(Unicode Version)⚠️⚠️⚠️
သိင်္ဂါရက လင်္ကာမျိုးရဲ့စွပ်စွဲချက်ကို ခေါင်းထဲကနေ ထုတ်မရဘဲ ရှိခဲ့လေသည်။ Theoက ဒီလိုကိစ္စမျိုးကို မလုပ်တတ်မှန်း သူ ယုံကြည်ပေမယ့် မေမေ့ကိစ္စကို သိရှိနေခြင်းကတော့ ထူးဆန်းတာ အမှန်ပင်။ အမျိုးမျိုးအဖုံဖုံ စဉ်းစားပြီး နောက်ဆုံးမှာ ထိုအကြောင်းပြချက်ကို သိရဖို့အတွက် သူ့နည်းသူ့ဟန်နဲ့ ရှာဖွေကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
"သိင်္ဂါရ..."
ခေါ်သံကြောင့် ဆေးခန်းထဲမှာ ထိုင်ပြီး စဉ်းစားနေတဲ့ သိင်္ဂါရလည်း အသိပြန်ဝင်လာခဲ့သည်။
"ဪ...မင်းခန့်...ရောက်လာပြီလား!?"
မင်းခန့်က သူ့ရှေ့တည့်တည့်က ခုံမှာ ဝင်ထိုင်ပြီး ပြုံးလိုက်သည်။
"ငါ ဝင်လာတာတောင် မတွေ့ရအောင် ဘာတွေကို ဒီလောက်ထိ တွေးနေရတာလဲ!?"
"ဟိုလိုဒီလိုပါပဲကွာ။ ဒါနဲ့ မေမေ့ကိစ္စကို စုံစမ်းရတာက အဆင်ပြေရဲ့လား!?"
"အနီးပတ်ဝန်းကျင်က လူတွေကို လိုက်စုံစမ်းကြည့်ခဲ့ပေမယ့် တစ်ယောက်မှ သတိမထားမိကြဘူးတဲ့။ ဒါပေမဲ့ ငါ ရအောင် ရှာပေးမှာပါ။ စိတ်မပူပါနဲ့။ ဒီရက်ပိုင်းမှာ ငါတို့စခန်းကို အရေးကြီးတဲ့ အမှုတစ်ခုရောက်နေတော့ အထက်လူကြီးတွေက အဲဒီဘက်ကိုပဲ အဓိကထားခိုင်းနေတာ။"
"ဘာအမှုမို့လို့လဲ!?"
"ဘိန်းမှောင်ခိုမှုနဲ့ သံသယရှိတဲ့သူက ပျောက်နေတာ တစ်လလောက်ရှိပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က Facebookပေါ်မှာ သူနဲ့ ပတ်သက်တဲ့ ဗီဒီယိုတစ်ခု တက်လာတယ်။"
"ဘာဗီဒီယိုလဲ!?"
သိင်္ဂါရရဲ့မေးခွန်းကြောင့် မင်းခန့် အံ့အားသင့်သွားရသည်။
"Facebookပေါ်မှာ ဒီလောက်ပျံ့သွားတာကို မင်း မကြည့်ရသေးဘူးလား!?"
"မေမေ့ကိစ္စပြီးကတည်းက ငါလည်း လိုင်းပေါ်ကို မတက်ဖြစ်တော့တာ။ အဲဒါကြောင့် ဘာသတင်းမှ မသိရဘူးလေ။"
"တင်တဲ့သူက ခဏပဲ တင်ပြီး ပို့စ်ကို ပြန်ဖျက်သွားတယ်။ အဲဒါကို ကူးထားတဲ့သူတွေက ထပ်ဖြန့်နေကြတာ။ ငါလည်း အမှုစုံစမ်းဖို့အတွက် အဲဒီဗီဒီယိုကို သိမ်းထားလိုက်ရတယ်။ ဒီမှာလေ..."
မင်းခန့်က သူ့ဖုန်းထဲကနေ ဗီဒီယိုတစ်ပုဒ်ကို ထုတ်ပြခဲ့သည်။ ဗီဒီယိုထဲမှာ သွေးသံတရဲရဲဖြစ်နေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လေးဘက်ကုန်းလျက် အနေအထားမျိုးဖြင့် လက်နှစ်ဖက်ကို ကြိုးနဲ့ ချည်နှောင်ကာ လေပေါ်မှာ အမြှောက်ခံထားရလေသည်။ အနောက်ပေါက်ထဲမှာ တုန်ခါနေတဲ့ Vibratorကြောင့် ထိုအမျိုးသားက ရမ္မက်သံပါပါနဲ့ ညည်းညူလိုက်ပေမယ့် ပုံစံပျက်ယွင်းပြီး အသားစတွေ လန်ထွက်နေတဲ့ သူ့လိင်အင်္ဂါကြောင့် အာသာပြေအောင် ထုတ်လွှတ်ခြင်း မပြုနိုင်ဘဲ နာကျင်နေရပုံပင်။
ခဏအကြာမှာ ဗီဒီယိုက နောက်ပုံစံတစ်မျိုးသို့ ပြောင်းလဲသွားခဲ့ပြန်သည်။ ဒီတစ်ခါမှာတော့ လက်တွေကို ကြိုးဖြေပေးထားပေမယ့် သူ့ခြေထောက်ကို စတီးကြိုးနဲ့ ချည်နှောင်ထားခဲ့သည်။ ထိုအမျိုးသားက ပက်လက်အနေအထားဖြင့် အနောက်ပေါက်ထဲသို့ Sex Toyကို ကိုယ်တိုင်ကိုယ်ကျ လက်နဲ့ အသွင်းအထုတ်လုပ်ပေးနေရသည်။ ခံစားရခက်လွန်းပြီး လက်ကို ရပ်တန့်မိချိန်တိုင်းမှာ မြင်ကွင်းထဲသို့ ကြာပွတ်တစ်ချောင်းက ဝင်လာကာ သူ့ခန္ဓာကိုယ်ကို သွေးထွက်သည်အထိ ဆက်တိုက်ရိုက်နှက်တော့သည်။ သူက နာကျင်မှုဒဏ်ကို မခံနိုင်ဘဲ ခိုင်းတဲ့အတိုင်း ဆက်လုပ်ရင်းနဲ့ ပြီးမြောက်ခါနီးမှာ ရင်ဘတ်ပေါ်သို့ မီးပြင်းပြင်းပူနေတဲ့ သံချောင်းဖြင့် ထိကပ်ခြင်း ခံလိုက်ရပြန်သည်။
"လူတစ်ယောက်ကို ဘာလို့ ဒီလောက်တောင် ရက်ရက်စက်စက် နှိပ်စက်ရတာလဲ!?"
ဗီဒီယိုကြည့်ပြီး ရေရွတ်လိုက်တဲ့ သိင်္ဂါရကို မင်းခန့်က ပြန်ဖြေပေးခဲ့သည်။
"တကယ်တော့ ဆန်းဝင်းကလည်း လူကောင်းတစ်ယောက် မဟုတ်ဘူးကွ။ သူ လုပ်ခဲ့တဲ့ မကောင်းမှုတွေက အများကြီးပဲ။ သူ့တပည့်တစ်ယောက်ကို ငါတို့ ဖမ်းမိတုန်းက စစ်မေးလိုက်တော့ သူက မုဒိမ်းမှုပါ ကျူးလွန်ဖူးတယ်တဲ့။ သက်သေမရှိတော့ လွတ်သွားတာပေါ့။ အဲဒါကြောင့် ငါလည်း သူ့ကို မိအောင် ဖမ်းချင်နေတာ။"
မင်းခန့်ရဲ့စကားကြောင့် သိင်္ဂါရလည်း ဘာမှဆက်မပြောဖြစ်တော့ပေ။ လောကကြီးထဲမှာ ဖြစ်ပေါ်နေတဲ့ တချို့သော ဒုစရိုက်မှုတွေက တရားမျှတမှုကို ရှာမတွေ့ဘဲ တိမ်မြုပ်သွားတတ်သည်။ တစ်ချိန်တုန်းက တရားဥပဒေအတိုင်း ပြစ်ဒဏ်ခံယူစေခြင်းကို အကောင်းဆုံးနည်းလမ်းလို့ သူ မှတ်ယူခဲ့ပေမယ့် နစ်နာသူဘက်ကနေ ဝင်ခံစားကြည့်ရင်တော့ ဥပဒေရဲ့ပြစ်ဒဏ်က ပေါ့နေမှာ သေချာပေသည်။ ထိုခဏအတွင်းမှာ သိင်္ဂါရရဲ့အတွေးထဲကို စကားတစ်ခွန်းက မဖိတ်ခေါ်ဘဲ တိုးဝင်လာလေသည်။
"ဒီလောကကြီးမှာ ဥပဒေက မရှာပေးနိုင်တဲ့ တရားမျှတမှုတွေ အများကြီးရှိတယ်။ အဲဒါတွေအတွက် လက်စားချေမှုဆိုတာက လိုအပ်လာရတာ။"
'Theoကရော လက်စားချေပြီး တရားမျှတမှုကို ရှာဖွေချင်နေတာများလား!?'
မတော်တဆပေါ်လာတဲ့ အတွေးတစ်ခုနဲ့တင် သိင်္ဂါရရဲ့စိုးရိမ်မှုတွေက တိုးပွါးလာခဲ့သည်။ Theoကို တရားခံဆိုတဲ့ နာမည်ဆိုးအောက်မှာ သူ လုံးဝမမြင်တွေ့ချင်ပေ။ ထိုစိုးရိမ်စိတ်ရဲ့တိုက်တွန်းမှုကြောင့် သူ ရှေ့ဆက်ပြီး တွေးမိချိန်မှာ Theoရဲ့လျှို့ဝှက်စွာ နေထိုင်တတ်မှုတွေအပေါ် သံသယဝင်စပြုလာခဲ့ပြန်သည်။
"သိင်္ဂါရ...ဟေ့ကောင်...ဘာတွေတွေးနေတာလဲ!?"
မင်းခန့်ရဲ့အသံကို ကြားမှ သိင်္ဂါရလည်း အတွေးများနေရာက ပြန်ဖြေပေးလိုက်မိသည်။
"ဘာမှမဖြစ်ပါဘူး။"
သိင်္ဂါရရဲ့မျက်နှာအခြေအနေက အရင်ကလို မရွှင်ပျတော့တာကို မင်းခန့် ရိပ်မိခဲ့လေသည်။ ထို့ကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင် စကားလမ်းကြောင်းလွှဲပေးရတော့သည်။
"ဒါနဲ့ Theoကို အခုတလော မတွေ့ဖြစ်ဘူး။ သူ ဘယ်ရောက်နေတာလဲ!?"
မင်းခန့်က သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာကို ယုံကြည်ပေမယ့် မရှင်းလင်းရသေးတဲ့ ကိစ္စတွေ ရှိသေးတာမို့ အဖြစ်မှန်ကို ခဏဖုံးကွယ်ထားလိုက်မိသည်။
"သူ အလုပ်လုပ်တဲ့ ကုမ္ပဏီက အလုပ်ကျနေလို့ သိပ်မတွေ့ဖြစ်သေးဘူး။"
မင်းခန့်က သူနဲ့ တခြားအကြောင်းအရာတွေကို ပြောဆိုပြီး ခဏအကြာမှာ စခန်းသို့ ပြန်သွားခဲ့သည်။ သိင်္ဂါရလည်း Theoအတွက် စိုးရိမ်စိတ်နဲ့ မိခင်အတွက် အမှန်တရားရှာဖွေလိုစိတ်တို့ကြောင့် အကြံတစ်ခုကို အမြန်ဆုံးရှာဖွေလိုက်ရသည်။ ထို့နောက် ရရှိလာတဲ့အကြံကို အကောင်အထည်ဖော်နိုင်ဖို့ Black listထဲ ထည့်သွင်းထားမိတဲ့ ဖုန်းနံပါတ်တစ်ခုကို တွေဝေစွာ ငေးကြည့်ပြီးမှ ခေါ်ဆိုခဲ့မိသည်။
"📱...📱...📱"
ဖုန်းသံမြည်လာချိန်မှာ Theoက လင်္ကာမျိုးရဲ့ယုတ်မာကောက်ကျစ်မှုကို သက်သေပြဖို့အတွက် အချက်အလက်တွေ စုဆောင်းနေခဲ့လေသည်။ သာမန်ဖုန်းနံပါတ်တစ်ခုသာ ဖြစ်ခဲ့မည်ဆိုပါက သူ မဖြေဆိုဘဲ ပစ်ထားလိုက်နိုင်ပေမယ့် မြင်တွေ့ခဲ့ရသည်က သိင်္ဂါရရဲ့နာမည်လေး ဖြစ်နေတော့သည်။ ပျော်ရွှင်ရင်ခုန်မှုနဲ့အတူ ဖုန်းကျမသွားခင်မှာပဲ သူ အမြန်ဖြေဆိုပေးလိုက်သည်။
"ဟယ်လို...သိင်္ဂါရ..."
တစ်ဆယ့်ငါးရက်ကျော်လောက် မကြားခဲ့ရတဲ့အသံတစ်ခုက သိင်္ဂါရရဲ့နားထဲကို ညင်သာစွာ တိုးဝင်လာချိန်မှာ ရှေ့ဆက်ပြောရမယ့် စကားလုံးတွေက ခေတ္တအိပ်ပျော်သွားရှာလေသည်။
"မင်း ကိုယ့်ဆီ လှမ်းဆက်သွယ်ပြီပေါ့။"
ရုပ်ကို မမြင်ရသော်ငြားလည်း ပျော်ရွှင်မှုတွေက Theoရဲ့အသံထဲမှာ စီးဝင်နေသလိုပင်။
"ငါ မင်းနဲ့ စကားပြောချင်တယ်။ ဘယ်မှာ တွေ့လို့ အဆင်ပြေမလဲ!?"
"ဒါဆို Marco's Cellarကို လာခဲ့ပါလား!?"
"ကောင်းပြီလေ။ ည (၇)နာရီလောက်ကျရင် ငါ ရောက်လိမ့်မယ်။"
"ကိုယ် စောင့်နေပါ့မယ်။ မင်း ရောက်လာရင် Theoနဲ့ တွေ့ချင်တယ်လို့သာ ပြောလိုက်ပါ။"
သိင်္ဂါရက ရှည်ရှည်ဝေးဝေး မပြောဘဲ ဖုန်းချသွားချိန်မှာ Theoက ထိုဖုန်းလေးကို နမ်းမိမတတ် ပြုံးရွှင်နေရှာတော့သည်။
ည (၇)နာရီခန့်တွင်-
Marco's Cellar Wine Bar & Restaurant
ဘားထဲကို သူ ဝင်ရောက်လာချိန်မှာ ဝန်ထမ်းကောင်လေးက ပျူပျူဌာဌာဖြင့် စတင်မေးမြန်းလိုက်သည်။
"ကြိုတင်ချိန်းဆိုထားတာများ ရှိပါသလားခင်ဗျ!?"
"Theoနဲ့ တွေ့ချင်လို့ပါ။"
"ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါခင်ဗျ။"
သိင်္ဂါရလည်း ထိုကောင်လေးရဲ့နောက်က လိုက်လာပြီး VIPအခန်းတစ်ခုဆီသို့ ရောက်ရှိခဲ့သည်။
အဆင်သင့်စောင့်မျှော်နေတဲ့ Theoက သိင်္ဂါရကို မြင်တွေ့လိုက်ရချိန်မှာ စကားပြောဖို့ပင် မေ့လျော့သွားခဲ့သည်။ ဆွယ်တာအဖြူကို ဂျင်းဘောင်းဘီနက်ပြာရောင်နဲ့ တွဲဖက်ဝတ်ဆင်ပြီး အပေါ်က အသားရောင်ကုတ်အင်္ကျီရှည်ကို ထပ်ဝတ်ထားတဲ့ သိင်္ဂါရက ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းလွန်းနေခဲ့လေသည်။ ခဏအကြာမှာ Theoလည်း ငေးမောကြည့်နေရာက သတိဝင်လာပြီး ခရီးဦးကြိုဆိုမှုကို စတင်ပြုလုပ်ရတော့သည်။
"ရောက်လာပြီလား!? ဒီမှာ လာထိုင်လေ။"
သိင်္ဂါရက ဘာမှပြန်မပြောဘဲ ကုတ်အင်္ကျီရှည်ကို ချွတ်ပြီး ခုံမှာ ဝင်ထိုင်လိုက်လေသည်။
"ဘာစားချင်လဲ!? ဝိုင်ကိုလည်း မင်း ကြိုက်တာ ရွေးလို့ရတယ်။"
"မင်း စားချင်တာသာ မှာလိုက်ပါ။"
သိင်္ဂါရရဲ့အေးတိအေးစက်နိုင်မှုကို Theo ခံစားမိပေမယ့် ဒီနေရာအထိ ရောက်လာပေးပြီး သူနဲ့အတူ ရှိနေတာကိုက ကျေးဇူးတင်စရာကောင်းလှပြီဟု မှတ်ယူထားခဲ့သည်။ ထို့ကြောင့် ဝန်ထမ်းကောင်လေးကို စားစရာမှာပြီး သိင်္ဂါရကို သေချာစွာအကဲခတ်ကြည့်လိုက်သည်။
"မင်း နည်းနည်းပိန်သွားတယ်။ အစားရော မှန်မှန်စားရဲ့လား!?"
Theoရဲ့မေးခွန်းကို သိင်္ဂါရ အဖြေပေးဖို့ စိတ်ကူးမရှိပုံပင်။ ဇာတ်သိမ်းခန်းအထိ ရောက်ပြီးသွားတဲ့ သူတို့နှစ်ဦးအတွက် အရာရာက အရင်အတိုင်း ထပ်မဖြစ်နိုင်တော့မှန်း ကိုယ်စီနားလည်ထားကြလေသည်။ သို့ပေမဲ့ မကုန်ဆုံးနိုင်သေးတဲ့ ချစ်ခြင်းတရားတွေက ပြန်လည်ဆုံစည်းမိချိန်မှာ အချင်းချင်းဆွဲငင်ဖို့ ကြံရွယ်နေခဲ့ပြန်သည်။ ထိုအကြံအစည်ကို အထမမြောက်စေချင်တဲ့ သိင်္ဂါရက လိုရင်းကိစ္စကိုသာ ထုတ်ဖော်မေးမြန်းလိုက်တော့သည်။
"မေမေ အဲဒီညက ဆုံးသွားတယ်ဆိုတာကို မင်း ဘယ်လိုလုပ်သိတာလဲ!?"
စူးရဲတဲ့မျက်ဝန်းတစ်စုံက Theoရဲ့ရင်ထဲအထိ နစ်ဝင်သွားသလို ခံစားရပြီး သင့်တော်မယ့် အဖြေတစ်ခုကို ကမန်းကတန်းရှာဖွေခဲ့မိသည်။
"အဲဒီညက အန်တီ ဆုံးသွားမှန်း ကိုယ် မသိခဲ့ပါဘူး။ ဒါပေမဲ့ မင်းက ဓာတ်ပုံဘောင်ကျကွဲပြီး စိတ်မကောင်းဖြစ်နေလို့ နှစ်သိမ့်ပေးချင်ခဲ့တာ။"
သာမန်လူတစ်ယောက်အဖို့ ထိုဖြေရှင်းချက်က ပြီးပြည့်စုံပေမယ့် သိင်္ဂါရကတော့ ယုံကြည်သွားခြင်း မရှိခဲ့ပေ။
"ဒါဆို မေမေ ဆုံးသွားမှန်း မင်းက ငါ့ထက် ဘယ်လိုလုပ်ကြိုသိနေတာလဲ!?"
ပိုခက်ခဲသွားတဲ့ မေးခွန်းမို့ Theoလည်း အဖြေကို သေချာစဉ်းစားကြည့်ပြီးမှ ပေးနိုင်ခဲ့သည်။
"နောက်တစ်နေ့မနက်ကျမှ ရသက ဖုန်းလှမ်းဆက်ပြီး ပြောပြခဲ့တာ။"
ဒေါ်အိမ်စည် ဆုံးပါးသွားတဲ့အကြောင်းကို သိင်္ဂါရ အိမ်ပြန်ရောက်ပြီး နောက်တစ်နေ့မှ လူသိရှင်ကြားကြေညာပေးခဲ့မှန်း Theoက မသိရှိခဲ့ပုံပင်။ သို့ပေမဲ့ သိင်္ဂါရက ထိုအလိမ်အညာစကားကို ယုံကြည်သွားဟန်ဖြင့် ငြိမ်သက်နေလိုက်မိသည်။ Theoက ဘာလို့ လိမ်ညာပြောခဲ့ရသလဲဆိုတဲ့ မေးခွန်းကလည်း သူ့အတွေးထဲမှာ တဝဲလည်လည်ရှိနေခဲ့လေသည်။ ထိုသို့တွေးနေစဉ်မှာ Theoရဲ့စကားသံကို သူ ကြားလိုက်ရသည်။
"ဒီအတောအတွင်း ဘာတွေလုပ်ဖြစ်လဲ!?"
"မေမေ့အသုဘကိစ္စပြီးတော့ ရက်လည်အတွက် လိုက်လုပ်ပေးရတယ်။ ဆေးခန်းပြန်ဖွင့်ထားတယ်ဆိုတာကိုတော့ ရသက ပြောပြပြီးပြီမလား!?"
"သူ ပြောပါတယ်။"
သူတို့နှစ်ဦးကြားက စကားလေးတွေက ပြတ်တိပြတ်တောင်း ဖြစ်နေပြီး အရင်တစ်ချိန်က လွင့်ပျံ့ခဲ့ဖူးတဲ့ ချိုမြိန်မှုတွေကလည်း ပျောက်ဆုံးနေတော့သည်။ နှစ်ဦးစလုံးအတွက် ခက်ခဲလှတဲ့ အခြေအနေမို့ သည်းခံပြီး ဆက်နေလိုစိတ်က သိင်္ဂါရရဲ့အတွေးထဲမှာ မရှိခဲ့ပေ။
"ငါ လုပ်စရာရှိသေးလို့ အရင်ပြန်နှင့်လိုက်တော့မယ်။"
ဆင်ခြေတစ်ခုနဲ့ ရှောင်ထွက်သွားဖို့ ပြင်နေတဲ့ သိင်္ဂါရကို Theoက အမြန်လှမ်းတားလိုက်မိသည်။
"မင်း နေရခက်မယ်ဆိုတာ ကိုယ် သိပါတယ်။ ဒါပေမဲ့ ဒီညစာလေးကိုတော့ ကိုယ်နဲ့အတူ စားပေးပါ။"
Theoရဲ့တောင်းဆိုမှုက တောင်းပန်တိုးလျှိုးနေသည့်ပုံစံမျိုးမို့ သိင်္ဂါရလည်း လက်ခံပေးလိုက်ရလေသည်။ ထင်ထားတဲ့အတိုင်းပဲ သူတို့ရဲ့ညစာစားပွဲလေးမှာ တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့သည်။
"ဒါလေးကို သောက်ကြည့်ပါလား! သူက Château Lafite Rothschildရဲ့ ၂၀၀၀ခုနှစ်မှာ ထုတ်ထားတဲ့ ဝိုင်လေ။"
Theo ညွှန်းဆိုတဲ့ ဝိုင်ကို သိင်္ဂါရက အနည်းငယ်မျှ မြည်းစမ်းပြီးချိန်မှာ ဝိုင်တွေအကြောင်းကို လုံးဝမသိပေမယ့် တန်ဖိုးအားဖြင့် မနည်းနိုင်မှန်း သတိထားမိလိုက်သည်။ ရောက်ရှိနေတဲ့ VIP အခန်း မှာထားတဲ့ အစားအသောက်နဲ့ ဝိုင်... အရာအားလုံးက တန်ဖိုးကြီးနေတာမို့ မသင်္ကာစိတ်တွေကလည်း ပိုတိုးပွါးလာရတော့သည်။ Theoက စိုင်းရသဦးရဲ့လက်အောက်မှာ အလုပ်လုပ်ရသူဖြစ်ပါလျက်နဲ့ သုံးစွဲနိုင်တဲ့ ငွေကြေးပမာဏက သိင်္ဂါရရဲ့ပိုင်ဆိုင်မှုထက် များပြားနေပြန်သည်။ မေးကြည့်ရင်လည်း မပြောပြဖို့က သေချာသလောက် ရှိနေပေသည်။ ထို့ကြောင့် Theoရဲ့အကြောင်းကို သိရှိနိုင်ဖို့အတွက် သူတို့နှစ်ဦးရဲ့အေးတိအေးစက်ဖြစ်နေတဲ့ ဆက်ဆံရေးကို ပြန်လည်နွေးထွေးစေအောင် ပြုလုပ်ပေးလိုက်တော့သည်။
"ဒီအရသာကို သဘောကျတယ်။"
သိင်္ဂါရဆီက မမျှော်လင့်ထားတဲ့ ချီးကျူးစကားကို ကြားလိုက်ရချိန်မှာ Theoရဲ့ကြည်နူးမှုတွေက ထိန်းချုပ်လို့ မရနိုင်ခဲ့ပေ။
"မင်း သဘောကျတယ်ဆိုရင် ကိုယ် ဒီဝိုင်ကို လက်ဆောင်အနေနဲ့ ပေးလိုက်ပါ့မယ်။"
သိင်္ဂါရရဲ့သဘောကျတယ်ဆိုတဲ့ စကားတစ်ခွန်းကို ကြားရရုံနဲ့ ထိုဆိုင်တစ်ခုလုံးကို ဝယ်ပေးဖို့အထိ Theo ပြုလုပ်ပေးနိုင်တာ အမှန်ပင်။
"ကျေးဇူးတင်ပါတယ်။"
ငယ်စဥ်ကလိုမျိုး ကျေးဇူးတင်ပါတယ်ဆိုပြီး သူ့ပါးလေးကို သိင်္ဂါရက ချစ်စနိုးနဲ့ နမ်းခဲ့ဖူးတာကို Theo အမှတ်ရမိလေသည်။ ထိုအခိုက်အတန့်လေးကို ပြန်တွေးမိရုံနဲ့ အေးစက်နေတဲ့ Theoရဲ့နှလုံးသားက ပြန်လည်နွေးထွေးသွားခဲ့ရသည်။
"အရင်လိုပဲ ကိုယ့်ရဲ့အနားမှာ ရှိနေပေးပါလား... သိင်္ဂါရရယ်..."
Theoရဲ့မှိုင်းညို့ညို့မျက်ဝန်းတွေက မီးရောင်အောက်မှာ ဆွဲဆောင်မှုရှိစွာဖြင့် သိင်္ဂါရကို ညှို့ယူနေခဲ့သည်။ တဖြည်းဖြည်း နီးကပ်လာတဲ့ အသက်ရှုသံပြင်းပြင်းနဲ့အတူ သေသပ်ကျနတဲ့ နှုတ်ခမ်းလွှာတစ်စုံက သိင်္ဂါရရဲ့နှုတ်ခမ်းဆီသို့ သံလိုက်တစ်ခုလို ခွဲခွါမရအောင် ကပ်တွယ်ဖို့ ကြံရွယ်ထားပုံပင်။ တစ်ယောက်ရဲ့ဝင်လေထွက်လေကို တစ်ယောက်က ခံစားသိရှိနိုင်တဲ့အထိ နီးကပ်လာချိန်မှာ သိင်္ဂါရက မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်လေသည်။ သိင်္ဂါရဘက်က လက်ခံမပေးနိုင်သေးမှန်း သိလိုက်ရပြီမို့ Theoက ရှေ့ဆက်မတိုးဘဲ စကားလမ်းကြောင်းလွှဲခဲ့သည်။
"ကိုယ် မင်းကို လိုက်ပို့ပေးမယ်။ အပြင်မှာ ခဏစောင့်နေလိုက်နော်။"
သိင်္ဂါရက ခေါင်းညိတ်ပြပြီး ကုတ်အင်္ကျီရှည်ကို ပြန်လည်ဝတ်ဆင်ကာ အခန်းထဲမှ ထွက်ခွါသွားတော့သည်။ Theoလည်း သိင်္ဂါရအတွက် ဝိုင်တစ်ပုလင်းဝယ်ပြီး ခဏအကြာမှာ ဆိုင်အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
ဒန်းလေးပေါ်မှာ ထိုင်ပြီး စောင့်မျှော်နေရှာသူရဲ့နောက်ကျောလေးကို Theo ခပ်လှမ်းလှမ်းက ငေးကြည့်နေမိသည်။ သိင်္ဂါရရဲ့နောက်ကျောလေးကို မဆိုထားနှင့်... အရိပ်လေးတစ်ခုကိုပင် သူ မြတ်နိုးစုံမက်လေသည်။ ဖြစ်နိုင်မယ်ဆိုရင် အခုချက်ချင်း သိင်္ဂါရကို ပြေးဖက်ပြီး ဝေးကွာနေခဲ့စဉ်က လွမ်းဆွတ်တမ်းတရမှုတွေကို အစီရင်ခံတင်ပြမိမည်မှာ အသေအချာပင်။ သို့ပေမဲ့လည်း မဖြစ်နိုင်သေးတဲ့ မျှော်လင့်ချက်တွေကို ထိန်းချုပ်ပြီး သိင်္ဂါရရှိရာဆီသို့ ပြုံးရွှင်စွာ လျှောက်လှမ်းသွားရတော့သည်။
"မင်းအတွက် ဝိုင်ဝယ်နေလို့ နည်းနည်းကြာသွားတယ်။"
"ရပါတယ်။"
"လာ...သွားကြရအောင်။"
Theoက သိင်္ဂါရကို Fordအမျိုးအစား ကားတစ်စီးဆီသို့ ခေါ်ဆောင်လာခဲ့သည်။
"ရသဆီကနေ ကားယူလာတာလား!?"
သိင်္ဂါရနဲ့ တွေ့ရဖို့အတွက်သာ ခေါင်းထဲ ရှိခဲ့တဲ့ Theoက ထိုကိစ္စကို မေ့လျော့နေခဲ့ပြီး ယခုမှ ပြန်သတိထားမိသွားလေသည်။
"သူ့မှာက ကားတွေ အများကြီးရှိတယ်လေ။ အဲဒါကြောင့် ဒီတစ်စီးကို ကိုယ့်ကို ယူသုံးခွင့်ပေးထားတာ။"
သိင်္ဂါရလည်း ကားထဲမှာ ဝင်ထိုင်ပြီး စိုင်းရသဦးနဲ့ Theoရဲ့ပတ်သက်မှုကို စဉ်းစားကြည့်လိုက်မိသည်။ သူ သတိထားမိသလောက်ဆိုရင် စိုင်းရသဦးရဲ့အပြုအမူတွေက နှိမ့်ချတဲ့ဘက်ကို ဦးတည်နေပြီး Theoရဲ့အပြုအမူတွေကတော့ အထက်စီးဆန်စွာ ရှိနေတတ်တာ အမှန်ပင်။
"သီချင်းနားထောင်ချင်လား!?"
Theoရဲ့အမေးကြောင့် သိင်္ဂါရရဲ့ဆက်စပ်တွေးခေါ်နေမှုတွေက လွင့်ပြယ်သွားခဲ့ရပြန်သည်။
"မင်း ကြိုက်တာသာ နားထောင်ပါ။"
Theoဖွင့်လိုက်သည်က စန္ဒယားသံစဉ်လေးတစ်ခုသာ ဖြစ်ပေသည်။
"အဲဒါက တယောပညာရှင် Vivaldiရဲ့လေးရာသီသံစဥ်တွေထဲက ဆောင်းရာသီအကြောင်းလေ။"
"အခု ကြားနေရတာက တယောသံမှ မဟုတ်တာ။"
"သူက ဒီသံစဉ်ကို စန္ဒယားနဲ့ လိုက်တီးလို့ ရမှာ မဟုတ်ဘူးဆိုပြီး ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ Rousseauဆိုတဲ့သူက စန္ဒယားနဲ့ ပြန်တီးပြထားတာ။"
Theoက စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးပြီး သိင်္ဂါရကို ပြုံးပြလိုက်သည်။
"ဒီသံစဉ်လေးက မင်းနဲ့ လိုက်တယ်။"
"ဘာဖြစ်လို့လဲ!?"
"ခန့်မှန်းလို့ မရနိုင်သလို ရိုးရှင်းပေမယ့် ဆန်းကြယ်နေတာမျိုး..."
Theoရဲ့စကားကို ကြားချိန်မှာ သိင်္ဂါရက ခါးသီးစွာ ပြုံးလိုက်မိသည်။
"ငါ့အတွက်တော့ မင်းက အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်ပဲ။ အဲဒီအဖြေကို မင်းက မပေးနိုင်သလို ငါကလည်း တစ်သက်လုံး ရှာတွေ့မှာ မဟုတ်ဘူး။"
သူတို့နှစ်ဦးရဲ့စကားဝိုင်းလေးက ပြန်လည်တိတ်ဆိတ်သွားပြီး အတွေးကိုယ်စီနဲ့ ငြိမ်သက်နေခဲ့ကြသည်။
သိင်္ဂါရလည်း အိမ်ကို ပြန်ရောက်လာချိန်မှာ မင်းခန့်ဆီသို့ ဖုန်းခေါ်ပြီး အကူအညီတောင်းလိုက်ရသည်။
"စိုင်းရသဦးဆိုတဲ့သူနဲ့ ပတ်သက်ပြီး ငါ့ကို စုံစမ်းပေးလို့ ရနိုင်မလား!?"
သိင်္ဂါရဆီက ထိုကဲ့သို့သော တောင်းဆိုမှုမျိုးကို မမျှော်လင့်ထားတဲ့ မင်းခန့်က အံ့အားသင့်ပြီး ပြန်မေးလာခဲ့သည်။
"ဘာဖြစ်လို့လဲ!? အန်တီ့အမှုနဲ့ ပတ်သက်နေလို့လား!?"
"မေမေ့အမှုနဲ့ မဆိုင်ပါဘူး။ သူ့ဆီကနေ ငါ သိချင်တာလေးတွေ ရှိလို့ပါ။"
ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်သမျှကို အလုပ်မှာ အသုံးမချသင့်ပေမယ့် သိင်္ဂါရရဲ့တောင်းဆိုမှုကြောင့် မင်းခန့်က တစ်ကြိမ်တစ်ခါလောက်တော့ ကူညီပေးဖို့ ဆုံးဖြတ်ခဲ့မိသည်။
"ကောင်းပြီလေ။ ငါ အမြန်ဆုံး စုံစမ်းပေးပါ့မယ်။"
"ကျေးဇူးတင်ပါတယ်။ ငါ့ဆီမှာလည်း ကူညီပေးနိုင်မယ့်သူက မင်းပဲ ရှိလို့ပါ။"
"ရပါတယ်ကွာ။ ဒါဆို ငါ ဖုန်းချလိုက်တော့မယ်နော်။"
မင်းခန့်နဲ့ ဖုန်းပြောပြီးချိန်မှာ သိင်္ဂါရက ရှေ့ဆက်လုပ်ဆောင်ရမယ့် ကိစ္စတွေအတွက် အစီအစဉ်ကို ကြိုတင်ချထားရတော့သည်။
*တစ်နေ့က GL One shot ရေးပြီး ည သုံးနာရီကျော်သွားလို့ မနေ့က ခေါင်းကိုက်ခြင်း စတင်ပါတော့တယ်။ အဲဒါကြောင့် Update နောက်ကျသွားရတဲ့အတွက် တကယ်တောင်းပန်ပါတယ်။ ဒီကာလကြီး စဖြစ်ကတည်းက စိတ်က အရင်လိုမျိုး မဟုတ်ဘဲ လွင့်ချင်ရာ လွင့်နေသလိုပဲ။ စာရေးနေရင်းက Facebookထဲ ရောက်သွားတာတို့၊ သီချင်းနားထောင်လိုက်တာတို့ အမျိုးမျိုးလုပ်မိနေတယ်။ စောင့်နေကြတဲ့သူတွေကိုလည်း အားနာမိပါတယ်။ လောလောဆယ် အစ်မ စိတ်ရူးပေါက်နေလို့ ခဏသည်းခံပေးကြပါဦးနော် 🙇🙇🙇
#Śûè
***************
(Zawgyi Version)⚠️⚠️⚠️
သိဂၤါရက လကၤာမ်ိဳးရဲ႕စြပ္စြဲခ်က္ကို ေခါင္းထဲကေန ထုတ္မရဘဲ ႐ွိခဲ့ေလသည္။ Theoက ဒီလိုကိစၥမ်ိဳးကို မလုပ္တတ္မွန္း သူ ယုံၾကည္ေပမယ့္ ေမေမ့ကိစၥကို သိ႐ွိေနျခင္းကေတာ့ ထူးဆန္းတာ အမွန္ပင္။ အမ်ိဳးမ်ိဳးအဖုံဖုံ စဥ္းစားၿပီး ေနာက္ဆုံးမွာ ထိုအေၾကာင္းျပခ်က္ကို သိရဖို႔အတြက္ သူ႕နည္းသူ႕ဟန္နဲ႔ ႐ွာေဖြၾကည့္ဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။
"သိဂၤါရ..."
ေခၚသံေၾကာင့္ ေဆးခန္းထဲမွာ ထိုင္ၿပီး စဥ္းစားေနတဲ့ သိဂၤါရလည္း အသိျပန္ဝင္လာခဲ့သည္။
"ဪ...မင္းခန္႔...ေရာက္လာၿပီလား!?"
မင္းခန္႔က သူ႕ေ႐ွ႕တည့္တည့္က ခုံမွာ ဝင္ထိုင္ၿပီး ျပဳံးလိုက္သည္။
"ငါ ဝင္လာတာေတာင္ မေတြ႕ရေအာင္ ဘာေတြကို ဒီေလာက္ထိ ေတြးေနရတာလဲ!?"
"ဟိုလိုဒီလိုပါပဲကြာ။ ဒါနဲ႔ ေမေမ့ကိစၥကို စုံစမ္းရတာက အဆင္ေျပရဲ႕လား!?"
"အနီးပတ္ဝန္းက်င္က လူေတြကို လိုက္စုံစမ္းၾကည့္ခဲ့ေပမယ့္ တစ္ေယာက္မွ သတိမထားမိၾကဘူးတဲ့။ ဒါေပမဲ့ ငါ ရေအာင္ ႐ွာေပးမွာပါ။ စိတ္မပူပါနဲ႔။ ဒီရက္ပိုင္းမွာ ငါတို႔စခန္းကို အေရးႀကီးတဲ့ အမႈတစ္ခုေရာက္ေနေတာ့ အထက္လူႀကီးေတြက အဲဒီဘက္ကိုပဲ အဓိကထားခိုင္းေနတာ။"
"ဘာအမႈမို႔လို႔လဲ!?"
"ဘိန္းေမွာင္ခိုမႈနဲ႔ သံသယ႐ွိတဲ့သူက ေပ်ာက္ေနတာ တစ္လေလာက္႐ွိၿပီ။ ဒါေပမဲ့ ၿပီးခဲ့တဲ့အပတ္က Facebookေပၚမွာ သူနဲ႔ ပတ္သက္တဲ့ ဗီဒီယိုတစ္ခု တက္လာတယ္။"
"ဘာဗီဒီယိုလဲ!?"
သိဂၤါရရဲ႕ေမးခြန္းေၾကာင့္ မင္းခန္႔ အံ့အားသင့္သြားရသည္။
"Facebookေပၚမွာ ဒီေလာက္ပ်ံ႕သြားတာကို မင္း မၾကည့္ရေသးဘူးလား!?"
"ေမေမ့ကိစၥၿပီးကတည္းက ငါလည္း လိုင္းေပၚကို မတက္ျဖစ္ေတာ့တာ။ အဲဒါေၾကာင့္ ဘာသတင္းမွ မသိရဘူးေလ။"
"တင္တဲ့သူက ခဏပဲ တင္ၿပီး ပို႔စ္ကို ျပန္ဖ်က္သြားတယ္။ အဲဒါကို ကူးထားတဲ့သူေတြက ထပ္ျဖန္႔ေနၾကတာ။ ငါလည္း အမႈစုံစမ္းဖို႔အတြက္ အဲဒီဗီဒီယိုကို သိမ္းထားလိုက္ရတယ္။ ဒီမွာေလ..."
မင္းခန္႔က သူ႕ဖုန္းထဲကေန ဗီဒီယိုတစ္ပုဒ္ကို ထုတ္ျပခဲ့သည္။ ဗီဒီယိုထဲမွာ ေသြးသံတရဲရဲျဖစ္ေနတဲ့ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦးက ေလးဘက္ကုန္းလ်က္ အေနအထားမ်ိဳးျဖင့္ လက္ႏွစ္ဖက္ကို ႀကိဳးနဲ႔ ခ်ည္ေႏွာင္ကာ ေလေပၚမွာ အေျမႇာက္ခံထားရေလသည္။ အေနာက္ေပါက္ထဲမွာ တုန္ခါေနတဲ့ Vibratorေၾကာင့္ ထိုအမ်ိဳးသားက ရမၼက္သံပါပါနဲ႔ ညည္းညဴလိုက္ေပမယ့္ ပုံစံပ်က္ယြင္းၿပီး အသားစေတြ လန္ထြက္ေနတဲ့ သူ႕လိင္အဂၤါေၾကာင့္ အာသာေျပေအာင္ ထုတ္လႊတ္ျခင္း မျပဳႏိုင္ဘဲ နာက်င္ေနရပုံပင္။
ခဏအၾကာမွာ ဗီဒီယိုက ေနာက္ပုံစံတစ္မ်ိဳးသို႔ ေျပာင္းလဲသြားခဲ့ျပန္သည္။ ဒီတစ္ခါမွာေတာ့ လက္ေတြကို ႀကိဳးေျဖေပးထားေပမယ့္ သူ႕ေျခေထာက္ကို စတီးႀကိဳးနဲ႔ ခ်ည္ေႏွာင္ထားခဲ့သည္။ ထိုအမ်ိဳးသားက ပက္လက္အေနအထားျဖင့္ အေနာက္ေပါက္ထဲသို႔ Sex Toyကို ကိုယ္တိုင္ကိုယ္က် လက္နဲ႔ အသြင္းအထုတ္လုပ္ေပးေနရသည္။ ခံစားရခက္လြန္းၿပီး လက္ကို ရပ္တန္႔မိခ်ိန္တိုင္းမွာ ျမင္ကြင္းထဲသို႔ ၾကာပြတ္တစ္ေခ်ာင္းက ဝင္လာကာ သူ႕ခႏၶာကိုယ္ကို ေသြးထြက္သည္အထိ ဆက္တိုက္႐ိုက္ႏွက္ေတာ့သည္။ သူက နာက်င္မႈဒဏ္ကို မခံႏိုင္ဘဲ ခိုင္းတဲ့အတိုင္း ဆက္လုပ္ရင္းနဲ႔ ၿပီးေျမာက္ခါနီးမွာ ရင္ဘတ္ေပၚသို႔ မီးျပင္းျပင္းပူေနတဲ့ သံေခ်ာင္းျဖင့္ ထိကပ္ျခင္း ခံလိုက္ရျပန္သည္။
"လူတစ္ေယာက္ကို ဘာလို႔ ဒီေလာက္ေတာင္ ရက္ရက္စက္စက္ ႏွိပ္စက္ရတာလဲ!?"
ဗီဒီယိုၾကည့္ၿပီး ေရ႐ြတ္လိုက္တဲ့ သိဂၤါရကို မင္းခန္႔က ျပန္ေျဖေပးခဲ့သည္။
"တကယ္ေတာ့ ဆန္းဝင္းကလည္း လူေကာင္းတစ္ေယာက္ မဟုတ္ဘူးကြ။ သူ လုပ္ခဲ့တဲ့ မေကာင္းမႈေတြက အမ်ားႀကီးပဲ။ သူ႕တပည့္တစ္ေယာက္ကို ငါတို႔ ဖမ္းမိတုန္းက စစ္ေမးလိုက္ေတာ့ သူက မုဒိမ္းမႈပါ က်ဴးလြန္ဖူးတယ္တဲ့။ သက္ေသမ႐ွိေတာ့ လြတ္သြားတာေပါ့။ အဲဒါေၾကာင့္ ငါလည္း သူ႕ကို မိေအာင္ ဖမ္းခ်င္ေနတာ။"
မင္းခန္႔ရဲ႕စကားေၾကာင့္ သိဂၤါရလည္း ဘာမွဆက္မေျပာျဖစ္ေတာ့ေပ။ ေလာကႀကီးထဲမွာ ျဖစ္ေပၚေနတဲ့ တခ်ိဳ႕ေသာ ဒုစ႐ိုက္မႈေတြက တရားမွ်တမႈကို ႐ွာမေတြ႕ဘဲ တိမ္ျမဳပ္သြားတတ္သည္။ တစ္ခ်ိန္တုန္းက တရားဥပေဒအတိုင္း ျပစ္ဒဏ္ခံယူေစျခင္းကို အေကာင္းဆုံးနည္းလမ္းလို႔ သူ မွတ္ယူခဲ့ေပမယ့္ နစ္နာသူဘက္ကေန ဝင္ခံစားၾကည့္ရင္ေတာ့ ဥပေဒရဲ႕ျပစ္ဒဏ္က ေပါ့ေနမွာ ေသခ်ာေပသည္။ ထိုခဏအတြင္းမွာ သိဂၤါရရဲ႕အေတြးထဲကို စကားတစ္ခြန္းက မဖိတ္ေခၚဘဲ တိုးဝင္လာေလသည္။
"ဒီေလာကႀကီးမွာ ဥပေဒက မ႐ွာေပးႏိုင္တဲ့ တရားမွ်တမႈေတြ အမ်ားႀကီး႐ွိတယ္။ အဲဒါေတြအတြက္ လက္စားေခ်မႈဆိုတာက လိုအပ္လာရတာ။"
'Theoကေရာ လက္စားေခ်ၿပီး တရားမွ်တမႈကို ႐ွာေဖြခ်င္ေနတာမ်ားလား!?'
မေတာ္တဆေပၚလာတဲ့ အေတြးတစ္ခုနဲ႔တင္ သိဂၤါရရဲ႕စိုးရိမ္မႈေတြက တိုးပြါးလာခဲ့သည္။ Theoကို တရားခံဆိုတဲ့ နာမည္ဆိုးေအာက္မွာ သူ လုံးဝမျမင္ေတြ႕ခ်င္ေပ။ ထိုစိုးရိမ္စိတ္ရဲ႕တိုက္တြန္းမႈေၾကာင့္ သူ ေ႐ွ႕ဆက္ၿပီး ေတြးမိခ်ိန္မွာ Theoရဲ႕လွ်ိဳ႕ဝွက္စြာ ေနထိုင္တတ္မႈေတြအေပၚ သံသယဝင္စျပဳလာခဲ့ျပန္သည္။
"သိဂၤါရ...ေဟ့ေကာင္...ဘာေတြေတြးေနတာလဲ!?"
မင္းခန္႔ရဲ႕အသံကို ၾကားမွ သိဂၤါရလည္း အေတြးမ်ားေနရာက ျပန္ေျဖေပးလိုက္မိသည္။
"ဘာမွမျဖစ္ပါဘူး။"
သိဂၤါရရဲ႕မ်က္ႏွာအေျခအေနက အရင္ကလို မ႐ႊင္ပ်ေတာ့တာကို မင္းခန္႔ ရိပ္မိခဲ့ေလသည္။ ထို႔ေၾကာင့္ စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ စကားလမ္းေၾကာင္းလႊဲေပးရေတာ့သည္။
"ဒါနဲ႔ Theoကို အခုတေလာ မေတြ႕ျဖစ္ဘူး။ သူ ဘယ္ေရာက္ေနတာလဲ!?"
မင္းခန္႔က သူငယ္ခ်င္းေကာင္းတစ္ေယာက္ဆိုတာကို ယုံၾကည္ေပမယ့္ မ႐ွင္းလင္းရေသးတဲ့ ကိစၥေတြ ႐ွိေသးတာမို႔ အျဖစ္မွန္ကို ခဏဖုံးကြယ္ထားလိုက္မိသည္။
"သူ အလုပ္လုပ္တဲ့ ကုမၸဏီက အလုပ္က်ေနလို႔ သိပ္မေတြ႕ျဖစ္ေသးဘူး။"
မင္းခန္႔က သူနဲ႔ တျခားအေၾကာင္းအရာေတြကို ေျပာဆိုၿပီး ခဏအၾကာမွာ စခန္းသို႔ ျပန္သြားခဲ့သည္။ သိဂၤါရလည္း Theoအတြက္ စိုးရိမ္စိတ္နဲ႔ မိခင္အတြက္ အမွန္တရား႐ွာေဖြလိုစိတ္တို႔ေၾကာင့္ အၾကံတစ္ခုကို အျမန္ဆုံး႐ွာေဖြလိုက္ရသည္။ ထို႔ေနာက္ ရ႐ွိလာတဲ့အၾကံကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ Black listထဲ ထည့္သြင္းထားမိတဲ့ ဖုန္းနံပါတ္တစ္ခုကို ေတြေဝစြာ ေငးၾကည့္ၿပီးမွ ေခၚဆိုခဲ့မိသည္။
"📱...📱...📱"
ဖုန္းသံျမည္လာခ်ိန္မွာ Theoက လကၤာမ်ိဳးရဲ႕ယုတ္မာေကာက္က်စ္မႈကို သက္ေသျပဖို႔အတြက္ အခ်က္အလက္ေတြ စုေဆာင္းေနခဲ့ေလသည္။ သာမန္ဖုန္းနံပါတ္တစ္ခုသာ ျဖစ္ခဲ့မည္ဆိုပါက သူ မေျဖဆိုဘဲ ပစ္ထားလိုက္ႏိုင္ေပမယ့္ ျမင္ေတြ႕ခဲ့ရသည္က သိဂၤါရရဲ႕နာမည္ေလး ျဖစ္ေနေတာ့သည္။ ေပ်ာ္႐ႊင္ရင္ခုန္မႈနဲ႔အတူ ဖုန္းက်မသြားခင္မွာပဲ သူ အျမန္ေျဖဆိုေပးလိုက္သည္။
"ဟယ္လို...သိဂၤါရ..."
တစ္ဆယ့္ငါးရက္ေက်ာ္ေလာက္ မၾကားခဲ့ရတဲ့အသံတစ္ခုက သိဂၤါရရဲ႕နားထဲကို ညင္သာစြာ တိုးဝင္လာခ်ိန္မွာ ေ႐ွ႕ဆက္ေျပာရမယ့္ စကားလုံးေတြက ေခတၱအိပ္ေပ်ာ္သြား႐ွာေလသည္။
"မင္း ကိုယ့္ဆီ လွမ္းဆက္သြယ္ၿပီေပါ့။"
႐ုပ္ကို မျမင္ရေသာ္ျငားလည္း ေပ်ာ္႐ႊင္မႈေတြက Theoရဲ႕အသံထဲမွာ စီးဝင္ေနသလိုပင္။
"ငါ မင္းနဲ႔ စကားေျပာခ်င္တယ္။ ဘယ္မွာ ေတြ႕လို႔ အဆင္ေျပမလဲ!?"
"ဒါဆို Marco's Cellarကို လာခဲ့ပါလား!?"
"ေကာင္းၿပီေလ။ ည (၇)နာရီေလာက္က်ရင္ ငါ ေရာက္လိမ့္မယ္။"
"ကိုယ္ ေစာင့္ေနပါ့မယ္။ မင္း ေရာက္လာရင္ Theoနဲ႔ ေတြ႕ခ်င္တယ္လို႔သာ ေျပာလိုက္ပါ။"
သိဂၤါရက ႐ွည္႐ွည္ေဝးေဝး မေျပာဘဲ ဖုန္းခ်သြားခ်ိန္မွာ Theoက ထိုဖုန္းေလးကို နမ္းမိမတတ္ ျပဳံး႐ႊင္ေန႐ွာေတာ့သည္။
ည (၇)နာရီခန္႔တြင္-
Marco's Cellar Wine Bar & Restaurant
ဘားထဲကို သူ ဝင္ေရာက္လာခ်ိန္မွာ ဝန္ထမ္းေကာင္ေလးက ပ်ဴပ်ဴဌာဌာျဖင့္ စတင္ေမးျမန္းလိုက္သည္။
"ႀကိဳတင္ခ်ိန္းဆိုထားတာမ်ား ႐ွိပါသလားခင္ဗ်!?"
"Theoနဲ႔ ေတြ႕ခ်င္လို႔ပါ။"
"ကြၽန္ေတာ့္ေနာက္ကို လိုက္ခဲ့ေပးပါခင္ဗ်။"
သိဂၤါရလည္း ထိုေကာင္ေလးရဲ႕ေနာက္က လိုက္လာၿပီး VIPအခန္းတစ္ခုဆီသို႔ ေရာက္႐ွိခဲ့သည္။
အဆင္သင့္ေစာင့္ေမွ်ာ္ေနတဲ့ Theoက သိဂၤါရကို ျမင္ေတြ႕လိုက္ရခ်ိန္မွာ စကားေျပာဖို႔ပင္ ေမ့ေလ်ာ့သြားခဲ့သည္။ ဆြယ္တာအျဖဴကို ဂ်င္းေဘာင္းဘီနက္ျပာေရာင္နဲ႔ တြဲဖက္ဝတ္ဆင္ၿပီး အေပၚက အသားေရာင္ကုတ္အက်ႌ႐ွည္ကို ထပ္ဝတ္ထားတဲ့ သိဂၤါရက ႐ိုး႐ိုး႐ွင္း႐ွင္းနဲ႔ ၾကည့္ေကာင္းလြန္းေနခဲ့ေလသည္။ ခဏအၾကာမွာ Theoလည္း ေငးေမာၾကည့္ေနရာက သတိဝင္လာၿပီး ခရီးဦးႀကိဳဆိုမႈကို စတင္ျပဳလုပ္ရေတာ့သည္။
"ေရာက္လာၿပီလား!? ဒီမွာ လာထိုင္ေလ။"
သိဂၤါရက ဘာမွျပန္မေျပာဘဲ ကုတ္အက်ႌ႐ွည္ကို ခြၽတ္ၿပီး ခုံမွာ ဝင္ထိုင္လိုက္ေလသည္။
"ဘာစားခ်င္လဲ!? ဝိုင္ကိုလည္း မင္း ႀကိဳက္တာ ေ႐ြးလို႔ရတယ္။"
"မင္း စားခ်င္တာသာ မွာလိုက္ပါ။"
သိဂၤါရရဲ႕ေအးတိေအးစက္ႏိုင္မႈကို Theo ခံစားမိေပမယ့္ ဒီေနရာအထိ ေရာက္လာေပးၿပီး သူနဲ႔အတူ ႐ွိေနတာကိုက ေက်းဇူးတင္စရာေကာင္းလွၿပီဟု မွတ္ယူထားခဲ့သည္။ ထို႔ေၾကာင့္ ဝန္ထမ္းေကာင္ေလးကို စားစရာမွာၿပီး သိဂၤါရကို ေသခ်ာစြာအကဲခတ္ၾကည့္လိုက္သည္။
"မင္း နည္းနည္းပိန္သြားတယ္။ အစားေရာ မွန္မွန္စားရဲ႕လား!?"
Theoရဲ႕ေမးခြန္းကို သိဂၤါရ အေျဖေပးဖို႔ စိတ္ကူးမ႐ွိပုံပင္။ ဇာတ္သိမ္းခန္းအထိ ေရာက္ၿပီးသြားတဲ့ သူတို႔ႏွစ္ဦးအတြက္ အရာရာက အရင္အတိုင္း ထပ္မျဖစ္ႏိုင္ေတာ့မွန္း ကိုယ္စီနားလည္ထားၾကေလသည္။ သို႔ေပမဲ့ မကုန္ဆုံးႏိုင္ေသးတဲ့ ခ်စ္ျခင္းတရားေတြက ျပန္လည္ဆုံစည္းမိခ်ိန္မွာ အခ်င္းခ်င္းဆြဲငင္ဖို႔ ၾကံ႐ြယ္ေနခဲ့ျပန္သည္။ ထိုအၾကံအစည္ကို အထမေျမာက္ေစခ်င္တဲ့ သိဂၤါရက လိုရင္းကိစၥကိုသာ ထုတ္ေဖာ္ေမးျမန္းလိုက္ေတာ့သည္။
"ေမေမ အဲဒီညက ဆုံးသြားတယ္ဆိုတာကို မင္း ဘယ္လိုလုပ္သိတာလဲ!?"
စူးရဲတဲ့မ်က္ဝန္းတစ္စုံက Theoရဲ႕ရင္ထဲအထိ နစ္ဝင္သြားသလို ခံစားရၿပီး သင့္ေတာ္မယ့္ အေျဖတစ္ခုကို ကမန္းကတန္း႐ွာေဖြခဲ့မိသည္။
"အဲဒီညက အန္တီ ဆုံးသြားမွန္း ကိုယ္ မသိခဲ့ပါဘူး။ ဒါေပမဲ့ မင္းက ဓာတ္ပုံေဘာင္က်ကြဲၿပီး စိတ္မေကာင္းျဖစ္ေနလို႔ ႏွစ္သိမ့္ေပးခ်င္ခဲ့တာ။"
သာမန္လူတစ္ေယာက္အဖို႔ ထိုေျဖ႐ွင္းခ်က္က ၿပီးျပည့္စုံေပမယ့္ သိဂၤါရကေတာ့ ယုံၾကည္သြားျခင္း မ႐ွိခဲ့ေပ။
"ဒါဆို ေမေမ ဆုံးသြားမွန္း မင္းက ငါ့ထက္ ဘယ္လိုလုပ္ႀကိဳသိေနတာလဲ!?"
ပိုခက္ခဲသြားတဲ့ ေမးခြန္းမို႔ Theoလည္း အေျဖကို ေသခ်ာစဥ္းစားၾကည့္ၿပီးမွ ေပးႏိုင္ခဲ့သည္။
"ေနာက္တစ္ေန႔မနက္က်မွ ရသက ဖုန္းလွမ္းဆက္ၿပီး ေျပာျပခဲ့တာ။"
ေဒၚအိမ္စည္ ဆုံးပါးသြားတဲ့အေၾကာင္းကို သိဂၤါရ အိမ္ျပန္ေရာက္ၿပီး ေနာက္တစ္ေန႔မွ လူသိ႐ွင္ၾကားေၾကညာေပးခဲ့မွန္း Theoက မသိ႐ွိခဲ့ပုံပင္။ သို႔ေပမဲ့ သိဂၤါရက ထိုအလိမ္အညာစကားကို ယုံၾကည္သြားဟန္ျဖင့္ ၿငိမ္သက္ေနလိုက္မိသည္။ Theoက ဘာလို႔ လိမ္ညာေျပာခဲ့ရသလဲဆိုတဲ့ ေမးခြန္းကလည္း သူ႕အေတြးထဲမွာ တဝဲလည္လည္႐ွိေနခဲ့ေလသည္။ ထိုသို႔ေတြးေနစဥ္မွာ Theoရဲ႕စကားသံကို သူ ၾကားလိုက္ရသည္။
"ဒီအေတာအတြင္း ဘာေတြလုပ္ျဖစ္လဲ!?"
"ေမေမ့အသုဘကိစၥၿပီးေတာ့ ရက္လည္အတြက္ လိုက္လုပ္ေပးရတယ္။ ေဆးခန္းျပန္ဖြင့္ထားတယ္ဆိုတာကိုေတာ့ ရသက ေျပာျပၿပီးၿပီမလား!?"
"သူ ေျပာပါတယ္။"
သူတို႔ႏွစ္ဦးၾကားက စကားေလးေတြက ျပတ္တိျပတ္ေတာင္း ျဖစ္ေနၿပီး အရင္တစ္ခ်ိန္က လြင့္ပ်ံ႕ခဲ့ဖူးတဲ့ ခ်ိဳၿမိန္မႈေတြကလည္း ေပ်ာက္ဆုံးေနေတာ့သည္။ ႏွစ္ဦးစလုံးအတြက္ ခက္ခဲလွတဲ့ အေျခအေနမို႔ သည္းခံၿပီး ဆက္ေနလိုစိတ္က သိဂၤါရရဲ႕အေတြးထဲမွာ မ႐ွိခဲ့ေပ။
"ငါ လုပ္စရာ႐ွိေသးလို႔ အရင္ျပန္ႏွင့္လိုက္ေတာ့မယ္။"
ဆင္ေျခတစ္ခုနဲ႔ ေ႐ွာင္ထြက္သြားဖို႔ ျပင္ေနတဲ့ သိဂၤါရကို Theoက အျမန္လွမ္းတားလိုက္မိသည္။
"မင္း ေနရခက္မယ္ဆိုတာ ကိုယ္ သိပါတယ္။ ဒါေပမဲ့ ဒီညစာေလးကိုေတာ့ ကိုယ္နဲ႔အတူ စားေပးပါ။"
Theoရဲ႕ေတာင္းဆိုမႈက ေတာင္းပန္တိုးလွ်ိဳးေနသည့္ပုံစံမ်ိဳးမို႔ သိဂၤါရလည္း လက္ခံေပးလိုက္ရေလသည္။ ထင္ထားတဲ့အတိုင္းပဲ သူတို႔ရဲ႕ညစာစားပြဲေလးမွာ တိတ္ဆိတ္မႈက ႀကီးစိုးေနခဲ့သည္။
"ဒါေလးကို ေသာက္ၾကည့္ပါလား! သူက Château Lafite Rothschildရဲ႕ ၂၀၀၀ခုႏွစ္မွာ ထုတ္ထားတဲ့ ဝိုင္ေလ။"
Theo ၫႊန္းဆိုတဲ့ ဝိုင္ကို သိဂၤါရက အနည္းငယ္မွ် ျမည္းစမ္းၿပီးခ်ိန္မွာ ဝိုင္ေတြအေၾကာင္းကို လုံးဝမသိေပမယ့္ တန္ဖိုးအားျဖင့္ မနည္းႏိုင္မွန္း သတိထားမိလိုက္သည္။ ေရာက္႐ွိေနတဲ့ VIP အခန္း မွာထားတဲ့ အစားအေသာက္နဲ႔ ဝိုင္... အရာအားလုံးက တန္ဖိုးႀကီးေနတာမို႔ မသကၤာစိတ္ေတြကလည္း ပိုတိုးပြါးလာရေတာ့သည္။ Theoက စိုင္းရသဦးရဲ႕လက္ေအာက္မွာ အလုပ္လုပ္ရသူျဖစ္ပါလ်က္နဲ႔ သုံးစြဲႏိုင္တဲ့ ေငြေၾကးပမာဏက သိဂၤါရရဲ႕ပိုင္ဆိုင္မႈထက္ မ်ားျပားေနျပန္သည္။ ေမးၾကည့္ရင္လည္း မေျပာျပဖို႔က ေသခ်ာသေလာက္ ႐ွိေနေပသည္။ ထို႔ေၾကာင့္ Theoရဲ႕အေၾကာင္းကို သိ႐ွိႏိုင္ဖို႔အတြက္ သူတို႔ႏွစ္ဦးရဲ႕ေအးတိေအးစက္ျဖစ္ေနတဲ့ ဆက္ဆံေရးကို ျပန္လည္ေႏြးေထြးေစေအာင္ ျပဳလုပ္ေပးလိုက္ေတာ့သည္။
"ဒီအရသာကို သေဘာက်တယ္။"
သိဂၤါရဆီက မေမွ်ာ္လင့္ထားတဲ့ ခ်ီးက်ဴးစကားကို ၾကားလိုက္ရခ်ိန္မွာ Theoရဲ႕ၾကည္ႏူးမႈေတြက ထိန္းခ်ဳပ္လို႔ မရႏိုင္ခဲ့ေပ။
"မင္း သေဘာက်တယ္ဆိုရင္ ကိုယ္ ဒီဝိုင္ကို လက္ေဆာင္အေနနဲ႔ ေပးလိုက္ပါ့မယ္။"
သိဂၤါရရဲ႕သေဘာက်တယ္ဆိုတဲ့ စကားတစ္ခြန္းကို ၾကားရ႐ုံနဲ႔ ထိုဆိုင္တစ္ခုလုံးကို ဝယ္ေပးဖို႔အထိ Theo ျပဳလုပ္ေပးႏိုင္တာ အမွန္ပင္။
"ေက်းဇူးတင္ပါတယ္။"
ငယ္စဥ္ကလိုမ်ိဳး ေက်းဇူးတင္ပါတယ္ဆိုၿပီး သူ႕ပါးေလးကို သိဂၤါရက ခ်စ္စႏိုးနဲ႔ နမ္းခဲ့ဖူးတာကို Theo အမွတ္ရမိေလသည္။ ထိုအခိုက္အတန္႔ေလးကို ျပန္ေတြးမိ႐ုံနဲ႔ ေအးစက္ေနတဲ့ Theoရဲ႕ႏွလုံးသားက ျပန္လည္ေႏြးေထြးသြားခဲ့ရသည္။
"အရင္လိုပဲ ကိုယ့္ရဲ႕အနားမွာ ႐ွိေနေပးပါလား... သိဂၤါရရယ္..."
Theoရဲ႕မိႈင္းညိဳ႕ညိဳ႕မ်က္ဝန္းေတြက မီးေရာင္ေအာက္မွာ ဆြဲေဆာင္မႈ႐ွိစြာျဖင့္ သိဂၤါရကို ညိႇဳ႕ယူေနခဲ့သည္။ တျဖည္းျဖည္း နီးကပ္လာတဲ့ အသက္႐ႈသံျပင္းျပင္းနဲ႔အတူ ေသသပ္က်နတဲ့ ႏႈတ္ခမ္းလႊာတစ္စုံက သိဂၤါရရဲ႕ႏႈတ္ခမ္းဆီသို႔ သံလိုက္တစ္ခုလို ခြဲခြါမရေအာင္ ကပ္တြယ္ဖို႔ ၾကံ႐ြယ္ထားပုံပင္။ တစ္ေယာက္ရဲ႕ဝင္ေလထြက္ေလကို တစ္ေယာက္က ခံစားသိ႐ွိႏိုင္တဲ့အထိ နီးကပ္လာခ်ိန္မွာ သိဂၤါရက မ်က္ႏွာကို တစ္ဖက္သို႔ လႊဲလိုက္ေလသည္။ သိဂၤါရဘက္က လက္ခံမေပးႏိုင္ေသးမွန္း သိလိုက္ရၿပီမို႔ Theoက ေ႐ွ႕ဆက္မတိုးဘဲ စကားလမ္းေၾကာင္းလႊဲခဲ့သည္။
"ကိုယ္ မင္းကို လိုက္ပို႔ေပးမယ္။ အျပင္မွာ ခဏေစာင့္ေနလိုက္ေနာ္။"
သိဂၤါရက ေခါင္းညိတ္ျပၿပီး ကုတ္အက်ႌ႐ွည္ကို ျပန္လည္ဝတ္ဆင္ကာ အခန္းထဲမွ ထြက္ခြါသြားေတာ့သည္။ Theoလည္း သိဂၤါရအတြက္ ဝိုင္တစ္ပုလင္းဝယ္ၿပီး ခဏအၾကာမွာ ဆိုင္အျပင္ဘက္သို႔ ေရာက္႐ွိလာခဲ့သည္။
ဒန္းေလးေပၚမွာ ထိုင္ၿပီး ေစာင့္ေမွ်ာ္ေန႐ွာသူရဲ႕ေနာက္ေက်ာေလးကို Theo ခပ္လွမ္းလွမ္းက ေငးၾကည့္ေနမိသည္။ သိဂၤါရရဲ႕ေနာက္ေက်ာေလးကို မဆိုထားႏွင့္... အရိပ္ေလးတစ္ခုကိုပင္ သူ ျမတ္ႏိုးစုံမက္ေလသည္။ ျဖစ္ႏိုင္မယ္ဆိုရင္ အခုခ်က္ခ်င္း သိဂၤါရကို ေျပးဖက္ၿပီး ေဝးကြာေနခဲ့စဥ္က လြမ္းဆြတ္တမ္းတရမႈေတြကို အစီရင္ခံတင္ျပမိမည္မွာ အေသအခ်ာပင္။ သို႔ေပမဲ့လည္း မျဖစ္ႏိုင္ေသးတဲ့ ေမွ်ာ္လင့္ခ်က္ေတြကို ထိန္းခ်ဳပ္ၿပီး သိဂၤါရ႐ွိရာဆီသို႔ ျပဳံး႐ႊင္စြာ ေလွ်ာက္လွမ္းသြားရေတာ့သည္။
"မင္းအတြက္ ဝိုင္ဝယ္ေနလို႔ နည္းနည္းၾကာသြားတယ္။"
"ရပါတယ္။"
"လာ...သြားၾကရေအာင္။"
Theoက သိဂၤါရကို Fordအမ်ိဳးအစား ကားတစ္စီးဆီသို႔ ေခၚေဆာင္လာခဲ့သည္။
"ရသဆီကေန ကားယူလာတာလား!?"
သိဂၤါရနဲ႔ ေတြ႕ရဖို႔အတြက္သာ ေခါင္းထဲ ႐ွိခဲ့တဲ့ Theoက ထိုကိစၥကို ေမ့ေလ်ာ့ေနခဲ့ၿပီး ယခုမွ ျပန္သတိထားမိသြားေလသည္။
"သူ႕မွာက ကားေတြ အမ်ားႀကီး႐ွိတယ္ေလ။ အဲဒါေၾကာင့္ ဒီတစ္စီးကို ကိုယ့္ကို ယူသုံးခြင့္ေပးထားတာ။"
သိဂၤါရလည္း ကားထဲမွာ ဝင္ထိုင္ၿပီး စိုင္းရသဦးနဲ႔ Theoရဲ႕ပတ္သက္မႈကို စဥ္းစားၾကည့္လိုက္မိသည္။ သူ သတိထားမိသေလာက္ဆိုရင္ စိုင္းရသဦးရဲ႕အျပဳအမူေတြက ႏွိမ့္ခ်တဲ့ဘက္ကို ဦးတည္ေနၿပီး Theoရဲ႕အျပဳအမူေတြကေတာ့ အထက္စီးဆန္စြာ ႐ွိေနတတ္တာ အမွန္ပင္။
"သီခ်င္းနားေထာင္ခ်င္လား!?"
Theoရဲ႕အေမးေၾကာင့္ သိဂၤါရရဲ႕ဆက္စပ္ေတြးေခၚေနမႈေတြက လြင့္ျပယ္သြားခဲ့ရျပန္သည္။
"မင္း ႀကိဳက္တာသာ နားေထာင္ပါ။"
Theoဖြင့္လိုက္သည္က စႏၵယားသံစဥ္ေလးတစ္ခုသာ ျဖစ္ေပသည္။
"အဲဒါက တေယာပညာ႐ွင္ Vivaldiရဲ႕ေလးရာသီသံစဥ္ေတြထဲက ေဆာင္းရာသီအေၾကာင္းေလ။"
"အခု ၾကားေနရတာက တေယာသံမွ မဟုတ္တာ။"
"သူက ဒီသံစဥ္ကို စႏၵယားနဲ႔ လိုက္တီးလို႔ ရမွာ မဟုတ္ဘူးဆိုၿပီး ေျပာခဲ့ဖူးတယ္။ ဒါေပမဲ့ Rousseauဆိုတဲ့သူက စႏၵယားနဲ႔ ျပန္တီးျပထားတာ။"
Theoက စိတ္႐ွည္လက္႐ွည္နဲ႔ ႐ွင္းျပေပးၿပီး သိဂၤါရကို ျပဳံးျပလိုက္သည္။
"ဒီသံစဥ္ေလးက မင္းနဲ႔ လိုက္တယ္။"
"ဘာျဖစ္လို႔လဲ!?"
"ခန္႔မွန္းလို႔ မရႏိုင္သလို ႐ိုး႐ွင္းေပမယ့္ ဆန္းၾကယ္ေနတာမ်ိဳး..."
Theoရဲ႕စကားကို ၾကားခ်ိန္မွာ သိဂၤါရက ခါးသီးစြာ ျပဳံးလိုက္မိသည္။
"ငါ့အတြက္ေတာ့ မင္းက အေျဖမ႐ွိတဲ့ ပုစၧာတစ္ပုဒ္ပဲ။ အဲဒီအေျဖကို မင္းက မေပးႏိုင္သလို ငါကလည္း တစ္သက္လုံး ႐ွာေတြ႕မွာ မဟုတ္ဘူး။"
သူတို႔ႏွစ္ဦးရဲ႕စကားဝိုင္းေလးက ျပန္လည္တိတ္ဆိတ္သြားၿပီး အေတြးကိုယ္စီနဲ႔ ၿငိမ္သက္ေနခဲ့ၾကသည္။
သိဂၤါရလည္း အိမ္ကို ျပန္ေရာက္လာခ်ိန္မွာ မင္းခန္႔ဆီသို႔ ဖုန္းေခၚၿပီး အကူအညီေတာင္းလိုက္ရသည္။
"စိုင္းရသဦးဆိုတဲ့သူနဲ႔ ပတ္သက္ၿပီး ငါ့ကို စုံစမ္းေပးလို႔ ရႏိုင္မလား!?"
သိဂၤါရဆီက ထိုကဲ့သို႔ေသာ ေတာင္းဆိုမႈမ်ိဳးကို မေမွ်ာ္လင့္ထားတဲ့ မင္းခန္႔က အံ့အားသင့္ၿပီး ျပန္ေမးလာခဲ့သည္။
"ဘာျဖစ္လို႔လဲ!? အန္တီ့အမႈနဲ႔ ပတ္သက္ေနလို႔လား!?"
"ေမေမ့အမႈနဲ႔ မဆိုင္ပါဘူး။ သူ႕ဆီကေန ငါ သိခ်င္တာေလးေတြ ႐ွိလို႔ပါ။"
ပုဂၢိဳလ္ေရးနဲ႔ ပတ္သက္သမွ်ကို အလုပ္မွာ အသုံးမခ်သင့္ေပမယ့္ သိဂၤါရရဲ႕ေတာင္းဆိုမႈေၾကာင့္ မင္းခန္႔က တစ္ႀကိမ္တစ္ခါေလာက္ေတာ့ ကူညီေပးဖို႔ ဆုံးျဖတ္ခဲ့မိသည္။
"ေကာင္းၿပီေလ။ ငါ အျမန္ဆုံး စုံစမ္းေပးပါ့မယ္။"
"ေက်းဇူးတင္ပါတယ္။ ငါ့ဆီမွာလည္း ကူညီေပးႏိုင္မယ့္သူက မင္းပဲ ႐ွိလို႔ပါ။"
"ရပါတယ္ကြာ။ ဒါဆို ငါ ဖုန္းခ်လိုက္ေတာ့မယ္ေနာ္။"
မင္းခန္႔နဲ႔ ဖုန္းေျပာၿပီးခ်ိန္မွာ သိဂၤါရက ေ႐ွ႕ဆက္လုပ္ေဆာင္ရမယ့္ ကိစၥေတြအတြက္ အစီအစဥ္ကို ႀကိဳတင္ခ်ထားရေတာ့သည္။
*တစ္ေန႔က GL One shot ေရးၿပီး ည သုံးနာရီေက်ာ္သြားလို႔ မေန႔က ေခါင္းကိုက္ျခင္း စတင္ပါေတာ့တယ္။ အဲဒါေၾကာင့္ Update ေနာက္က်သြားရတဲ့အတြက္ တကယ္ေတာင္းပန္ပါတယ္။ ဒီကာလႀကီး စျဖစ္ကတည္းက စိတ္က အရင္လိုမ်ိဳး မဟုတ္ဘဲ လြင့္ခ်င္ရာ လြင့္ေနသလိုပဲ။ စာေရးေနရင္းက Facebookထဲ ေရာက္သြားတာတို႔၊ သီခ်င္းနားေထာင္လိုက္တာတို႔ အမ်ိဳးမ်ိဳးလုပ္မိေနတယ္။ ေစာင့္ေနၾကတဲ့သူေတြကိုလည္း အားနာမိပါတယ္။ ေလာေလာဆယ္ အစ္မ စိတ္႐ူးေပါက္ေနလို႔ ခဏသည္းခံေပးၾကပါဦးေနာ္ 🙇🙇🙇
#Śûè
***************