แ€”แ€พแ€œแ€ฏแ€ถแ€ธแ€žแ€ฝแ€ฑแ€ธแ€–แ€ผแ€„แ€ทแ€บ แ€›แ€ฑแ€ธแ€‘แ€ญแ€ฏแ€ธแ€กแ€•แ€บแ€žแ€ฑแ€ฌ...

By Sue_Khat_Wai

492K 35.8K 7.2K

๐๐‹ (๐‚๐จ๐ฆ๐ฉ๐ฅ๐ž๐ญ๐ž๐) ๐Ÿ”ž๐Ÿ”ž๐Ÿ”ž แ€›แ€”แ€บแ€„แ€ผแ€ญแ€ฏแ€ธแ€”แ€ฒแ€ทแ€œแ€€แ€บแ€…แ€ฌแ€ธแ€แ€ปแ€ฑแ€™แ€พแ€ฏแ€€แ€ผแ€ฌแ€ธแ€€แ€”แ€ฑ แ€กแ€แ€ปแ€…แ€บแ€…แ€…แ€บแ€แ€…แ€บแ€แ€ฏ แ€•แ€ฑแ€ซแ€€แ€บแ€–แ€ฝแ€ฌแ€ธแ€œแ€ฌแ€žแ€ฑแ€ฌแ€กแ€แ€ซ... แ€›แ€”แ€นแฟแ€„แ€ญแ€ณแ€ธแ€”แ€ฒ... More

๐ŸŒน1๐ŸŒน
๐ŸŒน2๐ŸŒน
๐ŸŒน3๐ŸŒน
๐ŸŒน4๐ŸŒน
๐ŸŒน5๐ŸŒน
๐ŸŒน6๐ŸŒน
๐ŸŒน7๐ŸŒน
๐ŸŒน8๐ŸŒน
๐ŸŒน9๐ŸŒน
๐ŸŒน10๐ŸŒน
๐ŸŒน11๐ŸŒน
๐ŸŒน12๐ŸŒน
๐ŸŒน13๐ŸŒน
๐ŸŒน14๐ŸŒน
๐ŸŒน15๐ŸŒน
๐ŸŒน16๐ŸŒน
๐ŸŒน17๐ŸŒน
๐ŸŒน18๐ŸŒน
๐ŸŒน19๐ŸŒน
๐ŸŒน20๐ŸŒน
๐ŸŒน21๐ŸŒน
๐ŸŒน22๐ŸŒน
๐ŸŒน23๐ŸŒน
๐ŸŒน24๐ŸŒน
๐ŸŒน25๐ŸŒน
๐ŸŒน26๐ŸŒน
๐ŸŒน27๐ŸŒน
๐ŸŒน28๐ŸŒน
๐ŸŒน29๐ŸŒน
๐ŸŒน30๐ŸŒน
๐ŸŒน31๐ŸŒน
๐ŸŒน33๐ŸŒน
๐ŸŒน34๐ŸŒน
๐ŸŒน35๐ŸŒน
๐ŸŒน36๐ŸŒน
๐ŸŒน37๐ŸŒน
๐ŸŒน38๐ŸŒน
๐ŸŒน39๐ŸŒน
๐ŸŒน40๐ŸŒน
๐ŸŒน41๐ŸŒน
๐ŸŒน42๐ŸŒน
๐ŸŒน43๐ŸŒน
๐ŸŒน44๐ŸŒน
๐ŸŒน45๐ŸŒน
๐ŸŒน46๐ŸŒน
๐ŸŒน47๐ŸŒน
๐ŸŒน48๐ŸŒน
๐ŸŒน49๐ŸŒน
๐ŸŒน50๐ŸŒน
๐ŸŒน51๐ŸŒน
๐ŸŒน52๐ŸŒน
๐ŸŒน53๐ŸŒน
๐ŸŒน54๐ŸŒน
๐ŸŒน55๐ŸŒน
๐ŸŒน56๐ŸŒน
๐ŸŒน57๐ŸŒน
๐ŸŒน58๐ŸŒน
๐ŸŒน59๐ŸŒน
๐ŸŒน60๐ŸŒน
๐ŸŒน61๐ŸŒน
๐ŸŒน62๐ŸŒน
๐ŸŒน63๐ŸŒน
๐ŸŒน64๐ŸŒน
๐ŸŒน65๐ŸŒน
๐ŸŒน66๐ŸŒน
๐ŸŒน67๐ŸŒน
๐ŸŒน68๐ŸŒน
๐ŸŒน69๐ŸŒน
๐ŸŒน70๐ŸŒน(The End)
Must Readโ—โ—โ—

๐ŸŒน32๐ŸŒน

4.3K 407 37
By Sue_Khat_Wai

(Unicode Version)


အိမ်တံခါးဝကနေ ဝင်လာပြီး ဧည့်ခန်းဆီသို့ အရောက်မှာ သိင်္ဂါရ ကြားလိုက်ရသည်က ထေ့ငေါ့ပြောဆိုမှုတစ်ခုသာ ဖြစ်လေသည်။

"မေမေ့နာရေးကို လျစ်လျူရှုပြီး ဘယ်နေရာမှာများ အပျော်သွားရှာနေတာလဲ!?"

လင်္ကာမျိုးရဲ့စကားကို သိင်္ဂါရက တုံ့ပြန်ခြင်းမပြုဘဲ ဦးဒီပရဲ့ဒေါသမျက်ဝန်းတွေကိုသာ ငေးကြည့်နေမိသည်။ မနေ့ကအထိ ဖခင်ဖြစ်သူနဲ့ ဆက်ဆံရေးအဆင်ပြေလာပြီဟု သူ ယူဆခဲ့သမျှကလည်း သဲထဲရေသွန်ဖြစ်သွားခဲ့လေပြီ။

"ကျွန်တော် ကိစ္စလေးတစ်ခုရှိလို့ နောက်ကျသွားတာပါ...ဖေဖေ။"

"ရည်းစားနဲ့ အပျော်လွန်ပြီး နောက်ကျသွားတာလို့ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါကွာ။"

ငြင်းဆန်လို့ မရနိုင်တဲ့ စွပ်စွဲချက်တစ်ခုမို့ သိင်္ဂါရ ခေါင်းငုံ့ခံနေရုံမှတစ်ပါး အခြားမရှိတော့ပေ။

"တောက်!!!"

ကျယ်လောင်လွန်းလှတဲ့ တောက်ခေါက်သံနဲ့အတူ ဦးဒီပက သူတို့အားလုံးကို ကျောခိုင်းပြီး ခြံထဲသို့ ထွက်သွားလေသည်။

"သိင်္ဂါရ...မင်းရဲ့လက်က ‌ဘာဖြစ်လာတာလဲ!?"

မိသားစုအရေးမို့ ဝင်မပါဘဲ ငြိမ်သက်နေခဲ့တဲ့ မင်းခန့်က သိင်္ဂါရဆီသို့ လျှောက်လှမ်းလာပြီး ဒဏ်ရာကို စိုးရိမ်တကြီးကြည့်ပေးခဲ့သည်။

"ဓါးရှလာတာလား!? ဘာလို့ အမြှောင်းလိုက်ကြီး ဖြစ်နေတာလဲ!?"

ထိုမေးခွန်းတွေကို ဖြေဆိုချင်စိတ်မရှိသေးတဲ့ သိင်္ဂါရက စကားလမ်းကြောင်းလွှဲလိုက်သည်။

"မေမေ ဘယ်မှာလဲ!?"

အဖက်လုပ်ခြင်းမခံရတဲ့ လင်္ကာမျိုးက သူတို့နှစ်ဦးကို မကျေနပ်သလို ကြည့်ပြီး အပေါ်ထပ်သို့ တက်သွားတော့သည်။

"ညနေတုန်းက ငါ စစ်ဆေးကြည့်ပြီးတော့ ရေခဲတိုက်ကို ပို့ခိုင်းလိုက်တယ်။"

"ငါ မေမေ့ကို တွေ့ချင်တယ်။"

"တွေ့ရမှာပါ။ ဒါပေမဲ့ လက်က ဒဏ်ရာကို ဆေးအရင်ထည့်လိုက်ဦး။"

မင်းခန့်က အိမ်စေကောင်မလေးကို ဆေးသေတ္တာယူလာခိုင်းပြီး ကိုယ်တိုင်ဆေးထည့်ပေးခဲ့သည်။ သိင်္ဂါရရဲ့ဒဏ်ရာက မနက်ပေမယ့် နေရာကျယ်ပြန့်တာမို့ တော်တော်လေးနာကျင်မှာ သေချာပေသည်။ ထို့ကြောင့် ဆေးထည့်ရင်းနဲ့ သိင်္ဂါရရဲ့မျက်နှာကို မင်းခန့် လှမ်းအကဲခတ်ကြည့်မိသည်။ အသက်မဲ့နေသူတစ်ယောက်လို နာကျင်မှုကို စိုးစဉ်းမျှပြသမထားတဲ့ သိင်္ဂါရက မင်းခန့်အတွက် ထူးဆန်းနေသလိုပင်။

"မင်း ဘာဖြစ်လာတာလဲ!?"

သိင်္ဂါရက မလှုပ်မယှက်ပုံစံမျိုးနဲ့ နှုတ်ဆိတ်နေခဲ့သည်။ ကာယကံရှင်ကိုယ်တိုင်က မဖွင့်ဟလိုသည့်ကိစ္စမို့ မင်းခန့်လည်း ဆက်မမေးဘဲ ဆေးကိုသာ အာရုံစိုက်ပြီး ထည့်ပေးလိုက်ရသည်။ ဆေးထည့်ပြီးချိန်မှာ ဒေါ်အိမ်စည်ရဲ့အလောင်းထားရာ ရေခဲတိုက်ဆီသို့ သူတို့နှစ်ဦး ရောက်ရှိလာတော့သည်။

"အန်တီရဲ့သေဆုံးချိန်က မနေ့ညလောက်က ဖြစ်မယ်လို့ ငါ ထင်တယ်။"

သိင်္ဂါရက မည်သို့မျှတုံ့ပြန်ခြင်းမပြုဘဲ ဒေါ်အိမ်စည်ရဲ့ရုပ်အလောင်းကို ငေးကြည့်နေခဲ့လေသည်။ ထို့နောက် သူ အမြဲတမ်းဆုပ်ကိုင်ပေးနေကျဖြစ်တဲ့ မိခင်ဖြစ်သူရဲ့လက်ကို ညင်သာစွာ ထိတွေ့ကြည့်ခဲ့သည်။

သိင်္ဂါရ ခံစားလိုက်ရသည်က အေးစက်မှုတစ်ခုသာ...

ထိုအေးစက်မှုက အသက်မဲ့ခြင်းကို ဖော်ပြပေးနေတာမို့ အားငယ်စိတ်က တိုးဝင်လာသလိုပင်။ မိခင်ဆီက ချိုသာတဲ့စကားတွေကို ကြားခွင့်မရတာ ဆယ်စုနှစ်တစ်ခု‌ကျော်ကြာမြင့်ခဲ့ပေမယ့် အသက်ရှုသံလေးကို နားဆင်ပြီး သိင်္ဂါရ အားတင်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်လေးက ဆိတ်သုဉ်းသွားခဲ့လေပြီ။

"မေမေက သားကိုတောင် နှုတ်ဆက်မသွားဘူးနော်..."

ဒေါ်အိမ်စည်ရဲ့မျက်နှာကို တယုတယကိုင်တွယ်ရင်းနဲ့ ရေရွတ်လိုက်တဲ့ သိင်္ဂါရကြောင့် မင်းခန့်လည်း စိတ်ထဲမှာ ဆို့နင့်လာရတော့သည်။ ဦးဒီပရဲ့ဒေါသကြီးမှုနဲ့ လင်္ကာမျိုးရဲ့ကုန်းတိုက်မှုတွေကြားမှာ အကျယ်ချုပ်ကျခံနေခဲ့ရတဲ့ သိင်္ဂါရအတွက် တစ်ခုတည်းသော တွယ်တာစရာက ဒေါ်အိမ်စည်ဖြစ်ခဲ့မှန်း မင်းခန့် သိပြီးသားပင်။ သူငယ်ချင်းဖြစ်သူရဲ့ဒုက္ခဆင်းရဲတွေကို သူကိုယ်တိုင် နှစ်ပေါင်းများစွာ မြင်တွေ့လာရတာမို့ ထိုဆုံးရှုံးမှုရဲ့အတိမ်အနက်ကို မှန်းဆကြည့်နိုင်ခဲ့လေသည်။ ထို့ကြောင့် သိင်္ဂါရရဲ့စိတ်အစဉ်ကို လွတ်လွတ်လပ်လပ် ဖွင့်ချခွင့်ရအောင် အခန်းအပြင်ဘက်သို့ သူ အလိုက်တသိနဲ့ ရှောင်ထွက်ပေးခဲ့မိသည်။

သိင်္ဂါရရဲ့ရင်ထဲမှာ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မှုနဲ့ ဝမ်းနည်းမှုက ဒွန်တွဲနေခဲ့လေသည်။ လူမှန်ရင် တစ်ချိန်ချိန်မှာ ခွဲခွာရမယ်ဆိုတာကို သိထားပေမယ့် ရင့်ကျက်မှုမရှိနိုင်သေးတာတော့ အမှန်ပင်။

"ဘာလို့ ဒီလောက်အစောကြီးထွက်သွားရတာလဲ...မေမေရယ်!? သားက မေမေ့အတွက် စိတ်ကူးထားတာတွေမှ အများကြီးပဲ။ ဖေဖေ့ဆီကလည်း ခွင့်ပြုချက်ရထားပြီးပြီလေ။ အိမ်လေးသာ ရှာတွေ့လို့ရှိရင် မေမေရယ် သားရယ်..."

ဆက်ပြီး မရေရွတ်သင့်တော့တဲ့ စကားလုံးကို ရောက်ရှိလာချိန်မှာ သိင်္ဂါရ တုံ့ဆိုင်းသွားခဲ့လေသည်။ ရင်ထဲမှာ ဝေ့တက်လာတဲ့ နာကြည်းမှုတချို့ကို ချက်ချင်း သိုဝှက်ရင်းနဲ့ မိခင်ဖြစ်သူကို ပြုံးပြီး မေးကြည့်လိုက်မိသည်။

"အရမ်းလှတဲ့ စိတ်ကူးအိပ်မက်လေးတွေက ပျက်စီးလွယ်တယ်တဲ့။ အဲဒီစကားက အမှန်ပဲ ထင်တယ်နော်။ ဒါပေမဲ့လေ..."

'ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ ပျော်ရွှင်မှုဆိုတာကို အချိန်ကြာကြာရဖူးချင်တယ် မေမေရယ်...'ဆိုတဲ့ စကားကို သူ ဆက်မပြောနိုင်ဘဲ တလိမ့်လိမ့်တက်လာတဲ့ နာကျင်မှုတွေကြောင့် မိခင်ဖြစ်သူရဲ့ရုပ်အလောင်းရှေ့မှာ ဒူးထောက်လိုက်မိတော့သည်။ စီးကျလာတဲ့ မျက်ရည်စက်တွေက နာကျင်မှုတွေကို အဝေးတစ်နေရာဆီ သယ်ဆောင်ပေးသွားဖို့ကိုလည်း သိင်္ဂါရရဲ့မသိစိတ်ထဲက မျှော်လင့်နေခဲ့သလိုပင်။ ရင်ထဲက မွန်းကြပ်မှုတွေကို သိင်္ဂါရ ဆက်လက်သိမ်းဆည်းမထားနိုင်ဘဲ ဖွင့်ဟလိုက်ချိန်မှာ တိတ်ဆိတ်ပြီး အေးစက်လှတဲ့ အခန်းငယ်ထဲသို့ ငိုရှိုက်သံတွေက ပျံ့နှံ့သွားခဲ့လေသည်။

ည (၈)နာရီခန့်တွင်-

စိုင်းရသဦးက ထုံးစံအတိုင်း ဆန်းဝင်းဆီ သွားဖို့အတွက် ပြင်ဆင်နေချိန်မှာ ခြံဝန်းထဲသို့ ဒေါသတကြီး မောင်းဝင်လာတဲ့ ကားသံကို ကြားလိုက်ရတော့သည်။

"ဘယ်သူပါလိမ့်!?"

ဦးစိုင်းမောင်ကလည်း စာကြည့်ခန်းထဲမှာ ရှိနေတာမို့ ရောက်ရှိလာသူကို ခန့်မှန်းလို့ မရနိုင်ဘဲ အခန်းအပြင်ဘက်သို့ သိလိုစိတ်ဖြင့် သူ ထွက်ကြည့်လိုက်မိ‌သည်။ ထိုအချိန်မှာပင် လှေကားပေါ်သို့ အသက်မဲ့စွာ တက်လာတဲ့ Theoနဲ့ ထိပ်တိုက်ဆုံမိကြသည်။

"မင်း ဟိုမှာပဲ ညအိပ်မှာဆို..."

Theoက စိုင်းရသဦးရဲ့မေးခွန်းကို ပြန်မဖြေဘဲ သူ့အခန်းဆီသို့သာ ဦးတည်သွားခဲ့လေသည်။ Theoရဲ့အပြုအမူတွေက ထူးဆန်းနေပြီး လည်ပင်းပေါ်က ဒဏ်ရာတစ်ခုကလည်း စိုင်းရသဦးရဲ့စိုးရိမ်စိတ်တွေကို ထပ်တိုးလာအောင် လှုံ့ဆော်ပေးလိုက်သလိုပင်။ ထို့ကြောင့် Theoရဲ့အခန်းထဲသို့ သူ လိုက်ပါလာပြီး ဖြစ်ခဲ့သမျှ ကိစ္စတွေကို အရဲစွန့်ကာ မေးကြည့်လိုက်မိသည်။

"သိင်္ဂါရနဲ့ ပြဿနာတက်လာတာလား!?"

သိင်္ဂါရဆိုတဲ့ နာမည်လေးကို ကြားရချိန်မှာ ဒဏ်ရာတွေနဲ့ ပြည့်နေတဲ့ Theoရဲ့နှလုံးအိမ်က ပိုမိုနာကျင်လာခဲ့ပြန်သည်။ လမ်းခွဲစကားပြောသွားတဲ့ သိင်္ဂါရရဲ့မျက်ဝန်းထဲမှာ အထင်းသားပေါ်လွင်နေတဲ့ ပြတ်သားမှုတွေက သူ့ကို ရှေ့ဆက်မတိုးနိုင်အောင် ကာဆီးထားလိုက်သလိုပင်။ ဉာဏ်ကောင်းလွန်းသူလို့ လူအများရဲ့သတ်မှတ်ခြင်းကို ခံခဲ့ရတဲ့ Theoက သိင်္ဂါရကြောင့် အနာဂတ်တစ်ခုလုံး ပျောက်ကွယ်လုမတတ် ဖြစ်ခဲ့ရလေပြီ။

"Theo...မင်း ဘာဖြစ်ခဲ့တာလဲ!?"

ဇွဲမလျှော့ဘဲ ထပ်မေးလိုက်တဲ့ စိုင်းရသဦးအတွက် Theoဆီကနေ ပြန်လည်ရရှိလာသည်က တိတ်ဆိတ်ငြိမ်သက်မှုတစ်ခုသာ ဖြစ်လေသည်။ Theoရဲ့အနားမှာ အမြဲတမ်းရှိနေရသူမို့ ယခုလိုအခြေအနေမျိုးနဲ့ ပထမဆုံး ကြုံတွေ့ခဲ့ရချိန်ကို စိုင်းရသဦး ပြန်လည်အမှတ်ရသွား‌တော့သည်။

လွန်ခဲ့သော (၁၄)နှစ်ခန့်က-

"ရသ...ဘာလို့ ထမင်းမစားတာလဲ!? အစ်ကို ခွံ့ကျွေးရမလား!?"

ဆေးရုံအပြင်ဘက်မှာ ကျဆင်းနေတဲ့ နှင်းတွေကို ငေးကြည့်ရင်းနဲ့ ခေါင်းတွင်တွင်ခါနေရှာတဲ့ (၁၀)နှစ်အရွယ်ကလေးငယ်ကြောင့် စိုင်းဝီရမောင် စိတ်မကောင်းဖြစ်နေမိသည်။ မီးလောင်ဒဏ်ရာတွေကြောင့် အားနည်းနေတဲ့ သူ့ခန္ဓာကိုယ်လေးက အစားမဝင်ရင် ပိုပြီး အခြေအနေဆိုးလာမှာ အသေအချာပင်။

"စက်ရုပ်လေးတွေ ထပ်ဝယ်ပေးရမလား!? ဟိုနေ့က အစ်ကိုသိင်္ဂါရနဲ့ အတူတူဆော့တုန်းက အရုပ်မျိုးလေ။"

စိုင်းဝီရမောင်ရဲ့စကားကြောင့် ကလေးငယ်ရဲ့မျက်ဝန်းတွေက ပုံမှန်ထက် မှိန်ကျသွားလေတော့သည်။ သို့ပေမဲ့ စိုင်းဝီရမောင်ကလည်း အသက်(၁၁)နှစ်ကျော်လောက်သာ ရှိသေးသူမို့ ထိုအခြင်းအရာကို သတိမပြုမိလိုက်ပေ။

"ဒီထမင်းလေးတော့ ဝင်အောင် စားလိုက်ပါနော်။ ဒဏ်ရာတွေ မြန်မြန်ပျောက်ပြီး ဆေးရုံက ဆင်းရလို့ရှိရင် ညီလေး လိုချင်တာမှန်သမျှ အကုန်ဝယ်ပေးပါ့မယ်။"

‌ကြိုက်တတ်သမျှ အရာအားလုံးကို အသုံးချပြီး သူ ချော့မော့ကျွေးပေမယ့် ကလေးငယ်ကတော့ မတုန်မလှုပ်ဘဲ ကျောက်ရုပ်လိုပင်။

"ညီလေး လိုချင်တာကို ပြောပြမှ အစ်ကိုက ဘာလုပ်ပေးရမလဲဆိုတာကို သိမှာပေါ့။ ဒီလိုပုံစံမျိုးနဲ့တော့ ဆက်နေလို့ မဖြစ်ဘူးလေ။"

ခဏအကြာမှာ ကလေးငယ်ဆီက စကားသံသဲ့သဲ့ကို သူ ကြားခွင့်ရခဲ့သည်။

"ဆေးရုံက မဆင်းချင်ဘူး။"

ကလေးအားလုံးက ဆေးရုံဆိုတာကို ကြောက်ရွံ့တတ်ကြမှန်း စိုင်းဝီရမောင် သိထားခဲ့ပေမယ့် ထိုကလေးငယ်ကတော့ ဆေးရုံကနေ မဆင်းချင်ဘူးလို့ ဆိုလာခဲ့လေသည်။ ထူးဆန်းလွန်းလှတဲ့ ထိုစကားကြောင့် အံ့အားသင့်စွာ သူ မေးကြည့်လိုက်မိ‌သည်။

"ဘာလို့ ဆေးရုံက မဆင်းချင်တာလဲ!?"

ကလေးငယ်က မီးရှုးမီးပန်းဘူးလေးကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး နှင်းတွေဆီကနေ အကြည့်မလွှဲဘဲ ပြောလာခဲ့လေသည်။

"ကိုကိုက ပြန်လာခဲ့မယ်လို့ ကတိပေးသွားတယ်။"

နှစ်ရက်လုံးလုံး ထမင်းမစားဘဲ အစာငတ်ခံနေရတဲ့ အကြောင်းအရင်း...
စကားတစ်ခွန်းမှ မပြောဘဲ မှိုင်တွေနေရတဲ့ အကြောင်းအရင်း...
ဆေးရုံကနေ မဆင်းချင်ရတဲ့ အကြောင်းအရင်း...
ထိုအကြောင်းအရင်းအားလုံးရဲ့အရင်းခံရာက အစ်ကိုသိင်္ဂါရဖြစ်‌နေခဲ့တာပါလား...!?

ဆေးရုံပေါ်မှာ သနားစဖွယ် စောင့်မျှော်နေရှာတဲ့ ကလေးငယ်ရဲ့ဆန္ဒကို စိုင်းဝီရမောင် ဖြည့်ဆည်းပေးချင်ပေမယ့် ရုတ်တရက်ပျောက်ဆုံးသွားသူကို ဘယ်ဆီမှာများ လိုက်ရှာပေးရပါ့မလဲ!? ပိုဆိုးတာက ဦးစိုင်းမောင်ကလည်း အစ်ကိုသိင်္ဂါရနဲ့ ပတ်သက်သမျှကို လုံးဝမပြောပြဘဲ နှုတ်ဆိတ်နေခဲ့ခြင်းပင်။ ထို့ကြောင့် ကလေးငယ်ရဲ့စိတ် အပြောင်းအလဲဖြစ်စေဖို့ကိုသာ သူ ကြိုးပမ်းရပေတော့မည်။

"အစ်ကိုသိင်္ဂါရက သူ့အမေကို စောင့်ရှောက်ဖို့ အိမ်ပြန်သွားရတာ။ သူနဲ့ တွေ့ချင်ရင် ညီလေး နေမြန်မြန်ကောင်းပြီးတော့ ဆေးရုံကနေ ဆင်းရမှ ဖြစ်မှာ။"

ကလေးငယ်က စိုင်းဝီရမောင်ဘက်သို့ လှည့်ပြီး အားကိုးတကြီးဖြင့် ကြည့်လာခဲ့သည်။

"ကိုကို့အိမ်လိပ်စာကို သိလို့လား!?"

သူလည်း ကလေးငယ်ရဲ့ဦးခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးပြီး ပြုံးပြလိုက်မိသည်။

"သိတာပေါ့...ညီလေးရဲ့။ ဆေးရုံကနေ ဆင်းရလို့ရှိရင် အစ်ကိုတို့ သူ့အိမ်ကို သွားလည်ကြမယ်နော်။"

စေတနာအပြည့်နဲ့ သုံးလိုက်ရတဲ့ မုသားကို ကလေးငယ်က ယုံကြည်သွားပြီး ပြုံးရင်းနဲ့ ခေါင်းညိတ်ပြခဲ့သည်။ ထိုအချိန်ကတည်းက ကလေးငယ်ရဲ့ရင်ထဲမှာ သိင်္ဂါရက အရေးကြီးဆုံးနေရာကို ယူထားခဲ့မှန်း စိုင်းဝီရမောင် သိထားခဲ့လေသည်။

ယခုလည်း ထိုကဲ့သို့သောအဖြစ်မျိုးနဲ့ ထပ်မံကြုံတွေ့နေရလေပြီ။
Theoကို အသက်သွင်းပေးနိုင်သူ...
သို့မဟုတ် အရုပ်ကြိုးပြတ်သလို လဲပြိုကျစေနိုင်သူ...
ထိုသူက သိင်္ဂါရတစ်ဦးတည်းသာ ဖြစ်နိုင်ပေသည်။

ငယ်စဉ်အခါက သူ့မုသားစကားကို ကလေးငယ်က အလွယ်တကူယုံကြည်ပေးခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ Theoက ဘယ်သူ့ကိုမှ မယုံကြည်တတ်သူ ဖြစ်နေခဲ့လေပြီ။ ထို့ကြောင့် မုသားအစား အကြံပြုစကားကိုသာ သူ ရွေးချယ်လိုက်တော့သည်။

"မင်းတို့ ဘာတွေဖြစ်ခဲ့ကြသလဲဆိုတာ ငါ့ကို ပြောပြပါလား!? တစ်ခါတလေမှာ ကိုယ်တိုင်အဖြေရှာဖို့ ခက်တဲ့ကိစ္စတစ်ခုကို ဘေးလူက အလွယ်တကူရှာပေးလို့ ရတတ်တယ်လေ။"

စိုင်းရသဦးရဲ့စကားက အခြေအမြစ်ရှိတာကို Theo နားလည်ပေမယ့် သိင်္ဂါရရဲ့စိတ်ကိုလည်း သူ ကောင်းကောင်းကြီး သိနေလေသည်။

"ငါ တတ်နိုင်သလောက် ကူညီပေးပါ့မယ်။"

ထပ်မံတောင်းဆိုမှုအဆုံးမှာ စိုင်းရသဦးကို ဖွင့်ပြောပြဖို့ Theo ဆုံးဖြတ်ချက်ချလိုက်မိသည်။

"သူက ငါ့ကြောင့် နာကျင်ရတယ်တဲ့..."

ထိုစကားသံထဲမှာ နောင်တရမှုက ကပ်ပါနေမှန်း စိုင်းရသဦး သတိထားမိခဲ့သည်။ သူတို့နှစ်ဦး ဘာတွေဖြစ်ခဲ့ကြသလဲဆိုတာကို မသိရပေမယ့် Theoဘက်က တစ်ခုခုမှားယွင်းခဲ့တာကတော့ သေချာနေပေသည်။

"မင်း သူ့အပေါ် အမှားလုပ်မိခဲ့တယ်ဆိုရင် သူ ကျေနပ်တဲ့အထိ ပြန်တောင်းပန်ပေးရမှာပေါ့။"

"ငါ့ကို သူ စိတ်နာနေလောက်ပြီ..."

"စိတ်ရင်းအမှန်ကိုသာ ပြပေးနိုင်ရင် သူက မင်းဆီကို ပြန်ရောက်လာပါလိမ့်မယ်။"

စိုင်းရသဦးရဲ့အကြံပေးချက်ကို Theoက အလေးအနက်စဉ်းစားကြည့်ပြီး လက်ခံပေးခဲ့သည်။ သူတို့နှစ်ဦးကြားမှာ ဖြစ်တည်ခဲ့တဲ့ အချစ်က လွယ်လွယ်နဲ့ ပျောက်ပျက်သွားနိုင်မယ့်အရာမျိုး မဟုတ်မှန်း Theo ယုံကြည်ထားလိုက်လေသည်။

"လောလောဆယ်တော့ သူ့ကို သွားမရှာနဲ့ဦး။ သူ့အမေရဲ့နာရေးကိစ္စက ရှိသေးတယ်လေ။ ဒီအချိန်အတွင်းမှာ မင်းကလည်း အကောင်းဆုံးနည်းလမ်းကို သေချာစဉ်းစားထားပေါ့။"

Theoက ခေါင်းညိတ်ပြပြီး သူ့အင်္ကျီပေါ်မှာ တင်ကျန်နေတဲ့ သိင်္ဂါရရဲ့သွေးစက်လေးတွေကို နောင်တကြီးစွာဖြင့် ငေးစိုက်ကြည့်နေခဲ့သည်။

"ငါ့အကူအညီကိုရော လိုသေးလား!?"

"လိုအပ်လာရင် ငါ ပြောပါ့မယ်။"

Theoရဲ့စိတ်က တည်ငြိမ်စပြုလာမှန်း သိရချိန်မှာ စိုင်းရသဦးလည်း သက်ပြင်းတစ်ခုကို ခိုးကြောင်ခိုးဝှက်ချလိုက်မိတော့သည်။

နံနက် (၂)နာရီခန့်တွင်-

ရောင်စုံခြယ်ပန်းခင်းကြီးထဲမှာ ပြေးလွှားနေရင်းနဲ့ အနောက်ဘက်က ခေါ်သံတစ်ခုကို သိင်္ဂါရ ကြားလိုက်ရသည်။

"သား..."

သူ လှည့်ကြည့်မိချိန်မှာ မေမေက ပြုံးရွှင်စွာ လှမ်းခေါ်နေတာကို တွေ့လိုက်ရလေသည်။

"မေမေ!!!"

ဝမ်းသာအားရ ခေါ်သံနဲ့အတူ မေမေ ရှိရာဆီသို့ သူ အမြန်ပြေးသွားပြီး ပွေ့ဖက်ထားလိုက်မိသည်။

"မေမေ ဘယ်ကို လျှောက်သွားနေတာလဲ!? သားက မေမေ့ကို လိုက်ရှာနေခဲ့တာ။"

"ကလေးလည်း မဟုတ်တော့ဘဲနဲ့ ဘာလို့ မေမေ့ကို လိုက်ရှာနေရတာလဲကွယ်!?"

နူးညံ့ညင်သာလွန်းလှတဲ့ မေမေ့အသံ...
ထိုအသံကို ကြားရဖို့ သူ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပေသည်။

"သားရဲ့ဘက်မှာ အမြဲတမ်းရှိနေပေးတဲ့သူက မေမေပဲ ရှိတာ။ ဖေဖေနဲ့အစ်ကိုက သားကို မလိုချင်ကြဘူးလေ။"

"ဒါဆို အဲဒီလူကရော!?"

ထူးဆန်းလှတဲ့ မေမေ့စကားကြောင့် သူ ‌မေးကြည့်လိုက်မိသည်။

"ဘယ်သူ့ကို ပြောတာလဲ!?"

"မေမေ့ဆီကို သား ပြေးလာကတည်းက အနောက်ကနေ လိုက်လာတဲ့သူလေ။"

တအံ့တဩဖြင့် အနောက်ဘက်သို့ ပြန်လှည့်ကြည့်မိချိန်မှာ ခြေလှမ်းနှစ်လှမ်းစာမျှ အကွာအဝေးမှာ ရပ်စောင့်နေတဲ့ Theoကို သူ တွေ့လိုက်ရသည်။ Theoရဲ့မျက်နှာပေါ်မှာလည်း သူ မြင်နေကျအပြုံးမျိုးက နေရာယူထားခဲ့ပြန်သည်။

"သူက..."

Theoက သူနဲ့ လုံးဝမသက်ဆိုင်တော့တဲ့အကြောင်း မေမေ့ကို ပြောပြချင်ပေမယ့် သူ့နှုတ်ဖျားက တွန့်ဆုတ်နေခဲ့သည်။

"သား...မေမေ သွားရတော့မယ်။"

ချက်ချင်းကြီး နှုတ်ဆက်စကားဆိုလာတဲ့ မေမေ့ကို သူ အမြန်တားလိုက်မိသည်။

"ဘယ်သွားဦးမလို့လဲ!? မသွားပါနဲ့တော့...မေမေရယ်။ သားနဲ့ပဲ အတူနေပေးပါနော်။"

‌ထိုအချိန်မှာပင် မေမေ့ကို လူတစ်ယောက်က အတင်းအကြပ်ခေါ်ဆောင်သွားဖို့ ကြိုးစားနေတာကို သူ တွေ့လိုက်ရလေသည်။

"ခင်ဗျားက ဘယ်သူလဲ!? မေမေ့ကို မခေါ်သွားနဲ့!!!"

မေမေ ထွက်သွားရာနောက်သို့ သူ ပြေးလိုက်ချင်ပေမယ့် Theoက သူ့လက်ကို မြဲမြံစွာ ဆုပ်ကိုင်ပြီး တားခဲ့ပြန်သည်။

"ငါ့ကို လွှတ်...မေမေ့ကို ငါ ပြန်ခေါ်ရမယ်။"

သူ အတင်းရုန်းကန်နေပေမယ့် Theoရဲ့ချုပ်နှောင်မှုက မလွတ်မြောက်နိုင်ခဲ့ပေ။

"ကိုယ် မင်းကို ပျော်ရွှင်အောင် ထားမှာပါ။"

"မင်းဆီက ငါ ဘာကိုမှ မလိုချင်ဘူး။ ငါ့ကို လွှတ်ပေးပါတော့။"

"ကိုယ့်ဆီကနေ ထွက်သွားရင် မင်း ပျော်နိုင်မှာ သေချာလို့လား!?"

ထိုစကားကြောင့် သူ တွေဝေသွားသလိုပင်။ သို့ပေမဲ့ တွေဝေနေတဲ့စိတ်ကို အမြန်ဖယ်ထုတ်ပြီး နောက်ဆုံးတစ်ခေါက်အနေနဲ့ သူ အားကုန်သုံးကာ ရုန်းလိုက်မိတော့သည်။ Theoရဲ့လက်က အားပျော့သွားလေသလား...သူကပဲ တကယ်ရုန်းထွက်နိုင်ခဲ့သလား...ဆိုတာ မသိရပေမယ့် သူ လွတ်မြောက်သွားခဲ့တာတော့ သေချာပေသည်။

"မင်း ကိုယ့်ဆီကနေ တကယ်ထွက်သွားနိုင်ပြီပဲ။"

Theoရဲ့စကားက သူ့ရင်ထဲက ဝမ်းနည်းမှုကို ထွက်ပေါ်လာအောင် လှုံ့ဆော်ပေးခဲ့သည်။ ထိုစကားကို ပြောပြီးပြီးချင်း Theoက သူနဲ့ ဝေးရာသို့ ထွက်ခွာသွားလေသည်။ မေမေက  သူ့အနားမှာ မရှိတော့သလို Theoကလည်း သူ့ကို ထားခဲ့လေပြီ။ အထီးကျန်မှုနဲ့အတူ သူ ကျန်ရစ်ခဲ့ချိန်မှာ လက်ဖဝါးပြင်ပေါ်က နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြန်သည်။ ထိုအရာကို သူ ငုံ့ကြည့်မိတော့မှ Theoရဲ့မလွတ်တမ်းဆုပ်ကိုင်ထားမှုကြောင့် လက်မှာ ဒဏ်ရာကျန်နေခဲ့မှန်း သိလိုက်ရသည်။ သွေးစီးကျနေတဲ့ ဒဏ်ရာကို ခဏကြာအောင် ငေးစိုက်ကြည့်ပြီး သူ ပြုလုပ်မိသည်က... ကျန်လက်တစ်ဖက်နဲ့ ထိုဒဏ်ရာပေါ်သို့ ဖိချလိုက်ခြင်းပင်။

နာကျင်မှုကြောင့် အိပ်မက်ကနေ သူ လန့်နိုးလာချိန်မှာ ဒဏ်ရာကလည်း သွေးပြန်ထွက်နေခဲ့လေပြီ။ သို့ပေမဲ့ သွေးတိတ်အောင် မပြုလုပ်ဘဲ ထိုနာကျင်မှုကိုသာ သူ ဆက်လက်ခံစားကြည့််ခဲ့မိသည်။

"မင်း ဘာလို့ အခုလိုမျိုး ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်ရတာလဲ!?"

Theoသာ သူ့နံဘေးမှာ ရှိခဲ့ရင် ထိုကဲ့သို့ မေးမည်မှာ အသေအချာပင်။

"ဒီလိုမျိုးနာနေရင် ငါ့ရင်ဘတ်ထဲက နာကျင်မှုက ခဏပျောက်သွားတတ်တယ်။"

သူ့အဖြေကိုသာ Theo ကြားသွားခဲ့ရင် လှောင်ရယ်နေမှာ သေချာပေသည်။

"📩...📩...📩"

ရုတ်တရက် ဝင်လာတဲ့ စာလေးတစ်စောင်က သူ့အတွေးတွေကို ဖျက်ဆီးလိုက်လေသည်။ စာပို့သူကို သူ လှမ်းကြည့်မိတော့ နာမည်က Theoတဲ့...
အခုလိုမျိုး လူခြေတိတ်ချိန်မှာ စာပို့လာတာမို့ ထူးဆန်းနေသလို ခံစားရပြီး သူ ဖွင့်ကြည့်ခဲ့သည်။

"မင်း ဖြစ်စေချင်တဲ့အတိုင်း ကိုယ် နေပေးပါ့မယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် ထပ်မလုပ်ပါနဲ့တော့..."

စာလေးကို ဖတ်ကြည့်ပြီး သူ ပြုံးခဲ့ပေမယ့် ထိုဖုန်းနံပါတ်ကို Black Listထဲသို့ ချက်ချင်းထည့်လိုက်မိသည်။ တစ်ညတာလုံးကိုလည်း ဒဏ်ရာကနေ စီးကျလာတဲ့ သွေးစက်တွေကို ထိုင်ကြည့်ရင်းနဲ့ ကုန်ဆုံးစေဖို့ သူ ဆုံးဖြတ်ထားခဲ့လေသည်။

စာပြန်ပို့ခြင်းမရှိတဲ့ ဖုန်းနံပါတ်လေးတစ်ခုကို Theo အတော်ကြာတဲ့အထိ ငေးကြည့်နေခဲ့သည်။ ညဉ့်နက်လာပေမယ့် ငိုက်မျဉ်းခြင်းမရှိဘဲ သူ အတွေးများနေခဲ့မိသည်။ သိင်္ဂါရရဲ့အနားမှာ အတူရှိပေးချင်တဲ့စိတ်ကလည်း သူ့ကို အိပ်စက်ခြင်းမှ တားဆီးပေးထားသလိုပင်။ အမျိုးမျိုးနှောင့်ယှက်နေတဲ့ အတွေးတွေကို ဖယ်ထုတ်လိုက်ပြီး ခုံပေါ်မှာ သပ်ရပ်စွာ ခေါက်တင်ထားတဲ့ အင်္ကျီပေါ်က သွေးစက်များဆီသို့ သူ အကြည့်ရောက်သွားမိပြန်သည်။

"ကိုယ့်အမှားကြောင့် မင်း ထပ်ပြီး နာကျင်ရပြန်ပြီပဲ..."

အတိတ်က ဖြစ်ရပ်အချို့ကို တွေးတောမိပြီး လွမ်းဆွတ်တမ်းတရင်းနဲ့ အင်္ကျီလေးကို သူ့အနားသို့ ယူဆောင်ကာ တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်မိသည်။ သူ့အမှားကြောင့် နာကျင်သွားရတဲ့ သိင်္ဂါရရဲ့မျက်နှာလေးကို ပြန်မြင်ယောင်ပြီး ရင်ထဲမှာလည်း တဆစ်ဆစ်နဲ့ ကိုက်ခဲလာခဲ့သည်။ သိင်္ဂါရ မရှိတဲ့ သူ့ဘဝကြီးက အသက်မဲ့လွန်းလှပေသည်။ ထိုကဲ့သို့သော ခံစားချက်ကို မလိုချင်တော့ပေမယ့် သူကိုယ်တိုင်ကပဲ ထပ်မံဖိတ်ခေါ်မိသလို ဖြစ်သွားခဲ့လေပြီ။

ပထမအကြိမ်နဲ့ ကွာခြားသွားတဲ့ တစ်ခုတည်းသောအရာက ယခု သူ ပွေ့ဖက်ထားရသည်မှာ မီးရှုးမီးပန်းဘူးလေးမဟုတ်တော့ဘဲ သွေးပေနေတဲ့ အင်္ကျီလေးတစ်ထည် ဖြစ်နေခြင်းပင်...

*စောင့်မျှော်ပြီး ဖတ်ရှုပေးကြတဲ့ တစ်ဦးချင်းစီကို ကျေးဇူးအများကြီးတင်မိကြောင်း ပြောကြားချင်ပါတယ်။ ခေတ်ကာလက ဆိုးရွားနေတာမို့ စာရေးတဲ့ဘက်ကို စိတ်မရောက်နိုင်သလို ဖြစ်သွားခဲ့တာပါ။ တတ်နိုင်သလောက် ကြိုးစားပြီး ရေးပေးသွားပါ့မယ်လို့ ကတိပေးပါတယ်။ စာဖတ်သူအားလုံးကို အရမ်းချစ်ပါတယ်နော်❤️❤️❤️

#Śûè

*****************


(Zawgyi Version)


အိမ္တံခါးဝကေန ဝင္လာၿပီး ဧည့္ခန္းဆီသို႔ အေရာက္မွာ သိဂၤါရ ၾကားလိုက္ရသည္က ေထ့ေငါ့ေျပာဆိုမႈတစ္ခုသာ ျဖစ္ေလသည္။

"ေမေမ့နာေရးကို လ်စ္လ်ဴ႐ႈၿပီး ဘယ္ေနရာမွာမ်ား အေပ်ာ္သြား႐ွာေနတာလဲ!?"

လကၤာမ်ိဳးရဲ႕စကားကို သိဂၤါရက တုံ႔ျပန္ျခင္းမျပဳဘဲ ဦးဒီပရဲ႕ေဒါသမ်က္ဝန္းေတြကိုသာ ေငးၾကည့္ေနမိသည္။ မေန႔ကအထိ ဖခင္ျဖစ္သူနဲ႔ ဆက္ဆံေရးအဆင္ေျပလာၿပီဟု သူ ယူဆခဲ့သမွ်ကလည္း သဲထဲေရသြန္ျဖစ္သြားခဲ့ေလၿပီ။

"ကြၽန္ေတာ္ ကိစၥေလးတစ္ခု႐ွိလို႔ ေနာက္က်သြားတာပါ...ေဖေဖ။"

"ရည္းစားနဲ႔ အေပ်ာ္လြန္ၿပီး ေနာက္က်သြားတာလို႔ ပြင့္ပြင့္လင္းလင္း ေျပာစမ္းပါကြာ။"

ျငင္းဆန္လို႔ မရႏိုင္တဲ့ စြပ္စြဲခ်က္တစ္ခုမို႔ သိဂၤါရ ေခါင္းငုံ႔ခံေန႐ုံမွတစ္ပါး အျခားမ႐ွိေတာ့ေပ။

"ေတာက္!!!"

က်ယ္ေလာင္လြန္းလွတဲ့ ေတာက္ေခါက္သံနဲ႔အတူ ဦးဒီပက သူတို႔အားလုံးကို ေက်ာခိုင္းၿပီး ျခံထဲသို႔ ထြက္သြားေလသည္။

"သိဂၤါရ...မင္းရဲ႕လက္က ‌ဘာျဖစ္လာတာလဲ!?"

မိသားစုအေရးမို႔ ဝင္မပါဘဲ ၿငိမ္သက္ေနခဲ့တဲ့ မင္းခန္႔က သိဂၤါရဆီသို႔ ေလွ်ာက္လွမ္းလာၿပီး ဒဏ္ရာကို စိုးရိမ္တႀကီးၾကည့္ေပးခဲ့သည္။

"ဓါး႐ွလာတာလား!? ဘာလို႔ အေျမႇာင္းလိုက္ႀကီး ျဖစ္ေနတာလဲ!?"

ထိုေမးခြန္းေတြကို ေျဖဆိုခ်င္စိတ္မ႐ွိေသးတဲ့ သိဂၤါရက စကားလမ္းေၾကာင္းလႊဲလိုက္သည္။

"ေမေမ ဘယ္မွာလဲ!?"

အဖက္လုပ္ျခင္းမခံရတဲ့ လကၤာမ်ိဳးက သူတို႔ႏွစ္ဦးကို မေက်နပ္သလို ၾကည့္ၿပီး အေပၚထပ္သို႔ တက္သြားေတာ့သည္။

"ညေနတုန္းက ငါ စစ္ေဆးၾကည့္ၿပီးေတာ့ ေရခဲတိုက္ကို ပို႔ခိုင္းလိုက္တယ္။"

"ငါ ေမေမ့ကို ေတြ႕ခ်င္တယ္။"

"ေတြ႕ရမွာပါ။ ဒါေပမဲ့ လက္က ဒဏ္ရာကို ေဆးအရင္ထည့္လိုက္ဦး။"

မင္းခန္႔က အိမ္ေစေကာင္မေလးကို ေဆးေသတၱာယူလာခိုင္းၿပီး ကိုယ္တိုင္ေဆးထည့္ေပးခဲ့သည္။ သိဂၤါရရဲ႕ဒဏ္ရာက မနက္ေပမယ့္ ေနရာက်ယ္ျပန္႔တာမို႔ ေတာ္ေတာ္ေလးနာက်င္မွာ ေသခ်ာေပသည္။ ထို႔ေၾကာင့္ ေဆးထည့္ရင္းနဲ႔ သိဂၤါရရဲ႕မ်က္ႏွာကို မင္းခန္႔ လွမ္းအကဲခတ္ၾကည့္မိသည္။ အသက္မဲ့ေနသူတစ္ေယာက္လို နာက်င္မႈကို စိုးစဥ္းမွ်ျပသမထားတဲ့ သိဂၤါရက မင္းခန္႔အတြက္ ထူးဆန္းေနသလိုပင္။

"မင္း ဘာျဖစ္လာတာလဲ!?"

သိဂၤါရက မလႈပ္မယွက္ပုံစံမ်ိဳးနဲ႔ ႏႈတ္ဆိတ္ေနခဲ့သည္။ ကာယကံ႐ွင္ကိုယ္တိုင္က မဖြင့္ဟလိုသည့္ကိစၥမို႔ မင္းခန္႔လည္း ဆက္မေမးဘဲ ေဆးကိုသာ အာ႐ုံစိုက္ၿပီး ထည့္ေပးလိုက္ရသည္။ ေဆးထည့္ၿပီးခ်ိန္မွာ ေဒၚအိမ္စည္ရဲ႕အေလာင္းထားရာ ေရခဲတိုက္ဆီသို႔ သူတို႔ႏွစ္ဦး ေရာက္႐ွိလာေတာ့သည္။

"အန္တီရဲ႕ေသဆုံးခ်ိန္က မေန႔ညေလာက္က ျဖစ္မယ္လို႔ ငါ ထင္တယ္။"

သိဂၤါရက မည္သို႔မွ်တုံ႔ျပန္ျခင္းမျပဳဘဲ ေဒၚအိမ္စည္ရဲ႕႐ုပ္အေလာင္းကို ေငးၾကည့္ေနခဲ့ေလသည္။ ထို႔ေနာက္ သူ အၿမဲတမ္းဆုပ္ကိုင္ေပးေနက်ျဖစ္တဲ့ မိခင္ျဖစ္သူရဲ႕လက္ကို ညင္သာစြာ ထိေတြ႕ၾကည့္ခဲ့သည္။

သိဂၤါရ ခံစားလိုက္ရသည္က ေအးစက္မႈတစ္ခုသာ...

ထိုေအးစက္မႈက အသက္မဲ့ျခင္းကို ေဖာ္ျပေပးေနတာမို႔ အားငယ္စိတ္က တိုးဝင္လာသလိုပင္။ မိခင္ဆီက ခ်ိဳသာတဲ့စကားေတြကို ၾကားခြင့္မရတာ ဆယ္စုႏွစ္တစ္ခု‌ေက်ာ္ၾကာျမင့္ခဲ့ေပမယ့္ အသက္႐ႈသံေလးကို နားဆင္ၿပီး သိဂၤါရ အားတင္းထားႏိုင္ခဲ့ျခင္း ျဖစ္သည္။ ယခုေတာ့ သူ႕ရဲ႕ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ေလးက ဆိတ္သုဥ္းသြားခဲ့ေလၿပီ။

"ေမေမက သားကိုေတာင္ ႏႈတ္ဆက္မသြားဘူးေနာ္..."

ေဒၚအိမ္စည္ရဲ႕မ်က္ႏွာကို တယုတယကိုင္တြယ္ရင္းနဲ႔ ေရ႐ြတ္လိုက္တဲ့ သိဂၤါရေၾကာင့္ မင္းခန္႔လည္း စိတ္ထဲမွာ ဆို႔နင့္လာရေတာ့သည္။ ဦးဒီပရဲ႕ေဒါသႀကီးမႈနဲ႔ လကၤာမ်ိဳးရဲ႕ကုန္းတိုက္မႈေတြၾကားမွာ အက်ယ္ခ်ဳပ္က်ခံေနခဲ့ရတဲ့ သိဂၤါရအတြက္ တစ္ခုတည္းေသာ တြယ္တာစရာက ေဒၚအိမ္စည္ျဖစ္ခဲ့မွန္း မင္းခန္႔ သိၿပီးသားပင္။ သူငယ္ခ်င္းျဖစ္သူရဲ႕ဒုကၡဆင္းရဲေတြကို သူကိုယ္တိုင္ ႏွစ္ေပါင္းမ်ားစြာ ျမင္ေတြ႕လာရတာမို႔ ထိုဆုံး႐ႈံးမႈရဲ႕အတိမ္အနက္ကို မွန္းဆၾကည့္ႏိုင္ခဲ့ေလသည္။ ထို႔ေၾကာင့္ သိဂၤါရရဲ႕စိတ္အစဥ္ကို လြတ္လြတ္လပ္လပ္ ဖြင့္ခ်ခြင့္ရေအာင္ အခန္းအျပင္ဘက္သို႔ သူ အလိုက္တသိနဲ႔ ေ႐ွာင္ထြက္ေပးခဲ့မိသည္။

သိဂၤါရရဲ႕ရင္ထဲမွာ ကိုယ့္ကိုယ္ကိုယ္အျပစ္တင္မႈနဲ႔ ဝမ္းနည္းမႈက ဒြန္တြဲေနခဲ့ေလသည္။ လူမွန္ရင္ တစ္ခ်ိန္ခ်ိန္မွာ ခြဲခြာရမယ္ဆိုတာကို သိထားေပမယ့္ ရင့္က်က္မႈမ႐ွိႏိုင္ေသးတာေတာ့ အမွန္ပင္။

"ဘာလို႔ ဒီေလာက္အေစာႀကီးထြက္သြားရတာလဲ...ေမေမရယ္!? သားက ေမေမ့အတြက္ စိတ္ကူးထားတာေတြမွ အမ်ားႀကီးပဲ။ ေဖေဖ့ဆီကလည္း ခြင့္ျပဳခ်က္ရထားၿပီးၿပီေလ။ အိမ္ေလးသာ ႐ွာေတြ႕လို႔႐ွိရင္ ေမေမရယ္ သားရယ္..."

ဆက္ၿပီး မေရ႐ြတ္သင့္ေတာ့တဲ့ စကားလုံးကို ေရာက္႐ွိလာခ်ိန္မွာ သိဂၤါရ တုံ႔ဆိုင္းသြားခဲ့ေလသည္။ ရင္ထဲမွာ ေဝ့တက္လာတဲ့ နာၾကည္းမႈတခ်ိဳ႕ကို ခ်က္ခ်င္း သိုဝွက္ရင္းနဲ႔ မိခင္ျဖစ္သူကို ျပဳံးၿပီး ေမးၾကည့္လိုက္မိသည္။

"အရမ္းလွတဲ့ စိတ္ကူးအိပ္မက္ေလးေတြက ပ်က္စီးလြယ္တယ္တဲ့။ အဲဒီစကားက အမွန္ပဲ ထင္တယ္ေနာ္။ ဒါေပမဲ့ေလ..."

'ဘဝမွာ တစ္ႀကိမ္တစ္ခါေလာက္ေတာ့ ေပ်ာ္႐ႊင္မႈဆိုတာကို အခ်ိန္ၾကာၾကာရဖူးခ်င္တယ္ ေမေမရယ္...'ဆိုတဲ့ စကားကို သူ ဆက္မေျပာႏိုင္ဘဲ တလိမ့္လိမ့္တက္လာတဲ့ နာက်င္မႈေတြေၾကာင့္ မိခင္ျဖစ္သူရဲ႕႐ုပ္အေလာင္းေ႐ွ႕မွာ ဒူးေထာက္လိုက္မိေတာ့သည္။ စီးက်လာတဲ့ မ်က္ရည္စက္ေတြက နာက်င္မႈေတြကို အေဝးတစ္ေနရာဆီ သယ္ေဆာင္ေပးသြားဖို႔ကိုလည္း သိဂၤါရရဲ႕မသိစိတ္ထဲက ေမွ်ာ္လင့္ေနခဲ့သလိုပင္။ ရင္ထဲက မြန္းၾကပ္မႈေတြကို သိဂၤါရ ဆက္လက္သိမ္းဆည္းမထားႏိုင္ဘဲ ဖြင့္ဟလိုက္ခ်ိန္မွာ တိတ္ဆိတ္ၿပီး ေအးစက္လွတဲ့ အခန္းငယ္ထဲသို႔ ငို႐ိႈက္သံေတြက ပ်ံ႕ႏွံ႔သြားခဲ့ေလသည္။

ည (၈)နာရီခန္႔တြင္-

စိုင္းရသဦးက ထုံးစံအတိုင္း ဆန္းဝင္းဆီ သြားဖို႔အတြက္ ျပင္ဆင္ေနခ်ိန္မွာ ျခံဝန္းထဲသို႔ ေဒါသတႀကီး ေမာင္းဝင္လာတဲ့ ကားသံကို ၾကားလိုက္ရေတာ့သည္။

"ဘယ္သူပါလိမ့္!?"

ဦးစိုင္းေမာင္ကလည္း စာၾကည့္ခန္းထဲမွာ ႐ွိေနတာမို႔ ေရာက္႐ွိလာသူကို ခန္႔မွန္းလို႔ မရႏိုင္ဘဲ အခန္းအျပင္ဘက္သို႔ သိလိုစိတ္ျဖင့္ သူ ထြက္ၾကည့္လိုက္မိ‌သည္။ ထိုအခ်ိန္မွာပင္ ေလွကားေပၚသို႔ အသက္မဲ့စြာ တက္လာတဲ့ Theoနဲ႔ ထိပ္တိုက္ဆုံမိၾကသည္။

"မင္း ဟိုမွာပဲ ညအိပ္မွာဆို..."

Theoက စိုင္းရသဦးရဲ႕ေမးခြန္းကို ျပန္မေျဖဘဲ သူ႕အခန္းဆီသို႔သာ ဦးတည္သြားခဲ့ေလသည္။ Theoရဲ႕အျပဳအမူေတြက ထူးဆန္းေနၿပီး လည္ပင္းေပၚက ဒဏ္ရာတစ္ခုကလည္း စိုင္းရသဦးရဲ႕စိုးရိမ္စိတ္ေတြကို ထပ္တိုးလာေအာင္ လႈံ႕ေဆာ္ေပးလိုက္သလိုပင္။ ထို႔ေၾကာင့္ Theoရဲ႕အခန္းထဲသို႔ သူ လိုက္ပါလာၿပီး ျဖစ္ခဲ့သမွ် ကိစၥေတြကို အရဲစြန္႔ကာ ေမးၾကည့္လိုက္မိသည္။

"သိဂၤါရနဲ႔ ျပႆနာတက္လာတာလား!?"

သိဂၤါရဆိုတဲ့ နာမည္ေလးကို ၾကားရခ်ိန္မွာ ဒဏ္ရာေတြနဲ႔ ျပည့္ေနတဲ့ Theoရဲ႕ႏွလုံးအိမ္က ပိုမိုနာက်င္လာခဲ့ျပန္သည္။ လမ္းခြဲစကားေျပာသြားတဲ့ သိဂၤါရရဲ႕မ်က္ဝန္းထဲမွာ အထင္းသားေပၚလြင္ေနတဲ့ ျပတ္သားမႈေတြက သူ႕ကို ေ႐ွ႕ဆက္မတိုးႏိုင္ေအာင္ ကာဆီးထားလိုက္သလိုပင္။ ဉာဏ္ေကာင္းလြန္းသူလို႔ လူအမ်ားရဲ႕သတ္မွတ္ျခင္းကို ခံခဲ့ရတဲ့ Theoက သိဂၤါရေၾကာင့္ အနာဂတ္တစ္ခုလုံး ေပ်ာက္ကြယ္လုမတတ္ ျဖစ္ခဲ့ရေလၿပီ။

"Theo...မင္း ဘာျဖစ္ခဲ့တာလဲ!?"

ဇြဲမေလွ်ာ့ဘဲ ထပ္ေမးလိုက္တဲ့ စိုင္းရသဦးအတြက္ Theoဆီကေန ျပန္လည္ရ႐ွိလာသည္က တိတ္ဆိတ္ၿငိမ္သက္မႈတစ္ခုသာ ျဖစ္ေလသည္။ Theoရဲ႕အနားမွာ အၿမဲတမ္း႐ွိေနရသူမို႔ ယခုလိုအေျခအေနမ်ိဳးနဲ႔ ပထမဆုံး ၾကဳံေတြ႕ခဲ့ရခ်ိန္ကို စိုင္းရသဦး ျပန္လည္အမွတ္ရသြား‌ေတာ့သည္။

လြန္ခဲ့ေသာ (၁၄)ႏွစ္ခန္႔က-

"ရသ...ဘာလို႔ ထမင္းမစားတာလဲ!? အစ္ကို ခြံ႕ေကြၽးရမလား!?"

ေဆး႐ုံအျပင္ဘက္မွာ က်ဆင္းေနတဲ့ ႏွင္းေတြကို ေငးၾကည့္ရင္းနဲ႔ ေခါင္းတြင္တြင္ခါေန႐ွာတဲ့ (၁၀)ႏွစ္အ႐ြယ္ကေလးငယ္ေၾကာင့္ စိုင္းဝီရေမာင္ စိတ္မေကာင္းျဖစ္ေနမိသည္။ မီးေလာင္ဒဏ္ရာေတြေၾကာင့္ အားနည္းေနတဲ့ သူ႕ခႏၶာကိုယ္ေလးက အစားမဝင္ရင္ ပိုၿပီး အေျခအေနဆိုးလာမွာ အေသအခ်ာပင္။

"စက္႐ုပ္ေလးေတြ ထပ္ဝယ္ေပးရမလား!? ဟိုေန႔က အစ္ကိုသိဂၤါရနဲ႔ အတူတူေဆာ့တုန္းက အ႐ုပ္မ်ိဳးေလ။"

စိုင္းဝီရေမာင္ရဲ႕စကားေၾကာင့္ ကေလးငယ္ရဲ႕မ်က္ဝန္းေတြက ပုံမွန္ထက္ မွိန္က်သြားေလေတာ့သည္။ သို႔ေပမဲ့ စိုင္းဝီရေမာင္ကလည္း အသက္(၁၁)ႏွစ္ေက်ာ္ေလာက္သာ ႐ွိေသးသူမို႔ ထိုအျခင္းအရာကို သတိမျပဳမိလိုက္ေပ။

"ဒီထမင္းေလးေတာ့ ဝင္ေအာင္ စားလိုက္ပါေနာ္။ ဒဏ္ရာေတြ ျမန္ျမန္ေပ်ာက္ၿပီး ေဆး႐ုံက ဆင္းရလို႔႐ွိရင္ ညီေလး လိုခ်င္တာမွန္သမွ် အကုန္ဝယ္ေပးပါ့မယ္။"

‌ႀကိဳက္တတ္သမွ် အရာအားလုံးကို အသုံးခ်ၿပီး သူ ေခ်ာ့ေမာ့ေကြၽးေပမယ့္ ကေလးငယ္ကေတာ့ မတုန္မလႈပ္ဘဲ ေက်ာက္႐ုပ္လိုပင္။

"ညီေလး လိုခ်င္တာကို ေျပာျပမွ အစ္ကိုက ဘာလုပ္ေပးရမလဲဆိုတာကို သိမွာေပါ့။ ဒီလိုပုံစံမ်ိဳးနဲ႔ေတာ့ ဆက္ေနလို႔ မျဖစ္ဘူးေလ။"

ခဏအၾကာမွာ ကေလးငယ္ဆီက စကားသံသဲ့သဲ့ကို သူ ၾကားခြင့္ရခဲ့သည္။

"ေဆး႐ုံက မဆင္းခ်င္ဘူး။"

ကေလးအားလုံးက ေဆး႐ုံဆိုတာကို ေၾကာက္႐ြံ႕တတ္ၾကမွန္း စိုင္းဝီရေမာင္ သိထားခဲ့ေပမယ့္ ထိုကေလးငယ္ကေတာ့ ေဆး႐ုံကေန မဆင္းခ်င္ဘူးလို႔ ဆိုလာခဲ့ေလသည္။ ထူးဆန္းလြန္းလွတဲ့ ထိုစကားေၾကာင့္ အံ့အားသင့္စြာ သူ ေမးၾကည့္လိုက္မိ‌သည္။

"ဘာလို႔ ေဆး႐ုံက မဆင္းခ်င္တာလဲ!?"

ကေလးငယ္က မီး႐ႈးမီးပန္းဘူးေလးကို လက္ထဲမွာ က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားၿပီး ႏွင္းေတြဆီကေန အၾကည့္မလႊဲဘဲ ေျပာလာခဲ့ေလသည္။

"ကိုကိုက ျပန္လာခဲ့မယ္လို႔ ကတိေပးသြားတယ္။"

ႏွစ္ရက္လုံးလုံး ထမင္းမစားဘဲ အစာငတ္ခံေနရတဲ့ အေၾကာင္းအရင္း...
စကားတစ္ခြန္းမွ မေျပာဘဲ မိႈင္ေတြေနရတဲ့ အေၾကာင္းအရင္း...
ေဆး႐ုံကေန မဆင္းခ်င္ရတဲ့ အေၾကာင္းအရင္း...
ထိုအေၾကာင္းအရင္းအားလုံးရဲ႕အရင္းခံရာက အစ္ကိုသိဂၤါရျဖစ္‌ေနခဲ့တာပါလား...!?

ေဆး႐ုံေပၚမွာ သနားစဖြယ္ ေစာင့္ေမွ်ာ္ေန႐ွာတဲ့ ကေလးငယ္ရဲ႕ဆႏၵကို စိုင္းဝီရေမာင္ ျဖည့္ဆည္းေပးခ်င္ေပမယ့္ ႐ုတ္တရက္ေပ်ာက္ဆုံးသြားသူကို ဘယ္ဆီမွာမ်ား လိုက္႐ွာေပးရပါ့မလဲ!? ပိုဆိုးတာက ဦးစိုင္းေမာင္ကလည္း အစ္ကိုသိဂၤါရနဲ႔ ပတ္သက္သမွ်ကို လုံးဝမေျပာျပဘဲ ႏႈတ္ဆိတ္ေနခဲ့ျခင္းပင္။ ထို႔ေၾကာင့္ ကေလးငယ္ရဲ႕စိတ္ အေျပာင္းအလဲျဖစ္ေစဖို႔ကိုသာ သူ ႀကိဳးပမ္းရေပေတာ့မည္။

"အစ္ကိုသိဂၤါရက သူ႕အေမကို ေစာင့္ေ႐ွာက္ဖို႔ အိမ္ျပန္သြားရတာ။ သူနဲ႔ ေတြ႕ခ်င္ရင္ ညီေလး ေနျမန္ျမန္ေကာင္းၿပီးေတာ့ ေဆး႐ုံကေန ဆင္းရမွ ျဖစ္မွာ။"

ကေလးငယ္က စိုင္းဝီရေမာင္ဘက္သို႔ လွည့္ၿပီး အားကိုးတႀကီးျဖင့္ ၾကည့္လာခဲ့သည္။

"ကိုကို႔အိမ္လိပ္စာကို သိလို႔လား!?"

သူလည္း ကေလးငယ္ရဲ႕ဦးေခါင္းကို ခပ္ဖြဖြပြတ္သပ္ေပးၿပီး ျပဳံးျပလိုက္မိသည္။

"သိတာေပါ့...ညီေလးရဲ႕။ ေဆး႐ုံကေန ဆင္းရလို႔႐ွိရင္ အစ္ကိုတို႔ သူ႕အိမ္ကို သြားလည္ၾကမယ္ေနာ္။"

ေစတနာအျပည့္နဲ႔ သုံးလိုက္ရတဲ့ မုသားကို ကေလးငယ္က ယုံၾကည္သြားၿပီး ျပဳံးရင္းနဲ႔ ေခါင္းညိတ္ျပခဲ့သည္။ ထိုအခ်ိန္ကတည္းက ကေလးငယ္ရဲ႕ရင္ထဲမွာ သိဂၤါရက အေရးႀကီးဆုံးေနရာကို ယူထားခဲ့မွန္း စိုင္းဝီရေမာင္ သိထားခဲ့ေလသည္။

ယခုလည္း ထိုကဲ့သို႔ေသာအျဖစ္မ်ိဳးနဲ႔ ထပ္မံၾကဳံေတြ႕ေနရေလၿပီ။
Theoကို အသက္သြင္းေပးႏိုင္သူ...
သို႔မဟုတ္ အ႐ုပ္ႀကိဳးျပတ္သလို လဲၿပိဳက်ေစႏိုင္သူ...
ထိုသူက သိဂၤါရတစ္ဦးတည္းသာ ျဖစ္ႏိုင္ေပသည္။

ငယ္စဥ္အခါက သူ႕မုသားစကားကို ကေလးငယ္က အလြယ္တကူယုံၾကည္ေပးခဲ့ေပမယ့္ လက္႐ွိအခ်ိန္မွာေတာ့ Theoက ဘယ္သူ႕ကိုမွ မယုံၾကည္တတ္သူ ျဖစ္ေနခဲ့ေလၿပီ။ ထို႔ေၾကာင့္ မုသားအစား အၾကံျပဳစကားကိုသာ သူ ေ႐ြးခ်ယ္လိုက္ေတာ့သည္။

"မင္းတို႔ ဘာေတြျဖစ္ခဲ့ၾကသလဲဆိုတာ ငါ့ကို ေျပာျပပါလား!? တစ္ခါတေလမွာ ကိုယ္တိုင္အေျဖ႐ွာဖို႔ ခက္တဲ့ကိစၥတစ္ခုကို ေဘးလူက အလြယ္တကူ႐ွာေပးလို႔ ရတတ္တယ္ေလ။"

စိုင္းရသဦးရဲ႕စကားက အေျခအျမစ္႐ွိတာကို Theo နားလည္ေပမယ့္ သိဂၤါရရဲ႕စိတ္ကိုလည္း သူ ေကာင္းေကာင္းႀကီး သိေနေလသည္။

"ငါ တတ္ႏိုင္သေလာက္ ကူညီေပးပါ့မယ္။"

ထပ္မံေတာင္းဆိုမႈအဆုံးမွာ စိုင္းရသဦးကို ဖြင့္ေျပာျပဖို႔ Theo ဆုံးျဖတ္ခ်က္ခ်လိုက္မိသည္။

"သူက ငါ့ေၾကာင့္ နာက်င္ရတယ္တဲ့..."

ထိုစကားသံထဲမွာ ေနာင္တရမႈက ကပ္ပါေနမွန္း စိုင္းရသဦး သတိထားမိခဲ့သည္။ သူတို႔ႏွစ္ဦး ဘာေတြျဖစ္ခဲ့ၾကသလဲဆိုတာကို မသိရေပမယ့္ Theoဘက္က တစ္ခုခုမွားယြင္းခဲ့တာကေတာ့ ေသခ်ာေနေပသည္။

"မင္း သူ႕အေပၚ အမွားလုပ္မိခဲ့တယ္ဆိုရင္ သူ ေက်နပ္တဲ့အထိ ျပန္ေတာင္းပန္ေပးရမွာေပါ့။"

"ငါ့ကို သူ စိတ္နာေနေလာက္ၿပီ..."

"စိတ္ရင္းအမွန္ကိုသာ ျပေပးႏိုင္ရင္ သူက မင္းဆီကို ျပန္ေရာက္လာပါလိမ့္မယ္။"

စိုင္းရသဦးရဲ႕အၾကံေပးခ်က္ကို Theoက အေလးအနက္စဥ္းစားၾကည့္ၿပီး လက္ခံေပးခဲ့သည္။ သူတို႔ႏွစ္ဦးၾကားမွာ ျဖစ္တည္ခဲ့တဲ့ အခ်စ္က လြယ္လြယ္နဲ႔ ေပ်ာက္ပ်က္သြားႏိုင္မယ့္အရာမ်ိဳး မဟုတ္မွန္း Theo ယုံၾကည္ထားလိုက္ေလသည္။

"ေလာေလာဆယ္ေတာ့ သူ႕ကို သြားမ႐ွာနဲ႔ဦး။ သူ႕အေမရဲ႕နာေရးကိစၥက ႐ွိေသးတယ္ေလ။ ဒီအခ်ိန္အတြင္းမွာ မင္းကလည္း အေကာင္းဆုံးနည္းလမ္းကို ေသခ်ာစဥ္းစားထားေပါ့။"

Theoက ေခါင္းညိတ္ျပၿပီး သူ႕အက်ႌေပၚမွာ တင္က်န္ေနတဲ့ သိဂၤါရရဲ႕ေသြးစက္ေလးေတြကို ေနာင္တႀကီးစြာျဖင့္ ေငးစိုက္ၾကည့္ေနခဲ့သည္။

"ငါ့အကူအညီကိုေရာ လိုေသးလား!?"

"လိုအပ္လာရင္ ငါ ေျပာပါ့မယ္။"

Theoရဲ႕စိတ္က တည္ၿငိမ္စျပဳလာမွန္း သိရခ်ိန္မွာ စိုင္းရသဦးလည္း သက္ျပင္းတစ္ခုကို ခိုးေၾကာင္ခိုးဝွက္ခ်လိုက္မိေတာ့သည္။

နံနက္ (၂)နာရီခန္႔တြင္-

ေရာင္စုံျခယ္ပန္းခင္းႀကီးထဲမွာ ေျပးလႊားေနရင္းနဲ႔ အေနာက္ဘက္က ေခၚသံတစ္ခုကို သိဂၤါရ ၾကားလိုက္ရသည္။

"သား..."

သူ လွည့္ၾကည့္မိခ်ိန္မွာ ေမေမက ျပဳံး႐ႊင္စြာ လွမ္းေခၚေနတာကို ေတြ႕လိုက္ရေလသည္။

"ေမေမ!!!"

ဝမ္းသာအားရ ေခၚသံနဲ႔အတူ ေမေမ ႐ွိရာဆီသို႔ သူ အျမန္ေျပးသြားၿပီး ေပြ႕ဖက္ထားလိုက္မိသည္။

"ေမေမ ဘယ္ကို ေလွ်ာက္သြားေနတာလဲ!? သားက ေမေမ့ကို လိုက္႐ွာေနခဲ့တာ။"

"ကေလးလည္း မဟုတ္ေတာ့ဘဲနဲ႔ ဘာလို႔ ေမေမ့ကို လိုက္႐ွာေနရတာလဲကြယ္!?"

ႏူးညံ့ညင္သာလြန္းလွတဲ့ ေမေမ့အသံ...
ထိုအသံကို ၾကားရဖို႔ သူ ႏွစ္ေပါင္းမ်ားစြာ ေစာင့္ဆိုင္းခဲ့ရေပသည္။

"သားရဲ႕ဘက္မွာ အၿမဲတမ္း႐ွိေနေပးတဲ့သူက ေမေမပဲ ႐ွိတာ။ ေဖေဖနဲ႔အစ္ကိုက သားကို မလိုခ်င္ၾကဘူးေလ။"

"ဒါဆို အဲဒီလူကေရာ!?"

ထူးဆန္းလွတဲ့ ေမေမ့စကားေၾကာင့္ သူ ‌ေမးၾကည့္လိုက္မိသည္။

"ဘယ္သူ႕ကို ေျပာတာလဲ!?"

"ေမေမ့ဆီကို သား ေျပးလာကတည္းက အေနာက္ကေန လိုက္လာတဲ့သူေလ။"

တအံ့တဩျဖင့္ အေနာက္ဘက္သို႔ ျပန္လွည့္ၾကည့္မိခ်ိန္မွာ ေျခလွမ္းႏွစ္လွမ္းစာမွ် အကြာအေဝးမွာ ရပ္ေစာင့္ေနတဲ့ Theoကို သူ ေတြ႕လိုက္ရသည္။ Theoရဲ႕မ်က္ႏွာေပၚမွာလည္း သူ ျမင္ေနက်အျပဳံးမ်ိဳးက ေနရာယူထားခဲ့ျပန္သည္။

"သူက..."

Theoက သူနဲ႔ လုံးဝမသက္ဆိုင္ေတာ့တဲ့အေၾကာင္း ေမေမ့ကို ေျပာျပခ်င္ေပမယ့္ သူ႕ႏႈတ္ဖ်ားက တြန္႔ဆုတ္ေနခဲ့သည္။

"သား...ေမေမ သြားရေတာ့မယ္။"

ခ်က္ခ်င္းႀကီး ႏႈတ္ဆက္စကားဆိုလာတဲ့ ေမေမ့ကို သူ အျမန္တားလိုက္မိသည္။

"ဘယ္သြားဦးမလို႔လဲ!? မသြားပါနဲ႔ေတာ့...ေမေမရယ္။ သားနဲ႔ပဲ အတူေနေပးပါေနာ္။"

‌ထိုအခ်ိန္မွာပင္ ေမေမ့ကို လူတစ္ေယာက္က အတင္းအၾကပ္ေခၚေဆာင္သြားဖို႔ ႀကိဳးစားေနတာကို သူ ေတြ႕လိုက္ရေလသည္။

"ခင္ဗ်ားက ဘယ္သူလဲ!? ေမေမ့ကို မေခၚသြားနဲ႔!!!"

ေမေမ ထြက္သြားရာေနာက္သို႔ သူ ေျပးလိုက္ခ်င္ေပမယ့္ Theoက သူ႕လက္ကို ၿမဲျမံစြာ ဆုပ္ကိုင္ၿပီး တားခဲ့ျပန္သည္။

"ငါ့ကို လႊတ္...ေမေမ့ကို ငါ ျပန္ေခၚရမယ္။"

သူ အတင္း႐ုန္းကန္ေနေပမယ့္ Theoရဲ႕ခ်ဳပ္ေႏွာင္မႈက မလြတ္ေျမာက္ႏိုင္ခဲ့ေပ။

"ကိုယ္ မင္းကို ေပ်ာ္႐ႊင္ေအာင္ ထားမွာပါ။"

"မင္းဆီက ငါ ဘာကိုမွ မလိုခ်င္ဘူး။ ငါ့ကို လႊတ္ေပးပါေတာ့။"

"ကိုယ့္ဆီကေန ထြက္သြားရင္ မင္း ေပ်ာ္ႏိုင္မွာ ေသခ်ာလို႔လား!?"

ထိုစကားေၾကာင့္ သူ ေတြေဝသြားသလိုပင္။ သို႔ေပမဲ့ ေတြေဝေနတဲ့စိတ္ကို အျမန္ဖယ္ထုတ္ၿပီး ေနာက္ဆုံးတစ္ေခါက္အေနနဲ႔ သူ အားကုန္သုံးကာ ႐ုန္းလိုက္မိေတာ့သည္။ Theoရဲ႕လက္က အားေပ်ာ့သြားေလသလား...သူကပဲ တကယ္႐ုန္းထြက္ႏိုင္ခဲ့သလား...ဆိုတာ မသိရေပမယ့္ သူ လြတ္ေျမာက္သြားခဲ့တာေတာ့ ေသခ်ာေပသည္။

"မင္း ကိုယ့္ဆီကေန တကယ္ထြက္သြားႏိုင္ၿပီပဲ။"

Theoရဲ႕စကားက သူ႕ရင္ထဲက ဝမ္းနည္းမႈကို ထြက္ေပၚလာေအာင္ လႈံ႕ေဆာ္ေပးခဲ့သည္။ ထိုစကားကို ေျပာၿပီးၿပီးခ်င္း Theoက သူနဲ႔ ေဝးရာသို႔ ထြက္ခြာသြားေလသည္။ ေမေမက  သူ႕အနားမွာ မ႐ွိေတာ့သလို Theoကလည္း သူ႕ကို ထားခဲ့ေလၿပီ။ အထီးက်န္မႈနဲ႔အတူ သူ က်န္ရစ္ခဲ့ခ်ိန္မွာ လက္ဖဝါးျပင္ေပၚက နာက်င္မႈတစ္ခုကို ခံစားလိုက္ရျပန္သည္။ ထိုအရာကို သူ ငုံ႔ၾကည့္မိေတာ့မွ Theoရဲ႕မလြတ္တမ္းဆုပ္ကိုင္ထားမႈေၾကာင့္ လက္မွာ ဒဏ္ရာက်န္ေနခဲ့မွန္း သိလိုက္ရသည္။ ေသြးစီးက်ေနတဲ့ ဒဏ္ရာကို ခဏၾကာေအာင္ ေငးစိုက္ၾကည့္ၿပီး သူ ျပဳလုပ္မိသည္က... က်န္လက္တစ္ဖက္နဲ႔ ထိုဒဏ္ရာေပၚသို႔ ဖိခ်လိုက္ျခင္းပင္။

နာက်င္မႈေၾကာင့္ အိပ္မက္ကေန သူ လန္႔ႏိုးလာခ်ိန္မွာ ဒဏ္ရာကလည္း ေသြးျပန္ထြက္ေနခဲ့ေလၿပီ။ သို႔ေပမဲ့ ေသြးတိတ္ေအာင္ မျပဳလုပ္ဘဲ ထိုနာက်င္မႈကိုသာ သူ ဆက္လက္ခံစားၾကည္္႕ခဲ့မိသည္။

"မင္း ဘာလို႔ အခုလိုမ်ိဳး ကိုယ့္ကိုယ္ကိုယ္ နာက်င္ေအာင္ လုပ္ရတာလဲ!?"

Theoသာ သူ႕နံေဘးမွာ ႐ွိခဲ့ရင္ ထိုကဲ့သို႔ ေမးမည္မွာ အေသအခ်ာပင္။

"ဒီလိုမ်ိဳးနာေနရင္ ငါ့ရင္ဘတ္ထဲက နာက်င္မႈက ခဏေပ်ာက္သြားတတ္တယ္။"

သူ႕အေျဖကိုသာ Theo ၾကားသြားခဲ့ရင္ ေလွာင္ရယ္ေနမွာ ေသခ်ာေပသည္။

"📩...📩...📩"

႐ုတ္တရက္ ဝင္လာတဲ့ စာေလးတစ္ေစာင္က သူ႕အေတြးေတြကို ဖ်က္ဆီးလိုက္ေလသည္။ စာပို႔သူကို သူ လွမ္းၾကည့္မိေတာ့ နာမည္က Theoတဲ့...
အခုလိုမ်ိဳး လူေျခတိတ္ခ်ိန္မွာ စာပို႔လာတာမို႔ ထူးဆန္းေနသလို ခံစားရၿပီး သူ ဖြင့္ၾကည့္ခဲ့သည္။

"မင္း ျဖစ္ေစခ်င္တဲ့အတိုင္း ကိုယ္ ေနေပးပါ့မယ္။ ဒါေပမဲ့ ကိုယ့္ကိုယ္ကိုယ္ နာက်င္ေအာင္ ထပ္မလုပ္ပါနဲ႔ေတာ့..."

စာေလးကို ဖတ္ၾကည့္ၿပီး သူ ျပဳံးခဲ့ေပမယ့္ ထိုဖုန္းနံပါတ္ကို Black Listထဲသို႔ ခ်က္ခ်င္းထည့္လိုက္မိသည္။ တစ္ညတာလုံးကိုလည္း ဒဏ္ရာကေန စီးက်လာတဲ့ ေသြးစက္ေတြကို ထိုင္ၾကည့္ရင္းနဲ႔ ကုန္ဆုံးေစဖို႔ သူ ဆုံးျဖတ္ထားခဲ့ေလသည္။

စာျပန္ပို႔ျခင္းမ႐ွိတဲ့ ဖုန္းနံပါတ္ေလးတစ္ခုကို Theo အေတာ္ၾကာတဲ့အထိ ေငးၾကည့္ေနခဲ့သည္။ ညဥ့္နက္လာေပမယ့္ ငိုက္မ်ဥ္းျခင္းမ႐ွိဘဲ သူ အေတြးမ်ားေနခဲ့မိသည္။ သိဂၤါရရဲ႕အနားမွာ အတူ႐ွိေပးခ်င္တဲ့စိတ္ကလည္း သူ႕ကို အိပ္စက္ျခင္းမွ တားဆီးေပးထားသလိုပင္။ အမ်ိဳးမ်ိဳးေႏွာင့္ယွက္ေနတဲ့ အေတြးေတြကို ဖယ္ထုတ္လိုက္ၿပီး ခုံေပၚမွာ သပ္ရပ္စြာ ေခါက္တင္ထားတဲ့ အက်ႌေပၚက ေသြးစက္မ်ားဆီသို႔ သူ အၾကည့္ေရာက္သြားမိျပန္သည္။

"ကိုယ့္အမွားေၾကာင့္ မင္း ထပ္ၿပီး နာက်င္ရျပန္ၿပီပဲ..."

အတိတ္က ျဖစ္ရပ္အခ်ိဳ႕ကို ေတြးေတာမိၿပီး လြမ္းဆြတ္တမ္းတရင္းနဲ႔ အက်ႌေလးကို သူ႕အနားသို႔ ယူေဆာင္ကာ တင္းၾကပ္စြာ ေပြ႕ဖက္ထားလိုက္မိသည္။ သူ႕အမွားေၾကာင့္ နာက်င္သြားရတဲ့ သိဂၤါရရဲ႕မ်က္ႏွာေလးကို ျပန္ျမင္ေယာင္ၿပီး ရင္ထဲမွာလည္း တဆစ္ဆစ္နဲ႔ ကိုက္ခဲလာခဲ့သည္။ သိဂၤါရ မ႐ွိတဲ့ သူ႕ဘဝႀကီးက အသက္မဲ့လြန္းလွေပသည္။ ထိုကဲ့သို႔ေသာ ခံစားခ်က္ကို မလိုခ်င္ေတာ့ေပမယ့္ သူကိုယ္တိုင္ကပဲ ထပ္မံဖိတ္ေခၚမိသလို ျဖစ္သြားခဲ့ေလၿပီ။

ပထမအႀကိမ္နဲ႔ ကြာျခားသြားတဲ့ တစ္ခုတည္းေသာအရာက ယခု သူ ေပြ႕ဖက္ထားရသည္မွာ မီး႐ႈးမီးပန္းဘူးေလးမဟုတ္ေတာ့ဘဲ ေသြးေပေနတဲ့ အက်ႌေလးတစ္ထည္ ျဖစ္ေနျခင္းပင္...

*ေစာင့္ေမွ်ာ္ၿပီး ဖတ္႐ႈေပးၾကတဲ့ တစ္ဦးခ်င္းစီကို ေက်းဇူးအမ်ားႀကီးတင္မိေၾကာင္း ေျပာၾကားခ်င္ပါတယ္။ ေခတ္ကာလက ဆိုး႐ြားေနတာမို႔ စာေရးတဲ့ဘက္ကို စိတ္မေရာက္ႏိုင္သလို ျဖစ္သြားခဲ့တာပါ။ တတ္ႏိုင္သေလာက္ ႀကိဳးစားၿပီး ေရးေပးသြားပါ့မယ္လို႔ ကတိေပးပါတယ္။ စာဖတ္သူအားလုံးကို အရမ္းခ်စ္ပါတယ္ေနာ္❤️❤️❤️

#Śûè

*****************


Continue Reading

You'll Also Like

368K 18.6K 20
แ€งแ€€แ€›แ€ฌแ€‡แ€บแ€•แ€ญแ€ฏแ€„แ€บแ€™แ€พแ€ฐแ€ธ แ€€แ€ปแ€ฐแ€›แ€ญแ€ฏแ€ธแ€€แ€ญแ€ฏแ€ธแ€†แ€…แ€บ Normal ficแ€™แ€Ÿแ€ฏแ€แ€บแ€•แ€ซแ‹ BL fic Both Z+U
309K 16K 23
#Unicode แ€กแ€แ€ปแ€…แ€บแ€†แ€ญแ€ฏแ€แ€ฌ แ€€แ€ญแ€ฏแ€šแ€ทแ€บแ€…แ€ญแ€แ€บแ€€แ€ญแ€ฏแ€šแ€บ แ€žแ€แ€ญแ€™แ€‘แ€ฌแ€ธแ€™แ€ญแ€œแ€ญแ€ฏแ€€แ€บแ€แ€ฒแ€ท แ€กแ€แ€ปแ€ญแ€”แ€บแ€™แ€พแ€ฌแ€แ€ฑแ€ฌแ€„แ€บ แ€–แ€ผแ€แ€บแ€แ€”แ€ฒ แ€แ€„แ€บแ€›แ€ฑแ€ฌแ€€แ€บแ€œแ€ฌแ€แ€ฌแ€™แ€ปแ€ญแ€ฏแ€ธ... #แ€…แ€ญแ€ฏแ€„แ€บแ€ธแ€กแ€ถแ€ทแ€˜แ€ฏแ€”แ€บแ€ธแ€‡แ€ฑแ€ฌแ€บ แ€€แ€™แ€นแ€˜แ€ฌแ€•แ€ฑแ€ซแ€บแ€™แ€พแ€ฌ แ€œแ€ฐแ€›แ€พแ€ฏแ€•แ€บแ€œแ€ฐแ€•แ€ฝแ€ฑแ€แ€ฝแ€ฑแ€œแ€ฑ...
129K 8.1K 22
แ€žแ€แ€”แ€บแ€แ€ญแ€ฏแ€แ€ฌ แ€แ€ปแ€…แ€บแ€œแ€ญแ€ฏแ€ท โค แ€žแ€แ€”แ€นแ€แ€ญแ€ฏแ€แ€ฌ แ€แ€บแ€…แ€นแ€œแ€ญแ€ฏแ‚” โค
2.4K 66 3
แ€ฅแ€ฎแ€ธแ€€แ€ฏแ€‹แ€ฑแ€œแ€ฝแ€”แ€บแ€ธแ€›แ€ฒแ€ท แ€‘แ€ฌแ€แ€›แ€…แ€ฑแ€ธแ€€แ€•แ€บแ€œแ€ฝแ€”แ€บแ€ธแ€แ€ฒแ€ทแ€€แ€ฑแ€ฌแ€บแ€—แ€ฐแ€ธแ€œแ€ฑแ€ธ แ€€แ€ฏแ€‹แ€ฑแ€œแ€ฝแ€”แ€บแ€ธ + แ€•แ€ญแ€ฏแ€„แ€บแ€„แ€ผแ€ญแ€™แ€บแ€ธแ€žแ€ฏแ€แ€Ÿแ€”แ€บ