပေးဖို့ အစ်ကိုက ဖျောင်းဖျခဲ့တာတဲ့။ အဲဒီကိစ္စအတွက် ကျေးဇူးတင်ပါတယ်။"
"ဪ...အစ်ကိုက ဘေးကနေ ဖျောင်းဖျရုံပဲ တတ်နိုင်တာပါ။ တကယ်ပြင်ချင်စိတ်ရှိတဲ့သူကမှ ပိုပြီးတော်တာပေါ့။"
"အခု ကိုယ့်ကို တော်တယ်လို့ ပြောလိုက်တာလား!?"
"ဆိုပါတော့။"
"မင်းရဲ့စကားကို ကိုယ် တကယ်နားထောင်ခဲ့တာဆိုတော့ မနက်ကလိုမျိုး နှစ်သိမ့်ဆုလေးပဲ ပေးလို့ မရဘူးနော်။"
"ဝီရ ရှိတယ်လေ။ ဘယ်လိုဖြစ်နေတာလဲ!?"
"ဒါဆို အကြွေးလို့ပဲ ခဏမှတ်ထားပေးမယ်။ အတိုးကတော့ စက္ကန့်အလိုက် တက်နေမှာ။"
ရှေ့တည့်တည့်မှာ ချစ်ကြည်နူးနေကြတဲ့ သိင်္ဂါရတို့ကြောင့် စိုင်းဝီရမောင်ခမျာ မျက်နှာပူလာသလိုပင်။
"ကျွန်တော် ခဏရှောင်နေပေးရမလား!?"
"အစ်ကို ရှောင်ပေးစရာ မလိုပါဘူး။ အိမ်ပြန်ရောက်မှ ကျွန်တော်တို့ချင်း ရှင်းရမှာ။"
အနှောင့်အသွားမလွတ်နိုင်တဲ့ စကားလုံးမျိုးကို စိုင်းရသဦးက ရွေးပြောနေတာမို့ သိင်္ဂါရလည်း ဝင်တားလိုက်ရတော့သည်။
"ဘာတွေ လျှောက်ပြောနေတာလဲ!?"
"ကြင်စဦးတွေဆိုတာက ဒီလိုပါပဲ။ အစ်ကိုဝီရလည်း နောက်တော့ နားလည်သွားမှာပါ။"
"ဘာကို ကြင်စဦးမှာလဲ!? အိမ်ထောင်ကျပြီးတာဖြင့် နှစ်လတောင် ကြာနေပြီကို။"
"ဘယ်လောက်ကြာကြာ ကိုယ့်အတွက်တော့ နေ့ရက်တိုင်းက မင်္ဂလာဦးနေ့ပဲ။"
ပြောလို့ မနိုင်တော့တဲ့ စိုင်းရသဦးကို သိင်္ဂါရက လက်မြှောက်အရှုံးပေးလိုက်ရပြန်သည်။ စိုင်းဝီရမောင်ကတော့ သူတို့နှစ်ဦးကို ကြည့်ပြီး ရယ်မောနေရုံမျှသာ...
"ဝီရက ငါတို့ကို ကြည့်ပြီး အူတက်နေတော့မှာပဲ။"
"အိမ်ထောင်ပြုတာက ကောင်းမှန်း သူ မသိရှာသေးဘူး။ လူပျိုကြီး မဖြစ်အောင်လို့ မြန်မြန်အိမ်ထောင်ချပေးရမယ်။"
"သူ့ဘာသာသူ ဒီအတိုင်းလေး အဆင်ပြေနေတာကို ဒုက္ခသွားမပေးစမ်းပါနဲ့။"
"အိမ်ထောင်ပြုမှ ပိုကောင်းတာ။"
"ဘာကောင်းလို့လဲ!?"
"ကောင်းလွန်းလို့ မင်းဆို ညည်း..."
မကြားဝံ့တဲ့ စကားလုံးတွေ ဆက်ထွက်မလာစေအောင် စိုင်းရသဦးရဲ့ပါးစပ်ကို သိင်္ဂါရက လက်နဲ့ အမြန်ပိတ်ပေးလိုက်တော့သည်။ သူတို့ရဲ့ညစာစားပွဲလေးကလည်း ပျော်ရွှင်စရာတွေနဲ့သာ ပြည့်နှက်နေခဲ့လေသည်။
ဟိုတယ်ခန်းတစ်ခုတွင်-
ကေသရီက ဆီးစစ်တံကို ဆုပ်ကိုင်ထားပေမဲ့ ရလဒ်ကို မကြည့်ရဲခဲ့ပေ။
"မဟုတ်လောက်ပါဘူး။"
ကိုယ့်ကိုယ်ကိုယ် အားပေးစကား ပြောနေပေမဲ့ သူမရဲ့အထင်က မမှားမှန်း သေချာပေါက် သိနေပြန်သည်။ အကြိမ်ကြိမ် တွေးတောပြီးမှ လက်ထဲက ဆီးစစ်တံဆီသို့ သူမ မဝံ့မရဲနဲ့ လှမ်းကြည့်လိုက်မိသည်။
ပေါ်နေတဲ့ အနီကြောင်း(၂)ခုက သူမရဲ့တင်းထားသမျှ စိတ်ဓာတ်အားလုံးကို အောက်ခြေအထိ ဆွဲချသွားသလိုပင်။ အဖေရယ်လို့ ခေါ်စရာလူမရှိတဲ့ ရင်သွေးလေးကို မစွန့်ပစ်ရက်သလို ဆက်လက်ပျိုးထောင်ဖို့လည်း သူမမှာ သတ္တိမရှိတာမို့ အခက်ကြုံနေရလေပြီ။
အချစ်အတွက် ရူးမိုက်မိရာမှ ထိုရူးမိုက်မှုက သူမရဲ့ဘဝကို ပျက်စီးစေခဲ့သည်။ ယခုတော့ ထိုကဲ့သို့သော ဘဝထဲကို ပူပန်စရာတစ်ခုက ထပ်မံဝင်ရောက်လာပေသည်။
"ငါ ဘာဆက်လုပ်ရမလဲ!?"
ငိုကြွေးရင်းနဲ့ ဆက်တိုက်တွေးနေမိတဲ့ သူမရဲ့အသိအာရုံထဲသို့ ရုတ်တရက် ဝင်ရောက်လာသူက Theoပင်...
"နင့်ကြောင့် ငါ့ဘဝက ပျက်စီးခဲ့ရတာ!!!"
တစ်ခန်းလုံးမှာ ပဲ့တင်ထပ်သွားတဲ့အထိ သူမက အော်ဟစ်ပစ်လိုက်ပေမဲ့ မွန်းကြပ်မှုပေါင်းများစွာကတော့ မပျောက်ပျက်နိုင်ဘဲ ကျန်ရှိနေခဲ့လေသည်။ ငိုကြွေးမှုတွေနဲ့ ပြည့်နှက်နေပေမဲ့ ဖေးမပေးမယ့်သူလည်း မရှိတော့တာမို့ ဦးတည်ချက်က ပျောက်ဆုံးနေခဲ့သည်။
"ဒီကလေးကို ငါ ဖျက်ချရမယ်။"
ဆုံးဖြတ်ချက်ကို ချပြီးချိန်မှာပင် စီးကျနေတဲ့ သူမရဲ့မျက်ရည်စက်များက အလိုလိုရပ်တန့်သွားတော့သည်။
"ငါ့ဘဝကို ရှေ့ဆက်လျှောက်ဖို့အတွက် မင်းကို စွန့်လွှတ်မှ ဖြစ်တော့မယ်။ တောင်းပန်ပါတယ်။ ငါက အမေ မဖြစ်ထိုက်တဲ့သူပါ။"
မှန်ပေသည်။
သူမရဲ့လက်ထဲမှာ ကြီးပြင်းလာမယ့် ကလေးက အနာဂတ်ဆိုတာမျိုးလည်း မရှိနိုင်ပေ။
ထို့ကြောင့် သံယောဇဉ်နဲ့ အချည်နှောင်မခံလိုတော့ဘဲ စောစောစီးစီးကပင် ဖြတ်တောက်ဖို့ ရွေးချယ်လိုက်မိသည်။
*အပိုင်း(၇၀)အထိ အကုန်တင်ပေးထားတာမို့ ထွက်မသွားဘဲ ဆက်ဖတ်ပေးကြပါနော်🌹🌹🌹
#Śûè
****************
(Zawgyi Version)
ေ႐ႊစင္မိုးရဲ႕ထူးထူးျခားျခား ခ်ိန္းဆိုမႈေၾကာင့္ စိုင္းရသဦးက ေကာ္ဖီဆိုင္တစ္ခုသို႔ ေရာက္႐ွိ လာခဲ့ရသည္။ သူ ေရာက္ၿပီး ခဏအၾကာမွာ ေ႐ႊစင္မိုးကလည္း ေရာက္႐ွိလာခဲ့သည္။
"ကြၽန္မ ေနာက္မက်ပါဘူးေနာ္။"
စိုင္းရသဦးက လက္က နာရီကို ငုံ႔ၾကည့္ၿပီးမွ ျပန္ေျဖေပးလိုက္သည္။
"ကြက္တိပါပဲ။ ေျပာပါဦး။ ကိုယ့္ကို ေတြ႕ခ်င္ရတဲ့ အေၾကာင္းအရင္းက ဘာလဲ!?"
"အေၾကာင္း႐ွိမွ ေတြ႕ရမယ္ေပါ့။"
"ခ်ိန္းေတြ႕ခ်င္ရင္လည္း ရပါတယ္။ ကိုယ္ ဒီေန႔ ခြင့္ယူလိုက္မယ္။"
"႐ူးေၾကာင္ေၾကာင္ လုပ္မေနနဲ႔။ ျပႆနာက တက္ေနၿပီ။"
"ဘာျပႆနာလဲ!?"
"ေဖေဖက ကြၽန္မတို႔ကို လက္ထပ္ဖို႔ အတင္းတိုက္တြန္းေနတယ္။ အဲဒါ ဘာဆက္လုပ္ရင္ ေကာင္းမလဲ!?"
"မင္းက ကိုယ့္ကို လက္ထပ္ခ်င္လို႔လား!?"
ေသြးေအးစြာ ေမးလာတဲ့ စိုင္းရသဦးေၾကာင့္ ေ႐ႊစင္မိုးက မေက်မနပ္ျဖင့္ လွမ္းၾကည့္လာေတာ့သည္။
"ကိုယ့္ကိုယ္ကိုယ္ အထင္မႀကီးစမ္းပါနဲ႔။"
"မႀကီးပါဘူး။ ခန္႔မွန္းခ်က္အရပဲ ေျပာလိုက္တာ။"
"ကြၽန္မက ႐ွင့္ကို လက္ထပ္ခ်င္တယ္လို႔မ်ား တကယ္ႀကီး ထင္ေနတာလား!?"
"အဲဒီအေတြးသာ မ႐ွိခဲ့ရင္ ဒီေနရာထိေတာင္ မင္း ေရာက္လာမွာ မဟုတ္ဘူး။ ေ႐ႊစင္မိုးဆိုတဲ့ မင္းက ဆႏၵမပါရင္ အျပတ္ျငင္းခ်ပစ္တဲ့သူပဲေလ။ အခု ဒီေနရာအထိ ေရာက္လာတာက ကိုယ့္ဆႏၵကို တမင္စစ္ေဆးၾကည့္ခ်င္လို႔မလား!?"
စိုင္းရသဦးရဲ႕စကားက တစ္ဝက္ေတာ့ မွန္ေပသည္။ ဖခင္ျဖစ္သူရဲ႕တိုက္တြန္းမႈကို ျငင္းဆိုဖို႔ မလြယ္ကူေပမဲ့ စိုင္းရသဦးဆီကေန အေျဖတစ္ခု လိုခ်င္တဲ့စိတ္ေၾကာင့္ သူမ လာခဲ့ျခင္းပင္။
"ဘာမွျပန္မေျဖမွေတာ့ ကိုယ့္ခန္႔မွန္းခ်က္ကလည္း မွန္သြားတဲ့ပုံပဲ။"
"ထင္ရာဆြဲေတြးမေနပါနဲ႔။ ကြၽန္မ ဒီကို လာခဲ့တာက ႐ွင့္ကို ျပတ္ျပတ္သားသားေမးစရာ႐ွိလို႔ပဲ... ကိုစိုင္းရသဦး။"
"ဘာေမးခ်င္လို႔လဲ!? ေမးေလ..."
"ကြၽန္မတို႔က ဘယ္အခ်ိန္အထိ ဒီဇာတ္လမ္းကို ဆက္ကေနရဦးမွာလဲ!? အခုဆို ကြၽန္မတို႔အေၾကာင္းကို စီးပြါးေရးပိုင္းက အကုန္သိေနၾကၿပီ။ သူတို႔ေ႐ွ႕မွာ လိမ္ညာဟန္ေဆာင္ျပရတာကိုလည္း ကြၽန္မ ေတာ္ေတာ္ၿငီးေငြ႕ေနၿပီ။ အဲဒါေၾကာင့္ ဒီဇာတ္လမ္းကို အျမန္ဆုံးသိမ္းေပးႏိုင္မလား!?"
"ကိုယ္ ေသခ်ာေပါက္ သိမ္းေပးမွာပါ။"
ထိုအေျဖေၾကာင့္ သူမ ေပ်ာ္႐ႊင္သင့္ေပမဲ့ ထူးဆန္းစြာပင္ ဝမ္းနည္းစိတ္ဝင္လာမိသည္။
"ဒါေပမဲ့ ရက္ပိုင္းေလာက္ပဲ ထပ္ေစာင့္ေပးဖို႔ ေတာင္းဆိုခ်င္တယ္။"
အခ်ိန္အကန္႔အသတ္နဲ႔ ဟန္ေဆာင္တြဲခဲ့သူမို႔ မခ်စ္မိေအာင္ ထိန္းခ်ဳပ္ထားေပမဲ့ ရင္ခုန္သံက လူေ႐ြးမွားသြားခဲ့ေလသည္။ သူမကို ခ်စ္မလာႏိုင္မယ့္ ေယာက်္ားတစ္ေယာက္အေပၚမွာ ကပ္တြယ္လိုစိတ္က မာနနဲ႔ ႏိႈင္းယွဥ္လွ်င္ ေသးငယ္လြန္းလွသည္။ ထို႔ေၾကာင့္ အျပဳံးနဲ႔ တုံ႔ျပန္ၿပီး လွလွပပေက်ာခိုင္းသြားႏိုင္ဖို႔ သူမ ႀကိဳးစားခဲ့ရသည္။
"ေကာင္းၿပီေလ။ ရက္ပိုင္းပဲဆိုရင္ ၿပီးတာပဲ။ ဒါဆို ကြၽန္မ သြားေတာ့မယ္။"
ေျပာၿပီးၿပီးခ်င္းမွာ သူမက အျမန္ထြက္သြားဖို႔ ဟန္ျပင္လိုက္ေတာ့သည္။
"မိုး..."
ညင္သာတဲ့ ေခၚသံတစ္ခုက သူမရဲ႕ေျခလွမ္းေတြကို ရပ္တန္႔သြားေစသည္။
"ဘာေျပာစရာ က်န္ေသးလို႔လဲ!?"
စိုင္းရသဦးက ခန္႔မွန္းရခက္တဲ့ အျပဳံးနဲ႔ သူမကို လွမ္းၾကည့္ေနခဲ့သည္။
"လမ္းခြဲမယ့္ေန႔က်ရင္ မင္းဆီကို မလာျဖစ္ဖို႔ မ်ားတယ္။ ဒါေပမဲ့ အက်ိဳးအေၾကာင္းကို လူတစ္ေယာက္လႊတ္ၿပီးေတာ့ ေျပာခိုင္းလိုက္ပါ့မယ္။"
ထိုစကားအရ ယခုအခ်ိန္က သူမတို႔အတြက္ ေနာက္ဆုံးေသာ ေတြ႕ဆုံျခင္းမွန္း သိ႐ွိခဲ့ရေပသည္။ ရင္ထဲက ဆစ္ခနဲနာက်င္မႈကို သိုဝွက္ၿပီး စီးက်လာေတာ့မယ့္ မ်က္ရည္စအခ်ိဳ႕ကို အျမန္ထိန္းကာ သူမ ႏႈတ္ဆက္ခဲ့မိသည္။
"ေ႐ွ႕ခရီးတစ္ေလွ်ာက္မွာ ႐ွင္ ေပ်ာ္႐ႊင္ပါေစလို႔ ကြၽန္မ ဆုေတာင္းေပးလိုက္ပါတယ္။"
"ဆုေတာင္းေလးအတြက္ ေက်းဇူးပါပဲ။ မင္းလည္း မင္းကို တကယ္ခ်စ္ျမတ္ႏိုးတဲ့သူမ်ိဳးနဲ႔ ဆုံေတြ႕ႏိုင္ပါေစ။"
ေ႐ႊစင္မိုးက အားတင္းကာ ခပ္ယဲ့ယဲ့ ျပဳံးျပခဲ့ေပမဲ့ ေက်ာခိုင္းလိုက္ခ်ိန္မွာပင္ မ်က္ရည္ကလည္း စီးက်လာေတာ့သည္။ အျခားသူေတြ ေျပာျပဖူးတဲ့ အခ်စ္အေၾကာင္းက သူမ သိခဲ့ရတဲ့ အခ်စ္နဲ႔ေတာ့ တူညီျခင္းလုံးဝမ႐ွိခဲ့ေပ။ သူမရဲ႕အခ်စ္ဇာတ္လမ္းေလးက မစတင္ခင္မွာ အဆုံးသတ္ခဲ့ရတာမို႔ အမွတ္တရမ်ားပင္ မက်န္ရစ္ခဲ့တဲ့ အခ်စ္မ်ိဳးသာ ျဖစ္သည္။
ေ႐ႊစင္မိုးရဲ႕ေက်ာျပင္ေလးကို ေငးၾကည့္ရင္းနဲ႔ ေကာ္ဖီဆိုင္ထဲမွာ က်န္ေနခဲ့တဲ့ စိုင္းရသဦးက သက္ျပင္း႐ွည္တစ္ခုကို ခ်ၿပီးေနာက္ တီးတိုးေရ႐ြတ္လိုက္မိသည္။
"ကိုယ့္ေၾကာင့္ မင္းကို မငိုေစခ်င္ပါဘူး...မိုး။ ဒါေပမဲ့ ဒီဆႏၵကလည္း မျပည့္ေတာ့ဘူး ထင္တယ္။"
လာျခင္းမေကာင္းတဲ့ ဘဝထဲသို႔ ေ႐ႊစင္မိုးကို ဆြဲမသြင္းလိုျခင္းေၾကာင့္ အခ်စ္ဆိုတဲ့အရာနဲ႔ အလွမ္းကြာေအာင္ သူ ေနခဲ့မိသည္။ သို႔ေပမဲ့ လူ႕ခံစားခ်က္က အထိန္းအကြပ္မဲ့တတ္တာမို႔ သူ႕ရဲ႕မွန္းဆမႈက လြဲေခ်ာ္သြားခဲ့ပုံပင္။ ေ႐ႊစင္မိုးအေပၚမွာ ခ်စ္ခဲ့ဖူးသလားဆိုၿပီး ေမးလာခဲ့လွ်င္လည္း ထုတ္ေပးစရာ အေျဖက မ႐ွိမွန္း ေသခ်ာေပသည္။
ေ႐ႊစင္မိုးက သူ႕အတြက္ စိတ္ကူးယဥ္ဆန္တဲ့ ခံစားခ်က္မ်ိဳးကို ပထမဆုံး ေပးစြမ္းႏိုင္ခဲ့တဲ့ မိန္းကေလးတစ္ဦးမွ်သာ...
ထို႔ထက္ပိုၿပီးလည္း သူ မလိုလားခဲ့ေပ။
Secretကုမၸဏီ၏႐ုံးခန္းတြင္-
မီးေလာင္မႈနဲ႔ ပတ္သက္ၿပီး စုံစမ္းခိုင္းထားတဲ့သူက ဦးစိုင္းေမာင္ဆီသို႔ သတင္းလာပို႔ေပးခဲ့ေလသည္။
"မီးေလာင္မႈျဖစ္ၿပီး ဝင္႐ွာၾကည့္ေတာ့မွ အိမ္ထဲမွာ အေလာင္း(၄)ေလာင္း ႐ွိေနတယ္တဲ့။"
"ဘယ္လိုျဖစ္လို႔ အေလာင္းေတြက ႐ွိေနတာလဲ!?"
"အဲဒါကို မသိရေသးပါဘူး။ ဒီကိစၥကို ရဲေတြကလည္း တိတ္တဆိတ္စုံစမ္းေနၾကတယ္။"
"အဲဒီအေလာင္း(၄)ေလာင္းရဲ႕သ႐ုပ္အမွန္ကို ေသခ်ာ႐ွာၾကည့္ေပးထား။ အျမန္ဆုံး သိရဖို႔ အေရးႀကီးတယ္။"
"ဟုတ္ကဲ့။"
သတင္းေပးသမားက ဦးစိုင္းေမာင္ဆီက ေငြယူၿပီး ထြက္ခြာသြားမွ ရာဇာက ထိုအခန္းထဲသို႔ ဝင္ေရာက္လာခဲ့သည္။
"ရာဇာ... မင္းကို ငါ ခိုင္းစရာ႐ွိတယ္။"
"ကြၽန္ေတာ္ ဘာလုပ္ေပးရမွာလဲ!?"
"ဒီေန႔ကစၿပီး စိုင္းရသဦးရဲ႕အေနာက္ကို မင္းကိုယ္တိုင္ လိုက္ေစာင့္ၾကည့္ေပး။"
"ဟုတ္ကဲ့။"
"သူ သြားလာသမွ်ကို ငါ အေသးစိတ္သိခ်င္တယ္။"
"ကြၽန္ေတာ္ ေသခ်ာေစာင့္ၾကည့္ပါ့မယ္။"
ရာဇာက ဦးစိုင္းေမာင္ရဲ႕အမိန္႔စကားကို နာခံခ်င္ဟန္ေဆာင္ၿပီးေနာက္ Theoဆီသို႔ လွမ္းဆက္သြယ္လိုက္ေတာ့သည္။
"Theo...အခု ရသရဲ႕ေနာက္ကို လိုက္ခိုင္းေနၿပီ။"
"အဆင္ေျပတာေပါ့။ ကြၽန္ေတာ္လည္း ရသကို ႀကိဳေျပာေပးထားမယ္။"
"ငါကေရာ ဦးစိုင္းေမာင္ကို ဘာျပန္ေျပာေပးရမွာလဲ!?"
"ျမင္တဲ့အတိုင္းပဲ ေျပာျပေပးလိုက္ပါ။ စီစဥ္ထားသလို ဆက္လုပ္ရမွာေပါ့။ အစ္ကိုဘက္ကေရာ အဆင္သင့္ျဖစ္ၿပီလား!?"
"ငါက အဆင္သင့္ပါပဲ။"
ရာဇာနဲ႔ ဖုန္းေျပာၿပီးခ်ိန္မွာပဲ ဦးစိုင္းေမာင္ဆီက ဖုန္းဝင္လာခဲ့ျပန္သည္။
"မင္းက ေပးထားတဲ့ကတိကို မတည္ခ်င္တာလား...Theo!? Sunnyကုမၸဏီကိုလည္း မင္း ေတာင္းဆိုလို႔ လႊဲေပးၿပီးၿပီ။ ဘာလဲ... မင္းက ယူစရာ႐ွိတာ အကုန္ယူၿပီး ျပန္ေပးဆပ္ဖို႔က်ေတာ့ လက္တြန္႔ေနတာလား!?"
"စိတ္ေလွ်ာ့ပါဦး...အန္ကယ္ရဲ႕။ က်ဳပ္က ေနမေကာင္းလို႔ ခဏအနားယူေနတာပါ။"
"ငါ မင္းကို သည္းခံၿပီး ေစာင့္ေပးတာ ႏွစ္လ႐ွိေနၿပီ။ ဒီထက္ပိုၿပီး မေစာင့္ႏိုင္ေတာ့ဘူး။"
"မနက္ျဖန္က်ရင္ က်ဳပ္ ေသခ်ာေပါက္လာခဲ့ပါ့မယ္။ စိတ္ေအးေအးသာ ထားပါ။ ဟုတ္ၿပီလား!?"
မနီးမေဝးကေန လွမ္းအကဲခတ္ေနတဲ့ သိဂၤါရက ဖုန္းေျပာၿပီးခ်ိန္ေလာက္မွ Theoရဲ႕အနားသို႔ ေရာက္႐ွိလာေလသည္။
"အလုပ္မ်ားေနတာလား!?"
"မမ်ားပါဘူး။ ကိုယ့္အလုပ္ေတြကို ရသကပဲ လုပ္ေပးထားတာ။"
"သူ႕ကို အနားယူဖို႔ၿပီး လုပ္ဖို႔လည္း သတိေပးလိုက္ပါဦး။"
"ေျပာလိုက္ပါ့မယ္။ ဒါနဲ႔ ဒီေန႔ ဘယ္သြားဖို႔ ႐ွိလဲ!?"
"ဦးဝင္းတို႔ဆီ ဖိတ္စာသြားေပးရမယ္။"
"ကိုယ္ လိုက္ခဲ့ပါ့မယ္။ သူတို႔နဲ႔လည္း မေတြ႕ျဖစ္တာ ၾကာၿပီေလ။"
"ပိုေကာင္းတာေပါ့။ ရသကိုလည္း လွမ္းေခၚလိုက္ပါလား!?"
"သူက ဘာျဖစ္လို႔လဲ!?"
"လူစုံရင္ ပိုေပ်ာ္ရမွာ။"
"မင္း သေဘာအတိုင္းပဲ ျဖစ္ေစရမယ္။"
"ဪ... တစ္ခု႐ွိေသးတယ္။"
"ဘာ႐ွိေသးလို႔လဲ!?"
"အစ္ကိုဝီရလို႔ သူ႕ကို ျပန္ေခၚပါလား!? သူက မင္းအေပၚမွာ တကယ္ေကာင္းတဲ့သူပါ။ မင္းတို႔ခ်င္း ရင္းရင္းႏွီးႏွီး ဆက္ဆံၾကတာကို ငါ အျမင္ခ်င္ဆုံးပဲ။"
Theoက ခဏမွ်ၾကာတဲ့အထိ စဥ္းစားၾကည့္မိသည္။ တစ္ခ်ိန္က မိခင္အေပၚ အထင္လြဲခဲ့မိတာမို႔ စိုင္းဝီရေမာင္ကိုပါ မုန္းတီးေနမိျခင္းပင္။ ယခုေတာ့ ထိုအထင္လြဲမႈကို ေျဖ႐ွင္းၿပီးသြားေပမဲ့ ဦးစိုင္းေမာင္ရဲ႕ေသြးသားဆိုတာက သူ႕စိတ္ထဲမွာ ထင္က်န္ေနခဲ့ျပန္သည္။
"ကိုယ္တို႔ရဲ႕ဆက္ဆံေရးက ျပန္အဆင္ေျပဖို႔ မလြယ္ဘူး...သိဂၤါရ။"
"မလြယ္တာလား!? ဒါမွမဟုတ္ လြယ္ေအာင္လို႔ တမင္မလုပ္တာလား!? ငါ သိသေလာက္ကေတာ့ သူ႕ဘက္က မင္းနဲ႔ ပတ္သက္လာရင္ စစ္မွန္တယ္။ အႏြံအတာခံတယ္။ ဒါေပမဲ့..."
"ဒါေပမဲ့... ဘာျဖစ္လို႔လဲ!?"
"မင္းဘက္က သူ႕အေပၚ ဆက္ဆံပုံေတြကို ငါ သေဘာမက်ဘူး။ အထက္စီးဆန္ၿပီး ႐ိုင္းေနတယ္လို႔ ခံစားရတယ္။"
"ကိုယ့္အတြက္ေတာ့ ဒါက ပုံမွန္ပါပဲ။"
"သူက မင္းရဲ႕အခိုင္းအေစ မဟုတ္ဘူး။ မင္းရဲ႕ေနရာမွာ အစားထိုးဝင္ၿပီး ေနေပးရတာက အႏၲရာယ္မ်ားမွန္း သိသာတာပဲေလ။ ဒါေပမဲ့ သူက လိုလိုလားလားနဲ႔ ေနေပးခဲ့တယ္။ မင္းဘက္ကလည္း သူ႕ကို ေကာင္းေကာင္းမြန္မြန္ ျပဳမူဆက္ဆံေပးသင့္တယ္။"
"ကိုယ္တို႔က အေမတူ၊အေဖကြဲတဲ့ ညီအစ္ကိုေတြမွန္း မင္း သိထားတယ္မလား!?"
ထိုစကားေၾကာင့္ သိဂၤါရက အံ့အားသင့္သြားရေတာ့သည္။
"မင္း... ဒါကို ဘယ္လိုလုပ္သိတာလဲ!?"
"ဖြားဖြား မဆုံးခင္က ေျပာျပခဲ့တဲ့အထဲမွာ အဲဒါလည္း ပါတယ္။"
"အားလုံး သိထားရဲ႕သားနဲ႔ ဘာလို႔ သူ႕အေပၚ ဒီလိုမ်ိဳးဆက္ဆံခဲ့ရတာလဲ!?"
"သူက ဦးစိုင္းေမာင္ရဲ႕သားေလ။"
"ဘာပဲျဖစ္ျဖစ္ သူက မင္းအေမရဲ႕ေသြးသားပါ။ အခုဆို မင္းအတြက္ တစ္ဦးတည္းေသာ ေသြးသားရင္းခ်ာဆိုလို႔ သူပဲ ႐ွိေတာ့တာ။"
"ဒီအေၾကာင္းကို ဆက္မေျပာတာ ပိုေကာင္းမယ္ ထင္တယ္။"
"ေ႐ွာင္မေျပးနဲ႔... Theo။ သူက ဘာအျပစ္မွ မ႐ွိဘဲ အမုန္းခံေနရတာ။ တကယ္လို႔ ငါသာ မင္းေနရာမွာဆိုရင္..."
"ကိုယ့္ေနရာကို မင္း ဝင္ၾကည့္လို႔ မရပါဘူး။ မင္းရဲ႕စိတ္က အရာအားလုံးကို ခြင့္လႊတ္ေပးႏိုင္ေပမဲ့ ကိုယ္ကေတာ့ မင္းနဲ႔ တျခားစီပဲ။"
"ဒါဆို ငါ့ကိုေရာ မင္း စိတ္မနာဘူးလား!?"
သိဂၤါရရဲ႕ေမးခြန္းကို Theoက အေျဖျပန္ေပးဖို႔ ခဲယဥ္းသြားေလသည္။
"မိဘက အျပစ္႐ွိလို႔ သားသမီးေတြကို မုန္းရမယ္ဆိုေတာ့ ငါ့ကိုလည္း မုန္းသင့္တာေပါ့။"
ေတြေဝေန႐ွာတဲ့ Theoကို သိဂၤါရက ေလသံေပ်ာ့ေပ်ာ့ျဖင့္ နားခ်ဖို႔ ႀကိဳးစားလိုက္သည္။
"ဝီရက မင္းကို တကယ္ခ်စ္ၿပီး ေကာင္းေပးခဲ့တဲ့ အစ္ကိုတစ္ေယာက္ပါ။ ေသခ်ာျပန္ၿပီးစဥ္းစားၾကည့္ရင္ မင္း ဒုကၡေရာက္ေနခ်ိန္မွာ သူကပဲ မင္းအတြက္ အားကိုးစရာျဖစ္ခဲ့တာ မဟုတ္ဘူးလား!?"
သိဂၤါရ ေျပာသမွ်ကလည္း အမွားမပါခဲ့ေပ။ စိုင္းရသဦးက Theoအတြက္ လိုအပ္သမွ်ကို ျဖည့္ဆည္းေပးၿပီး ကူညီဖို႔ အသင့္႐ွိေနေပးခဲ့သည္။ ထိုအေၾကာင္းေတြကို ေသခ်ာသိထားေပမဲ့ Theoရဲ႕စိတ္က အမုန္းတရားနဲ႔ ေမတၱာၾကားမွာ လြန္ဆြဲေနျခင္းသာ ျဖစ္သည္။
"ငါ့ဆႏၵကို ျဖည့္ဆည္းေပးမယ္မလား!?"
သိဂၤါရရဲ႕ေဖ်ာင္းဖ်မႈေၾကာင့္ Theoကလည္း ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္တစ္ခုကို ခ်ေပးခဲ့ရသည္။
"ကိုယ္ သူ႕ကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးပါ့မယ္။ ဒါေပမဲ့ အေမတူအေဖကြဲအစ္ကိုအေနနဲ႔ မဟုတ္ဘူး။ ကိုယ့္အေပၚမွာ ေကာင္းေပးခဲ့တဲ့ သူစိမ္းအစ္ကိုတစ္ေယာက္အေနနဲ႔ပဲ သတ္မွတ္ေပးႏိုင္မွာ။"
"အဲဒါကို ငါ နားလည္ပါတယ္။ ဒီေလာက္ထိ လိုက္ေလ်ာေပးတာကိုပဲ ေက်နပ္ပါၿပီ။"
"ေက်နပ္႐ုံနဲ႔ ဘယ္ၿပီးမွာလဲ!? ကိုယ့္ကို ဆုခ်ေပးဦးေလ။"
အနားသို႔ တိုးလာတဲ့ Theoရဲ႕ႏႈတ္ခမ္းေပၚမွာ သိဂၤါရက ခပ္ဖြဖြ အနမ္းေလးတစ္ခု အပ္ႏွင္းကာ ျပန္ၿပီးဆုခ်လိုက္မိသည္။
"ရၿပီမလား!?"
"ဟင့္အင္း... ၾကာၾကာနမ္းမွ ရမွာ။"
"သြားစရာ႐ွိလို႔ ေနာက္မွ ထပ္ေပးမယ္။"
အျမန္ထြက္သြားဖို႔ ႀကိဳးစားလိုက္တဲ့ သိဂၤါရက Theoရဲ႕လက္ကေန မလြတ္ႏိုင္ဘဲ ဆိုဖာေပၚသို႔ ေနာက္ျပန္လဲက်သြားေတာ့သည္။
"ေျပးခ်င္ေသးတယ္ေပါ့။"
"ဘယ္မွာ ေျပးလို႔လဲ!?"
"လိုခ်င္တာကို ေတာင္းၿပီးရင္ ကိုယ့္ဘက္ကလည္း ျပန္ေပးဆပ္တတ္ရတယ္။ အေႂကြးမထားေကာင္းဘူး။"
လြယ္လြယ္နဲ႔ မလြတ္ေျမာက္ႏိုင္မွန္း သိေနတဲ့ သိဂၤါရက Theoရဲ႕ႏႈတ္ခမ္းကို ထပ္မံနမ္းခဲ့ရျပန္သည္။ ယခုတစ္ေခါက္မွာေတာ့ Theoရဲ႕ဆႏၵအတိုင္း ၾကာျမင့္စြာ နမ္းေပးခဲ့ျခင္းပင္။
"ရၿပီမလား!?"
"ေ႐ွ႕ကို ဆက္သြားခ်င္ေသးတယ္။"
"ဘယ္ကိုမွ ဆက္မသြားခ်င္နဲ႔။ ဖယ္..."
"ဖယ္လို႔ မရေတာ့ဘူး။"
"Theo... မင္း ေတာ္ေတာ္ဆိုးေနပါလား!?"
"အခုမွ သိတာလား!?"
အတင္းတြန္းဖယ္ၿပီး ထြက္ေျပးခ်င္ေနတဲ့ သိဂၤါရေၾကာင့္ Theoက ျပဳံးမိေလသည္။ သူ႕ရဲ႕စေနာက္မႈကို အမွန္ထင္မွတ္ၿပီး ေၾကာက္ေနပုံေလးက ခ်စ္စရာအတိပဲမို႔ ႐ုပ္တည္တည္နဲ႔ ဆက္ေျပာေနမိျခင္း ျဖစ္သည္။
"ဖယ္ေတာ့... မင္းရဲ႕ကိုယ္က ေလးတယ္။"
"မေလးေအာင္ ေနလို႔ ရသားပဲ။"
သိဂၤါရရဲ႕နား႐ြက္ဖ်ားေလးေတြပါ နီျမန္းလာမွန္း Theoက သတိထားမိသြားခ်ိန္မွာ ဆက္ၿပီး မႏွိပ္စက္ရက္ေတာ့ဘဲ လႊတ္ေပးခဲ့သည္။
"ၾကာလာရင္ ကိုယ္ တကယ္စိတ္ပါသြားလိမ့္မယ္။ မစတာက ပိုေကာင္းပါတယ္။"
သနားစဖြယ္ ေရ႐ြတ္လာတဲ့ Theoကို ၾကည့္ၿပီး သိဂၤါရက မျပဳံးဘဲ မေနႏိုင္ေတာ့ေပ။ သူတို႔ရဲ႕အိမ္ေထာင္သည္ဘဝေလးက ထင္ထားတာထက္ ပိုၿပီးသာယာလွပေနတာမို႔ ေန႔ရက္တိုင္းကို ေပ်ာ္႐ႊင္ေအးခ်မ္းစြာ ျဖတ္သန္းျဖစ္ခဲ့ၾကသည္။ ေနာင္အနာဂတ္မွာလည္း ထိုပုံစံေလးအတိုင္းပဲ သူ ဆက္ေနသြားခ်င္မိသည္။
ညေနပိုင္းအခ်ိန္မွာ Theoနဲ႔သိဂၤါရက ဦးဝင္းတို႔ဆီသို႔ အတူသြားလည္ျဖစ္ခဲ့သည္။
"ဒီေန႔မွပဲ ဆရာေလးတို႔ကို အတူေတြ႕ရေတာ့တယ္။ လိုက္ဖက္လိုက္တာကြယ္။"
"ေဒၚေလးတို႔ဆီကို လာလည္ဖို႔ တိုင္ပင္ထားတာေတာ့ ၾကာပါၿပီ။ ဒီေန႔မွ ဖိတ္စာလာေပးရင္းနဲ႔ တစ္ခါတည္းဝင္လာခဲ့တာ။"
"မဂၤလာပြဲက ဘယ္ေန႔လဲ!?"
"ေ႐ွ႕အပတ္ထဲမွာပါ။"
"လာရမွာေပါ့။ ေသခ်ာေပါက္ လာခဲ့မယ္။"
ေဒၚေအးက သိဂၤါရတို႔ကို ပီတိေဝျဖာစြာျဖင့္ လွမ္းၾကည့္ၿပီး ေျပာလာခဲ့ေလသည္။
"ကေလးေလးေတြေတာင္ အ႐ြယ္ေရာက္လာၾကၿပီပဲ။ က်ဳပ္တို႔လည္း အေတာ္ေလးအိုလာၿပီ ထင္ပါရဲ႕။"
"ဦးေလးရဲ႕မ်က္လုံးထဲမွာ ေဒၚေလးကို အလွဆုံးလို႔ပဲ ျမင္မွာေပါ့။ ဟုတ္တယ္မလား!?"
"ေသခ်ာတာေပါ့။ က်ဳပ္မိန္းမက ဒီကမ႓ာေပၚမွာ အလွဆုံးပဲ။"
"ေလွ်ာက္ေျပာမေနပါနဲ႔။ ေတာ္က မ်က္လုံးမေကာင္းလို႔သာ ဒီလိုစကားမ်ိဳး ေျပာႏိုင္တာ။ ေသခ်ာျမင္ရၾကည့္ပါလား...လန္႔ၿပီး ထြက္မေျပးရင္ေတာင္ ကံေကာင္း။"
သူတို႔အားလုံးက စကားေျပာၿပီး ရယ္ေမာေနၾကခ်ိန္မွာ စိုင္းရသဦးကလည္း ထိုအိမ္ထဲသို႔ ဝင္ေရာက္လာခဲ့သည္။
"အစ္ကိုတို႔က အရင္ေရာက္ေနတာပဲ။"
"သိပ္ေတာ့ မၾကာေသးပါဘူး။ ေစာေစာကမွ ေရာက္တာပါ။"
ေဒၚေအးက သူတို႔ကို အတူဆုံေတြ႕ခြင့္ရတာမို႔ အေတာ္ေလးေပ်ာ္ေနပုံပင္။
"ေနာက္လည္း အခုလိုမ်ိဳးအတူတူလာၾကပါကြယ္။"
"စိတ္ခ်ပါ... ေဒၚေလး။ ကြၽန္ေတာ္တို႔ အလုပ္အားတာနဲ႔ အတူခ်ိန္းၿပီး လာခဲ့ပါ့မယ္။"
"ေဒၚေလးတို႔ကလည္း အၿမဲေမွ်ာ္ေနပါ့မယ္။ ႀကိဳက္တဲ့အခ်ိန္သာ လာခဲ့။ ဆရာေလးတို႔ရဲ႕မဂၤလာပြဲကိုေတာင္ တက္ရေတာ့မယ္။ သားေလးကေရာ ဘယ္ေတာ့ေလာက္ ျဖစ္မလဲ!?"
စိုင္းရသဦးဆီက သူ႕ဆီ လွည့္လာတဲ့ေမးခြန္းကို ျပဳံးလ်က္သာ ေျဖေပးလိုက္သည္။
"သားရဲ႕ပြဲက အေဝးႀကီးလိုပါေသးတယ္။"
"ခ်စ္သူေတြေရာ မ႐ွိေသးဘူးလား!?"
"မ႐ွိပါဘူး... ေမေမရဲ႕။"
ထိုအခ်ိန္မွာပင္ Theoက ၾကားျဖတ္ဝင္ေျပာလာေတာ့သည္။
"သူ႕မွာ တြဲေနတဲ့ မိန္းကေလး႐ွိတယ္။"
"ဟယ္...တကယ္လား!? ေမေမ့ကို ေျပာျပပါဦး။"
"သူနဲ႔က အတည္တြဲေနတာ မဟုတ္ပါဘူး။"
"ဒါ ဘယ္လိုစကားႀကီးလဲ!? အတည္မတြဲႏိုင္ဘဲနဲ႔ မိန္းကေလးကို လွည့္စားခ်င္တာလား!? အဲ့လိုမ်ိဳးေတာ့ ေမေမ မႀကိဳက္ဘူးေနာ္။"
"သားတို႔က စီးပြါးေရးပိုင္းမွာ ဟန္ေဆာင္တြဲျပ႐ုံပါပဲ။ သ႐ုပ္ေဆာင္သလိုမ်ိဳးေပါ့။ သူကလည္း သားကို မခ်စ္ပါဘူး။ တစ္ခ်ိန္က်ရင္ လမ္းခြဲၾကမယ္လို႔ တိုင္ပင္ထားၿပီးသား။"
"ဘယ္လိုေတြလဲကြယ္!? ေမေမျဖင့္ နားကို မလည္ႏိုင္ေတာ့ပါဘူး။"
"သား တကယ္လက္ထပ္ခ်င္တဲ့သူ ႐ွိလာရင္ ေမေမတို႔ဆီကို ပထမဆုံးေခၚလာျပပါ့မယ္။"
Theoက ဘာမွဝင္မေျပာေပမဲ့ စိုင္းရသဦးရဲ႕မ်က္ႏွာကို အကဲခတ္ၾကည့္မိသည္။ သို႔ေပမဲ့ လက္႐ွိမွာ ေမးလို႔ မျဖစ္ေသးတာမို႔ သည္းခံကာ ေစာင့္ဆိုင္းခဲ့ရသည္။
တစ္နာရီမွ်ၾကာေအာင္ စကားေျပာၿပီးမွ ေဒၚေအးတို႔ဆီကေန သူတို႔သုံးဦးက ျပန္လာကာ စားေသာက္ဆိုင္တစ္ခုသို႔ ဝင္ခဲ့ၾကသည္။
"သိဂၤါရ... မင္း အရင္ဝင္ၿပီး စားစရာေတြကို ေ႐ြးထားပါလား!? ကိုယ္တို႔ စကားခဏေျပာၿပီးရင္ ဝင္လာခဲ့မယ္။"
သိဂၤါရကလည္း နားလည္မႈ႐ွိစြာ ေခါင္းညိတ္ျပၿပီး ဆိုင္ထဲသို႔ ဝင္သြားေလသည္။
"ဘာေျပာစရာ႐ွိလို႔လဲ!?"
"ေ႐ႊစင္မိုးနဲ႔ ဘာျဖစ္လာတာလဲ!?"
"ငါ သူနဲ႔ လမ္းခြဲေတာ့မွာ။"
"ဘာလို႔လဲ!? မင္း သူ႕ကို တကယ္သေဘာက်ေနတာပဲ။ ဆက္တြဲလိုက္ေပါ့။"
"သူက ငါ့ကို စိုင္းရသဦးလို႔ပဲ သိထားခဲ့တာ။ ငါ့ရဲ႕သ႐ုပ္မွန္ကို သိသြားရင္ သူ လက္ခံေပးႏိုင္မွာ မဟုတ္ဘူး။"
"မင္းက စစ္မေရာက္ခင္ ျမားကုန္ေနတာပဲ။"
"မိန္းကေလးတစ္ေယာက္ကို မလွည့္စားခ်င္လို႔ ေစာေစာစီးစီး လမ္းခြဲေပးလိုက္တာပါ။"
Theoက ထိုကိစၥအတြက္ ေသခ်ာစဥ္းစားၿပီး ဆုံးျဖတ္ခ်က္ခ်ေပးခဲ့ျပန္သည္။
"စိုင္းရသဦးဆိုတဲ့ ေနရာကေန မင္း ဖယ္ေပးဖို႔ မလိုပါဘူး။ ငါကလည္း အဲဒီေနရာကို ျပန္မွ မလိုခ်င္ေတာ့တာ။"
Theoက မူလေနရာကို သူ႕အတြက္ စြန္႔လႊတ္ေပးႏိုင္တဲ့အထိ သံေယာဇဥ္ႀကီး႐ွာမွန္း သိရခ်ိန္မွာ စိုင္းရသဦးရဲ႕စိတ္က ၾကည္ႏူးမိသလိုပင္။
"အဲ့ေလာက္အထိ လုပ္ေပးဖို႔ မလိုပါဘူးကြာ။ တကယ္သာ ဖူးစာပါခဲ့ရင္ ေသခ်ာေပါက္ျပန္ဆုံမွာေပါ့။ ငါ့စိတ္ထဲမွာလည္း ဘာမွမျဖစ္ပါဘူး။"
ကာယကံ႐ွင္က ျငင္းဆိုေနၿပီးမို႔ Theoလည္း ထပ္မံတိုက္တြန္းမႈမျပဳဘဲ လက္ေလွ်ာ့သြားခဲ့သည္။
"မင္းကို ေနာက္ေယာင္ခံလိုက္ဖို႔ ကိုရာဇာ့ကို ခိုင္းထားတယ္တဲ့။"
"ကိုမင္းခန္႔ကို ဘယ္အခ်ိန္ေလာက္ဆို လွမ္းေျပာလိုက္ရမလဲ!?"
"သုံးရက္ေလာက္ေနရင္ ေျပာလိုက္။ ေ႐ႊစင္မိုးရဲ႕အေဖကေရာ အဆင္ေျပေလာက္ၿပီလား!?"
"သူကလည္း ငါ လွမ္းေျပာတာနဲ႔ အဆင္သင့္ျဖစ္ေအာင္ လုပ္ေပးမယ္တဲ့။"
"ဒါဆို ေနာက္ငါးရက္ေနရင္ စၾကတာေပါ့။"
အခ်ိန္ေပါင္းမ်ားစြာကို ရင္းႏွီးၿပီး အစီအစဥ္ခ်ထားခဲ့သမွ်က မၾကာခင္မွာ ၿပီးေျမာက္ေပေတာ့မည္။ သူတို႔ႏွစ္ဦးကို ခ်ဳပ္ေႏွာင္ထားတဲ့ အိပ္မက္ဆိုးေတြကလည္း အဆုံးသတ္ေတာ့မွာမို႔ အနာဂတ္ကို ႀကိဳေတြးၿပီး စိတ္လႈပ္႐ွားေနမိသည္။
"အစ္ကိုဝီရ..."
နားၾကားမွားသြားေလသလားဆိုၿပီး စိုင္းရသဦးက Theoကို အံ့အားသင့္စြာ လွည့္ၾကည့္ခဲ့ေလသည္။
"Theo... ငါ့ကို ဘယ္လိုေခၚလိုက္တာလဲ!?"
Theoကေတာ့ တည္ၿငိမ္စြာ ဆက္ေျပာလာခဲ့သည္။
"ကြၽန္ေတာ့္ရဲ႕ေဘးမွာ အၿမဲတမ္း ႐ွိေပးခဲ့တာကိုေရာ၊ ကူညီေပးခဲ့တာကိုေရာ ေက်းဇူးတင္ပါတယ္။"
Theoဆီက ထိုစကားကို မေမွ်ာ္လင့္ထားေပမဲ့ လက္ေတြ႕ၾကားလိုက္ရခ်ိန္မွာ မ်က္ရည္ဝဲမိတဲ့အထိ သူ ေပ်ာ္႐ႊင္ၾကည္ႏူးခဲ့ရေပသည္။
"ငါ မင္းကို ရသလို႔ ျပန္ေခၚလို႔ ရလား!?"
"ရပါတယ္။ ဒီအေတာအတြင္းမွာ ကြၽန္ေတာ့္ရဲ႕အေျပာအဆိုေတြက ႐ိုင္းစိုင္းသလို ျဖစ္ေနခဲ့လို႔ အစ္ကို႔ကို ေတာင္းပန္ပါတယ္။"
"ငါ နားလည္ပါတယ္။ The...မဟုတ္ေသးပါဘူး။ ရသ... အခုမွ ျပန္ေျပာင္းရတာဆိုေတာ့ ငါ က်င့္သားမရေသးဘူး ျဖစ္ေနတာ။"
မ်က္ရည္ေတြကို သိုဝွက္ရင္းနဲ႔ ကပ်ာကယာ ေျပာေန႐ွာတဲ့ အစ္ကို႔ကို Theoက ေႏြးေထြးစြာ ေပြ႕ဖက္ၿပီး ႏွစ္သိမ့္ေပးလိုက္ေတာ့သည္။
"ကြၽန္ေတာ္တို႔ ဟိုးအရင္ကလိုပဲ ျပန္ေနသြားၾကရေအာင္။ အစ္ကိုကလည္း ကြၽန္ေတာ္႕ကို အစ္ကိုအရင္းတစ္ေယာက္လို ေစာင့္ေ႐ွာက္ေပးပါ။ ကြၽန္ေတာ္ကလည္း ဘယ္လိုကိစၥကိုမဆို အစ္ကို႔ဆီမွာ ရင္လာဖြင့္ပါ့မယ္။"
ပီတိစိတ္ေၾကာင့္ ထိန္းခ်ဳပ္ထားလို႔ မရေတာ့တဲ့ မ်က္ရည္ေတြက စိုင္းဝီရေမာင္ရဲ႕ပါးျပင္ထက္သို႔ စီးက်လာခဲ့ေလၿပီ။
"စိတ္ခ်ပါ။ အစ္ကိုက မင္းနဲ႔အတူ အၿမဲတမ္း႐ွိေနေပးပါ့မယ္။ မင္းအတြက္ တိုင္ပင္ေဖာ္ပဲျဖစ္ျဖစ္၊ အားကိုးရမယ့္သူပဲျဖစ္ျဖစ္ အစ္ကို ဘာမဆိုျဖစ္ေပးႏိုင္ပါတယ္။"
အိပ္မက္ထဲမွာေတာင္ ထည့္မက္ဖို႔ မဝံ့ရဲခဲ့တဲ့ ေပ်ာ္စရာအခ်ိန္ေလးကို သူ ပိုင္ဆိုင္ခြင့္ရလာၿပီမို႔ မယုံၾကည္ႏိုင္ေလာက္ေအာင္ ဝမ္းသာမိေပသည္။ ထို႔ေၾကာင့္ မ်က္ရည္စေတြကို ျမန္ျမန္သုတ္ၿပီး စိုင္းရသဦးနဲ႔ လူခ်င္းျပန္ခြာကာ ေက်းဇူးတင္စကားဆိုလိုက္သည္။
(*အခုကစၿပီး နာမည္အမွန္ေတြကိုပဲ စသုံးပါေတာ့မယ္။)
"အရင္လိုမ်ိဳးျပန္ေနခြင့္ေပးတဲ့ မင္းကိုလည္း အစ္ကိုက ေက်းဇူးတင္ပါတယ္။"
"သိဂၤါရက ကြၽန္ေတာ့္ကို ေဖ်ာင္းဖ်ေပးခဲ့တာပါ။"
"မင္း ခ်စ္မိသြားတဲ့သူက အစ္ကိုသိဂၤါရ ျဖစ္ေနခဲ့တာကို တကယ္ဝမ္းသာမိတယ္။ မင္းရဲ႕ဘဝအတြက္ သူက အေကာင္းဆုံးအေဖာ္မြန္ပါပဲ။"
"ကဲ... သူလည္း ေစာင့္ေနတာ ၾကာေရာေပါ့။ အထဲမွာ စကားဆက္ေျပာၾကရေအာင္။"
စားေသာက္ဆိုင္ထဲသို႔ ဝင္လာတဲ့ သူတို႔ႏွစ္ဦးရဲ႕မ်က္ႏွာအမူအရာကို သိဂၤါရက အကဲခတ္ၿပီး ၾကည့္လိုက္မိသည္။
"တစ္ေယာက္တည္း ပ်င္းေနၿပီလား!?"
နံေဘးမွာ ဝင္ထိုင္လိုက္တဲ့ စိုင္းရသဦးကို သိဂၤါရက မ်က္ႏွာရိပ္မ်က္ႏွာကဲျဖင့္ ေမးခဲ့ေလသည္။
"အားလုံး အဆင္ေျပသြားပါၿပီ။ ဘာမွမပူနဲ႔။ ဟုတ္ၿပီလား!?"
"ဒါဆို နာမည္အရင္းေတြကိုပဲ ျပန္သုံးၾကရင္ ပိုမေကာင္းဘူးလား!?"
"ကိုယ္တို႔ရဲ႕အလုပ္ကိစၥက နည္းနည္းပဲ က်န္ေတာ့တာ။ အဲဒါေတြၿပီးသြားမွ ျပန္သုံးလို႔ ရမွာ။ ဒါေပမဲ့ ကိုယ္တို႔ခ်င္း ေတြ႕ရင္ေတာ့ မင္း ႀကိဳက္သလို ေခၚလို႔ရပါတယ္။"
သိဂၤါရက ထိုစကားေၾကာင့္ ေက်နပ္သြားတဲ့ပုံစံမ်ိဳးပင္။
"အစ္ကိုသိဂၤါရ..."
မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတဲ့ စိုင္းဝီရေမာင္က လွမ္းေခၚလိုက္တာမို႔ သိဂၤါရက အေ႐ွ႕သို႔ ျပန္လွည့္ၾကည့္ကာ ေမးခဲ့ရသည္။
"ေျပာေလ... ဝီရ။ ဘာျဖစ္လို႔လဲ!?"
"အစ္ကို႔ကို ေက်းဇူးတင္ေၾကာင္းေျပာခ်င္လို႔ပါ။"
"ဘာလို႔ ေက်းဇူးတင္တာလဲ!?"
"ရသက ကြၽန္ေတာ့္အေပၚမွာ အရင္လိုပဲ ျပန္ဆက္ဆံေပးဖို႔ အစ္ကိုက ေဖ်ာင္းဖ်ခဲ့တာတဲ့။ အဲဒီကိစၥအတြက္ ေက်းဇူးတင္ပါတယ္။"
"ဪ...အစ္ကိုက ေဘးကေန ေဖ်ာင္းဖ်႐ုံပဲ တတ္ႏိုင္တာပါ။ တကယ္ျပင္ခ်င္စိတ္႐ွိတဲ့သူကမွ ပိုၿပီးေတာ္တာေပါ့။"
"အခု ကိုယ့္ကို ေတာ္တယ္လို႔ ေျပာလိုက္တာလား!?"
"ဆိုပါေတာ့။"
"မင္းရဲ႕စကားကို ကိုယ္ တကယ္နားေထာင္ခဲ့တာဆိုေတာ့ မနက္ကလိုမ်ိဳး ႏွစ္သိမ့္ဆုေလးပဲ ေပးလို႔ မရဘူးေနာ္။"
"ဝီရ ႐ွိတယ္ေလ။ ဘယ္လိုျဖစ္ေနတာလဲ!?"
"ဒါဆို အေႂကြးလို႔ပဲ ခဏမွတ္ထားေပးမယ္။ အတိုးကေတာ့ စကၠန္႔အလိုက္ တက္ေနမွာ။"
ေ႐ွ႕တည့္တည့္မွာ ခ်စ္ၾကည္ႏူးေနၾကတဲ့ သိဂၤါရတို႔ေၾကာင့္ စိုင္းဝီရေမာင္ခမ်ာ မ်က္ႏွာပူလာသလိုပင္။
"ကြၽန္ေတာ္ ခဏေ႐ွာင္ေနေပးရမလား!?"
"အစ္ကို ေ႐ွာင္ေပးစရာ မလိုပါဘူး။ အိမ္ျပန္ေရာက္မွ ကြၽန္ေတာ္တို႔ခ်င္း ႐ွင္းရမွာ။"
အေႏွာင့္အသြားမလြတ္ႏိုင္တဲ့ စကားလုံးမ်ိဳးကို စိုင္းရသဦးက ေ႐ြးေျပာေနတာမို႔ သိဂၤါရလည္း ဝင္တားလိုက္ရေတာ့သည္။
"ဘာေတြ ေလွ်ာက္ေျပာေနတာလဲ!?"
"ၾကင္စဦးေတြဆိုတာက ဒီလိုပါပဲ။ အစ္ကိုဝီရလည္း ေနာက္ေတာ့ နားလည္သြားမွာပါ။"
"ဘာကို ၾကင္စဦးမွာလဲ!? အိမ္ေထာင္က်ၿပီးတာျဖင့္ ႏွစ္လေတာင္ ၾကာေနၿပီကို။"
"ဘယ္ေလာက္ၾကာၾကာ ကိုယ့္အတြက္ေတာ့ ေန႔ရက္တိုင္းက မဂၤလာဦးေန႔ပဲ။"
ေျပာလို႔ မႏိုင္ေတာ့တဲ့ စိုင္းရသဦးကို သိဂၤါရက လက္ေျမႇာက္အ႐ႈံးေပးလိုက္ရျပန္သည္။ စိုင္းဝီရေမာင္ကေတာ့ သူတို႔ႏွစ္ဦးကို ၾကည့္ၿပီး ရယ္ေမာေန႐ုံမွ်သာ...
"ဝီရက ငါတို႔ကို ၾကည့္ၿပီး အူတက္ေနေတာ့မွာပဲ။"
"အိမ္ေထာင္ျပဳတာက ေကာင္းမွန္း သူ မသိ႐ွာေသးဘူး။ လူပ်ိဳႀကီး မျဖစ္ေအာင္လို႔ ျမန္ျမန္အိမ္ေထာင္ခ်ေပးရမယ္။"
"သူ႕ဘာသာသူ ဒီအတိုင္းေလး အဆင္ေျပေနတာကို ဒုကၡသြားမေပးစမ္းပါနဲ႔။"
"အိမ္ေထာင္ျပဳမွ ပိုေကာင္းတာ။"
"ဘာေကာင္းလို႔လဲ!?"
"ေကာင္းလြန္းလို႔ မင္းဆို ညည္း..."
မၾကားဝံ့တဲ့ စကားလုံးေတြ ဆက္ထြက္မလာေစေအာင္ စိုင္းရသဦးရဲ႕ပါးစပ္ကို သိဂၤါရက လက္နဲ႔ အျမန္ပိတ္ေပးလိုက္ေတာ့သည္။ သူတို႔ရဲ႕ညစာစားပြဲေလးကလည္း ေပ်ာ္႐ႊင္စရာေတြနဲ႔သာ ျပည့္ႏွက္ေနခဲ့ေလသည္။
ဟိုတယ္ခန္းတစ္ခုတြင္-
ေကသရီက ဆီးစစ္တံကို ဆုပ္ကိုင္ထားေပမဲ့ ရလဒ္ကို မၾကည့္ရဲခဲ့ေပ။
"မဟုတ္ေလာက္ပါဘူး။"
ကိုယ့္ကိုယ္ကိုယ္ အားေပးစကား ေျပာေနေပမဲ့ သူမရဲ႕အထင္က မမွားမွန္း ေသခ်ာေပါက္ သိေနျပန္သည္။ အႀကိမ္ႀကိမ္ ေတြးေတာၿပီးမွ လက္ထဲက ဆီးစစ္တံဆီသို႔ သူမ မဝံ့မရဲနဲ႔ လွမ္းၾကည့္လိုက္မိသည္။
ေပၚေနတဲ့ အနီေၾကာင္း(၂)ခုက သူမရဲ႕တင္းထားသမွ် စိတ္ဓာတ္အားလုံးကို ေအာက္ေျခအထိ ဆြဲခ်သြားသလိုပင္။ အေဖရယ္လို႔ ေခၚစရာလူမ႐ွိတဲ့ ရင္ေသြးေလးကို မစြန္႔ပစ္ရက္သလို ဆက္လက္ပ်ိဳးေထာင္ဖို႔လည္း သူမမွာ သတၱိမ႐ွိတာမို႔ အခက္ၾကဳံေနရေလၿပီ။
အခ်စ္အတြက္ ႐ူးမိုက္မိရာမွ ထို႐ူးမိုက္မႈက သူမရဲ႕ဘဝကို ပ်က္စီးေစခဲ့သည္။ ယခုေတာ့ ထိုကဲ့သို႔ေသာ ဘဝထဲကို ပူပန္စရာတစ္ခုက ထပ္မံဝင္ေရာက္လာေပသည္။
"ငါ ဘာဆက္လုပ္ရမလဲ!?"
ငိုေႂကြးရင္းနဲ႔ ဆက္တိုက္ေတြးေနမိတဲ့ သူမရဲ႕အသိအာ႐ုံထဲသို႔ ႐ုတ္တရက္ ဝင္ေရာက္လာသူက Theoပင္...
"နင့္ေၾကာင့္ ငါ့ဘဝက ပ်က္စီးခဲ့ရတာ!!!"
တစ္ခန္းလုံးမွာ ပဲ့တင္ထပ္သြားတဲ့အထိ သူမက ေအာ္ဟစ္ပစ္လိုက္ေပမဲ့ မြန္းၾကပ္မႈေပါင္းမ်ားစြာကေတာ့ မေပ်ာက္ပ်က္ႏိုင္ဘဲ က်န္႐ွိေနခဲ့ေလသည္။ ငိုေႂကြးမႈေတြနဲ႔ ျပည့္ႏွက္ေနေပမဲ့ ေဖးမေပးမယ့္သူလည္း မ႐ွိေတာ့တာမို႔ ဦးတည္ခ်က္က ေပ်ာက္ဆုံးေနခဲ့သည္။
"ဒီကေလးကို ငါ ဖ်က္ခ်ရမယ္။"
ဆုံးျဖတ္ခ်က္ကို ခ်ၿပီးခ်ိန္မွာပင္ စီးက်ေနတဲ့ သူမရဲ႕မ်က္ရည္စက္မ်ားက အလိုလိုရပ္တန္႔သြားေတာ့သည္။
"ငါ့ဘဝကို ေ႐ွ႕ဆက္ေလွ်ာက္ဖို႔အတြက္ မင္းကို စြန္႔လႊတ္မွ ျဖစ္ေတာ့မယ္။ ေတာင္းပန္ပါတယ္။ ငါက အေမ မျဖစ္ထိုက္တဲ့သူပါ။"
မွန္ေပသည္။
သူမရဲ႕လက္ထဲမွာ ႀကီးျပင္းလာမယ့္ ကေလးက အနာဂတ္ဆိုတာမ်ိဳးလည္း မ႐ွိႏိုင္ေပ။
ထို႔ေၾကာင့္ သံေယာဇဥ္နဲ႔ အခ်ည္ေႏွာင္မခံလိုေတာ့ဘဲ ေစာေစာစီးစီးကပင္ ျဖတ္ေတာက္ဖို႔ ေ႐ြးခ်ယ္လိုက္မိသည္။
*အပိုင္း(၇၀)အထိ အကုန္တင္ေပးထားတာမို႔ ထြက္မသြားဘဲ ဆက္ဖတ္ေပးၾကပါေနာ္🌹🌹🌹
#Śûè
****************