Mr.Silent (Completed)

By D_Yayy_Nine

173K 14.7K 1.2K

သူ့တစ်ယောက်တည်းကို ကွက်ပြီး သစ်စိမ်းချိုး ချိုးနေတဲ့အချေကိုယ်တော်လေးကိုမှ ချစ်မိသွားတဲ့ညီသုတနဲ့.. ရှောင်ပြေးခ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part- 14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50 (Final Part)
Extra-1
Extra-2

Part-28

2.5K 235 25
By D_Yayy_Nine

Unicode Version

မနေ့က အမေဖြစ်သူအတွက် အစိုးရိမ်လွန်ခဲ့သောကြောင့် ကာရန်ရှင်း၏အမေးကိုပင် ပြန်မဖြေနိုင်ဘဲ ဖုန်းချပစ်ခဲ့ရသော ညီသုတသည် ယနေ့တွင် အားလပ်ချိန်လေးရခိုက် ကာရန်ရှင်းဆီသို့ ဖုန်းခေါ်ပါသော်လည်း တစ်ဖက်က လုံးဝကိုင်မလာချေ။

မအားလပ်လေသလားဟု တွေးမိ၍ လူနာစောင့်နေရင်း ညဘက်ရောက်မှ ထပ်ဆက်ကြည့်ပြန်သောအခါ၌လည်း မကိုင်ပြန်ပေ။ ထို့ကြောင့် လိုင်းပေါ်တက်ကာ မက်ဆေ့ချ်ပို့ထားမည်ဟုကြံပြီး chat boxကို ဖွင့်လိုက်ကာမှ Activeဖြစ်နေသော ကာရန်ရှင်း၏ accountလေးက သူ့ကိုလှောင်ရယ်နေ၏။

သို့သော်လည်း ယခုထိ တစ်မျိုးတစ်မည်မထင်နိုင်သေးသော ညီသုတက မက်ဆေ့ချ်ပို့၍ ဆက်သွယ်ကြည့်ပြန်သည်။

ညီသုတ : ဟေး...။ ဘာလို့ဖုန်းမကိုင်တာလဲ။ ငါတစ်နေကုန်ခေါ်နေတာ။

တစ်မိနစ်ပင်မကြာလိုက်သည့်အချိန်တွင် တစ်ဖက်မှ ပြန်စာပို့လာသည်။

ကာရန်ရှင်း : အဆင်မပြေလို့။

ညီသုတ : ဘာအဆင်မပြေတာလဲ။

ကာရန်ရှင်း : ငါမင်းကိုပြောစရာရှိတယ်။

လေးနက်နေဟန်အပြည့်နှင့် ကာရန်ရှင်း၏စာများသည် ညီသုတကို ကြောက်လန့်စေသည်။ သို့သော်လည်း ကာရန်ရှင်းကို သူဘယ်လိုငြင်းနိုင်ပါ့မလဲလေ။

ညီသုတ : အင်း။ ပြောလေ။

ကာရန်ရှင်း : ငါ့ကို နောက်ထပ် မဆက်သွယ်နဲ့တော့။

ထိုမက်ဆေ့ချ်သည် ညီသုတကို အတော်ကြာသည်အထိ တုန်လှုပ်သွားစေသည်။ အမြင်မှားသည်ဟု ထင်သဖြင့် ခဏခဏပြန်ဖတ်နေမိသော်ငြား ပြောင်းလဲမသွားသော စာ​လုံးများကြောင့် ညီသုတကြက်သေသေသွားရသည်။

ညီသုတ : ဘာလို့လဲ။ ငါမနေ့က မင်းကိုပြန်မဖြေမိလို့ စိတ်ဆိုးနေတာလား။

ကာရန်ရှင်း : မဟုတ်ဘူး။ ငါမင်းနဲ့အဆက်အဆံမလုပ်ချင်တော့လို့။ ပြီးတော့ ငါ ခဏတာစိတ်ကစားတုန်းက ပြောခဲ့တဲ့စကားတွေကိုလည်း ပြန်ရုတ်သိမ်းချင်တယ်

ညီသုတ : ရုတ်တရက်ကြီး... ဘာလို့လဲ။

အမှန်အတိုင်းပြောရလျှင် ညီသုတမယုံနိုင်သေးပေ။ ကာရန်ရှင်း သူ့ကို စနောက်နေသည်ဟုသာ ယုံကြည်ထားချင်သည်။ မနေ့တစ်နေ့ကအထိ သူမှသူဖြစ်နေခဲ့သူက ယခုလိုဗြုန်းစားကြီးပြောင်းလဲသွားသည်မှာ မဖြစ်နိုင်။

ကာရန်ရှင်း : ငါ တောင်းပန်ပါတယ်။

ညီသုတ : မတောင်းပန်နဲ့။ ရှင်းပြ....။

ညီသုတ ရင်ထဲမှာ အပြင်းအထန် ဂယက်ထနေရပြီ။ ရက်ပိုင်းလောက်နှင့် ပြောင်းလဲသွားသော ကာရန်ရှင်း၏ ဆက်ဆံပုံများကို လုံးဝနားမလည်နိုင်တော့ပေ။ ယခုလည်း သူကသာ ရှင်းပြဖို့ပြောနေရသော်လည်း ကာရန်ရှင်းကတော့ ဘာစကားမှ ပြန်မလာတော့ပေ။

ငြိမ်သက်ခြင်းသည် သူ့ကို ပို၍ကယောင်ချောက်ချားဖြစ်စေသည်။ ထိုလူသားကို ပိုတိုး၍ လိုအပ်နေချိန်မှ ယခုလိုဖြစ်ရသလားလေ။ ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေအောက်တွင် ညီသုတတစ်ယောက် ရှုပ်ထွေးသထက် ရှုပ်ထွေးလာရသည်။

အချစ်ကို အမှတ်မှား၍ ပြုမူမိသော အမှားတစ်ခုလို ဖျောက်ဖျက်ချင်တိုင်း ဖျောက်ဖျက်၍ ရကောင်းသလား။ အမြစ်တွယ်နေလေပြီဖြစ်သော ခံစားချက်များကို စေလိုရာစေခိုင်းကာ ပြန်ငုပ်လျှိုးစေနိုင်ကောင်းသလား။ မျှော်လင့်ချက်များ စုပုံစေပြီး မလိုအပ်ချိန်မှာတော့ အလွယ်တကူဖြိုချကောင်းသလား။

သူ့ကို ကစားစရာအရုပ်တစ်ခုလို လိုအပ်ချိန်မှာ ပွေ့ဖက်ထားခဲ့ပြီး မလိုအပ်ချိန်တွင်တော့ ချောင်ထိုးလိုက်လေသလား။ သို့တည်းမဟုတ် ထိုသူဟာ ဘယ်တုန်းကမှ သူ့ကို မလိုအပ်ခဲ့လေသလား။

ဝမ်းနည်းမှုများက အသိစိတ်ကိုရော မသိစိတ်ကိုပါ ချဥ်းနင်းဝင်ရောက်လာလေရာ ခံနိုင်ရည်ကျဆင်းနေသော ညီသုတအဖို့ ပြိုလဲချင်စိတ်များသာ ပိုကဲသည်။ ကာရန်ရှင်းဟာ ဒဏ်ရာပေးလိုက်၊ ဆေးပေးလိုက် လုပ်တတ်သူမို့ ယခုကိစ္စတွင်လည်း စိတ်ပြေသည်နှင့် ပြန်လာချော့လိမ့်မည်ဟု ညီသုတထင်မှတ်မိခဲ့သည်။

သို့သော် သူ၏အကြောင်းများကို အကုန်အစင်သိသွားသော အမြွှာနှစ်ယောက်က သူတို့ချန်လှပ်ထားခဲ့သော မကျေနပ်ချက်များကို ထုတ်ဖော်လာသည့်အခါတွင်မူ ညီသုတ၏ ကွဲကြေလုနီးနီး နှလုံးသားလေးသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွရတော့သည်။

"ဒီကောင် ဒီလိုအကွက်တွေရွှေ့လိမ့်မယ်မှန်း ငါတို့သိခဲ့သင့်တာ"

"ဟုတ်တယ်။ ဟိုနေ့က အင်တာနက်ပေါ်မှာ သူက လုပ်ငန်းရှင်တစ်ယောက်ရဲ့သမီးနဲ့ စေ့စပ်လိုက်ပြီဆိုတဲ့သတင်း တွေ့လိုက်တယ်ကွ။ အဲ့ဒီကတည်းက ငါတို့သိခဲ့သင့်တယ်။ အဲ့ဒီမျိုးမစစ်ကောင်..."

လင်းထက်ပိုင်သည် သူ၏ဝသီအတိုင်း ဆဲဆိုရန်ပါးစပ်ပြင်လိုက်သော်လည်း ငိုချတော့မတတ် မျက်နှာပျက်သွားသော ညီသုတကြောင့် ဆက်ပြောမည့်သူ့စကားများလည်း လုံးဝအစအနပါမကျန် ပျောက်သွားရသည်။

"ဒါဆို တစ်ချိန်လုံး ငါကအရူးဖြစ်နေခဲ့တာပေါ့"

"ဒီမှာ..။ မင်း အဲ့ကောင်အတွက်နဲ့ လုံးဝစိတ်ဓာတ်ကျလို့မရဘူးနော်။ မင်းကတစ်ချိန်လုံးစစ်မှန်ခဲ့တဲ့လူ။ သူကသာ ယုတ်မာတာ"

မျက်ရည်တို့ အိုင်ထွန်းနေသောမျက်လုံးအိမ်သည် ညှိုးငယ်မှုအပြည့်နှင့် သောကရောက်နေဟန်ကို ပို၍ပေါ်လွင်စေသည်။ နက်ရှိုင်းသောခံစားချက်များကို ဒဏ်ရာပေးချင်သူကိုမှ ပုံအပ်ခဲ့သော ညီသုတအဖို့ အထီးကျန်ခံစားနေရဖို့သာ ထိုက်တန်လေသည်။ အယောင်ဆောင်နှင့် အစစ်အမှန်ကို မခွဲခြားတတ်ခဲ့သူမို့ တစ်သက်လုံးခံစားနေရဖို့ ထိုက်တန်လေသည်ဟုသာ ညီသုတတွေးမိသည်။

တစ်ဆက်တည်းမှာပင် ကာရန်ရှင်းပြောဖူးသော အနာတရဖြစ်ခဲ့ဖူးသည့်စကားတချို့ကို ပြန်လည်ကြားယောင်မိသောအခါ ဝမ်းနည်းနေသည့်ကြားမှ အော်ရယ်မိသေးသည်။

"ဆင်းရဲသားရပ်ကွက်မှာကြီးပြင်းလာတဲ့လူတွေနဲ့ ငါတို့က ခံစားပုံနဲ့ တွေးခေါ်ပုံချင်း မတူကြဘူးတဲ့"....။

ပဲ့တင်သံများလို နားထဲကို အထပ်ထပ်အခါခါရိုက်ခတ်နေသည့် ထိုစကားလုံးများသည် သူ၏ရင်အစုံကိုပါ ထိရှစေသည်။

ဖြစ်တည်ရာကွဲပြားကြခြင်းသည် ဝေးကွာခြင်း၏ဇစ်မြစ်တစ်ခုလေလား။

မျဥ်းပြိုင်များဟာ အနန္တအကွာအဝေးရောက်လျှင်ပင် မဆုံစည်းနိုင်တော့ခြင်းလား။ သို့တည်းမဟုတ် သူတို့နှစ်ဦးသည် မျဥ်းပြိုင်များလောက်ပင် မနီးစပ်ခဲ့ခြင်းလား။

သူတို့နှစ်ဦး၏သဘောထားများသည် မူလကတည်းက ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်ခဲ့လေသလား။

သူသည် ထိုလူသားနှင့် နီးစပ်နိုင်ဖို့ ချဥ်းကပ်ခဲ့သော်လည်း ထိုသူကတော့ဖြင့် ခဏတာအပျော်ရှာခဲ့လေသလား။ သူဟာ ထာဝရအတွက် ရည်ရွယ်ပါသော်ငြား တစ်ဖက်လူကတော့ဖြင့် ဖြတ်သွားဖြတ်လာမှတ်တိုင်တစ်ခုမျှသာ သူ့ကို သဘောထားခဲ့လေသလား။

"ငါ သူ့ကို လုံးဝထပ်မတွေ့ချင်တော့ဘူး။ သူ့နာမည်ကိုတောင် မကြားချင်တော့ဘူး"

"ငါတို့ကပိုဆိုးသေးတယ်။ နောက်တစ်ခါများ မင်းရှေ့ကို သူပေါ်ရဲပေါ်လာကြည့်။ ရစရာမရှိအောင်ကို ပြောဆိုပစ်မယ်"

လင်းထက်ပိုင်သည် အံတကြိတ်ကြိတ်နှင့် မကျေနပ်ကြောင်း ထုတ်ဖော်လေရာ စွမ်းထက်ပိုင်ကလည်း သူ၏ခံစားချက်များကို ပြင်းပြင်းထန်ထန် ဖော်ပြပြန်၏။

"ဒီလိုတွေလုပ်ထားပြီး သူက အရှက်မရှိပေါ်လာရဲသေးရင်တော့ ငါကိုယ်တိုင် သူ့ကိုသတ်မှာ"

လွန်ခဲ့သည့်ရက်ပိုင်းများက စွမ်းထက်ပိုင်သည် သူငယ်ချင်းဖြစ်သူအတွက် ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ရသည်။ မိဘများ၏အခက်အခဲများကြောင့် ပင်ပန်းလွန်းနေပြီဖြစ်သော ညီသုတကို ထပ်၍စိတ်မပင်ပန်းစေရန် ကာရန်ရှင်း၏ကိစ္စများကို ဖုံးကွယ်ပေးခဲ့သော်ငြား သူ၏စေတနာများသည် အလကားဖြစ်ခဲ့ရလေပြီ။

ခံစားချက်များကို ကလေးကစားသလို ပေါ့ပြက်ပြက်လုပ်သွားသော ကာရန်ရှင်းကြောင့် ညီသုတမှာ ခက်ခဲပင်ပန်းသောနေ့ရက်များကို ဖြတ်ကျော်ရပေတော့မည်။ သူ့ဘဝတွင် အပင်ပန်းရဆုံးနေ့ရက်များပင် ဖြစ်လာနိုင်သည်။

"ငါ တကယ်ပင်ပန်းနေပြီ။ အဖေတို့ကလည်း အခုထိ ရိုးသားကြောင်းသက်သေပြလို့မရသေးဘူး။ သူကပါ ငါ့ကို...."

စုပုံလာသော ဝမ်းနည်းမှုများသည် ရင်ထဲ၌ အစိုင်အခဲတည်သည်။ ထို့နောက် လည်ချောင်းဝတွင် တစ်ဆို့စေ၍ မျက်လုံးအိမ်၌မူ မျက်ရည်ကြည်တို့အား ဖြစ်ထွန်းစေသည်။ နာနာကြည်းကြည်းရှိုက်ငိုနေသော ညီသုတတွင် မှီတွယ်ထားစရာဟူ၍ သူငယ်ချင်းသံယောဇဥ်သာ ရှိတော့သည်။ ထိုရင်ခွင်ကတော့ဖြင့် ထာဝရအေးချမ်းပေလိမ့်မည်။

"မင်းဘေးမှာ ငါတို့နှစ်ယောက်လုံး ရှိပါသေးတယ်"

အဆဲအဆိုများနှင့် မွှန်ထူခဲ့သော လင်းထက်ပိုင်၏နှုတ်ဖျားသည် ဤကဲ့သို့အားတက်ဖွယ် စကားလုံးများလည်း ထွက်ပေါ်လာတတ်သေးသည်။

ညီသုတအနေနှင့် ပင်ပန်းခက်ခဲရသည့်နေ့ရက်များကို မယိုင်လဲဘဲ ကောင်းမွန်စွာ ဖြတ်ကျော်နိုင်ခဲ့သည်မှာလည်း ထိုစကားမှပေးသော ခွန်အားနှင့် စစ်မှန်စွာဖေးမကူညီမှုများကြောင့်ပင် ဖြစ်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် သူတို့၏သောကများနှင့် ထပ်တူညီစွာ သောကရောက်နေရသူ ကာရန်ရှင်းမှာလည်း ဒုက္ခပင်လယ်ကြား မျောလျက်ရှိသည်။ သူ၏ဒုက္ခသည် ညီသုတတို့ထက် ပိုသာသည်ဟု ဆိုလျှင်ပင် မှားမည်မထင်။

အမှောင်ယံကြီးစိုးသော ညဥ့်လယ်တွင် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီး၏ တစ်နေရာ၌ ကားတစ်စီးဟာ ကျွမ်းထိုးမှောက်ခုံလဲလျက်ရှိသည်။ ကားထဲရှိလူသုံးယောက်မှာလည်း ဒဏ်ရာဗရပွနှင့် ညည်းညူနေကြသည်။

"အား....။ ဆွေဆွေလတ်..ဒီမိန်းမ ငါတို့ကိုအကောက်ကြံလိုက်ပြန်ပြီ"

အမျိုးသားဖြစ်သူသည် အသံနက်ကြီးနှင့် အော်ဟစ်ညည်းညူလိုက်ပြီးနောက် လက်ရှိအခြေအနေကို စစ်ဆေးလိုက်ရာ သူသည် ကားထဲတွင် Seat beltပတ်ထားလျက်သားနှင့် ရှိနေသော်ငြား ကားသည် ဇောက်ထိုးမှောက်ခုံဖြစ်နေသဖြင့် သူသည်လည်း ဇောက်ထိုးဆွဲထားသလို ဖြစ်နေရသည်။

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် သူတို့ကို ကူညီဖေးမမည့်လူလည်း မရှိ။ ထို့ကြောင့် စိတ်ကိုတင်းကာ ကားပေါ်တွင် သူနှင့်အတူပါလာသော ဇနီးဖြစ်သူနှင့် သားဖြစ်သူ အခြေအနေကောင်းမကောင်းစစ်ဆေးရန် အသံပြုလိုက်သည်။

"မိန်းမ....အဆင်ပြေရဲ့လား။ ကာရန်....သားလေး.."

နဖူးတွင် သွေးအလိမ်းလိမ်းနှင့် ကာရန်ရှင်းခမျာ ထိတ်လန့်စိတ်က မပြယ်သေးသောကြောင့် စကားသံတိုးတိုးမျှပင် ထွက်မလာ။ သို့သော် သူသတိရပြီဖြစ်ကြောင်း ဟောဟဲဆိုက်နေသော အသက်ရှူသံများကို ကြားရရုံနှင့် သိနိုင်သည်။

"ကို..ကျွန်မခြေထောက်လှုပ်မရဘူး.."

"မကြောက်နဲ့..မကြောက်နဲ့နော်.. မင်းတို့ကို ဒီကနေကယ်ထုတ်ပေးမယ်"

ကာရန်ရှင်းသည် အဖေဖြစ်သူ၏အားပေးစကားကို ကြားသော်လည်း နည်းနည်းမှ လုံခြုံခြင်းကို မခံစားရပေ။ အကြောင်းမှာ သူတို့ကားရှိရာသို့ မျက်နှာချင်းဆိုင်မှ ကားတစ်စီးသည် အရှိန်ပြင်းပြင်းမောင်းရင်း ဦးတည်လာသောကြောင့်ပင်။

"ဖေဖေ..ဟိုးမှာ..."

ကားမီးရောင်သည် အဝေးမှ တရိပ်ရိပ်ထိုးတက်လာပြီး သူတို့၏မျက်လုံးအိမ်ထဲ၌ ရောင်ပြန်ဟပ်စေသည်။ အရှိန်ပြင်းပြင်း ရွေ့လျားလာသော ထိုမီးရောင်သည် သူတို့အား သေခြင်းတရားကို ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း နားလည်စေသည်။

"သား.. ဖေဖေ့ခြေထောက်က ညပ်နေလို့ ကားထဲကထွက်မရဘူး..။ သားမေမေကလည်း...။ သားရော ကားထဲက ထွက်လို့ရလား..။ ထွက်နိုင်လား.."

ကာရန်ရှင်းလည်း ဇောက်ထိုးမှောက်ခုံဖြစ်နေရာမှ Seat Beltဖြုတ်ချလိုက်သည်နှင့် အောက်သို့ ဘုန်းခနဲပြုတ်ကျသွားချိန်တွင် နာကျင်မှုသည် အရိုးထဲအထိ လှိုက်စား၏။ ကားတံခါးကို ဆွဲဖွင့်သော်လည်း မရသဖြင့် ကွဲအက်နေလေပြီဖြစ်သော မှန်စများကို တံတောင်ဆစ်နှင့် ရိုက်ဖွင့်ပြီး ကျဥ်းထဲကြပ်ထဲမှ အလျင်အမြန်ရုန်းထွက်ရသည်။

အဝေးဆီမှ လာနေသော ကားမီးရောင်သည်လည်း သူတို့နှင့် နီးသထက်နီးကပ်လာလေပြီ။ ကာရန်ရှင်း၏ ခြေထောက်တစ်ဖက်သည် ကောင်းစွာလှုပ်ရှားမရသဖြင့် ထော့နဲ့နဲ့နှင့်သာ သူ၏အဖေနှင့်အမေကို ကားထဲမှ ဆွဲထုတ်ရန် ကြိုးစားသည်။ သို့သော်လည်း မရ။

တဖြည်းဖြည်းခက်ခဲလာသော အခြေအနေတွင် တစ်ဖက်က ကားမီးရောင်သည် သူတို့နှင့် မလှမ်းမကမ်းနေရာ၌ ရောက်နေလေပြီ။

"ကာရန်..သား မေမေတို့ကိုထားခဲ့တော့..။ သား ဒီနေရာကဝေးဝေးကိုသာ ပြေးတော့"

ကာရန်ရှင်းသည် ခေါင်းကိုတသွင်သွင်ခါရမ်းကာ လက်ကျန်ခွန်အားလေးနှင့် သူ၏အဖေကို ဆွဲထုတ်နေသေးသည်။

"ဟုတ်တယ်။ သား... သွားတော့..။ ပြီးတာနဲ့ သားရဲ့အဘိုးကို ဆက်သွယ်"

ကာရန်ရှင်းသည် တဖြည်းဖြည်းနီးကပ်လာသော ကားကိုတစ်လှည့်၊ သူ၏အဖေနှင့်အမေကိုတစ်လှည့်ကြည့်ကာ ဝေခွဲရခက်နေလေသည်။ သူ၏မျက်နှာထက်တွင်လည်း သွေးစများနှင့် မျက်ရည်များက ရောနှောကာ စီးဆင်းနေပေသည်။

"ဖြစ်ခဲ့သမျှအတွက် မေမေတောင်းပန်ပါတယ်..။ အားလုံးက သားကို အကောင်းဆုံးဆိုတဲ့အရာတွေသာ ပိုင်ဆိုင်စေချင်တဲ့လောဘကြောင့် ဖြစ်ခဲ့ရတာပါ.."

"ကာရန်..သွားတော့..."

သူ၏အဖေသည် မရှိမဲ့ရှိမဲ့ခွန်အားလေးနှင့် သူ့ကို တွန်းထုတ်သည်။ သူလည်း ချိနဲ့နေသောခြေလှမ်းများနှင့် နောက်ပြန်ဆုတ်ကာ ပြေးလာခဲ့ပြီး လမ်းမကြီးပေါ်မှ ဆင်းကာ သစ်ပင်အုပ်များဆီသို့ ဦးတည်လေတော့သည်။ ဝုန်းခနဲ အသံကျယ်ကြီးတစ်သံကို ကြားလိုက်ရချိန်တွင် ပြေးနေရာမှ ရပ်ကာ အားရပါးရငိုချမိတော့သည်။

အနောက်ကိုလည်း လှည့်မကြည့်ရဲ။ သူ့မိဘများ သေဆုံးပြီဆိုသည်ကိုလည်း လက်မခံချင်။ ထို့ကြောင့် မျက်ရည်များကို သုတ်ကာ နောက်ကို လှည့်မကြည့်တမ်း သွေးရူးသွေးတန်းနှင့်သာ ပြေးနေမိသည်။

မှောင်မည်းမည်းထဲ၌ စမ်းတဝါးဝါးနှင့်ပြေးနေရသောသူသည် ဆင်ခြေလျှောတစ်ခုတွင် ချော်လဲကာ ထိုဆင်ခြေလျှောအတိုင်း အောက်ဘက်သို့ တလိမ့်ကောက်ကွေး ပြုတ်ကျသွားရချိန်တွင် သတိမလစ်သွားခင် အခိုက်အတန့်လေး၌ သူ၏အမြင်အာရုံကို လွှမ်းမိုးထားခဲ့သူမှာ ညီသုတသာဖြစ်၏။

"သုတ... ထွက်မသွားပါနဲ့..။ ကျေးဇူးပြုပြီး... ငါ့အနားမှာပဲနေပေးပါ။ ငါကြောက်တယ်...။ မင်းကပါ ငါ့အနားမရှိတော့မှာ ကြောက်တယ်"

သူ့အနားမှ ပြေးထွက်ရန်ကြိုးစားနေသော ထိုပုံရိပ်လေးကို မမီမကမ်းနှင့် လိုက်ဖမ်းရင်း ထွက်မသွားဖို့လည်း အော်ဟစ်တားဆီးမိသည်။ ထိုပုံရိပ်လေးကို မီတော့မည့်ဆဲဆဲမှာပင် သူ၏စိတ်အာရုံအလုံးစုံသည်လည်း အမှောင်ကျသွားရတော့သည်။

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

A/N: ဒီအခြေအနေမှာ စာရေးနိုင်သေးလားဆိုပြီး မငြိုငြင်ကြပါနဲ့နော်။ နိုင်းက ဒီအပိုင်းကိုရေးထားတာ သုံးရက်လောက်ရှိနေပါပြီ။ ပြီးတော့ ဒီနေ့ သတင်းတွေကြောင့် သောကရောက်နေရလို့ စိတ်သက်သာရာရအောင် စာရေးရင်း အချောသပ်ပြီးသွားလို့ တင်လိုက်တာပါ။ စိတ်အခြေအနေကတော့ ကောင်းလှတယ်ရယ်လို့ မဟုတ်ဘူးရယ်😔

******************
ZawGyi Version

မေန႔က အေမျဖစ္သူအတြက္ အစိုးရိမ္လြန္ခဲ့ေသာေၾကာင့္ ကာရန္႐ွင္း၏အေမးကိုပင္ ျပန္မေျဖႏိုင္ဘဲ ဖုန္းခ်ပစ္ခဲ့ရေသာ ညီသုတသည္ ယေန႔တြင္ အားလပ္ခ်ိန္ေလးရခိုက္ ကာရန္႐ွင္းဆီသို႔ ဖုန္းေခၚပါေသာ္လည္း တစ္ဖက္က လုံးဝကိုင္မလာေခ်။

မအားလပ္ေလသလားဟု ေတြးမိ၍ လူနာေစာင့္ေနရင္း ညဘက္ေရာက္မွ ထပ္ဆက္ၾကည့္ျပန္ေသာအခါ၌လည္း မကိုင္ျပန္ေပ။ ထို႔ေၾကာင့္ လိုင္းေပၚတက္ကာ မက္ေဆ့ခ်္ပို႔ထားမည္ဟုၾကံၿပီး chat boxကို ဖြင့္လိုက္ကာမွ Activeျဖစ္ေနေသာ ကာရန္႐ွင္း၏ accountေလးက သူ႕ကိုေလွာင္ရယ္ေန၏။

သို႔ေသာ္လည္း ယခုထိ တစ္မ်ိဳးတစ္မည္မထင္ႏိုင္ေသးေသာ ညီသုတက မက္ေဆ့ခ်္ပို႔၍ ဆက္သြယ္ၾကည့္ျပန္သည္။

ညီသုတ : ေဟး...။ ဘာလို႔ဖုန္းမကိုင္တာလဲ။ ငါတစ္ေနကုန္ေခၚေနတာ။

တစ္မိနစ္ပင္မၾကာလိုက္သည့္အခ်ိန္တြင္ တစ္ဖက္မွ ျပန္စာပို႔လာသည္။

ကာရန္႐ွင္း : အဆင္မေျပလို႔။

ညီသုတ : ဘာအဆင္မေျပတာလဲ။

ကာရန္႐ွင္း : ငါမင္းကိုေျပာစရာ႐ွိတယ္။

ေလးနက္ေနဟန္အျပည့္ႏွင့္ ကာရန္႐ွင္း၏စာမ်ားသည္ ညီသုတကို ေၾကာက္လန္႔ေစသည္။ သို႔ေသာ္လည္း ကာရန္႐ွင္းကို သူဘယ္လိုျငင္းႏိုင္ပါ့မလဲေလ။

ညီသုတ : အင္း။ ေျပာေလ။

ကာရန္႐ွင္း : ငါ့ကို ေနာက္ထပ္ မဆက္သြယ္နဲ႔ေတာ့။

ထိုမက္ေဆ့ခ်္သည္ ညီသုတကို အေတာ္ၾကာသည္အထိ တုန္လႈပ္သြားေစသည္။ အျမင္မွားသည္ဟု ထင္သျဖင့္ ခဏခဏျပန္ဖတ္ေနမိေသာ္ျငား ေျပာင္းလဲမသြားေသာ စာ​လုံးမ်ားေၾကာင့္ ညီသုတၾကက္ေသေသသြားရသည္။

ညီသုတ : ဘာလို႔လဲ။ ငါမေန႔က မင္းကိုျပန္မေျဖမိလို႔ စိတ္ဆိုးေနတာလား။

ကာရန္႐ွင္း : မဟုတ္ဘူး။ ငါမင္းနဲ႔အဆက္အဆံမလုပ္ခ်င္ေတာ့လို႔။ ၿပီးေတာ့ ငါ ခဏတာစိတ္ကစားတုန္းက ေျပာခဲ့တဲ့စကားေတြကိုလည္း ျပန္႐ုတ္သိမ္းခ်င္တယ္

ညီသုတ : ႐ုတ္တရက္ႀကီး... ဘာလို႔လဲ။

အမွန္အတိုင္းေျပာရလွ်င္ ညီသုတမယုံႏိုင္ေသးေပ။ ကာရန္႐ွင္း သူ႕ကို စေနာက္ေနသည္ဟုသာ ယုံၾကည္ထားခ်င္သည္။ မေန႔တစ္ေန႔ကအထိ သူမွသူျဖစ္ေနခဲ့သူက ယခုလိုျဗဳန္းစားႀကီးေျပာင္းလဲသြားသည္မွာ မျဖစ္ႏိုင္။

ကာရန္႐ွင္း : ငါ ေတာင္းပန္ပါတယ္။

ညီသုတ : မေတာင္းပန္နဲ႔။ ႐ွင္းျပ....။

ညီသုတ ရင္ထဲမွာ အျပင္းအထန္ ဂယက္ထေနရၿပီ။ ရက္ပိုင္းေလာက္ႏွင့္ ေျပာင္းလဲသြားေသာ ကာရန္႐ွင္း၏ ဆက္ဆံပုံမ်ားကို လုံးဝနားမလည္ႏိုင္ေတာ့ေပ။ ယခုလည္း သူကသာ ႐ွင္းျပဖို႔ေျပာေနရေသာ္လည္း ကာရန္႐ွင္းကေတာ့ ဘာစကားမွ ျပန္မလာေတာ့ေပ။

ၿငိမ္သက္ျခင္းသည္ သူ႕ကို ပို၍ကေယာင္ေခ်ာက္ခ်ားျဖစ္ေစသည္။ ထိုလူသားကို ပိုတိုး၍ လိုအပ္ေနခ်ိန္မွ ယခုလိုျဖစ္ရသလားေလ။ ႐ုတ္ခ်ည္းေျပာင္းလဲသြားေသာ အေျခအေနေအာက္တြင္ ညီသုတတစ္ေယာက္ ႐ႈပ္ေထြးသထက္ ႐ႈပ္ေထြးလာရသည္။

အခ်စ္ကို အမွတ္မွား၍ ျပဳမူမိေသာ အမွားတစ္ခုလို ေဖ်ာက္ဖ်က္ခ်င္တိုင္း ေဖ်ာက္ဖ်က္၍ ရေကာင္းသလား။ အျမစ္တြယ္ေနေလၿပီျဖစ္ေသာ ခံစားခ်က္မ်ားကို ေစလိုရာေစခိုင္းကာ ျပန္ငုပ္လွ်ိဳးေစႏိုင္ေကာင္းသလား။ ေမွ်ာ္လင့္ခ်က္မ်ား စုပုံေစၿပီး မလိုအပ္ခ်ိန္မွာေတာ့ အလြယ္တကူၿဖိဳခ်ေကာင္းသလား။

သူ႕ကို ကစားစရာအ႐ုပ္တစ္ခုလို လိုအပ္ခ်ိန္မွာ ေပြ႕ဖက္ထားခဲ့ၿပီး မလိုအပ္ခ်ိန္တြင္ေတာ့ ေခ်ာင္ထိုးလိုက္ေလသလား။ သို႔တည္းမဟုတ္ ထိုသူဟာ ဘယ္တုန္းကမွ သူ႕ကို မလိုအပ္ခဲ့ေလသလား။

ဝမ္းနည္းမႈမ်ားက အသိစိတ္ကိုေရာ မသိစိတ္ကိုပါ ခ်ဥ္းနင္းဝင္ေရာက္လာေလရာ ခံႏိုင္ရည္က်ဆင္းေနေသာ ညီသုတအဖို႔ ၿပိဳလဲခ်င္စိတ္မ်ားသာ ပိုကဲသည္။ ကာရန္႐ွင္းဟာ ဒဏ္ရာေပးလိုက္၊ ေဆးေပးလိုက္ လုပ္တတ္သူမို႔ ယခုကိစၥတြင္လည္း စိတ္ေျပသည္ႏွင့္ ျပန္လာေခ်ာ့လိမ့္မည္ဟု ညီသုတထင္မွတ္မိခဲ့သည္။

သို႔ေသာ္ သူ၏အေၾကာင္းမ်ားကို အကုန္အစင္သိသြားေသာ အႁမႊာႏွစ္ေယာက္က သူတို႔ခ်န္လွပ္ထားခဲ့ေသာ မေက်နပ္ခ်က္မ်ားကို ထုတ္ေဖာ္လာသည့္အခါတြင္မူ ညီသုတ၏ ကြဲေၾကလုနီးနီး ႏွလုံးသားေလးသည္ အစိတ္စိတ္အႁမႊာႁမႊာ ေၾကမြရေတာ့သည္။

"ဒီေကာင္ ဒီလိုအကြက္ေတြေ႐ႊ႕လိမ့္မယ္မွန္း ငါတို႔သိခဲ့သင့္တာ"

"ဟုတ္တယ္။ ဟိုေန႔က အင္တာနက္ေပၚမွာ သူက လုပ္ငန္း႐ွင္တစ္ေယာက္ရဲ႕သမီးနဲ႔ ေစ့စပ္လိုက္ၿပီဆိုတဲ့သတင္း ေတြ႕လိုက္တယ္ကြ။ အဲ့ဒီကတည္းက ငါတို႔သိခဲ့သင့္တယ္။ အဲ့ဒီမ်ိဳးမစစ္ေကာင္..."

လင္းထက္ပိုင္သည္ သူ၏ဝသီအတိုင္း ဆဲဆိုရန္ပါးစပ္ျပင္လိုက္ေသာ္လည္း ငိုခ်ေတာ့မတတ္ မ်က္ႏွာပ်က္သြားေသာ ညီသုတေၾကာင့္ ဆက္ေျပာမည့္သူ႕စကားမ်ားလည္း လုံးဝအစအနပါမက်န္ ေပ်ာက္သြားရသည္။

"ဒါဆို တစ္ခ်ိန္လုံး ငါကအ႐ူးျဖစ္ေနခဲ့တာေပါ့"

"ဒီမွာ..။ မင္း အဲ့ေကာင္အတြက္နဲ႔ လုံးဝစိတ္ဓာတ္က်လို႔မရဘူးေနာ္။ မင္းကတစ္ခ်ိန္လုံးစစ္မွန္ခဲ့တဲ့လူ။ သူကသာ ယုတ္မာတာ"

မ်က္ရည္တို႔ အိုင္ထြန္းေနေသာမ်က္လုံးအိမ္သည္ ညိႇဳးငယ္မႈအျပည့္ႏွင့္ ေသာကေရာက္ေနဟန္ကို ပို၍ေပၚလြင္ေစသည္။ နက္႐ိႈင္းေသာခံစားခ်က္မ်ားကို ဒဏ္ရာေပးခ်င္သူကိုမွ ပုံအပ္ခဲ့ေသာ ညီသုတအဖို႔ အထီးက်န္ခံစားေနရဖို႔သာ ထိုက္တန္ေလသည္။ အေယာင္ေဆာင္ႏွင့္ အစစ္အမွန္ကို မခြဲျခားတတ္ခဲ့သူမို႔ တစ္သက္လုံးခံစားေနရဖို႔ ထိုက္တန္ေလသည္ဟုသာ ညီသုတေတြးမိသည္။

တစ္ဆက္တည္းမွာပင္ ကာရန္႐ွင္းေျပာဖူးေသာ အနာတရျဖစ္ခဲ့ဖူးသည့္စကားတခ်ိဳ႕ကို ျပန္လည္ၾကားေယာင္မိေသာအခါ ဝမ္းနည္းေနသည့္ၾကားမွ ေအာ္ရယ္မိေသးသည္။

"ဆင္းရဲသားရပ္ကြက္မွာႀကီးျပင္းလာတဲ့လူေတြနဲ႔ ငါတို႔က ခံစားပုံနဲ႔ ေတြးေခၚပုံခ်င္း မတူၾကဘူးတဲ့"....။

ပဲ့တင္သံမ်ားလို နားထဲကို အထပ္ထပ္အခါခါ႐ိုက္ခတ္ေနသည့္ ထိုစကားလုံးမ်ားသည္ သူ၏ရင္အစုံကိုပါ ထိ႐ွေစသည္။

ျဖစ္တည္ရာကြဲျပားၾကျခင္းသည္ ေဝးကြာျခင္း၏ဇစ္ျမစ္တစ္ခုေလလား။

မ်ဥ္းၿပိဳင္မ်ားဟာ အနႏၲအကြာအေဝးေရာက္လွ်င္ပင္ မဆုံစည္းႏိုင္ေတာ့ျခင္းလား။ သို႔တည္းမဟုတ္ သူတို႔ႏွစ္ဦးသည္ မ်ဥ္းၿပိဳင္မ်ားေလာက္ပင္ မနီးစပ္ခဲ့ျခင္းလား။

သူတို႔ႏွစ္ဦး၏သေဘာထားမ်ားသည္ မူလကတည္းက ျပဒါးတစ္လမ္း၊ သံတစ္လမ္း ျဖစ္ခဲ့ေလသလား။

သူသည္ ထိုလူသားႏွင့္ နီးစပ္ႏိုင္ဖို႔ ခ်ဥ္းကပ္ခဲ့ေသာ္လည္း ထိုသူကေတာ့ျဖင့္ ခဏတာအေပ်ာ္႐ွာခဲ့ေလသလား။ သူဟာ ထာဝရအတြက္ ရည္႐ြယ္ပါေသာ္ျငား တစ္ဖက္လူကေတာ့ျဖင့္ ျဖတ္သြားျဖတ္လာမွတ္တိုင္တစ္ခုမွ်သာ သူ႕ကို သေဘာထားခဲ့ေလသလား။

"ငါ သူ႕ကို လုံးဝထပ္မေတြ႕ခ်င္ေတာ့ဘူး။ သူ႕နာမည္ကိုေတာင္ မၾကားခ်င္ေတာ့ဘူး"

"ငါတို႔ကပိုဆိုးေသးတယ္။ ေနာက္တစ္ခါမ်ား မင္းေ႐ွ႕ကို သူေပၚရဲေပၚလာၾကည့္။ ရစရာမ႐ွိေအာင္ကို ေျပာဆိုပစ္မယ္"

လင္းထက္ပိုင္သည္ အံတႀကိတ္ႀကိတ္ႏွင့္ မေက်နပ္ေၾကာင္း ထုတ္ေဖာ္ေလရာ စြမ္းထက္ပိုင္ကလည္း သူ၏ခံစားခ်က္မ်ားကို ျပင္းျပင္းထန္ထန္ ေဖာ္ျပျပန္၏။

"ဒီလိုေတြလုပ္ထားၿပီး သူက အ႐ွက္မ႐ွိေပၚလာရဲေသးရင္ေတာ့ ငါကိုယ္တိုင္ သူ႕ကိုသတ္မွာ"

လြန္ခဲ့သည့္ရက္ပိုင္းမ်ားက စြမ္းထက္ပိုင္သည္ သူငယ္ခ်င္းျဖစ္သူအတြက္ ႀကိတ္မႏိုင္ခဲမရျဖစ္ခဲ့ရသည္။ မိဘမ်ား၏အခက္အခဲမ်ားေၾကာင့္ ပင္ပန္းလြန္းေနၿပီျဖစ္ေသာ ညီသုတကို ထပ္၍စိတ္မပင္ပန္းေစရန္ ကာရန္႐ွင္း၏ကိစၥမ်ားကို ဖုံးကြယ္ေပးခဲ့ေသာ္ျငား သူ၏ေစတနာမ်ားသည္ အလကားျဖစ္ခဲ့ရေလၿပီ။

ခံစားခ်က္မ်ားကို ကေလးကစားသလို ေပါ့ျပက္ျပက္လုပ္သြားေသာ ကာရန္႐ွင္းေၾကာင့္ ညီသုတမွာ ခက္ခဲပင္ပန္းေသာေန႔ရက္မ်ားကို ျဖတ္ေက်ာ္ရေပေတာ့မည္။ သူ႕ဘဝတြင္ အပင္ပန္းရဆုံးေန႔ရက္မ်ားပင္ ျဖစ္လာႏိုင္သည္။

"ငါ တကယ္ပင္ပန္းေနၿပီ။ အေဖတို႔ကလည္း အခုထိ ႐ိုးသားေၾကာင္းသက္ေသျပလို႔မရေသးဘူး။ သူကပါ ငါ့ကို...."

စုပုံလာေသာ ဝမ္းနည္းမႈမ်ားသည္ ရင္ထဲ၌ အစိုင္အခဲတည္သည္။ ထို႔ေနာက္ လည္ေခ်ာင္းဝတြင္ တစ္ဆို႔ေစ၍ မ်က္လုံးအိမ္၌မူ မ်က္ရည္ၾကည္တို႔အား ျဖစ္ထြန္းေစသည္။ နာနာၾကည္းၾကည္း႐ိႈက္ငိုေနေသာ ညီသုတတြင္ မွီတြယ္ထားစရာဟူ၍ သူငယ္ခ်င္းသံေယာဇဥ္သာ ႐ွိေတာ့သည္။ ထိုရင္ခြင္ကေတာ့ျဖင့္ ထာဝရေအးခ်မ္းေပလိမ့္မည္။

"မင္းေဘးမွာ ငါတို႔ႏွစ္ေယာက္လုံး ႐ွိပါေသးတယ္"

အဆဲအဆိုမ်ားႏွင့္ မႊန္ထူခဲ့ေသာ လင္းထက္ပိုင္၏ႏႈတ္ဖ်ားသည္ ဤကဲ့သို႔အားတက္ဖြယ္ စကားလုံးမ်ားလည္း ထြက္ေပၚလာတတ္ေသးသည္။

ညီသုတအေနႏွင့္ ပင္ပန္းခက္ခဲရသည့္ေန႔ရက္မ်ားကို မယိုင္လဲဘဲ ေကာင္းမြန္စြာ ျဖတ္ေက်ာ္ႏိုင္ခဲ့သည္မွာလည္း ထိုစကားမွေပးေသာ ခြန္အားႏွင့္ စစ္မွန္စြာေဖးမကူညီမႈမ်ားေၾကာင့္ပင္ ျဖစ္ေပလိမ့္မည္။

တစ္ခ်ိန္တည္းမွာပင္ သူတို႔၏ေသာကမ်ားႏွင့္ ထပ္တူညီစြာ ေသာကေရာက္ေနရသူ ကာရန္႐ွင္းမွာလည္း ဒုကၡပင္လယ္ၾကား ေမ်ာလ်က္႐ွိသည္။ သူ၏ဒုကၡသည္ ညီသုတတို႔ထက္ ပိုသာသည္ဟု ဆိုလွ်င္ပင္ မွားမည္မထင္။

အေမွာင္ယံႀကီးစိုးေသာ ညဥ့္လယ္တြင္ ရန္ကုန္-မႏၲေလး အေဝးေျပးလမ္းမႀကီး၏ တစ္ေနရာ၌ ကားတစ္စီးဟာ ကြၽမ္းထိုးေမွာက္ခုံလဲလ်က္႐ွိသည္။ ကားထဲ႐ွိလူသုံးေယာက္မွာလည္း ဒဏ္ရာဗရပြႏွင့္ ညည္းညဴေနၾကသည္။

"အား....။ ေဆြေဆြလတ္..ဒီမိန္းမ ငါတို႔ကိုအေကာက္ၾကံလိုက္ျပန္ၿပီ"

အမ်ိဳးသားျဖစ္သူသည္ အသံနက္ႀကီးႏွင့္ ေအာ္ဟစ္ညည္းညဴလိုက္ၿပီးေနာက္ လက္႐ွိအေျခအေနကို စစ္ေဆးလိုက္ရာ သူသည္ ကားထဲတြင္ Seat beltပတ္ထားလ်က္သားႏွင့္ ႐ွိေနေသာ္ျငား ကားသည္ ေဇာက္ထိုးေမွာက္ခုံျဖစ္ေနသျဖင့္ သူသည္လည္း ေဇာက္ထိုးဆြဲထားသလို ျဖစ္ေနရသည္။

တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္တြင္ သူတို႔ကို ကူညီေဖးမမည့္လူလည္း မ႐ွိ။ ထို႔ေၾကာင့္ စိတ္ကိုတင္းကာ ကားေပၚတြင္ သူႏွင့္အတူပါလာေသာ ဇနီးျဖစ္သူႏွင့္ သားျဖစ္သူ အေျခအေနေကာင္းမေကာင္းစစ္ေဆးရန္ အသံျပဳလိုက္သည္။

"မိန္းမ....အဆင္ေျပရဲ႕လား။ ကာရန္....သားေလး.."

နဖူးတြင္ ေသြးအလိမ္းလိမ္းႏွင့္ ကာရန္႐ွင္းခမ်ာ ထိတ္လန္႔စိတ္က မျပယ္ေသးေသာေၾကာင့္ စကားသံတိုးတိုးမွ်ပင္ ထြက္မလာ။ သို႔ေသာ္ သူသတိရၿပီျဖစ္ေၾကာင္း ေဟာဟဲဆိုက္ေနေသာ အသက္႐ွဴသံမ်ားကို ၾကားရ႐ုံႏွင့္ သိႏိုင္သည္။

"ကို..ကြၽန္မေျခေထာက္လႈပ္မရဘူး.."

"မေၾကာက္နဲ႔..မေၾကာက္နဲ႔ေနာ္.. မင္းတို႔ကို ဒီကေနကယ္ထုတ္ေပးမယ္"

ကာရန္႐ွင္းသည္ အေဖျဖစ္သူ၏အားေပးစကားကို ၾကားေသာ္လည္း နည္းနည္းမွ လုံျခဳံျခင္းကို မခံစားရေပ။ အေၾကာင္းမွာ သူတို႔ကား႐ွိရာသို႔ မ်က္ႏွာခ်င္းဆိုင္မွ ကားတစ္စီးသည္ အ႐ွိန္ျပင္းျပင္းေမာင္းရင္း ဦးတည္လာေသာေၾကာင့္ပင္။

"ေဖေဖ..ဟိုးမွာ..."

ကားမီးေရာင္သည္ အေဝးမွ တရိပ္ရိပ္ထိုးတက္လာၿပီး သူတို႔၏မ်က္လုံးအိမ္ထဲ၌ ေရာင္ျပန္ဟပ္ေစသည္။ အ႐ွိန္ျပင္းျပင္း ေ႐ြ႕လ်ားလာေသာ ထိုမီးေရာင္သည္ သူတို႔အား ေသျခင္းတရားကို ရင္ဆိုင္ရေတာ့မည္ျဖစ္ေၾကာင္း နားလည္ေစသည္။

"သား.. ေဖေဖ့ေျခေထာက္က ညပ္ေနလို႔ ကားထဲကထြက္မရဘူး..။ သားေမေမကလည္း...။ သားေရာ ကားထဲက ထြက္လို႔ရလား..။ ထြက္ႏိုင္လား.."

ကာရန္႐ွင္းလည္း ေဇာက္ထိုးေမွာက္ခုံျဖစ္ေနရာမွ Seat Beltျဖဳတ္ခ်လိုက္သည္ႏွင့္ ေအာက္သို႔ ဘုန္းခနဲျပဳတ္က်သြားခ်ိန္တြင္ နာက်င္မႈသည္ အ႐ိုးထဲအထိ လိႈက္စား၏။ ကားတံခါးကို ဆြဲဖြင့္ေသာ္လည္း မရသျဖင့္ ကြဲအက္ေနေလၿပီျဖစ္ေသာ မွန္စမ်ားကို တံေတာင္ဆစ္ႏွင့္ ႐ိုက္ဖြင့္ၿပီး က်ဥ္းထဲၾကပ္ထဲမွ အလ်င္အျမန္႐ုန္းထြက္ရသည္။

အေဝးဆီမွ လာေနေသာ ကားမီးေရာင္သည္လည္း သူတို႔ႏွင့္ နီးသထက္နီးကပ္လာေလၿပီ။ ကာရန္႐ွင္း၏ ေျခေထာက္တစ္ဖက္သည္ ေကာင္းစြာလႈပ္႐ွားမရသျဖင့္ ေထာ့နဲ႔နဲ႔ႏွင့္သာ သူ၏အေဖႏွင့္အေမကို ကားထဲမွ ဆြဲထုတ္ရန္ ႀကိဳးစားသည္။ သို႔ေသာ္လည္း မရ။

တျဖည္းျဖည္းခက္ခဲလာေသာ အေျခအေနတြင္ တစ္ဖက္က ကားမီးေရာင္သည္ သူတို႔ႏွင့္ မလွမ္းမကမ္းေနရာ၌ ေရာက္ေနေလၿပီ။

"ကာရန္..သား ေမေမတို႔ကိုထားခဲ့ေတာ့..။ သား ဒီေနရာကေဝးေဝးကိုသာ ေျပးေတာ့"

ကာရန္႐ွင္းသည္ ေခါင္းကိုတသြင္သြင္ခါရမ္းကာ လက္က်န္ခြန္အားေလးႏွင့္ သူ၏အေဖကို ဆြဲထုတ္ေနေသးသည္။

"ဟုတ္တယ္။ သား... သြားေတာ့..။ ၿပီးတာနဲ႔ သားရဲ႕အဘိုးကို ဆက္သြယ္"

ကာရန္႐ွင္းသည္ တျဖည္းျဖည္းနီးကပ္လာေသာ ကားကိုတစ္လွည့္၊ သူ၏အေဖႏွင့္အေမကိုတစ္လွည့္ၾကည့္ကာ ေဝခြဲရခက္ေနေလသည္။ သူ၏မ်က္ႏွာထက္တြင္လည္း ေသြးစမ်ားႏွင့္ မ်က္ရည္မ်ားက ေရာေႏွာကာ စီးဆင္းေနေပသည္။

"ျဖစ္ခဲ့သမွ်အတြက္ ေမေမေတာင္းပန္ပါတယ္..။ အားလုံးက သားကို အေကာင္းဆုံးဆိုတဲ့အရာေတြသာ ပိုင္ဆိုင္ေစခ်င္တဲ့ေလာဘေၾကာင့္ ျဖစ္ခဲ့ရတာပါ.."

"ကာရန္..သြားေတာ့..."

သူ၏အေဖသည္ မ႐ွိမဲ့႐ွိမဲ့ခြန္အားေလးႏွင့္ သူ႕ကို တြန္းထုတ္သည္။ သူလည္း ခ်ိနဲ႔ေနေသာေျခလွမ္းမ်ားႏွင့္ ေနာက္ျပန္ဆုတ္ကာ ေျပးလာခဲ့ၿပီး လမ္းမႀကီးေပၚမွ ဆင္းကာ သစ္ပင္အုပ္မ်ားဆီသို႔ ဦးတည္ေလေတာ့သည္။ ဝုန္းခနဲ အသံက်ယ္ႀကီးတစ္သံကို ၾကားလိုက္ရခ်ိန္တြင္ ေျပးေနရာမွ ရပ္ကာ အားရပါးရငိုခ်မိေတာ့သည္။

အေနာက္ကိုလည္း လွည့္မၾကည့္ရဲ။ သူ႕မိဘမ်ား ေသဆုံးၿပီဆိုသည္ကိုလည္း လက္မခံခ်င္။ ထို႔ေၾကာင့္ မ်က္ရည္မ်ားကို သုတ္ကာ ေနာက္ကို လွည့္မၾကည့္တမ္း ေသြး႐ူးေသြးတန္းႏွင့္သာ ေျပးေနမိသည္။

ေမွာင္မည္းမည္းထဲ၌ စမ္းတဝါးဝါးႏွင့္ေျပးေနရေသာသူသည္ ဆင္ေျခေလွ်ာတစ္ခုတြင္ ေခ်ာ္လဲကာ ထိုဆင္ေျခေလွ်ာအတိုင္း ေအာက္ဘက္သို႔ တလိမ့္ေကာက္ေကြး ျပဳတ္က်သြားရခ်ိန္တြင္ သတိမလစ္သြားခင္ အခိုက္အတန္႔ေလး၌ သူ၏အျမင္အာ႐ုံကို လႊမ္းမိုးထားခဲ့သူမွာ ညီသုတသာျဖစ္၏။

"သုတ... ထြက္မသြားပါနဲ႔..။ ေက်းဇူးျပဳၿပီး... ငါ့အနားမွာပဲေနေပးပါ။ ငါေၾကာက္တယ္...။ မင္းကပါ ငါ့အနားမ႐ွိေတာ့မွာ ေၾကာက္တယ္"

သူ႕အနားမွ ေျပးထြက္ရန္ႀကိဳးစားေနေသာ ထိုပုံရိပ္ေလးကို မမီမကမ္းႏွင့္ လိုက္ဖမ္းရင္း ထြက္မသြားဖို႔လည္း ေအာ္ဟစ္တားဆီးမိသည္။ ထိုပုံရိပ္ေလးကို မီေတာ့မည့္ဆဲဆဲမွာပင္ သူ၏စိတ္အာ႐ုံအလုံးစုံသည္လည္း အေမွာင္က်သြားရေတာ့သည္။

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

A/N: ဒီအေျခအေနမွာ စာေရးႏိုင္ေသးလားဆိုၿပီး မၿငိဳျငင္ၾကပါနဲ႔ေနာ္။ ႏိုင္းက ဒီအပိုင္းကိုေရးထားတာ သုံးရက္ေလာက္႐ွိေနပါၿပီ။ ၿပီးေတာ့ ဒီေန႔ သတင္းေတြေၾကာင့္ ေသာကေရာက္ေနရလို႔ စိတ္သက္သာရာရေအာင္ စာေရးရင္း အေခ်ာသပ္ၿပီးသြားလို႔ တင္လိုက္တာပါ။ စိတ္အေျခအေနကေတာ့ ေကာင္းလွတယ္ရယ္လို႔ မဟုတ္ဘူးရယ္😔

******************

Continue Reading

You'll Also Like

39.1K 1.6K 55
ကြၽန္ေတာ့္ဘဝမွာ အျဖစ္ခ်င္ဆံုးအရာကိုေျပာပါဆိုရင္ ေမာင့္ညာလက္ဖမိုးေပၚမွာ ႐ွိတဲ့ မွည့္နက္ေလးလို ေမာင့္အနားမွာ အျမဲတမ္းေနခ်င္မိပါတယ္။ ကျွန်တော့်ဘဝမှာ အဖြ...
295K 17.5K 46
​ကြၽန္​​ေတာ္​့စိတ္​ကို ဘယ္​စကားနဲ႔မွ အ ​ေရာင္​မျခယ္​ခ်င္​ပါနဲ႔​ေတာ့.... ခင္​ဗ်ားကိုလြမ္​းတိုင္​း အလဲလဲအၿပိဳၿပိဳ ျဖစ္​​ခဲ့တဲ့ ကြၽန္​​ေတာ္​့ကိုသနားပါ...
424K 35.3K 50
သတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။
105K 6.8K 45
Openness to new emotions and feelings,in a romantic sense.💙 >>September 4,2021 ••December 28,2021 //