Mr.Silent (Completed)

بواسطة D_Yayy_Nine

173K 14.7K 1.2K

သူ့တစ်ယောက်တည်းကို ကွက်ပြီး သစ်စိမ်းချိုး ချိုးနေတဲ့အချေကိုယ်တော်လေးကိုမှ ချစ်မိသွားတဲ့ညီသုတနဲ့.. ရှောင်ပြေးခ... المزيد

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-11
Part-12
Part-13
Part- 14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50 (Final Part)
Extra-1
Extra-2

Part-10

3.1K 308 13
بواسطة D_Yayy_Nine

Unicode Version

တကူးတကထုပ်ပိုးခဲ့ရသည့်စိတ်ဒဏ်ရာများ အစိုင်အခဲစတည်ခဲ့ရသည့်နေ့ကတည်းက မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် ညီသုတဟာစကားလုံးသုံးလုံးနှင့်နိုးထလာပြီး ရင်ဝကိုအပ်တစ်ချောင်းစိုက်သည်။ မနက်ဖြန်များအတွက် အင်အားမွေးသည့်အိပ်စက်ခြင်းဆီသို့ မကူးပြောင်းခင် မျက်လုံးကိုမှိတ်လိုက်သည်နှင့် စကားလုံးသုံးလုံးကိုပြန်ကြားယောင်ပြီး ရင်ဝကို အပ်တစ်ချောင်းထိုးသွင်းမိပြန်သည်။

နေ့ရက်တိုင်းဟာ ထိုစကားလုံးသုံးလုံးထံမှမလွတ်မြောက်နိုင်တော့သလို ခံစားနေရသည်။ ကြိုးတစ်ချောင်းနှင့်ရစ်ပတ်ခံထားရသည့်အလား မလွတ်မြောက်နိုင်ပေ။ ကြိုးစား၍ရုန်းကန်လိုက်ချိန်တိုင်း သူသည်သာဒဏ်ရာရပြန်လေ၏။

တစ်ဖက်လူက မသိမသာချည်ထုံးသွားပေးသောအချုပ်အနှောင်တွင် သူသည်သာ ကိုယ့်ကိုယ်ကိုချုပ်နှောင်ထားသူ၊ သူသည်သာ ကိုယ့်ကိုယ်ကိုနာကျင်စေသူ ဖြစ်လေသည်။ ထိုအချုပ်အနှောင်မှ လွတ်မြောက်လိုသူမှာလည်း သူသည်သာဖြစ်လေရဲ့။

"ဆင်းရဲသား.."

အဓိကပြဿနာဟာ အတွေးအခေါ်၊အယူအဆမတူညီကြသည်ဟု ကာရန်ရှင်းဆိုလိုချင်လျှင်တောင် ထိုစကားလုံးမျိုးမသုံးသင့်ပေ။ ထိုအသုံးအနှုန်းသည် ဤမျှစိတ်နာချင်စရာမကောင်းသော်လည်း အရေးကြီးသည်က ကာရန်ရှင်းကသူ့ကိုခွဲခြားဆက်ဆံလိုသည်ဟူသောရှင်းလင်းနေသည့်ရည်ရွယ်ချက်ကြောင့်သာဖြစ်၏။

New Ocean၌တွေ့ခဲ့စဥ်ကလည်း သူ့လိုဆင်းရဲသားနှင့်ပတ်သက်သလိုဖြစ်ရသည့်အတွက် တစ်ဖက်မိန်းကလေးရှေ့တွင် အရှက်ရခဲ့၍ပင်ဖြစ်ရမည်။

ညီသုတသည် သူ၏သက်တမ်းတစ်လျှောက်တွင် သူ့ဘဝနှင့်ပတ်သက်ပြီး စောဒကတက်စရာ လုံးဝမရှိခဲ့ပေ။ သူတို့မိသားစုသည် ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝသူမဟုတ်လျှင်တောင် တူတူတန်တန်နေထိုင်စားသောက်နိုင်သည့်အဆင့်ရှိသည်။

အဆင့်အတန်းနှင့်ပတ်သက်လျှင် ခွဲခြားဆက်ဆံတတ်သူများနှင့်လည်း အကျွမ်းတဝင်မရှိခဲ့သည်ဖြစ်ရာ ယခုလိုရွံရှာသောအကြည့်တို့ဖြင့် ကြည့်ခြင်းလည်းမခံခဲ့ရဖူးပေ။ ထင်မထားသည့်ကိစ္စရပ်များဖြစ်ပျက်သွားသည့်

ထိုအခါမှသာ တစ်လျှောက်လုံး ကာရန်ရှင်းကအခြားလူများထက် သူ့ကိုပို၍သိသိသာသာရှောင်ဖယ်နေရသည့်အကြောင်းအရင်းကို သဘောပေါက်သွားရတော့သည်။

သူ့လိုဆင်းရဲသားနှင့် မပတ်သက်ချင်ခဲ့၍ မာနတစ်ခွဲသားဖြင့်နေခဲ့ခြင်းသာဖြစ်၏။ ဤသည်ကိုမသိဘဲ သူကတော့ ကာရန်ရှင်းကတမင်တကာသူ့ကိုလျစ်လျူရှုကာအာရုံစိုက်နေစေသည်ဟု ထင်မိခဲ့သည်။

"မင်းကိုအဲ့ဒီလိုပြောရအောင် သူကရောဘယ်လောက်ချမ်းသာနေတာမို့လို့လဲ"

လင်းထက်ပိုင်က ကာရန်ရှင်းအကြောင်းစကားဟသည်နှင့် သူ၏ထုံးစံအတိုင်း စိတ်ဆိုးဆိုးဖြင့် အော်ကြီးဟစ်ကျယ်ရေရွတ်လေသည်။

"ငါကြားထားတာကတော့ သူ့အဖေကပြည်တွင်းမှာအရမ်းအောင်မြင်တဲ့စီးပွါးရေးသမားတဲ့။ ပြည်ပကလုပ်ငန်းရှင်တချို့နဲ့တောင် ရင်းနှီးတယ်လို့လည်းပြောကြတာပဲ။ ငါကတော့စိတ်မဝင်စားပါဘူး။ သူ့ဘာသာ ဘာကြီးပဲဖြစ်ဖြစ် ဒီလိုမောက်မာစရာလိုလား"

"ဒီတစ်ခါမှ သူ့ကိုတကယ်ချောင်းရိုက်ချင်သွားပြီ"

အမြွှာနှစ်ယောက်၏မကျေမနပ်ရေရွတ်သံများကိုတော့ ညီသုတဂရုစိုက်မနေတော့ပေ။ လက်ထဲကဘောပင်ကိုဟိုလှည့်သည်လှည့်လုပ်၍ ကစားရင်း စားပွဲပေါ်ရှိစာအုပ်ထဲမှ ပုစ္ဆာကိုဖြေရှင်းရန်နည်းလမ်းစဥ်းစားနေလိုက်သည်။

ဘဝဟာ သင်္ချာပုစ္ဆာများလိုပုံသေနည်းရှိရုံမျှနှင့် ဖြေရှင်းနိုင်လျှင်လည်း အကောင်းသား။ သူအဖို့ ကာရန်ရှင်းဟူသည့်ပုစ္ဆာကတော့ ဖြေရှင်းရန်လည်းမတတ်သာ။ ကြိုးစားကြည့်ရန်လည်း မစွမ်းသာ။ အမှားခြစ်ကာ ချိတ်ပိတ်ထားလိုက်ရမည့် ပုစ္ဆာတစ်မျိုးဖြစ်ပြီး နောက်တစ်ကြိမ်ဖြေရှင်းကြည့်ရန်လည်း မကြိုးစားသင့်တော့သည့်ပုစ္ဆာမျိုးသာ ဖြစ်သည်။ ဤသည်ကို ကျရှုံးခြင်းဟု အမည်တပ်လိုက်ရမည်ထင်ရဲ့။

ကျောခိုင်းပြီးပြေးထွက်သွားတတ်သည့်ကျောပြင်တိုင်းဟာ ဤမျှနာကျင်စရာကောင်းသည့်ပုံရိပ်မျိုးမှန်း ကြိုသိခဲ့ပါလျှင် သူ၏မျက်လုံးများကိုအစကတည်းက ဖွင့်ကြည့်ခဲ့မိမည်မဟုတ်။

ကာရံထားသည့်စည်းများဟာ ဤကဲ့သို့အဆိပ်သင့််မည်မှန်း ကြိုသိခဲ့လျှင် ထိုစည်းကိုကျော်ရန်ကြိုးစားခဲ့မိမည်မဟုတ်။ အဆုံးတွင် အိပ်ချင်ယောင်ဆောင်နေသောလူကို လှုပ်နှိုး၍မရခဲ့သဖြင့် စိတ်ပျက်အားလျှော့ရသူဟာ သူသာဖြစ်၏။ အိပ်ချင်ယောင်ဆောင်သူမှာ အစမှအဆုံးအထိ သူ၏နာကျင်မှုတွင် ရောထွေးပါဝင်လိုခြင်းအလျင်းမရှိ။

"ဒီတစ်ခါလည်း ကာရန်ရှင်းကအမှတ်အမြင့်ဆုံးပဲ"

သူတို့သည် ကျူရှင်ရှိအတွင်းဆောင်ထဲတွင် သီးသန့်စာလုပ်ချိန်၌ ပုံမှန်လိုပင် စာတွက်နေကြချိန်မှာပင် ဂိုက်ဆရာမများဝင်လာပြီး လွန်ခဲ့သည့်သုံးရက်ကဖြေခဲ့သည့် testအသေးစားအကြောင်း ပြောလာကြခြင်းပင်။

ညီသုတသည် ထိုနာမည်ကိုကြားသောအခါ ခါတိုင်းလိုတက်ကြွမလာတော့ဘဲ စိတ်ပျက်ခြင်းကိုသာခံစားလိုက်ရသဖြင့် သက်ပြင်းကိုအသာရှိုက်ပြီး ခေါင်းကိုငုံ့ချထားလိုက်သည်။ အမည်နာမတစ်ခုကပင် သူ့အားနာကျင်စေလိမ့်မည်ဟု ထင်မထားခဲ့ဖူးပေ။

သူ၏အရှေ့တည့်တည့်ရှိကာရန်ရှင်းထံမှ လှုပ်ရှားမှုအသေးစားဖြစ်ပေါ်လာပြီးနောက် သူဟာဂိုက်ဆရာမများကမ်းပေးသောသူ၏စာရွက်ကို လှမ်းယူလိုက်သည်။

"စွမ်းထက်ပိုင်"

စွမ်းထက်ပိုင်ကလည်းမတ်တပ်ထရပ်လိုက်ပြီး သူ၏စာရွက်ကိုယူသည်။

"ညီသုတ.."

ညီသုတကလည်း စာရွက်ကိုလှမ်းယူရန် မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် ကာရန်ရှင်း၏ခေါင်းပေါ်မှကျော်၍ လှမ်းပေးနေသောစာရွက်ကို ခပ်မြန်မြန်ဆွဲယူလိုက်သည်။

"ငါတို့ နေရာပြောင်းကြရအောင်"

ညီသုတက အမြွှာနှစ်ယောက်ကိုမေးဆတ်ပြရင်း ပြောလိုက်သည်။ ကာရန်ရှင်း၏ခန္ဓာကိုယ်ဟာရုတ်ချည်းဆိုသလို တောင့်မတ်သွားသည်ကို စွမ်းထက်ပိုင်မြင်လိုက်ရသည်။ အပြစ်ကင်းစင်ဖွယ်မျက်နှာလေးနှင့် ဤမျှကောက်ကျစ်လှသောလူ၏ အတွေးများသည် မည်မျှစိတ်ပျက်ဖွယ်ကောင်းမည့်အကြောင်းတွေးမိပြီး စွမ်းထက်ပိုင်သည်ပင် စိတ်ကုန်လာရသည်။

"ပြောင်းမယ်လေ။ ကျူရှင်ဆင်းရင် ငါတို့နဲ့နေရာလဲချင်တဲ့လူရှိမရှိ မေးကြည့်လိုက်မယ်"

"ငါရောပဲနော်။ ဒီနေရာမှာနေပြီး ကျက်သရေမရှိတာတွေထိုင်ကြည့်မနေချင်ဘူး"

လင်းထက်ပိုင်ကလည်း ဒေါသတကြီးဝင်ပြောလေသည်။ ညီသုတကတော့ သူတို့၏စကားများကိုခေါင်းထဲထည့်မနေတော့ပေ။ နာကျင်မှုများက နေသားတကျဖြစ်သွားသည့်အခါ သူ၏ချစ်ခြင်းတို့ကလည်း ပျက်ပြယ်သွားလိမ့်မည်ဟု ယုံကြည်နေမိသည်။

နောက်နှစ်ရက်နေလျှင် ကျောင်းမှလပတ်စာမေးပွဲဖြေရဦးမည်။ ထို့အပြင် ကျူရှင်မှရူပဗေဒဆရာမကလည်း ယခုလအတွက်သင်ထားသမျှTestစစ်ဦးမည်ဟုဆိုထားသေးသည်။ ထို့ကြောင့် အခြားအတွေးများမနေဘဲ စာထဲ၌စိတ်နှစ်ထားရန်လွယ်ကူလွန်းသည်။

တွက်စာလုပ်ရသည်ကိုပျင်းလာလျှင် ကျက်စာထိုင်ကျက်နေလိုက်သည်။ စာလုပ်ရသည်ကိုမှ ပျင်းရိလာလျှင် အမြွှာနှစ်ယောက်နှင့်ပျော်ပျော်ပါးပါးစနောက်နေလိုက်သည်။ သူ၏ခေါင်းထဲတွင် ကာရန်ရှင်းအတွက်နေရာနည်းနည်းသော်မှ ပေးမထားပေ။

ဤနည်းဖြင့်သာ သူ၏စိတ်ကငြိမ်းချမ်းနေနိုင်မည်။

ကျူရှင်တွင် သူတို့သုံးယောက်နေရာပြောင်းထိုင်သည့်ပထမဆုံးနေ့၌ ကာရန်ရှင်းက သူတို့ထိုင်ခဲ့သောနေရာ၌ထိုင်နေသည့်ကောင်လေးနှင့် စကားပြောနေသည်ကို ထူးဆန်းအံ့သြဖွယ်တွေ့ရှိလိုက်ရသည်။

"ကာရန်ရှင်းကငါ့ကိုတော်တော်မုန်းခဲ့ပုံရတယ်"

သူ့အကြောင်းထပ်မတွေးတော့ဟုဆုံးဖြတ်ခဲ့သည့်အချိန်မှာ သိပ်မကြာသေး။ ယခုတော့ ထိုဆုံးဖြတ်ချက်ကိုဖျက်မိပြန်လေပြီ။

"စိတ်ထဲထားမနေနဲ့။ အဲ့လိုကောင်အတွက်နဲ့ မတန်ဘူး"

လင်းထက်ပိုင်ကသူ၏ပခုံးကိုပုတ်ကာ အားပေးနှစ်သိမ့်သည်။ စွမ်းထက်ပိုင်ကလည်း ညီသုတကကာရန်ရှင်းရှိရာသို့ထပ်မကြည့်နိုင်စေရန် သူ၏ခန္ဓာကိုယ်နှင့် ပိတ်ကာထားသည်။

"သူ့အတွက်နဲ့ ငါ့ခံစားချက်တွေကို နှစ်နဲ့ချီပြီးရင်းနှီးမြှုပ်နှံခဲ့ရတာ။ အားလုံး အလကားပဲ"

"အလကားဆိုတာကိုသိရင် မြန်မြန်မေ့နိုင်အောင်ကြိုးစားတော့"

စွမ်းထက်ပိုင်၏တိုက်တိုက်တွန်းတွန်းပြောစကားနောက်တွင် ညီသုတဟာ ပြန်ဖြေရှင်းလိုက်ချင်သည့်စကားများ တစ်သီတစ်တန်း..။ အချစ်ဆိုသသည့်အရာက ရွှံ့စေးလို ကိုယ်လိုသလိုပုံသွင်း၍မရကြောင်း ရှင်းပြလိုက်ချင်သည်။ သို့သော်လည်း ကိုယ့်ကိုကောင်းစေချင်၍ပြောသော သူငယ်ချင်းနှင့် အတိုက်အခံမလုပ်ချင်သောကြောင့် ထိုစကားများကို သူ၏ရင်ထဲ၌သာ မြိုသိပ်ထားလိုက်တော့သည်။

ထိုနေ့ကကျူရှင်ဆင်းချိန်၌ ကာရန်ရှင်းနှင့်စကားပြောခဲ့သည့်ကောင်လေးက ညီသုတတို့သုံးယောက်ကို အိမ်အတူပြန်ကြရန်ပြောလာသဖြင့် လင်းထက်ပိုင်ကပင် တအံ့တသြဖြစ်နေသေးသည်။

"ခါတိုင်းတော့ မင်းရဲ့ကောင်မလေးနဲ့အတူပြန်တာလားလို့"

"မင်းတို့ကိုပြောစရာရှိလို့။ ပြီးတော့ ဒီနေ့ ငါ့ကောင်မလေးကျူရှင်မလာဘူးလေ"

လင်းထက်ပိုင်နှင့်စွမ်းထက်ပိုင်က သူ့ကိုကောင်မလေးကိစ္စနှင့်ပတ်သက်၍ စနောက်နေသေးသဖြင့် ပြောချင်သောစကားက ခဏမျှအစပြတ်သွားသေးသည်။

"ငါပြောမလို့ဟ..။ ခုနက ကာရန်ရှင်းကငါ့ကိုလာပြီးစကားပြောတယ်"

ပြောလက်စစကားကိုရပ်လိုက်ပြီး ညီသုတကိုလာကြည့်နေသဖြင့် ညီသုတကလည်း အလိုမကျဟန်နှင့် မျက်မှောင်ကြုတ်မိသွားသည်။

"အဲ့တော့ဘာဖြစ်လဲ။ သူကငါ့မကောင်းကြောင်း ဘာပြောသွားသေးလဲ"

ထိုအခါကောင်လေးက လက်တစ်ခါခါနှင့်မဟုတ်ကြောင်း အသည်းအသန်ငြင်းကာ ဖြေရှင်းချက်ထုတ်လေသည်။

"အဲ့လိုမဟုတ်ပါဘူး။ မင်းတို့တွေနေရာပြောင်းသွားတာက အပြီးပြောင်းသွားတာလားလို့မေးတာ"

"သူကမေးရဲသေးတယ်နော်.."

ရုတ်ချည်းဆိုသလို လင်းထက်ပိုင်က ဒေါသတကြီးထအော်လေရာ ညီသုတကလည်း သူ၏လက်ကိုမသိမသာဆွဲရင်း သတိပေးလိုက်ရသည်။ သူနှင့်ကာရန်ရှင်းအကြောင်းကို အမြွှာနှစ်ယောက်မှလွဲ၍ အခြားလူများမသိသလို သိလည်းမသိစေချင်ပေ။

"မင်းတို့ဘာဖြစ်ထားကြလို့လဲ"

တစ်ဖက်ကကောင်လေးကလည်း မသင်္ကာဟန်ဖြင့် မေးလာသည်။

"မဖြစ်ပါဘူး။ သူနဲ့စကားတောင်ကောင်းကောင်းမပြောဖူးဘူး"

"အေး။ အဲ့ဒါတော့ဟုတ်တယ်။ သူကဆရာတွေကလွဲရင် ဘယ်သူ့ကိုမှစကား​ပြောတာမဟုတ်ဘူး။ ငါတောင် သူစကားလာပြောတုန်းကလန့်သွားတာ"

"အင်း။ သူကတခြားဘာပြောသေးလဲ"

ညီသုတကလည်း အလွန်အမင်းသိချင်လိုစိတ်ဖြစ်မနေဟန်ဆောင်၍ မေးရသည်။

"ဟင့်အင်း။ အဲ့ဒါလေးပဲမေးတာ။ မင်းတို့ နေရာပြောင်းတာ ခဏပဲလား။ အပြီးပြောင်းတာလားသိချင်လို့တဲ့"

ညီသုတသည် ကာရန်ရှင်းကို နားလည်ရခက်လာပေပြီ။ လူကိုရိုက်ချလိုက်၊ ပြန်ဆွဲတင်လိုက် လုပ်တတ်သည်မှာ ကာရန်ရှင်း၏အကျင့်ပေလားဆိုသည့်မေးခွန်းကိုလည်း သူ့ကိုယ်သူ အကြိမ်ပေါင်းမြောက်များစွာမေးဖြစ်သည်။

စွမ်းထက်ပိုင်က လင်းထက်ပိုင်နှင့်ယှဥ်လျှင် အကောင်းမြင်စိတ်များသူပေမို့ နောက်တစ်ရက်ကျောင်းသို့သွားသည့်လမ်း၌ ညီသုတအားသူ၏ထင်မြင်ချက်ကို ပြောပြလာသည်။

"အဲ့ကိစ္စပြီးကတည်းက ငါသတိထားမိနေတာကွာ။ အခုမှစိတ်ထဲအဆက်အစပ်မိပြီး နည်းနည်းသဘောပေါက်လာလို့"

"ဘာတွေသဘောပေါက်တာတုန်း"

လင်းထက်ပိုင်က သူ၏စကားကိုခွန်းတုံ့ပြန်လာသဖြင့် နောက်ပြောမည့်စကားကို အားပါးတရပြောလေတော့သည်။

"သုတကိစ္စကိုပြောတာပါ"

"အေး။ ပြောလေ"

"ဟိုနေ့ကကိစ္စဖြစ်ပြီးကတည်းက မင်းကကာရန်ရှင်းကိုအရေးမလုပ်သလို ယောင်လို့တောင်လှည့်မကြည့်ဖြစ်ဘူးမလား"

"အင်း"

ညီသုတ၏မျက်နှာ၌ နာကျင်ရိပ်သမ်းလာသည်ကို အမြွှာနှစ်ယောက်လုံး မြင်လိုက်ကြသည်။

"အဲ့ဒီနေ့ကစပြီး ကာရန်ရှင်းရဲ့ပုံစံကတစ်မျိုးကြီးဖြစ်လာတာကွာ။ ဘယ်လိုပြောရမလဲ။ အရင်ကလည်းတက်တက်ကြွကြွမရှိဘူးဆိုပေမယ့် အခုနောက်ပိုင်းမှာစိတ်ဓာတ်ကျနေတဲ့လူလိုမျိုးဖြစ်နေတာ။ ငါထင်တာတော့ မင်းကြောင့်လားလို့"

"မဖြစ်နိုင်တာ.."

ညီသုတက ပါးစပ်ကသာငြင်းနေသော်လည်း ယခုရက်ပိုင်းအတွင်း ကာရန်ရှင်း မူပျက်နေသည်ကတော့ အမှန်ပင်။ သို့သော် ထိုကိစ္စက ညီသုတကြောင့်ဟု ခေါင်းစဥ်တပ်ရန်လည်း ခက်သည်။ အခြားအကြောင်းအရာများကြောင့်လည်း ဖြစ်နိုင်သည်မို့ လျစ်လျူရှုခဲ့ခြင်းဖြစ်၏။

"ငါ့ကြောင့် အဲ့ဒီနေ့ကကောင်မလေးရဲ့ရှေ့မှာ အရှက်ရခဲ့လို့ဖြစ်မှာပေါ့။ အဲ့ဒါကသူ့ရည်းစားလားတောင်မသိဘူးလေ"

**********************************************

A/N: ဒီရက်ပိုင်း updateမမှန်နိုုင်ပါ။ ဒီဘက်မှာ အခြေအနေသိပ်မကောင်းဘဲ ရှုပ်ရှုပ်ယှက်ယှက်တွေဖြစ်နေလို့ပါ။ တော်လှန်ရေးပြီးရင် အတိုးချပြီး ရေးပေးပါ့မယ်။ ယုံတယ်ဟုတ်❤️

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ZawGyi Version

တကူးတကထုပ္ပိုးခဲ့ရသည့္စိတ္ဒဏ္ရာမ်ား အစိုင္အခဲစတည္ခဲ့ရသည့္ေန႔ကတည္းက မ်က္လုံးႏွစ္လုံးဖြင့္လိုက္သည္ႏွင့္ ညီသုတဟာစကားလုံးသုံးလုံးႏွင့္ႏိုးထလာၿပီး ရင္ဝကိုအပ္တစ္ေခ်ာင္းစိုက္သည္။ မနက္ျဖန္မ်ားအတြက္ အင္အားေမြးသည့္အိပ္စက္ျခင္းဆီသို႔ မကူးေျပာင္းခင္ မ်က္လုံးကိုမွိတ္လိုက္သည္ႏွင့္ စကားလုံးသုံးလုံးကိုျပန္ၾကားေယာင္ၿပီး ရင္ဝကို အပ္တစ္ေခ်ာင္းထိုးသြင္းမိျပန္သည္။

ေန႔ရက္တိုင္းဟာ ထိုစကားလုံးသုံးလုံးထံမွမလြတ္ေျမာက္ႏိုင္ေတာ့သလို ခံစားေနရသည္။ ႀကိဳးတစ္ေခ်ာင္းႏွင့္ရစ္ပတ္ခံထားရသည့္အလား မလြတ္ေျမာက္ႏိုင္ေပ။ ႀကိဳးစား၍႐ုန္းကန္လိုက္ခ်ိန္တိုင္း သူသည္သာဒဏ္ရာရျပန္ေလ၏။

တစ္ဖက္လူက မသိမသာခ်ည္ထုံးသြားေပးေသာအခ်ဳပ္အေႏွာင္တြင္ သူသည္သာ ကိုယ့္ကိုယ္ကိုခ်ဳပ္ေႏွာင္ထားသူ၊ သူသည္သာ ကိုယ့္ကိုယ္ကိုနာက်င္ေစသူ ျဖစ္ေလသည္။ ထိုအခ်ဳပ္အေႏွာင္မွ လြတ္ေျမာက္လိုသူမွာလည္း သူသည္သာျဖစ္ေလရဲ႕။

"ဆင္းရဲသား.."

အဓိကျပႆနာဟာ အေတြးအေခၚ၊အယူအဆမတူညီၾကသည္ဟု ကာရန္႐ွင္းဆိုလိုခ်င္လွ်င္ေတာင္ ထိုစကားလုံးမ်ိဳးမသုံးသင့္ေပ။ ထိုအသုံးအႏႈန္းသည္ ဤမွ်စိတ္နာခ်င္စရာမေကာင္းေသာ္လည္း အေရးႀကီးသည္က ကာရန္႐ွင္းကသူ႕ကိုခြဲျခားဆက္ဆံလိုသည္ဟူေသာ႐ွင္းလင္းေနသည့္ရည္႐ြယ္ခ်က္ေၾကာင့္သာျဖစ္၏။

New Ocean၌ေတြ႕ခဲ့စဥ္ကလည္း သူ႕လိုဆင္းရဲသားႏွင့္ပတ္သက္သလိုျဖစ္ရသည့္အတြက္ တစ္ဖက္မိန္းကေလးေ႐ွ႕တြင္ အ႐ွက္ရခဲ့၍ပင္ျဖစ္ရမည္။

ညီသုတသည္ သူ၏သက္တမ္းတစ္ေလွ်ာက္တြင္ သူ႕ဘဝႏွင့္ပတ္သက္ၿပီး ေစာဒကတက္စရာ လုံးဝမ႐ွိခဲ့ေပ။ သူတို႔မိသားစုသည္ ပစၥည္းဥစၥာျပည့္စုံႂကြယ္ဝသူမဟုတ္လွ်င္ေတာင္ တူတူတန္တန္ေနထိုင္စားေသာက္ႏိုင္သည့္အဆင့္႐ွိသည္။

အဆင့္အတန္းႏွင့္ပတ္သက္လွ်င္ ခြဲျခားဆက္ဆံတတ္သူမ်ားႏွင့္လည္း အကြၽမ္းတဝင္မ႐ွိခဲ့သည္ျဖစ္ရာ ယခုလို႐ြံ႐ွာေသာအၾကည့္တို႔ျဖင့္ ၾကည့္ျခင္းလည္းမခံခဲ့ရဖူးေပ။ ထင္မထားသည့္ကိစၥရပ္မ်ားျဖစ္ပ်က္သြားသည့္

ထိုအခါမွသာ တစ္ေလွ်ာက္လုံး ကာရန္႐ွင္းကအျခားလူမ်ားထက္ သူ႕ကိုပို၍သိသိသာသာေ႐ွာင္ဖယ္ေနရသည့္အေၾကာင္းအရင္းကို သေဘာေပါက္သြားရေတာ့သည္။

သူ႕လိုဆင္းရဲသားႏွင့္ မပတ္သက္ခ်င္ခဲ့၍ မာနတစ္ခြဲသားျဖင့္ေနခဲ့ျခင္းသာျဖစ္၏။ ဤသည္ကိုမသိဘဲ သူကေတာ့ ကာရန္႐ွင္းကတမင္တကာသူ႕ကိုလ်စ္လ်ဴ႐ႈကာအာ႐ုံစိုက္ေနေစသည္ဟု ထင္မိခဲ့သည္။

"မင္းကိုအဲ့ဒီလိုေျပာရေအာင္ သူကေရာဘယ္ေလာက္ခ်မ္းသာေနတာမို႔လို႔လဲ"

လင္းထက္ပိုင္က ကာရန္႐ွင္းအေၾကာင္းစကားဟသည္ႏွင့္ သူ၏ထုံးစံအတိုင္း စိတ္ဆိုးဆိုးျဖင့္ ေအာ္ႀကီးဟစ္က်ယ္ေရ႐ြတ္ေလသည္။

"ငါၾကားထားတာကေတာ့ သူ႕အေဖကျပည္တြင္းမွာအရမ္းေအာင္ျမင္တဲ့စီးပြါးေရးသမားတဲ့။ ျပည္ပကလုပ္ငန္း႐ွင္တခ်ိဳ႕နဲ႔ေတာင္ ရင္းႏွီးတယ္လို႔လည္းေျပာၾကတာပဲ။ ငါကေတာ့စိတ္မဝင္စားပါဘူး။ သူ႕ဘာသာ ဘာႀကီးပဲျဖစ္ျဖစ္ ဒီလိုေမာက္မာစရာလိုလား"

"ဒီတစ္ခါမွ သူ႕ကိုတကယ္ေခ်ာင္း႐ိုက္ခ်င္သြားၿပီ"

အႁမႊာႏွစ္ေယာက္၏မေက်မနပ္ေရ႐ြတ္သံမ်ားကိုေတာ့ ညီသုတဂ႐ုစိုက္မေနေတာ့ေပ။ လက္ထဲကေဘာပင္ကိုဟိုလွည့္သည္လွည့္လုပ္၍ ကစားရင္း စားပြဲေပၚ႐ွိစာအုပ္ထဲမွ ပုစၧာကိုေျဖ႐ွင္းရန္နည္းလမ္းစဥ္းစားေနလိုက္သည္။

ဘဝဟာ သခ်ၤာပုစၧာမ်ားလိုပုံေသနည္း႐ွိ႐ုံမွ်ႏွင့္ ေျဖ႐ွင္းႏိုင္လွ်င္လည္း အေကာင္းသား။ သူအဖို႔ ကာရန္႐ွင္းဟူသည့္ပုစၧာကေတာ့ ေျဖ႐ွင္းရန္လည္းမတတ္သာ။ ႀကိဳးစားၾကည့္ရန္လည္း မစြမ္းသာ။ အမွားျခစ္ကာ ခ်ိတ္ပိတ္ထားလိုက္ရမည့္ ပုစၧာတစ္မ်ိဳးျဖစ္ၿပီး ေနာက္တစ္ႀကိမ္ေျဖ႐ွင္းၾကည့္ရန္လည္း မႀကိဳးစားသင့္ေတာ့သည့္ပုစၧာမ်ိဳးသာ ျဖစ္သည္။ ဤသည္ကို က်႐ႈံးျခင္းဟု အမည္တပ္လိုက္ရမည္ထင္ရဲ႕။

ေက်ာခိုင္းၿပီးေျပးထြက္သြားတတ္သည့္ေက်ာျပင္တိုင္းဟာ ဤမွ်နာက်င္စရာေကာင္းသည့္ပုံရိပ္မ်ိဳးမွန္း ႀကိဳသိခဲ့ပါလွ်င္ သူ၏မ်က္လုံးမ်ားကိုအစကတည္းက ဖြင့္ၾကည့္ခဲ့မိမည္မဟုတ္။

ကာရံထားသည့္စည္းမ်ားဟာ ဤကဲ့သို႔အဆိပ္သင့္္မည္မွန္း ႀကိဳသိခဲ့လွ်င္ ထိုစည္းကိုေက်ာ္ရန္ႀကိဳးစားခဲ့မိမည္မဟုတ္။ အဆုံးတြင္ အိပ္ခ်င္ေယာင္ေဆာင္ေနေသာလူကို လႈပ္ႏိႈး၍မရခဲ့သျဖင့္ စိတ္ပ်က္အားေလွ်ာ့ရသူဟာ သူသာျဖစ္၏။ အိပ္ခ်င္ေယာင္ေဆာင္သူမွာ အစမွအဆုံးအထိ သူ၏နာက်င္မႈတြင္ ေရာေထြးပါဝင္လိုျခင္းအလ်င္းမ႐ွိ။

"ဒီတစ္ခါလည္း ကာရန္႐ွင္းကအမွတ္အျမင့္ဆုံးပဲ"

သူတို႔သည္ က်ဴ႐ွင္႐ွိအတြင္းေဆာင္ထဲတြင္ သီးသန္႔စာလုပ္ခ်ိန္၌ ပုံမွန္လိုပင္ စာတြက္ေနၾကခ်ိန္မွာပင္ ဂိုက္ဆရာမမ်ားဝင္လာၿပီး လြန္ခဲ့သည့္သုံးရက္ကေျဖခဲ့သည့္ testအေသးစားအေၾကာင္း ေျပာလာၾကျခင္းပင္။

ညီသုတသည္ ထိုနာမည္ကိုၾကားေသာအခါ ခါတိုင္းလိုတက္ႂကြမလာေတာ့ဘဲ စိတ္ပ်က္ျခင္းကိုသာခံစားလိုက္ရသျဖင့္ သက္ျပင္းကိုအသာ႐ိႈက္ၿပီး ေခါင္းကိုငုံ႔ခ်ထားလိုက္သည္။ အမည္နာမတစ္ခုကပင္ သူ႕အားနာက်င္ေစလိမ့္မည္ဟု ထင္မထားခဲ့ဖူးေပ။

သူ၏အေ႐ွ႕တည့္တည့္႐ွိကာရန္႐ွင္းထံမွ လႈပ္႐ွားမႈအေသးစားျဖစ္ေပၚလာၿပီးေနာက္ သူဟာဂိုက္ဆရာမမ်ားကမ္းေပးေသာသူ၏စာ႐ြက္ကို လွမ္းယူလိုက္သည္။

"စြမ္းထက္ပိုင္"

စြမ္းထက္ပိုင္ကလည္းမတ္တပ္ထရပ္လိုက္ၿပီး သူ၏စာ႐ြက္ကိုယူသည္။

"ညီသုတ.."

ညီသုတကလည္း စာ႐ြက္ကိုလွမ္းယူရန္ မတ္တပ္ထရပ္လိုက္သည္။ ထို႔ေနာက္ ကာရန္႐ွင္း၏ေခါင္းေပၚမွေက်ာ္၍ လွမ္းေပးေနေသာစာ႐ြက္ကို ခပ္ျမန္ျမန္ဆြဲယူလိုက္သည္။

"ငါတို႔ ေနရာေျပာင္းၾကရေအာင္"

ညီသုတက အႁမႊာႏွစ္ေယာက္ကိုေမးဆတ္ျပရင္း ေျပာလိုက္သည္။ ကာရန္႐ွင္း၏ခႏၶာကိုယ္ဟာ႐ုတ္ခ်ည္းဆိုသလို ေတာင့္မတ္သြားသည္ကို စြမ္းထက္ပိုင္ျမင္လိုက္ရသည္။ အျပစ္ကင္းစင္ဖြယ္မ်က္ႏွာေလးႏွင့္ ဤမွ်ေကာက္က်စ္လွေသာလူ၏ အေတြးမ်ားသည္ မည္မွ်စိတ္ပ်က္ဖြယ္ေကာင္းမည့္အေၾကာင္းေတြးမိၿပီး စြမ္းထက္ပိုင္သည္ပင္ စိတ္ကုန္လာရသည္။

"ေျပာင္းမယ္ေလ။ က်ဴ႐ွင္ဆင္းရင္ ငါတို႔နဲ႔ေနရာလဲခ်င္တဲ့လူ႐ွိမ႐ွိ ေမးၾကည့္လိုက္မယ္"

"ငါေရာပဲေနာ္။ ဒီေနရာမွာေနၿပီး က်က္သေရမ႐ွိတာေတြထိုင္ၾကည့္မေနခ်င္ဘူး"

လင္းထက္ပိုင္ကလည္း ေဒါသတႀကီးဝင္ေျပာေလသည္။ ညီသုတကေတာ့ သူတို႔၏စကားမ်ားကိုေခါင္းထဲထည့္မေနေတာ့ေပ။ နာက်င္မႈမ်ားက ေနသားတက်ျဖစ္သြားသည့္အခါ သူ၏ခ်စ္ျခင္းတို႔ကလည္း ပ်က္ျပယ္သြားလိမ့္မည္ဟု ယုံၾကည္ေနမိသည္။

ေနာက္ႏွစ္ရက္ေနလွ်င္ ေက်ာင္းမွလပတ္စာေမးပြဲေျဖရဦးမည္။ ထို႔အျပင္ က်ဴ႐ွင္မွ႐ူပေဗဒဆရာမကလည္း ယခုလအတြက္သင္ထားသမွ်Testစစ္ဦးမည္ဟုဆိုထားေသးသည္။ ထို႔ေၾကာင့္ အျခားအေတြးမ်ားမေနဘဲ စာထဲ၌စိတ္ႏွစ္ထားရန္လြယ္ကူလြန္းသည္။

တြက္စာလုပ္ရသည္ကိုပ်င္းလာလွ်င္ က်က္စာထိုင္က်က္ေနလိုက္သည္။ စာလုပ္ရသည္ကိုမွ ပ်င္းရိလာလွ်င္ အႁမႊာႏွစ္ေယာက္ႏွင့္ေပ်ာ္ေပ်ာ္ပါးပါးစေနာက္ေနလိုက္သည္။ သူ၏ေခါင္းထဲတြင္ ကာရန္႐ွင္းအတြက္ေနရာနည္းနည္းေသာ္မွ ေပးမထားေပ။

ဤနည္းျဖင့္သာ သူ၏စိတ္ကၿငိမ္းခ်မ္းေနႏိုင္မည္။

က်ဴ႐ွင္တြင္ သူတို႔သုံးေယာက္ေနရာေျပာင္းထိုင္သည့္ပထမဆုံးေန႔၌ ကာရန္႐ွင္းက သူတို႔ထိုင္ခဲ့ေသာေနရာ၌ထိုင္ေနသည့္ေကာင္ေလးႏွင့္ စကားေျပာေနသည္ကို ထူးဆန္းအံ့ၾသဖြယ္ေတြ႕႐ွိလိုက္ရသည္။

"ကာရန္႐ွင္းကငါ့ကိုေတာ္ေတာ္မုန္းခဲ့ပုံရတယ္"

သူ႕အေၾကာင္းထပ္မေတြးေတာ့ဟုဆုံးျဖတ္ခဲ့သည့္အခ်ိန္မွာ သိပ္မၾကာေသး။ ယခုေတာ့ ထိုဆုံးျဖတ္ခ်က္ကိုဖ်က္မိျပန္ေလၿပီ။

"စိတ္ထဲထားမေနနဲ႔။ အဲ့လိုေကာင္အတြက္နဲ႔ မတန္ဘူး"

လင္းထက္ပိုင္ကသူ၏ပခုံးကိုပုတ္ကာ အားေပးႏွစ္သိမ့္သည္။ စြမ္းထက္ပိုင္ကလည္း ညီသုတကကာရန္႐ွင္း႐ွိရာသို႔ထပ္မၾကည့္ႏိုင္ေစရန္ သူ၏ခႏၶာကိုယ္ႏွင့္ ပိတ္ကာထားသည္။

"သူ႕အတြက္နဲ႔ ငါ့ခံစားခ်က္ေတြကို ႏွစ္နဲ႔ခ်ီၿပီးရင္းႏွီးျမႇဳပ္ႏွံခဲ့ရတာ။ အားလုံး အလကားပဲ"

"အလကားဆိုတာကိုသိရင္ ျမန္ျမန္ေမ့ႏိုင္ေအာင္ႀကိဳးစားေတာ့"

စြမ္းထက္ပိုင္၏တိုက္တိုက္တြန္းတြန္းေျပာစကားေနာက္တြင္ ညီသုတဟာ ျပန္ေျဖ႐ွင္းလိုက္ခ်င္သည့္စကားမ်ား တစ္သီတစ္တန္း..။ အခ်စ္ဆိုသသည့္အရာက ႐ႊံ႕ေစးလို ကိုယ္လိုသလိုပုံသြင္း၍မရေၾကာင္း ႐ွင္းျပလိုက္ခ်င္သည္။ သို႔ေသာ္လည္း ကိုယ့္ကိုေကာင္းေစခ်င္၍ေျပာေသာ သူငယ္ခ်င္းႏွင့္ အတိုက္အခံမလုပ္ခ်င္ေသာေၾကာင့္ ထိုစကားမ်ားကို သူ၏ရင္ထဲ၌သာ ၿမိဳသိပ္ထားလိုက္ေတာ့သည္။

ထိုေန႔ကက်ဴ႐ွင္ဆင္းခ်ိန္၌ ကာရန္႐ွင္းႏွင့္စကားေျပာခဲ့သည့္ေကာင္ေလးက ညီသုတတို႔သုံးေယာက္ကို အိမ္အတူျပန္ၾကရန္ေျပာလာသျဖင့္ လင္းထက္ပိုင္ကပင္ တအံ့တၾသျဖစ္ေနေသးသည္။

"ခါတိုင္းေတာ့ မင္းရဲ႕ေကာင္မေလးနဲ႔အတူျပန္တာလားလို႔"

"မင္းတို႔ကိုေျပာစရာ႐ွိလို႔။ ၿပီးေတာ့ ဒီေန႔ ငါ့ေကာင္မေလးက်ဴ႐ွင္မလာဘူးေလ"

လင္းထက္ပိုင္ႏွင့္စြမ္းထက္ပိုင္က သူ႕ကိုေကာင္မေလးကိစၥႏွင့္ပတ္သက္၍ စေနာက္ေနေသးသျဖင့္ ေျပာခ်င္ေသာစကားက ခဏမွ်အစျပတ္သြားေသးသည္။

"ငါေျပာမလို႔ဟ..။ ခုနက ကာရန္႐ွင္းကငါ့ကိုလာၿပီးစကားေျပာတယ္"

ေျပာလက္စစကားကိုရပ္လိုက္ၿပီး ညီသုတကိုလာၾကည့္ေနသျဖင့္ ညီသုတကလည္း အလိုမက်ဟန္ႏွင့္ မ်က္ေမွာင္ၾကဳတ္မိသြားသည္။

"အဲ့ေတာ့ဘာျဖစ္လဲ။ သူကငါ့မေကာင္းေၾကာင္း ဘာေျပာသြားေသးလဲ"

ထိုအခါေကာင္ေလးက လက္တစ္ခါခါႏွင့္မဟုတ္ေၾကာင္း အသည္းအသန္ျငင္းကာ ေျဖ႐ွင္းခ်က္ထုတ္ေလသည္။

"အဲ့လိုမဟုတ္ပါဘူး။ မင္းတို႔ေတြေနရာေျပာင္းသြားတာက အၿပီးေျပာင္းသြားတာလားလို႔ေမးတာ"

"သူကေမးရဲေသးတယ္ေနာ္.."

႐ုတ္ခ်ည္းဆိုသလို လင္းထက္ပိုင္က ေဒါသတႀကီးထေအာ္ေလရာ ညီသုတကလည္း သူ၏လက္ကိုမသိမသာဆြဲရင္း သတိေပးလိုက္ရသည္။ သူႏွင့္ကာရန္႐ွင္းအေၾကာင္းကို အႁမႊာႏွစ္ေယာက္မွလြဲ၍ အျခားလူမ်ားမသိသလို သိလည္းမသိေစခ်င္ေပ။

"မင္းတို႔ဘာျဖစ္ထားၾကလို႔လဲ"

တစ္ဖက္ကေကာင္ေလးကလည္း မသကၤာဟန္ျဖင့္ ေမးလာသည္။

"မျဖစ္ပါဘူး။ သူနဲ႔စကားေတာင္ေကာင္းေကာင္းမေျပာဖူးဘူး"

"ေအး။ အဲ့ဒါေတာ့ဟုတ္တယ္။ သူကဆရာေတြကလြဲရင္ ဘယ္သူ႕ကိုမွစကား​ေျပာတာမဟုတ္ဘူး။ ငါေတာင္ သူစကားလာေျပာတုန္းကလန္႔သြားတာ"

"အင္း။ သူကတျခားဘာေျပာေသးလဲ"

ညီသုတကလည္း အလြန္အမင္းသိခ်င္လိုစိတ္ျဖစ္မေနဟန္ေဆာင္၍ ေမးရသည္။

"ဟင့္အင္း။ အဲ့ဒါေလးပဲေမးတာ။ မင္းတို႔ ေနရာေျပာင္းတာ ခဏပဲလား။ အၿပီးေျပာင္းတာလားသိခ်င္လို႔တဲ့"

ညီသုတသည္ ကာရန္႐ွင္းကို နားလည္ရခက္လာေပၿပီ။ လူကို႐ိုက္ခ်လိုက္၊ ျပန္ဆြဲတင္လိုက္ လုပ္တတ္သည္မွာ ကာရန္႐ွင္း၏အက်င့္ေပလားဆိုသည့္ေမးခြန္းကိုလည္း သူ႕ကိုယ္သူ အႀကိမ္ေပါင္းေျမာက္မ်ားစြာေမးျဖစ္သည္။

စြမ္းထက္ပိုင္က လင္းထက္ပိုင္ႏွင့္ယွဥ္လွ်င္ အေကာင္းျမင္စိတ္မ်ားသူေပမို႔ ေနာက္တစ္ရက္ေက်ာင္းသို႔သြားသည့္လမ္း၌ ညီသုတအားသူ၏ထင္ျမင္ခ်က္ကို ေျပာျပလာသည္။

"အဲ့ကိစၥၿပီးကတည္းက ငါသတိထားမိေနတာကြာ။ အခုမွစိတ္ထဲအဆက္အစပ္မိၿပီး နည္းနည္းသေဘာေပါက္လာလို႔"

"ဘာေတြသေဘာေပါက္တာတုန္း"

လင္းထက္ပိုင္က သူ၏စကားကိုခြန္းတုံ႔ျပန္လာသျဖင့္ ေနာက္ေျပာမည့္စကားကို အားပါးတရေျပာေလေတာ့သည္။

"သုတကိစၥကိုေျပာတာပါ"

"ေအး။ ေျပာေလ"

"ဟိုေန႔ကကိစၥျဖစ္ၿပီးကတည္းက မင္းကကာရန္႐ွင္းကိုအေရးမလုပ္သလို ေယာင္လို႔ေတာင္လွည့္မၾကည့္ျဖစ္ဘူးမလား"

"အင္း"

ညီသုတ၏မ်က္ႏွာ၌ နာက်င္ရိပ္သမ္းလာသည္ကို အႁမႊာႏွစ္ေယာက္လုံး ျမင္လိုက္ၾကသည္။

"အဲ့ဒီေန႔ကစၿပီး ကာရန္႐ွင္းရဲ႕ပုံစံကတစ္မ်ိဳးႀကီးျဖစ္လာတာကြာ။ ဘယ္လိုေျပာရမလဲ။ အရင္ကလည္းတက္တက္ႂကြႂကြမ႐ွိဘူးဆိုေပမယ့္ အခုေနာက္ပိုင္းမွာစိတ္ဓာတ္က်ေနတဲ့လူလိုမ်ိဳးျဖစ္ေနတာ။ ငါထင္တာေတာ့ မင္းေၾကာင့္လားလို႔"

"မျဖစ္ႏိုင္တာ.."

ညီသုတက ပါးစပ္ကသာျငင္းေနေသာ္လည္း ယခုရက္ပိုင္းအတြင္း ကာရန္႐ွင္း မူပ်က္ေနသည္ကေတာ့ အမွန္ပင္။ သို႔ေသာ္ ထိုကိစၥက ညီသုတေၾကာင့္ဟု ေခါင္းစဥ္တပ္ရန္လည္း ခက္သည္။ အျခားအေၾကာင္းအရာမ်ားေၾကာင့္လည္း ျဖစ္ႏိုင္သည္မို႔ လ်စ္လ်ဴ႐ႈခဲ့ျခင္းျဖစ္၏။

"ငါ့ေၾကာင့္ အဲ့ဒီေန႔ကေကာင္မေလးရဲ႕ေ႐ွ႕မွာ အ႐ွက္ရခဲ့လို႔ျဖစ္မွာေပါ့။ အဲ့ဒါကသူ႕ရည္းစားလားေတာင္မသိဘူးေလ"

**********************************************

A/N: ဒီရက္ပိုင္း updateမမွန္ႏိုုင္ပါ။ ဒီဘက္မွာ အေျခအေနသိပ္မေကာင္းဘဲ ႐ႈပ္႐ႈပ္ယွက္ယွက္ေတြျဖစ္ေနလို႔ပါ။ ေတာ္လွန္ေရးၿပီးရင္ အတိုးခ်ၿပီး ေရးေပးပါ့မယ္။ ယုံတယ္ဟုတ္❤️

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

واصل القراءة

ستعجبك أيضاً

26.3K 1.2K 20
HTOO သည် "မျှော်လင့်မထားခဲ့သော" ၏ season -2 ဖြစ်သည်။
481K 40.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
19.7K 1K 25
Title - Hang the Star in the Sky [ကောင်းကင်ထက်က ကြယ်ကလေး] ★ If you be my star, I'll be your sky ★ Type - Own Creation, Chinese BL အနုပညာလောကထဲက နာမည...
331K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"