Mr.Silent (Completed)

By D_Yayy_Nine

185K 15.1K 1.2K

သူ့တစ်ယောက်တည်းကို ကွက်ပြီး သစ်စိမ်းချိုး ချိုးနေတဲ့အချေကိုယ်တော်လေးကိုမှ ချစ်မိသွားတဲ့ညီသုတနဲ့.. ရှောင်ပြေးခ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part- 14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50 (Final Part)
Extra-1
Extra-2

Part-24

2.6K 243 18
By D_Yayy_Nine

Unicode Version

ဆယ်တန်းကျောင်းသားများ အကြောက်ရဆုံးနေ့တစ်ဖြစ်လည်း အမျှော်လင့်ရဆုံးနေ့သို့ ရောက်လာခဲ့လေပြီ။ လေထုသည်ပင် တင်းကြပ်ဖွယ်ကောင်းနေပြီး ကျောင်းသားမိဘများလည်း ဖိအားများနေသည့်အနေအထားပင်။

တာဝန်ကျဆရာဆရာမများသည်လည်း ဟိုဟိုသည်သည်သွားလာရင်း အလုပ်ရှုပ်နေကြသလို ကျောင်းသားများသည်လည်း ဖြေဆိုချိန်မတိုင်မီ၌ ဟိုစုစု သည်စုစုလုပ်ကာ စာမေးပွဲမေးခွန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို တိုင်ပင်ဆွေးနွေးနေကြသည်။

ညီသုတို့သည်လည်း ထိုနည်းတူပင်။ အတန်းဖော်နှစ်ယောက်နှင့်အတူ ညီသုတ၊စွမ်းထက်ပိုင်နှင့် လင်းထက်ပိုင်တို့သည် အုပ်စုဖွဲ့၍ထိုင်ကာ ​အခန်းထဲသို့ မဝင်ရသေးသည့်အချိန်အပိုင်းအခြားလေး၌ စာအကြောင်းကို ပြောဆိုနေကြသည်။

"ငါသိသလောက်ကတော့ မြန်မာစာကို ဂုဏ်ထူးထွက်ချင်ရင် စာစီစာကုံးကို သေချာရွေးတတ်မှဖြစ်မယ်။ သဘောတရားအရတော့ စာစီစာကုံးသုံးပုဒ်ပေးထားရင် အဲ့ဒီသုံးပုဒ်ကို အမျိုးအစားခွဲကြည့်လို့ရတယ်။ ပထမက မိမိအကြောင်း။ ဥပမာပြောရရင် အလေးစားရဆုံးပုဂ္ဂိုလ်တို့ အမှတ်တရရှိခဲ့သောနေ့တစ်နေ့တို့လို စာစီစာကုံးမျိုး။ အဲ့ဒါက ပေးထားသမျှထဲမှာ အလွယ်ဆုံးခေါင်းစဥ်ဖြစ်မှာပဲ"

ညီသုတသည် ကာရန်ရှင်းထံမှတစ်ဆင့် သိခဲ့ရသောအကြောင်းအရာများကို သူငယ်ချင်းများအား ဖလှယ်နေ၏။ သူ၏သူငယ်ချင်းများကလည်း စိတ်ဝင်တစားနားထောင်နေသဖြင့် ပြောပြရသည်ကို ပိုတက်ကြွလာသည်။

"ဒုတိယတစ်ခုက လရာသီအကြောင်းမဟုတ်ရင် ဆောင်ပုဒ်တွေပဲ။ ဥပမာ တန်ဆောင်တိုင်ညတစ်ညတို့ စည်းလုံးခြင်းသည်အင်အားတို့လိုခေါင်းစဥ်တွေပေါ့။ အဲ့ဒါကတော့ အလယ်အလတ်ပဲ။ တတိယတစ်ခုက နိုင်ငံနဲ့ချီပြီးအရေးကြီးတာမျိုး။ ဥပမာ လူငယ်နှင့်ပညာရေးတို့ လူငယ်နှင့်အကျင့်စာရိတ္တတို့လိုဟာတွေပေါ့ကွာ။ မြန်မာစာကို ဂုဏ်ထူးရကို ရချင်တာဆိုရင် တတိယခေါင်းစဥ်မျိုးကို ရွေးသင့်တယ်"

သူ၏စကားအဆုံးတွင် နားထောင်နေသူအားလုံးမှာ ခေါင်းတညိတ်ညိတ်လုပ်နေကြသည်။ အမြွှာနှစ်ယောက်ကမူ အလိုမကျဟန်များ ပြည့်နှက်နေလျက် ညီသုတကို ခွန်းတုံ့ပြန်လာကြသည်။

"မြန်မာစာဂုဏ်ထူးရဖို့က တကယ်မလွယ်တာပဲ"

"အင်း"

"ဒါနဲ့ မင်းကဒါတွေဘယ်လိုသိတာလဲ"

"ကာရန်ပြောပြတာလေ"

အမြွှာနှစ်ယောက်က 'ဒါပါပဲကွာ'ဟူသောရုပ်မျိုးလုပ်ပြ၍ ညီသုတကို ပြောင်သည်။ ညီသုတလည်း သူတို့နှစ်ယောက်ကို အဖတ်လုပ်မနေတော့ဘဲ ယခုလေးတင်မှ ကျောင်းထဲသို့ဝင်လာသော ကာရန်ရှင်းကို လှမ်းကြည့်မိသည်။ သူတို့သည် ဇီဝဗေဒတွဲများဖြစ်သည်မို့ ကိုယ့်ကျောင်း၌သာ ပြန်ဖြေရပြီး ဘောဂဗေဒသမားများက အခြားကျောင်းကို သွားရောက်ဖြေဆိုရလေသည်။

ကာရန်ရှင်းရောက်လာသောအခါ သူတို့အနားတွင် ပို၍လူအုံလာသည်။ ထိပ်တန်းကျောင်းသားကို အားကိုးတကြီးမေးခွန်းတချို့လာမေးချင်သူများ ဤမျှများပြားနိုင်မှန်း ညီသုတထင်မထားခဲ့ချေ။ သို့သော် ကာရန်ရှင်းကမူ အာရုံနောက်သည်ဟု တိတ်တိတ်ရေရွတ်နေသဖြင့် သူတို့သိချင်သမျှကို ညီသုတကပင် အစားဝင်မေးပေးရသေးသည်။

ကာရန်ရှင်းဆိုသည်မှာလည်း ညီသုတကလွဲ၊ ဖွဲနှင့်ဆန်ကွဲဖြစ်နေသောလူဖြစ်သည်။ ညီသုတမေးသည့်မေးခွန်းကိုသာ စိတ်ပါလက်ပါဖြေပေးပြီး အခြားလူများကိုမူ လုံးလုံးလျစ်လျူရှုထားလေသည်။ အထာကိုပေါက်သွားသောလူများကလည်း ကာရန်ရှင်းဆီမှ အကြံပေးချက်ကို လိုချင်လျှင် ညီသုတကို ကပ်ဖားရမည်ကို သိသွားကြသည်။

သူတို့အနေနှင့် ယခင်ကလည်း သတိထားမိသော်လည်း ယနေ့မှသေချာသွားသည့်အရာမှာ ညီသုတသည် ကာရန်ရှင်း၏အားနည်းချက်ဖြစ်သည်ကိုပင်။

မြန်မာစာဖြေဆိုရမည့်နေ့က ဤသို့ ဝရုန်းသုန်းကားနှင့်သာ ပြီးဆုံးခဲ့သည်။ အင်္ဂလိပ်ဖြေရမည့်နေ့၌ ညီသုတသည် ကာရန်ရှင်းနှင့်အပြိုင် အေးဆေးတည်ငြိမ်နေခဲ့သည်။ ညီသုတ၏အင်္ဂလိပ်စာစွမ်းရည်သည်လည်း နာမည်ကြီးလေရာ စာမေးပွဲဖြေခါနီးတွင် သိချင်သမျှလာမေးကြသောလူအုပ်ကြီးသည် ညီသုတအနား၌ ပလူပျံနေ၏။ ထိုအနေအထားကို မကျေနပ်သူကတော့ ကာရန်ရှင်း။ သူသည် ညီသုတနှင့် စကားကောင်းကောင်းပင် မပြောရဘဲ နှောင့်ယှက်ခံရသည့်အတွက် မျက်နှာမသာမယာဖြစ်နေခဲ့ရသည်။

ညီသုတကို အကြပ်ရိုက်အောင်လုပ်ရန် စတင်သည့်ဘာသာမှာ သင်္ချာဘာသာဖြစ်၏။ သင်္ချာဖြေရမည့်နေ့၌ ညီသုတ၏မျက်နှာသည် ပုံမှန်ထက်ပို၍ဖြူဖျော့နေခဲ့သည်။ သူ၏အသွေးအရောင်ကိုကြည့်၍ ကာရန်ရှင်းပင် စိတ်ပူမိရသေးသည်။ ကာရန်ရှင်းသည် စာမေးပွဲခန်းထဲသို့ မဝင်ခင်အထိ ညီသုတကို အရိပ်တကြည့်ကြည့်လုပ်ကာ စောင့်ရှောက်ပေးခဲ့သည်။

စာမေးပွဲခန်းထဲသို့ ဝင်ခါနီးတွင်လည်း ကာရန်ရှင်းက ညီသုတအတွက် အားဖြည့်အချိုရည်တစ်ဘူး ထည့်ပေးလိုက်သေးသည်။

"ဖြေရင်းနဲ့ သောက်ဖြစ်အောင်သောက်နော်"

ကာရန်ရှင်းသည် ညီသုတ၏နဖူးလေးကို တစမ်းစမ်းနှင့် ပြောလေရာ ညီသုတကလည်း ဂရုစိုက်ပေးရသူ စိတ်ကျေနပ်အောင်  ခေါင်းသာညိတ်ပြနေရသည်။

စာမေးပွဲခန်းထဲသို့ ရောက်သောအခါတွင်လည်း ရှေ့ဆုံးနားမှ ညီသုတကို အနောက်ခုံနားရှိ ကာရန်ရှင်းက စာမေးပွဲဖြေနေရင်း အရိပ်တကြည့်ကြည့်လုပ်ကာ အခြေအနေကို အကဲခတ်နေသည်။

ကာရန်ရှင်း၏ ထိုသို့သောတိတ်တဆိတ်ဂရုစိုက်မှုကြောင့် ထိုနေ့က ညီသုတသည် စာမေးပွဲခန်းထဲ၌ ထင်ထားသည်ထက် ပို၍အဆင်ပြေချောမွေ့ခဲ့သည်။ ဓာတုဗေဒဖြေသည့်နေ့တွင် ကာရန်ရှင်းသည် စာမေးပွဲမဖြေခင် တစ်နာရီအလိုကတည်းက ကျောင်းသို့ရောက်လာပြီး ကျောင်းရှေ့ရှိ အုတ်ဘောင်လေးတွင် ထိုင်၍ ညီသုတမှတ်ရလွယ်စေမည့် မှတ်စုတိုများကို သင်ပြပေးနေသည်။

ရှင်းလင်းလွယ်ကူသော ကာရန်ရှင်း၏နည်းလမ်းများကြောင့် အခြားကျောင်းသားများလည်း သူတို့အနားသို့ ဝိုင်းအုံလာကြသည်။

"ဒါက အသေမှတ်သွားလို့မဖြစ်ဘူး။ ဒါပေမယ့် မေးခွန်းကိုကြည့်ပြီး နည်းည်းအပြောင်းအလဲလေး လုပ်လိုက်ရင်ဖြစ်ပါတယ်။ မူရင်းနဲ့သိပ်မကွာပါဘူး။ နားလည်လား။ နားမလည်ရင်ပြန်ရှင်းပြမယ်။ နားလည်ရင် ရှေ့ဆက်မယ်"

ကာရန်ရှင်း၏မေးခွန်းအဆုံး၌ နံဘေးရှိလူအုပ်ကြီးမှာ နားလည်ရန်ခက်ခဲကြောင်း တစ်ယောက်တစ်ပေါက် ရေရွတ်ကြသော်လည်း ညီသုကတော့ဖြင့် သေချာမှတ်သားလိုက်နိုင်သောကြောင့် အဆင်ပြေသွားကြောင်း ပြန်ပြောသည်။

"အင်း နားလည်တယ်"

"ဒါဆို ငါဆက်ရှင်းပြမယ်"

နံဘေးရှိ လူအုပ်ကြီး : ငါတို့ကဘယ်သူတွေလဲ။ ဒီနေရာမှာ ဘာလုပ်နေကြတာလဲ

ထိုနေ့ကလည်း ညီသုတသည် ဂုဏ်ထူးမှတ်အထိ မမှန်းနိုင်လျှင်တောင် ဂုဏ်ထူးမှတ်နီးပါး ဖြေဆိုနိုင်ခဲ့သည်။ ကာရန်ရှင်းက ထိုအကြောင်းကိုကြားသည်နှင့် ညီသုတအား လက်မတထောင်ထောင်နှင့် ချီးကျုးနေလေရဲ့။

ကျန်ဘာသာများသည် ညီသုတအဖို့ အလွန်ခက်ခဲသည့်ဘာသာများ မဟုတ်သည့်အတွက် အလွန်ဖိအားမများတော့ပေ။ သို့သော် စာမေးပွဲဖိအားကြောင့် အမြွှာနှစ်ယောက်ဖြစ်သလို ညီသုတလည်း ခေါင်းမူးခေါင်းကိုက်ဝေဒနာကြောင့် စိတ်ရှုပ်ထွေးနေခဲ့ရသည်။

"ရော့..ဖိအားများနေရင် အချိုစားပေးရတယ်ဆို"

ကာရန်ရှင်းသည် ညီသုတပြောဖူးသည့်စကားအတိုင်း ထပ်ပြောကာ ချိုချဥ်ငါးလုံးခန့်ကို ညီသုတ၏လက်ထဲသို့ ထည့်ပေးလာ၏။ ညီသုတသည် လက်ထဲသို့ရောက်လာသော ချိုချဥ်များကို တအံ့တသြကြည့်မိသည်။ ဤချိုချဥ်များသည် သူဆောင်ထားနေကျချိုချဥ်လုံးများ ဖြစ်သည်လေ။

"ဒါ ငါစားနေကျဟာတွေပဲ"

"အင်း ဟုတ်တယ်"

"မင်းလည်း ဆောင်ထားတာလား"

"အာ..ဟုတ်တယ်။ ဟိုတစ်ခါ မင်းကျွေးတုန်းက စားကြည့်တာ အရသာကြိုက်သွားလို့"

ညီသုတသည် ကာရန်ရှင်းကို အပြုံးမျက်နှာနှင့် ငေးကြည့်နေသဖြင့် ကာရန်ရှင်းလည်း မလုံမလဲနှင့် မျက်နှာလွှဲလိုက်သည်။  ဤသည်ကိုမြင်သော် ညီသုတ၏နှလုံးသားလေးသည်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ ချောမောလွန်းသည့် ထိုလူသား၏ဆွဲငင်မှုကြောင့် သူ၏ဖိအားများသည် မြူမှုန်မျှပင် မကျန်ဘဲ ကင်းစင်သွားခဲ့ရသည်။

"အဟမ်း.. သွားရအောင်။ စာမေးပွဲအခန်း ဖွင့်ပြီ"

နေရခက်နေသည့် ကာရန်ရှင်း၏ဟန်ပန်သည် မမြင်စဖူး အမြင်ထူးနေသည်။ ထိုပုံစံမျိုးသည် မြင်ရခဲလှသည်ဖြစ်ရာ ညီသုတမှာ တစ်ချက်မျှပင် အကြည့်မလွှဲနိုင်ခဲ့ချေ။

ထိုနေ့က ရှက်နေသောကောင်လေးတစ်ယောက်ကို တမင်တကာလိုက်စနေခဲ့သော လူဆိုးကောင်လေးတစ်ယောက် ရှိခဲ့လေရဲ့။

နေပျော်မှုရဲ့ဇစ်မြစ်တွေ ထပ်တူကျပြီးနောက်
တစ်ယောက်အတွက်တစ်ယောက် ပျော်ရွှင်မှုပေးနိုင်လာတဲ့အခါ
ဒီလိုတွယ်ငြိခြင်းတွေ စတင်ပါတယ်...။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

A/N: နောက်တစ်ပိုင်းကစပြီး ဇာတ်လမ်းရဲ့ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းတွေဆီကို ဦးတည်ပါပြီဗျို့

***************

ZawGyi Version

ဆယ္တန္းေက်ာင္းသားမ်ား အေၾကာက္ရဆုံးေန႔တစ္ျဖစ္လည္း အေမွ်ာ္လင့္ရဆုံးေန႔သို႔ ေရာက္လာခဲ့ေလၿပီ။ ေလထုသည္ပင္ တင္းၾကပ္ဖြယ္ေကာင္းေနၿပီး ေက်ာင္းသားမိဘမ်ားလည္း ဖိအားမ်ားေနသည့္အေနအထားပင္။

တာဝန္က်ဆရာဆရာမမ်ားသည္လည္း ဟိုဟိုသည္သည္သြားလာရင္း အလုပ္႐ႈပ္ေနၾကသလို ေက်ာင္းသားမ်ားသည္လည္း ေျဖဆိုခ်ိန္မတိုင္မီ၌ ဟိုစုစု သည္စုစုလုပ္ကာ စာေမးပြဲေမးခြန္းႏွင့္ပတ္သက္သည့္ အေၾကာင္းအရာမ်ားကို တိုင္ပင္ေဆြးေႏြးေနၾကသည္။

ညီသုတို႔သည္လည္း ထိုနည္းတူပင္။ အတန္းေဖာ္ႏွစ္ေယာက္ႏွင့္အတူ ညီသုတ၊စြမ္းထက္ပိုင္ႏွင့္ လင္းထက္ပိုင္တို႔သည္ အုပ္စုဖြဲ႕၍ထိုင္ကာ ​အခန္းထဲသို႔ မဝင္ရေသးသည့္အခ်ိန္အပိုင္းအျခားေလး၌ စာအေၾကာင္းကို ေျပာဆိုေနၾကသည္။

"ငါသိသေလာက္ကေတာ့ ျမန္မာစာကို ဂုဏ္ထူးထြက္ခ်င္ရင္ စာစီစာကုံးကို ေသခ်ာေ႐ြးတတ္မွျဖစ္မယ္။ သေဘာတရားအရေတာ့ စာစီစာကုံးသုံးပုဒ္ေပးထားရင္ အဲ့ဒီသုံးပုဒ္ကို အမ်ိဳးအစားခြဲၾကည့္လို႔ရတယ္။ ပထမက မိမိအေၾကာင္း။ ဥပမာေျပာရရင္ အေလးစားရဆုံးပုဂၢိဳလ္တို႔ အမွတ္တရ႐ွိခဲ့ေသာေန႔တစ္ေန႔တို႔လို စာစီစာကုံးမ်ိဳး။ အဲ့ဒါက ေပးထားသမွ်ထဲမွာ အလြယ္ဆုံးေခါင္းစဥ္ျဖစ္မွာပဲ"

ညီသုတသည္ ကာရန္႐ွင္းထံမွတစ္ဆင့္ သိခဲ့ရေသာအေၾကာင္းအရာမ်ားကို သူငယ္ခ်င္းမ်ားအား ဖလွယ္ေန၏။ သူ၏သူငယ္ခ်င္းမ်ားကလည္း စိတ္ဝင္တစားနားေထာင္ေနသျဖင့္ ေျပာျပရသည္ကို ပိုတက္ႂကြလာသည္။

"ဒုတိယတစ္ခုက လရာသီအေၾကာင္းမဟုတ္ရင္ ေဆာင္ပုဒ္ေတြပဲ။ ဥပမာ တန္ေဆာင္တိုင္ညတစ္ညတို႔ စည္းလုံးျခင္းသည္အင္အားတို႔လိုေခါင္းစဥ္ေတြေပါ့။ အဲ့ဒါကေတာ့ အလယ္အလတ္ပဲ။ တတိယတစ္ခုက ႏိုင္ငံနဲ႔ခ်ီၿပီးအေရးႀကီးတာမ်ိဳး။ ဥပမာ လူငယ္ႏွင့္ပညာေရးတို႔ လူငယ္ႏွင့္အက်င့္စာရိတၱတို႔လိုဟာေတြေပါ့ကြာ။ ျမန္မာစာကို ဂုဏ္ထူးရကို ရခ်င္တာဆိုရင္ တတိယေခါင္းစဥ္မ်ိဳးကို ေ႐ြးသင့္တယ္"

သူ၏စကားအဆုံးတြင္ နားေထာင္ေနသူအားလုံးမွာ ေခါင္းတညိတ္ညိတ္လုပ္ေနၾကသည္။ အႁမႊာႏွစ္ေယာက္ကမူ အလိုမက်ဟန္မ်ား ျပည့္ႏွက္ေနလ်က္ ညီသုတကို ခြန္းတုံ႔ျပန္လာၾကသည္။

"ျမန္မာစာဂုဏ္ထူးရဖို႔က တကယ္မလြယ္တာပဲ"

"အင္း"

"ဒါနဲ႔ မင္းကဒါေတြဘယ္လိုသိတာလဲ"

"ကာရန္ေျပာျပတာေလ"

အႁမႊာႏွစ္ေယာက္က 'ဒါပါပဲကြာ'ဟူေသာ႐ုပ္မ်ိဳးလုပ္ျပ၍ ညီသုတကို ေျပာင္သည္။ ညီသုတလည္း သူတို႔ႏွစ္ေယာက္ကို အဖတ္လုပ္မေနေတာ့ဘဲ ယခုေလးတင္မွ ေက်ာင္းထဲသို႔ဝင္လာေသာ ကာရန္႐ွင္းကို လွမ္းၾကည့္မိသည္။ သူတို႔သည္ ဇီဝေဗဒတြဲမ်ားျဖစ္သည္မို႔ ကိုယ့္ေက်ာင္း၌သာ ျပန္ေျဖရၿပီး ေဘာဂေဗဒသမားမ်ားက အျခားေက်ာင္းကို သြားေရာက္ေျဖဆိုရေလသည္။

ကာရန္႐ွင္းေရာက္လာေသာအခါ သူတို႔အနားတြင္ ပို၍လူအုံလာသည္။ ထိပ္တန္းေက်ာင္းသားကို အားကိုးတႀကီးေမးခြန္းတခ်ိဳ႕လာေမးခ်င္သူမ်ား ဤမွ်မ်ားျပားႏိုင္မွန္း ညီသုတထင္မထားခဲ့ေခ်။ သို႔ေသာ္ ကာရန္႐ွင္းကမူ အာ႐ုံေနာက္သည္ဟု တိတ္တိတ္ေရ႐ြတ္ေနသျဖင့္ သူတို႔သိခ်င္သမွ်ကို ညီသုတကပင္ အစားဝင္ေမးေပးရေသးသည္။

ကာရန္႐ွင္းဆိုသည္မွာလည္း ညီသုတကလြဲ၊ ဖြဲႏွင့္ဆန္ကြဲျဖစ္ေနေသာလူျဖစ္သည္။ ညီသုတေမးသည့္ေမးခြန္းကိုသာ စိတ္ပါလက္ပါေျဖေပးၿပီး အျခားလူမ်ားကိုမူ လုံးလုံးလ်စ္လ်ဴ႐ႈထားေလသည္။ အထာကိုေပါက္သြားေသာလူမ်ားကလည္း ကာရန္႐ွင္းဆီမွ အၾကံေပးခ်က္ကို လိုခ်င္လွ်င္ ညီသုတကို ကပ္ဖားရမည္ကို သိသြားၾကသည္။

သူတို႔အေနႏွင့္ ယခင္ကလည္း သတိထားမိေသာ္လည္း ယေန႔မွေသခ်ာသြားသည့္အရာမွာ ညီသုတသည္ ကာရန္႐ွင္း၏အားနည္းခ်က္ျဖစ္သည္ကိုပင္။

ျမန္မာစာေျဖဆိုရမည့္ေန႔က ဤသို႔ ဝ႐ုန္းသုန္းကားႏွင့္သာ ၿပီးဆုံးခဲ့သည္။ အဂၤလိပ္ေျဖရမည့္ေန႔၌ ညီသုတသည္ ကာရန္႐ွင္းႏွင့္အၿပိဳင္ ေအးေဆးတည္ၿငိမ္ေနခဲ့သည္။ ညီသုတ၏အဂၤလိပ္စာစြမ္းရည္သည္လည္း နာမည္ႀကီးေလရာ စာေမးပြဲေျဖခါနီးတြင္ သိခ်င္သမွ်လာေမးၾကေသာလူအုပ္ႀကီးသည္ ညီသုတအနား၌ ပလူပ်ံေန၏။ ထိုအေနအထားကို မေက်နပ္သူကေတာ့ ကာရန္႐ွင္း။ သူသည္ ညီသုတႏွင့္ စကားေကာင္းေကာင္းပင္ မေျပာရဘဲ ေႏွာင့္ယွက္ခံရသည့္အတြက္ မ်က္ႏွာမသာမယာျဖစ္ေနခဲ့ရသည္။

ညီသုတကို အၾကပ္႐ိုက္ေအာင္လုပ္ရန္ စတင္သည့္ဘာသာမွာ သခ်ၤာဘာသာျဖစ္၏။ သခ်ၤာေျဖရမည့္ေန႔၌ ညီသုတ၏မ်က္ႏွာသည္ ပုံမွန္ထက္ပို၍ျဖဴေဖ်ာ့ေနခဲ့သည္။ သူ၏အေသြးအေရာင္ကိုၾကည့္၍ ကာရန္႐ွင္းပင္ စိတ္ပူမိရေသးသည္။ ကာရန္႐ွင္းသည္ စာေမးပြဲခန္းထဲသို႔ မဝင္ခင္အထိ ညီသုတကို အရိပ္တၾကည့္ၾကည့္လုပ္ကာ ေစာင့္ေ႐ွာက္ေပးခဲ့သည္။

စာေမးပြဲခန္းထဲသို႔ ဝင္ခါနီးတြင္လည္း ကာရန္႐ွင္းက ညီသုတအတြက္ အားျဖည့္အခ်ိဳရည္တစ္ဘူး ထည့္ေပးလိုက္ေသးသည္။

"ေျဖရင္းနဲ႔ ေသာက္ျဖစ္ေအာင္ေသာက္ေနာ္"

ကာရန္႐ွင္းသည္ ညီသုတ၏နဖူးေလးကို တစမ္းစမ္းႏွင့္ ေျပာေလရာ ညီသုတကလည္း ဂ႐ုစိုက္ေပးရသူ စိတ္ေက်နပ္ေအာင္  ေခါင္းသာညိတ္ျပေနရသည္။

စာေမးပြဲခန္းထဲသို႔ ေရာက္ေသာအခါတြင္လည္း ေ႐ွ႕ဆုံးနားမွ ညီသုတကို အေနာက္ခုံနား႐ွိ ကာရန္႐ွင္းက စာေမးပြဲေျဖေနရင္း အရိပ္တၾကည့္ၾကည့္လုပ္ကာ အေျခအေနကို အကဲခတ္ေနသည္။

ကာရန္႐ွင္း၏ ထိုသို႔ေသာတိတ္တဆိတ္ဂ႐ုစိုက္မႈေၾကာင့္ ထိုေန႔က ညီသုတသည္ စာေမးပြဲခန္းထဲ၌ ထင္ထားသည္ထက္ ပို၍အဆင္ေျပေခ်ာေမြ႕ခဲ့သည္။ ဓာတုေဗဒေျဖသည့္ေန႔တြင္ ကာရန္႐ွင္းသည္ စာေမးပြဲမေျဖခင္ တစ္နာရီအလိုကတည္းက ေက်ာင္းသို႔ေရာက္လာၿပီး ေက်ာင္းေ႐ွ႕႐ွိ အုတ္ေဘာင္ေလးတြင္ ထိုင္၍ ညီသုတမွတ္ရလြယ္ေစမည့္ မွတ္စုတိုမ်ားကို သင္ျပေပးေနသည္။

႐ွင္းလင္းလြယ္ကူေသာ ကာရန္႐ွင္း၏နည္းလမ္းမ်ားေၾကာင့္ အျခားေက်ာင္းသားမ်ားလည္း သူတို႔အနားသို႔ ဝိုင္းအုံလာၾကသည္။

"ဒါက အေသမွတ္သြားလို႔မျဖစ္ဘူး။ ဒါေပမယ့္ ေမးခြန္းကိုၾကည့္ၿပီး နည္းည္းအေျပာင္းအလဲေလး လုပ္လိုက္ရင္ျဖစ္ပါတယ္။ မူရင္းနဲ႔သိပ္မကြာပါဘူး။ နားလည္လား။ နားမလည္ရင္ျပန္႐ွင္းျပမယ္။ နားလည္ရင္ ေ႐ွ႕ဆက္မယ္"

ကာရန္႐ွင္း၏ေမးခြန္းအဆုံး၌ နံေဘး႐ွိလူအုပ္ႀကီးမွာ နားလည္ရန္ခက္ခဲေၾကာင္း တစ္ေယာက္တစ္ေပါက္ ေရ႐ြတ္ၾကေသာ္လည္း ညီသုကေတာ့ျဖင့္ ေသခ်ာမွတ္သားလိုက္ႏိုင္ေသာေၾကာင့္ အဆင္ေျပသြားေၾကာင္း ျပန္ေျပာသည္။

"အင္း နားလည္တယ္"

"ဒါဆို ငါဆက္႐ွင္းျပမယ္"

နံေဘး႐ွိ လူအုပ္ႀကီး : ငါတို႔ကဘယ္သူေတြလဲ။ ဒီေနရာမွာ ဘာလုပ္ေနၾကတာလဲ

ထိုေန႔ကလည္း ညီသုတသည္ ဂုဏ္ထူးမွတ္အထိ မမွန္းႏိုင္လွ်င္ေတာင္ ဂုဏ္ထူးမွတ္နီးပါး ေျဖဆိုႏိုင္ခဲ့သည္။ ကာရန္႐ွင္းက ထိုအေၾကာင္းကိုၾကားသည္ႏွင့္ ညီသုတအား လက္မတေထာင္ေထာင္ႏွင့္ ခ်ီးက်ဳးေနေလရဲ႕။

က်န္ဘာသာမ်ားသည္ ညီသုတအဖို႔ အလြန္ခက္ခဲသည့္ဘာသာမ်ား မဟုတ္သည့္အတြက္ အလြန္ဖိအားမမ်ားေတာ့ေပ။ သို႔ေသာ္ စာေမးပြဲဖိအားေၾကာင့္ အႁမႊာႏွစ္ေယာက္ျဖစ္သလို ညီသုတလည္း ေခါင္းမူးေခါင္းကိုက္ေဝဒနာေၾကာင့္ စိတ္႐ႈပ္ေထြးေနခဲ့ရသည္။

"ေရာ့..ဖိအားမ်ားေနရင္ အခ်ိဳစားေပးရတယ္ဆို"

ကာရန္႐ွင္းသည္ ညီသုတေျပာဖူးသည့္စကားအတိုင္း ထပ္ေျပာကာ ခ်ိဳခ်ဥ္ငါးလုံးခန္႔ကို ညီသုတ၏လက္ထဲသို႔ ထည့္ေပးလာ၏။ ညီသုတသည္ လက္ထဲသို႔ေရာက္လာေသာ ခ်ိဳခ်ဥ္မ်ားကို တအံ့တၾသၾကည့္မိသည္။ ဤခ်ိဳခ်ဥ္မ်ားသည္ သူေဆာင္ထားေနက်ခ်ိဳခ်ဥ္လုံးမ်ား ျဖစ္သည္ေလ။

"ဒါ ငါစားေနက်ဟာေတြပဲ"

"အင္း ဟုတ္တယ္"

"မင္းလည္း ေဆာင္ထားတာလား"

"အာ..ဟုတ္တယ္။ ဟိုတစ္ခါ မင္းေကြၽးတုန္းက စားၾကည့္တာ အရသာႀကိဳက္သြားလို႔"

ညီသုတသည္ ကာရန္႐ွင္းကို အျပဳံးမ်က္ႏွာႏွင့္ ေငးၾကည့္ေနသျဖင့္ ကာရန္႐ွင္းလည္း မလုံမလဲႏွင့္ မ်က္ႏွာလႊဲလိုက္သည္။  ဤသည္ကိုျမင္ေသာ္ ညီသုတ၏ႏွလုံးသားေလးသည္လည္း လႈပ္လႈပ္႐ွား႐ွားျဖစ္သြားရသည္။ ေခ်ာေမာလြန္းသည့္ ထိုလူသား၏ဆြဲငင္မႈေၾကာင့္ သူ၏ဖိအားမ်ားသည္ ျမဴမႈန္မွ်ပင္ မက်န္ဘဲ ကင္းစင္သြားခဲ့ရသည္။

"အဟမ္း.. သြားရေအာင္။ စာေမးပြဲအခန္း ဖြင့္ၿပီ"

ေနရခက္ေနသည့္ ကာရန္႐ွင္း၏ဟန္ပန္သည္ မျမင္စဖူး အျမင္ထူးေနသည္။ ထိုပုံစံမ်ိဳးသည္ ျမင္ရခဲလွသည္ျဖစ္ရာ ညီသုတမွာ တစ္ခ်က္မွ်ပင္ အၾကည့္မလႊဲႏိုင္ခဲ့ေခ်။

ထိုေန႔က ႐ွက္ေနေသာေကာင္ေလးတစ္ေယာက္ကို တမင္တကာလိုက္စေနခဲ့ေသာ လူဆိုးေကာင္ေလးတစ္ေယာက္ ႐ွိခဲ့ေလရဲ႕။

ေနေပ်ာ္မႈရဲ႕ဇစ္ျမစ္ေတြ ထပ္တူက်ၿပီးေနာက္
တစ္ေယာက္အတြက္တစ္ေယာက္ ေပ်ာ္႐ႊင္မႈေပးႏိုင္လာတဲ့အခါ
ဒီလိုတြယ္ၿငိျခင္းေတြ စတင္ပါတယ္...။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

A/N: ေနာက္တစ္ပိုင္းကစၿပီး ဇာတ္လမ္းရဲ႕ဇာတ္႐ွိန္အျမင့္ဆုံးအပိုင္းေတြဆီကို ဦးတည္ပါၿပီဗ်ိဳ႕

***************

Continue Reading

You'll Also Like

1.9M 91.3K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
408K 16.4K 46
ကြယ်ကလေးတွေလည်း လင်းလက်နေပါသေးသည်။ လမင်းကြီးလည်း ထိန်ထိန်လင်းနေပါသေးသည်။ ငှက်ကလေးတွေလည်း ပျံဝဲနေပါသေးသည်။ လေကလေးတွေလည်း တိုက်နေဆဲသာ။ ချစ်သေးရဲ့လားတဲ့...
564K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.7M 123K 67
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...