Mr.Silent (Completed)

By D_Yayy_Nine

173K 14.7K 1.2K

သူ့တစ်ယောက်တည်းကို ကွက်ပြီး သစ်စိမ်းချိုး ချိုးနေတဲ့အချေကိုယ်တော်လေးကိုမှ ချစ်မိသွားတဲ့ညီသုတနဲ့.. ရှောင်ပြေးခ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part- 14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50 (Final Part)
Extra-1
Extra-2

Part-39

2.4K 234 14
By D_Yayy_Nine

Unicode Version

နောက်တစ်ရက်၌ ညီသုတအလုပ်သို့ရောက်သွားချိန်တွင် ရှင်းသန့်မောင်တို့ ဌာနတစ်ခုလုံး ပုံမှန်နှင့်မတူဘဲ ပျာယာခတ်နေကြသောကြောင့် ညီသုတမှာ ပြဿနာတစ်စုံတစ်ရာဖြစ်သည်အထင်နှင့် ကိုယ့်နေရာတွင်သာ အသာထိုင်ကာ ငြိမ်နေလိုက်သည်။

ခဏအကြာတွင် ဌာနထဲသို့ ရှင်းသန့်မောင်တစ်ယောက် အမောတကောရောက်ချလာသည်။ သူသည် ရေတစ်ခွက်ကို အားရပါးရမော့သောက်လိုက်ပြီး ညီသုတရှိရာနေရာသို့ လျှောက်လာသည်။ ထိုအခိုက်မှာပင် လှယမင်းသွယ်ကလည်း ဌာနထဲသို့ အပြေးအလွှားရောက်လာသည်။

ထောင့်နားရှိ ညီသုတတို့ကိုမြင်သွားသည်နှင့် သူ(မ)သည် သူတို့နားသို့ အမြန်ရောက်လာလေသည်။

"အစ်ကို ဌာနမှူးအသစ်က ဒီနေ့ရောက်လာမှာဆို"

သူ(မ)၏အမေးကြောင့် ညီသုတလည်း ရှင်းသန့်မောင်ထံမှ ပြန်ဖြေလာမည့်စကားကို စိတ်ဝင်တစားနားစွင့်မိသည်။

"ဟုတ်တယ်။ ရောက်တောင်ရောက်နေပြီ။ အခု စီအီးအိုရဲ့ရုံးခန်းထဲမှာ။ မကြာခင် ဌာနထဲကိုရောက်လာလိမ့်မယ်ထင်တယ်"

"​ဌာနမှူးအသစ်က ဘယ်လိုနေလဲမသိဘူး"

"ငါတော့ စည်းကမ်းတင်းကြပ်လိမ့်မယ်ထင်တယ်"

ရှင်းသန့်မောင်၏စကားကြောင့် ဌာနထဲရှိလူတော်တော်များများသည် သိလိုစိတ်နှင့် အနားကိုရောက်လာကြသည်။

"ဘာလို့လဲ"

"ဘယ်လိုပြောရမလဲ။ သူ့ကိုမြင်လိုက်တာနဲ့ ပထမဆုံးခံစားမိတာက အေးခဲသွားတဲ့ခံစားချက်မျိုး"

ရှင်းသန့်မောင်၏စကား​နှင့်ပင် ဌာနတစ်ခုလုံးအေးခဲသွားကြလေသည်။ အချို့လူများကတော့ ထိုစကားကို အကျယ်ချဲ့၍ပြောသည်ဟု ထင်မှတ်ကြသဖြင့် စိတ်ထဲသိပ်မထားကြချေ။

သို့သော် ဌာနထဲသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာသော အမျိုးသားကိုမြင်ရလေသောအခါ အမျိုးသမီးငယ်များသည် ငေးခနဲဖြစ်သွားရပြီး အမျိုးသားများကတော့ အားကျနေရရုံသာတတ်နိုင်ပေသည်။ အကြောင်းမှာ ဌာနမှူးအသစ်သည် သူတို့ထင်ထားသလို သက်ကြီးပိုင်းထဲမှမဟုတ်ဘဲ လူငယ်အရွယ်မျှသာရှိသေးသည့်အပြင် ရုပ်ရည်အရလည်း လွန်စွာချောမောနေသောကြောင့် ဖြစ်ပေသည်။

ကာရန်ရှင်းသည် အေးတိအေးစက်မျက်နှာထားနှင့် ဌာနထဲ၌ လျှောက်ပတ်ကြည့်နေချိန်တွင် အရပ်မျက်နှာအဖက်ဖက်မှ သူ့အားငေးကြည့်နေကြသူများကို လျစ်လျူရှုကာ မိတ်ဆက်ရန်ပြင်လိုက်သည်။ သို့သော် မိတ်ဆက်ရန် နှုတ်ဟလိုက်ချိန်မှာပင် ထောင့်တစ်နေရာ၌ ကျုံ့ကျုံ့လေးမတ်တပ်ရပ်ကာ သူ့အား မယုံကြည်နိုင်စွာ ငေးကြည့်နေပါလေသော ညီသုတကို မြင်လိုက်ရချိန်တွင် နှလုံးခုန်သံတို့က ရင်တစ်ခုလုံးဗြောင်းဆန်သွားအောင် မရပ်မနားခုန်လှုပ်လာလေသည်။

ဤလုပ်ငန်းခွင်သို့ သူရောက်လာရခြင်းမှာ အဘိုးဖြစ်သူက သတင်းစာရှင်းလင်းပွဲမလုပ်မီ ကိစ္စအရှုပ်အရှင်းများ မဖြစ်ချင်သေးသဖြင့် သူရှယ်ယာဝင်ထားသောကုမ္ပဏီတစ်ခုတွင် ယာယီဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း အတွေ့အကြုံယူထားရန် တောင်းဆိုလာသောကြောင့်ပင်။ အဘိုးဖြစ်သူ မြန်မာပြည်သို့ရောက်မလာမချင်း သူကဤနေရာ၌သာ နေရန်ဖြစ်သည်။

မူလက အဘိုး၏ကိုးရို့ကားယားအစီအစဥ်ကို သူသဘောမကျခဲ့သော်ငြား ယခုတော့ဖြင့် အကြောင်းအရင်းကို သိလိုက်ပေပြီ။ သူ့အဘိုးသည် သူနှင့်ညီသုတကို ပေးတွေ့ချင်ခဲ့သောဆန္ဒ​ကြောင့် ယခုလိုစီစဥ်လိုက်ခြင်းသာ။

ကာရန်ရှင်းအံ့သြနေခိုက် ဌာနထဲရှိဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းက သူ့အနားသို့ ရောက်လာပြီး မိတ်ဆက်ကြသည်။ သူကမူ မလှုပ်မယှက်နှင့်သာ ရပ်နေပြီး အကြည့်ကလည်း ညီသုတထံတွင်သာ တည်မြဲနေပေသည်။

ညီသုတ၏မျက်နှာမှာ ထိတ်လန့်အံ့သြမှုကြောင့် ဖြူဖပ်ဖြူရော်ဖြစ်လာသောအခါတွင် ကာရန်ရှင်းမှာ မနေနိုင်တော့ဘဲ သူ့အနားသို့ အပြေးအလွှားသွားမိတော့သည်။ တုန်လှုပ်နေသောခန္ဓာကိုယ်သည် လဲကျတော့မယောင် ထင်ရသောကြောင့် ဆွဲကိုင်ကာထိန်းပေးမိမည်အပြု ညီသုတကလက်မခံဘဲ သူ့လက်ကိုပုတ်ထုတ်ကာ ဌာနထဲမှပြေးထွက်သွားလေသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရသူအပေါင်းမှာလည်း ဌာနမှူးအသစ်ကို မထီမဲ့မြင်ပြုရဲသော ညီသုတကို မျက်လုံးအပြူးသားနှင့် ငေးကြည့်ကာ ကျန်နေခဲ့ရလေသည်။ ကာရန်ရှင်းမှာမူ အတော်ကြာသည်အထိ နေရာတွင်သာ အကြောင်သားရပ်နေမိပြီး ညီသုတပုတ်ထုတ်လိုက်သော သူ့လက်တစ်ဖက်ကို အကြောင်းမဲ့စိုက်ကြည့်နေမိသည်။

"ကိုယ့်အလုပ်ကိုဆက်လုပ်ကြ"

ထိုစကားတစ်ခွန်းသာပြောပြီး ကာရန်ရှင်းလည်း ညီသုတအနောက်သို့ လိုက်သွားလေတော့သည်။

ညီသုတသည် သန့်စင်ခန်းထဲသို့ ဝင်သွားသည်ကို ဖျတ်ခနဲမြင်လိုက်သော် လိုက်သွားသင့်၊မသွားသင့် ဆင်ခြင်နေမိသော်လည်း လိုက်သွားလိုစိတ်က ပိုသာသောကြောင့် သန့်စင်ခန်းထဲသို့ ဝင်သွားလိုက်သည်။

အထဲသို့ဝင်သွားသည်နှင့် ပထမဆုံးကြားလိုက်ရသည်မှာ ဘေစင်မှ ရေကျသံ။ ထို့နောက် ညီသုတ၏ပင့်သက်ရှိုက်သံခပ်သဲ့သဲ့။ အသံသည် တိုးညင်းလွန်းသဖြင့် သူကိုယ်တိုင်ပင် အတော်အာရုံစိုက်၍ နားထောင်မှကြားရလေသည်။

ကာရန်ရှင်းလည်း သန့်စင်ခန်းတံခါးကို အတွင်းမှလော့ချလိုက်ပြီး ညီသုတအနားသို့ ခပ်ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။

"သုတ မင်းအဆင်ပြေရဲ့လား"

ညီသုတသည် သူ့အသံကိုကြားသည်နှင့် အလျင်အမြန်မျက်နှာသစ်လိုက်ပြီး တာဝါတစ်ခုဆွဲယူကာ သုတ်နေလေသည်။ ထို့နောက် ကာရန်ရှင်းဘက်သို့ ဖြည်းညင်းစွာ လှည့်လာပြီး ဒေါသများဝန်းရံသောအကြည့်တို့နှင့် စိုက်ကြည့်နေလေ၏။ ထိုအကြည့်ကို လက်ခံရရှိသော ကာရန်ရှင်းခမျာ သေမတတ်ကြောက်လန့်သွားမိသည်ကို ဘယ်သူသိနိုင်မည်လဲ။

"ငါ့ကို ဘယ်အချိန်အထိ ဒုက္ခပေးနေဦးမှာလဲ"

"ငါ.."

"ဒီနေရာအထိပါ မင်းရောက်လာမယ်ဆိုရင် ငါ့မှာပြေးစရာမြေမရှိတော့ပါဘူး"

"မဟုတ်ဘူး သုတ..။ ငါ ဒီကိုပြန်လာတာ မင်းနဲ့တွေ့ချင်လို့။ တွေ့ပြီးတော့.."

"မင်းအတွက်နဲ့ ဘယ်လောက်အထိ ပြိုလဲစေချင်နေတာလဲ။ ဟမ် ပြောစမ်းပါ။ အဲ့လိုပုံစံမျိုးနဲ့ ငါ့ကိုနာကျင်အောင်လုပ်ပြီး ထွက်သွားခဲ့ပြီဆိုရင်လည်း ရောက်တဲ့နေရာမှာပျော်အောင်ဆက်နေလိုက်ပါတော့လား။ ဘာလို့ငါရှိတဲ့နေရာတိုင်းမှာ ပေါ်လာရတာလဲ"

"ငါတောင်းပန်ပါတယ်"

"ဒါမှမဟုတ် ငါကပဲ အကဲပိုနေတာလား။ မင်းကတော့ ငါ့ကို မြင်တွေ့နေရလည်း ဘာမှမဖြစ်သလို ဆက်ဆံနိုင်နေပေမယ့် ငါကတော့ အခုလိုသောင်းကျန်းနေမိတာ ငါကပဲအသားလွတ်ကြီးရန်ရှာသလိုဖြစ်နေလား။ ဟမ်!! "

ကာရန်ရှင်းသည် အပြင်ပန်းအရသာ တည်ငြိမ်နေသော်လည်း စိတ်ထဲမှာမူ ကမ္ဘာပျက်နေလေပြီ။

"အထင်မလွဲပါနဲ့။ ငါရှင်းပြမယ်"

"အထင်မလွဲစေချင်ရင် မင်းလည်း မင်းရဲ့နေရာမှာနေပြီး မင်းအလုပ်သာလုပ်။ ငါလည်း ငါ့နေရာမှာနေပြီး ငါ့အလုပ်ကိုလုပ်မယ်။ ဒါ ငါနားလည်ပေးနိုင်တဲ့ နောက်ဆုံးအတိုင်းအတာပဲ။ ငါတို့ ဒီ့ထက်ပိုပြီး ဘာမှပတ်သက်စရာမရှိဘူး"

"မဟုတ်ဘူး။ ငါမင်းနဲ့အဲ့လိုမနေနိုင်ဘူး"

သူ့စကားကို လျစ်လျူရှုကာ အနားမှထွက်သွားရန် ပြင်နေသော ညီသုတကို တားဆီးရန် လက်တစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်သည်။

"ငါ့ကိုလွှတ်။ မဟုတ်ရင် ငါဘာလုပ်မိမလဲမသိတာမို့"

ကာရန်ရှင်းသည် လွှတ်ပေးလိုက်သင့်သည်ဟု တွေးနေမိသော်လည်း သူ့လက်များက မလွှတ်ရက်နိုင်။ သူတစ်ယောက်တည်း ချီတုံချတုံဖြစ်နေဆဲမှာပင် ညီသုတသည် သူ့လက်ကိုလွှတ်ချကာ ထွက်သွားရန်ပြင်သည်။

သို့သော် သူသည် ရေအိုင်ငယ်လေးတစ်ခုလို ဖြစ်နေသော ကြမ်းပြင်ရှိရေကွက်တစ်ခုကို သတိလက်လွတ်နင်းဖြတ်သွားရန် ဟန်ပြင်နေသည်ကို ကာရန်ရှင်းမြင်လိုက်ရသောအခါ အလောတကြီးနှင့် ညီသုတကို အားကုန်သုံးကာ သူ့ဘက်သို့ ဆွဲခေါ်လိုက်မိသည်။

သို့သော် ညီသုတကမူ အထင်လွဲပြီးရင်းလွဲကာ အတင်းအကြပ်ကိုင်ချုပ်ထားရန်ပြင်နေသော ကာရန်ရှင်း၏မျက်နှာကို အားပြင်းသည့်လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ကာရန်ရှင်းဟာ ယခုအချိန်တွင် ညီသုတထက် ခွန်အားအရာ၌ သာလွန်ကောင်းသာလွန်နိုင်သော်လည်း သတိလက်လွတ်ဖြစ်သွားသဖြင့် လဲကျသွားရသည်အထိပင်။

အားလွန်၍ ကြမ်းပြင်တွင် လဲကျသွားခိုက် ညီသုတထွက်သွားသောအသံကို ကြားလိုက်ရသော်လည်း ဘာမှမတုံ့ပြန်မိ။ အထိုးခံလိုက်ရသော နှုတ်ခမ်းထောင့်နားကို လက်မနှင့်တို့ထိရင်း နှုတ်ခမ်းထောင့်နားမှမဟုတ်သည့် ရင်ဘတ်ထဲမှ နာကျင်မှုကို ကြိတ်မှိတ်ကာခံစားနေရသည်။

"ဒီလောက်တောင်ပဲလား..."

သူ့မှာပြိုလဲနေချိန်ပင် မရ။ ​ထွက်ပြေးသွားပါသော ညီသုတအဆင်ပြေမပြေသိလိုသေးသဖြင့် ဌာနထဲသို့ တိတ်တဆိတ်ပြန်လာခဲ့သည်။ ဌာနမှူးအသစ်ဟူသော ဖြစ်တည်မှုကြောင့် သူဝင်သွားသည်နှင့် အားလုံး၏အာရုံမှာ သူ့ထံသို့ပြန်ရောက်လာသည်။

ဤတစ်ကြိမ်တွင်တော့ အားလုံးသည် ရှေ့ဆင့်နောက်ဆင့်ပြန်ဝင်လာကြသော သူတို့နှစ်ဦးအား တစ်လှည့်စီကြည့်ကာ အသံတိတ်အကဲခတ်နေကြ၏။

"ခုနကကိုယ့်ကိုယ်ကိုယ်မိတ်မဆက်ရသေးဘူးပဲ။ ငါကမင်းတို့ရဲ့အရင်ဌာနမှူးနေပြန်မကောင်းမချင်း မင်းတို့ဌာနကို တာဝန်ယူရမယ့် ယာယီဌာနမှူး ကာရန်ရှင်းပါ"

ရုတ်ချည်းမိတ်ဆက်လိုက်မှုကြောင့် ကို့ရို့ကားယားဖြစ်နေသော ရုံးခန်းတွင်းလေထုကို ရှင်းသန့်မောင်ကပင် ပုံမှန်ပြန်ဖြစ်အောင် ထိန်းရပေတော့သည်။

"ဟုတ်ကဲ့။ ကျွန်တော်က ဒီဌာနရဲ့မန်နေဂျာပါ။ တကယ်လို့ ဌာနမှူးလိုအပ်တာရှိရင် ကျွန်တော့်ကိုရှာနိုင်ပါတယ်။ အခုတော့ ဌာနမှူးရဲ့ရုံးခန်းထဲကို သွားတော့မလားဗျ"

ရှင်းသန့်မောင်သည် အသက်အားဖြင့်ဆိုလျှင် ကာရန်ရှင်းထက် ပိုကြီးသော်ငြား ရာထူးအနေအထားအရ နိမ့်သည်ဖြစ်ရာ ကာရန်ရှင်းကို ယဥ်ယဥ်ကျေးကျေးပြောဆိုရန်သာ ရွေးချယ်လိုက်သည်။

ကာရန်ရှင်းကလည်း လူအုပ်ကြားထဲတွင်ရောနှောကာ သူ့ကိုပုန်းရှောင်ရန်ကြိုးစားနေသော ညီသုတ၏တစ်ခြမ်းတည်းသာမြင်နေရသည့်မျက်နှာလေးကို ငေးကြည့်ရင်း ရှင်းသန့်မောင်၏စကားကို လက်ခံဟန်နှင့် ခေါင်းညိတ်ပြလိုက်သည်။

ရုံးခန်းထဲသို့ဝင်ပြီး တံခါးကိုစေ့ကာမပိတ်ခင်လေးမှာပင် အပြင်ဘက်ခန်းမထဲ၌ ကျန်ရစ်ခဲ့လေသော ပုံရိပ်လေးမှာ သူမရှိတော့သည်နှင့် တဖြည်းဖြည်းလှုပ်ရှားသက်ဝင်လာသည်ကို ငေးမောရင်း ရင်ထဲတွင် ဆစ်ခနဲ နာကျင်ရပြန်သည်။

ကိုယ့်အတွက် မင်းရဲ့ဖြစ်တည်မှုဟာ
ရေမြေတွေတစ်ခုပြီးတစ်ခုပြောင်းလည်း
ဒီမိုးကောင်းကင်အောက်က
ရုန်းမထွက်နိုင်သလိုပေါ့...။

တကယ်တော့ မင်းဟာ
ကိုယ် ဘယ်တော့မှ ရုန်းမထွက်ချင်တဲ့ အရိပ်အာဝါသလေး...။

*********************************************

A/N: ကာရန်ရှင်းလိုပဲ လူတိုင်းမှာ ဘယ်တော့မှရုန်းမထွက်ချင်တဲ့ အရိပ်အာဝါသလေး တစ်ခုစီတော့ ရှိကြတာပဲနော့ ( ◜‿◝ )♡

•••••••••••••••••••••••••••••••••••••••••
ZawGyi Version

ေနာက္တစ္ရက္၌ ညီသုတအလုပ္သို႔ေရာက္သြားခ်ိန္တြင္ ႐ွင္းသန္႔ေမာင္တို႔ ဌာနတစ္ခုလုံး ပုံမွန္ႏွင့္မတူဘဲ ပ်ာယာခတ္ေနၾကေသာေၾကာင့္ ညီသုတမွာ ျပႆနာတစ္စုံတစ္ရာျဖစ္သည္အထင္ႏွင့္ ကိုယ့္ေနရာတြင္သာ အသာထိုင္ကာ ၿငိမ္ေနလိုက္သည္။

ခဏအၾကာတြင္ ဌာနထဲသို႔ ႐ွင္းသန္႔ေမာင္တစ္ေယာက္ အေမာတေကာေရာက္ခ်လာသည္။ သူသည္ ေရတစ္ခြက္ကို အားရပါးရေမာ့ေသာက္လိုက္ၿပီး ညီသုတ႐ွိရာေနရာသို႔ ေလွ်ာက္လာသည္။ ထိုအခိုက္မွာပင္ လွယမင္းသြယ္ကလည္း ဌာနထဲသို႔ အေျပးအလႊားေရာက္လာသည္။

ေထာင့္နား႐ွိ ညီသုတတို႔ကိုျမင္သြားသည္ႏွင့္ သူ(မ)သည္ သူတို႔နားသို႔ အျမန္ေရာက္လာေလသည္။

"အစ္ကို ဌာနမႉးအသစ္က ဒီေန႔ေရာက္လာမွာဆို"

သူ(မ)၏အေမးေၾကာင့္ ညီသုတလည္း ႐ွင္းသန္႔ေမာင္ထံမွ ျပန္ေျဖလာမည့္စကားကို စိတ္ဝင္တစားနားစြင့္မိသည္။

"ဟုတ္တယ္။ ေရာက္ေတာင္ေရာက္ေနၿပီ။ အခု စီအီးအိုရဲ႕႐ုံးခန္းထဲမွာ။ မၾကာခင္ ဌာနထဲကိုေရာက္လာလိမ့္မယ္ထင္တယ္"

"​ဌာနမႉးအသစ္က ဘယ္လိုေနလဲမသိဘူး"

"ငါေတာ့ စည္းကမ္းတင္းၾကပ္လိမ့္မယ္ထင္တယ္"

႐ွင္းသန္႔ေမာင္၏စကားေၾကာင့္ ဌာနထဲ႐ွိလူေတာ္ေတာ္မ်ားမ်ားသည္ သိလိုစိတ္ႏွင့္ အနားကိုေရာက္လာၾကသည္။

"ဘာလို႔လဲ"

"ဘယ္လိုေျပာရမလဲ။ သူ႕ကိုျမင္လိုက္တာနဲ႔ ပထမဆုံးခံစားမိတာက ေအးခဲသြားတဲ့ခံစားခ်က္မ်ိဳး"

႐ွင္းသန္႔ေမာင္၏စကား​ႏွင့္ပင္ ဌာနတစ္ခုလုံးေအးခဲသြားၾကေလသည္။ အခ်ိဳ႕လူမ်ားကေတာ့ ထိုစကားကို အက်ယ္ခ်ဲ႕၍ေျပာသည္ဟု ထင္မွတ္ၾကသျဖင့္ စိတ္ထဲသိပ္မထားၾကေခ်။

သို႔ေသာ္ ဌာနထဲသို႔ တစ္လွမ္းခ်င္းေလွ်ာက္လွမ္းလာေသာ အမ်ိဳးသားကိုျမင္ရေလေသာအခါ အမ်ိဳးသမီးငယ္မ်ားသည္ ေငးခနဲျဖစ္သြားရၿပီး အမ်ိဳးသားမ်ားကေတာ့ အားက်ေနရ႐ုံသာတတ္ႏိုင္ေပသည္။ အေၾကာင္းမွာ ဌာနမႉးအသစ္သည္ သူတို႔ထင္ထားသလို သက္ႀကီးပိုင္းထဲမွမဟုတ္ဘဲ လူငယ္အ႐ြယ္မွ်သာ႐ွိေသးသည့္အျပင္ ႐ုပ္ရည္အရလည္း လြန္စြာေခ်ာေမာေနေသာေၾကာင့္ ျဖစ္ေပသည္။

ကာရန္႐ွင္းသည္ ေအးတိေအးစက္မ်က္ႏွာထားႏွင့္ ဌာနထဲ၌ ေလွ်ာက္ပတ္ၾကည့္ေနခ်ိန္တြင္ အရပ္မ်က္ႏွာအဖက္ဖက္မွ သူ႕အားေငးၾကည့္ေနၾကသူမ်ားကို လ်စ္လ်ဴ႐ႈကာ မိတ္ဆက္ရန္ျပင္လိုက္သည္။ သို႔ေသာ္ မိတ္ဆက္ရန္ ႏႈတ္ဟလိုက္ခ်ိန္မွာပင္ ေထာင့္တစ္ေနရာ၌ က်ံဳ႕က်ံဳ႕ေလးမတ္တပ္ရပ္ကာ သူ႕အား မယုံၾကည္ႏိုင္စြာ ေငးၾကည့္ေနပါေလေသာ ညီသုတကို ျမင္လိုက္ရခ်ိန္တြင္ ႏွလုံးခုန္သံတို႔က ရင္တစ္ခုလုံးေျဗာင္းဆန္သြားေအာင္ မရပ္မနားခုန္လႈပ္လာေလသည္။

ဤလုပ္ငန္းခြင္သို႔ သူေရာက္လာရျခင္းမွာ အဘိုးျဖစ္သူက သတင္းစာ႐ွင္းလင္းပြဲမလုပ္မီ ကိစၥအ႐ႈပ္အ႐ွင္းမ်ား မျဖစ္ခ်င္ေသးသျဖင့္ သူ႐ွယ္ယာဝင္ထားေသာကုမၸဏီတစ္ခုတြင္ ယာယီဌာနမႉးအျဖစ္ တာဝန္ထမ္းေဆာင္ရင္း အေတြ႕အၾကဳံယူထားရန္ ေတာင္းဆိုလာေသာေၾကာင့္ပင္။ အဘိုးျဖစ္သူ ျမန္မာျပည္သို႔ေရာက္မလာမခ်င္း သူကဤေနရာ၌သာ ေနရန္ျဖစ္သည္။

မူလက အဘိုး၏ကိုး႐ို႕ကားယားအစီအစဥ္ကို သူသေဘာမက်ခဲ့ေသာ္ျငား ယခုေတာ့ျဖင့္ အေၾကာင္းအရင္းကို သိလိုက္ေပၿပီ။ သူ႕အဘိုးသည္ သူႏွင့္ညီသုတကို ေပးေတြ႕ခ်င္ခဲ့ေသာဆႏၵ​ေၾကာင့္ ယခုလိုစီစဥ္လိုက္ျခင္းသာ။

ကာရန္႐ွင္းအံ့ၾသေနခိုက္ ဌာနထဲ႐ွိဝန္ထမ္းတစ္ေယာက္ခ်င္းစီတိုင္းက သူ႕အနားသို႔ ေရာက္လာၿပီး မိတ္ဆက္ၾကသည္။ သူကမူ မလႈပ္မယွက္ႏွင့္သာ ရပ္ေနၿပီး အၾကည့္ကလည္း ညီသုတထံတြင္သာ တည္ၿမဲေနေပသည္။

ညီသုတ၏မ်က္ႏွာမွာ ထိတ္လန္႔အံ့ၾသမႈေၾကာင့္ ျဖဴဖပ္ျဖဴေရာ္ျဖစ္လာေသာအခါတြင္ ကာရန္႐ွင္းမွာ မေနႏိုင္ေတာ့ဘဲ သူ႕အနားသို႔ အေျပးအလႊားသြားမိေတာ့သည္။ တုန္လႈပ္ေနေသာခႏၶာကိုယ္သည္ လဲက်ေတာ့မေယာင္ ထင္ရေသာေၾကာင့္ ဆြဲကိုင္ကာထိန္းေပးမိမည္အျပဳ ညီသုတကလက္မခံဘဲ သူ႕လက္ကိုပုတ္ထုတ္ကာ ဌာနထဲမွေျပးထြက္သြားေလသည္။

ထိုျမင္ကြင္းကိုျမင္လိုက္ရသူအေပါင္းမွာလည္း ဌာနမႉးအသစ္ကို မထီမဲ့ျမင္ျပဳရဲေသာ ညီသုတကို မ်က္လုံးအျပဴးသားႏွင့္ ေငးၾကည့္ကာ က်န္ေနခဲ့ရေလသည္။ ကာရန္႐ွင္းမွာမူ အေတာ္ၾကာသည္အထိ ေနရာတြင္သာ အေၾကာင္သားရပ္ေနမိၿပီး ညီသုတပုတ္ထုတ္လိုက္ေသာ သူ႕လက္တစ္ဖက္ကို အေၾကာင္းမဲ့စိုက္ၾကည့္ေနမိသည္။

"ကိုယ့္အလုပ္ကိုဆက္လုပ္ၾက"

ထိုစကားတစ္ခြန္းသာေျပာၿပီး ကာရန္႐ွင္းလည္း ညီသုတအေနာက္သို႔ လိုက္သြားေလေတာ့သည္။

ညီသုတသည္ သန္႔စင္ခန္းထဲသို႔ ဝင္သြားသည္ကို ဖ်တ္ခနဲျမင္လိုက္ေသာ္ လိုက္သြားသင့္၊မသြားသင့္ ဆင္ျခင္ေနမိေသာ္လည္း လိုက္သြားလိုစိတ္က ပိုသာေသာေၾကာင့္ သန္႔စင္ခန္းထဲသို႔ ဝင္သြားလိုက္သည္။

အထဲသို႔ဝင္သြားသည္ႏွင့္ ပထမဆုံးၾကားလိုက္ရသည္မွာ ေဘစင္မွ ေရက်သံ။ ထို႔ေနာက္ ညီသုတ၏ပင့္သက္႐ိႈက္သံခပ္သဲ့သဲ့။ အသံသည္ တိုးညင္းလြန္းသျဖင့္ သူကိုယ္တိုင္ပင္ အေတာ္အာ႐ုံစိုက္၍ နားေထာင္မွၾကားရေလသည္။

ကာရန္႐ွင္းလည္း သန္႔စင္ခန္းတံခါးကို အတြင္းမွေလာ့ခ်လိုက္ၿပီး ညီသုတအနားသို႔ ခပ္ျဖည္းျဖည္းခ်င္းေလွ်ာက္သြားလိုက္သည္။

"သုတ မင္းအဆင္ေျပရဲ႕လား"

ညီသုတသည္ သူ႕အသံကိုၾကားသည္ႏွင့္ အလ်င္အျမန္မ်က္ႏွာသစ္လိုက္ၿပီး တာဝါတစ္ခုဆြဲယူကာ သုတ္ေနေလသည္။ ထို႔ေနာက္ ကာရန္႐ွင္းဘက္သို႔ ျဖည္းညင္းစြာ လွည့္လာၿပီး ေဒါသမ်ားဝန္းရံေသာအၾကည့္တို႔ႏွင့္ စိုက္ၾကည့္ေနေလ၏။ ထိုအၾကည့္ကို လက္ခံရ႐ွိေသာ ကာရန္႐ွင္းခမ်ာ ေသမတတ္ေၾကာက္လန္႔သြားမိသည္ကို ဘယ္သူသိႏိုင္မည္လဲ။

"ငါ့ကို ဘယ္အခ်ိန္အထိ ဒုကၡေပးေနဦးမွာလဲ"

"ငါ.."

"ဒီေနရာအထိပါ မင္းေရာက္လာမယ္ဆိုရင္ ငါ့မွာေျပးစရာေျမမ႐ွိေတာ့ပါဘူး"

"မဟုတ္ဘူး သုတ..။ ငါ ဒီကိုျပန္လာတာ မင္းနဲ႔ေတြ႕ခ်င္လို႔။ ေတြ႕ၿပီးေတာ့.."

"မင္းအတြက္နဲ႔ ဘယ္ေလာက္အထိ ၿပိဳလဲေစခ်င္ေနတာလဲ။ ဟမ္ ေျပာစမ္းပါ။ အဲ့လိုပုံစံမ်ိဳးနဲ႔ ငါ့ကိုနာက်င္ေအာင္လုပ္ၿပီး ထြက္သြားခဲ့ၿပီဆိုရင္လည္း ေရာက္တဲ့ေနရာမွာေပ်ာ္ေအာင္ဆက္ေနလိုက္ပါေတာ့လား။ ဘာလို႔ငါ႐ွိတဲ့ေနရာတိုင္းမွာ ေပၚလာရတာလဲ"

"ငါေတာင္းပန္ပါတယ္"

"ဒါမွမဟုတ္ ငါကပဲ အကဲပိုေနတာလား။ မင္းကေတာ့ ငါ့ကို ျမင္ေတြ႕ေနရလည္း ဘာမွမျဖစ္သလို ဆက္ဆံႏိုင္ေနေပမယ့္ ငါကေတာ့ အခုလိုေသာင္းက်န္းေနမိတာ ငါကပဲအသားလြတ္ႀကီးရန္႐ွာသလိုျဖစ္ေနလား။ ဟမ္!! "

ကာရန္႐ွင္းသည္ အျပင္ပန္းအရသာ တည္ၿငိမ္ေနေသာ္လည္း စိတ္ထဲမွာမူ ကမ႓ာပ်က္ေနေလၿပီ။

"အထင္မလြဲပါနဲ႔။ ငါ႐ွင္းျပမယ္"

"အထင္မလြဲေစခ်င္ရင္ မင္းလည္း မင္းရဲ႕ေနရာမွာေနၿပီး မင္းအလုပ္သာလုပ္။ ငါလည္း ငါ့ေနရာမွာေနၿပီး ငါ့အလုပ္ကိုလုပ္မယ္။ ဒါ ငါနားလည္ေပးႏိုင္တဲ့ ေနာက္ဆုံးအတိုင္းအတာပဲ။ ငါတို႔ ဒီ့ထက္ပိုၿပီး ဘာမွပတ္သက္စရာမ႐ွိဘူး"

"မဟုတ္ဘူး။ ငါမင္းနဲ႔အဲ့လိုမေနႏိုင္ဘူး"

သူ႕စကားကို လ်စ္လ်ဴ႐ႈကာ အနားမွထြက္သြားရန္ ျပင္ေနေသာ ညီသုတကို တားဆီးရန္ လက္တစ္ဖက္ကို ဆုပ္ကိုင္ထားလိုက္သည္။

"ငါ့ကိုလႊတ္။ မဟုတ္ရင္ ငါဘာလုပ္မိမလဲမသိတာမို႔"

ကာရန္႐ွင္းသည္ လႊတ္ေပးလိုက္သင့္သည္ဟု ေတြးေနမိေသာ္လည္း သူ႕လက္မ်ားက မလႊတ္ရက္ႏိုင္။ သူတစ္ေယာက္တည္း ခ်ီတုံခ်တုံျဖစ္ေနဆဲမွာပင္ ညီသုတသည္ သူ႕လက္ကိုလႊတ္ခ်ကာ ထြက္သြားရန္ျပင္သည္။

သို႔ေသာ္ သူသည္ ေရအိုင္ငယ္ေလးတစ္ခုလို ျဖစ္ေနေသာ ၾကမ္းျပင္႐ွိေရကြက္တစ္ခုကို သတိလက္လြတ္နင္းျဖတ္သြားရန္ ဟန္ျပင္ေနသည္ကို ကာရန္႐ွင္းျမင္လိုက္ရေသာအခါ အေလာတႀကီးႏွင့္ ညီသုတကို အားကုန္သုံးကာ သူ႕ဘက္သို႔ ဆြဲေခၚလိုက္မိသည္။

သို႔ေသာ္ ညီသုတကမူ အထင္လြဲၿပီးရင္းလြဲကာ အတင္းအၾကပ္ကိုင္ခ်ဳပ္ထားရန္ျပင္ေနေသာ ကာရန္႐ွင္း၏မ်က္ႏွာကို အားျပင္းသည့္လက္သီးတစ္ခ်က္ ပစ္သြင္းလိုက္သည္။ ကာရန္႐ွင္းဟာ ယခုအခ်ိန္တြင္ ညီသုတထက္ ခြန္အားအရာ၌ သာလြန္ေကာင္းသာလြန္ႏိုင္ေသာ္လည္း သတိလက္လြတ္ျဖစ္သြားသျဖင့္ လဲက်သြားရသည္အထိပင္။

အားလြန္၍ ၾကမ္းျပင္တြင္ လဲက်သြားခိုက္ ညီသုတထြက္သြားေသာအသံကို ၾကားလိုက္ရေသာ္လည္း ဘာမွမတုံ႔ျပန္မိ။ အထိုးခံလိုက္ရေသာ ႏႈတ္ခမ္းေထာင့္နားကို လက္မႏွင့္တို႔ထိရင္း ႏႈတ္ခမ္းေထာင့္နားမွမဟုတ္သည့္ ရင္ဘတ္ထဲမွ နာက်င္မႈကို ႀကိတ္မွိတ္ကာခံစားေနရသည္။

"ဒီေလာက္ေတာင္ပဲလား..."

သူ႕မွာၿပိဳလဲေနခ်ိန္ပင္ မရ။ ​ထြက္ေျပးသြားပါေသာ ညီသုတအဆင္ေျပမေျပသိလိုေသးသျဖင့္ ဌာနထဲသို႔ တိတ္တဆိတ္ျပန္လာခဲ့သည္။ ဌာနမႉးအသစ္ဟူေသာ ျဖစ္တည္မႈေၾကာင့္ သူဝင္သြားသည္ႏွင့္ အားလုံး၏အာ႐ုံမွာ သူ႕ထံသို႔ျပန္ေရာက္လာသည္။

ဤတစ္ႀကိမ္တြင္ေတာ့ အားလုံးသည္ ေ႐ွ႕ဆင့္ေနာက္ဆင့္ျပန္ဝင္လာၾကေသာ သူတို႔ႏွစ္ဦးအား တစ္လွည့္စီၾကည့္ကာ အသံတိတ္အကဲခတ္ေနၾက၏။

"ခုနကကိုယ့္ကိုယ္ကိုယ္မိတ္မဆက္ရေသးဘူးပဲ။ ငါကမင္းတို႔ရဲ႕အရင္ဌာနမႉးေနျပန္မေကာင္းမခ်င္း မင္းတို႔ဌာနကို တာဝန္ယူရမယ့္ ယာယီဌာနမႉး ကာရန္႐ွင္းပါ"

႐ုတ္ခ်ည္းမိတ္ဆက္လိုက္မႈေၾကာင့္ ကို႔႐ို႕ကားယားျဖစ္ေနေသာ ႐ုံးခန္းတြင္းေလထုကို ႐ွင္းသန္႔ေမာင္ကပင္ ပုံမွန္ျပန္ျဖစ္ေအာင္ ထိန္းရေပေတာ့သည္။

"ဟုတ္ကဲ့။ ကြၽန္ေတာ္က ဒီဌာနရဲ႕မန္ေနဂ်ာပါ။ တကယ္လို႔ ဌာနမႉးလိုအပ္တာ႐ွိရင္ ကြၽန္ေတာ္႕ကို႐ွာႏိုင္ပါတယ္။ အခုေတာ့ ဌာနမႉးရဲ႕႐ုံးခန္းထဲကို သြားေတာ့မလားဗ်"

႐ွင္းသန္႔ေမာင္သည္ အသက္အားျဖင့္ဆိုလွ်င္ ကာရန္႐ွင္းထက္ ပိုႀကီးေသာ္ျငား ရာထူးအေနအထားအရ နိမ့္သည္ျဖစ္ရာ ကာရန္႐ွင္းကို ယဥ္ယဥ္ေက်းေက်းေျပာဆိုရန္သာ ေ႐ြးခ်ယ္လိုက္သည္။

ကာရန္႐ွင္းကလည္း လူအုပ္ၾကားထဲတြင္ေရာေႏွာကာ သူ႕ကိုပုန္းေ႐ွာင္ရန္ႀကိဳးစားေနေသာ ညီသုတ၏တစ္ျခမ္းတည္းသာျမင္ေနရသည့္မ်က္ႏွာေလးကို ေငးၾကည့္ရင္း ႐ွင္းသန္႔ေမာင္၏စကားကို လက္ခံဟန္ႏွင့္ ေခါင္းညိတ္ျပလိုက္သည္။

႐ုံးခန္းထဲသို႔ဝင္ၿပီး တံခါးကိုေစ့ကာမပိတ္ခင္ေလးမွာပင္ အျပင္ဘက္ခန္းမထဲ၌ က်န္ရစ္ခဲ့ေလေသာ ပုံရိပ္ေလးမွာ သူမ႐ွိေတာ့သည္ႏွင့္ တျဖည္းျဖည္းလႈပ္႐ွားသက္ဝင္လာသည္ကို ေငးေမာရင္း ရင္ထဲတြင္ ဆစ္ခနဲ နာက်င္ရျပန္သည္။

ကိုယ့္အတြက္ မင္းရဲ႕ျဖစ္တည္မႈဟာ
ေရေျမေတြတစ္ခုၿပီးတစ္ခုေျပာင္းလည္း
ဒီမိုးေကာင္းကင္ေအာက္က
႐ုန္းမထြက္ႏိုင္သလိုေပါ့...။

တကယ္ေတာ့ မင္းဟာ
ကိုယ္ ဘယ္ေတာ့မွ ႐ုန္းမထြက္ခ်င္တဲ့ အရိပ္အာဝါသေလး...။

*********************************************

A/N: ကာရန္႐ွင္းလိုပဲ လူတိုင္းမွာ ဘယ္ေတာ့မွ႐ုန္းမထြက္ခ်င္တဲ့ အရိပ္အာဝါသေလး တစ္ခုစီေတာ့ ႐ွိၾကတာပဲေနာ့ ( ◜‿◝ )♡

•••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

1.2M 64.6K 51
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
441K 16.5K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
105K 6.8K 45
Openness to new emotions and feelings,in a romantic sense.💙 >>September 4,2021 ••December 28,2021 //
424K 35.3K 50
သတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။