(Unicode Version)
အခန်းထဲ ဝင်သွားစဉ်က သိင်္ဂါရရဲ့စိတ်ပျက်အားလျော့နေတဲ့ပုံစံကြောင့် စိုင်းရသဦးလည်း ကြားထဲကနေ ဘယ်လိုပုံစံမျိုးနဲ့ ဝင်ကူညီပေးရမယ်မှန်း မသိနိုင်တော့ပေ။
"📱...📱...📱"
ရုတ်တရက် ဖုန်းသံမြည်လာတာမို့ ခေါ်ဆိုသူကို ကြည့်မိချိန်မှာ လင်္ကာမျိုး ဖြစ်နေခဲ့လေသည်။
"ဟယ်လို...ကိုမျိုး..."
"ရသရေ...အစ်ကို မင်းကို မေးစရာလေးရှိလို့။"
"ဟုတ်ကဲ့...မေးပါ။"
"Theoဆိုတဲ့တစ်ယောက်က သိင်္ဂါရနဲ့ ပြတ်သွားပြီလား!?"
ထိုသတင်းက မျိုးအောင်ကနေတစ်ဆင့် လင်္ကာမျိုးရဲ့နားထဲသို့ ရောက်ရှိသွားမှန်း သိသာလှပေသည်။
"ဪ...ဟုတ်တယ်...ကိုမျိုး။ သူက အခု အသစ်တစ်ယောက်နဲ့ တွေ့နေပြီ။ ဒီတစ်ခါတော့ မိန်းကလေးပဲ။"
"သူ အခု ဘယ်မှာရှိသလဲဆိုတာကို မင်း သိလား!?"
"သူက ---ဟိုတယ်ကို နေ့တိုင်းနီးပါး သွားတတ်တယ်။ ကြည့်ရတာ ဟိုကောင်မလေးကလည်း အဲဒီမှာ နေလို့ ထင်တယ်။"
ထိုဟိုတယ်က ကေသရီ ရှိနေတဲ့ ဟိုတယ်မို့ လင်္ကာမျိုးရဲ့စိတ်ထဲမှာ ထင့်သွားမိသည်။
"ကျေးဇူးပါပဲကွာ။ အစ်ကိုလည်း အစီအစဉ်တွေ ချထားရမှာမို့လို့ မေးကြည့်တာပါ။"
"Theoက ဒီကောင်မလေးကိုတော့ အတည်လို့ ကျွန်တော် ထင်တယ်။ သူ လက်ထပ်တော့မယ်ဆိုပြီး ကျွန်တော့်ကို စသလိုနောက်သလိုနဲ့ ပြောသွားတာ။"
"ရသ ရှိနေတော့ အစ်ကိုလည်း တော်တော်အားတက်ရပါတယ်။ နောက်မှ လူချင်းထပ်တွေ့ကြတာပေါ့။ အခုက အစ်ကို့မှာ အလုပ်လေးတွေ ရှိနေသေးလို့။"
"ဟုတ်ကဲ့...ကိုမျိုး။"
လင်္ကာမျိုးရဲ့ဖုန်းကို ချပြီးပြီးချင်းမှာ စိုင်းရသဦးက Theoဆီသို့ လှမ်းဆက်သွယ်ခဲ့ရပြန်သည်။
"Theo...အရေးကြီးလို့ ငါ ပြောတာကို သေချာနားထောင်ပါ။"
ကေသရီ့ကို တစ်ခုခုလုပ်ပစ်ဖို့အထိ တွေးနေမိတဲ့ Theoက စိုင်းရသဦးရဲ့တားမြစ်မှုကြောင့် စိတ်ထိန်းပြီး ထပ်မေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ!?"
"လင်္ကာမျိုးက ငါ့ဆီ ဖုန်းဆက်လာတယ်။ ငါ အခု သူတို့ရဲ့မြားဦးကို ကေသရီ့ဘက် လှည့်ပေးလိုက်ပြီ။ မင်းရဲ့စိတ်ကို ထိန်းပြီး မလုပ်သင့်တာကို မလုပ်မိအောင်လို့ ငါ သတိလှမ်းပေးတာ။"
Theoရဲ့ဒေါသစိတ်က အနည်းငယ်မျှ ထိန်းလို့ ရသွားပေမယ့် ကျေနပ်သွားတာမျိုးတော့ မဟုတ်သေးပေ။
"Theo...သူက အစ်ကို့ကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနယ်ရုပ်ပဲ။ အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့။ အစ်ကို့ကို တွေးကြည့်ပြီး စိတ်ထိန်းပါ။"
ထိုအခါကျမှ Theoလည်း ရူးမိုက်ချင်စိတ်တွေကို ဖျောက်ဖျက်ပစ်ပြီး မဝံ့မရဲ မေးလာခဲ့သည်။
"သူ့အခြေအနေ ဘယ်လိုရှိလဲ!?"
"အခန်းထဲမှာ အနားယူနေတယ်။ စိတ်မပူပါနဲ့။ သူ အဆင်ပြေမှာပါ။ ငါလည်း ရှိနေတာပဲ။"
Theoက စားသောက်ဆိုင်ထဲက မြင်ကွင်းကို ပြန်မြင်ယောင်လာပြီး ထုတ်မေးလိုက်သည်။
"ရသ... မင်း သူ့ကို သဘောကျနေတာတော့ မဟုတ်ဘူးမလား!?"
"အစ်ကို့ကို ငါ သဘောကျတာပေါ့။ သူ့မှာက ဘာပြစ်ချက်မှ မရှိဘူးလေ။"
စိုင်းရသဦးက ဖြေဆိုရင်းနဲ့ ယခုအချိန်မှာ Theo ဖြစ်နေမယ့် မျက်နှာကို တွေးကြည့်ပြီး ပြုံးလိုက်မိသည်။
"ဒါပေမဲ့ ငါ သူ့ကို သဘောကျတယ်ဆိုတာက ရိုးရိုးသားသားပါပဲ။ အားလုံးပြည့်စုံတဲ့ အစ်ကိုတစ်ယောက်ကို ရထားလို့ ဂုဏ်ယူရသလိုမျိုးပေါ့။ သဝန်လိုက်တိုမနေနဲ့။"
"သဝန်တိုတာ မဟုတ်ပါဘူး။"
"သဝန်တိုတာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဒီကိစ္စတွေကို အမြန်ပြီးပြတ်အောင် လုပ်ဖို့သာ စဉ်းစား။ ပြီးရင် အစ်ကို့ရဲ့ဘေးနားကို မင်း ပြန်လာလို့ ရပြီ။"
စိုင်းရသဦးနဲ့ ဖုန်းပြောပြီးချိန်မှာ Theoက စိတ်ကို သေချာထိန်းချုပ်ကာ ကေသရီရဲ့အခန်းဆီသို့ တက်သွားခဲ့သည်။
"🔔...🔔...🔔"
ကေသရီက နီရဲနေတဲ့ ပါးပြင်ကို မှန်ထဲမှာ ကြည့်ပြီး ငိုနေစဉ် ကြားလိုက်ရတဲ့ လူခေါ်ဘဲလ်သံကြောင့် တံခါးထဖွင့်ပေးခဲ့ရသည်။ သူမရဲ့အခန်းသို့ တစ်ခါမှ လာမလည်ဖူးတဲ့ Theoက ယခုလို ရောက်ရှိလာခြင်းအပေါ် ထူးဆန်းနေမိပြန်သည်။
"ဘာလာလုပ်တာလဲ!?"
"မင်းကို တောင်းပန်ချင်လို့။"
ချိုချိုသာသာ ပြောလာသူက Theoမှ ဟုတ်သေးရဲ့လားဆိုပြီး သူမ အံ့ဩမိတာ အမှန်ပင်။
"ဘာအတွက် တောင်းပန်ချင်တာလဲ!?"
"စောစောက လူကြားထဲမှာ ငါ့အပြုအမူက လွန်သလို ဖြစ်သွားတယ်။"
"ရှင် သူ့ကို ချစ်နေသေးတယ်မလား!?"
"အရင်က အတူတွဲခဲ့ဖူးတဲ့ သံယောဇဉ်ကို လွယ်လွယ်ဖြတ်လို့မှ မရတာ။ ဒါပေမဲ့ ငါ ကြိုးစားပါ့မယ်။ တစ်နေ့နေ့တော့ သူ့ကို မေ့နိုင်မှာပါ။ ပြီးတော့ မင်းကို ငါ တောင်းဆိုစရာတစ်ခု ရှိတယ်။"
"သတင်းစုံစမ်းခိုင်းဦးမလို့လား!?"
"ငါ မင်းကို လက်ထပ်ချင်တယ်။"
မမျှော်လင့်ထားတဲ့ စကားကြောင့် ကေသရီက အပျော်ကြီး ပျော်သွားလေသည်။ သူမရဲ့စိတ်ကူးအိပ်မက်တွေက အလွယ်တကူ ပြည့်ဝသွားပြီမို့ မယုံနိုင်သလို ဖြစ်နေမိသည်။
"တကယ်ပြောနေတာလား!?"
"မင်းက ငါနဲ့ လက်မထပ်ချင်လို့လား!?"
"မ...မဟုတ်ပါဘူး။ မယုံနိုင်လို့ မေးကြည့်မိတာ။"
"လက်ထပ်ပွဲကို ကိစ္စတွေအားလုံး ရှင်းပြီးမှပဲ ကျင်းပကြတာပေါ့။ လောလောဆယ်တော့ လင်္ကာမျိုးနဲ့ ငါ ရှင်းစရာရှိသေးတယ်။"
"တို့ ဘာကူညီပေးရမလဲ!?"
"သူ ပြောတာကိုသာ နားထောင်ပေးလိုက်ရင် ရပါပြီ။ မင်းအတွက် အန္တရာယ် မဖြစ်စေချင်ဘူး။"
Theoရဲ့နူးညံ့လာတဲ့ စကားလုံးတွေအပေါ်မှာ ကေသရီက ပီတိဖြစ်နေခဲ့ရသည်။ အချိန်ကာလတစ်ခုသို့ ရောက်လျှင် Theoက သူမရှိရာဘက်ကို လှည့်ကြည့်နိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်ကလည်း တစ်စွန်းတစ်စ ပါဝင်ပေလိမ့်သည်။ တဖြည်းဖြည်း ဝေးကွာသွားတဲ့ Theoကို မျက်စိတစ်ဆုံး ငေးကြည့်ရင်းနဲ့ အတွေးကမ္ဘာထဲမှာ သူမ ပျော်ရွှင်ကာ ကျန်ရစ်ခဲ့လေသည်။
မြို့စွန်နားက တိုက်ပျက်တစ်ခုထဲမှာ ပုန်းခိုနေတဲ့ မျိုးအောင်က ဖုန်းမြည်သံကြောင့် လူတစ်ကိုယ်လုံး တုန်ရီသွားတော့သည်။ ထို့နောက် ခေါ်ဆိုသူရဲ့နာမည်ကို လှမ်းကြည့်ပြီး လင်္ကာမျိုးမှန်း သိလိုက်ရမှ သက်ပြင်းချကာ ဖုန်းဖြေပေးခဲ့သည်။
"ဟယ်လို...လင်္ကာမျိုး... Theoရဲ့သတင်းကို ရပြီလား!?"
"အသံက ဘာဖြစ်နေတာလဲ!? တုန်တုန်ရီရီနဲ့..."
"ငါ့လုံခြုံရေးအတွက် တစ်ခုခုလုပ်ပေးပါလို့ မင်းကို ပြောသားပဲ။ အခု ငါက ဘယ်သူမှ မသိအောင် လိုက်ပုန်းနေရပြီ။"
မျိုးအောင်ရဲ့စကားကို ကြားချိန်မှာ လင်္ကာမျိုးကလည်း စိုးရိမ်ထိတ်လန့်သွားရသည်။ အကြံအစည်တွေ မအောင်မြင်သေးခင်မှာ မျိုးအောင်ရဲ့ဒုစရိုက်မှုတွေကို လူသိခံလို့ မဖြစ်သေးပေ။ ထိုပြဿနာတွေက သူ့ဘက်ကို ဆက်နွယ်လာမှာ အရာရာကို ဖျက်ဆီးပစ်မှာ သေချာပေသည်။
"အခု ခင်ဗျားရဲ့နောက်ကို ဘယ်သူက လိုက်နေလို့လဲ!?"
"ဘယ်သူလိုက်နေမှန်း ငါလည်း သေချာမသိဘူး။ ဒါပေမဲ့ ငါနဲ့ အတူနေခဲ့တဲ့ အဖွားကြီးကို တစ်ယောက်ယောက်က လာခေါ်သွားတယ်တဲ့။"
"ဘယ်သူလဲဆိုတာ သေချာမေးကြည့်လိုက်လေ..."
"သွားမေးလို့ မဖြစ်ဘူး။ သူက လူလွှတ်ထားပြီး ငါ့ကို စောင့်ဖမ်းတော့မှာ။ အဲဒါကြောင့် ငါလည်း ချက်ချင်း ထွက်ပြေးလာခဲ့ရတာ။"
"ဟ...ခင်ဗျားက ကိုယ့်နောက်ကြောင်းကိုယ် ရှင်းထားမှပေါ့။"
"ငါလည်း ရှင်းမလို့ပါပဲ။ ဒါပေမဲ့ ဆေးရုံခန်းထဲမှာ ဘယ်လိုလုပ် ရှင်းပစ်လို့ ရမှာလဲ!? ပြီးတော့ အဲ့အဖွားကြီး သေသွားလို့ရှိရင် ငါက ရဲတွေနဲ့ ရင်ဆိုင်ရဦးမှာ။ အခုတောင် နောက်က လိုက်စုံစမ်းတဲ့သူတွေ ရှိနေတာ။ ရဲဘက်က ပါလာရင် ပြေးပေါက် မရှိတော့ဘူးကွ။"
မျိုးအောင်အပေါ် စေတနာ မရှိပေမယ့်လည်း လောလောဆယ်မှာ ခဏကာကွယ်ပေးထားဖို့ လင်္ကာမျိုးက ဆုံးဖြတ်လိုက်မိသည်။ ထိုအချိန်မှာပင် သူ့ခေါင်းထဲသို့ အတွေးတစ်ခုက ဝင်လာခဲ့လေသည်။
"ခင်ဗျားအတွက် နေစရာတစ်ခု ရှာတွေ့ထားတယ်။"
"ဘယ်နေရာလဲ!?"
"Theoရဲ့လက်ရှိရည်းစား နေတဲ့ ဟိုတယ်မှာ။"
"ဒါဆို သူနဲ့ တည့်တည့်ကြီး တိုးနေမှာပေါ့။"
"ရန်သူနဲ့ အနီးဆုံးက အလုံခြုံဆုံးပါပဲ။ သူတို့အကြောင်းကိုလည်း အနီးကပ် စုံစမ်းလို့ ရသွားပြီလေ။ ပြီးတော့ Theoက အဲဒီမိန်းမကို တော်တော်သဘောကျနေတယ်လို့ ကြားထားတယ်။ မကြာခင် လက်ထပ်ကြတော့မှာတဲ့။ သူနဲ့ ခြိမ်းခြောက်လိုက်ရင် ဟိုကောင့်ကို တကယ်ဖမ်းမိလောက်တယ်။"
ထိုအကြံက သိပ်မဆိုးလှတာမို့ မျိုးအောင်က လက်ခံပေးလိုက်သည်။
"ဒါနဲ့ သိင်္ဂါရကရော!?"
"သူ့ကိစ္စက ခဏထားလိုက်ဦးမယ်။ ဒီလထဲမှာ ကျုပ်ရဲ့မင်္ဂလာပွဲ ရှိတော့ သူသာ ကြွသွားရင် နှောင့်နှေးနေဦးမယ်။ မင်္ဂလာပွဲပြီးမှပဲ ဆက်သွားကြတာပေါ့။"
"ဒါဆို Theoကို အရင်ရှင်းလိုက်တော့မယ်။"
"အဲဒါကတော့ ခင်ဗျားရဲ့သဘောပဲ။ ဒါပေမဲ့ သူ မရှိတာကလည်း တစ်ရန်အေးတာပေါ့။"
"မင်းလည်း ငါနဲ့အတူ ပူးပေါင်းမှ ဖြစ်မယ်။"
"ကောင်းပြီလေ။ သူ့ရည်းစားရဲ့အခြေအနေကို တစ်ချက်စောင့်ကြည့်ပြီး လူလစ်တာနဲ့ ခေါ်ချလိုက်တော့။ ကျုပ်က လူအင်အားပဲ ထောက်ပံ့ပေးနိုင်မယ်။ ဝင်တော့ မပါပေးနိုင်ဘူး။ ကိုယ့်ကိစ္စ ကိုယ်ရှင်း..."
လင်္ကာမျိုးရဲ့ခွင့်ပြုချက်ကိုလည်း ရပြီမို့ မျိုးအောင်က အနည်းငယ်စိတ်အေးသွားရတော့သည်။ သူ့စိတ်မှာ အမြဲတစေ လိုက်နှောင့်ယှက်နေတတ်သူ အမြန်ဆုံးရှင်းထုတ်ဖို့ကိုသာ ကြိုတင်တွေးမျှော်ခဲ့မိသည်။
"အစ်ကို..."
စိုင်းရသဦးက ဖြိုးကျော်ဆီ သွားရမှာမို့ သိင်္ဂါရကို နှုတ်ဆက်စကားဆိုဖို့ ကြံရွယ်လိုက်ပေမယ့် အခန်းထဲက တုံ့ပြန်သံမကြားရပေ။
"အိပ်ပျော်နေတာများလား!?"
သို့ပေမဲ့ နေ့ခင်းကတည်းက အခန်းထဲကို ဝင်သွားပြီး ညဦးပိုင်းအထိ ပြန်ထွက်မလာတဲ့ သိင်္ဂါရအပေါ် စိုးရိမ်စိတ်က ဝင်လာခဲ့သည်။
"အစ်ကို့ပုံစံက အရမ်းလန့်သွားတဲ့ပုံစံမျိုးပဲ။ တော်ကြာ တစ်ခုခုဖြစ်နေဦးမယ်။"
စိုးရိမ်စိတ်ရဲ့လှုံ့ဆော်မှုကြောင့် အခန်းသော့အပိုနဲ့ ဖွင့်ဝင်လာပြီးနောက် မွေ့ရာပေါ်မှာ လဲလျောင်းနေတဲ့ သိင်္ဂါရကို မြင်တွေ့လိုက်ရသည်။
"အိပ်နေတာပဲ။ တော်သေးတာပေါ့။"
စိတ်အေးလက်အေးနဲ့ ပြန်ထွက်သွားဖို့ ပြင်လိုက်ပေမယ့် သိင်္ဂါရရဲ့မျက်နှာက ဝေဒနာခံစားနေရသလိုမျိုး မအီမသာ ဖြစ်နေတာမို့ အနားသို့ ချဉ်းကပ်ပြီး ကိုယ်အပူချိန်ကို စမ်းကြည့်လိုက်မိသည်။
"ကိုယ်တွေ ပူနေပါလား!?"
သိင်္ဂါရရဲ့ကိုယ်အပူချိန်က တော်တော်လေးများနေပြီး နှုတ်ကလည်း ကယောင်ကတမ်း ရေရွတ်နေသလိုပင်။ ဘာကို ရေရွတ်နေမှန်း သေချာကြားချင်စိတ်ကြောင့် စိုင်းရသဦးက အနားသို့ ပိုတိုးကပ်ကာ နားထောင်ကြည့်ခဲ့မိသည်။
"Theo..."
ထိုစကားလုံးကို ကြားရချိန်မှာ သိင်္ဂါရအပေါ် ကရုဏာသက်မိတာ အမှန်ပင်။ ရိုးရှင်းတဲ့ ဘဝမျိုးနဲ့သာ လိုက်ဖက်တဲ့ သိင်္ဂါရက ယခုလိုမျိုး စိတ်ဖိစီးမှုတွေ ခံစားနေရတာမို့ ကိုယ်တိုင်လည်း အပြစ်မကင်းသလို ခံစားနေရပြန်သည်။
သိင်္ဂါရရဲ့တစ်ကိုယ်လုံးမှာ ချွေးတွေက ရွှဲနစ်နေပေမယ့် စိုင်းရသဦးအနေနဲ့ အဝတ်အစားလဲပေးဖို့ကလည်း မသင့်တော်ပေ။ ထို့ကြောင့် Theoကိုသာ အမြန်ဖုန်းဆက်ပြီး လှမ်းခေါ်လိုက်ရတော့သည်။
ခဏအကြာမှာ Theoက အလောတကြီး ရောက်ရှိလာပြီး သိင်္ဂါရရဲ့အခြေအနေကို စိုးရိမ်စွာဖြင့် မေးမြန်းခဲ့သည်။
"သူ ဘာဖြစ်တာလဲ!?"
"ရိုးရိုးဖျားတာပါပဲ။ဒါပေမဲ့ ကိုယ်အပူချိန်က တော်တော်များတယ်။ အပူကြီးပြီး မင်းကိုပဲ တစ်ချိန်လုံးခေါ်နေတာ။"
Theoလည်း သိင်္ဂါရရဲ့နဖူးကို စမ်းကြည့်ပြီး ထိတ်လန့်သွားတော့သည်။
"ကိုယ်ကလည်း ပူချစ်နေတာပဲ!!! သူ ချွေးတွေ ဒီလောက်ထွက်နေတာကို အဝတ်အစားလဲပေးထားမှပေါ့။"
"မင်း မကြိုက်မှာစိုးလို့..."
ထိုအခါကျမှ Theoက မကျေမချမ်း ရေရွတ်မှုကို အဆုံးသတ်ခဲ့လေသည်။
"ရေဇလုံနဲ့ အဝတ်သန့်သန့်တစ်ခု ယူလာခဲ့ပေး။"
စိုင်းရသဦးက အမိန့်အတိုင်း သွားယူပေးနေချိန်မှာ Theoကတော့ သိင်္ဂါရရဲ့ချွေးစိုနေတဲ့ အဝတ်အစားတွေကို လဲလှယ်ပေးလိုက်သည်။
"ရေရပြီ..."
Theoက ရေဇလုံကို လှမ်းယူပြီး ခုတင်ဘေးက ခုံပေါ်မှာ တင်ကာ သိင်္ဂါရရဲ့နဖူးပေါ်သို့ အဝတ်စိုကပ်ပေးခဲ့ရသည်။
"Theo..."
နေမကောင်းတဲ့ကြားက ရေရွတ်နေရှာတဲ့ သိင်္ဂါရကို Theoက ငေးကြည့်ပြီး အားပေးစကား ဆိုလိုက်ရတော့သည်။
"ကိုယ် မင်းရဲ့အနားမှာ ရှိပါတယ်။"
ထိုစကားကို ကြားမှ သိင်္ဂါရရဲ့စိတ်က အေးချမ်းသွားသလို ခံစားရပြီး ရေရွတ်မှုကလည်း ရပ်တန့်သွားခဲ့သည်။
"သူ အစာစားပြီးပြီလား!?"
"ဘာမှ မစားရသေးဘူး။ နေ့လယ်ကတည်းက အခန်းထဲကို ဝင်သွားပြီး ပြန်ထွက်မလာလို့ ဝင်ကြည့်တော့မှ ဖျားနေမှန်း သိရတာ။ အစ်ကို့ကို တိုက်ဖို့ ဆန်ပြုတ်သွားပြုတ်ပေးရမလား!?"
"အင်း...မြန်မြန်လေး ပြုတ်ခဲ့။"
စိုင်းရသဦးက ဆန်ပြုတ်ပြုတ်ပေးဖို့ ထွက်သွားချိန်မှာ Theoလည်း သိင်္ဂါရရဲ့လက်ကို ဆုပ်ကိုင်ပြီး မျက်နှာလေးကို ငေးကြည့်နေမိသည်။
"ကိုယ်တို့ မတွေ့ဖြစ်ကြတာတောင် တစ်ပတ်လောက် ရှိသွားပြီပဲ။ မင်းကို ကိုယ် နေ့တိုင်း လွမ်းနေတယ်ဆိုတာကိုရော သိရဲ့လား!?"
သိင်္ဂါရရဲ့နဖူးပြင်ပေါ်က ဆံနွယ်လေးတွေကို ပွတ်သပ်ပေးရင်းနဲ့ Theoက ရေရွတ်နေမိပြန်သည်။
"ကိုယ့်ကို မင်း စိတ်နာနေလောက်ရောပေါ့။ မင်းက အကြိမ်ကြိမ်ခွင့်လွှတ်ပေးတတ်တော့ ကိုယ်ကလည်း အမှတ်မရှိဘဲ ထပ်မှားနေမိတာ။ ဘယ်အရာပဲဖြစ်ဖြစ် ကန့်သတ်ချက်တော့ ရှိကြတာပဲ။ မင်းရဲ့ခွင့်လွှတ်ပေးနိုင်မှုက ဒီတစ်ကြိမ်အတွက်ရော အကျုံးဝင်ပါဦးမလား!?"
သိင်္ဂါရက ပြန်မဖြေပေးပေမယ့် Theoက သူ့ဘာသာသူ ကောက်ချက်ချခဲ့လေသည်။
"ဒီတစ်ကြိမ်တော့ မင်း လုံးဝခွင့်မလွှတ်နိုင်လောက်ဘူးလို့ ကိုယ် ထင်နေတယ်..."
ခဏအတွင်းမှာ Theo ဆုပ်ကိုင်ထားတဲ့ သိင်္ဂါရရဲ့လက်က ပိုမိုတင်းကြပ်သွားသလိုပင်။ ထိုအခြင်းအရာကို သတိထားမိတဲ့ Theoက လက်ကလေးကို ခပ်ဖွဖွ နမ်းရှိုက်ပြီး ရေရွတ်ခဲ့သည်။
"ကိုယ်က မင်းတစ်ယောက်တည်းကိုပဲ ချစ်တယ်ဆိုတာကိုတော့ ယုံကြည်ပေးပါ..."
Theoက ထိုတစ်ညတာလုံး အခြေအနေစောင့်ကြည့်ကာ ပြုစုပေးခဲ့ပြီး အရုဏ်တက်ချိန်ရောက်မှ သိင်္ဂါရကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားရင်းနဲ့ အိပ်မောကျသွားခဲ့ရှာသည်။
မိုးလင်းလာချိန်မှာ သိင်္ဂါရက အဖျားကျသွားပြီး သတိပြန်ဝင်လာတာမို့ Theoကို တွေ့ရှိသွားလေသည်။ ပထမတော့ သိင်္ဂါရက Theoရဲ့ပွေ့ဖက်မှုကနေ ရုန်းထွက်ဖို့ ကြံရွယ်လိုက်ပေမယ့် အိပ်မောကျနေသူကို မနိုးစေချင်တဲ့စိတ်ကြောင့် သည်းခံကာ စောင့်ဆိုင်းပေးခဲ့မိသည်။ သို့ပေမဲ့ ထိုအကြောင်းပြချက်ကလည်း ဆင်ခြေတစ်ခုမျှသာပင်...
"ငါနဲ့ လုံးဝမသက်ဆိုင်တော့တဲ့သူက အခု ငါ့ကို ဖက်ထားပြီး အိပ်မောကျနေတယ်။ သူ့ရဲ့ပွေ့ဖက်မှုကိုလည်း အကြောင်းပြချက်အမျိုးမျိုးနဲ့ ငါက လက်ခံထားသတဲ့လား!? သူက လှည့်စားတတ်လွန်းတာ မဟုတ်ဘူး။ ငါ့စိတ်ကိုက သူနဲ့ ပတ်သက်လာရင် မပြတ်သားနိုင်တာ..."
သိင်္ဂါရက စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးနောက် Theoရဲ့မျက်နှာကို မော့ကြည့်ခဲ့သည်။ ထိုအချိန်မှာပဲ မနေ့က အဖြစ်အပျက်တွေက အတွေးထဲ ပြန်လည်ရောက်ရှိလာပြီး သူ့နှလုံးသားကို ထပ်မံညှင်းဆဲနေပေမယ့် မျက်ရည်ကျဆင်းလာခြင်း မရှိတော့ပေ။
နာရီဝက်ခန့်ကြာတဲ့အထိ Theoရဲ့ရင်ခွင်ထဲမှာ သူ ဆက်လက်ခိုအောင်းပြီးမှ မွေ့ရာပေါ်ကနေ ညင်သာစွာ ထလိုက်လေသည်။ ခြံဝင်းထဲမှာ လေကောင်းလေသန့်သွားရှုဖို့ သူ ဆုံးဖြတ်ခဲ့ပေမယ့် ခြေလှမ်းတွေက စိုင်းရသဦးရဲ့အခန်းရှေ့မှာပင် ရပ်တန့်သွားခဲ့သည်။ အခန်းထဲကနေ ရေချိုးပြီး ထွက်လာတဲ့ စိုင်းရသဦးကလည်း သူ့ကို မြင်ပြီး အံ့အားသင့်သွားပုံပင်။
"အစ်ကို... နိုးလာပြီလား!? ဟို... Theoက အစ်ကို နေမကောင်းလို့ လာပြီး ပြုစုပေးတာပါ။ သူ့ကို စိတ်မဆိုးပါနဲ့..."
ပြောနေသမျှကို သိင်္ဂါရက အာရုံမရောက်နိုင်ဘဲ စိုင်းရသဦးရဲ့ဘယ်ဘက်ရင်အုံပေါ်မှာ နေရာယူထားတဲ့ ကြက်ခြေခတ်ပုံ ဓားဒဏ်ရာကိုသာ စူးစိုက်ပြီး ကြည့်နေမိသည်။ ထို့နောက် သိင်္ဂါရရဲ့အကြည့်က စိုင်းရသဦးရဲ့ခြေသလုံးပေါ်က မီးလောင်ဒဏ်ရာတချို့ဆီသို့ ရောက်ရှိသွားပြန်သည်။
"ဘာလို့ ရသရဲ့ဒဏ်ရာတွေက Theoနဲ့ သွားတူနေတာလဲ!? သူတို့ရဲ့နောက်ကြောင်းတွေကလည်း အတူတူပဲ။ ဘာတွေလဲ... သူတို့က ဘာတွေမို့လို့လဲ!?"
သိင်္ဂါရက အတွေးတွေကို ချဲ့ထွင်မိချိန်မှာ ဘယ်သူ့ကိုမှ မယုံကြည်ရဲတော့တဲ့စိတ်က အလိုလို ပေါ်ပေါက်လာသလိုပင်။ ထိုစိတ်ရဲ့ဖိအားပေးမှုကြောင့် ခြေထောက်တွေက မခိုင်နိုင်တော့ဘဲ နံဘေးရှိ ခုံကို လှမ်းကိုင်ကာ လဲမကျအောင် ထိန်းထားလိုက်ရသည်။
"အစ်ကို...ဘာဖြစ်တာလဲ!?"
အနားသို့ ရောက်ရှိလာတဲ့ စိုင်းရသဦးကို သိင်္ဂါရက ဘာမှမပြောဘဲ မော့ကြည့်နေပေမယ့် ခေါင်းထဲမှာ အတွေးပေါင်းစုံက ချာချာလည်နေခဲ့လေသည်။
"ဘာဖြစ်နေကြတာလဲ!?"
အနောက်ကနေ ရုတ်တရက် ကြားလိုက်ရတဲ့ Theoရဲ့အသံကြောင့် စိုင်းရသဦးက သိင်္ဂါရရဲ့လက်မောင်းကို ထိန်းကိုင်ထားရာမှ အမြန်လွှတ်ပေးလိုက်သည်။ သူတို့နှစ်ဦးရဲ့ပုံစံက Theoအတွက်တော့ အထင်မှားလောက်စရာ အနေအထားမျိုး ဖြစ်သွားနိုင်ပေသည်။
"အစ်ကိုက လဲကျမလို ဖြစ်သွားလို့ ငါ ထိန်းပေးထားတာ။"
စိုင်းရသဦးက အသည်းအသန် ရှင်းပြပေးနေပေမယ့် သိင်္ဂါရက Theoကို လှည့်ကြည့်ပြီး ကြားဖြတ်ပြောလိုက်တော့သည်။
"ငါတို့ ဘာပဲဖြစ်ဖြစ် မင်းနဲ့ ဘာဆိုင်လို့လဲ!?"
သိင်္ဂါရရဲ့အကြည့်တွေက အေးစက်လွန်းလှပြီး Theoရဲ့ရင်ထဲကို မြားတစ်စင်း စိုက်ဝင်သွားသလိုပင်။ ထိုမြားက ဆွဲနှုတ်လို့လည်း မရနိုင်တာမို့ ဝေဒနာကို တစိမ့်စိမ့် ခံစားနေဖို့သာ ရှိပေတော့မည်။
သူတို့နှစ်ဦးကြားက အေးစက်နေတဲ့ လေထုကို ရပ်ကြည့်မနေနိုင်တဲ့ စိုင်းရသဦးက ပြေရာပြေကြောင်းဖြစ်အောင် ဝင်ဖြေရှင်းပေးခဲ့ရသည်။
"အစ်ကို... သူက..."
"တော်တော့...ရသ။ ငါတို့ကြားမှာ ပြဿနာဖြစ်တိုင်း မင်းပဲ ဝင်ရှင်းပေးခဲ့ရတာ။ ဒါပေမဲ့ အပြစ်လုပ်ခဲ့တဲ့သူကိုယ်တိုင်က ငါ့ကို ဘယ်နှခါများ ဖြေရှင်းချက်ပေးခဲ့ဖူးလို့လဲ!?"
ပြဿနာက တဖြည်းဖြည်း ပိုမိုကြီးထွားလာမှာကို ကြိုမြင်နေတဲ့ စိုင်းရသဦးက သူတို့နှစ်ဦးအတွက် ရင်ကြားစေ့ပေးနိုင်ဖို့ ကြိုးစားခဲ့သည်။
"Theo...အစ်ကို့ကို မြန်မြန်ရှင်းပြလိုက်လေ။"
သို့ပေမဲ့ သိင်္ဂါရက ရှင်းပြပေးမှာကို လက်မခံခဲ့ပေ။
"သူ့ကို တိုက်တွန်းမနေပါနဲ့။ မုသားနဲ့ နှစ်သိမ့်ခံရမယ့်အစား အမှန်တရားကိုပဲ ရင်ဆိုင်လိုက်ဖို့ ငါ ဆုံးဖြတ်ပြီးပြီ။ အခုချိန်မှာ ငါတို့က ဘာမှမပတ်သက်တော့တဲ့ သူစိမ်းတွေပဲ။ သူ့ဘက်က စပြီး ပြတ်တောက်ခဲ့တဲ့ ဆက်ဆံရေးကို ငါ့ဘက်ကလည်း ဆက်ထိန်းထားဖို့ စိတ်ကူးမရှိဘူး။"
"ကျွန်တော် တောင်းပန်ပါတယ်။ သူက အစ်ကို ထင်သလို မဟုတ်ပါဘူး။ ကေသရီနဲ့ ကိစ္စက..."
"ရသ..."
ဆက်လက်ရှင်းပြဖို့ ကြိုးစားနေတဲ့ စိုင်းရသဦးကို Theoက တားမြစ်လိုက်မိသည်။ ယခုလိုအချိန်မျိုးမှာ ဘယ်လိုပဲ ရှင်းပြနေပါစေ... သိင်္ဂါရရဲ့စိတ်ကို မပြောင်းလဲစေနိုင်တော့မှန်း Theoက သိရှိသွားခဲ့လေပြီ။
"သိင်္ဂါရ... မင်း ဖြစ်ချင်တဲ့ ဆန္ဒကိုသာ ကိုယ့်ကို ပြောပြပါ။ ကိုယ် သေချာပေါက် လိုက်နာပေးပါ့မယ်။"
"မင်းကို ငါ မမြင်ချင်တော့ဘူး။ ငါ့မျက်စိရှေ့မှာ ထပ်ပြီး ပေါ်မလာအောင် နေပေးပါ။"
သိင်္ဂါရရဲ့ပြတ်သားလှတဲ့ စကားတွေက Theoအတွက်တော့ သေမိန့်ချလိုက်သလိုပင်။ မျက်စိအောက်ကနေ အပျောက်မခံနိုင်အောင် ချစ်မြတ်နိုးရသူက သူ့ကို မမြင်ချင်လောက်တဲ့အထိ မုန်းတီးသွားခဲ့လေပြီ။
ထိုဆုံးဖြတ်ချက်မျိုးနဲ့ ကြုံတွေ့လာနိုင်မှန်း သူ ခန့်မှန်းထားခဲ့ပေမယ့် လက်တွေ့ရင်ဆိုင်ရချိန်မှာ ဟန်ဆောင်အပြုံးကိုလည်း မဖန်တီးနိုင်တော့ပေ။ ရင်ထဲမှာ လှိုက်တက်လာတဲ့ ဝမ်းနည်းမှုတွေက မျက်ရည်အဖြစ်နဲ့ စီးကျမလာခင် သိင်္ဂါရရဲ့ရှေ့ကနေ အမြန်ထွက်သွားဖို့အတွက် သူ ကြိုးစားခဲ့မိသည်။
"မင်းရဲ့ဆန္ဒအတိုင်း ဖြစ်စေရပါမယ်။"
ပြောပြီးပြီးချင်း အိမ်ထဲကနေ ထွက်ခွာသွားတဲ့ Theoကို သိင်္ဂါရက ယခင်ကလိုမျိုး ငေးကြည့်မနေတော့ဘဲ ကျောခိုင်းထားခဲ့လေသည်။ အမျိုးမျိုးသော လမ်းခွဲခြင်းတွေနဲ့ သူ ကြုံခဲ့ရဖူးပြီမို့ နေသားကျဖို့ ကြိုးစားရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့တာ အမှန်ပင်။
"အစ်ကို..."
စိုင်းရသဦးရဲ့ခေါ်သံကြောင့် သိင်္ဂါရက လှည့်မကြည့်ဘဲ ပြောလိုက်တော့သည်။
"ငါက အေးချမ်းတာကို သဘောကျတဲ့သူ... သူက ပူလောင်မှုတွေကိုပဲ ပေးတတ်တဲ့သူ... ငါတို့က အစကတည်းက ပေါင်းစပ်လို့မှ မရနိုင်ခဲ့တာ။ ဒါပေမဲ့ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ရူးမိုက်ပြီး ငါတို့ ရှေ့ကို ဆက်တိုးခဲ့ကြတယ်။ အခုတော့ သူ့နေရာနဲ့သူ ပြန်ဖြစ်သွားပြီလေ။ လောလောဆယ်မှာ နာကျင်ရပေမယ့် အချိန်ကြာလာရင် ငါတို့ နေသားကျသွားမှာပါ။"
သူတို့နှစ်ဦးရဲ့ကွာဟချက်က ကြီးမားလွန်းလှမှန်း စိုင်းရသဦးလည်း သိရှိထားလေသည်။ သို့ပေမဲ့ Theoဆိုတဲ့ မီးတောက်တစ်ခုက သိင်္ဂါရရဲ့ရေလိုမျိုး အေးမြတဲ့ အချစ်မေတ္တာနဲ့ ပေါင်းစပ်လိုက်မှသာ ငြိမ်းအေးသွားနိုင်ပေလိမ့်မည်။
ထို့ကြောင့် သူတို့နှစ်ဦးရဲ့အချစ်ခရီး တည်မြဲစေဖို့ ကြားကနေ ဝင်ကြိုးစားပေးခဲ့ပေမယ့် ယခုလိုအဖြစ်မျိုးက ပေါ်လာခဲ့ပြန်သည်။ တစ်ယောက်တစ်နေရာဆီ ကျောခိုင်းထွက်ခွာသွားကြတဲ့ သူတို့နှစ်ဦးကို ငေးကြည့်ပြီး ရှေ့ခရီးအတွက် တွေးမျှော်ရင်းနဲ့ စိုင်းရသဦးက သက်ပြင်းချလိုက်မိသည်။
မျိုးအောင်က ဟိုတယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပေမယ့် Theoရဲ့အရိပ်အယောင်ကို လုံးဝမတွေ့ရသေးပေ။ ယခုလည်း မနက်အစောကြီးကတည်းက ဟိုတယ်ရဲ့အပြင်ကနေ လူအဝင်အထွက်ကို မသိမသာစောင့်ကြည့်ခဲ့ရသည်။ နောက်ဆုံးမှာတော့ သူ မျှော်နေတဲ့ Theoက မြင်ကွင်းထဲ ပေါ်လာခဲ့လေပြီ။
Theo သွားရာလမ်းကြောင်းအတိုင်း မျိုးအောင်က လိုက်ပါလာခဲ့ပြီး တက်သွားတဲ့ ဓာတ်လှေကားရဲ့အထပ်နံပါတ်ကို အမြန်မှတ်သားခဲ့သည်။ ပြီးမှ ထိုအထပ်ဆီသို့ အမြန်တက်လာပြီး Theoရဲ့အခန်းကို ရှာဖွေဖို့ ကြိုးစားရတော့သည်။
"လူတစ်ယောက်က မင်းရဲ့နောက်ကို လိုက်နေတယ်။ အခု ဓာတ်လှေကားအတိုင်း တက်သွားပြီ။"
"ကျေးဇူးပါပဲ...ကိုရာဇာ။ ကျန်တာကို ကျွန်တော့်ဘာသာ ဆက်ရှင်းလိုက်ပါ့မယ်။"
ဧည့်တွေ့ခန်းမှာ အခြေအနေကို စောင့်ကြည့်နေတဲ့ ရာဇာက မျိုးအောင်ရဲ့လှုပ်ရှားမှုတွေကို သိရှိပြီး Theoဆီသို့ သတင်းပို့ပေးခဲ့လေသည်။ ထို့ကြောင့် Theoက ကြိုတင်စီစဥ်ထားတဲ့အတိုင်း သူ့အခန်းသို့ မသွားသေးဘဲ ကေသရီ့ဆီ အရင်ဆုံးဦးတည်လိုက်သည်။
မနက်အစောကြီး ရောက်ရှိလာတဲ့ Theoကို ကေသရီက အံ့အားသင့်ပြီး မေးလာခဲ့သည်။
"စောလှချည်လား!?"
"အောက်မှာ မနက်စာသွားစားကြရအောင်။"
"တို့က ရေချိုးပြီး အလှပြင်ရဦးမှာ။ စောင့်နိုင်ပါ့မလား!?"
"ရပါတယ်။ မင်းရဲ့အခန်းထဲမှာပဲ ထိုင်စောင့်လိုက်မယ်။"
ပြောင်းလဲစပြုလာတဲ့ Theoအပေါ် ကေသရီက သံသယဝင်ခြင်း အလျဉ်းမရှိဘဲ သဘောတွေ့နေပေသည်။
"အထဲဝင်လာခဲ့လေ။"
ကေသရီက အခွင့်အရေးရတုန်းမှာ Theoရဲ့စိတ်ကို သူမဘက် ယိုင်လာစေဖို့ အကြံထုတ်ခဲ့ပြန်သည်။
"တို့နဲ့ ရေအတူတူ လာမချိုးချင်ဘူးလား!?"
"အခုလောလောဆယ် ငါ စိတ်မဝင်စားသေးဘူး။ ရေမြန်မြန်ချိုးပြီးသာ ထွက်လာခဲ့။"
Theoရဲ့ဒေါသကို သိထားပြီးသားမို့ ကေသရီလည်း ထပ်မခေါ်ရဲတော့ဘဲ ရေအမြန်ချိုးကာ အလှပြင်ခဲ့ရလေသည်။ ထို့နောက် နှစ်ဦးစလုံး အောက်ထပ်သို့ အတူဆင်းကာ နံနက်စာစားဖြစ်ခဲ့ကြသည်။
သူတို့ကို မျက်ခြည်မပြတ် စောင့်ကြည့်နေတဲ့ မျိုးအောင်က ကေသရီရဲ့မျက်နှာနဲ့ အခန်းကို သေချာမှတ်သားပြီး စိတ်ကူးအတိုင်း အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ ကြံစည်နေမိသည်။
*ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်နေကြပြီလား!? မနက်ဖြန်တင်ပေးနိုင်ဖို့ ကြိုးစားပြီး ရေးပေးပါ့မယ်နော်။ အခုတလော Upနောက်ကျရတာက စာလုံးရေနဲ့ ဇာတ်လမ်းကြောင့်ပါ။ ကိုယ်က ပုံမှန်ဆို တစ်ရက်ကို စာလုံးရေ ၁၂၀၀၀ပဲ ရေးတတ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ စာလုံးရေက တစ်ပိုင်းကို ၁၅၀၀၀, ၁၈၀၀၀, ၂၀၀၀၀လောက်အထိ ဖြစ်သွားပါတယ်။ အဲဒါကြောင့် သည်းခံပြီး ဆက်ချစ်ပေးကြပါနော်🌹🌹🌹
#Śûè
*****************
(Zawgyi Version)
အခန္းထဲ ဝင္သြားစဥ္က သိဂၤါရရဲ႕စိတ္ပ်က္အားေလ်ာ့ေနတဲ့ပုံစံေၾကာင့္ စိုင္းရသဦးလည္း ၾကားထဲကေန ဘယ္လိုပုံစံမ်ိဳးနဲ႔ ဝင္ကူညီေပးရမယ္မွန္း မသိႏိုင္ေတာ့ေပ။
"📱...📱...📱"
႐ုတ္တရက္ ဖုန္းသံျမည္လာတာမို႔ ေခၚဆိုသူကို ၾကည့္မိခ်ိန္မွာ လကၤာမ်ိဳး ျဖစ္ေနခဲ့ေလသည္။
"ဟယ္လို...ကိုမ်ိဳး..."
"ရသေရ...အစ္ကို မင္းကို ေမးစရာေလး႐ွိလို႔။"
"ဟုတ္ကဲ့...ေမးပါ။"
"Theoဆိုတဲ့တစ္ေယာက္က သိဂၤါရနဲ႔ ျပတ္သြားၿပီလား!?"
ထိုသတင္းက မ်ိဳးေအာင္ကေနတစ္ဆင့္ လကၤာမ်ိဳးရဲ႕နားထဲသို႔ ေရာက္႐ွိသြားမွန္း သိသာလွေပသည္။
"ဪ...ဟုတ္တယ္...ကိုမ်ိဳး။ သူက အခု အသစ္တစ္ေယာက္နဲ႔ ေတြ႕ေနၿပီ။ ဒီတစ္ခါေတာ့ မိန္းကေလးပဲ။"
"သူ အခု ဘယ္မွာ႐ွိသလဲဆိုတာကို မင္း သိလား!?"
"သူက ---ဟိုတယ္ကို ေန႔တိုင္းနီးပါး သြားတတ္တယ္။ ၾကည့္ရတာ ဟိုေကာင္မေလးကလည္း အဲဒီမွာ ေနလို႔ ထင္တယ္။"
ထိုဟိုတယ္က ေကသရီ ႐ွိေနတဲ့ ဟိုတယ္မို႔ လကၤာမ်ိဳးရဲ႕စိတ္ထဲမွာ ထင့္သြားမိသည္။
"ေက်းဇူးပါပဲကြာ။ အစ္ကိုလည္း အစီအစဥ္ေတြ ခ်ထားရမွာမို႔လို႔ ေမးၾကည့္တာပါ။"
"Theoက ဒီေကာင္မေလးကိုေတာ့ အတည္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူ လက္ထပ္ေတာ့မယ္ဆိုၿပီး ကြၽန္ေတာ့္ကို စသလိုေနာက္သလိုနဲ႔ ေျပာသြားတာ။"
"ရသ ႐ွိေနေတာ့ အစ္ကိုလည္း ေတာ္ေတာ္အားတက္ရပါတယ္။ ေနာက္မွ လူခ်င္းထပ္ေတြ႕ၾကတာေပါ့။ အခုက အစ္ကို႔မွာ အလုပ္ေလးေတြ ႐ွိေနေသးလို႔။"
"ဟုတ္ကဲ့...ကိုမ်ိဳး။"
လကၤာမ်ိဳးရဲ႕ဖုန္းကို ခ်ၿပီးၿပီးခ်င္းမွာ စိုင္းရသဦးက Theoဆီသို႔ လွမ္းဆက္သြယ္ခဲ့ရျပန္သည္။
"Theo...အေရးႀကီးလို႔ ငါ ေျပာတာကို ေသခ်ာနားေထာင္ပါ။"
ေကသရီ႕ကို တစ္ခုခုလုပ္ပစ္ဖို႔အထိ ေတြးေနမိတဲ့ Theoက စိုင္းရသဦးရဲ႕တားျမစ္မႈေၾကာင့္ စိတ္ထိန္းၿပီး ထပ္ေမးလိုက္မိသည္။
"ဘာျဖစ္လို႔လဲ!?"
"လကၤာမ်ိဳးက ငါ့ဆီ ဖုန္းဆက္လာတယ္။ ငါ အခု သူတို႔ရဲ႕ျမားဦးကို ေကသရီ႕ဘက္ လွည့္ေပးလိုက္ၿပီ။ မင္းရဲ႕စိတ္ကို ထိန္းၿပီး မလုပ္သင့္တာကို မလုပ္မိေအာင္လို႔ ငါ သတိလွမ္းေပးတာ။"
Theoရဲ႕ေဒါသစိတ္က အနည္းငယ္မွ် ထိန္းလို႔ ရသြားေပမယ့္ ေက်နပ္သြားတာမ်ိဳးေတာ့ မဟုတ္ေသးေပ။
"Theo...သူက အစ္ကို႔ကို ကာကြယ္ဖို႔အတြက္ အေကာင္းဆုံးနယ္႐ုပ္ပဲ။ အလ်င္စလို မဆုံးျဖတ္လိုက္ပါနဲ႔။ အစ္ကို႔ကို ေတြးၾကည့္ၿပီး စိတ္ထိန္းပါ။"
ထိုအခါက်မွ Theoလည္း ႐ူးမိုက္ခ်င္စိတ္ေတြကို ေဖ်ာက္ဖ်က္ပစ္ၿပီး မဝံ့မရဲ ေမးလာခဲ့သည္။
"သူ႕အေျခအေန ဘယ္လို႐ွိလဲ!?"
"အခန္းထဲမွာ အနားယူေနတယ္။ စိတ္မပူပါနဲ႔။ သူ အဆင္ေျပမွာပါ။ ငါလည္း ႐ွိေနတာပဲ။"
Theoက စားေသာက္ဆိုင္ထဲက ျမင္ကြင္းကို ျပန္ျမင္ေယာင္လာၿပီး ထုတ္ေမးလိုက္သည္။
"ရသ... မင္း သူ႕ကို သေဘာက်ေနတာေတာ့ မဟုတ္ဘူးမလား!?"
"အစ္ကို႔ကို ငါ သေဘာက်တာေပါ့။ သူ႕မွာက ဘာျပစ္ခ်က္မွ မ႐ွိဘူးေလ။"
စိုင္းရသဦးက ေျဖဆိုရင္းနဲ႔ ယခုအခ်ိန္မွာ Theo ျဖစ္ေနမယ့္ မ်က္ႏွာကို ေတြးၾကည့္ၿပီး ျပဳံးလိုက္မိသည္။
"ဒါေပမဲ့ ငါ သူ႕ကို သေဘာက်တယ္ဆိုတာက ႐ိုး႐ိုးသားသားပါပဲ။ အားလုံးျပည့္စုံတဲ့ အစ္ကိုတစ္ေယာက္ကို ရထားလို႔ ဂုဏ္ယူရသလိုမ်ိဳးေပါ့။ သဝန္လိုက္တိုမေနနဲ႔။"
"သဝန္တိုတာ မဟုတ္ပါဘူး။"
"သဝန္တိုတာ ဟုတ္ဟုတ္၊ မဟုတ္ဟုတ္ ဒီကိစၥေတြကို အျမန္ၿပီးျပတ္ေအာင္ လုပ္ဖို႔သာ စဥ္းစား။ ၿပီးရင္ အစ္ကို႔ရဲ႕ေဘးနားကို မင္း ျပန္လာလို႔ ရၿပီ။"
စိုင္းရသဦးနဲ႔ ဖုန္းေျပာၿပီးခ်ိန္မွာ Theoက စိတ္ကို ေသခ်ာထိန္းခ်ဳပ္ကာ ေကသရီရဲ႕အခန္းဆီသို႔ တက္သြားခဲ့သည္။
"🔔...🔔...🔔"
ေကသရီက နီရဲေနတဲ့ ပါးျပင္ကို မွန္ထဲမွာ ၾကည့္ၿပီး ငိုေနစဥ္ ၾကားလိုက္ရတဲ့ လူေခၚဘဲလ္သံေၾကာင့္ တံခါးထဖြင့္ေပးခဲ့ရသည္။ သူမရဲ႕အခန္းသို႔ တစ္ခါမွ လာမလည္ဖူးတဲ့ Theoက ယခုလို ေရာက္႐ွိလာျခင္းအေပၚ ထူးဆန္းေနမိျပန္သည္။
"ဘာလာလုပ္တာလဲ!?"
"မင္းကို ေတာင္းပန္ခ်င္လို႔။"
ခ်ိဳခ်ိဳသာသာ ေျပာလာသူက Theoမွ ဟုတ္ေသးရဲ႕လားဆိုၿပီး သူမ အံ့ဩမိတာ အမွန္ပင္။
"ဘာအတြက္ ေတာင္းပန္ခ်င္တာလဲ!?"
"ေစာေစာက လူၾကားထဲမွာ ငါ့အျပဳအမူက လြန္သလို ျဖစ္သြားတယ္။"
"႐ွင္ သူ႕ကို ခ်စ္ေနေသးတယ္မလား!?"
"အရင္က အတူတြဲခဲ့ဖူးတဲ့ သံေယာဇဥ္ကို လြယ္လြယ္ျဖတ္လို႔မွ မရတာ။ ဒါေပမဲ့ ငါ ႀကိဳးစားပါ့မယ္။ တစ္ေန႔ေန႔ေတာ့ သူ႕ကို ေမ့ႏိုင္မွာပါ။ ၿပီးေတာ့ မင္းကို ငါ ေတာင္းဆိုစရာတစ္ခု ႐ွိတယ္။"
"သတင္းစုံစမ္းခိုင္းဦးမလို႔လား!?"
"ငါ မင္းကို လက္ထပ္ခ်င္တယ္။"
မေမွ်ာ္လင့္ထားတဲ့ စကားေၾကာင့္ ေကသရီက အေပ်ာ္ႀကီး ေပ်ာ္သြားေလသည္။ သူမရဲ႕စိတ္ကူးအိပ္မက္ေတြက အလြယ္တကူ ျပည့္ဝသြားၿပီမို႔ မယုံႏိုင္သလို ျဖစ္ေနမိသည္။
"တကယ္ေျပာေနတာလား!?"
"မင္းက ငါနဲ႔ လက္မထပ္ခ်င္လို႔လား!?"
"မ...မဟုတ္ပါဘူး။ မယုံႏိုင္လို႔ ေမးၾကည့္မိတာ။"
"လက္ထပ္ပြဲကို ကိစၥေတြအားလုံး ႐ွင္းၿပီးမွပဲ က်င္းပၾကတာေပါ့။ ေလာေလာဆယ္ေတာ့ လကၤာမ်ိဳးနဲ႔ ငါ ႐ွင္းစရာ႐ွိေသးတယ္။"
"တို႔ ဘာကူညီေပးရမလဲ!?"
"သူ ေျပာတာကိုသာ နားေထာင္ေပးလိုက္ရင္ ရပါၿပီ။ မင္းအတြက္ အႏၲရာယ္ မျဖစ္ေစခ်င္ဘူး။"
Theoရဲ႕ႏူးညံ့လာတဲ့ စကားလုံးေတြအေပၚမွာ ေကသရီက ပီတိျဖစ္ေနခဲ့ရသည္။ အခ်ိန္ကာလတစ္ခုသို႔ ေရာက္လွ်င္ Theoက သူမ႐ွိရာဘက္ကို လွည့္ၾကည့္ႏိုင္ေကာင္းရဲ႕ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကလည္း တစ္စြန္းတစ္စ ပါဝင္ေပလိမ့္သည္။ တျဖည္းျဖည္း ေဝးကြာသြားတဲ့ Theoကို မ်က္စိတစ္ဆုံး ေငးၾကည့္ရင္းနဲ႔ အေတြးကမ႓ာထဲမွာ သူမ ေပ်ာ္႐ႊင္ကာ က်န္ရစ္ခဲ့ေလသည္။
ၿမိဳ႕စြန္နားက တိုက္ပ်က္တစ္ခုထဲမွာ ပုန္းခိုေနတဲ့ မ်ိဳးေအာင္က ဖုန္းျမည္သံေၾကာင့္ လူတစ္ကိုယ္လုံး တုန္ရီသြားေတာ့သည္။ ထို႔ေနာက္ ေခၚဆိုသူရဲ႕နာမည္ကို လွမ္းၾကည့္ၿပီး လကၤာမ်ိဳးမွန္း သိလိုက္ရမွ သက္ျပင္းခ်ကာ ဖုန္းေျဖေပးခဲ့သည္။
"ဟယ္လို...လကၤာမ်ိဳး... Theoရဲ႕သတင္းကို ရၿပီလား!?"
"အသံက ဘာျဖစ္ေနတာလဲ!? တုန္တုန္ရီရီနဲ႔..."
"ငါ့လုံျခဳံေရးအတြက္ တစ္ခုခုလုပ္ေပးပါလို႔ မင္းကို ေျပာသားပဲ။ အခု ငါက ဘယ္သူမွ မသိေအာင္ လိုက္ပုန္းေနရၿပီ။"
မ်ိဳးေအာင္ရဲ႕စကားကို ၾကားခ်ိန္မွာ လကၤာမ်ိဳးကလည္း စိုးရိမ္ထိတ္လန္႔သြားရသည္။ အၾကံအစည္ေတြ မေအာင္ျမင္ေသးခင္မွာ မ်ိဳးေအာင္ရဲ႕ဒုစ႐ိုက္မႈေတြကို လူသိခံလို႔ မျဖစ္ေသးေပ။ ထိုျပႆနာေတြက သူ႕ဘက္ကို ဆက္ႏြယ္လာမွာ အရာရာကို ဖ်က္ဆီးပစ္မွာ ေသခ်ာေပသည္။
"အခု ခင္ဗ်ားရဲ႕ေနာက္ကို ဘယ္သူက လိုက္ေနလို႔လဲ!?"
"ဘယ္သူလိုက္ေနမွန္း ငါလည္း ေသခ်ာမသိဘူး။ ဒါေပမဲ့ ငါနဲ႔ အတူေနခဲ့တဲ့ အဖြားႀကီးကို တစ္ေယာက္ေယာက္က လာေခၚသြားတယ္တဲ့။"
"ဘယ္သူလဲဆိုတာ ေသခ်ာေမးၾကည့္လိုက္ေလ..."
"သြားေမးလို႔ မျဖစ္ဘူး။ သူက လူလႊတ္ထားၿပီး ငါ့ကို ေစာင့္ဖမ္းေတာ့မွာ။ အဲဒါေၾကာင့္ ငါလည္း ခ်က္ခ်င္း ထြက္ေျပးလာခဲ့ရတာ။"
"ဟ...ခင္ဗ်ားက ကိုယ့္ေနာက္ေၾကာင္းကိုယ္ ႐ွင္းထားမွေပါ့။"
"ငါလည္း ႐ွင္းမလို႔ပါပဲ။ ဒါေပမဲ့ ေဆး႐ုံခန္းထဲမွာ ဘယ္လိုလုပ္ ႐ွင္းပစ္လို႔ ရမွာလဲ!? ၿပီးေတာ့ အဲ့အဖြားႀကီး ေသသြားလို႔႐ွိရင္ ငါက ရဲေတြနဲ႔ ရင္ဆိုင္ရဦးမွာ။ အခုေတာင္ ေနာက္က လိုက္စုံစမ္းတဲ့သူေတြ ႐ွိေနတာ။ ရဲဘက္က ပါလာရင္ ေျပးေပါက္ မ႐ွိေတာ့ဘူးကြ။"
မ်ိဳးေအာင္အေပၚ ေစတနာ မ႐ွိေပမယ့္လည္း ေလာေလာဆယ္မွာ ခဏကာကြယ္ေပးထားဖို႔ လကၤာမ်ိဳးက ဆုံးျဖတ္လိုက္မိသည္။ ထိုအခ်ိန္မွာပင္ သူ႕ေခါင္းထဲသို႔ အေတြးတစ္ခုက ဝင္လာခဲ့ေလသည္။
"ခင္ဗ်ားအတြက္ ေနစရာတစ္ခု ႐ွာေတြ႕ထားတယ္။"
"ဘယ္ေနရာလဲ!?"
"Theoရဲ႕လက္႐ွိရည္းစား ေနတဲ့ ဟိုတယ္မွာ။"
"ဒါဆို သူနဲ႔ တည့္တည့္ႀကီး တိုးေနမွာေပါ့။"
"ရန္သူနဲ႔ အနီးဆုံးက အလုံျခဳံဆုံးပါပဲ။ သူတို႔အေၾကာင္းကိုလည္း အနီးကပ္ စုံစမ္းလို႔ ရသြားၿပီေလ။ ၿပီးေတာ့ Theoက အဲဒီမိန္းမကို ေတာ္ေတာ္သေဘာက်ေနတယ္လို႔ ၾကားထားတယ္။ မၾကာခင္ လက္ထပ္ၾကေတာ့မွာတဲ့။ သူနဲ႔ ၿခိမ္းေျခာက္လိုက္ရင္ ဟိုေကာင့္ကို တကယ္ဖမ္းမိေလာက္တယ္။"
ထိုအၾကံက သိပ္မဆိုးလွတာမို႔ မ်ိဳးေအာင္က လက္ခံေပးလိုက္သည္။
"ဒါနဲ႔ သိဂၤါရကေရာ!?"
"သူ႕ကိစၥက ခဏထားလိုက္ဦးမယ္။ ဒီလထဲမွာ က်ဳပ္ရဲ႕မဂၤလာပြဲ ႐ွိေတာ့ သူသာ ႂကြသြားရင္ ေႏွာင့္ေႏွးေနဦးမယ္။ မဂၤလာပြဲၿပီးမွပဲ ဆက္သြားၾကတာေပါ့။"
"ဒါဆို Theoကို အရင္႐ွင္းလိုက္ေတာ့မယ္။"
"အဲဒါကေတာ့ ခင္ဗ်ားရဲ႕သေဘာပဲ။ ဒါေပမဲ့ သူ မ႐ွိတာကလည္း တစ္ရန္ေအးတာေပါ့။"
"မင္းလည္း ငါနဲ႔အတူ ပူးေပါင္းမွ ျဖစ္မယ္။"
"ေကာင္းၿပီေလ။ သူ႕ရည္းစားရဲ႕အေျခအေနကို တစ္ခ်က္ေစာင့္ၾကည့္ၿပီး လူလစ္တာနဲ႔ ေခၚခ်လိုက္ေတာ့။ က်ဳပ္က လူအင္အားပဲ ေထာက္ပံ့ေပးႏိုင္မယ္။ ဝင္ေတာ့ မပါေပးႏိုင္ဘူး။ ကိုယ့္ကိစၥ ကိုယ္႐ွင္း..."
လကၤာမ်ိဳးရဲ႕ခြင့္ျပဳခ်က္ကိုလည္း ရၿပီမို႔ မ်ိဳးေအာင္က အနည္းငယ္စိတ္ေအးသြားရေတာ့သည္။ သူ႕စိတ္မွာ အၿမဲတေစ လိုက္ေႏွာင့္ယွက္ေနတတ္သူ အျမန္ဆုံး႐ွင္းထုတ္ဖို႔ကိုသာ ႀကိဳတင္ေတြးေမွ်ာ္ခဲ့မိသည္။
"အစ္ကို..."
စိုင္းရသဦးက ၿဖိဳးေက်ာ္ဆီ သြားရမွာမို႔ သိဂၤါရကို ႏႈတ္ဆက္စကားဆိုဖို႔ ၾကံ႐ြယ္လိုက္ေပမယ့္ အခန္းထဲက တုံ႔ျပန္သံမၾကားရေပ။
"အိပ္ေပ်ာ္ေနတာမ်ားလား!?"
သို႔ေပမဲ့ ေန႔ခင္းကတည္းက အခန္းထဲကို ဝင္သြားၿပီး ညဦးပိုင္းအထိ ျပန္ထြက္မလာတဲ့ သိဂၤါရအေပၚ စိုးရိမ္စိတ္က ဝင္လာခဲ့သည္။
"အစ္ကို႔ပုံစံက အရမ္းလန္႔သြားတဲ့ပုံစံမ်ိဳးပဲ။ ေတာ္ၾကာ တစ္ခုခုျဖစ္ေနဦးမယ္။"
စိုးရိမ္စိတ္ရဲ႕လႈံ႕ေဆာ္မႈေၾကာင့္ အခန္းေသာ့အပိုနဲ႔ ဖြင့္ဝင္လာၿပီးေနာက္ ေမြ႕ရာေပၚမွာ လဲေလ်ာင္းေနတဲ့ သိဂၤါရကို ျမင္ေတြ႕လိုက္ရသည္။
"အိပ္ေနတာပဲ။ ေတာ္ေသးတာေပါ့။"
စိတ္ေအးလက္ေအးနဲ႔ ျပန္ထြက္သြားဖို႔ ျပင္လိုက္ေပမယ့္ သိဂၤါရရဲ႕မ်က္ႏွာက ေဝဒနာခံစားေနရသလိုမ်ိဳး မအီမသာ ျဖစ္ေနတာမို႔ အနားသို႔ ခ်ဥ္းကပ္ၿပီး ကိုယ္အပူခ်ိန္ကို စမ္းၾကည့္လိုက္မိသည္။
"ကိုယ္ေတြ ပူေနပါလား!?"
သိဂၤါရရဲ႕ကိုယ္အပူခ်ိန္က ေတာ္ေတာ္ေလးမ်ားေနၿပီး ႏႈတ္ကလည္း ကေယာင္ကတမ္း ေရ႐ြတ္ေနသလိုပင္။ ဘာကို ေရ႐ြတ္ေနမွန္း ေသခ်ာၾကားခ်င္စိတ္ေၾကာင့္ စိုင္းရသဦးက အနားသို႔ ပိုတိုးကပ္ကာ နားေထာင္ၾကည့္ခဲ့မိသည္။
"Theo..."
ထိုစကားလုံးကို ၾကားရခ်ိန္မွာ သိဂၤါရအေပၚ က႐ုဏာသက္မိတာ အမွန္ပင္။ ႐ိုး႐ွင္းတဲ့ ဘဝမ်ိဳးနဲ႔သာ လိုက္ဖက္တဲ့ သိဂၤါရက ယခုလိုမ်ိဳး စိတ္ဖိစီးမႈေတြ ခံစားေနရတာမို႔ ကိုယ္တိုင္လည္း အျပစ္မကင္းသလို ခံစားေနရျပန္သည္။
သိဂၤါရရဲ႕တစ္ကိုယ္လုံးမွာ ေခြၽးေတြက ႐ႊဲနစ္ေနေပမယ့္ စိုင္းရသဦးအေနနဲ႔ အဝတ္အစားလဲေပးဖို႔ကလည္း မသင့္ေတာ္ေပ။ ထို႔ေၾကာင့္ Theoကိုသာ အျမန္ဖုန္းဆက္ၿပီး လွမ္းေခၚလိုက္ရေတာ့သည္။
ခဏအၾကာမွာ Theoက အေလာတႀကီး ေရာက္႐ွိလာၿပီး သိဂၤါရရဲ႕အေျခအေနကို စိုးရိမ္စြာျဖင့္ ေမးျမန္းခဲ့သည္။
"သူ ဘာျဖစ္တာလဲ!?"
"႐ိုး႐ိုးဖ်ားတာပါပဲ။ဒါေပမဲ့ ကိုယ္အပူခ်ိန္က ေတာ္ေတာ္မ်ားတယ္။ အပူႀကီးၿပီး မင္းကိုပဲ တစ္ခ်ိန္လုံးေခၚေနတာ။"
Theoလည္း သိဂၤါရရဲ႕နဖူးကို စမ္းၾကည့္ၿပီး ထိတ္လန္႔သြားေတာ့သည္။
"ကိုယ္ကလည္း ပူခ်စ္ေနတာပဲ!!! သူ ေခြၽးေတြ ဒီေလာက္ထြက္ေနတာကို အဝတ္အစားလဲေပးထားမွေပါ့။"
"မင္း မႀကိဳက္မွာစိုးလို႔..."
ထိုအခါက်မွ Theoက မေက်မခ်မ္း ေရ႐ြတ္မႈကို အဆုံးသတ္ခဲ့ေလသည္။
"ေရဇလုံနဲ႔ အဝတ္သန္႔သန္႔တစ္ခု ယူလာခဲ့ေပး။"
စိုင္းရသဦးက အမိန္႔အတိုင္း သြားယူေပးေနခ်ိန္မွာ Theoကေတာ့ သိဂၤါရရဲ႕ေခြၽးစိုေနတဲ့ အဝတ္အစားေတြကို လဲလွယ္ေပးလိုက္သည္။
"ေရရၿပီ..."
Theoက ေရဇလုံကို လွမ္းယူၿပီး ခုတင္ေဘးက ခုံေပၚမွာ တင္ကာ သိဂၤါရရဲ႕နဖူးေပၚသို႔ အဝတ္စိုကပ္ေပးခဲ့ရသည္။
"Theo..."
ေနမေကာင္းတဲ့ၾကားက ေရ႐ြတ္ေန႐ွာတဲ့ သိဂၤါရကို Theoက ေငးၾကည့္ၿပီး အားေပးစကား ဆိုလိုက္ရေတာ့သည္။
"ကိုယ္ မင္းရဲ႕အနားမွာ ႐ွိပါတယ္။"
ထိုစကားကို ၾကားမွ သိဂၤါရရဲ႕စိတ္က ေအးခ်မ္းသြားသလို ခံစားရၿပီး ေရ႐ြတ္မႈကလည္း ရပ္တန္႔သြားခဲ့သည္။
"သူ အစာစားၿပီးၿပီလား!?"
"ဘာမွ မစားရေသးဘူး။ ေန႔လယ္ကတည္းက အခန္းထဲကို ဝင္သြားၿပီး ျပန္ထြက္မလာလို႔ ဝင္ၾကည့္ေတာ့မွ ဖ်ားေနမွန္း သိရတာ။ အစ္ကို႔ကို တိုက္ဖို႔ ဆန္ျပဳတ္သြားျပဳတ္ေပးရမလား!?"
"အင္း...ျမန္ျမန္ေလး ျပဳတ္ခဲ့။"
စိုင္းရသဦးက ဆန္ျပဳတ္ျပဳတ္ေပးဖို႔ ထြက္သြားခ်ိန္မွာ Theoလည္း သိဂၤါရရဲ႕လက္ကို ဆုပ္ကိုင္ၿပီး မ်က္ႏွာေလးကို ေငးၾကည့္ေနမိသည္။
"ကိုယ္တို႔ မေတြ႕ျဖစ္ၾကတာေတာင္ တစ္ပတ္ေလာက္ ႐ွိသြားၿပီပဲ။ မင္းကို ကိုယ္ ေန႔တိုင္း လြမ္းေနတယ္ဆိုတာကိုေရာ သိရဲ႕လား!?"
သိဂၤါရရဲ႕နဖူးျပင္ေပၚက ဆံႏြယ္ေလးေတြကို ပြတ္သပ္ေပးရင္းနဲ႔ Theoက ေရ႐ြတ္ေနမိျပန္သည္။
"ကိုယ့္ကို မင္း စိတ္နာေနေလာက္ေရာေပါ့။ မင္းက အႀကိမ္ႀကိမ္ခြင့္လႊတ္ေပးတတ္ေတာ့ ကိုယ္ကလည္း အမွတ္မ႐ွိဘဲ ထပ္မွားေနမိတာ။ ဘယ္အရာပဲျဖစ္ျဖစ္ ကန္႔သတ္ခ်က္ေတာ့ ႐ွိၾကတာပဲ။ မင္းရဲ႕ခြင့္လႊတ္ေပးႏိုင္မႈက ဒီတစ္ႀကိမ္အတြက္ေရာ အက်ံဳးဝင္ပါဦးမလား!?"
သိဂၤါရက ျပန္မေျဖေပးေပမယ့္ Theoက သူ႕ဘာသာသူ ေကာက္ခ်က္ခ်ခဲ့ေလသည္။
"ဒီတစ္ႀကိမ္ေတာ့ မင္း လုံးဝခြင့္မလႊတ္ႏိုင္ေလာက္ဘူးလို႔ ကိုယ္ ထင္ေနတယ္..."
ခဏအတြင္းမွာ Theo ဆုပ္ကိုင္ထားတဲ့ သိဂၤါရရဲ႕လက္က ပိုမိုတင္းၾကပ္သြားသလိုပင္။ ထိုအျခင္းအရာကို သတိထားမိတဲ့ Theoက လက္ကေလးကို ခပ္ဖြဖြ နမ္း႐ိႈက္ၿပီး ေရ႐ြတ္ခဲ့သည္။
"ကိုယ္က မင္းတစ္ေယာက္တည္းကိုပဲ ခ်စ္တယ္ဆိုတာကိုေတာ့ ယုံၾကည္ေပးပါ..."
Theoက ထိုတစ္ညတာလုံး အေျခအေနေစာင့္ၾကည့္ကာ ျပဳစုေပးခဲ့ၿပီး အ႐ုဏ္တက္ခ်ိန္ေရာက္မွ သိဂၤါရကို သူ႕ရင္ခြင္ထဲ ေပြ႕ဖက္ထားရင္းနဲ႔ အိပ္ေမာက်သြားခဲ့႐ွာသည္။
မိုးလင္းလာခ်ိန္မွာ သိဂၤါရက အဖ်ားက်သြားၿပီး သတိျပန္ဝင္လာတာမို႔ Theoကို ေတြ႕႐ွိသြားေလသည္။ ပထမေတာ့ သိဂၤါရက Theoရဲ႕ေပြ႕ဖက္မႈကေန ႐ုန္းထြက္ဖို႔ ၾကံ႐ြယ္လိုက္ေပမယ့္ အိပ္ေမာက်ေနသူကို မႏိုးေစခ်င္တဲ့စိတ္ေၾကာင့္ သည္းခံကာ ေစာင့္ဆိုင္းေပးခဲ့မိသည္။ သို႔ေပမဲ့ ထိုအေၾကာင္းျပခ်က္ကလည္း ဆင္ေျခတစ္ခုမွ်သာပင္...
"ငါနဲ႔ လုံးဝမသက္ဆိုင္ေတာ့တဲ့သူက အခု ငါ့ကို ဖက္ထားၿပီး အိပ္ေမာက်ေနတယ္။ သူ႕ရဲ႕ေပြ႕ဖက္မႈကိုလည္း အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔ ငါက လက္ခံထားသတဲ့လား!? သူက လွည့္စားတတ္လြန္းတာ မဟုတ္ဘူး။ ငါ့စိတ္ကိုက သူနဲ႔ ပတ္သက္လာရင္ မျပတ္သားႏိုင္တာ..."
သိဂၤါရက စိတ္ထဲကေန ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ၿပီးေနာက္ Theoရဲ႕မ်က္ႏွာကို ေမာ့ၾကည့္ခဲ့သည္။ ထိုအခ်ိန္မွာပဲ မေန႔က အျဖစ္အပ်က္ေတြက အေတြးထဲ ျပန္လည္ေရာက္႐ွိလာၿပီး သူ႕ႏွလုံးသားကို ထပ္မံညႇင္းဆဲေနေပမယ့္ မ်က္ရည္က်ဆင္းလာျခင္း မ႐ွိေတာ့ေပ။
နာရီဝက္ခန္႔ၾကာတဲ့အထိ Theoရဲ႕ရင္ခြင္ထဲမွာ သူ ဆက္လက္ခိုေအာင္းၿပီးမွ ေမြ႕ရာေပၚကေန ညင္သာစြာ ထလိုက္ေလသည္။ ျခံဝင္းထဲမွာ ေလေကာင္းေလသန္႔သြား႐ႈဖို႔ သူ ဆုံးျဖတ္ခဲ့ေပမယ့္ ေျခလွမ္းေတြက စိုင္းရသဦးရဲ႕အခန္းေ႐ွ႕မွာပင္ ရပ္တန္႔သြားခဲ့သည္။ အခန္းထဲကေန ေရခ်ိဳးၿပီး ထြက္လာတဲ့ စိုင္းရသဦးကလည္း သူ႕ကို ျမင္ၿပီး အံ့အားသင့္သြားပုံပင္။
"အစ္ကို... ႏိုးလာၿပီလား!? ဟို... Theoက အစ္ကို ေနမေကာင္းလို႔ လာၿပီး ျပဳစုေပးတာပါ။ သူ႕ကို စိတ္မဆိုးပါနဲ႔..."
ေျပာေနသမွ်ကို သိဂၤါရက အာ႐ုံမေရာက္ႏိုင္ဘဲ စိုင္းရသဦးရဲ႕ဘယ္ဘက္ရင္အုံေပၚမွာ ေနရာယူထားတဲ့ ၾကက္ေျခခတ္ပုံ ဓားဒဏ္ရာကိုသာ စူးစိုက္ၿပီး ၾကည့္ေနမိသည္။ ထို႔ေနာက္ သိဂၤါရရဲ႕အၾကည့္က စိုင္းရသဦးရဲ႕ေျခသလုံးေပၚက မီးေလာင္ဒဏ္ရာတခ်ိဳ႕ဆီသို႔ ေရာက္႐ွိသြားျပန္သည္။
"ဘာလို႔ ရသရဲ႕ဒဏ္ရာေတြက Theoနဲ႔ သြားတူေနတာလဲ!? သူတို႔ရဲ႕ေနာက္ေၾကာင္းေတြကလည္း အတူတူပဲ။ ဘာေတြလဲ... သူတို႔က ဘာေတြမို႔လို႔လဲ!?"
သိဂၤါရက အေတြးေတြကို ခ်ဲ႕ထြင္မိခ်ိန္မွာ ဘယ္သူ႕ကိုမွ မယုံၾကည္ရဲေတာ့တဲ့စိတ္က အလိုလို ေပၚေပါက္လာသလိုပင္။ ထိုစိတ္ရဲ႕ဖိအားေပးမႈေၾကာင့္ ေျခေထာက္ေတြက မခိုင္ႏိုင္ေတာ့ဘဲ နံေဘး႐ွိ ခုံကို လွမ္းကိုင္ကာ လဲမက်ေအာင္ ထိန္းထားလိုက္ရသည္။
"အစ္ကို...ဘာျဖစ္တာလဲ!?"
အနားသို႔ ေရာက္႐ွိလာတဲ့ စိုင္းရသဦးကို သိဂၤါရက ဘာမွမေျပာဘဲ ေမာ့ၾကည့္ေနေပမယ့္ ေခါင္းထဲမွာ အေတြးေပါင္းစုံက ခ်ာခ်ာလည္ေနခဲ့ေလသည္။
"ဘာျဖစ္ေနၾကတာလဲ!?"
အေနာက္ကေန ႐ုတ္တရက္ ၾကားလိုက္ရတဲ့ Theoရဲ႕အသံေၾကာင့္ စိုင္းရသဦးက သိဂၤါရရဲ႕လက္ေမာင္းကို ထိန္းကိုင္ထားရာမွ အျမန္လႊတ္ေပးလိုက္သည္။ သူတို႔ႏွစ္ဦးရဲ႕ပုံစံက Theoအတြက္ေတာ့ အထင္မွားေလာက္စရာ အေနအထားမ်ိဳး ျဖစ္သြားႏိုင္ေပသည္။
"အစ္ကိုက လဲက်မလို ျဖစ္သြားလို႔ ငါ ထိန္းေပးထားတာ။"
စိုင္းရသဦးက အသည္းအသန္ ႐ွင္းျပေပးေနေပမယ့္ သိဂၤါရက Theoကို လွည့္ၾကည့္ၿပီး ၾကားျဖတ္ေျပာလိုက္ေတာ့သည္။
"ငါတို႔ ဘာပဲျဖစ္ျဖစ္ မင္းနဲ႔ ဘာဆိုင္လို႔လဲ!?"
သိဂၤါရရဲ႕အၾကည့္ေတြက ေအးစက္လြန္းလွၿပီး Theoရဲ႕ရင္ထဲကို ျမားတစ္စင္း စိုက္ဝင္သြားသလိုပင္။ ထိုျမားက ဆြဲႏႈတ္လို႔လည္း မရႏိုင္တာမို႔ ေဝဒနာကို တစိမ့္စိမ့္ ခံစားေနဖို႔သာ ႐ွိေပေတာ့မည္။
သူတို႔ႏွစ္ဦးၾကားက ေအးစက္ေနတဲ့ ေလထုကို ရပ္ၾကည့္မေနႏိုင္တဲ့ စိုင္းရသဦးက ေျပရာေျပေၾကာင္းျဖစ္ေအာင္ ဝင္ေျဖ႐ွင္းေပးခဲ့ရသည္။
"အစ္ကို... သူက..."
"ေတာ္ေတာ့...ရသ။ ငါတို႔ၾကားမွာ ျပႆနာျဖစ္တိုင္း မင္းပဲ ဝင္႐ွင္းေပးခဲ့ရတာ။ ဒါေပမဲ့ အျပစ္လုပ္ခဲ့တဲ့သူကိုယ္တိုင္က ငါ့ကို ဘယ္ႏွခါမ်ား ေျဖ႐ွင္းခ်က္ေပးခဲ့ဖူးလို႔လဲ!?"
ျပႆနာက တျဖည္းျဖည္း ပိုမိုႀကီးထြားလာမွာကို ႀကိဳျမင္ေနတဲ့ စိုင္းရသဦးက သူတို႔ႏွစ္ဦးအတြက္ ရင္ၾကားေစ့ေပးႏိုင္ဖို႔ ႀကိဳးစားခဲ့သည္။
"Theo...အစ္ကို႔ကို ျမန္ျမန္႐ွင္းျပလိုက္ေလ။"
သို႔ေပမဲ့ သိဂၤါရက ႐ွင္းျပေပးမွာကို လက္မခံခဲ့ေပ။
"သူ႕ကို တိုက္တြန္းမေနပါနဲ႔။ မုသားနဲ႔ ႏွစ္သိမ့္ခံရမယ့္အစား အမွန္တရားကိုပဲ ရင္ဆိုင္လိုက္ဖို႔ ငါ ဆုံးျဖတ္ၿပီးၿပီ။ အခုခ်ိန္မွာ ငါတို႔က ဘာမွမပတ္သက္ေတာ့တဲ့ သူစိမ္းေတြပဲ။ သူ႕ဘက္က စၿပီး ျပတ္ေတာက္ခဲ့တဲ့ ဆက္ဆံေရးကို ငါ့ဘက္ကလည္း ဆက္ထိန္းထားဖို႔ စိတ္ကူးမ႐ွိဘူး။"
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ သူက အစ္ကို ထင္သလို မဟုတ္ပါဘူး။ ေကသရီနဲ႔ ကိစၥက..."
"ရသ..."
ဆက္လက္႐ွင္းျပဖို႔ ႀကိဳးစားေနတဲ့ စိုင္းရသဦးကို Theoက တားျမစ္လိုက္မိသည္။ ယခုလိုအခ်ိန္မ်ိဳးမွာ ဘယ္လိုပဲ ႐ွင္းျပေနပါေစ... သိဂၤါရရဲ႕စိတ္ကို မေျပာင္းလဲေစႏိုင္ေတာ့မွန္း Theoက သိ႐ွိသြားခဲ့ေလၿပီ။
"သိဂၤါရ... မင္း ျဖစ္ခ်င္တဲ့ ဆႏၵကိုသာ ကိုယ့္ကို ေျပာျပပါ။ ကိုယ္ ေသခ်ာေပါက္ လိုက္နာေပးပါ့မယ္။"
"မင္းကို ငါ မျမင္ခ်င္ေတာ့ဘူး။ ငါ့မ်က္စိေ႐ွ႕မွာ ထပ္ၿပီး ေပၚမလာေအာင္ ေနေပးပါ။"
သိဂၤါရရဲ႕ျပတ္သားလွတဲ့ စကားေတြက Theoအတြက္ေတာ့ ေသမိန္႔ခ်လိုက္သလိုပင္။ မ်က္စိေအာက္ကေန အေပ်ာက္မခံႏိုင္ေအာင္ ခ်စ္ျမတ္ႏိုးရသူက သူ႕ကို မျမင္ခ်င္ေလာက္တဲ့အထိ မုန္းတီးသြားခဲ့ေလၿပီ။
ထိုဆုံးျဖတ္ခ်က္မ်ိဳးနဲ႔ ၾကဳံေတြ႕လာႏိုင္မွန္း သူ ခန္႔မွန္းထားခဲ့ေပမယ့္ လက္ေတြ႕ရင္ဆိုင္ရခ်ိန္မွာ ဟန္ေဆာင္အျပဳံးကိုလည္း မဖန္တီးႏိုင္ေတာ့ေပ။ ရင္ထဲမွာ လိႈက္တက္လာတဲ့ ဝမ္းနည္းမႈေတြက မ်က္ရည္အျဖစ္နဲ႔ စီးက်မလာခင္ သိဂၤါရရဲ႕ေ႐ွ႕ကေန အျမန္ထြက္သြားဖို႔အတြက္ သူ ႀကိဳးစားခဲ့မိသည္။
"မင္းရဲ႕ဆႏၵအတိုင္း ျဖစ္ေစရပါမယ္။"
ေျပာၿပီးၿပီးခ်င္း အိမ္ထဲကေန ထြက္ခြာသြားတဲ့ Theoကို သိဂၤါရက ယခင္ကလိုမ်ိဳး ေငးၾကည့္မေနေတာ့ဘဲ ေက်ာခိုင္းထားခဲ့ေလသည္။ အမ်ိဳးမ်ိဳးေသာ လမ္းခြဲျခင္းေတြနဲ႔ သူ ၾကဳံခဲ့ရဖူးၿပီမို႔ ေနသားက်ဖို႔ ႀကိဳးစား႐ုံကလြဲၿပီး ေ႐ြးခ်ယ္စရာ မ႐ွိေတာ့တာ အမွန္ပင္။
"အစ္ကို..."
စိုင္းရသဦးရဲ႕ေခၚသံေၾကာင့္ သိဂၤါရက လွည့္မၾကည့္ဘဲ ေျပာလိုက္ေတာ့သည္။
"ငါက ေအးခ်မ္းတာကို သေဘာက်တဲ့သူ... သူက ပူေလာင္မႈေတြကိုပဲ ေပးတတ္တဲ့သူ... ငါတို႔က အစကတည္းက ေပါင္းစပ္လို႔မွ မရႏိုင္ခဲ့တာ။ ဒါေပမဲ့ ခ်စ္တဲ့စိတ္တစ္ခုတည္းနဲ႔ ႐ူးမိုက္ၿပီး ငါတို႔ ေ႐ွ႕ကို ဆက္တိုးခဲ့ၾကတယ္။ အခုေတာ့ သူ႕ေနရာနဲ႔သူ ျပန္ျဖစ္သြားၿပီေလ။ ေလာေလာဆယ္မွာ နာက်င္ရေပမယ့္ အခ်ိန္ၾကာလာရင္ ငါတို႔ ေနသားက်သြားမွာပါ။"
သူတို႔ႏွစ္ဦးရဲ႕ကြာဟခ်က္က ႀကီးမားလြန္းလွမွန္း စိုင္းရသဦးလည္း သိ႐ွိထားေလသည္။ သို႔ေပမဲ့ Theoဆိုတဲ့ မီးေတာက္တစ္ခုက သိဂၤါရရဲ႕ေရလိုမ်ိဳး ေအးျမတဲ့ အခ်စ္ေမတၱာနဲ႔ ေပါင္းစပ္လိုက္မွသာ ၿငိမ္းေအးသြားႏိုင္ေပလိမ့္မည္။
ထို႔ေၾကာင့္ သူတို႔ႏွစ္ဦးရဲ႕အခ်စ္ခရီး တည္ၿမဲေစဖို႔ ၾကားကေန ဝင္ႀကိဳးစားေပးခဲ့ေပမယ့္ ယခုလိုအျဖစ္မ်ိဳးက ေပၚလာခဲ့ျပန္သည္။ တစ္ေယာက္တစ္ေနရာဆီ ေက်ာခိုင္းထြက္ခြာသြားၾကတဲ့ သူတို႔ႏွစ္ဦးကို ေငးၾကည့္ၿပီး ေ႐ွ႕ခရီးအတြက္ ေတြးေမွ်ာ္ရင္းနဲ႔ စိုင္းရသဦးက သက္ျပင္းခ်လိုက္မိသည္။
မ်ိဳးေအာင္က ဟိုတယ္သို႔ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ေပမယ့္ Theoရဲ႕အရိပ္အေယာင္ကို လုံးဝမေတြ႕ရေသးေပ။ ယခုလည္း မနက္အေစာႀကီးကတည္းက ဟိုတယ္ရဲ႕အျပင္ကေန လူအဝင္အထြက္ကို မသိမသာေစာင့္ၾကည့္ခဲ့ရသည္။ ေနာက္ဆုံးမွာေတာ့ သူ ေမွ်ာ္ေနတဲ့ Theoက ျမင္ကြင္းထဲ ေပၚလာခဲ့ေလၿပီ။
Theo သြားရာလမ္းေၾကာင္းအတိုင္း မ်ိဳးေအာင္က လိုက္ပါလာခဲ့ၿပီး တက္သြားတဲ့ ဓာတ္ေလွကားရဲ႕အထပ္နံပါတ္ကို အျမန္မွတ္သားခဲ့သည္။ ၿပီးမွ ထိုအထပ္ဆီသို႔ အျမန္တက္လာၿပီး Theoရဲ႕အခန္းကို ႐ွာေဖြဖို႔ ႀကိဳးစားရေတာ့သည္။
"လူတစ္ေယာက္က မင္းရဲ႕ေနာက္ကို လိုက္ေနတယ္။ အခု ဓာတ္ေလွကားအတိုင္း တက္သြားၿပီ။"
"ေက်းဇူးပါပဲ...ကိုရာဇာ။ က်န္တာကို ကြၽန္ေတာ့္ဘာသာ ဆက္႐ွင္းလိုက္ပါ့မယ္။"
ဧည့္ေတြ႕ခန္းမွာ အေျခအေနကို ေစာင့္ၾကည့္ေနတဲ့ ရာဇာက မ်ိဳးေအာင္ရဲ႕လႈပ္႐ွားမႈေတြကို သိ႐ွိၿပီး Theoဆီသို႔ သတင္းပို႔ေပးခဲ့ေလသည္။ ထို႔ေၾကာင့္ Theoက ႀကိဳတင္စီစဥ္ထားတဲ့အတိုင္း သူ႕အခန္းသို႔ မသြားေသးဘဲ ေကသရီ႕ဆီ အရင္ဆုံးဦးတည္လိုက္သည္။
မနက္အေစာႀကီး ေရာက္႐ွိလာတဲ့ Theoကို ေကသရီက အံ့အားသင့္ၿပီး ေမးလာခဲ့သည္။
"ေစာလွခ်ည္လား!?"
"ေအာက္မွာ မနက္စာသြားစားၾကရေအာင္။"
"တို႔က ေရခ်ိဳးၿပီး အလွျပင္ရဦးမွာ။ ေစာင့္ႏိုင္ပါ့မလား!?"
"ရပါတယ္။ မင္းရဲ႕အခန္းထဲမွာပဲ ထိုင္ေစာင့္လိုက္မယ္။"
ေျပာင္းလဲစျပဳလာတဲ့ Theoအေပၚ ေကသရီက သံသယဝင္ျခင္း အလ်ဥ္းမ႐ွိဘဲ သေဘာေတြ႕ေနေပသည္။
"အထဲဝင္လာခဲ့ေလ။"
ေကသရီက အခြင့္အေရးရတုန္းမွာ Theoရဲ႕စိတ္ကို သူမဘက္ ယိုင္လာေစဖို႔ အၾကံထုတ္ခဲ့ျပန္သည္။
"တို႔နဲ႔ ေရအတူတူ လာမခ်ိဳးခ်င္ဘူးလား!?"
"အခုေလာေလာဆယ္ ငါ စိတ္မဝင္စားေသးဘူး။ ေရျမန္ျမန္ခ်ိဳးၿပီးသာ ထြက္လာခဲ့။"
Theoရဲ႕ေဒါသကို သိထားၿပီးသားမို႔ ေကသရီလည္း ထပ္မေခၚရဲေတာ့ဘဲ ေရအျမန္ခ်ိဳးကာ အလွျပင္ခဲ့ရေလသည္။ ထို႔ေနာက္ ႏွစ္ဦးစလုံး ေအာက္ထပ္သို႔ အတူဆင္းကာ နံနက္စာစားျဖစ္ခဲ့ၾကသည္။
သူတို႔ကို မ်က္ျခည္မျပတ္ ေစာင့္ၾကည့္ေနတဲ့ မ်ိဳးေအာင္က ေကသရီရဲ႕မ်က္ႏွာနဲ႔ အခန္းကို ေသခ်ာမွတ္သားၿပီး စိတ္ကူးအတိုင္း အျမန္ဆုံးအေကာင္အထည္ေဖာ္ႏိုင္ဖို႔ ၾကံစည္ေနမိသည္။
*ဘာဆက္ျဖစ္မလဲဆိုတာကို သိခ်င္ေနၾကၿပီလား!? မနက္ျဖန္တင္ေပးႏိုင္ဖို႔ ႀကိဳးစားၿပီး ေရးေပးပါ့မယ္ေနာ္။ အခုတေလာ Upေနာက္က်ရတာက စာလုံးေရနဲ႔ ဇာတ္လမ္းေၾကာင့္ပါ။ ကိုယ္က ပုံမွန္ဆို တစ္ရက္ကို စာလုံးေရ ၁၂၀၀၀ပဲ ေရးတတ္ပါတယ္။ ဒီဇာတ္လမ္းမွာေတာ့ စာလုံးေရက တစ္ပိုင္းကို ၁၅၀၀၀, ၁၈၀၀၀, ၂၀၀၀၀ေလာက္အထိ ျဖစ္သြားပါတယ္။ အဲဒါေၾကာင့္ သည္းခံၿပီး ဆက္ခ်စ္ေပးၾကပါေနာ္🌹🌹🌹
#Śûè
*****************