Unicode Version
"ကာရန်.."
"ဟင်"
"ဆယ်တန်းပြီးရင် မင်းက ရန်ကုန်ကို ပြန်မှာလား"
အချိန်ကား သီတင်းကျွတ်ကျောင်းပိတ်ရက်သို့ ရောက်ခဲ့လေပြီ။ ထူးဆန်းစွာခင်မင်ခွင့်ရခဲ့ကြသော သူတို့နှစ်ဦးကြားရှိ အနေအထားကလည်း ဝေဝါးသောလေထုထဲသို့ ဆင်းသက်ခဲ့ရသည်။ ကာရန်ရှင်းကလည်း ညီသုတတစ်ယောက်တည်းကိုသာ ထူးခြားစွာမျက်နှာသာပေးခဲ့သလို ကာရန်ရှင်းအတွက် ညီသုတ၏အပြုအမူ၊အပြောအဆိုများမှာလည်း သိသာစွာထူးခြားခဲ့လေသည်။
ကာယကံရှင်နှစ်ယောက်က ထူးခြားသောထိုအခြေအနေကို မျက်နှာလွှဲထားကြသော်လည်း ဘေးလူများကမူ သူတို့နှစ်ဦး၏အခြေအနေကို ရိပ်စားမိခဲ့ကြသည်အထိ မြင်သာထင်ရှားလွန်းခဲ့သည်။
ထိုကဲ့သို့သောအခြေအနေများကြားတွင် ညီသုတသည် အချိန်တစ်ရက်လွန်လာလေလေ ကာရန်ရှင်း၏အိမ်ပြန်ရက်များနှင့်ပတ်သက်၍ စိုးထိတ်လာလေလေပင်။
ကာရန်ရှင်းကလည်း ဆုံးဖြတ်ချက်ရေရေရာရာချနိုင်စွမ်းမရှိဟန်ဖြင့် တုံဏှိဘာဝေဖြစ်နေခဲ့သည်။
"မသိသေးဘူး။ သေချာတာတော့ စာမေးပွဲဖြေပြီးတာနဲ့ ခဏတော့ပြန်ရလိမ့်မယ်။ အောင်စာရင်းထွက်တဲ့အချိန်ကျမှ ဘာဆက်လုပ်ရမယ်ဆိုတာ မိသားစုနဲ့တိုင်ပင်ဖြစ်မှာ"
ကာရန်ရှင်းလို လူတစ်ယောက်အဖို့ အစီအစဥ်ချထားသည့် ကိစ္စများသည်လွဲချော်၍မရပေ။ ယခုတော့ အသစ်အသစ်သောခံစားချက်များက သူစီစဥ်ထားသမျှအစီအစဥ်များကို ကမောက်ကမဖြစ်အောင် ဖန်တီးနေလေပြီ။ ချီတုံချတုံဖြစ်ခဲ့ရလေခြင်း...။
"ဒီမေးခွန်းကို အရင်ကသာ လာမေးခဲ့ရင် ငါ့အဖြေက ပြတ်သားနေမှာပဲ။ ဒါပေမယ့် အခုတော့ ငါ့မှာ နောက်ဆံတင်းစရာလေးတွေရှိလာပြီ"
ကာရန်ရှင်းက ညီသုတကို နင့်နင့်နဲနဲစိုက်ကြည့်၍ ပြောလာသည်။ ထိုနက်ရှိုင်းသောအကြည့်တို့ကို ညီသုတအဓိပ္ပါယ်မဖော်တတ်ချေ။
"အဲ့ဒါဘာလဲ"
မျှော်လင့်ချက်အပြည့်ဖြင့် ညီသုတကမေးမိသော်လည်း ကာရန်ရှင်းက ဖြေရန်စိတ်ကူးမရှိသည့်အလား ခေါင်းငိုက်စိုက်ချထားသည်။ ထို့နောက် ညီသုတမသိအောင် သက်ပြင်းဖွဖွချပြီး မရေရာမှုများကို ဆက်လက်ထိန်းသိမ်းထားလေသည်။
ထိုပုံစံက ညီသုတကို ပို၍နားလည်ရခက်စေသည်။ ညီသုတလည်း လက်ရှိအခြေအနေကြောင့် ဘာဆက်လုပ်သင့်သလဲဆိုသည့် မေးခွန်းကို ကိုယ့်ကိုယ်ကိုယ်အမြဲမေးမိသည်။ ထိုမေးခွန်းအတွက် အဖြေဟာ အမြဲလိုလို မရှိခဲ့ချေ။ ထိုအကြောင်းကို သူ၏သူငယ်ချင်းနှစ်ယောက်အား ပြောပြမိသော် သူတို့ကလည်း သူ့အစား အားမလိုအားမရဖြစ်ကြသည်။
"မင်း အရင်ကတော့ ဖွင့်ပြောဖို့အထိတောင် စိတ်ကူးထားတာမလား။ အခုမှ ဘာတွေ တွေဝေနေတာလဲ"
စွမ်းထက်ပိုင်က ညီသုတ၏တွန့်ဆုတ်နေမှုကို အမြဲတမ်း စောဒကတက်ကာ ပြောလေ့ရှိသည်။
"ငါထင်တာတော့ သူနဲ့ပြဿနာဖြစ်တုန်းက သူပြောခဲ့တဲ့စကားတွေကြောင့် စိတ်ဒဏ်ရာကျန်ခဲ့တာပဲဖြစ်ရမယ်"
ထိုစဥ်က ကာရန်ရှင်း ဒေါသတကြီးနှင့် ပြောခဲ့သည့်စကားလုံးများက ယခုထိ ညီသုတ၏မသိစိတ်ထဲ၌ စွဲထင်လျက် ကျန်ရစ်နေခဲ့သည်။ အငြှိုးထားခြင်းမျိုး မဟုတ်သော်လည်း ထိုစကားများကြောင့် တတ်နိုင်သမျှဆင်ခြင်ခဲ့သည်။
"ငါက သူ့အတွက်ပြည့်စုံနေပြီဆိုမှပဲ သူ့အနားကို ချဥ်းကပ်ချင်တယ်။ ပထမတစ်ခါလိုအမှားမျိုး ဆက်မဖြစ်ချင်တော့ဘူး"
"အဲ့လိုနဲ့ သူများနောက်ကိုပါသွားလိမ့်မယ်။ ကြည့်ကြပ်လုပ်ကြဟေ့"
လင်းထက်ပိုင်က စကားကိုတုတ်ထိုးအိုးပေါက်ပြောလေ့ရှိသူဖြစ်ရာ သူ၏စကားများက အနည်းငယ်မာထန်ထန်နိုင်လှသော်လည်း အမှန်တရားဖြစ်သည်ကိုမူ ငြင်းမရပေ။
"မသိတော့ဘူးကွာ။ ဖြစ်ချင်ရာဖြစ်တော့။ လောလောဆယ် စာကိုပဲအာရုံစိုက်ထားဦးမယ်"
"နေဦး။ စာကိုအာရုံမစိုက်ခင် ငါတို့နွှဲစရာပွဲလေးတစ်ပွဲကျန်သေးတယ်"
စွမ်းထက်ပိုင်က ညီသုတကို မျက်စပစ်ပြ၍ ပြောလေရာ လင်းထက်ပိုင်ကပါ သူ၏စကားကိုထောက်ခံလေဟန်ဖြင့် ခေါင်းညိတ်ပြလေသည်။ သို့သော် ညီသုတကမူ နားမလည်ချေ။
"ဘာပွဲလဲ။ ဘုရားထဲက ဆီမီးတစ်ထောင်ကပ်မှာကိုပြောတာလား"
ညီသုတ၏စကားကိုကြားသောအခါ လင်းထက်ပိုင်က မျက်နှာကိုရှုံ့မဲ့၍ ညီသုတကို စိတ်တိုစွာစိုက်ကြည့်နေပြီး စွမ်းထက်ပိုင်ကမူ ခေါင်းတခါခါလုပ်နေလေ၏။
"အခုမှ ဘုရားဖြစ်မယ့်အုတ်နီခဲကြီး လုပ်ပြမနေနဲ့။ နောက်လထဲ မင်းရဲ့မွေးနေ့ရှိတယ်လေ"
"သြော်.. ဟုတ်သားပဲ"
"ဘာဟုတ်သားပဲလဲ။ ကျွေးရမှာကြောက်လို့ သက်သက်မဲ့မသိချင်ယောင်ဆောင်နေတာမလား"
"မဟုတ်ပါဘူးကွာ။ တကယ်မေ့နေတာ။ မင်းတို့ပြောမှသတိရတယ်"
"အေးပေါ့။ မွှန်နေရတာနဲ့ မအားဘူးလေ။ ကိုယ့်မွေးနေ့ကိုတောင် မေ့တဲ့အထိ"
လင်းထက်ပိုင်က အာပေါင်အာရင်းသန်သန် အရွဲ့တိုက်လေရာ ကျန်နှစ်ယောက်ကလည်း မနေနိုင်ဘဲ အော်ရယ်မိတော့သည်။
"မင်းကလည်းကွာ။ အားကြီးနဲ့ပြောတာ"
"ပြောရမှာပဲလေ။ ဒီကောင် အချိုးတွေပြောင်းနေတာကြာပြီ။ တည်ငြိမ်သွားတဲ့ပုံစံနဲ့ သူကမလိုက်ပါဘူးကွာ"
"သူတည်ငြိမ်သွားတော့ မင်း အကြောင်းရှာပြီး ဆဲလို့မရတော့လို့ ပေါက်ကွဲနေတာမလား"
"သူတောင်းစား။ ငါ့ကို မဆဲဆဲအောင် လုပ်နေတာ"
အဆုံးတွင် ချုပ်တည်းထားသော လင်းထက်ပိုင်၏ဆဲသံများ ထွက်ပေါ်လာလေပြီဖြစ်ရာ စွမ်းထက်ပိုင်က လက်ခုပ်လက်ဝါးတီး၍ပင် အောင်ပွဲခံပြနေလေသည်။ ညီသုတကလည်း သူတို့နှစ်ယောက်ရန်ဖြစ်နေသည်ကို ကြည့်ရင်း ဘေးနားတွင် အူတက်မတတ်အော်ရယ်နေလေသည်။ တိတ်ဆိတ်နေသော ရပ်ကွက်ငယ်လေးထဲတွင် သူတို့၏အော်သံ၊ရယ်သံများက ကျယ်လောင်စွာ လွှမ်းမိုးထားလေသည်။
သုံးယောက်သားအမျိုးမျိုးဗရုတ်ကျပြီးနောက်တွင် ရယ်ရတာမောသွားကြသောကြောင့် ဟောဟဲဆိုက်နေကြချိန်မှသာ တိတ်ဆိတ်သွားကြတော့သည်။
"ဒါနဲ့ သုတ..မင်းရဲ့မွေးနေ့ကို ကာရန်ရှင်းကိုရော ဖိတ်မှာလား"
စွမ်းထက်ပိုင်၏ အမေးကို လင်းထက်ပိုင်က မျက်စောင်းတစ်ချက်နှင့် အရင်တုံ့ပြန်သည်။
"သူမဖိတ်ရင် ဟိုက မလာမယ့်ပုံပေါက်နေလို့လား။ သူ့မွေးနေ့လို့သာ သိကြည့်လိုက်။ မဖိတ်လည်း မျက်နှာပြောင်တိုက်ပြီး လာမယ့်ကောင်ကို"
"ငါ့မွေးနေ့ကို သူမသိဘူး။ သူက နောက်လထဲမှာ ရန်ကုန်ကို သုံးရက်လောက်ပြန်မှာလို့ပြောတယ်ကွ။ သူပြောတဲ့အတိုင်းသာဆိုရင် ငါ့မွေးနေ့လောက်မှာပဲ သွားဖြစ်မယ့်ပုံပဲ။ ပြောမနေတော့ပါဘူး။ သူများတကာကို အနှောင့်အယှက်ပေးသလိုဖြစ်နေမယ်"
ညီသုတ၏စကားအဆုံးတွင် အမြွှာနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်ဖြစ်ကြသည်။ အဓိပ္ပါယ်ပါလှသော အကြည့်တို့တွင် အကြံတူနေကြသည်ကို အချင်းချင်းသိလိုက်ကြသည်။ တစ်စုံတစ်ယောက်ကတော့ မကြာခင်မှာ ပျော်ပျော်ကြီးစပရိုက်အတိုက်ခံရပေတော့မည်။
......
ကျောင်းပိတ်ရက်တွင်လည်း မသာယာနိုင်သော သူတို့သည် ငါးရက်မြောက်နေ့တွင် ဤလအတွက် ပထမဆုံးSurprise Testနှင့် တိုးလေတော့သည်။ ထိုအခြေအနေကို ကြိုခန့်မှန်းထားမိသဖြင့် စာကြည့်ထားသော ညီသုတသည် နည်းနည်းမျှမတုန်လှုပ်သော်လည်း အမြွှာနှစ်ယောက်ကမူ ထုံးစံအတိုင်း တိုင်ပတ်နေကြတော့သည်။
"ငါမုန်းလာပြီ။ ဒီsurprise testတွေချည်းပဲ ဆက်တိုက်လာနေတာ တော်တော်စိတ်တိုနေပြီ"
"မပျော်တော့ဘူး။ တကယ်မပျော်တော့ဘူး"
ဤတစ်ကြိမ်တွင်လည်း စွမ်းထက်ပိုင်သည် ကာရန်ရှင်းနှင့်အပေးအယူလုပ်ရန် စိတ်ကူးမိပြန်သည်။ ဤတစ်ကြိမ်တွင်မူ သူတို့၌ master cardရှိထားသဖြင့် ယုံကြည်မှုအပြည့်ရှိနေလေသည်။
"ကာရန်ရှင်း.."
စွမ်းထက်ပိုင်က ကာရန်ရှင်း၏ကျောကိုတို့၍ နာမည်ကိုခေါ်လိုက်လေရာ ကာရန်ရှင်းက အနောက်သို့ခေါင်းငဲ့ကြည့်လာသည်။ ထို့နောက် သူတို့၏ရည်ရွယ်ချက်ကို သိနေသည့်အလား ခေါင်းတခါခါလုပ်လေသည်။
"လုပ်မနေနဲ့။ ဒီတစ်ခါက နေရာတွေပြောင်းပြီး ဖြေခိုင်းမှာတဲ့"
"ဘောလုံးပဲဟေ့...ဒီတစ်ခါတော့ အပိုင်ပဲလို့တွက်ထားတာ"
လင်းထက်ပိုင်က အသံကိုမထိန်းဘဲ စိတ်လွတ်လက်လွတ်ထဆဲလေတော့သည်။ သူ၏အသံသည် အတွင်းဆောင်ရောအပြင်ဆောင်အထိပါ ပြန့်သွားသဖြင့် ကြားရသူတိုင်းက တိုးတိုးကြိတ်ကြိတ်ရယ်နေကြသည်။
"လင်းထက်.. မင်းရဲ့ငှက်ဆိုးထိုးသံကြီးနဲ့ အားမနာပါးမနာအော်မနေနဲ့"
ညီသုတက လင်းထက်ပိုင်၏အဖြစ်ကို လှောင်လေရာ လင်းထက်ပိုင်ကလည်း ဒေါသထွက်သည်နှင့်ရောကာ ပစ်ပစ်နှစ်နှစ်ထပ်ဆဲပြန်သည်။
"ငှက်ဆိုးက ဘယ်လိုထိုးလဲ ပြရမလား"
"တော်စမ်းပါကွာ။ မဆိုင်တဲ့လူကို ပတ်ရမ်းမနေနဲ့"
"ထားလိုက်ပါ စွမ်းထက်ရာ။ ဒီကောင်က သေပြီးလို့ ငရဲပြည်ရောက်ရင်တောင် ယမမင်းကို ထိုင်ဆဲနေမယ့်ကောင်မျိုး"
"သုတ... မင်းငါ့ကိုစေတနာပျက်အောင်မလုပ်နဲ့နော်"
လင်းထက်ပိုင်က ညီသုတကို လက်ညှိုးတထိုးထိုးနှင့် ခြိမ်းခြောက်လေသောအခါ ညီသုတက နားမလည်ဟန်နှင့် ငေးကြည့်နေသည်။ စွမ်းထက်ပိုင်ကမူ သူတို့၏အစီအစဥ်ကို ဖော်ထုတ်လုမတတ်ဖြစ်နေသော လင်းထက်ပိုင်၏ ပါးစပ်ကို လက်ဝါးနှင့်အုပ်ထားလိုက်ပြီး သတိပေးသည့်အနေနှင့် ပေါင်တွင်းကြောကို ခပ်နာနာဆွဲဆိတ်လိုက်သည်။
ထိုအခါ လင်းထက်ပိုင်မှာ နာလွန်းလှသဖြင့် စွမ်းထက်ပိုင်ချုပ်ထားသည့်ကြားမှ အကြောဆွဲနေသူတစ်ယောက်လို တွန့်လိမ်နေလေသည်။
"ဘာတွေဖြစ်နေကြတာလဲ"
ညီသုတကတော့ သူ့ဘေးတွင် ဖြစ်ပျက်နေကြသော နှစ်ယောက်သားကို ကြောင်အမ်းအမ်းဖြင့်သာ ငေးကြည့်နေမိတော့သည်။
"သူတို့ကိုအသာထားလိုက်.. သုတ.. ကျူရှင်ဆင်းရင် မင်း ငါ့အိမ်ကိုလိုက်ခဲ့ပါလား"
အရှေ့ခုံမှ ကာရန်ရှင်းက စာလုပ်နေခြင်းကို ရပ်တန့်ကာ ညီသုတဘက်သို့ လှည့်၍ လေးလေးနက်နက်ပြောလာလေရာ ညီသုတကလည်း တစ်ခဏမျှ အံ့အားသင့်သွားရသည်။
"ဘာလို့လဲ"
"သွားစရာရှိလို့ပါ။ ငါ့အိမ်ကို ခဏဝင်ပြီးမှ သွားရမှာလေ။ ပြီးတော့ ငါမင်းကို နေ့လယ်စာလည်း ကျွေးချင်သေးလို့"
"မင်းရဲ့အိမ်မှာလား"
ကာရန်ရှင်းက အိမ်အလည်လိုက်ရန် ခေါ်သော ကိစ္စမှာ အလွန်ထူးခြားသည်ဟု ဆိုရပေမည်။ ထို့ကြောင့် ညီသုတကလည်း ချက်ချင်းလက်ခံလိုက်ရန်လည်း ဝန်လေးမိသည်။ ယတိပြတ်ငြင်းလိုက်ရန်ဆိုလျှင် ပိုဆိုးသေးသည်။
"မဟုတ်ဘူး။ အိမ်မှာ ငါ့မိဘတွေမရှိဘူး။ ငါမင်းကို ဆိုင်မှာဝယ်ကျွေးမလို့။ ပြီးမှ ငါတို့သွားရမယ့်နေရာကို သွားကြမယ်လေ"
ကာရန်ရှင်းက ညီသုတငြင်းလိုက်မည်စိုး၍ စကားကို သတိထား၍ ပြောနေမှန်း သိသာ၏။ ညီသုတက လက်မခံလိုသည့် အရိပ်အယောင်များ ပြနေသောအခါ ကာရန်ရှင်းက သူ၏စကားကို ထပ်မံဖြည့်စွက်လိုက်ပြန်သည်။
"သိပ်မကြာပါဘူး။ ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်လေ။ မင်းမပါရင် ငါတစ်ယောက်တည်းဖြစ်နေမှာ။ ငါ အဲ့ဒီကို တစ်ယောက်တည်းမသွားချင်လို့"
သနားစဖွယ်လေသံလေးဟာ ညီသုတ၏ ရင်ကို ဆွဲစုတ်လိုက်သလိုပင်။ ခံနိုင်ရည်မရှိသည့်အဆုံး ညီသုတလည်း ခေါင်းညိတ်ပြ၍ လက်ခံကြောင်း ပြောလိုက်သည်။ ထိုအခါမှ ပြုံးရွှင်လာသော ကာရန်ရှင်း၏အမူအရာများကြောင့် ညီသုတလည်း စိတ်ကျေနပ်ရသည်။
အချစ်ဆိုသည့်အရာက သူပျော်နေလျှင် ကိုယ်ပါ အလိုလို လိုက်ပြုံးမိတတ်သည့် ဆွဲငင်အားမဟုတ်လား။
ကျူရှင်ဆင်းသောအခါ အမြွှာနှစ်ယောက်ကို အကျိုးအကြောင်းပြော၍ ညီသုတလည်း ကာရန်ရှင်းနှင့် လိုက်သွားခဲ့သည်။ အမြွှာနှစ်ယောက်ကမူ ထုံးစံအတိုင်း မကျေမနပ်ရေရွတ်ကာ ကျန်နေခဲ့သည်။
ကာရန်ရှင်းက သူ၏စကားအတိုင်း အရင်ဆုံး သူ၏အိမ်သို့ ဝင်သည်။ သူတို့နှစ်ယောက်၏လွယ်အိတ်များကို သူ၏အခန်းထဲသို့ ထားခဲ့ပြီး ပိုက်ဆံအိတ်နှင့် ကြိုတင်ပြင်ဆင်ထားဟန်ရှိသော ပန်းစည်းတစ်စည်းကို ယူ၍ ထွက်လာခဲ့ကြသည်။
ကားကို ဒရိုင်ဘာဦးလေးကြီးက မောင်းသဖြင့် သူတို့နှစ်ယောက်က အနေက်ခန်းတွင် ဘေးချင်းယှဥ်၍ ထိုင်ကြရသည်။ ကားမောင်းနေစဥ်တွင် ညီသုတဟာ ကာရန်ရှင်းယူလာသော ပန်းစည်းကို တကြည့်ကြည့်လုပ်နေသဖြင့် ကာရန်ရှင်းကလည်း မမေးသောမေးခွန်း၏ အဖြေကို ပွင့်ပွင့်လင်းလင်းဖြေသင့်မဖြေသင့် စဥ်းစားနေခိုက် ညီသုတက သူ့ဘက်သို့လှည့်ကာ စကားစလာ၏။
"ကာရန်"
"ဟင်"
"ငါတို့ အခု ဘယ်ကိုသွားနေတာလဲ။ အဲ့ဒီပန်းစည်းကရော ဘယ်သူ့အတွက်လဲ"
သိလိုစိတ်အပြည့်ဖြင့် မေးလာသော ညီသုတကို ကာရန်ရှင်းကလည်း လေးလေးနက်နက်စိုက်ကြည့်ရင်း ဖြေလိုက်သည်။
"သုတ.."
"အင်း"
"မင်းသိမလားတော့ ငါမပြောတတ်ဘူး။ ငါ့မှာ အရင်တုန်းက အစ်ကိုတစ်ယောက်ရှိခဲ့တယ်။ သူ့နာမည်က နေရန်ရှင်းတဲ့။ အခု ငါတို့ သူ့ဆီကိုသွားနေတာ"
ညီသုတလည်း ကာရန်ရှင်း၏စကားထဲမှ နက်နဲသောအဓိပ္ပါယ်များကို ရှာဖွေရင်း ကာရန်ရှင်း၏အမူအရာကိုလည်း အကဲခတ်နေမိသည်။ ကာရန်ရှင်းမှာ ညီသုတကို မျက်နှာလွှဲထားပြီး သူ၏အကြည့်ကို ကားပြတင်းအားကျော်၍ အပြင်မှရှုခင်းများကို ကြည့်ချင်ယောင်ဆောင်နေလေ၏။
မတိုင်ခင်က ကြည်လင်နေခဲ့သော သူ၏မျက်နှာသည် ယခု မှုန်မှိုင်းမှိုင်းဖြစ်နေ၏။ ကန်ရေကြည်ကို ခဲတစ်လုံးပစ်သွင်းလိုက်သဖြင့် နောက်ကျိသွားသလို သူ၏မျက်နှာအမူအရာများသည် သိသာစွာ ပြောင်းလဲသွားသည်။ ထိုအမူအရာများကပင် သူ့အား အထီးကျန်ဆန်နေစေပြန်သည်။ ထိုပုံစံလေးကိုမြင်ရသောအခါတွင်လည်း ညီသုတဟာ လိုက်လာမိသည်ကို ကိုယ့်ကိုယ်ကိုယ်ကျေးဇူးတင်နေမိသည်။
ညီသုတလည်း ဆန်းဆန်းပြားပြားအတွေးများမနေနိုင်တော့ဘဲ ကာရန်ရှင်းကို နှစ်သိမ့်လိုသောရည်ရွယ်ချက်ဖြင့် ပန်းစည်းအား ခပ်ဖွဖွကိုင်ထားသော သူ၏လက်ဖဝါးတစ်ဖက်ကို ဆွဲယူ၍ အသာအယာဖျစ်ညှစ်ထားလိုက်သည်။ထိုအခါမှသာ မတိုင်မီက သူသတိမထားမိသော အချက်ကို သတိပြုမိတော့သည်။
ကာရန်ရှင်း၏လက်သည် တဆတ်ဆတ်တုန်ရီနေလေခြင်း...။ ညီသုတလည်း အထိတ်တလန့်ဖြင့် သူ့အနားသို့ တိုးကပ်ကာ နောက်လက်ဖဝါးတစ်ဖက်ကိုပါ ဆွဲယူလိုက်ရာ ကာရန်ရှင်း၏ လက်ထဲမှ ပန်းစည်းသည် ပေါင်ပေါ်သို့ ပြုတ်ကျသွားရသည်။ ညီသုတလည်း အဆက်မပြတ်တုန်ခါနေသော လက်ဖဝါးနှစ်ဖက်သည် သူ၏လက်များဖြင့် အုပ်မိုးထားမှုကြောင့် တဖြည်းဖြည်းတည်ငြိမ်လာသည်ကို သတိထားမိသောအခါ ထိုလက်နှစ်ဖက်လုံးကို မလွှတ်တမ်းဆုပ်ကိုင်ထားပေးမိသည်။
ကာရန်ရှင်းကလည်း ညီသုတကို မျှော်လင့်ချက်မဲ့နေသည့်အကြည့်တို့ဖြင့် ကူကယ်ရာမဲ့စွာ ငေးမောနေလေ၏။ ထို့နောက် ကာရန်ရှင်းက မျက်နှာလွှဲသွားပြီး အချင်းချင်းယှက်ဖြာလျက်ရှိသော လက်ချောင်းများကို ရီဝေဝေစိုက်ကြည့်နေပြန်သည်။ လက်ချောင်းရှည်သွယ်သွယ်လေးများက သူ၏လက်ဆစ်တုတ်သော လက်ချောင်းရှည်များကို သွယ်ယှက်ထားပုံကို ငေးမောရင်း ရင်ကိုဖိစီးထားသော ဝမ်းနည်းမှုများက ပိုကဲလာရသည်။
ညီသုတလည်း ကာရန်ရှင်း၏အမူအရာတစ်ခုချင်းစီကို အကဲခတ်နေမိသဖြင့် ထိုအချင်းအရာကို သတိထားမိလိုက်သော်ငြား ဘာမှထုတ်မပြောဖြစ်ချေ။
ကာရန်ရှင်းသည် လေပူများကို မှုတ်ထုတ်လိုက်ပြီးနောက် ညီသုတထင်မထားသော လုပ်ရပ်တစ်ခုကို ပြုမူလိုက်၏။ သူသည် သူ၏ခေါင်းကို စောင်းကာ ညီသုတ၏ပခုံးပေါ်သို့ မှီတွယ်လာသည်။ ထိုအခိုက်တွင် ညီသုတသည် တစ်ကိုယ်လုံးတောင့်ခဲသွားရပြီး အသက်ပင်ဝအောင်မရှူရဲတော့ပေ။ ကာရန်ရှင်း၏ဆံစလေးများသည်လည်း သူ၏ဂုတ်ပိုးနှင့် လည်ပင်းတစ်ဝိုက်ကို ပွတ်သပ်နေသလိုဖြစ်နေသဖြင့် ခန္ဓာကိုယ်ကို တုတ်တုတ်မျှပင် လှုပ်ခွင့်မပေးဘဲ သတိလက်လွတ်တည့်မတ်ထားမိပြန်သည်။
"သုတ.. ငါက တကယ်ပဲ မင်းပြောသလို သတ္တိမရှိဘူးထင်တယ်"
ထိုစကားကြောင့် ညီသုတ၏လက်ရှိဖြစ်နေသော မသက်မသာခံစားချက်များ လျော့နည်းသွားပြီး ကာရန်ရှင်းကို သနားစိတ်ပိုလာရသည်။
"မင်းက အခက်အခဲတွေကြားမှာ လက်မလျှော့ဘဲ ဆက်တိုက်ခိုက်နေသရွေ့ သတ္တိရှိနေဆဲပါပဲကွာ။ အနည်းဆုံးတော့ မင်းအရှုံးမပေးဘူးလေ"
"ဒါပေမယ့် ငါ နိုင်အောင်လည်း မလုပ်နိုင်သေးဘူးလေ။ အဲ့ဒါက အရှုံးသမားနဲ့ ဘာကွာသေးလို့လဲ"
"ကိုယ့်ကိုယ်ကိုယ်စွန့်ပစ်လိုက်တဲ့လူကမှ တကယ့်အရှုံးသမားပါ။ မင်းက မင်းရဲ့ဘဝကို ပြန်ဆွဲတင်နေသေးတာပဲ။ သူရဲကောင်းဖြစ်ဖို့အတွက် တိုက်ပွဲတစ်ရာအောင်နိုင်ဖို့မလိုပါဘူး။ တိုက်ပွဲဝင်စိတ်ဓာတ် စစ်မှန်နေဖို့ပဲ အရေးကြီးတာ"
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
A/N : သြော် Dramaတွေ ဆက်တိုက်လာတော့မယ်🤧
°°°°°°°°°°°°°°°°°°°°°°°°°°°°
ZawGyi Version
"ကာရန္.."
"ဟင္"
"ဆယ္တန္းၿပီးရင္ မင္းက ရန္ကုန္ကို ျပန္မွာလား"
အခ်ိန္ကား သီတင္းကြၽတ္ေက်ာင္းပိတ္ရက္သို႔ ေရာက္ခဲ့ေလၿပီ။ ထူးဆန္းစြာခင္မင္ခြင့္ရခဲ့ၾကေသာ သူတို႔ႏွစ္ဦးၾကား႐ွိ အေနအထားကလည္း ေဝဝါးေသာေလထုထဲသို႔ ဆင္းသက္ခဲ့ရသည္။ ကာရန္႐ွင္းကလည္း ညီသုတတစ္ေယာက္တည္းကိုသာ ထူးျခားစြာမ်က္ႏွာသာေပးခဲ့သလို ကာရန္႐ွင္းအတြက္ ညီသုတ၏အျပဳအမူ၊အေျပာအဆိုမ်ားမွာလည္း သိသာစြာထူးျခားခဲ့ေလသည္။
ကာယကံ႐ွင္ႏွစ္ေယာက္က ထူးျခားေသာထိုအေျခအေနကို မ်က္ႏွာလႊဲထားၾကေသာ္လည္း ေဘးလူမ်ားကမူ သူတို႔ႏွစ္ဦး၏အေျခအေနကို ရိပ္စားမိခဲ့ၾကသည္အထိ ျမင္သာထင္႐ွားလြန္းခဲ့သည္။
ထိုကဲ့သို႔ေသာအေျခအေနမ်ားၾကားတြင္ ညီသုတသည္ အခ်ိန္တစ္ရက္လြန္လာေလေလ ကာရန္႐ွင္း၏အိမ္ျပန္ရက္မ်ားႏွင့္ပတ္သက္၍ စိုးထိတ္လာေလေလပင္။
ကာရန္႐ွင္းကလည္း ဆုံးျဖတ္ခ်က္ေရေရရာရာခ်ႏိုင္စြမ္းမ႐ွိဟန္ျဖင့္ တုံဏွိဘာေဝျဖစ္ေနခဲ့သည္။
"မသိေသးဘူး။ ေသခ်ာတာေတာ့ စာေမးပြဲေျဖၿပီးတာနဲ႔ ခဏေတာ့ျပန္ရလိမ့္မယ္။ ေအာင္စာရင္းထြက္တဲ့အခ်ိန္က်မွ ဘာဆက္လုပ္ရမယ္ဆိုတာ မိသားစုနဲ႔တိုင္ပင္ျဖစ္မွာ"
ကာရန္႐ွင္းလို လူတစ္ေယာက္အဖို႔ အစီအစဥ္ခ်ထားသည့္ ကိစၥမ်ားသည္လြဲေခ်ာ္၍မရေပ။ ယခုေတာ့ အသစ္အသစ္ေသာခံစားခ်က္မ်ားက သူစီစဥ္ထားသမွ်အစီအစဥ္မ်ားကို ကေမာက္ကမျဖစ္ေအာင္ ဖန္တီးေနေလၿပီ။ ခ်ီတုံခ်တုံျဖစ္ခဲ့ရေလျခင္း...။
"ဒီေမးခြန္းကို အရင္ကသာ လာေမးခဲ့ရင္ ငါ့အေျဖက ျပတ္သားေနမွာပဲ။ ဒါေပမယ့္ အခုေတာ့ ငါ့မွာ ေနာက္ဆံတင္းစရာေလးေတြ႐ွိလာၿပီ"
ကာရန္႐ွင္းက ညီသုတကို နင့္နင့္နဲနဲစိုက္ၾကည့္၍ ေျပာလာသည္။ ထိုနက္႐ိႈင္းေသာအၾကည့္တို႔ကို ညီသုတအဓိပၸါယ္မေဖာ္တတ္ေခ်။
"အဲ့ဒါဘာလဲ"
ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ ညီသုတကေမးမိေသာ္လည္း ကာရန္႐ွင္းက ေျဖရန္စိတ္ကူးမ႐ွိသည့္အလား ေခါင္းငိုက္စိုက္ခ်ထားသည္။ ထို႔ေနာက္ ညီသုတမသိေအာင္ သက္ျပင္းဖြဖြခ်ၿပီး မေရရာမႈမ်ားကို ဆက္လက္ထိန္းသိမ္းထားေလသည္။
ထိုပုံစံက ညီသုတကို ပို၍နားလည္ရခက္ေစသည္။ ညီသုတလည္း လက္႐ွိအေျခအေနေၾကာင့္ ဘာဆက္လုပ္သင့္သလဲဆိုသည့္ ေမးခြန္းကို ကိုယ့္ကိုယ္ကိုယ္အၿမဲေမးမိသည္။ ထိုေမးခြန္းအတြက္ အေျဖဟာ အၿမဲလိုလို မ႐ွိခဲ့ေခ်။ ထိုအေၾကာင္းကို သူ၏သူငယ္ခ်င္းႏွစ္ေယာက္အား ေျပာျပမိေသာ္ သူတို႔ကလည္း သူ႕အစား အားမလိုအားမရျဖစ္ၾကသည္။
"မင္း အရင္ကေတာ့ ဖြင့္ေျပာဖို႔အထိေတာင္ စိတ္ကူးထားတာမလား။ အခုမွ ဘာေတြ ေတြေဝေနတာလဲ"
စြမ္းထက္ပိုင္က ညီသုတ၏တြန္႔ဆုတ္ေနမႈကို အၿမဲတမ္း ေစာဒကတက္ကာ ေျပာေလ့႐ွိသည္။
"ငါထင္တာေတာ့ သူနဲ႔ျပႆနာျဖစ္တုန္းက သူေျပာခဲ့တဲ့စကားေတြေၾကာင့္ စိတ္ဒဏ္ရာက်န္ခဲ့တာပဲျဖစ္ရမယ္"
ထိုစဥ္က ကာရန္႐ွင္း ေဒါသတႀကီးႏွင့္ ေျပာခဲ့သည့္စကားလုံးမ်ားက ယခုထိ ညီသုတ၏မသိစိတ္ထဲ၌ စြဲထင္လ်က္ က်န္ရစ္ေနခဲ့သည္။ အၿငႇိဳးထားျခင္းမ်ိဳး မဟုတ္ေသာ္လည္း ထိုစကားမ်ားေၾကာင့္ တတ္ႏိုင္သမွ်ဆင္ျခင္ခဲ့သည္။
"ငါက သူ႕အတြက္ျပည့္စုံေနၿပီဆိုမွပဲ သူ႕အနားကို ခ်ဥ္းကပ္ခ်င္တယ္။ ပထမတစ္ခါလိုအမွားမ်ိဳး ဆက္မျဖစ္ခ်င္ေတာ့ဘူး"
"အဲ့လိုနဲ႔ သူမ်ားေနာက္ကိုပါသြားလိမ့္မယ္။ ၾကည့္ၾကပ္လုပ္ၾကေဟ့"
လင္းထက္ပိုင္က စကားကိုတုတ္ထိုးအိုးေပါက္ေျပာေလ့႐ွိသူျဖစ္ရာ သူ၏စကားမ်ားက အနည္းငယ္မာထန္ထန္ႏိုင္လွေသာ္လည္း အမွန္တရားျဖစ္သည္ကိုမူ ျငင္းမရေပ။
"မသိေတာ့ဘူးကြာ။ ျဖစ္ခ်င္ရာျဖစ္ေတာ့။ ေလာေလာဆယ္ စာကိုပဲအာ႐ုံစိုက္ထားဦးမယ္"
"ေနဦး။ စာကိုအာ႐ုံမစိုက္ခင္ ငါတို႔ႏႊဲစရာပြဲေလးတစ္ပြဲက်န္ေသးတယ္"
စြမ္းထက္ပိုင္က ညီသုတကို မ်က္စပစ္ျပ၍ ေျပာေလရာ လင္းထက္ပိုင္ကပါ သူ၏စကားကိုေထာက္ခံေလဟန္ျဖင့္ ေခါင္းညိတ္ျပေလသည္။ သို႔ေသာ္ ညီသုတကမူ နားမလည္ေခ်။
"ဘာပြဲလဲ။ ဘုရားထဲက ဆီမီးတစ္ေထာင္ကပ္မွာကိုေျပာတာလား"
ညီသုတ၏စကားကိုၾကားေသာအခါ လင္းထက္ပိုင္က မ်က္ႏွာကို႐ႈံ႕မဲ့၍ ညီသုတကို စိတ္တိုစြာစိုက္ၾကည့္ေနၿပီး စြမ္းထက္ပိုင္ကမူ ေခါင္းတခါခါလုပ္ေနေလ၏။
"အခုမွ ဘုရားျဖစ္မယ့္အုတ္နီခဲႀကီး လုပ္ျပမေနနဲ႔။ ေနာက္လထဲ မင္းရဲ႕ေမြးေန႔႐ွိတယ္ေလ"
"ေၾသာ္.. ဟုတ္သားပဲ"
"ဘာဟုတ္သားပဲလဲ။ ေကြၽးရမွာေၾကာက္လို႔ သက္သက္မဲ့မသိခ်င္ေယာင္ေဆာင္ေနတာမလား"
"မဟုတ္ပါဘူးကြာ။ တကယ္ေမ့ေနတာ။ မင္းတို႔ေျပာမွသတိရတယ္"
"ေအးေပါ့။ မႊန္ေနရတာနဲ႔ မအားဘူးေလ။ ကိုယ့္ေမြးေန႔ကိုေတာင္ ေမ့တဲ့အထိ"
လင္းထက္ပိုင္က အာေပါင္အာရင္းသန္သန္ အ႐ြဲ႕တိုက္ေလရာ က်န္ႏွစ္ေယာက္ကလည္း မေနႏိုင္ဘဲ ေအာ္ရယ္မိေတာ့သည္။
"မင္းကလည္းကြာ။ အားႀကီးနဲ႔ေျပာတာ"
"ေျပာရမွာပဲေလ။ ဒီေကာင္ အခ်ိဳးေတြေျပာင္းေနတာၾကာၿပီ။ တည္ၿငိမ္သြားတဲ့ပုံစံနဲ႔ သူကမလိုက္ပါဘူးကြာ"
"သူတည္ၿငိမ္သြားေတာ့ မင္း အေၾကာင္း႐ွာၿပီး ဆဲလို႔မရေတာ့လို႔ ေပါက္ကြဲေနတာမလား"
"သူေတာင္းစား။ ငါ့ကို မဆဲဆဲေအာင္ လုပ္ေနတာ"
အဆုံးတြင္ ခ်ဳပ္တည္းထားေသာ လင္းထက္ပိုင္၏ဆဲသံမ်ား ထြက္ေပၚလာေလၿပီျဖစ္ရာ စြမ္းထက္ပိုင္က လက္ခုပ္လက္ဝါးတီး၍ပင္ ေအာင္ပြဲခံျပေနေလသည္။ ညီသုတကလည္း သူတို႔ႏွစ္ေယာက္ရန္ျဖစ္ေနသည္ကို ၾကည့္ရင္း ေဘးနားတြင္ အူတက္မတတ္ေအာ္ရယ္ေနေလသည္။ တိတ္ဆိတ္ေနေသာ ရပ္ကြက္ငယ္ေလးထဲတြင္ သူတို႔၏ေအာ္သံ၊ရယ္သံမ်ားက က်ယ္ေလာင္စြာ လႊမ္းမိုးထားေလသည္။
သုံးေယာက္သားအမ်ိဳးမ်ိဳးဗ႐ုတ္က်ၿပီးေနာက္တြင္ ရယ္ရတာေမာသြားၾကေသာေၾကာင့္ ေဟာဟဲဆိုက္ေနၾကခ်ိန္မွသာ တိတ္ဆိတ္သြားၾကေတာ့သည္။
"ဒါနဲ႔ သုတ..မင္းရဲ႕ေမြးေန႔ကို ကာရန္႐ွင္းကိုေရာ ဖိတ္မွာလား"
စြမ္းထက္ပိုင္၏ အေမးကို လင္းထက္ပိုင္က မ်က္ေစာင္းတစ္ခ်က္ႏွင့္ အရင္တုံ႔ျပန္သည္။
"သူမဖိတ္ရင္ ဟိုက မလာမယ့္ပုံေပါက္ေနလို႔လား။ သူ႕ေမြးေန႔လို႔သာ သိၾကည့္လိုက္။ မဖိတ္လည္း မ်က္ႏွာေျပာင္တိုက္ၿပီး လာမယ့္ေကာင္ကို"
"ငါ့ေမြးေန႔ကို သူမသိဘူး။ သူက ေနာက္လထဲမွာ ရန္ကုန္ကို သုံးရက္ေလာက္ျပန္မွာလို႔ေျပာတယ္ကြ။ သူေျပာတဲ့အတိုင္းသာဆိုရင္ ငါ့ေမြးေန႔ေလာက္မွာပဲ သြားျဖစ္မယ့္ပုံပဲ။ ေျပာမေနေတာ့ပါဘူး။ သူမ်ားတကာကို အေႏွာင့္အယွက္ေပးသလိုျဖစ္ေနမယ္"
ညီသုတ၏စကားအဆုံးတြင္ အႁမႊာႏွစ္ေယာက္သည္ တစ္ေယာက္ကိုတစ္ေယာက္ လွည့္ၾကည့္ျဖစ္ၾကသည္။ အဓိပၸါယ္ပါလွေသာ အၾကည့္တို႔တြင္ အၾကံတူေနၾကသည္ကို အခ်င္းခ်င္းသိလိုက္ၾကသည္။ တစ္စုံတစ္ေယာက္ကေတာ့ မၾကာခင္မွာ ေပ်ာ္ေပ်ာ္ႀကီးစပ႐ိုက္အတိုက္ခံရေပေတာ့မည္။
......
ေက်ာင္းပိတ္ရက္တြင္လည္း မသာယာႏိုင္ေသာ သူတို႔သည္ ငါးရက္ေျမာက္ေန႔တြင္ ဤလအတြက္ ပထမဆုံးSurprise Testႏွင့္ တိုးေလေတာ့သည္။ ထိုအေျခအေနကို ႀကိဳခန္႔မွန္းထားမိသျဖင့္ စာၾကည့္ထားေသာ ညီသုတသည္ နည္းနည္းမွ်မတုန္လႈပ္ေသာ္လည္း အႁမႊာႏွစ္ေယာက္ကမူ ထုံးစံအတိုင္း တိုင္ပတ္ေနၾကေတာ့သည္။
"ငါမုန္းလာၿပီ။ ဒီsurprise testေတြခ်ည္းပဲ ဆက္တိုက္လာေနတာ ေတာ္ေတာ္စိတ္တိုေနၿပီ"
"မေပ်ာ္ေတာ့ဘူး။ တကယ္မေပ်ာ္ေတာ့ဘူး"
ဤတစ္ႀကိမ္တြင္လည္း စြမ္းထက္ပိုင္သည္ ကာရန္႐ွင္းႏွင့္အေပးအယူလုပ္ရန္ စိတ္ကူးမိျပန္သည္။ ဤတစ္ႀကိမ္တြင္မူ သူတို႔၌ master card႐ွိထားသျဖင့္ ယုံၾကည္မႈအျပည့္႐ွိေနေလသည္။
"ကာရန္႐ွင္း.."
စြမ္းထက္ပိုင္က ကာရန္႐ွင္း၏ေက်ာကိုတို႔၍ နာမည္ကိုေခၚလိုက္ေလရာ ကာရန္႐ွင္းက အေနာက္သို႔ေခါင္းငဲ့ၾကည့္လာသည္။ ထို႔ေနာက္ သူတို႔၏ရည္႐ြယ္ခ်က္ကို သိေနသည့္အလား ေခါင္းတခါခါလုပ္ေလသည္။
"လုပ္မေနနဲ႔။ ဒီတစ္ခါက ေနရာေတြေျပာင္းၿပီး ေျဖခိုင္းမွာတဲ့"
"ေဘာလုံးပဲေဟ့...ဒီတစ္ခါေတာ့ အပိုင္ပဲလို႔တြက္ထားတာ"
လင္းထက္ပိုင္က အသံကိုမထိန္းဘဲ စိတ္လြတ္လက္လြတ္ထဆဲေလေတာ့သည္။ သူ၏အသံသည္ အတြင္းေဆာင္ေရာအျပင္ေဆာင္အထိပါ ျပန္႔သြားသျဖင့္ ၾကားရသူတိုင္းက တိုးတိုးႀကိတ္ႀကိတ္ရယ္ေနၾကသည္။
"လင္းထက္.. မင္းရဲ႕ငွက္ဆိုးထိုးသံႀကီးနဲ႔ အားမနာပါးမနာေအာ္မေနနဲ႔"
ညီသုတက လင္းထက္ပိုင္၏အျဖစ္ကို ေလွာင္ေလရာ လင္းထက္ပိုင္ကလည္း ေဒါသထြက္သည္ႏွင့္ေရာကာ ပစ္ပစ္ႏွစ္ႏွစ္ထပ္ဆဲျပန္သည္။
"ငွက္ဆိုးက ဘယ္လိုထိုးလဲ ျပရမလား"
"ေတာ္စမ္းပါကြာ။ မဆိုင္တဲ့လူကို ပတ္ရမ္းမေနနဲ႔"
"ထားလိုက္ပါ စြမ္းထက္ရာ။ ဒီေကာင္က ေသၿပီးလို႔ ငရဲျပည္ေရာက္ရင္ေတာင္ ယမမင္းကို ထိုင္ဆဲေနမယ့္ေကာင္မ်ိဳး"
"သုတ... မင္းငါ့ကိုေစတနာပ်က္ေအာင္မလုပ္နဲ႔ေနာ္"
လင္းထက္ပိုင္က ညီသုတကို လက္ညိႇဳးတထိုးထိုးႏွင့္ ၿခိမ္းေျခာက္ေလေသာအခါ ညီသုတက နားမလည္ဟန္ႏွင့္ ေငးၾကည့္ေနသည္။ စြမ္းထက္ပိုင္ကမူ သူတို႔၏အစီအစဥ္ကို ေဖာ္ထုတ္လုမတတ္ျဖစ္ေနေသာ လင္းထက္ပိုင္၏ ပါးစပ္ကို လက္ဝါးႏွင့္အုပ္ထားလိုက္ၿပီး သတိေပးသည့္အေနႏွင့္ ေပါင္တြင္းေၾကာကို ခပ္နာနာဆြဲဆိတ္လိုက္သည္။
ထိုအခါ လင္းထက္ပိုင္မွာ နာလြန္းလွသျဖင့္ စြမ္းထက္ပိုင္ခ်ဳပ္ထားသည့္ၾကားမွ အေၾကာဆြဲေနသူတစ္ေယာက္လို တြန္႔လိမ္ေနေလသည္။
"ဘာေတြျဖစ္ေနၾကတာလဲ"
ညီသုတကေတာ့ သူ႕ေဘးတြင္ ျဖစ္ပ်က္ေနၾကေသာ ႏွစ္ေယာက္သားကို ေၾကာင္အမ္းအမ္းျဖင့္သာ ေငးၾကည့္ေနမိေတာ့သည္။
"သူတို႔ကိုအသာထားလိုက္.. သုတ.. က်ဴ႐ွင္ဆင္းရင္ မင္း ငါ့အိမ္ကိုလိုက္ခဲ့ပါလား"
အေ႐ွ႕ခုံမွ ကာရန္႐ွင္းက စာလုပ္ေနျခင္းကို ရပ္တန္႔ကာ ညီသုတဘက္သို႔ လွည့္၍ ေလးေလးနက္နက္ေျပာလာေလရာ ညီသုတကလည္း တစ္ခဏမွ် အံ့အားသင့္သြားရသည္။
"ဘာလို႔လဲ"
"သြားစရာ႐ွိလို႔ပါ။ ငါ့အိမ္ကို ခဏဝင္ၿပီးမွ သြားရမွာေလ။ ၿပီးေတာ့ ငါမင္းကို ေန႔လယ္စာလည္း ေကြၽးခ်င္ေသးလို႔"
"မင္းရဲ႕အိမ္မွာလား"
ကာရန္႐ွင္းက အိမ္အလည္လိုက္ရန္ ေခၚေသာ ကိစၥမွာ အလြန္ထူးျခားသည္ဟု ဆိုရေပမည္။ ထို႔ေၾကာင့္ ညီသုတကလည္း ခ်က္ခ်င္းလက္ခံလိုက္ရန္လည္း ဝန္ေလးမိသည္။ ယတိျပတ္ျငင္းလိုက္ရန္ဆိုလွ်င္ ပိုဆိုးေသးသည္။
"မဟုတ္ဘူး။ အိမ္မွာ ငါ့မိဘေတြမ႐ွိဘူး။ ငါမင္းကို ဆိုင္မွာဝယ္ေကြၽးမလို႔။ ၿပီးမွ ငါတို႔သြားရမယ့္ေနရာကို သြားၾကမယ္ေလ"
ကာရန္႐ွင္းက ညီသုတျငင္းလိုက္မည္စိုး၍ စကားကို သတိထား၍ ေျပာေနမွန္း သိသာ၏။ ညီသုတက လက္မခံလိုသည့္ အရိပ္အေယာင္မ်ား ျပေနေသာအခါ ကာရန္႐ွင္းက သူ၏စကားကို ထပ္မံျဖည့္စြက္လိုက္ျပန္သည္။
"သိပ္မၾကာပါဘူး။ ငါ မင္းကို ျပန္လိုက္ပို႔ေပးမယ္ေလ။ မင္းမပါရင္ ငါတစ္ေယာက္တည္းျဖစ္ေနမွာ။ ငါ အဲ့ဒီကို တစ္ေယာက္တည္းမသြားခ်င္လို႔"
သနားစဖြယ္ေလသံေလးဟာ ညီသုတ၏ ရင္ကို ဆြဲစုတ္လိုက္သလိုပင္။ ခံႏိုင္ရည္မ႐ွိသည့္အဆုံး ညီသုတလည္း ေခါင္းညိတ္ျပ၍ လက္ခံေၾကာင္း ေျပာလိုက္သည္။ ထိုအခါမွ ျပဳံး႐ႊင္လာေသာ ကာရန္႐ွင္း၏အမူအရာမ်ားေၾကာင့္ ညီသုတလည္း စိတ္ေက်နပ္ရသည္။
အခ်စ္ဆိုသည့္အရာက သူေပ်ာ္ေနလွ်င္ ကိုယ္ပါ အလိုလို လိုက္ျပဳံးမိတတ္သည့္ ဆြဲငင္အားမဟုတ္လား။
က်ဴ႐ွင္ဆင္းေသာအခါ အႁမႊာႏွစ္ေယာက္ကို အက်ိဳးအေၾကာင္းေျပာ၍ ညီသုတလည္း ကာရန္႐ွင္းႏွင့္ လိုက္သြားခဲ့သည္။ အႁမႊာႏွစ္ေယာက္ကမူ ထုံးစံအတိုင္း မေက်မနပ္ေရ႐ြတ္ကာ က်န္ေနခဲ့သည္။
ကာရန္႐ွင္းက သူ၏စကားအတိုင္း အရင္ဆုံး သူ၏အိမ္သို႔ ဝင္သည္။ သူတို႔ႏွစ္ေယာက္၏လြယ္အိတ္မ်ားကို သူ၏အခန္းထဲသို႔ ထားခဲ့ၿပီး ပိုက္ဆံအိတ္ႏွင့္ ႀကိဳတင္ျပင္ဆင္ထားဟန္႐ွိေသာ ပန္းစည္းတစ္စည္းကို ယူ၍ ထြက္လာခဲ့ၾကသည္။
ကားကို ဒ႐ိုင္ဘာဦးေလးႀကီးက ေမာင္းသျဖင့္ သူတို႔ႏွစ္ေယာက္က အေနက္ခန္းတြင္ ေဘးခ်င္းယွဥ္၍ ထိုင္ၾကရသည္။ ကားေမာင္းေနစဥ္တြင္ ညီသုတဟာ ကာရန္႐ွင္းယူလာေသာ ပန္းစည္းကို တၾကည့္ၾကည့္လုပ္ေနသျဖင့္ ကာရန္႐ွင္းကလည္း မေမးေသာေမးခြန္း၏ အေျဖကို ပြင့္ပြင့္လင္းလင္းေျဖသင့္မေျဖသင့္ စဥ္းစားေနခိုက္ ညီသုတက သူ႕ဘက္သို႔လွည့္ကာ စကားစလာ၏။
"ကာရန္"
"ဟင္"
"ငါတို႔ အခု ဘယ္ကိုသြားေနတာလဲ။ အဲ့ဒီပန္းစည္းကေရာ ဘယ္သူ႕အတြက္လဲ"
သိလိုစိတ္အျပည့္ျဖင့္ ေမးလာေသာ ညီသုတကို ကာရန္႐ွင္းကလည္း ေလးေလးနက္နက္စိုက္ၾကည့္ရင္း ေျဖလိုက္သည္။
"သုတ.."
"အင္း"
"မင္းသိမလားေတာ့ ငါမေျပာတတ္ဘူး။ ငါ့မွာ အရင္တုန္းက အစ္ကိုတစ္ေယာက္႐ွိခဲ့တယ္။ သူ႕နာမည္က ေနရန္႐ွင္းတဲ့။ အခု ငါတို႔ သူ႕ဆီကိုသြားေနတာ"
ညီသုတလည္း ကာရန္႐ွင္း၏စကားထဲမွ နက္နဲေသာအဓိပၸါယ္မ်ားကို ႐ွာေဖြရင္း ကာရန္႐ွင္း၏အမူအရာကိုလည္း အကဲခတ္ေနမိသည္။ ကာရန္႐ွင္းမွာ ညီသုတကို မ်က္ႏွာလႊဲထားၿပီး သူ၏အၾကည့္ကို ကားျပတင္းအားေက်ာ္၍ အျပင္မွ႐ႈခင္းမ်ားကို ၾကည့္ခ်င္ေယာင္ေဆာင္ေနေလ၏။
မတိုင္ခင္က ၾကည္လင္ေနခဲ့ေသာ သူ၏မ်က္ႏွာသည္ ယခု မႈန္မိႈင္းမိႈင္းျဖစ္ေန၏။ ကန္ေရၾကည္ကို ခဲတစ္လုံးပစ္သြင္းလိုက္သျဖင့္ ေနာက္က်ိသြားသလို သူ၏မ်က္ႏွာအမူအရာမ်ားသည္ သိသာစြာ ေျပာင္းလဲသြားသည္။ ထိုအမူအရာမ်ားကပင္ သူ႕အား အထီးက်န္ဆန္ေနေစျပန္သည္။ ထိုပုံစံေလးကိုျမင္ရေသာအခါတြင္လည္း ညီသုတဟာ လိုက္လာမိသည္ကို ကိုယ့္ကိုယ္ကိုယ္ေက်းဇူးတင္ေနမိသည္။
ညီသုတလည္း ဆန္းဆန္းျပားျပားအေတြးမ်ားမေနႏိုင္ေတာ့ဘဲ ကာရန္႐ွင္းကို ႏွစ္သိမ့္လိုေသာရည္႐ြယ္ခ်က္ျဖင့္ ပန္းစည္းအား ခပ္ဖြဖြကိုင္ထားေသာ သူ၏လက္ဖဝါးတစ္ဖက္ကို ဆြဲယူ၍ အသာအယာဖ်စ္ညႇစ္ထားလိုက္သည္။ထိုအခါမွသာ မတိုင္မီက သူသတိမထားမိေသာ အခ်က္ကို သတိျပဳမိေတာ့သည္။
ကာရန္႐ွင္း၏လက္သည္ တဆတ္ဆတ္တုန္ရီေနေလျခင္း...။ ညီသုတလည္း အထိတ္တလန္႔ျဖင့္ သူ႕အနားသို႔ တိုးကပ္ကာ ေနာက္လက္ဖဝါးတစ္ဖက္ကိုပါ ဆြဲယူလိုက္ရာ ကာရန္႐ွင္း၏ လက္ထဲမွ ပန္းစည္းသည္ ေပါင္ေပၚသို႔ ျပဳတ္က်သြားရသည္။ ညီသုတလည္း အဆက္မျပတ္တုန္ခါေနေသာ လက္ဖဝါးႏွစ္ဖက္သည္ သူ၏လက္မ်ားျဖင့္ အုပ္မိုးထားမႈေၾကာင့္ တျဖည္းျဖည္းတည္ၿငိမ္လာသည္ကို သတိထားမိေသာအခါ ထိုလက္ႏွစ္ဖက္လုံးကို မလႊတ္တမ္းဆုပ္ကိုင္ထားေပးမိသည္။
ကာရန္႐ွင္းကလည္း ညီသုတကို ေမွ်ာ္လင့္ခ်က္မဲ့ေနသည့္အၾကည့္တို႔ျဖင့္ ကူကယ္ရာမဲ့စြာ ေငးေမာေနေလ၏။ ထို႔ေနာက္ ကာရန္႐ွင္းက မ်က္ႏွာလႊဲသြားၿပီး အခ်င္းခ်င္းယွက္ျဖာလ်က္႐ွိေသာ လက္ေခ်ာင္းမ်ားကို ရီေဝေဝစိုက္ၾကည့္ေနျပန္သည္။ လက္ေခ်ာင္း႐ွည္သြယ္သြယ္ေလးမ်ားက သူ၏လက္ဆစ္တုတ္ေသာ လက္ေခ်ာင္း႐ွည္မ်ားကို သြယ္ယွက္ထားပုံကို ေငးေမာရင္း ရင္ကိုဖိစီးထားေသာ ဝမ္းနည္းမႈမ်ားက ပိုကဲလာရသည္။
ညီသုတလည္း ကာရန္႐ွင္း၏အမူအရာတစ္ခုခ်င္းစီကို အကဲခတ္ေနမိသျဖင့္ ထိုအခ်င္းအရာကို သတိထားမိလိုက္ေသာ္ျငား ဘာမွထုတ္မေျပာျဖစ္ေခ်။
ကာရန္႐ွင္းသည္ ေလပူမ်ားကို မႈတ္ထုတ္လိုက္ၿပီးေနာက္ ညီသုတထင္မထားေသာ လုပ္ရပ္တစ္ခုကို ျပဳမူလိုက္၏။ သူသည္ သူ၏ေခါင္းကို ေစာင္းကာ ညီသုတ၏ပခုံးေပၚသို႔ မွီတြယ္လာသည္။ ထိုအခိုက္တြင္ ညီသုတသည္ တစ္ကိုယ္လုံးေတာင့္ခဲသြားရၿပီး အသက္ပင္ဝေအာင္မ႐ွဴရဲေတာ့ေပ။ ကာရန္႐ွင္း၏ဆံစေလးမ်ားသည္လည္း သူ၏ဂုတ္ပိုးႏွင့္ လည္ပင္းတစ္ဝိုက္ကို ပြတ္သပ္ေနသလိုျဖစ္ေနသျဖင့္ ခႏၶာကိုယ္ကို တုတ္တုတ္မွ်ပင္ လႈပ္ခြင့္မေပးဘဲ သတိလက္လြတ္တည့္မတ္ထားမိျပန္သည္။
"သုတ.. ငါက တကယ္ပဲ မင္းေျပာသလို သတၱိမ႐ွိဘူးထင္တယ္"
ထိုစကားေၾကာင့္ ညီသုတ၏လက္႐ွိျဖစ္ေနေသာ မသက္မသာခံစားခ်က္မ်ား ေလ်ာ့နည္းသြားၿပီး ကာရန္႐ွင္းကို သနားစိတ္ပိုလာရသည္။
"မင္းက အခက္အခဲေတြၾကားမွာ လက္မေလွ်ာ့ဘဲ ဆက္တိုက္ခိုက္ေနသေ႐ြ႕ သတၱိ႐ွိေနဆဲပါပဲကြာ။ အနည္းဆုံးေတာ့ မင္းအ႐ႈံးမေပးဘူးေလ"
"ဒါေပမယ့္ ငါ ႏိုင္ေအာင္လည္း မလုပ္ႏိုင္ေသးဘူးေလ။ အဲ့ဒါက အ႐ႈံးသမားနဲ႔ ဘာကြာေသးလို႔လဲ"
"ကိုယ့္ကိုယ္ကိုယ္စြန္႔ပစ္လိုက္တဲ့လူကမွ တကယ့္အ႐ႈံးသမားပါ။ မင္းက မင္းရဲ႕ဘဝကို ျပန္ဆြဲတင္ေနေသးတာပဲ။ သူရဲေကာင္းျဖစ္ဖို႔အတြက္ တိုက္ပြဲတစ္ရာေအာင္ႏိုင္ဖို႔မလိုပါဘူး။ တိုက္ပြဲဝင္စိတ္ဓာတ္ စစ္မွန္ေနဖို႔ပဲ အေရးႀကီးတာ"
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
A/N : ေၾသာ္ Dramaေတြ ဆက္တိုက္လာေတာ့မယ္🤧
°°°°°°°°°°°°°°°°°°°°°°°°°°°°