(Unicode Version)
"Theo... မင်း သေချာပြီလား!?"
စိုင်းရသဦးရဲ့မေးခွန်းကို Theoက တည်ငြိမ်စွာ ပြန်ဖြေပေးခဲ့သည်။
"သေချာတယ်။"
ထိုအဆုံးအဖြတ်စကားကြောင့် စိုင်းရသဦးရဲ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ မီးတုတ်က ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ကျဆင်းသွားလေသည်။ ချက်ချင်းဆိုသလိုပင် ကြမ်းပေါ်မှာ အဆင်သင့်လောင်းချထားတဲ့ ဒီဇယ်ဆီတွေက မီးနဲ့ ထိတွေ့ပြီး စတင်လောင်မြိုက်သွားတော့သည်။
"သွားကြရအောင်..."
Theoက အရှိန်အဟုန်ဖြင့် လောင်ကျွမ်းနေတဲ့ မီးတောက်တွေကို ငေးကြည့်လိုစိတ် မရှိတော့ပုံပင်။ အရှေ့မှ ဦးဆောင်ကာ ထွက်ခွာသွားပြီမို့ စိုင်းရသဦးလည်း ထိုမီးလျှံများကို တစ်ချက်မျှ ငေးကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
ထို့နောက် သူ့ခြေလှမ်းအစုံက Theoရဲ့ဦးတည်ရာအတိုင်း ထပ်တူကျသွားခဲ့သည်။ အနောက်မှာ ကျန်ရစ်ခဲ့သည်က မီးစွဲလောင်နေတဲ့ သီရိမြိုင်စံအိမ်ဟောင်းကြီးနဲ့ သက်မဲ့အလောင်း(၄)လောင်းသာ ဖြစ်ပေသည်။
သူတို့နှစ်ဦးစလုံး ကားထဲမှာ နေရာယူပြီးချိန်မှာ စိုင်းရသဦးဆီက စကားသံထွက်ပေါ်လာလေသည်။
"မင်းရဲ့အကြောင်းတွေကို အစ်ကို့ဆီမှာ နည်းနည်းလောက်ပဲဖြစ်ဖြစ် ဖွင့်ပြောပြသင့်တယ်။"
Theoက ထိုစကားကို အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ်ပြီး ပြန်မေးလိုက်သည်။
"ဘာလို့လဲ!?"
"အစ်ကို့ဘက်ကိုလည်း တစ်ချက်လောက် ငဲ့ကြည့်ပေးသင့်တယ်။ သူ့ခမျာ မင်းရဲ့သရုပ်အမှန်ကို တစ်ခုမှ မသိဘဲ ချစ်ပေးနေရတာ။"
"အခုအတိုင်းလည်း သူ နေသားကျနေပြီပဲ။"
"ဒါက မင်းရဲ့အထင်လေ။ ကိုယ့်ချစ်သူရဲ့အကြောင်းကို ခရေစေ့တွင်းကျ မသိချင်တဲ့သူရယ်လို့ ဘယ်သူရှိမှာလဲ!?"
စိုင်းရသဦးရဲ့ဖျောင်းဖျမှုက Theoရဲ့ဆုံးဖြတ်ချက်ကို အနည်းငယ် ယိမ်းယိုင်သွားပေမဲ့ ခဏအကြာမှာ တစ်ဖန် တင်းမာသွားခဲ့ပြန်သည်။
"ငါ့အကြောင်းတွေက တစ်နွယ်ငင်တစ်စင်ပါတွေ ဖြစ်နေတာ။ ပြီးတော့ သူက တအားပါးနပ်တဲ့သူ။ နည်းနည်းလောက် အရိပ်ပြလိုက်တာနဲ့ ငါ ဘာကြံနေလဲဆိုတာကို သိသွားလိမ့်မယ်။ ငါ လုပ်ထားတဲ့အရာတွေကလည်း သူ မကြိုက်တာတွေချည်းပဲ။ ဒီလိုအနေအထားမှာ ငါက သူ့ကို ဘယ်လိုပြောပြရမှာလဲ!?"
"ငါတို့ရဲ့အပြစ်တွေ မပေါ်အောင်လို့ သေချာအကွက်ချထားခဲ့တာပဲ။ မင်းက ရသအစစ်ပါလို့ အစ်ကို့ကို ပြောလိုက်လည်း ပြဿနာမရှိလောက်ပါဘူး။"
"ခန့်မှန်းချက်ဆိုတာက ကံကို လောင်းကြေးထပ်ရတာ။ သူနဲ့ ပတ်သက်ပြီး လောင်းကြေးမထပ်ရဲသလို ဘာကိုမှလည်း ငါ အဆုံးရှုံးမခံနိုင်ဘူး။"
"ဒါပေမဲ့ သူက သိချင်နေတာလေ။ မင်း သူ့ကို ဘယ်အချိန်ထိ ဖုံးကွယ်ထားမလို့လဲ!?"
"ငါ သေတဲ့အထိ..."
Theoရဲ့စိတ်ဓာတ်ခိုင်မာမှုက စိုင်းရသဦးကို နှုတ်ဆိတ်ကာ ငြိမ်သက်သွားစေခဲ့သည်။ သိင်္ဂါရနဲ့ ပတ်သက်ပြီး အတိမ်းအစောင်းမခံမှန်း သိထားတာမို့ သူ့အနေနဲ့ ထပ်မံမတိုက်တွန်းလိုခြင်းပင်။ သို့ပေမဲ့ မေးခွန်းတစ်ခုကိုတော့ သူ အားတင်းကာ ထပ်မေးလိုက်မိသည်။
"မင်း မပြောပြဘဲ အစ်ကိုက သူ့ဘာသာသူ စုံစမ်းလို့ သိသွားခဲ့မယ်ဆိုရင်ရော!?"
ထိုခဏတာအတွင်းမှာ Theoရဲ့နှလုံးသားတစ်ခုလုံးက လစ်ဟာသွားသလို ခံစားလိုက်ရသည်။ ဖုံးကွယ်ထားတဲ့ သူ့အကြောင်းတွေကို သိင်္ဂါရကသာ ရှာတွေ့သွားခဲ့ရင် ဘယ်လိုမျိုးစီရင်ချက်ချခံရမလဲဆိုတာကို သူ မတွေးဝံ့ပေ။
သူ့ကို တစ်သက်တာအတွက် မုန်းတီးရွံရှာသွားလေမလား!?
သူနဲ့ ဝေးရာကို ပြေးထွက်သွားလေမလား!?
သေချာတာက သူ့နံဘေးမှာ သေချာပေါက်ဆက်မရှိနိုင်တော့ခြင်းပင် ဖြစ်သည်။
"မင်းဘက်က ရဲရင့်ဖို့ လိုနေပြီ... Theo..."
ထိုနေ့ညက အိမ်ပြန်ရာလမ်းတစ်လျှောက်မှာ Theoရဲ့အတွေးတွေက အမျိုးအမည်ဖော်မရဘဲ ပျံ့လွင့်နေခဲ့လေသည်။
တေးသီကျူးနေတဲ့ ကျေးဌက်လေးတွေရဲ့အသံက သိင်္ဂါရရဲ့စိတ်အစဉ်ကို လန်းဆန်းတက်ကြွပြီး အိပ်ရာကနေ နိုးထစေနိုင်တဲ့ သဘာဝနှိုးစက်လေးလိုပင်။ ကောင်းမွန်စွာ အိပ်စက်ခွင့်ရခဲ့ခြင်းက သူ့အတွက် အားအင်သစ်ပေးခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
Theo လာမခေါ်သေးခင် မိမိဘက်က ပြင်ဆင်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်ဖို့အတွက် ရေချိုးသန့်စင်ပြီး မနက်စာစားရန် အောက်ထပ်သို့ သူ ဆင်းလာခဲ့သည်။ သို့ပေမဲ့ အိမ်ရှေ့ခန်းမှာ အဆင်သင့်ထိုင်စောင့်နေတဲ့ Theoကြောင့် သူ့အစီအစဉ်တွေက ပျက်သွားရတော့သည်။
"Theo... ဘယ်တုန်းက ရောက်နေတာလဲ!?"
Theoက သူ့ကို ငေးကြည့်ကာ ပြုံးပြခဲ့ပေမဲ့ ထိုအပြုံးက တက်ကြွမနေခဲ့ပေ။
"ကိုယ် အိပ်ရာကနေ အစောကြီးနိုးနေတာနဲ့ မင်းဆီကို လာခဲ့တာ။"
တကယ်တော့ စောစောနိုးနေခြင်း မဟုတ်ဘဲ တစ်ညလုံး အိပ်မရခဲ့ခြင်းပင်။
"ဘာလို့ ငါ့ကို လာမနှိုးတာလဲ!?"
"အိပ်ရေးဝဝ အိပ်စေချင်လို့..."
"ဘာစားပြီးပြီလဲ!?"
"မင်းမျက်နှာကို မြင်နေရပြီပဲ။ ကိုယ့်အတွက် ဘာစားစရာမှ မလိုတော့ဘူးလေ။"
"လျှောက်ပြောမနေနဲ့။ ငါ တုံတုံ့ကို မနက်စာပြင်ခိုင်းလိုက်မယ်။"
"နေပါစေတော့။ သူလည်း အထုပ်အပိုးတွေ ပြင်ဆင်နေလောက်ပြီ။ ကိုယ်တို့ အပြင်မှာပဲ သွားစားကြရအောင်။"
သိင်္ဂါရကလည်း ထိုအစီအစဉ်ကို လက်ခံပေးလိုက်သည်။
"ငါ ပစ္စည်းတွေ သွားယူလိုက်ဦးမယ်။"
"များရင် ကိုယ် ဝိုင်းသယ်ပေးပါ့မယ်။"
"မများပါဘူး။ ဒီမှာပဲ ထိုင်နေခဲ့။"
ပြောပြီးနောက် အပေါ်ထပ်သို့ ခပ်သွက်သွက် တက်သွားတဲ့ သိင်္ဂါရကို ကြည့်ပြီး Theoက ပြုံးလိုက်ပေမဲ့ တစ်ဆက်တည်းမှာပင် ပူပန်မှုအချို့က ပေါ်လာခဲ့ပြန်သည်။ ထိုပူပန်မှုတွေက သူ့မျက်နှာပေါ်က အပြုံးတွေကို ရုပ်သိမ်းပစ်ပြီး အတွေးများစေခဲ့သည်။
"ကိုယ် ဘာလုပ်ရမလဲ...သိင်္ဂါရ!? မင်းကို ဖွင့်ပြောပြလိုက်လို့ ဖြစ်ပါ့မလား!?"
ထိုမေးခွန်းကို သူ့ကိုယ်သူ အကြိမ်ပေါင်းများစွာ မေးကြည့်ခဲ့ဖူးသလို အကြိမ်ကြိမ်လည်း ပြန်လည်ငြင်းပယ်ခဲ့ဖူးလေသည်။ ယခုတစ်ကြိမ်မှာတော့ စိုင်းရသဦးရဲ့စကားအချို့က သူ့စိတ်ကူးတွေကို ယိမ်းယိုင်သွားစေအောင် လှုံ့ဆော်နေသလိုပင်။
"Theo... သွားကြရအောင်။"
သိင်္ဂါရရဲ့အသံကို ကြားမှ သူ့အတွေးတွေက ရပ်တန့်သွားခဲ့ရသည်။
"ဪ... သွားကြတာပေါ့။ ဒါနဲ့ မနက်စာကို ဘယ်ဆိုင်မှာ ဝင်စားချင်လဲ!?"
"မစားတော့ပါဘူး။ ဟိုဘက်အိမ်ကို ရောက်မှ စားဖို့အတွက် ငါ စီစဉ်ပေးပါ့မယ်။"
"ဈေးဝယ်ဖို့ရော မလိုဘူးလား!?"
"မလိုဘူး။ တစ်နေ့ကမှ ငါ ဝယ်ထားတာတွေ ရှိသေးတယ်။"
"ဒါဆို အဲဒီကိုပဲ သွားကြမယ်လေ။"
သိင်္ဂါရက ခေါင်းညိတ်ပြပြီး Theoရဲ့အနောက်ကနေ အတူပါလာခဲ့ပေမဲ့ ကားပေါ်သို့ တက်ခါနီးအချိန်မှာ အိမ်ကြီးကို နောက်ဆုံးအနေနဲ့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုအိမ်ကြီးမှာ ရှိခဲ့ဖူးတဲ့ ငယ်စဉ်က အမှတ်တရအချို့ကိုလည်း သူ့စိတ်ထဲမှာ စွဲမြဲနေအောင် မှတ်သားနေခဲ့မိသည်။ အားလုံးကို သေချာမှတ်သားပြီးမှ ကားထဲသို့ သူ ဝင်ထိုင်ကာ စတင်ထွက်ခွာခဲ့တော့သည်။
ကိုယ်စီအတွေးတွေနဲ့ တိတ်ဆိတ်စွာ ထွက်ခွာခဲ့ကြတဲ့ သူတို့နှစ်ဦးက ခဏအကြာမှာ ဦးတည်ရာ အိမ်လေးဆီသို့ ရောက်ရှိခဲ့လေသည်။ ထိုအချိန်မှာပင် သိင်္ဂါရက ကားပေါ်ကနေ ဆင်းပြီး ကားနောက်ခန်းထဲမှ အထုပ်တွေကို သယ်ယူဖို့ ကြိုးစားလိုက်သည်။
"မသယ်နဲ့ဦး။ ကိုယ် ပြီးမှပဲ သယ်လာပေးပါ့မယ်။"
"ဘာလို့လဲ!?"
"ဘာမှမဖြစ်ပါဘူး။ မင်းကို မပင်ပန်းစေချင်လို့ပါ။"
"ရပါတယ်... ငါက..."
Theoက သူ့လက်ကို ဆုပ်ကိုင်ပြီး ခေါ်ဆောင်သွားတာမို့ သိင်္ဂါရလည်း ဘာမှဆက်မပြောနိုင်ဘဲ လိုက်ပါခဲ့ရသည်။ သူတို့နှစ်ဦး အိမ်ထဲသို့ ရောက်လာချိန်မှာ Theoက လက်ကို လွှတ်ပေးလိုက်ပြီး သိင်္ဂါရရဲ့ခါးလေးကို အနောက်ကနေ ပွေ့ဖက်ကာ ပခုံးပေါ်သို့ မေးတင်ရင်းနဲ့ ပြောခဲ့လေသည်။
"ဒီနေ့ကစပြီး ဒီအိမ်လေးထဲမှာ ကိုယ်တို့နှစ်ယောက် အတူနေရတော့မှာ... ကလေးလေးရဲ့..."
"ဒီအိမ်မှာ မဟုတ်ပေမဲ့ အရင်ကလည်း ငါတို့ အတူနေခဲ့ဖူးတာပဲ။"
"ဘယ်တူပါ့မလဲ!? အခုက အိမ်ထောင်သည်အနေနဲ့ အတူနေရမှာလေ။"
"ဘယ်တုန်းက လက်ထပ်လိုက်တာလဲ!?"
"ကိုယ်တို့ရဲ့လက်ထပ်ပွဲကို နှလုံးသားထဲမှာပဲ ကျင်းပလိုက်ကြတာပေါ့။"
"စကားတတ်တိုင်း လျှောက်ပြောမနေနဲ့။"
"တကယ်ပြောတာပါ။ မင်းရဲ့နာမည်လေးကို အနက်ရှိုင်းဆုံးနေရာတစ်ခုမှာ ကိုယ့်နှလုံးသွေးနဲ့ ရေးထိုးထားပြီးသား။ အဲဒါက စာရွက်ပေါ်မှာ လက်မှတ်ထိုးတာထက် ပိုပြီးခိုင်မြဲပါတယ်။ မဟုတ်ဘူးလား!?"
"မင်းက ငြင်းလို့မရအောင် တမင်ပြောသွားတာပဲ။"
"ဒါဆို လက်ခံလိုက်ပြီဆိုပါတော့။"
"ပြောမိလို့လား!?"
"အင်း..."
"ဘယ်တုန်းကလဲ!?"
"အခုလေးတင် မင်းရဲ့ရင်ခုန်သံတွေက ပြောသွားတာ။"
လည်တိုင်ပေါ်မှာ ဝေ့ဝဲကာ ကျရောက်လာတဲ့ အနမ်းတချို့ကြောင့် သိင်္ဂါရရဲ့ရင်ခုန်သံတွေက စင်စစ်မြန်ဆန်နေခဲ့ပေသည်။
"လောလောဆယ် မင်းရဲ့မိသားစုက နာရေးရှိနေတော့ ကိုယ် နောက်မှပဲ ပွဲအခမ်းအနားနဲ့ ကျင်းပပေးပါ့မယ်။"
"အိမ်ထောင်သည်ဘဝဆိုတာက ချစ်သူဘဝနဲ့ မတူဘူး...Theo... အကောင်းရော၊ အဆိုးရောကို အတူမျှဝေခံစားရတော့မှာ။ ဖြစ်လာသမျှ ပြဿနာတိုင်းကို အတူရင်ဆိုင်ရမှာပါ။ အခုလိုမျိုး လျှို့ဝှက်ချက်တွေကို ထိမ်ချန်ပြီး ကိုယ် လုပ်ချင်ရာကို ဇွတ်တရွတ် လုပ်လို့မရတော့ဘူး။"
"ကိုယ်က ဇွတ်တရွတ် မလုပ်ပါဘူး။"
"သိပါတယ်။ သေချာအကွက်ချပြီးမှပဲ လုပ်တတ်တာမလား!?"
"ဘာကို ပြောချင်တာလဲ!?"
"မင်းဘာသာမင်း အသိဆုံးနေမှာပေါ့။"
Theoက မသင်္ကာစိတ် ဝင်လာပြီမို့ သိင်္ဂါရရဲ့ပခုံးလေးကို သူ့ဘက်သို့ အသာအယာ ဆွဲယူပြီး နှစ်ဦးသား မျက်နှာချင်းဆိုင်မိအောင် ပြုလုပ်ပေးလိုက်သည်။
"မင်း ဘာတွေကို သိထားတာလဲ!?"
"မင်းမှ မပြောပြတာ။ ငါက ဘာကို သိရမှာလဲ!?"
"မဟုတ်ဘူး။ မင်း တစ်ခုခုကို သေချာပေါက် သိထားတယ်။"
"မင်းက မသိစေချင်ဘူးမလား!?"
"အမှန်အတိုင်း ပြောရရင် မသိစေချင်ဘူး... သိင်္ဂါရ..."
"ဘာမှမပူပါနဲ့။ မသိသလိုဘဲ ဆက်နေပေးပါ့မယ်။"
ထိုစကားအရ သူ ပြုလုပ်ထားတဲ့ ဒုစရိုက်မှုတွေကို သိင်္ဂါရက မသိသေးမှန်း ရိပ်မိလိုက်လေသည်။ အကယ်၍ သိင်္ဂါရသာ သိရှိသွားပါက ယခုလိုမျိုး မသိချင်ယောင်ဆောင်ပြီး နေပေးမှာ မဟုတ်ပေ။
"မင်းရဲ့ဆန္ဒအတိုင်း ကိုယ် ပွင့်ပွင့်လင်းလင်း ပြောပြပါ့မယ်။"
Theoဆီကနေ ထိုကဲ့သို့သော ခွင့်ပြုချက်မျိုး ထွက်လာမယ်မှန်း မမျှော်လင့်ထားတာမို့ သိင်္ဂါရက အံ့အားသင့်သွားရသည်။
"ဘာကို ပြောပြမှာလဲ!?"
"ကိုယ့်ရဲ့သရုပ်အမှန်ကိုလေ။"
"မင်းက စိုင်းရသဦးအစစ်ဆိုတာကိုလား!?"
ထိုစကားကြောင့် Theoက ခပ်ယဲ့ယဲ့ ပြုံးပြလိုက်မိသည်။
"မင်းက သိပြီးနေပြီပဲ။"
"မသင်္ကာလို့ လိုက်စုံစမ်းကြည့်ပြီးမှ သိရတာပါ။"
"ဘယ်အထိ သိထားတာလဲ!?"
"မင်းရဲ့အမေက ပုဂံကနေ ပြန်ရောက်လာတဲ့အထိပဲ သိထားတာပါ။"
"ဪ... ကိုယ်တောင် မမွေးသေးဘူးပေါ့။"
"နောက်ပိုင်းကို ဆက်ပြောပြပေးရမှာက မင်းရဲ့တာဝန်ဖြစ်သွားပြီ။"
"မင်း ချက်ကျွေးတဲ့ မနက်စာလေးကို အရင်စားလိုက်ဦးမယ်။"
တမင်အချိန်ဆွဲနေခြင်းမှန်း သိင်္ဂါရကလည်း ရိပ်မိတာမို့ Theoရဲ့ဆန္ဒအတိုင်း လိုက်လျောပေးပြီး ခေါင်းညိတ်ပြလိုက်သည်။ မနက်စာအတွက် သူ ပြင်ဆင်နေရချိန်မှာ Theoက အထုပ်အပိုးတွေကို နေရာချပြီး အချိန်ဖြုန်းနေခဲ့သည်။ ထို့နောက် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မနက်စာကို အတူစားသုံးခဲ့ကြသည်။
"ခြံဝင်းထဲမှာ သွားထိုင်ကြရအောင်။"
သိင်္ဂါရက ထုံးစံအတိုင်း Theoရဲ့မျက်နှာကို အကဲခတ်ကြည့်ခဲ့လေသည်။ သို့ပေမဲ့ မကြာသေးခင်ကလို တွေဝေနေတဲ့ အရိပ်အယောင်ကို Theoဆီမှာ မတွေ့ရဘဲ ဆုံးဖြတ်ချက်ချပြီးသွားတဲ့ ပုံစံမျိုးမို့ စိတ်အေးသွားရသည်။ ခြံဝင်းထဲက ခုံလေးမှာ သူတို့နှစ်ဦး နေရာယူပြီးသွားမှ Theoက တည်ငြိမ်စွာ စတင်ပြောလာခဲ့သည်။
"လူကြီးတွေရဲ့ပြဿနာတွေကို ကိုယ် သိခွင့်မရခဲ့ပါဘူး။ အဲဒါကြောင့် ကိုယ် သိတဲ့နေရာကနေပဲ စပြောပြပါ့မယ်။"
"ရပါတယ်။ မင်း သိထားတာကိုပဲ ပြောပါ။"
"ကိုယ့်မိသားစုဝင်တွေက မီးလောင်မှုဖြစ်ပြီး ဆုံးသွားကြတယ်လို့ မင်းကို ပြောပြဖူးတယ်မလား!?"
"အင်း... ဟိုအိမ်ဟောင်းကြီးမှာလေ။"
"ဟုတ်တယ်။ ဒါပေမဲ့ သူတို့ သေခဲ့ရတာက ရိုးရိုးမီးလောင်မှုကြောင့် မဟုတ်ဘူး။"
"ဒါဆို သူတို့က လုပ်ကြံခံခဲ့ရတာလား!?"
"ကိုယ်လည်း အစကတော့ ရိုးရိုးမီးလောင်မှုလို့ပဲ ထင်ခဲ့တာပါ။ ဒါပေမဲ့ ကိုယ့်ဖွားဖွားက သူ မဆုံးခင်မှာ အဖြစ်မှန်ကို ပြောပြခဲ့တာ။"
ဒေါ်နန်းခမ်းမူရဲ့အတ္တကြီးမှုတွေကို ဒေါ်အေးတို့ဆီကနေ ကြားသိခဲ့ရတာမို့ Theoရဲ့ကိစ္စကိုလည်း သိင်္ဂါရက စိတ်မချဖြစ်မိပေသည်။
"သူက ဘာပြောခဲ့လို့လဲ!?"
"ကိုယ်တို့မိသားစုကို အခုလိုမျိုး ဖြစ်အောင် လုပ်ကြံခဲ့တဲ့သူက ဦးစိုင်းမောင်တဲ့။"
ဦးစိုင်းမောင်နဲ့ ဒေါ်နန်းခမ်းမူရဲ့ဆက်ဆံရေးက နဂိုကတည်းက မကောင်းမွန်တာမို့ ယခုကိစ္စမှာလည်း တမင်ချောက်တွန်းခံလိုက်ရမှာကို သူ စိတ်ပူမိသည်။
"သူက ဘယ်လိုသိတာလဲ!? ငါ ပြောချင်တာက သူ ဒါတွေကို အစကတည်းက သိထားခဲ့ရင် ရဲတိုင်ပြီး ရှင်းပစ်လိုက်လို့ ရတာပဲလေ။"
"ကိုယ်တို့အားလုံးက ဖွားဖွားကို ကားအက်စီးဒင့်ဖြစ်ပြီး ဦးနှောက်သေသွားတယ်လို့ပဲ သိထားခဲ့ကြတာ။ တကယ်က သူ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ပေမဲ့ အသိစိတ်က ရှိသေးတယ်။ ဒါကို ဦးစိုင်းမောင် မသိအောင်လို့ တမင်ဖုံးကွယ်ထားခဲ့တာပါ။"
"ဦးစိုင်းမောင်က မင်းတို့မိသားစုကိုရော ဘာလို့ လုပ်ကြံခဲ့ရတာလဲ!?"
"ဖွားဖွား အခုလိုဖြစ်ရတာက သူ့ကြောင့်မှန်း ဖေဖေတို့က သိသွားတယ်လေ။ အဲဒါကြောင့် ရဲကို မတိုင်ရသေးခင် နှုတ်ပိတ်လိုက်တာ။ သူ့အတွက်က တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပဲလေ။ စည်းစိမ်တွေကို အပိုင်ရလိုက်သလို မကျေနပ်တဲ့သူတွေကိုလည်း အပြတ်ရှင်းနိုင်ခဲ့တာ။"
"ဒီကိစ္စမှာ အထင်လွဲနေတာမျိုးရော မရှိနိုင်ဘူးလား!?"
သူ့စကားကြောင့် Theoက မျက်မှောင်ကြုတ်ပြီး ကြည့်ကာ မေးလာခဲ့လေသည်။
"မင်းက ဦးစိုင်းမောင်အတွက် ရှေ့နေလိုက်ပေးနေတာလား!?"
"မဟုတ်ပါဘူး။ ဒါပေမဲ့ ငါက သေချာအောင်လို့ပါ။"
"သိပ်ကို သေချာတာပေါ့။ ဦးစိုင်းမောင်က ကိုယ့်မျက်စိရှေ့မှာတင် ဖွားဖွားကို သတ်ခဲ့တာ။ မင်းနဲ့ ပတ်သက်သမျှကို မေ့သွားစေခဲ့တဲ့ တရားခံကလည်း သူပဲ။"
"ဘာကို ပြောတာလဲ!?"
"ကိုယ် လှေကားပေါ်ကနေ ပြုတ်ကျခဲ့ရတာက သူ့ကြောင့်ပဲ...သိင်္ဂါရ။ သူက ကိုယ့်ကိုပါ သေစေချင်ခဲ့တာ။ အဲဒါကြောင့် သတိပြန်ရလာတဲ့အချိန်မှာ ဖြစ်ခဲ့သမျှအားလုံးကို မေ့သွားသလိုမျိုး ကိုယ် ဟန်ဆောင်ခဲ့ရတယ်။ သူ့ကို အားကိုးနေတဲ့ ကလေးတစ်ယောက်လို ကိုယ် နေပြခဲ့ရတယ်။ ဒီလိုဟန်ဆောင်ပြခဲ့လို့ အခုချိန်ထိ ကိုယ် အသက်ရှင်နေခဲ့တာ။"
ပျော်ရွှင်မှုနဲ့ ပြည့်နေရမယ့်အရွယ်မှာ လက်စားချေမှုတွေကြားက သားကောင်ဖြစ်ခဲ့ရရှာတဲ့ Theoအတွက် သူ စိတ်မကောင်းဖြစ်မိတာ အမှန်ပင်။ သူနဲ့ ဆုံတွေ့စဉ်အခါက အဖြူထည်စိတ်နဲ့ ခင်တွယ်ခဲ့တဲ့ ကလေးငယ်ကို ပြန်မြင်ယောင်လာပြီး ရင်ထဲမှာ ကရုဏာသက်နေမိတော့သည်။ ထို့ကြောင့် Theoရဲ့နံဘေးသို့ လျှောက်လှမ်းသွားပြီး ဦးခေါင်းလေးကို သူ့ရင်ခွင်ထဲမှာ မှီခိုစေလိုက်သည်။
"မင်း အရမ်းပင်ပန်းခဲ့မှာပဲနော်။"
ထိုစကားတစ်ခွန်းက Theoရဲ့ရင်ထဲကို နွေးထွေးစေသလို တစ်ချိန်တည်းမှာပဲ တင်းထားသမျှ စိတ်တွေကို လျော့ကျသွားစေခဲ့သည်။ တခြားသူရဲ့ရှေ့မှာ အားငယ်မှုကို ထုတ်မပြမိအောင် သူ ကြိုးစားခဲ့ပေမဲ့ သိင်္ဂါရကတော့ ခြွင်းချက်တစ်ခုသာ ဖြစ်ပေသည်။
ဘယ်သူ့ကိုမှ မပေးအပ်ဖူးတဲ့ ယုံကြည်မှုတွေကို သိင်္ဂါရဆီမှာ ပုံအပ်ပြီး ရင်ခွင်လေးထဲသို့ အလိုက်သင့်ခေါင်းမှီရင်းနဲ့ မျက်ရည်စအချို့ကို သူ ခြွေချလိုက်မိသည်။
"အခုချိန်ကစပြီး မင်းရဲ့အဆိုးအကောင်း မှန်သမျှကို ငါ မျှဝေခံစားပေးပါ့မယ်...ရသ..."
ထိုနာမည်ကို ကြားတိုင်း မေ့ပျောက်ထားချင်တဲ့ အတိတ်ဟောင်းတွေက ပြန်ပေါ်လာတတ်တာမို့ သူ မုန်းတီးမိပေမဲ့ ယခုလိုမျိုး သိင်္ဂါရရဲ့နှုတ်ဖျားက ထွက်လာချိန်မှာ အံ့အားသင့်စရာကောင်းလောက်အောင် သူ ကျေနပ်နေခဲ့လေသည်။
"ကိုယ့်သရုပ်အမှန်ကို သိရတော့ စိတ်ပျက်မသွားဘူးလား!?"
"မင်းအပေါ် ကရုဏာသက်မိလို့ အရင်ထက် ပိုချစ်ပေးဖို့ပဲ ငါ တွေးမိတယ်။"
တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်တွေကို တတ်နိုင်သလောက် ဖွင့်ပြောပြနိုင်ခဲ့ပြီမို့ Theoရဲ့စိတ်က ပေါ့ပါးသွားသလိုပင်။
"ရသ... ဝီရကိုလည်း သူ့မိဘတွေနဲ့ တွေ့ခွင့်ပေးလိုက်ပါလား!?"
"ဒီအကြောင်းတွေကို ဦးဝင်းတို့ဆီကနေ သိလာတာမလား!?"
"သူတို့ကို အပြစ်မတင်ပါနဲ့။ ငါက အတင်းတောင်းဆိုလို့သာ သူတို့က ပြောပြခဲ့ရတာပါ။"
"ကိုယ် သိပါတယ်။ သူတို့က ကိုယ့်အပေါ်မှာလည်း ကျေးဇူးရှိကြတဲ့သူတွေပါပဲ။"
"ဝီရကို သူတို့နဲ့ တွေ့ခွင့်ပေးမယ်မလား!?"
"မင်းရဲ့သဘောအတိုင်း ဖြစ်စေရပါမယ်။ တခြားလိုချင်တာ ရှိရင်လည်း ပြောလေ။ ဒီနေ့က ကိုယ်တို့ရဲ့မင်္ဂလာဦးနေ့လေးဆိုတော့ မင်း တောင်းဆိုသမျှကို ဖြည့်ဆည်းပေးချင်တယ်။"
"နောက်နေ့တွေကျရင် မဖြည့်ဆည်းပေးဘူးလို့ ကြိုပိတ်ထားတဲ့ သဘောလား!?"
"မဟုတ်ပါဘူး။ နေ့ရက်တိုင်းကို မင်္ဂလာဦးနေ့လို့ သတ်မှတ်ချင်တာ။"
ရင်ခွင်ထဲက အချွဲတုန်းလေးရဲ့နဖူးကို သိင်္ဂါရက ချစ်မြတ်နိုးစွာဖြင့် ငုံ့နမ်းမိတော့သည်။
"အရင်လိုမျိုး ကိုကိုလို့ ခေါ်ကြည့်ပါဦး။"
"အခေါ်ခံချင်လို့လား!?"
"အရင်က ကြားခဲ့ရတာနဲ့ ဘာကွာခြားသွားလဲဆိုတာကို သိချင်လို့။"
"အသံပေါ့။ ကလေးအသံလိုမျိုး ချစ်စရာကောင်းမှာ မဟုတ်တော့ဘူးလေ။"
"သေချာသိရအောင် ခေါ်ကြည့်ပါ။"
Theoက သိင်္ဂါရရဲ့မျက်နှာကို မော့ကြည့်လာပြီး စူးစိုက်ကြည့်လိုက်သည်။ ထိုအကြည့်က သိင်္ဂါရရဲ့နှလုံးသားကို တသိမ့်သိမ့် တုန်ခါလာစေတာမို့ ယှဉ်ပြိုင်မကြည့်ဝံ့ဘဲ အကြည့်လွှဲဖို့ ကြံရွယ်မိတဲ့ အထိပင်။
"ကိုကို..."
တည်ငြိမ်ရင့်ကျက်တဲ့ ခေါ်သံက ငယ်ရွယ်စဉ်အချိန်က ချစ်စဖွယ်ခေါ်သံနဲ့ လုံးဝမတူညီတော့ပေမဲ့ သူ သဘောကျမိပေသည်။ အမှန်တကယ်တော့ သဘောကျတယ်ဆိုတာထက်တောင် ပိုနိုင်ပေသေးသည်။ မြန်ဆန်စွာ တုန်ခါနေတဲ့ နှလုံးခုန်သံတွေကို ရင်ခွင်ထဲမှာ ပွေ့ဖက်ထားမိသူက ကြားသွားလေမလားဆိုတဲ့ အသိကြောင့် သူ့ခန္ဓာကိုယ်ကို မသိမသာနောက်ဆုတ်သွားခဲ့ရသည်။
"ဘာလို့ နောက်ဆုတ်သွားတာလဲ... ကိုကို!?"
"တစ်ခေါက်ခေါ်ရင် ရပါပြီ။ ဘာလို့ ထပ်ခေါ်နေတာလဲ!?"
"ကိုကိုက ဒီလိုမျိုးခေါ်တာကို ကြိုက်တယ်မလား!?"
"ကြိုက်ပါတယ်။ ဒါပေမဲ့..."
"ကြိုက်တယ်ဆို အခုချိန်ကစပြီး ကိုကိုလို့ပဲ ခေါ်တော့မယ်။"
"ငါ အိမ်ထဲမှာ မီးခလုတ်တွေရော ပိတ်ခဲ့မိရဲ့လား မသိဘူး။ သွားကြည့်လိုက်ဦးမယ်။"
အမြန်ထွက်ခွာဖို့ သူ ကြိုးစားလိုက်ပေမဲ့ Theoက သူ့ခါးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားခဲ့လေသည်။
"ပိတ်ထားပါတယ်... ကိုကိုရဲ့။ စိတ်ချပြီးသာ နေပါ။"
"ငါ့ကို ဘာလို့ အတင်းဖက်ထားတာလဲ!?"
"ချစ်လို့လေ... ကိုကို။"
ပြုံးရွှင်ကာ ပြောလာတဲ့ Theoကို ကြည့်ပြီး တမင်စနောက်နေမှန်း သိင်္ဂါရက သိရှိသွားတော့သည်။
"ဖယ်... ငါ့ကို လာစမနေနဲ့။"
"မစပါဘူး။ အခုကစပြီး ကိုကိုလို့ပဲ တကယ်ခေါ်တော့မှာ။"
"Theo!!!"
"ရသပါ။ ကိုကို့ရဲ့ရသလေးပါ။"
"မင်းက တော်တော်ဆိုးနေတာပဲ။"
"အဆိုးလေးကို များများချစ်ပေးပါ...ကိုကို"
"မဟုတ်တာတွေ လျှောက်ပြောမနေနဲ့။"
Theoရဲ့ချွဲချွဲပျစ်ပျစ်စကားတွေကြောင့် သူ ဆက်အောင့်မထားနိုင်ဘဲ ပြုံးလိုက်မိသည်။
"တွေ့လား...ကိုကိုလည်း သဘောကျနေတာပဲ။"
"ဘယ်မှာသဘောကျလို့လဲ!?"
"ဒီမှာလေ..."
Theoက စကားပြောနေရင်းနဲ့ သူ့ခန္ဓာကိုယ်ကို ရုတ်တရက် ဆွဲယူလိုက်တာမို့ အရှိန်လွန်ကာ မျက်နှာချင်းထိစပ်လုနီးပါး ဖြစ်သွားခဲ့ရသည်။
"ချစ်တယ်... ကိုကို..."
ယခုတစ်ကြိမ်မှာတော့ သူ မပြုံးဖြစ်တော့ဘဲ Theoရဲ့မျက်ဝန်းတွေကိုသာ ငေးကြည့်နေခဲ့သည်။ မှိုင်းညို့ညို့မျက်ဝန်းလေးထဲမှာ သူ့ပုံရိပ်လေး ထင်ဟပ်နေတာကိုလည်း ပျော်နေမိသလိုပင်။
"ငါလည်း မင်းကို ချစ်တယ်...ရသ။"
Theoက ကြည်လင်စွာ ပြုံးပြပြီး သူ့နှုတ်ခမ်းလေးပေါ်သို့ အနမ်းခြွေချပေးလိုက်သည်။ သာယာချိုမြိန်တဲ့ အနမ်းလေးတွေကို သူကလည်း မငြင်းဆန်ရက်ဘဲ လက်ခံပေးခဲ့မိသည်။ သူတို့နှစ်ဦးရဲ့ချစ်ခြင်းတရားတွေက ပတ်ဝန်းကျင်တစ်ခုလုံးကို ပန်းနုရောင် လွှမ်းခြုံသွားစေတဲ့အထိ လှပနေခဲ့ပေသည်။
နေဝင်စအချိန်မှာ ဒေါ်အေးက လမ်းလျှောက်ဖို့ ရည်ရွယ်ကာ ခြံဝင်းထဲသို့ ထွက်လာခဲ့လေသည်။ သို့ပေမဲ့ ခြံတံခါးနားမှာ ရပ်နေတဲ့ လူရိပ်ကြောင့် လမ်းမီးတိုင်မှ အလင်းရောင်ကို အားပြုပြီး သေချာကြည့်လိုက်ရသည်။
"သား... သားလေးဝီရမလား!?"
တစ်ခဏအတွင်းမှာ ရေရွတ်သံနဲ့အတူ ပျော်ရွှင်မှုတွေက ယိုဖိတ်ကျဆင်းလာသလိုပင်။
"မေမေ!!!"
ထိုအသံရှင်က ဒေါ်အေးဆီသို့ ခပ်သွက်သွက်လျှောက်လှမ်းလာပြီး ဒူးထောက်ကာ ထိုင်ချလိုက်သည်။
"သားလေး... ဘာလို့ ဒူးထောက်တာလဲ!? ထပါကွယ်။"
"သားတစ်ယောက်ရဲ့တာဝန်ကို မကျေပွန်ခဲ့မိလို့ တောင်းပန်ပါတယ်။"
ခေါင်းငုံ့ကာ တောင်းပန်နေသူကို ဒေါ်အေးက ဆွဲထူဖို့ ကြိုးစားလိုက်ပေမဲ့ မျက်ရည်များက အလိုလိုစီးကျလာခဲ့ပြန်သည်။
"မဟုတ်တာပဲ။ ထပါ... သားလေးရယ်။"
"ဘာဖြစ်နေတာလဲ!?"
ဆူညံသံတွေကြောင့် အိမ်ထဲကနေ ထွက်လာတဲ့ ဦးဝင်းက သူ့ရှေ့တည့်တည့်က မြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်ကာ ဆွံ့အသွားလေသည်။
"ဖေဖေ..."
ဖုန်းထဲကနေသာ အလွမ်းပြေ ကြားခွင့်ရခဲ့တဲ့ အသံလေးကို ယခုလိုမျိုး မျက်မြင်ကိုယ်တွေ့ ကြားလိုက်ရပြီမို့ ဦးဝင်းရဲ့စိတ်ထဲမှာလည်း ပီတိဖြစ်လာမိသည်။ ထို့ကြောင့် ဒေါ်အေးတို့ရှိရာဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားပြီး ဒူးထောက်နေရှာတဲ့ သားကို ထူပေးလိုက်တော့သည်။
"သားကို ဖေဖေတို့က နေ့တိုင်းအောက်မေ့နေတာကွဲ့။"
ယောက်ျားပီပီ မျက်ရည်မကျမိအောင် ဟန်ကိုယ့်ဖို့ ထိန်းထားပေမဲ့ လွမ်းဆွတ်တမ်းတမှုများကြောင့် ဟန်ဆောင်နိုင်ရန် မလွယ်ကူခဲ့ပေ။
"သားလည်း ဖေဖေနဲ့ မေမေကို အမြဲသတိရနေတာပါ။"
(၁၁)နှစ်ကျော်ခန့် ခွဲခွာနေခဲ့ရရှာတဲ့ မိသားစုလေးက ယခုတော့ ပြန်လည်ဆုံစည်းခွင့်ရခဲ့လေပြီ။ ထို့ကြောင့် တစ်ဦးကို တစ်ဦးပွေ့ဖက်ရင်းနဲ့ ပီတိမျက်ရည်များ စီးကျကာ အလွမ်းဖြေကြရတော့သည်။
ခဏအကြာမှာ သူတို့အားလုံး အိမ်ထဲသို့ ဝင်ရောက်လာပြီး ဖြစ်ခဲ့သမျှကို ဆွေးနွေးဖြစ်ခဲ့ကြသည်။
"ဟိုတစ်ရက်ကတောင် ရသလေးနဲ့ တွေ့ဖြစ်သေးတယ်။ သားနဲ့ တွေ့ချင်တယ်လို့ အတင်းတောင်းဆိုတော့ သူက ခွင့်ပြုပေးပါ့မယ်လို့ပဲ ပြောသွားခဲ့တာ။ အခုလိုမျိုး တကယ်လာခွင့်ပြုမယ်လို့ မေမေတို့က မထင်ခဲ့ဘူးလေ။"
"သူ့ကို အစ်ကိုသိင်္ဂါရက နားချပေးလိုက်တာနေမှာပါ။"
"ဪ... ဆရာလေးက ကူညီပေးလိုက်တာကြောင့်ကို။"
"ဟုတ်တယ်...မေမေ။ အစ်ကိုက သားတို့နှစ်ယောက်အပေါ် တကယ်ကောင်းတဲ့သူပါ။"
"အမေတူသားလေးပဲ။ မေမေတို့လည်း သူနဲ့ စကားပြောကြည့်ကတည်းက စိတ်ထားလေးဖြူစင်မှန်း သိခဲ့ရတာ။"
"Theo... အဲ... ရသကလည်း အစ်ကို့စကားဆို အကုန်နားထောင်တယ်။"
"အဆင်ပြေသွားတာပေါ့။ ရသလေးအတွက် ဆရာလေးလိုလူကမှ အသင့်တော်ဆုံးပဲ။"
"သူတို့နှစ်ယောက်က ချစ်သူတွေမှန်း မေမေတို့က သိပြီးပြီလား!?"
"ဆရာလေးကိုယ်တိုင် ပြောပြခဲ့တာပါ။ အစကတော့ အံ့ဩမိသေးတယ်။ ဒါပေမဲ့ ဖူးစာပါလာရင် ဘယ်တားလို့ ရပါ့မလဲဆိုပြီး တွေးလိုက်ရတာ။"
"မေမေတို့က အစ်ကိုနဲ့ တော်တော်ရင်းနှီးနေပြီပဲ။"
"သူက ဒီကို ခဏခဏလာလည်တတ်တယ်။ မေမေတို့ကလည်း သူ့ကို ဘယ်သူ့သားသမီးရယ်လို့ မသိခင်ကတည်းက ခင်နေမိတာ။"
"ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဆိုတဲ့ စကားက တကယ်မှန်နေပြီပေါ့။"
"ဟုတ်ပကွယ်။ သားရော အခု ဘာတွေလုပ်နေလဲ!?"
"သားက ရသတို့ကုမ္ပဏီမှာပဲ အလုပ်ဝင်လုပ်နေတာ။"
ထိုအချိန်မှာပင် သိင်္ဂါရ ပြောပြဖူးတဲ့ စကားအချို့ကို ဒေါ်အေးက သတိရလာလေသည်။
"သား... ရသက ဘာတွေလုပ်ခိုင်းသေးလဲ!?"
"သူက ဘာလုပ်ခိုင်းရမှာလဲ...မေမေရဲ့!?"
"ဆရာလေးက ပြောတယ်။ သားက ရသရဲ့နေရာမှာ အစားဝင်နေပေးရတာတဲ့။ နာမည်တောင် ပြောင်းထားရတယ်ဆို။ ဘာလို့လဲ!?"
ထိုမေးခွန်းကြောင့် စိုင်းရသဦးလည်း အဖြေကို အမြန်ရှာဖွေလိုက်ရသည်။
"ဆက်ခံသူနေရာက စိတ်ရှုပ်ဖို့ ကောင်းတယ်လေ။ သူက အစ်ကိုနဲ့ လွတ်လွတ်လပ်လပ်နေချင်လို့ အဲဒီနေရာကို အစားဝင်ခိုင်းထားတာ။ သားအတွက်လည်း လစာကောင်းတာပေါ့။"
"တခြားကိစ္စတွေရော မရှိဘူးလား!?"
"ဘာရှိရမှာလဲ... မေမေရဲ့!? ဒီကိစ္စတစ်ခုပဲ ရှိတာပါ။"
"သူက အတိတ်ကို ပြန်သတိရလာပြီလား!? ဆရာလေးနဲ့ တွေ့တုန်းက အဲဒါကို မမေးဖြစ်လိုက်လို့။"
"သူ မမှတ်မိသေးပါဘူး။"
"ဒါဆို ဆရာလေးကို ဘယ်လိုသိတာလဲ!?"
"ရေစက်ပါလာရင် တားမရဘူးလေ။ သူက ဘာမှမမှတ်မိပေမဲ့ အစ်ကို့ကိုတော့ မြင်မြင်ချင်း ချစ်မိသွားတာ။ အရင်က တွေ့ဖူးတာကိုတော့ အခုထိ မမှတ်မိသေးဘူး။"
ဆီလျော်တဲ့ အကြောင်းပြချက်တစ်ခုကြောင့် ဒေါ်အေးက သံသယကင်းပြီး သက်ပြင်းချနိုင်ခဲ့လေသည်။
"သားတို့အတွက် ဘာအန္တရာယ်မှ မရှိဘူးဆိုရင် ပြီးတာပါပဲ။"
"စိတ်ပူမနေပါနဲ့...မေမေရယ်။ သားတို့လည်း ပြန်ဆုံခွင့်ရပြီလေ။ ရှေ့လျှောက် ကောင်းတဲ့ကိစ္စတွေပဲ ဖြစ်လာမှာပါ။"
"အေးပါကွယ်။ သားရော မေမေတို့နဲ့ လာနေလို့ မရသေးဘူးလား!?"
"သားက ကုမ္ပဏီကိစ္စကို စီမံပေးနေရတာဆိုတော့ နားချိန် သိပ်မရှိဘူး။ လောလောဆယ် လုပ်နေရတာတွေ ပြီးသွားရင်တော့ နားလို့ ရပါပြီ။ အဲဒီအခါကျမှ မေမေတို့နဲ့ လာနေပေးပါ့မယ်။"
"အလုပ်များတယ်ဆိုပေမဲ့ အိပ်ချိန်၊ စားချိန်လေးတော့ မှန်အောင် နေဦးနော်။"
"ဟုတ်ကဲ့ပါ။ သား ဂရုစိုက်ပါတယ်။"
စိုင်းရသဦးက မိဘနှစ်ပါးနဲ့အတူ စကားပြောကာ ညစာအတူစားပြီးမှ အိမ်သို့ ပြန်လာဖြစ်ခဲ့သည်။ သူ အမြဲတမ်းတောင့်တနေခဲ့တဲ့ နွေးထွေးမှုလေးကို မိဘနှစ်ပါးဆီကနေ ရရှိခဲ့ပြီမို့ အပြန်လမ်းတစ်လျှောက်မှာ ပျော်ရွှင်မှုတွေနဲ့သာ ပြည့်နှက်နေတော့သည်။
#Śûè
****************
(Zawgyi Version)
"Theo... မင္း ေသခ်ာၿပီလား!?"
စိုင္းရသဦးရဲ႕ေမးခြန္းကို Theoက တည္ၿငိမ္စြာ ျပန္ေျဖေပးခဲ့သည္။
"ေသခ်ာတယ္။"
ထိုအဆုံးအျဖတ္စကားေၾကာင့္ စိုင္းရသဦးရဲ႕လက္ထဲမွာ ဆုပ္ကိုင္ထားတဲ့ မီးတုတ္က ၾကမ္းျပင္ေပၚသို႔ အ႐ွိန္ျဖင့္ က်ဆင္းသြားေလသည္။ ခ်က္ခ်င္းဆိုသလိုပင္ ၾကမ္းေပၚမွာ အဆင္သင့္ေလာင္းခ်ထားတဲ့ ဒီဇယ္ဆီေတြက မီးနဲ႔ ထိေတြ႕ၿပီး စတင္ေလာင္ၿမိဳက္သြားေတာ့သည္။
"သြားၾကရေအာင္..."
Theoက အ႐ွိန္အဟုန္ျဖင့္ ေလာင္ကြၽမ္းေနတဲ့ မီးေတာက္ေတြကို ေငးၾကည့္လိုစိတ္ မ႐ွိေတာ့ပုံပင္။ အေ႐ွ႕မွ ဦးေဆာင္ကာ ထြက္ခြာသြားၿပီမို႔ စိုင္းရသဦးလည္း ထိုမီးလွ်ံမ်ားကို တစ္ခ်က္မွ် ေငးၾကည့္ၿပီး သက္ျပင္းခ်လိုက္မိသည္။
ထို႔ေနာက္ သူ႕ေျခလွမ္းအစုံက Theoရဲ႕ဦးတည္ရာအတိုင္း ထပ္တူက်သြားခဲ့သည္။ အေနာက္မွာ က်န္ရစ္ခဲ့သည္က မီးစြဲေလာင္ေနတဲ့ သီရိၿမိဳင္စံအိမ္ေဟာင္းႀကီးနဲ႔ သက္မဲ့အေလာင္း(၄)ေလာင္းသာ ျဖစ္ေပသည္။
သူတို႔ႏွစ္ဦးစလုံး ကားထဲမွာ ေနရာယူၿပီးခ်ိန္မွာ စိုင္းရသဦးဆီက စကားသံထြက္ေပၚလာေလသည္။
"မင္းရဲ႕အေၾကာင္းေတြကို အစ္ကို႔ဆီမွာ နည္းနည္းေလာက္ပဲျဖစ္ျဖစ္ ဖြင့္ေျပာျပသင့္တယ္။"
Theoက ထိုစကားကို အလိုမက်ဟန္ျဖင့္ မ်က္ေမွာင္ၾကဳတ္ၿပီး ျပန္ေမးလိုက္သည္။
"ဘာလို႔လဲ!?"
"အစ္ကို႔ဘက္ကိုလည္း တစ္ခ်က္ေလာက္ ငဲ့ၾကည့္ေပးသင့္တယ္။ သူ႕ခမ်ာ မင္းရဲ႕သ႐ုပ္အမွန္ကို တစ္ခုမွ မသိဘဲ ခ်စ္ေပးေနရတာ။"
"အခုအတိုင္းလည္း သူ ေနသားက်ေနၿပီပဲ။"
"ဒါက မင္းရဲ႕အထင္ေလ။ ကိုယ့္ခ်စ္သူရဲ႕အေၾကာင္းကို ခေရေစ့တြင္းက် မသိခ်င္တဲ့သူရယ္လို႔ ဘယ္သူ႐ွိမွာလဲ!?"
စိုင္းရသဦးရဲ႕ေဖ်ာင္းဖ်မႈက Theoရဲ႕ဆုံးျဖတ္ခ်က္ကို အနည္းငယ္ ယိမ္းယိုင္သြားေပမဲ့ ခဏအၾကာမွာ တစ္ဖန္ တင္းမာသြားခဲ့ျပန္သည္။
"ငါ့အေၾကာင္းေတြက တစ္ႏြယ္ငင္တစ္စင္ပါေတြ ျဖစ္ေနတာ။ ၿပီးေတာ့ သူက တအားပါးနပ္တဲ့သူ။ နည္းနည္းေလာက္ အရိပ္ျပလိုက္တာနဲ႔ ငါ ဘာၾကံေနလဲဆိုတာကို သိသြားလိမ့္မယ္။ ငါ လုပ္ထားတဲ့အရာေတြကလည္း သူ မႀကိဳက္တာေတြခ်ည္းပဲ။ ဒီလိုအေနအထားမွာ ငါက သူ႕ကို ဘယ္လိုေျပာျပရမွာလဲ!?"
"ငါတို႔ရဲ႕အျပစ္ေတြ မေပၚေအာင္လို႔ ေသခ်ာအကြက္ခ်ထားခဲ့တာပဲ။ မင္းက ရသအစစ္ပါလို႔ အစ္ကို႔ကို ေျပာလိုက္လည္း ျပႆနာမ႐ွိေလာက္ပါဘူး။"
"ခန္႔မွန္းခ်က္ဆိုတာက ကံကို ေလာင္းေၾကးထပ္ရတာ။ သူနဲ႔ ပတ္သက္ၿပီး ေလာင္းေၾကးမထပ္ရဲသလို ဘာကိုမွလည္း ငါ အဆုံး႐ႈံးမခံႏိုင္ဘူး။"
"ဒါေပမဲ့ သူက သိခ်င္ေနတာေလ။ မင္း သူ႕ကို ဘယ္အခ်ိန္ထိ ဖုံးကြယ္ထားမလို႔လဲ!?"
"ငါ ေသတဲ့အထိ..."
Theoရဲ႕စိတ္ဓာတ္ခိုင္မာမႈက စိုင္းရသဦးကို ႏႈတ္ဆိတ္ကာ ၿငိမ္သက္သြားေစခဲ့သည္။ သိဂၤါရနဲ႔ ပတ္သက္ၿပီး အတိမ္းအေစာင္းမခံမွန္း သိထားတာမို႔ သူ႕အေနနဲ႔ ထပ္မံမတိုက္တြန္းလိုျခင္းပင္။ သို႔ေပမဲ့ ေမးခြန္းတစ္ခုကိုေတာ့ သူ အားတင္းကာ ထပ္ေမးလိုက္မိသည္။
"မင္း မေျပာျပဘဲ အစ္ကိုက သူ႕ဘာသာသူ စုံစမ္းလို႔ သိသြားခဲ့မယ္ဆိုရင္ေရာ!?"
ထိုခဏတာအတြင္းမွာ Theoရဲ႕ႏွလုံးသားတစ္ခုလုံးက လစ္ဟာသြားသလို ခံစားလိုက္ရသည္။ ဖုံးကြယ္ထားတဲ့ သူ႕အေၾကာင္းေတြကို သိဂၤါရကသာ ႐ွာေတြ႕သြားခဲ့ရင္ ဘယ္လိုမ်ိဳးစီရင္ခ်က္ခ်ခံရမလဲဆိုတာကို သူ မေတြးဝံ့ေပ။
သူ႕ကို တစ္သက္တာအတြက္ မုန္းတီး႐ြံ႐ွာသြားေလမလား!?
သူနဲ႔ ေဝးရာကို ေျပးထြက္သြားေလမလား!?
ေသခ်ာတာက သူ႕နံေဘးမွာ ေသခ်ာေပါက္ဆက္မ႐ွိႏိုင္ေတာ့ျခင္းပင္ ျဖစ္သည္။
"မင္းဘက္က ရဲရင့္ဖို႔ လိုေနၿပီ... Theo..."
ထိုေန႔ညက အိမ္ျပန္ရာလမ္းတစ္ေလွ်ာက္မွာ Theoရဲ႕အေတြးေတြက အမ်ိဳးအမည္ေဖာ္မရဘဲ ပ်ံ႕လြင့္ေနခဲ့ေလသည္။
ေတးသီက်ဴးေနတဲ့ ေက်းဌက္ေလးေတြရဲ႕အသံက သိဂၤါရရဲ႕စိတ္အစဥ္ကို လန္းဆန္းတက္ႂကြၿပီး အိပ္ရာကေန ႏိုးထေစႏိုင္တဲ့ သဘာဝႏိႈးစက္ေလးလိုပင္။ ေကာင္းမြန္စြာ အိပ္စက္ခြင့္ရခဲ့ျခင္းက သူ႕အတြက္ အားအင္သစ္ေပးခဲ့ျခင္းလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ေပသည္။
Theo လာမေခၚေသးခင္ မိမိဘက္က ျပင္ဆင္စရာ႐ွိတာေတြကို ႀကိဳတင္ျပင္ဆင္ဖို႔အတြက္ ေရခ်ိဳးသန္႔စင္ၿပီး မနက္စာစားရန္ ေအာက္ထပ္သို႔ သူ ဆင္းလာခဲ့သည္။ သို႔ေပမဲ့ အိမ္ေ႐ွ႕ခန္းမွာ အဆင္သင့္ထိုင္ေစာင့္ေနတဲ့ Theoေၾကာင့္ သူ႕အစီအစဥ္ေတြက ပ်က္သြားရေတာ့သည္။
"Theo... ဘယ္တုန္းက ေရာက္ေနတာလဲ!?"
Theoက သူ႕ကို ေငးၾကည့္ကာ ျပဳံးျပခဲ့ေပမဲ့ ထိုအျပဳံးက တက္ႂကြမေနခဲ့ေပ။
"ကိုယ္ အိပ္ရာကေန အေစာႀကီးႏိုးေနတာနဲ႔ မင္းဆီကို လာခဲ့တာ။"
တကယ္ေတာ့ ေစာေစာႏိုးေနျခင္း မဟုတ္ဘဲ တစ္ညလုံး အိပ္မရခဲ့ျခင္းပင္။
"ဘာလို႔ ငါ့ကို လာမႏိႈးတာလဲ!?"
"အိပ္ေရးဝဝ အိပ္ေစခ်င္လို႔..."
"ဘာစားၿပီးၿပီလဲ!?"
"မင္းမ်က္ႏွာကို ျမင္ေနရၿပီပဲ။ ကိုယ့္အတြက္ ဘာစားစရာမွ မလိုေတာ့ဘူးေလ။"
"ေလွ်ာက္ေျပာမေနနဲ႔။ ငါ တုံတုံ႔ကို မနက္စာျပင္ခိုင္းလိုက္မယ္။"
"ေနပါေစေတာ့။ သူလည္း အထုပ္အပိုးေတြ ျပင္ဆင္ေနေလာက္ၿပီ။ ကိုယ္တို႔ အျပင္မွာပဲ သြားစားၾကရေအာင္။"
သိဂၤါရကလည္း ထိုအစီအစဥ္ကို လက္ခံေပးလိုက္သည္။
"ငါ ပစၥည္းေတြ သြားယူလိုက္ဦးမယ္။"
"မ်ားရင္ ကိုယ္ ဝိုင္းသယ္ေပးပါ့မယ္။"
"မမ်ားပါဘူး။ ဒီမွာပဲ ထိုင္ေနခဲ့။"
ေျပာၿပီးေနာက္ အေပၚထပ္သို႔ ခပ္သြက္သြက္ တက္သြားတဲ့ သိဂၤါရကို ၾကည့္ၿပီး Theoက ျပဳံးလိုက္ေပမဲ့ တစ္ဆက္တည္းမွာပင္ ပူပန္မႈအခ်ိဳ႕က ေပၚလာခဲ့ျပန္သည္။ ထိုပူပန္မႈေတြက သူ႕မ်က္ႏွာေပၚက အျပဳံးေတြကို ႐ုပ္သိမ္းပစ္ၿပီး အေတြးမ်ားေစခဲ့သည္။
"ကိုယ္ ဘာလုပ္ရမလဲ...သိဂၤါရ!? မင္းကို ဖြင့္ေျပာျပလိုက္လို႔ ျဖစ္ပါ့မလား!?"
ထိုေမးခြန္းကို သူ႕ကိုယ္သူ အႀကိမ္ေပါင္းမ်ားစြာ ေမးၾကည့္ခဲ့ဖူးသလို အႀကိမ္ႀကိမ္လည္း ျပန္လည္ျငင္းပယ္ခဲ့ဖူးေလသည္။ ယခုတစ္ႀကိမ္မွာေတာ့ စိုင္းရသဦးရဲ႕စကားအခ်ိဳ႕က သူ႕စိတ္ကူးေတြကို ယိမ္းယိုင္သြားေစေအာင္ လႈံ႕ေဆာ္ေနသလိုပင္။
"Theo... သြားၾကရေအာင္။"
သိဂၤါရရဲ႕အသံကို ၾကားမွ သူ႕အေတြးေတြက ရပ္တန္႔သြားခဲ့ရသည္။
"ဪ... သြားၾကတာေပါ့။ ဒါနဲ႔ မနက္စာကို ဘယ္ဆိုင္မွာ ဝင္စားခ်င္လဲ!?"
"မစားေတာ့ပါဘူး။ ဟိုဘက္အိမ္ကို ေရာက္မွ စားဖို႔အတြက္ ငါ စီစဥ္ေပးပါ့မယ္။"
"ေဈးဝယ္ဖို႔ေရာ မလိုဘူးလား!?"
"မလိုဘူး။ တစ္ေန႔ကမွ ငါ ဝယ္ထားတာေတြ ႐ွိေသးတယ္။"
"ဒါဆို အဲဒီကိုပဲ သြားၾကမယ္ေလ။"
သိဂၤါရက ေခါင္းညိတ္ျပၿပီး Theoရဲ႕အေနာက္ကေန အတူပါလာခဲ့ေပမဲ့ ကားေပၚသို႔ တက္ခါနီးအခ်ိန္မွာ အိမ္ႀကီးကို ေနာက္ဆုံးအေနနဲ႔ တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ ထိုအိမ္ႀကီးမွာ ႐ွိခဲ့ဖူးတဲ့ ငယ္စဥ္က အမွတ္တရအခ်ိဳ႕ကိုလည္း သူ႕စိတ္ထဲမွာ စြဲၿမဲေနေအာင္ မွတ္သားေနခဲ့မိသည္။ အားလုံးကို ေသခ်ာမွတ္သားၿပီးမွ ကားထဲသို႔ သူ ဝင္ထိုင္ကာ စတင္ထြက္ခြာခဲ့ေတာ့သည္။
ကိုယ္စီအေတြးေတြနဲ႔ တိတ္ဆိတ္စြာ ထြက္ခြာခဲ့ၾကတဲ့ သူတို႔ႏွစ္ဦးက ခဏအၾကာမွာ ဦးတည္ရာ အိမ္ေလးဆီသို႔ ေရာက္႐ွိခဲ့ေလသည္။ ထိုအခ်ိန္မွာပင္ သိဂၤါရက ကားေပၚကေန ဆင္းၿပီး ကားေနာက္ခန္းထဲမွ အထုပ္ေတြကို သယ္ယူဖို႔ ႀကိဳးစားလိုက္သည္။
"မသယ္နဲ႔ဦး။ ကိုယ္ ၿပီးမွပဲ သယ္လာေပးပါ့မယ္။"
"ဘာလို႔လဲ!?"
"ဘာမွမျဖစ္ပါဘူး။ မင္းကို မပင္ပန္းေစခ်င္လို႔ပါ။"
"ရပါတယ္... ငါက..."
Theoက သူ႕လက္ကို ဆုပ္ကိုင္ၿပီး ေခၚေဆာင္သြားတာမို႔ သိဂၤါရလည္း ဘာမွဆက္မေျပာႏိုင္ဘဲ လိုက္ပါခဲ့ရသည္။ သူတို႔ႏွစ္ဦး အိမ္ထဲသို႔ ေရာက္လာခ်ိန္မွာ Theoက လက္ကို လႊတ္ေပးလိုက္ၿပီး သိဂၤါရရဲ႕ခါးေလးကို အေနာက္ကေန ေပြ႕ဖက္ကာ ပခုံးေပၚသို႔ ေမးတင္ရင္းနဲ႔ ေျပာခဲ့ေလသည္။
"ဒီေန႔ကစၿပီး ဒီအိမ္ေလးထဲမွာ ကိုယ္တို႔ႏွစ္ေယာက္ အတူေနရေတာ့မွာ... ကေလးေလးရဲ႕..."
"ဒီအိမ္မွာ မဟုတ္ေပမဲ့ အရင္ကလည္း ငါတို႔ အတူေနခဲ့ဖူးတာပဲ။"
"ဘယ္တူပါ့မလဲ!? အခုက အိမ္ေထာင္သည္အေနနဲ႔ အတူေနရမွာေလ။"
"ဘယ္တုန္းက လက္ထပ္လိုက္တာလဲ!?"
"ကိုယ္တို႔ရဲ႕လက္ထပ္ပြဲကို ႏွလုံးသားထဲမွာပဲ က်င္းပလိုက္ၾကတာေပါ့။"
"စကားတတ္တိုင္း ေလွ်ာက္ေျပာမေနနဲ႔။"
"တကယ္ေျပာတာပါ။ မင္းရဲ႕နာမည္ေလးကို အနက္႐ိႈင္းဆုံးေနရာတစ္ခုမွာ ကိုယ့္ႏွလုံးေသြးနဲ႔ ေရးထိုးထားၿပီးသား။ အဲဒါက စာ႐ြက္ေပၚမွာ လက္မွတ္ထိုးတာထက္ ပိုၿပီးခိုင္ၿမဲပါတယ္။ မဟုတ္ဘူးလား!?"
"မင္းက ျငင္းလို႔မရေအာင္ တမင္ေျပာသြားတာပဲ။"
"ဒါဆို လက္ခံလိုက္ၿပီဆိုပါေတာ့။"
"ေျပာမိလို႔လား!?"
"အင္း..."
"ဘယ္တုန္းကလဲ!?"
"အခုေလးတင္ မင္းရဲ႕ရင္ခုန္သံေတြက ေျပာသြားတာ။"
လည္တိုင္ေပၚမွာ ေဝ့ဝဲကာ က်ေရာက္လာတဲ့ အနမ္းတခ်ိဳ႕ေၾကာင့္ သိဂၤါရရဲ႕ရင္ခုန္သံေတြက စင္စစ္ျမန္ဆန္ေနခဲ့ေပသည္။
"ေလာေလာဆယ္ မင္းရဲ႕မိသားစုက နာေရး႐ွိေနေတာ့ ကိုယ္ ေနာက္မွပဲ ပြဲအခမ္းအနားနဲ႔ က်င္းပေပးပါ့မယ္။"
"အိမ္ေထာင္သည္ဘဝဆိုတာက ခ်စ္သူဘဝနဲ႔ မတူဘူး...Theo... အေကာင္းေရာ၊ အဆိုးေရာကို အတူမွ်ေဝခံစားရေတာ့မွာ။ ျဖစ္လာသမွ် ျပႆနာတိုင္းကို အတူရင္ဆိုင္ရမွာပါ။ အခုလိုမ်ိဳး လွ်ိဳ႕ဝွက္ခ်က္ေတြကို ထိမ္ခ်န္ၿပီး ကိုယ္ လုပ္ခ်င္ရာကို ဇြတ္တ႐ြတ္ လုပ္လို႔မရေတာ့ဘူး။"
"ကိုယ္က ဇြတ္တ႐ြတ္ မလုပ္ပါဘူး။"
"သိပါတယ္။ ေသခ်ာအကြက္ခ်ၿပီးမွပဲ လုပ္တတ္တာမလား!?"
"ဘာကို ေျပာခ်င္တာလဲ!?"
"မင္းဘာသာမင္း အသိဆုံးေနမွာေပါ့။"
Theoက မသကၤာစိတ္ ဝင္လာၿပီမို႔ သိဂၤါရရဲ႕ပခုံးေလးကို သူ႕ဘက္သို႔ အသာအယာ ဆြဲယူၿပီး ႏွစ္ဦးသား မ်က္ႏွာခ်င္းဆိုင္မိေအာင္ ျပဳလုပ္ေပးလိုက္သည္။
"မင္း ဘာေတြကို သိထားတာလဲ!?"
"မင္းမွ မေျပာျပတာ။ ငါက ဘာကို သိရမွာလဲ!?"
"မဟုတ္ဘူး။ မင္း တစ္ခုခုကို ေသခ်ာေပါက္ သိထားတယ္။"
"မင္းက မသိေစခ်င္ဘူးမလား!?"
"အမွန္အတိုင္း ေျပာရရင္ မသိေစခ်င္ဘူး... သိဂၤါရ..."
"ဘာမွမပူပါနဲ႔။ မသိသလိုဘဲ ဆက္ေနေပးပါ့မယ္။"
ထိုစကားအရ သူ ျပဳလုပ္ထားတဲ့ ဒုစ႐ိုက္မႈေတြကို သိဂၤါရက မသိေသးမွန္း ရိပ္မိလိုက္ေလသည္။ အကယ္၍ သိဂၤါရသာ သိ႐ွိသြားပါက ယခုလိုမ်ိဳး မသိခ်င္ေယာင္ေဆာင္ၿပီး ေနေပးမွာ မဟုတ္ေပ။
"မင္းရဲ႕ဆႏၵအတိုင္း ကိုယ္ ပြင့္ပြင့္လင္းလင္း ေျပာျပပါ့မယ္။"
Theoဆီကေန ထိုကဲ့သို႔ေသာ ခြင့္ျပဳခ်က္မ်ိဳး ထြက္လာမယ္မွန္း မေမွ်ာ္လင့္ထားတာမို႔ သိဂၤါရက အံ့အားသင့္သြားရသည္။
"ဘာကို ေျပာျပမွာလဲ!?"
"ကိုယ့္ရဲ႕သ႐ုပ္အမွန္ကိုေလ။"
"မင္းက စိုင္းရသဦးအစစ္ဆိုတာကိုလား!?"
ထိုစကားေၾကာင့္ Theoက ခပ္ယဲ့ယဲ့ ျပဳံးျပလိုက္မိသည္။
"မင္းက သိၿပီးေနၿပီပဲ။"
"မသကၤာလို႔ လိုက္စုံစမ္းၾကည့္ၿပီးမွ သိရတာပါ။"
"ဘယ္အထိ သိထားတာလဲ!?"
"မင္းရဲ႕အေမက ပုဂံကေန ျပန္ေရာက္လာတဲ့အထိပဲ သိထားတာပါ။"
"ဪ... ကိုယ္ေတာင္ မေမြးေသးဘူးေပါ့။"
"ေနာက္ပိုင္းကို ဆက္ေျပာျပေပးရမွာက မင္းရဲ႕တာဝန္ျဖစ္သြားၿပီ။"
"မင္း ခ်က္ေကြၽးတဲ့ မနက္စာေလးကို အရင္စားလိုက္ဦးမယ္။"
တမင္အခ်ိန္ဆြဲေနျခင္းမွန္း သိဂၤါရကလည္း ရိပ္မိတာမို႔ Theoရဲ႕ဆႏၵအတိုင္း လိုက္ေလ်ာေပးၿပီး ေခါင္းညိတ္ျပလိုက္သည္။ မနက္စာအတြက္ သူ ျပင္ဆင္ေနရခ်ိန္မွာ Theoက အထုပ္အပိုးေတြကို ေနရာခ်ၿပီး အခ်ိန္ျဖဳန္းေနခဲ့သည္။ ထို႔ေနာက္ တိတ္ဆိတ္ၿငိမ္သက္စြာျဖင့္ မနက္စာကို အတူစားသုံးခဲ့ၾကသည္။
"ျခံဝင္းထဲမွာ သြားထိုင္ၾကရေအာင္။"
သိဂၤါရက ထုံးစံအတိုင္း Theoရဲ႕မ်က္ႏွာကို အကဲခတ္ၾကည့္ခဲ့ေလသည္။ သို႔ေပမဲ့ မၾကာေသးခင္ကလို ေတြေဝေနတဲ့ အရိပ္အေယာင္ကို Theoဆီမွာ မေတြ႕ရဘဲ ဆုံးျဖတ္ခ်က္ခ်ၿပီးသြားတဲ့ ပုံစံမ်ိဳးမို႔ စိတ္ေအးသြားရသည္။ ျခံဝင္းထဲက ခုံေလးမွာ သူတို႔ႏွစ္ဦး ေနရာယူၿပီးသြားမွ Theoက တည္ၿငိမ္စြာ စတင္ေျပာလာခဲ့သည္။
"လူႀကီးေတြရဲ႕ျပႆနာေတြကို ကိုယ္ သိခြင့္မရခဲ့ပါဘူး။ အဲဒါေၾကာင့္ ကိုယ္ သိတဲ့ေနရာကေနပဲ စေျပာျပပါ့မယ္။"
"ရပါတယ္။ မင္း သိထားတာကိုပဲ ေျပာပါ။"
"ကိုယ့္မိသားစုဝင္ေတြက မီးေလာင္မႈျဖစ္ၿပီး ဆုံးသြားၾကတယ္လို႔ မင္းကို ေျပာျပဖူးတယ္မလား!?"
"အင္း... ဟိုအိမ္ေဟာင္းႀကီးမွာေလ။"
"ဟုတ္တယ္။ ဒါေပမဲ့ သူတို႔ ေသခဲ့ရတာက ႐ိုး႐ိုးမီးေလာင္မႈေၾကာင့္ မဟုတ္ဘူး။"
"ဒါဆို သူတို႔က လုပ္ၾကံခံခဲ့ရတာလား!?"
"ကိုယ္လည္း အစကေတာ့ ႐ိုး႐ိုးမီးေလာင္မႈလို႔ပဲ ထင္ခဲ့တာပါ။ ဒါေပမဲ့ ကိုယ့္ဖြားဖြားက သူ မဆုံးခင္မွာ အျဖစ္မွန္ကို ေျပာျပခဲ့တာ။"
ေဒၚနန္းခမ္းမူရဲ႕အတၱႀကီးမႈေတြကို ေဒၚေအးတို႔ဆီကေန ၾကားသိခဲ့ရတာမို႔ Theoရဲ႕ကိစၥကိုလည္း သိဂၤါရက စိတ္မခ်ျဖစ္မိေပသည္။
"သူက ဘာေျပာခဲ့လို႔လဲ!?"
"ကိုယ္တို႔မိသားစုကို အခုလိုမ်ိဳး ျဖစ္ေအာင္ လုပ္ၾကံခဲ့တဲ့သူက ဦးစိုင္းေမာင္တဲ့။"
ဦးစိုင္းေမာင္နဲ႔ ေဒၚနန္းခမ္းမူရဲ႕ဆက္ဆံေရးက နဂိုကတည္းက မေကာင္းမြန္တာမို႔ ယခုကိစၥမွာလည္း တမင္ေခ်ာက္တြန္းခံလိုက္ရမွာကို သူ စိတ္ပူမိသည္။
"သူက ဘယ္လိုသိတာလဲ!? ငါ ေျပာခ်င္တာက သူ ဒါေတြကို အစကတည္းက သိထားခဲ့ရင္ ရဲတိုင္ၿပီး ႐ွင္းပစ္လိုက္လို႔ ရတာပဲေလ။"
"ကိုယ္တို႔အားလုံးက ဖြားဖြားကို ကားအက္စီးဒင့္ျဖစ္ၿပီး ဦးေႏွာက္ေသသြားတယ္လို႔ပဲ သိထားခဲ့ၾကတာ။ တကယ္က သူ႕ခႏၶာကိုယ္က မလႈပ္႐ွားႏိုင္ေတာ့ေပမဲ့ အသိစိတ္က ႐ွိေသးတယ္။ ဒါကို ဦးစိုင္းေမာင္ မသိေအာင္လို႔ တမင္ဖုံးကြယ္ထားခဲ့တာပါ။"
"ဦးစိုင္းေမာင္က မင္းတို႔မိသားစုကိုေရာ ဘာလို႔ လုပ္ၾကံခဲ့ရတာလဲ!?"
"ဖြားဖြား အခုလိုျဖစ္ရတာက သူ႕ေၾကာင့္မွန္း ေဖေဖတို႔က သိသြားတယ္ေလ။ အဲဒါေၾကာင့္ ရဲကို မတိုင္ရေသးခင္ ႏႈတ္ပိတ္လိုက္တာ။ သူ႕အတြက္က တစ္ခ်က္ခုတ္၊ ႏွစ္ခ်က္ျပတ္ပဲေလ။ စည္းစိမ္ေတြကို အပိုင္ရလိုက္သလို မေက်နပ္တဲ့သူေတြကိုလည္း အျပတ္႐ွင္းႏိုင္ခဲ့တာ။"
"ဒီကိစၥမွာ အထင္လြဲေနတာမ်ိဳးေရာ မ႐ွိႏိုင္ဘူးလား!?"
သူ႕စကားေၾကာင့္ Theoက မ်က္ေမွာင္ၾကဳတ္ၿပီး ၾကည့္ကာ ေမးလာခဲ့ေလသည္။
"မင္းက ဦးစိုင္းေမာင္အတြက္ ေ႐ွ႕ေနလိုက္ေပးေနတာလား!?"
"မဟုတ္ပါဘူး။ ဒါေပမဲ့ ငါက ေသခ်ာေအာင္လို႔ပါ။"
"သိပ္ကို ေသခ်ာတာေပါ့။ ဦးစိုင္းေမာင္က ကိုယ့္မ်က္စိေ႐ွ႕မွာတင္ ဖြားဖြားကို သတ္ခဲ့တာ။ မင္းနဲ႔ ပတ္သက္သမွ်ကို ေမ့သြားေစခဲ့တဲ့ တရားခံကလည္း သူပဲ။"
"ဘာကို ေျပာတာလဲ!?"
"ကိုယ္ ေလွကားေပၚကေန ျပဳတ္က်ခဲ့ရတာက သူ႕ေၾကာင့္ပဲ...သိဂၤါရ။ သူက ကိုယ့္ကိုပါ ေသေစခ်င္ခဲ့တာ။ အဲဒါေၾကာင့္ သတိျပန္ရလာတဲ့အခ်ိန္မွာ ျဖစ္ခဲ့သမွ်အားလုံးကို ေမ့သြားသလိုမ်ိဳး ကိုယ္ ဟန္ေဆာင္ခဲ့ရတယ္။ သူ႕ကို အားကိုးေနတဲ့ ကေလးတစ္ေယာက္လို ကိုယ္ ေနျပခဲ့ရတယ္။ ဒီလိုဟန္ေဆာင္ျပခဲ့လို႔ အခုခ်ိန္ထိ ကိုယ္ အသက္႐ွင္ေနခဲ့တာ။"
ေပ်ာ္႐ႊင္မႈနဲ႔ ျပည့္ေနရမယ့္အ႐ြယ္မွာ လက္စားေခ်မႈေတြၾကားက သားေကာင္ျဖစ္ခဲ့ရ႐ွာတဲ့ Theoအတြက္ သူ စိတ္မေကာင္းျဖစ္မိတာ အမွန္ပင္။ သူနဲ႔ ဆုံေတြ႕စဥ္အခါက အျဖဴထည္စိတ္နဲ႔ ခင္တြယ္ခဲ့တဲ့ ကေလးငယ္ကို ျပန္ျမင္ေယာင္လာၿပီး ရင္ထဲမွာ က႐ုဏာသက္ေနမိေတာ့သည္။ ထို႔ေၾကာင့္ Theoရဲ႕နံေဘးသို႔ ေလွ်ာက္လွမ္းသြားၿပီး ဦးေခါင္းေလးကို သူ႕ရင္ခြင္ထဲမွာ မွီခိုေစလိုက္သည္။
"မင္း အရမ္းပင္ပန္းခဲ့မွာပဲေနာ္။"
ထိုစကားတစ္ခြန္းက Theoရဲ႕ရင္ထဲကို ေႏြးေထြးေစသလို တစ္ခ်ိန္တည္းမွာပဲ တင္းထားသမွ် စိတ္ေတြကို ေလ်ာ့က်သြားေစခဲ့သည္။ တျခားသူရဲ႕ေ႐ွ႕မွာ အားငယ္မႈကို ထုတ္မျပမိေအာင္ သူ ႀကိဳးစားခဲ့ေပမဲ့ သိဂၤါရကေတာ့ ႁခြင္းခ်က္တစ္ခုသာ ျဖစ္ေပသည္။
ဘယ္သူ႕ကိုမွ မေပးအပ္ဖူးတဲ့ ယုံၾကည္မႈေတြကို သိဂၤါရဆီမွာ ပုံအပ္ၿပီး ရင္ခြင္ေလးထဲသို႔ အလိုက္သင့္ေခါင္းမွီရင္းနဲ႔ မ်က္ရည္စအခ်ိဳ႕ကို သူ ေႁခြခ်လိုက္မိသည္။
"အခုခ်ိန္ကစၿပီး မင္းရဲ႕အဆိုးအေကာင္း မွန္သမွ်ကို ငါ မွ်ေဝခံစားေပးပါ့မယ္...ရသ..."
ထိုနာမည္ကို ၾကားတိုင္း ေမ့ေပ်ာက္ထားခ်င္တဲ့ အတိတ္ေဟာင္းေတြက ျပန္ေပၚလာတတ္တာမို႔ သူ မုန္းတီးမိေပမဲ့ ယခုလိုမ်ိဳး သိဂၤါရရဲ႕ႏႈတ္ဖ်ားက ထြက္လာခ်ိန္မွာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ သူ ေက်နပ္ေနခဲ့ေလသည္။
"ကိုယ့္သ႐ုပ္အမွန္ကို သိရေတာ့ စိတ္ပ်က္မသြားဘူးလား!?"
"မင္းအေပၚ က႐ုဏာသက္မိလို႔ အရင္ထက္ ပိုခ်စ္ေပးဖို႔ပဲ ငါ ေတြးမိတယ္။"
တစ္ခ်ိန္လုံး ဖုံးကြယ္ထားခဲ့တဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြကို တတ္ႏိုင္သေလာက္ ဖြင့္ေျပာျပႏိုင္ခဲ့ၿပီမို႔ Theoရဲ႕စိတ္က ေပါ့ပါးသြားသလိုပင္။
"ရသ... ဝီရကိုလည္း သူ႕မိဘေတြနဲ႔ ေတြ႕ခြင့္ေပးလိုက္ပါလား!?"
"ဒီအေၾကာင္းေတြကို ဦးဝင္းတို႔ဆီကေန သိလာတာမလား!?"
"သူတို႔ကို အျပစ္မတင္ပါနဲ႔။ ငါက အတင္းေတာင္းဆိုလို႔သာ သူတို႔က ေျပာျပခဲ့ရတာပါ။"
"ကိုယ္ သိပါတယ္။ သူတို႔က ကိုယ့္အေပၚမွာလည္း ေက်းဇူး႐ွိၾကတဲ့သူေတြပါပဲ။"
"ဝီရကို သူတို႔နဲ႔ ေတြ႕ခြင့္ေပးမယ္မလား!?"
"မင္းရဲ႕သေဘာအတိုင္း ျဖစ္ေစရပါမယ္။ တျခားလိုခ်င္တာ ႐ွိရင္လည္း ေျပာေလ။ ဒီေန႔က ကိုယ္တို႔ရဲ႕မဂၤလာဦးေန႔ေလးဆိုေတာ့ မင္း ေတာင္းဆိုသမွ်ကို ျဖည့္ဆည္းေပးခ်င္တယ္။"
"ေနာက္ေန႔ေတြက်ရင္ မျဖည့္ဆည္းေပးဘူးလို႔ ႀကိဳပိတ္ထားတဲ့ သေဘာလား!?"
"မဟုတ္ပါဘူး။ ေန႔ရက္တိုင္းကို မဂၤလာဦးေန႔လို႔ သတ္မွတ္ခ်င္တာ။"
ရင္ခြင္ထဲက အခြၽဲတုန္းေလးရဲ႕နဖူးကို သိဂၤါရက ခ်စ္ျမတ္ႏိုးစြာျဖင့္ ငုံ႔နမ္းမိေတာ့သည္။
"အရင္လိုမ်ိဳး ကိုကိုလို႔ ေခၚၾကည့္ပါဦး။"
"အေခၚခံခ်င္လို႔လား!?"
"အရင္က ၾကားခဲ့ရတာနဲ႔ ဘာကြာျခားသြားလဲဆိုတာကို သိခ်င္လို႔။"
"အသံေပါ့။ ကေလးအသံလိုမ်ိဳး ခ်စ္စရာေကာင္းမွာ မဟုတ္ေတာ့ဘူးေလ။"
"ေသခ်ာသိရေအာင္ ေခၚၾကည့္ပါ။"
Theoက သိဂၤါရရဲ႕မ်က္ႏွာကို ေမာ့ၾကည့္လာၿပီး စူးစိုက္ၾကည့္လိုက္သည္။ ထိုအၾကည့္က သိဂၤါရရဲ႕ႏွလုံးသားကို တသိမ့္သိမ့္ တုန္ခါလာေစတာမို႔ ယွဥ္ၿပိဳင္မၾကည့္ဝံ့ဘဲ အၾကည့္လႊဲဖို႔ ၾကံ႐ြယ္မိတဲ့ အထိပင္။
"ကိုကို..."
တည္ၿငိမ္ရင့္က်က္တဲ့ ေခၚသံက ငယ္႐ြယ္စဥ္အခ်ိန္က ခ်စ္စဖြယ္ေခၚသံနဲ႔ လုံးဝမတူညီေတာ့ေပမဲ့ သူ သေဘာက်မိေပသည္။ အမွန္တကယ္ေတာ့ သေဘာက်တယ္ဆိုတာထက္ေတာင္ ပိုႏိုင္ေပေသးသည္။ ျမန္ဆန္စြာ တုန္ခါေနတဲ့ ႏွလုံးခုန္သံေတြကို ရင္ခြင္ထဲမွာ ေပြ႕ဖက္ထားမိသူက ၾကားသြားေလမလားဆိုတဲ့ အသိေၾကာင့္ သူ႕ခႏၶာကိုယ္ကို မသိမသာေနာက္ဆုတ္သြားခဲ့ရသည္။
"ဘာလို႔ ေနာက္ဆုတ္သြားတာလဲ... ကိုကို!?"
"တစ္ေခါက္ေခၚရင္ ရပါၿပီ။ ဘာလို႔ ထပ္ေခၚေနတာလဲ!?"
"ကိုကိုက ဒီလိုမ်ိဳးေခၚတာကို ႀကိဳက္တယ္မလား!?"
"ႀကိဳက္ပါတယ္။ ဒါေပမဲ့..."
"ႀကိဳက္တယ္ဆို အခုခ်ိန္ကစၿပီး ကိုကိုလို႔ပဲ ေခၚေတာ့မယ္။"
"ငါ အိမ္ထဲမွာ မီးခလုတ္ေတြေရာ ပိတ္ခဲ့မိရဲ႕လား မသိဘူး။ သြားၾကည့္လိုက္ဦးမယ္။"
အျမန္ထြက္ခြာဖို႔ သူ ႀကိဳးစားလိုက္ေပမဲ့ Theoက သူ႕ခါးကို လက္ႏွစ္ဖက္ျဖင့္ ေပြ႕ဖက္ထားခဲ့ေလသည္။
"ပိတ္ထားပါတယ္... ကိုကိုရဲ႕။ စိတ္ခ်ၿပီးသာ ေနပါ။"
"ငါ့ကို ဘာလို႔ အတင္းဖက္ထားတာလဲ!?"
"ခ်စ္လို႔ေလ... ကိုကို။"
ျပဳံး႐ႊင္ကာ ေျပာလာတဲ့ Theoကို ၾကည့္ၿပီး တမင္စေနာက္ေနမွန္း သိဂၤါရက သိ႐ွိသြားေတာ့သည္။
"ဖယ္... ငါ့ကို လာစမေနနဲ႔။"
"မစပါဘူး။ အခုကစၿပီး ကိုကိုလို႔ပဲ တကယ္ေခၚေတာ့မွာ။"
"Theo!!!"
"ရသပါ။ ကိုကို႔ရဲ႕ရသေလးပါ။"
"မင္းက ေတာ္ေတာ္ဆိုးေနတာပဲ။"
"အဆိုးေလးကို မ်ားမ်ားခ်စ္ေပးပါ...ကိုကို"
"မဟုတ္တာေတြ ေလွ်ာက္ေျပာမေနနဲ႔။"
Theoရဲ႕ခြၽဲခြၽဲပ်စ္ပ်စ္စကားေတြေၾကာင့္ သူ ဆက္ေအာင့္မထားႏိုင္ဘဲ ျပဳံးလိုက္မိသည္။
"ေတြ႕လား...ကိုကိုလည္း သေဘာက်ေနတာပဲ။"
"ဘယ္မွာသေဘာက်လို႔လဲ!?"
"ဒီမွာေလ..."
Theoက စကားေျပာေနရင္းနဲ႔ သူ႕ခႏၶာကိုယ္ကို ႐ုတ္တရက္ ဆြဲယူလိုက္တာမို႔ အ႐ွိန္လြန္ကာ မ်က္ႏွာခ်င္းထိစပ္လုနီးပါး ျဖစ္သြားခဲ့ရသည္။
"ခ်စ္တယ္... ကိုကို..."
ယခုတစ္ႀကိမ္မွာေတာ့ သူ မျပဳံးျဖစ္ေတာ့ဘဲ Theoရဲ႕မ်က္ဝန္းေတြကိုသာ ေငးၾကည့္ေနခဲ့သည္။ မိႈင္းညိဳ႕ညိဳ႕မ်က္ဝန္းေလးထဲမွာ သူ႕ပုံရိပ္ေလး ထင္ဟပ္ေနတာကိုလည္း ေပ်ာ္ေနမိသလိုပင္။
"ငါလည္း မင္းကို ခ်စ္တယ္...ရသ။"
Theoက ၾကည္လင္စြာ ျပဳံးျပၿပီး သူ႕ႏႈတ္ခမ္းေလးေပၚသို႔ အနမ္းေႁခြခ်ေပးလိုက္သည္။ သာယာခ်ိဳၿမိန္တဲ့ အနမ္းေလးေတြကို သူကလည္း မျငင္းဆန္ရက္ဘဲ လက္ခံေပးခဲ့မိသည္။ သူတို႔ႏွစ္ဦးရဲ႕ခ်စ္ျခင္းတရားေတြက ပတ္ဝန္းက်င္တစ္ခုလုံးကို ပန္းႏုေရာင္ လႊမ္းျခဳံသြားေစတဲ့အထိ လွပေနခဲ့ေပသည္။
ေနဝင္စအခ်ိန္မွာ ေဒၚေအးက လမ္းေလွ်ာက္ဖို႔ ရည္႐ြယ္ကာ ျခံဝင္းထဲသို႔ ထြက္လာခဲ့ေလသည္။ သို႔ေပမဲ့ ျခံတံခါးနားမွာ ရပ္ေနတဲ့ လူရိပ္ေၾကာင့္ လမ္းမီးတိုင္မွ အလင္းေရာင္ကို အားျပဳၿပီး ေသခ်ာၾကည့္လိုက္ရသည္။
"သား... သားေလးဝီရမလား!?"
တစ္ခဏအတြင္းမွာ ေရ႐ြတ္သံနဲ႔အတူ ေပ်ာ္႐ႊင္မႈေတြက ယိုဖိတ္က်ဆင္းလာသလိုပင္။
"ေမေမ!!!"
ထိုအသံ႐ွင္က ေဒၚေအးဆီသို႔ ခပ္သြက္သြက္ေလွ်ာက္လွမ္းလာၿပီး ဒူးေထာက္ကာ ထိုင္ခ်လိုက္သည္။
"သားေလး... ဘာလို႔ ဒူးေထာက္တာလဲ!? ထပါကြယ္။"
"သားတစ္ေယာက္ရဲ႕တာဝန္ကို မေက်ပြန္ခဲ့မိလို႔ ေတာင္းပန္ပါတယ္။"
ေခါင္းငုံ႔ကာ ေတာင္းပန္ေနသူကို ေဒၚေအးက ဆြဲထူဖို႔ ႀကိဳးစားလိုက္ေပမဲ့ မ်က္ရည္မ်ားက အလိုလိုစီးက်လာခဲ့ျပန္သည္။
"မဟုတ္တာပဲ။ ထပါ... သားေလးရယ္။"
"ဘာျဖစ္ေနတာလဲ!?"
ဆူညံသံေတြေၾကာင့္ အိမ္ထဲကေန ထြက္လာတဲ့ ဦးဝင္းက သူ႕ေ႐ွ႕တည့္တည့္က ျမင္ကြင္းကို ၾကည့္ၿပီး အံ့အားသင့္ကာ ဆြံ႕အသြားေလသည္။
"ေဖေဖ..."
ဖုန္းထဲကေနသာ အလြမ္းေျပ ၾကားခြင့္ရခဲ့တဲ့ အသံေလးကို ယခုလိုမ်ိဳး မ်က္ျမင္ကိုယ္ေတြ႕ ၾကားလိုက္ရၿပီမို႔ ဦးဝင္းရဲ႕စိတ္ထဲမွာလည္း ပီတိျဖစ္လာမိသည္။ ထို႔ေၾကာင့္ ေဒၚေအးတို႔႐ွိရာဆီသို႔ ျဖည္းညင္းစြာ ေလွ်ာက္လွမ္းသြားၿပီး ဒူးေထာက္ေန႐ွာတဲ့ သားကို ထူေပးလိုက္ေတာ့သည္။
"သားကို ေဖေဖတို႔က ေန႔တိုင္းေအာက္ေမ့ေနတာကြဲ႕။"
ေယာက်္ားပီပီ မ်က္ရည္မက်မိေအာင္ ဟန္ကိုယ့္ဖို႔ ထိန္းထားေပမဲ့ လြမ္းဆြတ္တမ္းတမႈမ်ားေၾကာင့္ ဟန္ေဆာင္ႏိုင္ရန္ မလြယ္ကူခဲ့ေပ။
"သားလည္း ေဖေဖနဲ႔ ေမေမကို အၿမဲသတိရေနတာပါ။"
(၁၁)ႏွစ္ေက်ာ္ခန္႔ ခြဲခြာေနခဲ့ရ႐ွာတဲ့ မိသားစုေလးက ယခုေတာ့ ျပန္လည္ဆုံစည္းခြင့္ရခဲ့ေလၿပီ။ ထို႔ေၾကာင့္ တစ္ဦးကို တစ္ဦးေပြ႕ဖက္ရင္းနဲ႔ ပီတိမ်က္ရည္မ်ား စီးက်ကာ အလြမ္းေျဖၾကရေတာ့သည္။
ခဏအၾကာမွာ သူတို႔အားလုံး အိမ္ထဲသို႔ ဝင္ေရာက္လာၿပီး ျဖစ္ခဲ့သမွ်ကို ေဆြးေႏြးျဖစ္ခဲ့ၾကသည္။
"ဟိုတစ္ရက္ကေတာင္ ရသေလးနဲ႔ ေတြ႕ျဖစ္ေသးတယ္။ သားနဲ႔ ေတြ႕ခ်င္တယ္လို႔ အတင္းေတာင္းဆိုေတာ့ သူက ခြင့္ျပဳေပးပါ့မယ္လို႔ပဲ ေျပာသြားခဲ့တာ။ အခုလိုမ်ိဳး တကယ္လာခြင့္ျပဳမယ္လို႔ ေမေမတို႔က မထင္ခဲ့ဘူးေလ။"
"သူ႕ကို အစ္ကိုသိဂၤါရက နားခ်ေပးလိုက္တာေနမွာပါ။"
"ဪ... ဆရာေလးက ကူညီေပးလိုက္တာေၾကာင့္ကို။"
"ဟုတ္တယ္...ေမေမ။ အစ္ကိုက သားတို႔ႏွစ္ေယာက္အေပၚ တကယ္ေကာင္းတဲ့သူပါ။"
"အေမတူသားေလးပဲ။ ေမေမတို႔လည္း သူနဲ႔ စကားေျပာၾကည့္ကတည္းက စိတ္ထားေလးျဖဴစင္မွန္း သိခဲ့ရတာ။"
"Theo... အဲ... ရသကလည္း အစ္ကို႔စကားဆို အကုန္နားေထာင္တယ္။"
"အဆင္ေျပသြားတာေပါ့။ ရသေလးအတြက္ ဆရာေလးလိုလူကမွ အသင့္ေတာ္ဆုံးပဲ။"
"သူတို႔ႏွစ္ေယာက္က ခ်စ္သူေတြမွန္း ေမေမတို႔က သိၿပီးၿပီလား!?"
"ဆရာေလးကိုယ္တိုင္ ေျပာျပခဲ့တာပါ။ အစကေတာ့ အံ့ဩမိေသးတယ္။ ဒါေပမဲ့ ဖူးစာပါလာရင္ ဘယ္တားလို႔ ရပါ့မလဲဆိုၿပီး ေတြးလိုက္ရတာ။"
"ေမေမတို႔က အစ္ကိုနဲ႔ ေတာ္ေတာ္ရင္းႏွီးေနၿပီပဲ။"
"သူက ဒီကို ခဏခဏလာလည္တတ္တယ္။ ေမေမတို႔ကလည္း သူ႕ကို ဘယ္သူ႕သားသမီးရယ္လို႔ မသိခင္ကတည္းက ခင္ေနမိတာ။"
"ကမ႓ာႀကီးက က်ဥ္းက်ဥ္းေလးဆိုတဲ့ စကားက တကယ္မွန္ေနၿပီေပါ့။"
"ဟုတ္ပကြယ္။ သားေရာ အခု ဘာေတြလုပ္ေနလဲ!?"
"သားက ရသတို႔ကုမၸဏီမွာပဲ အလုပ္ဝင္လုပ္ေနတာ။"
ထိုအခ်ိန္မွာပင္ သိဂၤါရ ေျပာျပဖူးတဲ့ စကားအခ်ိဳ႕ကို ေဒၚေအးက သတိရလာေလသည္။
"သား... ရသက ဘာေတြလုပ္ခိုင္းေသးလဲ!?"
"သူက ဘာလုပ္ခိုင္းရမွာလဲ...ေမေမရဲ႕!?"
"ဆရာေလးက ေျပာတယ္။ သားက ရသရဲ႕ေနရာမွာ အစားဝင္ေနေပးရတာတဲ့။ နာမည္ေတာင္ ေျပာင္းထားရတယ္ဆို။ ဘာလို႔လဲ!?"
ထိုေမးခြန္းေၾကာင့္ စိုင္းရသဦးလည္း အေျဖကို အျမန္႐ွာေဖြလိုက္ရသည္။
"ဆက္ခံသူေနရာက စိတ္႐ႈပ္ဖို႔ ေကာင္းတယ္ေလ။ သူက အစ္ကိုနဲ႔ လြတ္လြတ္လပ္လပ္ေနခ်င္လို႔ အဲဒီေနရာကို အစားဝင္ခိုင္းထားတာ။ သားအတြက္လည္း လစာေကာင္းတာေပါ့။"
"တျခားကိစၥေတြေရာ မ႐ွိဘူးလား!?"
"ဘာ႐ွိရမွာလဲ... ေမေမရဲ႕!? ဒီကိစၥတစ္ခုပဲ ႐ွိတာပါ။"
"သူက အတိတ္ကို ျပန္သတိရလာၿပီလား!? ဆရာေလးနဲ႔ ေတြ႕တုန္းက အဲဒါကို မေမးျဖစ္လိုက္လို႔။"
"သူ မမွတ္မိေသးပါဘူး။"
"ဒါဆို ဆရာေလးကို ဘယ္လိုသိတာလဲ!?"
"ေရစက္ပါလာရင္ တားမရဘူးေလ။ သူက ဘာမွမမွတ္မိေပမဲ့ အစ္ကို႔ကိုေတာ့ ျမင္ျမင္ခ်င္း ခ်စ္မိသြားတာ။ အရင္က ေတြ႕ဖူးတာကိုေတာ့ အခုထိ မမွတ္မိေသးဘူး။"
ဆီေလ်ာ္တဲ့ အေၾကာင္းျပခ်က္တစ္ခုေၾကာင့္ ေဒၚေအးက သံသယကင္းၿပီး သက္ျပင္းခ်ႏိုင္ခဲ့ေလသည္။
"သားတို႔အတြက္ ဘာအႏၲရာယ္မွ မ႐ွိဘူးဆိုရင္ ၿပီးတာပါပဲ။"
"စိတ္ပူမေနပါနဲ႔...ေမေမရယ္။ သားတို႔လည္း ျပန္ဆုံခြင့္ရၿပီေလ။ ေ႐ွ႕ေလွ်ာက္ ေကာင္းတဲ့ကိစၥေတြပဲ ျဖစ္လာမွာပါ။"
"ေအးပါကြယ္။ သားေရာ ေမေမတို႔နဲ႔ လာေနလို႔ မရေသးဘူးလား!?"
"သားက ကုမၸဏီကိစၥကို စီမံေပးေနရတာဆိုေတာ့ နားခ်ိန္ သိပ္မ႐ွိဘူး။ ေလာေလာဆယ္ လုပ္ေနရတာေတြ ၿပီးသြားရင္ေတာ့ နားလို႔ ရပါၿပီ။ အဲဒီအခါက်မွ ေမေမတို႔နဲ႔ လာေနေပးပါ့မယ္။"
"အလုပ္မ်ားတယ္ဆိုေပမဲ့ အိပ္ခ်ိန္၊ စားခ်ိန္ေလးေတာ့ မွန္ေအာင္ ေနဦးေနာ္။"
"ဟုတ္ကဲ့ပါ။ သား ဂ႐ုစိုက္ပါတယ္။"
စိုင္းရသဦးက မိဘႏွစ္ပါးနဲ႔အတူ စကားေျပာကာ ညစာအတူစားၿပီးမွ အိမ္သို႔ ျပန္လာျဖစ္ခဲ့သည္။ သူ အၿမဲတမ္းေတာင့္တေနခဲ့တဲ့ ေႏြးေထြးမႈေလးကို မိဘႏွစ္ပါးဆီကေန ရ႐ွိခဲ့ၿပီမို႔ အျပန္လမ္းတစ္ေလွ်ာက္မွာ ေပ်ာ္႐ႊင္မႈေတြနဲ႔သာ ျပည့္ႏွက္ေနေတာ့သည္။
#Śûè
****************