Mr.Silent (Completed)

By D_Yayy_Nine

173K 14.7K 1.2K

သူ့တစ်ယောက်တည်းကို ကွက်ပြီး သစ်စိမ်းချိုး ချိုးနေတဲ့အချေကိုယ်တော်လေးကိုမှ ချစ်မိသွားတဲ့ညီသုတနဲ့.. ရှောင်ပြေးခ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part- 14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50 (Final Part)
Extra-1
Extra-2

Part-27

2.4K 225 19
By D_Yayy_Nine

Unicode Version

နုံးချိနေသောခန္ဓာကိုယ်ဟာ အခန်းထဲကို ဝင်ပြီး ကုတင်ပေါ်လှဲချလိုက်ရန်ပင် လေးလံနေသောကြောင့် ညီသုတလည်း အိပ်ရာပေါ်သို့ ခြေပစ်လက်ပစ်လဲကျသွားလေသည်။ အိပ်ရာခင်းပေါ်၌ ခြေကားယားလက်ကားယားဖြင့် လှဲနေမိခိုက် မျက်နှာကြက်သို့ငေးကြည့်ကာ အဆင်မပြေမှုများကို တစ်သီတစ်တန်းပြန်လည်တွေးတောမိသည်။

လူပင်ပန်းသည်ထက် စိတ်ပင်ပန်းမှုက ပိုသာလေသောကြောင့် သူ၏အဆင်မပြေမှုများသည် တိုးပွါးသထက် တိုးပွါးလာရသည်။ စိတ်၏ဖိစီးမှုကြောင့် ခန္ဓာကိုယ်သည်လည်း အနည်းငယ်မျှသော ပင်ပန်းမှုကိုပင် ခံနိုင်ရည်မရှိတော့ချေ။

"ပင်ပန်းလိုက်တာ.."

မိဘနှစ်ပါးစလုံးသည် သူတို့၏အလုပ်ကိုယ်စီ၌ တစ်မျိုးစီအသရေဖျက်ခံထားရသောကြောင့် သူလည်း လုံးဝစိတ်မပျော်နိုင်။ တစ်နေကုန် အိမ်မကပ်သော မိဘများကိုလိုက်ရှာရင်း တစ်ယောက်တည်း ယောင်ချာချာဖြစ်ရသည်။ ယခုလည်း မိုးချုပ်သည်အထိပင် အိမ်ပြန်မလာသေးသော သူ၏အဖေနှင့်အမေသည် သားဖြစ်သူကိုပါ မေ့လျော့နေသည့်အလား။

အလွန်တရာမွန်းကြပ်လာချိန်တွင် ပထမဦးစွာ သတိရမိသူက ကာရန်ရှင်းပင်။ ထို့ကြောင့် ဖုန်းကိုဖွင့်ကာ ခေါ်ဆိုမှုအကြိမ်ရေအများဆုံးဖြစ်သည့် ထိုသူအား ဖုန်းခေါ်လိုက်မိသည်။

ကာရန်ရှင်းနှင့် အဆက်အသွယ်မလုပ်ရသည်မှာလည်း သုံးရက်မျှရှိလေပြီ။ သူ့မိဘများ၏ကိစ္စဖြစ်ကတည်းက သူ့မှာ မအားလပ်နိုင်ဖြစ်နေရသဖြင့် ကာရန်ရှင်းကို ခဏမျှအဆက်အသွယ်ဖြတ်သလို ဖြစ်သွားမိလေသည်။ ထို့ကြောင့် ကာရန်ရှင်းကို သူ ယနေ့မှ ပိုပိုသာသာသတိရနေမိသည်။

သို့သော် တစ်ဖက်လူကတော့ဖြင့် အတော်ကြာသည်အထိ ဖုန်းပြန်မဖြေသဖြင့် မအားလပ်သေးသောကြောင့်ဟုသာ ထင်မှတ်မိလိုက်သည်။ သူကလည်း အလိုက်တသိနှင့် ထပ်မခေါ်တော့ဘဲ အင်တာနက်သာဖွင့်လိုက်တော့သည်။

"သုတ..မင်း အထဲမှာရှိလား"

အခန်းအပြင်ဘက်မှ အမြွှာနှစ်ယောက်၏ အော်ခေါ်သံကို ရုတ်တရက်ကြားလိုက်ရသဖြင့် ဖုန်းကို အိပ်ရာပေါ်သို့ ပစ်တင်ခဲ့ကာ တံခါးဝဆီသို့ ခြေလှမ်းလိုက်ရသည်။

အခန်းတံခါးကို ဆွဲဖွင့်လိုက်ချိန်တွင် အခန်းရှေ့၌ စိုးရိမ်တကြီးဖြစ်နေကြသော အမြွှာနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့၏ပုံစံမှာ ညီသုတတို့အတွက် စိတ်မကောင်းနေဟန်တူ၏။ သို့သော် ဘာမှလည်း ဖြစ်ဖြစ်မြောက်မြောက် မကူညီနိုင်သဖြင့် အားနာနေပုံလည်း ရပေ၏။

"အင်း ဘာဖြစ်လို့လဲ"

"မင်းအဖေနဲ့အမေ ပြန်ရောက်လာပြီ သိလား။ ငါတို့အိမ်မှာ အမေနဲ့စကားပြောနေတယ်။ မင်းစိတ်ပူနေမှာစိုးလို့ ငါတို့က လာပြောတာ"

"အေးပါကွာ ကျေးဇူးပဲ"

ညီသုတက အခန်းတံခါးဝမှ ပြန်လှည့်ကာ အခန်းထဲသို့ ပြန်ဝင်လိုက်သည်။ ထိုအခါ အမြွှာနှစ်ယောက်ကလည်း ညီသုတနောက်သို့ လိုက်လာပြီး အခန်းထဲသို့ဝင်ရောက်လာသည်။

သူတို့သုံးယောက်သားလည်း ကြမ်းပြင်ပေါ်၌ ထိုင်ချလိုက်ပြီး တစ်ယောက်ကို တစ်ယောက် စိတ်မသက်သာစွာ ငေးကြည့်မိကြသည်။ စွမ်းထက်ပိုင်သည် ညီသုတ၏ မရွှင်လန်းသောအသွင်အပြင်ကို ကြည့်ရင်း သက်ပြင်းဖွဖွချမိသည်။

"မင်း အဆင်ပြေရဲ့လား"

"ဒီလိုပါပဲကွာ။ နည်းနည်းတော့..စိတ်ညစ်တာပေါ့"

"ကာရန်ရှင်းကိုရော မင်းကိစ္စတွေပြောပြီးပြီလား"

"ဟင့်အင်း..။ ဒီရက်ပိုင်း ငါသိပ်မအားလို့ သူနဲ့အဆက်အသွယ်မလုပ်နိုင်သေးဘူးလို့ ပြောထားတာပဲရှိတာ"

စွမ်းထက်ပိုင်နှင့် လင်းထက်ပိုင်သည် ထိုစကားကိုကြားသော် တစ်ယောက်မျက်နှာကို တစ်ယောက် အကဲခတ်ဟန်ဖြင့် ပြိုင်တူလှည့်ကြည့်ဖြစ်ကြသည်။ သူတို့၏အမူအရာတွင် မချင့်မရဲဖြစ်နေဟန်များက အပြည့်။

"ဘာဖြစ်တာလဲ"

"ဘာမှမဟုတ်ပါဘူး။ ဒီည ငါတို့နှစ်ယောက် မင်းနဲ့အတူလာအိပ်ပေးမယ်"

"သဘောလေ"

အမြွှာနှစ်ယောက်စလုံးလည်း ညီသုတ၏ဖြစ်အင်ကိုကြည့်ကာ မသနားဘဲ မနေနိုင်။ ထို့ကြောင့် လတ်တလောကမှ သူတို့သိထားသောသတင်းတစ်ခုကို ခဏမျှဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်ကြသည်။

ညဦးပိုင်းတွင် အမြွှာနှစ်ယောက်သည် ဖုန်းတကိုင်ကိုင်နှင့် သောကရောက်နေပုံပေါ်သော ညီသုတကို စကားလမ်းကြောင်းအမျိုးမျိုးလွှဲကာ ပျော်အောင် စနောက်နေသော်လည်း ညီသုတ၏အမူအရာကတော့ ရွှင်လန်းလာခြင်းမရှိချေ။

နာရီဝက်မျှအကြာ၌ မျှော်နေသောလူထံမှ ဖုန်းဝင်လာသောအခါ မတိုင်ခင်က သုန်မှုန်နေသော ညီသုတသည် ချက်ချင်းပြုံးရွှင်သွားလေတော့သည်။ သို့သော် အမြွှာနှစ်ယောက်၏အမူအရာမှာတော့ မနှစ်မြို့ဟန်များ အထင်းသားပေါ်လွင်နေသည်။

"ဟယ်လို ကာရန်"

"အင်း ဘာလုပ်နေလဲ"

ကာရန်ရှင်း၏ အေးတိအေးစက်အသံအနေအထားကြောင့် ညီသုတ၏ ပြုံးရွှင်နေသော မျက်နှာလေးသည်ပင် ပြန်လည်ညှိုးကျသွားရသည်။ သို့သော် စိတ်ထဲတွင် များများစားစားတွေးမနေဘဲ ကာရန်ရှင်းပင်ပန်းနေသောကြောင့်ဟုသာ ကောက်ချက်ချလိုက်သည်။

"စွမ်းထက်တို့နဲ့ စကားပြောနေတာ"

"သြော်..သူတို့ရောက်နေတာလား"

"အင်း ဟုတ်တယ်"

"ဒီအချိန်ကြီး ဘာလို့လာတာလဲ။ တစ်ခုခုဖြစ်လို့လား"

ညီသုတပဲ စိတ်ထင်နေသလားမသိ။ ကာရန်ရှင်း၏အသံသည် အနည်းငယ်တုန်နေသည်ဟု ထင်သည်။

"ဟင့်အင်း.. ဘာမှမဖြစ်ပါဘူး..။ ဒီတိုင်းပျင်းလို့ လာကြတာရယ်"

"အင်း...သုတ..ငါ..."

ထိုအချိန်၌ လင်းထက်ပိုင်၏ဖုန်းသည် ရုတ်တရက်ထမြည်သည်။ ထို့ကြောင့် ကာရန်ရှင်း နောက်ပိုင်းဆက်ပြောလိုက်သော စကားလုံးများကို ညီသုတရှင်းရှင်းလင်းမကြားလိုက်ရချေ။ လင်းထက်ပိုင်ကလည်း သူ့ကိုတောင်းပန်ကြောင်းပြောပြီး ဝင်လာသောဖုန်းကို ကိုင်လိုက်သည်။

"ဆောရီး..။ ခုနကနည်းနည်းအသံဆူသွားလို့ မင်းပြောတာငါမကြားလိုက်ရဘူး။ ဘာပြောလိုက်တာလဲ"

ညီသုတသည် ကာရန်ရှင်းကို နောက်တစ်ခေါက်ထပ်ပြောရန် တောင်းဆိုနေစဥ်မှာပင် မျက်နှာချင်းဆိုင်ရှိ လင်းထက်ပိုင်၏ အထိတ်တလန့်ဖြစ်သွားသော အမူအရာကို မြင်လိုက်ရသဖြင့် သူလည်း မသိစိတ်၏နှိုးဆော်မှုကြောင့် ထိတ်လန့်သွားရသည်။

"သုတ... မင်းအမေ အမောဖောက်သွားလို့တဲ့"

"ဘာ"

ညီသုတ၏အော်သံကြောင့် ဖုန်းတစ်ဖက်ရှိ ကာရန်ရှင်းသည်ပင် လန့်ဖြန့်သွားလေသည်။

"သုတ မင်းအမေဘာဖြစ်တာ.."

သူ၏စကားပင်မဆုံးသေးဘဲ တစ်ဖက်မှဖုန်းချသွားသောကြောင့် ကာရန်ရှင်းခမျာ မရေရာမှုများအကြား သေလောက်အောင် စိုးရိမ်နေမိတော့သည်။ သူသည် လက်ရှိခံစားနေရသော ဖိအားဒဏ်များကြောင့် စိတ်ပင်ပန်းလွန်းလှပြီ။ သူပင်ပန်းသလို ညီသုတလည်းပင်ပန်းနေသည်ဟု ခံစားမိသောအခါတွင်တော့ အရာအားလုံးကို အရှုံးပေးချင်စိတ်ပေါက်လာရလေပြီ။

"ဘာလို့ မင်းရဲ့ပြဿနာတွေကို ငါ့ကို မျှဝေပေးဖို့ စိတ်ကူးမရှိရတာလဲ သုတ..။ ဘာလို့ ငါ့အပေါ်မပွင့်လင်းရတာလဲ။ မင်းသာဆန္ဒရှိရင် မင်းမိဘတွေကိုရော မင်းကိုရော ငါ့အမေမမြင်နိုင်တဲ့နေရာဆီကိုခေါ်သွားပြီး ဝှက်ထားပေးလို့ရတယ်လေကွာ..။ ဒါကမင်းမာနကို ထိပါးသလိုဖြစ်နေမလားမသိပေမယ့် ငါလုပ်ပေးချင်တယ်လေ။ ဘာလို့ ငါ့ကိုအားမကိုးချင်ရတာလဲ"

ခံစားချက်တစ်ပိုင်းတစ်စစီတိုင်းတွင် နာကျင်မှုများ စွန်းထင်းသည်။ ရွေးချယ်စရာနောက်တစ်လမ်းရှိပါသော်လည်း မိမိချစ်ရသူကသာ ထိုလမ်းကို မလျှောက်လိုလျှင် သူက ဘာများတတ်နိုင်ပါ့မလဲလေ။

တိတ်တိတ်ရှိုက်ငိုခြင်းဟာ ပျော့ညံ့ခြင်းကို ကိုယ်စားပြုပါလျှင် သူ၏ပျော့ညံ့မှုတိုင်းဟာ ညီသုတကြောင့်သာ အမြစ်တွယ်၏။

အခြေအနေများသည် မတိုးသာမဆုတ်သာ ဖြစ်နေလေပြီ။ တစ်စုံတစ်ခုကို ရေရေရာရာရွေးချယ်ရတော့မည်ဖြစ်ရာ သူပျော်ရွှင်ဖို့ ညီသုတ၏ပျော်ရွှင်မှုများကို စတေးပစ်ရန်လည်း မဝံ့ရဲပေ။

"ငါကအဆုံးအထိ သတ္တိမရှိတဲ့သူပဲ သုတ...။ ဒီဇာတ်လမ်းမှာ ငါ လူဆိုးလုပ်ရလိမ့်မယ်ထင်တယ်။ ငါ့ကိုခွင့်လွှတ်ပါကွာ"

ပျက်သုဥ်းသွားပြီဟု ထင်ခဲ့သည့် မျှော်လင့်ချက်တိုင်းသည် ဤလူသားကြောင့် တစ်ဖန်လင်းလက်ခဲ့ရသည်။ ပစ္စုပ္ပန်တွင် မွေ့ပျော်တတ်လာပြီး ဒုက္ခများတွင် လဲမကျချင်တော့ပေ။ အပြုံးများဆိတ်သုဥ်းခဲ့သည့်နေ့ရက်များမှ သူ့ကိုဆွဲထုတ်ကာ ဝေဝေဆာဆာပြုံးတတ်လာအောင်လည်း ထိုသူကသာ ကြံဆောင်ခဲ့သည်။

ဘဝ၏ပျော်ရွှင်မှုအရင်းအမြစ်လေးနှင့် သူ တွေ့ဆုံခွင့်ရခဲ့သည်။ ထိုပျော်ရွှင်ရာလေးကို ရေလောင်း၍ပေါင်းသင်ကာ ဘဝထဲ၌ ထာဝရပျိုးထောင်ထားချင်သော်လည်း သင့်တော်မှုရှိမနေခဲ့၍ ထိုပျိုးပင်လေးလည်း သူ့လက်ချက်နှင့်ပင် ညှိုးနွမ်းရလေပြီ။

ဘဝထဲမှာ အလှပဆုံးသာ ရှင်သန်စေချင်ခဲ့တာပါ။
အဆိပ်အတောက်ဖြစ်စေမယ်မှန်းသာ ကြိုသိရင်
ဒီလိုချဥ်းကပ်မှုမျိုးတွေ ဘယ်စတင်ခဲ့မိပါ့မလဲလေ...။

******************************************************

A/N: Dramaချိုးချင်ပေမယ့် Dramaလည်း အရမ်းမပိုင်တာမို့ အမှားပါသွားရင် ခွင့်လွှတ်😔✌️

°°°°°°°°°°°°°°°°°°°
ZawGyi Version

ႏုံးခ်ိေနေသာခႏၶာကိုယ္ဟာ အခန္းထဲကို ဝင္ၿပီး ကုတင္ေပၚလွဲခ်လိုက္ရန္ပင္ ေလးလံေနေသာေၾကာင့္ ညီသုတလည္း အိပ္ရာေပၚသို႔ ေျခပစ္လက္ပစ္လဲက်သြားေလသည္။ အိပ္ရာခင္းေပၚ၌ ေျခကားယားလက္ကားယားျဖင့္ လွဲေနမိခိုက္ မ်က္ႏွာၾကက္သို႔ေငးၾကည့္ကာ အဆင္မေျပမႈမ်ားကို တစ္သီတစ္တန္းျပန္လည္ေတြးေတာမိသည္။

လူပင္ပန္းသည္ထက္ စိတ္ပင္ပန္းမႈက ပိုသာေလေသာေၾကာင့္ သူ၏အဆင္မေျပမႈမ်ားသည္ တိုးပြါးသထက္ တိုးပြါးလာရသည္။ စိတ္၏ဖိစီးမႈေၾကာင့္ ခႏၶာကိုယ္သည္လည္း အနည္းငယ္မွ်ေသာ ပင္ပန္းမႈကိုပင္ ခံႏိုင္ရည္မ႐ွိေတာ့ေခ်။

"ပင္ပန္းလိုက္တာ.."

မိဘႏွစ္ပါးစလုံးသည္ သူတို႔၏အလုပ္ကိုယ္စီ၌ တစ္မ်ိဳးစီအသေရဖ်က္ခံထားရေသာေၾကာင့္ သူလည္း လုံးဝစိတ္မေပ်ာ္ႏိုင္။ တစ္ေနကုန္ အိမ္မကပ္ေသာ မိဘမ်ားကိုလိုက္႐ွာရင္း တစ္ေယာက္တည္း ေယာင္ခ်ာခ်ာျဖစ္ရသည္။ ယခုလည္း မိုးခ်ဳပ္သည္အထိပင္ အိမ္ျပန္မလာေသးေသာ သူ၏အေဖႏွင့္အေမသည္ သားျဖစ္သူကိုပါ ေမ့ေလ်ာ့ေနသည့္အလား။

အလြန္တရာမြန္းၾကပ္လာခ်ိန္တြင္ ပထမဦးစြာ သတိရမိသူက ကာရန္႐ွင္းပင္။ ထို႔ေၾကာင့္ ဖုန္းကိုဖြင့္ကာ ေခၚဆိုမႈအႀကိမ္ေရအမ်ားဆုံးျဖစ္သည့္ ထိုသူအား ဖုန္းေခၚလိုက္မိသည္။

ကာရန္႐ွင္းႏွင့္ အဆက္အသြယ္မလုပ္ရသည္မွာလည္း သုံးရက္မွ်႐ွိေလၿပီ။ သူ႕မိဘမ်ား၏ကိစၥျဖစ္ကတည္းက သူ႕မွာ မအားလပ္ႏိုင္ျဖစ္ေနရသျဖင့္ ကာရန္႐ွင္းကို ခဏမွ်အဆက္အသြယ္ျဖတ္သလို ျဖစ္သြားမိေလသည္။ ထို႔ေၾကာင့္ ကာရန္႐ွင္းကို သူ ယေန႔မွ ပိုပိုသာသာသတိရေနမိသည္။

သို႔ေသာ္ တစ္ဖက္လူကေတာ့ျဖင့္ အေတာ္ၾကာသည္အထိ ဖုန္းျပန္မေျဖသျဖင့္ မအားလပ္ေသးေသာေၾကာင့္ဟုသာ ထင္မွတ္မိလိုက္သည္။ သူကလည္း အလိုက္တသိႏွင့္ ထပ္မေခၚေတာ့ဘဲ အင္တာနက္သာဖြင့္လိုက္ေတာ့သည္။

"သုတ..မင္း အထဲမွာ႐ွိလား"

အခန္းအျပင္ဘက္မွ အႁမႊာႏွစ္ေယာက္၏ ေအာ္ေခၚသံကို ႐ုတ္တရက္ၾကားလိုက္ရသျဖင့္ ဖုန္းကို အိပ္ရာေပၚသို႔ ပစ္တင္ခဲ့ကာ တံခါးဝဆီသို႔ ေျခလွမ္းလိုက္ရသည္။

အခန္းတံခါးကို ဆြဲဖြင့္လိုက္ခ်ိန္တြင္ အခန္းေ႐ွ႕၌ စိုးရိမ္တႀကီးျဖစ္ေနၾကေသာ အႁမႊာႏွစ္ေယာက္ကို ေတြ႕လိုက္ရသည္။ သူတို႔၏ပုံစံမွာ ညီသုတတို႔အတြက္ စိတ္မေကာင္းေနဟန္တူ၏။ သို႔ေသာ္ ဘာမွလည္း ျဖစ္ျဖစ္ေျမာက္ေျမာက္ မကူညီႏိုင္သျဖင့္ အားနာေနပုံလည္း ရေပ၏။

"အင္း ဘာျဖစ္လို႔လဲ"

"မင္းအေဖနဲ႔အေမ ျပန္ေရာက္လာၿပီ သိလား။ ငါတို႔အိမ္မွာ အေမနဲ႔စကားေျပာေနတယ္။ မင္းစိတ္ပူေနမွာစိုးလို႔ ငါတို႔က လာေျပာတာ"

"ေအးပါကြာ ေက်းဇူးပဲ"

ညီသုတက အခန္းတံခါးဝမွ ျပန္လွည့္ကာ အခန္းထဲသို႔ ျပန္ဝင္လိုက္သည္။ ထိုအခါ အႁမႊာႏွစ္ေယာက္ကလည္း ညီသုတေနာက္သို႔ လိုက္လာၿပီး အခန္းထဲသို႔ဝင္ေရာက္လာသည္။

သူတို႔သုံးေယာက္သားလည္း ၾကမ္းျပင္ေပၚ၌ ထိုင္ခ်လိုက္ၿပီး တစ္ေယာက္ကို တစ္ေယာက္ စိတ္မသက္သာစြာ ေငးၾကည့္မိၾကသည္။ စြမ္းထက္ပိုင္သည္ ညီသုတ၏ မ႐ႊင္လန္းေသာအသြင္အျပင္ကို ၾကည့္ရင္း သက္ျပင္းဖြဖြခ်မိသည္။

"မင္း အဆင္ေျပရဲ႕လား"

"ဒီလိုပါပဲကြာ။ နည္းနည္းေတာ့..စိတ္ညစ္တာေပါ့"

"ကာရန္႐ွင္းကိုေရာ မင္းကိစၥေတြေျပာၿပီးၿပီလား"

"ဟင့္အင္း..။ ဒီရက္ပိုင္း ငါသိပ္မအားလို႔ သူနဲ႔အဆက္အသြယ္မလုပ္ႏိုင္ေသးဘူးလို႔ ေျပာထားတာပဲ႐ွိတာ"

စြမ္းထက္ပိုင္ႏွင့္ လင္းထက္ပိုင္သည္ ထိုစကားကိုၾကားေသာ္ တစ္ေယာက္မ်က္ႏွာကို တစ္ေယာက္ အကဲခတ္ဟန္ျဖင့္ ၿပိဳင္တူလွည့္ၾကည့္ျဖစ္ၾကသည္။ သူတို႔၏အမူအရာတြင္ မခ်င့္မရဲျဖစ္ေနဟန္မ်ားက အျပည့္။

"ဘာျဖစ္တာလဲ"

"ဘာမွမဟုတ္ပါဘူး။ ဒီည ငါတို႔ႏွစ္ေယာက္ မင္းနဲ႔အတူလာအိပ္ေပးမယ္"

"သေဘာေလ"

အႁမႊာႏွစ္ေယာက္စလုံးလည္း ညီသုတ၏ျဖစ္အင္ကိုၾကည့္ကာ မသနားဘဲ မေနႏိုင္။ ထို႔ေၾကာင့္ လတ္တေလာကမွ သူတို႔သိထားေသာသတင္းတစ္ခုကို ခဏမွ်ဖုံးကြယ္ထားရန္ ဆုံးျဖတ္လိုက္ၾကသည္။

ညဦးပိုင္းတြင္ အႁမႊာႏွစ္ေယာက္သည္ ဖုန္းတကိုင္ကိုင္ႏွင့္ ေသာကေရာက္ေနပုံေပၚေသာ ညီသုတကို စကားလမ္းေၾကာင္းအမ်ိဳးမ်ိဳးလႊဲကာ ေပ်ာ္ေအာင္ စေနာက္ေနေသာ္လည္း ညီသုတ၏အမူအရာကေတာ့ ႐ႊင္လန္းလာျခင္းမ႐ွိေခ်။

နာရီဝက္မွ်အၾကာ၌ ေမွ်ာ္ေနေသာလူထံမွ ဖုန္းဝင္လာေသာအခါ မတိုင္ခင္က သုန္မႈန္ေနေသာ ညီသုတသည္ ခ်က္ခ်င္းျပဳံး႐ႊင္သြားေလေတာ့သည္။ သို႔ေသာ္ အႁမႊာႏွစ္ေယာက္၏အမူအရာမွာေတာ့ မႏွစ္ၿမိဳ႕ဟန္မ်ား အထင္းသားေပၚလြင္ေနသည္။

"ဟယ္လို ကာရန္"

"အင္း ဘာလုပ္ေနလဲ"

ကာရန္႐ွင္း၏ ေအးတိေအးစက္အသံအေနအထားေၾကာင့္ ညီသုတ၏ ျပဳံး႐ႊင္ေနေသာ မ်က္ႏွာေလးသည္ပင္ ျပန္လည္ညိႇဳးက်သြားရသည္။ သို႔ေသာ္ စိတ္ထဲတြင္ မ်ားမ်ားစားစားေတြးမေနဘဲ ကာရန္႐ွင္းပင္ပန္းေနေသာေၾကာင့္ဟုသာ ေကာက္ခ်က္ခ်လိုက္သည္။

"စြမ္းထက္တို႔နဲ႔ စကားေျပာေနတာ"

"ေၾသာ္..သူတို႔ေရာက္ေနတာလား"

"အင္း ဟုတ္တယ္"

"ဒီအခ်ိန္ႀကီး ဘာလို႔လာတာလဲ။ တစ္ခုခုျဖစ္လို႔လား"

ညီသုတပဲ စိတ္ထင္ေနသလားမသိ။ ကာရန္႐ွင္း၏အသံသည္ အနည္းငယ္တုန္ေနသည္ဟု ထင္သည္။

"ဟင့္အင္း.. ဘာမွမျဖစ္ပါဘူး..။ ဒီတိုင္းပ်င္းလို႔ လာၾကတာရယ္"

"အင္း...သုတ..ငါ..."

ထိုအခ်ိန္၌ လင္းထက္ပိုင္၏ဖုန္းသည္ ႐ုတ္တရက္ထျမည္သည္။ ထို႔ေၾကာင့္ ကာရန္႐ွင္း ေနာက္ပိုင္းဆက္ေျပာလိုက္ေသာ စကားလုံးမ်ားကို ညီသုတ႐ွင္း႐ွင္းလင္းမၾကားလိုက္ရေခ်။ လင္းထက္ပိုင္ကလည္း သူ႕ကိုေတာင္းပန္ေၾကာင္းေျပာၿပီး ဝင္လာေသာဖုန္းကို ကိုင္လိုက္သည္။

"ေဆာရီး..။ ခုနကနည္းနည္းအသံဆူသြားလို႔ မင္းေျပာတာငါမၾကားလိုက္ရဘူး။ ဘာေျပာလိုက္တာလဲ"

ညီသုတသည္ ကာရန္႐ွင္းကို ေနာက္တစ္ေခါက္ထပ္ေျပာရန္ ေတာင္းဆိုေနစဥ္မွာပင္ မ်က္ႏွာခ်င္းဆိုင္႐ွိ လင္းထက္ပိုင္၏ အထိတ္တလန္႔ျဖစ္သြားေသာ အမူအရာကို ျမင္လိုက္ရသျဖင့္ သူလည္း မသိစိတ္၏ႏိႈးေဆာ္မႈေၾကာင့္ ထိတ္လန္႔သြားရသည္။

"သုတ... မင္းအေမ အေမာေဖာက္သြားလို႔တဲ့"

"ဘာ"

ညီသုတ၏ေအာ္သံေၾကာင့္ ဖုန္းတစ္ဖက္႐ွိ ကာရန္႐ွင္းသည္ပင္ လန္႔ျဖန္႔သြားေလသည္။

"သုတ မင္းအေမဘာျဖစ္တာ.."

သူ၏စကားပင္မဆုံးေသးဘဲ တစ္ဖက္မွဖုန္းခ်သြားေသာေၾကာင့္ ကာရန္႐ွင္းခမ်ာ မေရရာမႈမ်ားအၾကား ေသေလာက္ေအာင္ စိုးရိမ္ေနမိေတာ့သည္။ သူသည္ လက္႐ွိခံစားေနရေသာ ဖိအားဒဏ္မ်ားေၾကာင့္ စိတ္ပင္ပန္းလြန္းလွၿပီ။ သူပင္ပန္းသလို ညီသုတလည္းပင္ပန္းေနသည္ဟု ခံစားမိေသာအခါတြင္ေတာ့ အရာအားလုံးကို အ႐ႈံးေပးခ်င္စိတ္ေပါက္လာရေလၿပီ။

"ဘာလို႔ မင္းရဲ႕ျပႆနာေတြကို ငါ့ကို မွ်ေဝေပးဖို႔ စိတ္ကူးမ႐ွိရတာလဲ သုတ..။ ဘာလို႔ ငါ့အေပၚမပြင့္လင္းရတာလဲ။ မင္းသာဆႏၵ႐ွိရင္ မင္းမိဘေတြကိုေရာ မင္းကိုေရာ ငါ့အေမမျမင္ႏိုင္တဲ့ေနရာဆီကိုေခၚသြားၿပီး ဝွက္ထားေပးလို႔ရတယ္ေလကြာ..။ ဒါကမင္းမာနကို ထိပါးသလိုျဖစ္ေနမလားမသိေပမယ့္ ငါလုပ္ေပးခ်င္တယ္ေလ။ ဘာလို႔ ငါ့ကိုအားမကိုးခ်င္ရတာလဲ"

ခံစားခ်က္တစ္ပိုင္းတစ္စစီတိုင္းတြင္ နာက်င္မႈမ်ား စြန္းထင္းသည္။ ေ႐ြးခ်ယ္စရာေနာက္တစ္လမ္း႐ွိပါေသာ္လည္း မိမိခ်စ္ရသူကသာ ထိုလမ္းကို မေလွ်ာက္လိုလွ်င္ သူက ဘာမ်ားတတ္ႏိုင္ပါ့မလဲေလ။

တိတ္တိတ္႐ိႈက္ငိုျခင္းဟာ ေပ်ာ့ညံ့ျခင္းကို ကိုယ္စားျပဳပါလွ်င္ သူ၏ေပ်ာ့ညံ့မႈတိုင္းဟာ ညီသုတေၾကာင့္သာ အျမစ္တြယ္၏။

အေျခအေနမ်ားသည္ မတိုးသာမဆုတ္သာ ျဖစ္ေနေလၿပီ။ တစ္စုံတစ္ခုကို ေရေရရာရာေ႐ြးခ်ယ္ရေတာ့မည္ျဖစ္ရာ သူေပ်ာ္႐ႊင္ဖို႔ ညီသုတ၏ေပ်ာ္႐ႊင္မႈမ်ားကို စေတးပစ္ရန္လည္း မဝံ့ရဲေပ။

"ငါကအဆုံးအထိ သတၱိမ႐ွိတဲ့သူပဲ သုတ...။ ဒီဇာတ္လမ္းမွာ ငါ လူဆိုးလုပ္ရလိမ့္မယ္ထင္တယ္။ ငါ့ကိုခြင့္လႊတ္ပါကြာ"

ပ်က္သုဥ္းသြားၿပီဟု ထင္ခဲ့သည့္ ေမွ်ာ္လင့္ခ်က္တိုင္းသည္ ဤလူသားေၾကာင့္ တစ္ဖန္လင္းလက္ခဲ့ရသည္။ ပစၥဳပၸန္တြင္ ေမြ႕ေပ်ာ္တတ္လာၿပီး ဒုကၡမ်ားတြင္ လဲမက်ခ်င္ေတာ့ေပ။ အျပဳံးမ်ားဆိတ္သုဥ္းခဲ့သည့္ေန႔ရက္မ်ားမွ သူ႕ကိုဆြဲထုတ္ကာ ေဝေဝဆာဆာျပဳံးတတ္လာေအာင္လည္း ထိုသူကသာ ၾကံေဆာင္ခဲ့သည္။

ဘဝ၏ေပ်ာ္႐ႊင္မႈအရင္းအျမစ္ေလးႏွင့္ သူ ေတြ႕ဆုံခြင့္ရခဲ့သည္။ ထိုေပ်ာ္႐ႊင္ရာေလးကို ေရေလာင္း၍ေပါင္းသင္ကာ ဘဝထဲ၌ ထာဝရပ်ိဳးေထာင္ထားခ်င္ေသာ္လည္း သင့္ေတာ္မႈ႐ွိမေနခဲ့၍ ထိုပ်ိဳးပင္ေလးလည္း သူ႕လက္ခ်က္ႏွင့္ပင္ ညိႇဳးႏြမ္းရေလၿပီ။

ဘဝထဲမွာ အလွပဆုံးသာ ႐ွင္သန္ေစခ်င္ခဲ့တာပါ။
အဆိပ္အေတာက္ျဖစ္ေစမယ္မွန္းသာ ႀကိဳသိရင္
ဒီလိုခ်ဥ္းကပ္မႈမ်ိဳးေတြ ဘယ္စတင္ခဲ့မိပါ့မလဲေလ...။

******************************************************

A/N: Dramaခ်ိဳးခ်င္ေပမယ့္ Dramaလည္း အရမ္းမပိုင္တာမို႔ အမွားပါသြားရင္ ခြင့္လႊတ္😔✌️

°°°°°°°°°°°°°°°°°°°

Continue Reading

You'll Also Like

321K 14.7K 71
ဟင်္သာ အောက်ချင်းကို ပုံပမာထား ဒေစီပန်းလေးတွေရဲ့ သစ္စာစကားက တစ်သက် တစ်ယောက် အချစ် တစ်ဘဝတည်းတဲ့လား.... ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ခု❤️ Uni & Za...
327K 18K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
260K 41.4K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
440K 16.4K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...