Mr.Silent (Completed)

Par D_Yayy_Nine

173K 14.7K 1.2K

သူ့တစ်ယောက်တည်းကို ကွက်ပြီး သစ်စိမ်းချိုး ချိုးနေတဲ့အချေကိုယ်တော်လေးကိုမှ ချစ်မိသွားတဲ့ညီသုတနဲ့.. ရှောင်ပြေးခ... Plus

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part- 14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50 (Final Part)
Extra-1
Extra-2

Part-33

2.6K 248 23
Par D_Yayy_Nine

Unicode Version

တစ်ပတ်အတွင်း အပြီးသတ်ရမည့် Presentationကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ပြီးနောက် ကာရန်ရှင်းသည် စာကြည့်စားပွဲမှထကာ ကိုယ်လက်အညောင်းအညာပြေအောင် အကြောဆန့်လိုက်သည်။ စားပွဲပေါ်ရှိနာရီကို ကြည့်မိသော် အချိန်မှာ ညဆယ့်တစ်နာရီပင် ကျော်သွားလေပြီ။

အိပ်ချိန်တန်ပြီဆိုသော်ငြား မအိပ်ခင် ခြေလက်ဆေးကြောပြီးနောက် ဖုန်းကိုဖွင့်ကာ ညီသုတ၏Accountလေးထဲသို့ ဝင်ရန် ကြံလိုက်သည်။ ညီသုတသည် ယနေ့ညအဖို့ ဓာတ်ပုံသုံးပုံနှင့် စာသားတစ်ခုကိုသာ တင်ထားပေသည်။

ဓာတ်ပုံသုံးပုံသည် Selfieပုံများဖြစ်ပြီး ညအိပ်ဝတ်စုံအဝါရောင်လေးနှင့် ချစ်စဖွယ်ကောင်းနေ၏။ ကာရန်ရှင်းလည်း လက်နှေးမနေဘဲ ထိုပုံများကို သိမ်ထားလိုက်ပြီး ပို့စ်ကို Likeပေးလိုက်သည်။ နောက်ထပ်တင်ထားသော စာသားမှာ သီချင်းစာသားတစ်ခုသာဖြစ်သည်။

"Things end but memories last forever"

(အရာအားလုံးပြီးဆုံးသွားရင်တောင် အမှတ်တရတွေကတော့ ထာဝရထင်ကျန်ရစ်ဆဲ)

ထိုစာလေးကို ဖတ်ပြီး ကာရန်ရှင်းမှာ အကြောင်းအရင်းမရှိ စိတ်ဓာတ်ကျမိရသည်။ အကြောင်းမှာ ညီသုတဆိုလိုချင်သည့် အရာအားလုံးတွင် သူမပါလိုပေ။

"ငါ့အမှားတွေပါကွာ... ငါအသုံးမကျခဲ့တာ"

အတော်ကြာသည်အထိ ညီသုတတင်ထားသော စာနှင့် ထိုစာအောက်မှ commentတချို့ကိုဖတ်၍ အချိန်ဖြုန်းနေသော ကာရန်ရှင်းသည် သူတင်ထားသောပုံကို ညီသုတကlikeပေးရုံသာမက commentပါ ဝင်ပေးသွားသည်ကို မြင်သော် ရင်ခုန်သံများက ထိန်းမရအောင်မြန်ဆန်လာရသည်။

မယုံကြည်နိုင်သဖြင့် နှစ်ကြိမ်နှစ်ခါတိတိ စစ်ဆေးပြီးသောအခါ ယုန်ပေါက်နှစ်ကောင်၏ပုံကို တင်ထားသည့်ပို့စ်အောက်တွင် အမှန်တကယ်ကို ညီသုတက commentလာပေးထားခြင်းပင်။

Nyi Thuta : ချစ်စရာလေးတွေ..

ကာရန်ရှင်းမှာ ဆောက်တည်ရာမဲ့စွာ ပျော်ရွှင်လာသော စိတ်အစဥ်ကို မချိုးနှိမ်ထားနိုင်တော့ပေ။ သူသည် ဖုန်းကိုရင်ခွင်ထဲထည့်ထားပြီး မျက်နှာကိုလည်း ခေါင်းအုံးထက်အပ်ရင်း အရူးတစ်ယောက်လို ရယ်မောကာသူ၏ပျော်ရွှင်မှုကို တိတ်တဆိတ်ထုတ်ဖော်သည်။

ပြီးသည်နှင့် ညီသုတ၏စာကို Replyပြန်ရန် ကြံလိုက်သည်။ အဆင်ပြေသင့်တော်မည့်စာကြောင်းကို ရိုက်လိုက်၊ အဆင်မပြေဟုထင်လျှင် ပြန်ဖျက်လိုက်နှင့် စာတစ်ကြောင်းပြန်ဖို့အရေး ဆယ်ငါးမိနစ်ခန့် ကြာသွားလေသည်။

နောက်ဆုံးတွင် သူသည် အရိုးရှင်းဆုံးသာ စာပြန်လိုက်ပြီး ညီသုတနှင့် တရင်းတနှီးဖြစ်မနေဟန်ကိုလည်း ထိန်းထားလိုက်သည်။ ရုတ်တရက်ကြီး ရင်းရင်းနှီးနှီးစကားပြောမိလျှင် တစ်ဖက်က ညီသုတလည်း ရိပ်မိသွားနိုင်သောကြောင့်ပင်။

Tristan_Shin0811 : အင်း။ တကယ် ချစ်စရာကောင်းတယ်။

တစ်ဖက်မှ စာပြန်လာသည်ကို ညီသုတမြင်သည့်အချိန်တွင် အလွန်အမင်းမဟုတ်လျှင်တောင် အနည်းငယ်အံ့သြရသည်ကတော့ အမှန်။ ထိုသူသည် commentထဲတွင် အခြားသူများ၏ များပြားလှစွာသောစာများကို လုံးလုံးလျားလျားလျစ်လျူရှုထားခဲ့သော်လည်း သူ၏စာကိုမူ အကြောင်းပြန်လာခဲ့သည်။

ထို့ကြောင့် အခြားသူများ၏commentများကို ခဏမျှအကဲခတ်ကြည့်မိသောအခါ အကြောင်းအရင်းကို သူရှာတွေ့လိုက်သည်။

"သူ့ပို့စ်မှာ အကုန်လုံး မိန်းကလေးတွေချည်းပဲ။ ယောကျ်ားသားဆိုလို့ ငါတစ်ယောက်ပဲလာမန့်ထားပုံပဲ။ ဒီတော့ ယောကျ်ားလေးအချင်းချင်းပဲ စာပြန်တာ သိပ်တော့မဆန်းပါဘူး"

အမှန်တကယ်ကိုပင် ထိုပို့စ်အောက်တွင် ပွထနေသော စာများသည် အမျိုးသမီးထုကြီးက နေရာယူထားခြင်းသာဖြစ်၏။ ကိုရီးယားဘာသာနှင့်ရော အင်္ဂလိပ်ဘာသာစကားနှင့်ပါ အမျိုးမျိုးရေးသားထားကြခြင်း...။

Xillie : Min Woo...I think "you" in this caption is me. Haha..

ညီသုတလည်း မိန်းကလေးများအကြား ဤမျှရေပန်းစားလွန်းသော ထိုလူကို ချီးကျူးမိသွားသည်။ အကြောင်းမှာ ထိုလူသည် မိန်းကလေးများနှင့် အရောတဝင်နေသည်ပင်မဟုတ်။ သူ(မ)တို့အား လျစ်လျူရှုထားရုံသာမက ရှိသည်ဟုပင်မထင်သော ထိုလူကို အားမလျှော့ဘဲ အမျိုးမျိုးစနောက်နေနိုင်ကြသေးသည်။ တယ်လည်း နားလည်ရခက်သည့် မိန်းမများပါလား။

"မင်ဝူ....။ ဒါက သူ့နာမည်ထင်တယ်"

တစ်ယောက်တည်း တီးတိုးရေရွတ်နေချိန်မှာပင် Messengerမှ မက်ဆေ့ချ်များ ဆက်တိုက်ဝင်လာသဖြင့် သူလည်း Instagramမှ ထွက်ကာ မက်​ဆေ့ချ်များကို ဝင်စစ်ကြည့်သောအခါ လုပ်ဖော်ကိုင်ဖက်များက သူ့ကို အားလပ်ရက်ဘာလုပ်မလဲဆိုသည့်အကြောင်းအရာများ မေးမြန်းထားခြင်းသာ။

သူလည်း သူတို့နှင့် ခဏမျှစကားပြောပြီးသည်နှင့် တခြားဘာအတွေးမှလည်း မတွေးတော့ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပစ်လိုက်တော့သည်။ မနက်ဖြန်သည် ပိတ်ရက်ဟူသော အသိကြောင့် သူ၏အိပ်စက်ခြင်းသည်လည်း ပို၍စိတ်သက်သာရသောကြောင့် ခါတိုင်းထက် ပို၍နှစ်ခြိုက်စွာ အိပ်မောကျသွားရတော့သည်။

........

နောက်တစ်ရက်၌ ညီသုတသည် ပိတ်ရက်ကို အခန်းထဲတွင်သာ အချည်းနှီးမဖြတ်သန်းလိုသောကြောင့် ခဏတဖြုတ်အပြင်သွားရန် ကြံရွယ်ထားသည်။

မနက်ပိုင်းကိုတော့ အိမ်အလုပ်တချို့ကူလုပ်၍ အဖေနှင့်အမေ၏ အထည်ဆိုင်လေးကို ခဏမျှစောင့်ကြည့်ပေးသည်။ ပြီးသည်နှင့် ​နေ့လယ်စာစားပြီး ဟိုနားသည်နားလမ်းလျှောက်ရင်း ထွက်လာခဲ့လိုက်သည်။

မန္တလေးစျေးချိုအနီးတဝိုက်တွင် လူသွားလူလာရှုပ်ထွေးပြီး ဆိုင်ခန်းများနှင့် စျေးသည်များသည်လည်း လက်ညှိုးထိုးမလွဲပင်။ ဆူညံရှုပ်ထွေးနေသော ပတ်ဝန်းကျင်သည် အနည်းငယ်မျက်စိနောက်ချင်စရာကောင်းသော်လည်း တစ်နည်းအားဖြင့် ပျော်စရာလည်းကောင်းနေပေသည်။ လမ်းဘေးပလက်ဖောင်းတစ်လျှောက်တွင် ခင်းကျင်းရောင်းချနေသော အထည်တချို့၊ ကလေးအသုံးအဆောင်မျိုးစုံနှင့် အသုပ်စုံစားစရာတို့သည်လည်း စုံလင်လျက်။

ဤနေရာရှိဆိုင်များသည် လမ်းဘေးဆိုင်များဖြစ်သည့်အတွက် အခန်းဖွဲ့၍ ရောင်းချနေခြင်းမျိုးမဟုတ်။ ကိန်းကြီးခန်းကြီးနိုင်သည့်လူများအဖို့တော့ ဤဆိုင်များကို နှာခေါင်းရှုံ့ကောင်းရှုံ့နိုင်သော်လည်း သူ့လိုသာမန်လူတန်းစားအဖို့ သန့်ရှင်းသပ်ရပ်ပြီး ဝယ်ယူရလွယ်ကူသည့်အပြင် စျေးလည်းသက်သာသောကြောင့် သဘောကျသည်။

အသုပ်စုံမျိုးစုံအား ရောင်းချနေသော လမ်းဘေးဆိုင်တစ်ခုချင်းစီကို လိုက်ကြည့်ရင်း ဖွယ်ဖွယ်ရာရာပြင်ဆင်ထားမှုများကြောင့် မနေနိုင်တော့သည့်အဆုံး သူလည်း သန့်ရှင်းသပ်ရပ်စွာ ခင်းကျင်းထားသော အသုပ်ဆိုင်ငယ်လေး၌ ဝင်ထိုင်ကာ ရခိုင်မုန့်တီသုပ်တစ်ပွဲ မှာလိုက်လေသည်။

မှာထားတာရသည်နှင့် မစားခင် ဓာတ်ပုံရိုက်ထားလိုက်သည်။ ပြီးသည်နှင့် အားလပ်ရက်၌ အေးဆေးစွာစားသောက်ရခြင်း၏အရသာကို အပြည့်အဝခံစားတော့သည်။

ထိုနေ့က ညီသုတ၏အပန်းဖြေခြင်းသည် နေရာဝေးဝေးအထိ မရောက်ခဲ့သော်လည်း စုံလင်လှစွာသော မုန့်မျိုးစုံကို လျှောက်ပတ်စားရင်း တစ်နေကုန်ခဲ့သည်။ ဤတစ်ခေါက်ပိတ်ရက်သည် အမှန်တကယ်စိတ်ပေါ့ပါးရသည်။ အလုပ်အကြွေးအကျန်များလည်း မရှိတော့သဖြင့် ခါတိုင်းပိတ်ရက်များထက် ပိုသာယာခဲ့သည်။

တစ်နေကုန်အားရပါးရအပန်းဖြေခဲ့သော ညီသုတသည် အိမ်ပြန်ရောက်သည်နှင့် ညစာပင် မစားနိုင်တော့လောက်အောင် အစားစုံခဲ့ရသည်။ ထို့ကြောင့် ရေမိုးချိုး၍ ပြီးစီးသည်နှင့် အအီအနောက်ပြေအောင် သံပုရာရည်တစ်ခွက်သာ ဖျော်ပြီး အိပ်ခန်းထဲသို့ ယူလာခဲ့သည်။

အခန်းထဲ၌လည်း အေးအေးလူလူသီချင်းနားထောင်ရင်း အင်တာနက်သုံးနေပြန်သည်။ ဖျော်ယူလာသော သံပုရာရည်ကို သောက်ရင်း တစ်နေ့တာ ရိုက်ယူခဲ့သမျှ အစားအသောက်ပုံများကို Instagramတွင် လှလှပပတည်းဖြတ်ကာ တင်လိုက်သည်။

"Date with the food"

ပုံနှင့်လိုက်ဖက်သည့်စာသားကိုလည်း သေချာရွေးချယ်ထားသဖြင့် ငါးမိနစ်အတွင်းမှာတင် သူတင်ထားသောပုံတွင် Commentများ တန်းစီလာသည်။ ပထမဆုံးနှစ်ခုက စွမ်းထက်ပိုင်နှင့် လင်းထက်ပိုင်၏ မှတ်ချက်များ..။

Swan_Htet - တကယ်ကြီး အားရပါးရစားသောက်ခဲ့တာပဲ။

Linn Htet - နောက်တစ်ခေါက် Joinမှာနော်..။

NweYiWin - သုတလေးရဲ့ အားလပ်ရက်က သာယာချက်။ ပုံတွေကြည့်ပြီး ဗိုက်ဆာလာပြီ။

အသိမိတ်ဆွေများ၏ မှတ်ချက်မျိုးစုံကို လိုက်ကြည့်ရင်း တစ်ခုမကျန် Replyပြန်နေခိုက် နောက်ထပ်အသစ်ဝင်လာသော မှတ်ချက်တစ်ခုလည်း ရှိသေး၏။

Tristan_Shin0811 - မန္တလေးမြို့ကိုတောင် လွမ်းသွားပြီ။ ထိုးမုန့်ဆိုင်တွေရော Candy Townရော။

ညီသုတလည်း ထိုသူ၏မှတ်ချက်ကြောင့် ပြုံးမိသွားသည်။ ဤအသက်အရွယ်နှင့် Candy Townကို လွမ်းသတဲ့လေ။ ကလေးဆန်ဆန်နှင့် ဤအသက်အရွယ်အထိ ကလေးချိုချဥ်များ ကြိုက်နေသေးသည့်လူမှာ သူတစ်ယောက်သာ ရှိတော့သည်ဟု ညီသုတထင်ခဲ့မိသည်။

Nyi Thuta - လွမ်းရင်လာခဲ့ပေါ့ဗျာ။ Candy Townက မရှိတော့ပေမယ့် မန္တလေးကတော့ အမြဲရှိနေတာပဲလေ။

စာပြန်ပြီး ဆယ်မိနစ်အကြာတွင် သူ၏Chat boxလေးသည် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ သူ့တွင် Instagram၌ တကူးတကစာပို့မည့်လူဟူ၍ မရှိ။ ပုံမှန်ဆိုလျှင် အမြွှာနှစ်ယောက်နှင့် အခြားလုပ်ဖော်ကိုင်ဖက်များက Messenger၌သာ ပို့တတ်ကြသည်။

ထူးထူးဆန်းဆန်းဖြစ်နေသည်မို့ ဝင်ကြည့်မိလေသောအခါမှ ထင်သည့်အတိုင်း Tristan Shinဆိုသော လူထံမှ စာဖြစ်နေ၏။

Tristan_Shin : "Candy Townက တကယ်မရှိတော့တာလား"

ညီသုတခမျာ ထိုစာကြောင့် ရယ်ရအခက်၊ ငိုရအခက်။ ဤသူသည် အမှန်တကယ်ကို Candy Loverများလား။

Nyi Thuta : "အရင်နေရာမှာမရှိတော့တာဗျ။ လုံးဝမရှိတာတော့မဟုတ်ဘူး"

Tristan_Shin : "သြော်..Candy Townမှာ လျှောက်ကြည့်ရတာ သဘောကျတော့ တကယ်မရှိတော့ဘူးထင်ပြီး နှမြောသွားတာ"

ထိုလူသည် စကားအများကြီး​ပြောနေသော်ငြား ညီသုတ၏စိတ်ထဲတွင် ထိုသူထံမှ အေးစက်မှုတစ်မျိုးခံစားမိလေသည်။ သို့သော် ထိုခံစားချက်ကို တိတိကျကျဖော်မပြတတ်ချေ။

Nyi Thuta : "ကျွန်တော်လည်း အစကမရှိတော့ဘူးထင်တာ။ နောက်မှ နေရာအသစ်ကိုပြောင်းသွားတယ်ဆိုတာကို သိရတာ"

ညီသုတသည် အပြန်အလှန်စကားပြောနေရင်းမှ ထိုသူသည် ခင်မင်စရာကောင်းသည့်လူတစ်ယောက်ဖြစ်ကြောင်း သိလာရသည်။ သို့သော် ထိုသူ၏ အရှိန်အဝါတစ်မျိုးကြောင့် သူ့စိတ်ထဲ ရှိန်နေမိသေးသည်ကတော့ အမှန်ပင်။

Tristan_Shin : "ဟိုလေ..တအားယဥ်ကျေးစရာမလိုပါဘူး။ ငါတို့က ရွယ်တူပဲဆိုတော့ မင်းနဲ့ငါလို့သုံးလို့ရပါတယ်"

Nyi Thuta : "အာ..။ ဟုတ်ပြီလေ။ နာမည်က ရှင်းမင်ဝူနော်။ မြန်မာနာမည်မရှိဘူးလား"

ညီသုတ၏အမေးကြောင့် တစ်ဖက်မှ စိတ်လှုပ်ရှားစွာစကား​​ပြောနေရသော ကာရန်ရှင်းခမျာ ချက်ချင်းအေးခဲသွားရသည်။ လှုပ်ရှားမှုများလည်း မပြုနိုင်ဘဲ ဖုန်းကိုင်လျက်သား ငြိမ်ကျသွားပြီးနောက် စခရင်ထက်ရှိ လက်ချောင်းလေးများကို ဖြည်းညင်းစွာ ပြန်လှုပ်ရှားလိုက်သည်။

Tristan_Shin : "မြန်မာပြည်မှာ အကြာကြီးမနေဖူးလို့ မြန်မာနာမည်မရှိဘူး"

မုသားကိုဆိုမိခြင်းအတွက်တော့ ကာရန်ရှင်းစိတ်မကောင်းဖြစ်မိသည်။ သို့သော် သူမှန်းသိသာစေသည့် အကြောင်းအရင်းများကိုတော့ အမှန်အတိုင်းမပြောသင့်ဟု ဆင်ခြင်မိသည်။ ညီသုတသာ Tristan Shinသည် ကာရန်ရှင်းဖြစ်ကြောင်း သိသွားလျှင် ယခုလိုလေးပင် စကားပြောနေနိုင်မည်မဟုတ်။

Nyi Thuta : "သြော်..သဘောပေါက်ပြီ"

Tristan_Shin: "ရှင်းမင်ဝူလို့ခေါ်ရမှာတစ်မျိုးဖြစ်ရင် ထရစ်စတန်လို့ခေါ်လို့ရတယ်"

Nyi Thuta : "ထရစ်စတန်..။ နာမည်လေးကလှတယ်နော်"

Tristan_Shin: "သူ့ရဲ့အဓိပ္ပါယ်က Sorrowfulတဲ့။ ဝမ်းနည်းပူဆွေးခြင်းပေါ့"

Nyi Thuta : "နာမည်လေးကလှပေမယ့် အဓိပ္ပါယ်ကတော့ ကြေကွဲစရာပဲ"

Tristan_Shin: "လူနဲ့နာမည်က လိုက်ဖက်သွားတာပေါ့"

Nyi Thita: "အဲ့လိုပြောမှပဲ တင်ထားသမျှပုံတွေအကုန်လုံးကလည်း အဆွေးဓာတ်အပြည့်"

Tristan_Shin : "ဟင်။ ပုံတွေအကုန်လုံး ကြည့်ထားတာလား"

Nyi Thuta: "ဟုတ်တယ်။ မခင်တဲ့လူတစ်ယောက်က လာfollowထားတော့ နည်းနည်းထူးဆန်းသွားလို့"

အားရပါးရရယ်နေသော အီမိုဂျီလေးပါ အဆစ်ထည့်ပြီး ပို့လာသဖြင့် ကာရန်ရှင်းပါ ကြောင်တောင်တောင်နှင့် လိုက်ရယ်မိသည်။ ပျော်ရွှင်မှုဆိုသည်ကလည်း ရင်ထဲအပြည့်ပင်။ ညီသုတသည် သူတင်ထားသမျှကို လိုက်ကြည့်ထားသည်ဟူသော အသိက သူ့ကို တစ်ပတ်လောက် တက်ကြွနေစေမည်သာ။

Tristan_Shin: "Accountထဲမှာက ကိုရီးယားကလူတွေလောက်ပဲရှိတာ။ မန္တလေးကို လွမ်းနေတဲ့အချိန်မှာ မန္တလေးသားတစ်ယောက်ရဲ့ accountကို တွေ့မိလို့ ဝင်ကြည့်ရင်းနဲ့ စိတ်ထဲရင်းနှီးချင်သွားလို့လေ"

Nyi Thuta: "ဒါဆိုရင်တော့ လူရွေးမှန်သွားပြီ"

ညီသုတက သူ့ကိုစနောက်သလို ပြောနေသဖြင့် သူကလည်း အလိုက်သင့်နေပေးလိုက်သည်။ သည်လိုနှင့် နှစ်ယောက်သား ပထမဆုံးခင်မင်ရသည့်နေ့မှာပင် စလိုက်နောက်လိုက်၊ မန္တလေးမြို့အကြောင်းဆွေးနွေးလိုက်နှင့် အချိန်ကုန်ခဲ့ကြသည်။ ကာရန်ရှင်းမှာတော့ တစ်ညလုံးအပျော်ကြီးပျော်ခဲ့ရသည်ပေါ့။

*****************************************************

A/N: သင်သိပါသလား။ ကာရန်ရှင်းရဲ့account nameမှာ သူပိုင်တာဆိုလို့ ရှင်းတစ်လုံးတည်းရှိပြီး ကျန်တာတွေက ညီသုတအတွက်ရည်ရွယ်တယ်ဆိုတာ။ ခွေးစာတွေ။ ခွေးစာတွေ🙄

ကာရန်ရှင်းရဲ့Account Nameက Tristan_Shin0811 ပဲနော်။ တအားရှည်နေမလားလို့ tristan_shinလို့ပဲပြောင်းရေးထားတာ။

*******************
ZawGyi Version

တစ္ပတ္အတြင္း အၿပီးသတ္ရမည့္ Presentationကို ေအာင္ေအာင္ျမင္ျမင္ အဆုံးသတ္ႏိုင္ၿပီးေနာက္ ကာရန္႐ွင္းသည္ စာၾကည့္စားပြဲမွထကာ ကိုယ္လက္အေညာင္းအညာေျပေအာင္ အေၾကာဆန္႔လိုက္သည္။ စားပြဲေပၚ႐ွိနာရီကို ၾကည့္မိေသာ္ အခ်ိန္မွာ ညဆယ့္တစ္နာရီပင္ ေက်ာ္သြားေလၿပီ။

အိပ္ခ်ိန္တန္ၿပီဆိုေသာ္ျငား မအိပ္ခင္ ေျခလက္ေဆးေၾကာၿပီးေနာက္ ဖုန္းကိုဖြင့္ကာ ညီသုတ၏Accountေလးထဲသို႔ ဝင္ရန္ ၾကံလိုက္သည္။ ညီသုတသည္ ယေန႔ညအဖို႔ ဓာတ္ပုံသုံးပုံႏွင့္ စာသားတစ္ခုကိုသာ တင္ထားေပသည္။

ဓာတ္ပုံသုံးပုံသည္ Selfieပုံမ်ားျဖစ္ၿပီး ညအိပ္ဝတ္စုံအဝါေရာင္ေလးႏွင့္ ခ်စ္စဖြယ္ေကာင္းေန၏။ ကာရန္႐ွင္းလည္း လက္ေႏွးမေနဘဲ ထိုပုံမ်ားကို သိမ္ထားလိုက္ၿပီး ပို႔စ္ကို Likeေပးလိုက္သည္။ ေနာက္ထပ္တင္ထားေသာ စာသားမွာ သီခ်င္းစာသားတစ္ခုသာျဖစ္သည္။

"Things end but memories last forever"

(အရာအားလုံးၿပီးဆုံးသြားရင္ေတာင္ အမွတ္တရေတြကေတာ့ ထာဝရထင္က်န္ရစ္ဆဲ)

ထိုစာေလးကို ဖတ္ၿပီး ကာရန္႐ွင္းမွာ အေၾကာင္းအရင္းမ႐ွိ စိတ္ဓာတ္က်မိရသည္။ အေၾကာင္းမွာ ညီသုတဆိုလိုခ်င္သည့္ အရာအားလုံးတြင္ သူမပါလိုေပ။

"ငါ့အမွားေတြပါကြာ... ငါအသုံးမက်ခဲ့တာ"

အေတာ္ၾကာသည္အထိ ညီသုတတင္ထားေသာ စာႏွင့္ ထိုစာေအာက္မွ commentတခ်ိဳ႕ကိုဖတ္၍ အခ်ိန္ျဖဳန္းေနေသာ ကာရန္႐ွင္းသည္ သူတင္ထားေသာပုံကို ညီသုတကlikeေပး႐ုံသာမက commentပါ ဝင္ေပးသြားသည္ကို ျမင္ေသာ္ ရင္ခုန္သံမ်ားက ထိန္းမရေအာင္ျမန္ဆန္လာရသည္။

မယုံၾကည္ႏိုင္သျဖင့္ ႏွစ္ႀကိမ္ႏွစ္ခါတိတိ စစ္ေဆးၿပီးေသာအခါ ယုန္ေပါက္ႏွစ္ေကာင္၏ပုံကို တင္ထားသည့္ပို႔စ္ေအာက္တြင္ အမွန္တကယ္ကို ညီသုတက commentလာေပးထားျခင္းပင္။

Nyi Thuta : ခ်စ္စရာေလးေတြ..

ကာရန္႐ွင္းမွာ ေဆာက္တည္ရာမဲ့စြာ ေပ်ာ္႐ႊင္လာေသာ စိတ္အစဥ္ကို မခ်ိဳးႏွိမ္ထားႏိုင္ေတာ့ေပ။ သူသည္ ဖုန္းကိုရင္ခြင္ထဲထည့္ထားၿပီး မ်က္ႏွာကိုလည္း ေခါင္းအုံးထက္အပ္ရင္း အ႐ူးတစ္ေယာက္လို ရယ္ေမာကာသူ၏ေပ်ာ္႐ႊင္မႈကို တိတ္တဆိတ္ထုတ္ေဖာ္သည္။

ၿပီးသည္ႏွင့္ ညီသုတ၏စာကို Replyျပန္ရန္ ၾကံလိုက္သည္။ အဆင္ေျပသင့္ေတာ္မည့္စာေၾကာင္းကို ႐ိုက္လိုက္၊ အဆင္မေျပဟုထင္လွ်င္ ျပန္ဖ်က္လိုက္ႏွင့္ စာတစ္ေၾကာင္းျပန္ဖို႔အေရး ဆယ္ငါးမိနစ္ခန္႔ ၾကာသြားေလသည္။

ေနာက္ဆုံးတြင္ သူသည္ အ႐ိုး႐ွင္းဆုံးသာ စာျပန္လိုက္ၿပီး ညီသုတႏွင့္ တရင္းတႏွီးျဖစ္မေနဟန္ကိုလည္း ထိန္းထားလိုက္သည္။ ႐ုတ္တရက္ႀကီး ရင္းရင္းႏွီးႏွီးစကားေျပာမိလွ်င္ တစ္ဖက္က ညီသုတလည္း ရိပ္မိသြားႏိုင္ေသာေၾကာင့္ပင္။

Tristan_Shin0811 : အင္း။ တကယ္ ခ်စ္စရာေကာင္းတယ္။

တစ္ဖက္မွ စာျပန္လာသည္ကို ညီသုတျမင္သည့္အခ်ိန္တြင္ အလြန္အမင္းမဟုတ္လွ်င္ေတာင္ အနည္းငယ္အံ့ၾသရသည္ကေတာ့ အမွန္။ ထိုသူသည္ commentထဲတြင္ အျခားသူမ်ား၏ မ်ားျပားလွစြာေသာစာမ်ားကို လုံးလုံးလ်ားလ်ားလ်စ္လ်ဴ႐ႈထားခဲ့ေသာ္လည္း သူ၏စာကိုမူ အေၾကာင္းျပန္လာခဲ့သည္။

ထို႔ေၾကာင့္ အျခားသူမ်ား၏commentမ်ားကို ခဏမွ်အကဲခတ္ၾကည့္မိေသာအခါ အေၾကာင္းအရင္းကို သူ႐ွာေတြ႕လိုက္သည္။

"သူ႕ပို႔စ္မွာ အကုန္လုံး မိန္းကေလးေတြခ်ည္းပဲ။ ေယာက်္ားသားဆိုလို႔ ငါတစ္ေယာက္ပဲလာမန္႔ထားပုံပဲ။ ဒီေတာ့ ေယာက်္ားေလးအခ်င္းခ်င္းပဲ စာျပန္တာ သိပ္ေတာ့မဆန္းပါဘူး"

အမွန္တကယ္ကိုပင္ ထိုပို႔စ္ေအာက္တြင္ ပြထေနေသာ စာမ်ားသည္ အမ်ိဳးသမီးထုႀကီးက ေနရာယူထားျခင္းသာျဖစ္၏။ ကိုရီးယားဘာသာႏွင့္ေရာ အဂၤလိပ္ဘာသာစကားႏွင့္ပါ အမ်ိဳးမ်ိဳးေရးသားထားၾကျခင္း...။

Xillie : Min Woo...I think "you" in this caption is me. Haha..

ညီသုတလည္း မိန္းကေလးမ်ားအၾကား ဤမွ်ေရပန္းစားလြန္းေသာ ထိုလူကို ခ်ီးက်ဴးမိသြားသည္။ အေၾကာင္းမွာ ထိုလူသည္ မိန္းကေလးမ်ားႏွင့္ အေရာတဝင္ေနသည္ပင္မဟုတ္။ သူ(မ)တို႔အား လ်စ္လ်ဴ႐ႈထား႐ုံသာမက ႐ွိသည္ဟုပင္မထင္ေသာ ထိုလူကို အားမေလွ်ာ့ဘဲ အမ်ိဳးမ်ိဳးစေနာက္ေနႏိုင္ၾကေသးသည္။ တယ္လည္း နားလည္ရခက္သည့္ မိန္းမမ်ားပါလား။

"မင္ဝူ....။ ဒါက သူ႕နာမည္ထင္တယ္"

တစ္ေယာက္တည္း တီးတိုးေရ႐ြတ္ေနခ်ိန္မွာပင္ Messengerမွ မက္ေဆ့ခ်္မ်ား ဆက္တိုက္ဝင္လာသျဖင့္ သူလည္း Instagramမွ ထြက္ကာ မက္​ေဆ့ခ်္မ်ားကို ဝင္စစ္ၾကည့္ေသာအခါ လုပ္ေဖာ္ကိုင္ဖက္မ်ားက သူ႕ကို အားလပ္ရက္ဘာလုပ္မလဲဆိုသည့္အေၾကာင္းအရာမ်ား ေမးျမန္းထားျခင္းသာ။

သူလည္း သူတို႔ႏွင့္ ခဏမွ်စကားေျပာၿပီးသည္ႏွင့္ တျခားဘာအေတြးမွလည္း မေတြးေတာ့ဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ပစ္လိုက္ေတာ့သည္။ မနက္ျဖန္သည္ ပိတ္ရက္ဟူေသာ အသိေၾကာင့္ သူ၏အိပ္စက္ျခင္းသည္လည္း ပို၍စိတ္သက္သာရေသာေၾကာင့္ ခါတိုင္းထက္ ပို၍ႏွစ္ၿခိဳက္စြာ အိပ္ေမာက်သြားရေတာ့သည္။

........

ေနာက္တစ္ရက္၌ ညီသုတသည္ ပိတ္ရက္ကို အခန္းထဲတြင္သာ အခ်ည္းႏွီးမျဖတ္သန္းလိုေသာေၾကာင့္ ခဏတျဖဳတ္အျပင္သြားရန္ ၾကံ႐ြယ္ထားသည္။

မနက္ပိုင္းကိုေတာ့ အိမ္အလုပ္တခ်ိဳ႕ကူလုပ္၍ အေဖႏွင့္အေမ၏ အထည္ဆိုင္ေလးကို ခဏမွ်ေစာင့္ၾကည့္ေပးသည္။ ၿပီးသည္ႏွင့္ ​ေန႔လယ္စာစားၿပီး ဟိုနားသည္နားလမ္းေလွ်ာက္ရင္း ထြက္လာခဲ့လိုက္သည္။

မႏၲေလးေစ်းခ်ိဳအနီးတဝိုက္တြင္ လူသြားလူလာ႐ႈပ္ေထြးၿပီး ဆိုင္ခန္းမ်ားႏွင့္ ေစ်းသည္မ်ားသည္လည္း လက္ညိႇဳးထိုးမလြဲပင္။ ဆူညံ႐ႈပ္ေထြးေနေသာ ပတ္ဝန္းက်င္သည္ အနည္းငယ္မ်က္စိေနာက္ခ်င္စရာေကာင္းေသာ္လည္း တစ္နည္းအားျဖင့္ ေပ်ာ္စရာလည္းေကာင္းေနေပသည္။ လမ္းေဘးပလက္ေဖာင္းတစ္ေလွ်ာက္တြင္ ခင္းက်င္းေရာင္းခ်ေနေသာ အထည္တခ်ိဳ႕၊ ကေလးအသုံးအေဆာင္မ်ိဳးစုံႏွင့္ အသုပ္စုံစားစရာတို႔သည္လည္း စုံလင္လ်က္။

ဤေနရာ႐ွိဆိုင္မ်ားသည္ လမ္းေဘးဆိုင္မ်ားျဖစ္သည့္အတြက္ အခန္းဖြဲ႕၍ ေရာင္းခ်ေနျခင္းမ်ိဳးမဟုတ္။ ကိန္းႀကီးခန္းႀကီးႏိုင္သည့္လူမ်ားအဖို႔ေတာ့ ဤဆိုင္မ်ားကို ႏွာေခါင္း႐ႈံ႕ေကာင္း႐ႈံ႕ႏိုင္ေသာ္လည္း သူ႕လိုသာမန္လူတန္းစားအဖို႔ သန္႔႐ွင္းသပ္ရပ္ၿပီး ဝယ္ယူရလြယ္ကူသည့္အျပင္ ေစ်းလည္းသက္သာေသာေၾကာင့္ သေဘာက်သည္။

အသုပ္စုံမ်ိဳးစုံအား ေရာင္းခ်ေနေသာ လမ္းေဘးဆိုင္တစ္ခုခ်င္းစီကို လိုက္ၾကည့္ရင္း ဖြယ္ဖြယ္ရာရာျပင္ဆင္ထားမႈမ်ားေၾကာင့္ မေနႏိုင္ေတာ့သည့္အဆုံး သူလည္း သန္႔႐ွင္းသပ္ရပ္စြာ ခင္းက်င္းထားေသာ အသုပ္ဆိုင္ငယ္ေလး၌ ဝင္ထိုင္ကာ ရခိုင္မုန္႔တီသုပ္တစ္ပြဲ မွာလိုက္ေလသည္။

မွာထားတာရသည္ႏွင့္ မစားခင္ ဓာတ္ပုံ႐ိုက္ထားလိုက္သည္။ ၿပီးသည္ႏွင့္ အားလပ္ရက္၌ ေအးေဆးစြာစားေသာက္ရျခင္း၏အရသာကို အျပည့္အဝခံစားေတာ့သည္။

ထိုေန႔က ညီသုတ၏အပန္းေျဖျခင္းသည္ ေနရာေဝးေဝးအထိ မေရာက္ခဲ့ေသာ္လည္း စုံလင္လွစြာေသာ မုန္႔မ်ိဳးစုံကို ေလွ်ာက္ပတ္စားရင္း တစ္ေနကုန္ခဲ့သည္။ ဤတစ္ေခါက္ပိတ္ရက္သည္ အမွန္တကယ္စိတ္ေပါ့ပါးရသည္။ အလုပ္အေႂကြးအက်န္မ်ားလည္း မ႐ွိေတာ့သျဖင့္ ခါတိုင္းပိတ္ရက္မ်ားထက္ ပိုသာယာခဲ့သည္။

တစ္ေနကုန္အားရပါးရအပန္းေျဖခဲ့ေသာ ညီသုတသည္ အိမ္ျပန္ေရာက္သည္ႏွင့္ ညစာပင္ မစားႏိုင္ေတာ့ေလာက္ေအာင္ အစားစုံခဲ့ရသည္။ ထို႔ေၾကာင့္ ေရမိုးခ်ိဳး၍ ၿပီးစီးသည္ႏွင့္ အအီအေနာက္ေျပေအာင္ သံပုရာရည္တစ္ခြက္သာ ေဖ်ာ္ၿပီး အိပ္ခန္းထဲသို႔ ယူလာခဲ့သည္။

အခန္းထဲ၌လည္း ေအးေအးလူလူသီခ်င္းနားေထာင္ရင္း အင္တာနက္သုံးေနျပန္သည္။ ေဖ်ာ္ယူလာေသာ သံပုရာရည္ကို ေသာက္ရင္း တစ္ေန႔တာ ႐ိုက္ယူခဲ့သမွ် အစားအေသာက္ပုံမ်ားကို Instagramတြင္ လွလွပပတည္းျဖတ္ကာ တင္လိုက္သည္။

"Date with the food"

ပုံႏွင့္လိုက္ဖက္သည့္စာသားကိုလည္း ေသခ်ာေ႐ြးခ်ယ္ထားသျဖင့္ ငါးမိနစ္အတြင္းမွာတင္ သူတင္ထားေသာပုံတြင္ Commentမ်ား တန္းစီလာသည္။ ပထမဆုံးႏွစ္ခုက စြမ္းထက္ပိုင္ႏွင့္ လင္းထက္ပိုင္၏ မွတ္ခ်က္မ်ား..။

Swan_Htet - တကယ္ႀကီး အားရပါးရစားေသာက္ခဲ့တာပဲ။

Linn Htet - ေနာက္တစ္ေခါက္ Joinမွာေနာ္..။

NweYiWin - သုတေလးရဲ႕ အားလပ္ရက္က သာယာခ်က္။ ပုံေတြၾကည့္ၿပီး ဗိုက္ဆာလာၿပီ။

အသိမိတ္ေဆြမ်ား၏ မွတ္ခ်က္မ်ိဳးစုံကို လိုက္ၾကည့္ရင္း တစ္ခုမက်န္ Replyျပန္ေနခိုက္ ေနာက္ထပ္အသစ္ဝင္လာေသာ မွတ္ခ်က္တစ္ခုလည္း ႐ွိေသး၏။

Tristan_Shin0811 - မႏၲေလးၿမိဳ႕ကိုေတာင္ လြမ္းသြားၿပီ။ ထိုးမုန္႔ဆိုင္ေတြေရာ Candy Townေရာ။

ညီသုတလည္း ထိုသူ၏မွတ္ခ်က္ေၾကာင့္ ျပဳံးမိသြားသည္။ ဤအသက္အ႐ြယ္ႏွင့္ Candy Townကို လြမ္းသတဲ့ေလ။ ကေလးဆန္ဆန္ႏွင့္ ဤအသက္အ႐ြယ္အထိ ကေလးခ်ိဳခ်ဥ္မ်ား ႀကိဳက္ေနေသးသည့္လူမွာ သူတစ္ေယာက္သာ ႐ွိေတာ့သည္ဟု ညီသုတထင္ခဲ့မိသည္။

Nyi Thuta - လြမ္းရင္လာခဲ့ေပါ့ဗ်ာ။ Candy Townက မ႐ွိေတာ့ေပမယ့္ မႏၲေလးကေတာ့ အၿမဲ႐ွိေနတာပဲေလ။

စာျပန္ၿပီး ဆယ္မိနစ္အၾကာတြင္ သူ၏Chat boxေလးသည္ လႈပ္လႈပ္႐ွား႐ွားျဖစ္လာသည္။ သူ႕တြင္ Instagram၌ တကူးတကစာပို႔မည့္လူဟူ၍ မ႐ွိ။ ပုံမွန္ဆိုလွ်င္ အႁမႊာႏွစ္ေယာက္ႏွင့္ အျခားလုပ္ေဖာ္ကိုင္ဖက္မ်ားက Messenger၌သာ ပို႔တတ္ၾကသည္။

ထူးထူးဆန္းဆန္းျဖစ္ေနသည္မို႔ ဝင္ၾကည့္မိေလေသာအခါမွ ထင္သည့္အတိုင္း Tristan Shinဆိုေသာ လူထံမွ စာျဖစ္ေန၏။

Tristan_Shin : "Candy Townက တကယ္မ႐ွိေတာ့တာလား"

ညီသုတခမ်ာ ထိုစာေၾကာင့္ ရယ္ရအခက္၊ ငိုရအခက္။ ဤသူသည္ အမွန္တကယ္ကို Candy Loverမ်ားလား။

Nyi Thuta : "အရင္ေနရာမွာမ႐ွိေတာ့တာဗ်။ လုံးဝမ႐ွိတာေတာ့မဟုတ္ဘူး"

Tristan_Shin : "ေၾသာ္..Candy Townမွာ ေလွ်ာက္ၾကည့္ရတာ သေဘာက်ေတာ့ တကယ္မ႐ွိေတာ့ဘူးထင္ၿပီး ႏွေျမာသြားတာ"

ထိုလူသည္ စကားအမ်ားႀကီး​ေျပာေနေသာ္ျငား ညီသုတ၏စိတ္ထဲတြင္ ထိုသူထံမွ ေအးစက္မႈတစ္မ်ိဳးခံစားမိေလသည္။ သို႔ေသာ္ ထိုခံစားခ်က္ကို တိတိက်က်ေဖာ္မျပတတ္ေခ်။

Nyi Thuta : "ကြၽန္ေတာ္လည္း အစကမ႐ွိေတာ့ဘူးထင္တာ။ ေနာက္မွ ေနရာအသစ္ကိုေျပာင္းသြားတယ္ဆိုတာကို သိရတာ"

ညီသုတသည္ အျပန္အလွန္စကားေျပာေနရင္းမွ ထိုသူသည္ ခင္မင္စရာေကာင္းသည့္လူတစ္ေယာက္ျဖစ္ေၾကာင္း သိလာရသည္။ သို႔ေသာ္ ထိုသူ၏ အ႐ွိန္အဝါတစ္မ်ိဳးေၾကာင့္ သူ႕စိတ္ထဲ ႐ွိန္ေနမိေသးသည္ကေတာ့ အမွန္ပင္။

Tristan_Shin : "ဟိုေလ..တအားယဥ္ေက်းစရာမလိုပါဘူး။ ငါတို႔က ႐ြယ္တူပဲဆိုေတာ့ မင္းနဲ႔ငါလို႔သုံးလို႔ရပါတယ္"

Nyi Thuta : "အာ..။ ဟုတ္ၿပီေလ။ နာမည္က ႐ွင္းမင္ဝူေနာ္။ ျမန္မာနာမည္မ႐ွိဘူးလား"

ညီသုတ၏အေမးေၾကာင့္ တစ္ဖက္မွ စိတ္လႈပ္႐ွားစြာစကား​​ေျပာေနရေသာ ကာရန္႐ွင္းခမ်ာ ခ်က္ခ်င္းေအးခဲသြားရသည္။ လႈပ္႐ွားမႈမ်ားလည္း မျပဳႏိုင္ဘဲ ဖုန္းကိုင္လ်က္သား ၿငိမ္က်သြားၿပီးေနာက္ စခရင္ထက္႐ွိ လက္ေခ်ာင္းေလးမ်ားကို ျဖည္းညင္းစြာ ျပန္လႈပ္႐ွားလိုက္သည္။

Tristan_Shin : "ျမန္မာျပည္မွာ အၾကာႀကီးမေနဖူးလို႔ ျမန္မာနာမည္မ႐ွိဘူး"

မုသားကိုဆိုမိျခင္းအတြက္ေတာ့ ကာရန္႐ွင္းစိတ္မေကာင္းျဖစ္မိသည္။ သို႔ေသာ္ သူမွန္းသိသာေစသည့္ အေၾကာင္းအရင္းမ်ားကိုေတာ့ အမွန္အတိုင္းမေျပာသင့္ဟု ဆင္ျခင္မိသည္။ ညီသုတသာ Tristan Shinသည္ ကာရန္႐ွင္းျဖစ္ေၾကာင္း သိသြားလွ်င္ ယခုလိုေလးပင္ စကားေျပာေနႏိုင္မည္မဟုတ္။

Nyi Thuta : "ေၾသာ္..သေဘာေပါက္ၿပီ"

Tristan_Shin: "႐ွင္းမင္ဝူလို႔ေခၚရမွာတစ္မ်ိဳးျဖစ္ရင္ ထရစ္စတန္လို႔ေခၚလို႔ရတယ္"

Nyi Thuta : "ထရစ္စတန္..။ နာမည္ေလးကလွတယ္ေနာ္"

Tristan_Shin: "သူ႕ရဲ႕အဓိပၸါယ္က Sorrowfulတဲ့။ ဝမ္းနည္းပူေဆြးျခင္းေပါ့"

Nyi Thuta : "နာမည္ေလးကလွေပမယ့္ အဓိပၸါယ္ကေတာ့ ေၾကကြဲစရာပဲ"

Tristan_Shin: "လူနဲ႔နာမည္က လိုက္ဖက္သြားတာေပါ့"

Nyi Thita: "အဲ့လိုေျပာမွပဲ တင္ထားသမွ်ပုံေတြအကုန္လုံးကလည္း အေဆြးဓာတ္အျပည့္"

Tristan_Shin : "ဟင္။ ပုံေတြအကုန္လုံး ၾကည့္ထားတာလား"

Nyi Thuta: "ဟုတ္တယ္။ မခင္တဲ့လူတစ္ေယာက္က လာfollowထားေတာ့ နည္းနည္းထူးဆန္းသြားလို႔"

အားရပါးရရယ္ေနေသာ အီမိုဂ်ီေလးပါ အဆစ္ထည့္ၿပီး ပို႔လာသျဖင့္ ကာရန္႐ွင္းပါ ေၾကာင္ေတာင္ေတာင္ႏွင့္ လိုက္ရယ္မိသည္။ ေပ်ာ္႐ႊင္မႈဆိုသည္ကလည္း ရင္ထဲအျပည့္ပင္။ ညီသုတသည္ သူတင္ထားသမွ်ကို လိုက္ၾကည့္ထားသည္ဟူေသာ အသိက သူ႕ကို တစ္ပတ္ေလာက္ တက္ႂကြေနေစမည္သာ။

Tristan_Shin: "Accountထဲမွာက ကိုရီးယားကလူေတြေလာက္ပဲ႐ွိတာ။ မႏၲေလးကို လြမ္းေနတဲ့အခ်ိန္မွာ မႏၲေလးသားတစ္ေယာက္ရဲ႕ accountကို ေတြ႕မိလို႔ ဝင္ၾကည့္ရင္းနဲ႔ စိတ္ထဲရင္းႏွီးခ်င္သြားလို႔ေလ"

Nyi Thuta: "ဒါဆိုရင္ေတာ့ လူေ႐ြးမွန္သြားၿပီ"

ညီသုတက သူ႕ကိုစေနာက္သလို ေျပာေနသျဖင့္ သူကလည္း အလိုက္သင့္ေနေပးလိုက္သည္။ သည္လိုႏွင့္ ႏွစ္ေယာက္သား ပထမဆုံးခင္မင္ရသည့္ေန႔မွာပင္ စလိုက္ေနာက္လိုက္၊ မႏၲေလးၿမိဳ႕အေၾကာင္းေဆြးေႏြးလိုက္ႏွင့္ အခ်ိန္ကုန္ခဲ့ၾကသည္။ ကာရန္႐ွင္းမွာေတာ့ တစ္ညလုံးအေပ်ာ္ႀကီးေပ်ာ္ခဲ့ရသည္ေပါ့။

*****************************************************

A/N: သင္သိပါသလား။ ကာရန္႐ွင္းရဲ႕account nameမွာ သူပိုင္တာဆိုလို႔ ႐ွင္းတစ္လုံးတည္း႐ွိၿပီး က်န္တာေတြက ညီသုတအတြက္ရည္႐ြယ္တယ္ဆိုတာ။ ေခြးစာေတြ။ ေခြးစာေတြ🙄

ကာရန္႐ွင္းရဲ႕Account Nameက Tristan_Shin0811 ပဲေနာ္။ တအား႐ွည္ေနမလားလို႔ tristan_shinလို႔ပဲေျပာင္းေရးထားတာ။

*******************



Continuer la Lecture

Vous Aimerez Aussi

295K 17.5K 46
​ကြၽန္​​ေတာ္​့စိတ္​ကို ဘယ္​စကားနဲ႔မွ အ ​ေရာင္​မျခယ္​ခ်င္​ပါနဲ႔​ေတာ့.... ခင္​ဗ်ားကိုလြမ္​းတိုင္​း အလဲလဲအၿပိဳၿပိဳ ျဖစ္​​ခဲ့တဲ့ ကြၽန္​​ေတာ္​့ကိုသနားပါ...
39.1K 1.6K 55
ကြၽန္ေတာ့္ဘဝမွာ အျဖစ္ခ်င္ဆံုးအရာကိုေျပာပါဆိုရင္ ေမာင့္ညာလက္ဖမိုးေပၚမွာ ႐ွိတဲ့ မွည့္နက္ေလးလို ေမာင့္အနားမွာ အျမဲတမ္းေနခ်င္မိပါတယ္။ ကျွန်တော့်ဘဝမှာ အဖြ...
28K 1.5K 29
ဒေစီများလား ဒုဓလီရယ်ပါ သီကုံးပုလဲ၀ယ် လိပ်ပြာကပ်လို့ ဆင်မြန်းလည်ကျော့ စိမ်းရောင်လွှမ်းစဉ် ကမ္ဘာကြီးလည်း ဟန်နီပြုံးမှ လင်းတော့သည် ။ starting : 1 jan 2...
441K 16.4K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...