Mr.Silent (Completed)

By D_Yayy_Nine

172K 14.6K 1.2K

သူ့တစ်ယောက်တည်းကို ကွက်ပြီး သစ်စိမ်းချိုး ချိုးနေတဲ့အချေကိုယ်တော်လေးကိုမှ ချစ်မိသွားတဲ့ညီသုတနဲ့.. ရှောင်ပြေးခ... More

Part-1
Part-2
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part- 14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50 (Final Part)
Extra-1
Extra-2

Part-3

4.7K 420 16
By D_Yayy_Nine

Unicode Version

ကျောင်းပိတ်ရက်တွင်ညီသုတဟာကျူရှင်ချိန်လည်းစောသေးသည်ဖြစ်ရာ မနက်စာထွက်စားရင်း အမြွှာနှစ်ယောက်၏အိမ်ဘက်သို့ထွက်လာခဲ့သည်။ အမြွှာနှစ်ယောက်၏အိမ်သည် ခါတိုင်းထက်ပို၍တိတ်ဆိတ်နေသည်ကို မြင်သောအခါ ညီသုတလည်းအိမ်ထဲသို့သတိထား၍ ဝင်လာလေသည်။

"လင်းထက်!! စွမ်းထက်!! "

ညီသုတ၏ခေါ်သံကိုကြားသောအခါ မီးဖိုချောင်ထဲတွင်ရှိနေသော အမြွှာနှစ်ယောက်၏အမေကချက်ချင်းထွက်လာလေသည်။

"သြော် သုတပါလား လာလေ"

အိမ်ထဲသို့ရောက်လာသည်အထိ ညီသုတမှာအမြွှာနှစ်ယောက်၏အရိပ်အယောင်ကိုမမြင်လေသောအခါ သူတို့၏အမေကိုမေးလိုက်ရသည်။

"အန်တီ လင်းထက်တို့ရော"

အမြွှာနှစ်ယောက်၏အမေဟာညီသုတကိုအရှေ့ခန်းရှိထိုင်ခုံတွင်ထိုင်စေ၍ သူ့အတွက်မုန့်တချို့ချပေးရင်း မကျေမနပ်ညည်းညူလေတော့သည်။

"အမလေး သုတရယ် ဒီမျောက်လောင်းနှစ်ကောင်ကိုအန်တီလည်းမနိုင်တော့ဘူး မနေ့ညကသူတို့ဖုန်းခိုးသုံးနေတာမြင်လို့ ဆူမိတာကိုနှစ်ယောက်လုံးဆောင့်ကြီးအောင့်ကြီးနဲ့ပြောဆိုနေကြတာ"

ညီသုတသည်အမြွှာနှစ်ကောင်ဖြစ်ပျက်နေမည့်ပုံကို တွေးရင် ခပ်ဖွဖွပြုံးလိုက်မိသည်။

"အန်တီတို့ရန်ဖြစ်ထားကြတာပေါ့"

"အေးပေါ့ကွယ် ဖုန်းကိုင်မယ့်အစားစာသာကြေအောင်လုပ်လို့ပြောလိုက်တာကိုစိတ်ဆိုးဆိုးနဲ့ စာကြေအောင်လုပ်ပြမယ်ဆိုပြီး ခေါင်းအုံးအောက်ကိုစာအုပ်တွေခုပြီးအိပ်နေကြတယ်လေ အခုထိမထကြသေးဘူး"

ညီသုတလည်းအမြွှာနှစ်ယောက်၏အမေကိုအားမနာနိုင်တော့ဘဲ အော်ရယ်မိလေတော့သည်။ ညီသုတ၏သူငယ်ချင်းပီသပါပေ့။

ဤအတိုင်းသာဆိုလျှင် စာကြေမကြေတော့ညီသုတမသိ။ စာအုပ်တော့ကြေသွားမည်မှာအမှန်ပင်။

"သွား သွား သူတို့အခန်းထဲမှာရှိတယ် သားကိုယ်တိုင်သာဝင်နှိုးလိုက်တော့"

အမြွှာနှစ်ယောက်၏အမေဟာညီသုတကိုထားခဲ့၍ မီးဖိုချောင်ထဲသို့ပြန်ဝင်သွားလေသည်။ ညီသုတလည်း ရယ်ချင်ပက်ကျိဖြစ်နေသောရုပ်ဖြင့် အမြွှာနှစ်ယောက်၏အခန်းဆီသို့ချီတက်လာခဲ့သည်။

အခန်းတံခါးခေါက်မနေတော့ဘဲဝင်သွားလိုက်လေရာ ကုတင်တစ်ခုစီတွင် ကို့ရို့ကားယားနှင့်အိပ်နေကြသောညီအစ်ကိုနှစ်ယောက်ကို ထင်းထင်းရှင်းရှင်းမြင်လိုက်ရသည်။ သူတို့၏ခေါင်းအုံးများအောက်တွင်လည်း ဓာတုဗေဒစာအုပ်များကိုထိုးသိပ်၍ထည့်ထားသေးသည်။

နဂိုဗီဇကိုထိန်းချုပ်မရသည့်ညီသုတကလည်း အမြွှာနှစ်ကောင်ကိုချက်ချင်းမနှိုးသေးဘဲ အခန်းထဲသို့အကြည့်ဝေ့လိုက်သည်။

ညကအသီးထည့်ထားခဲ့ပုံရသောစတီးဇလုံနှစ်ခုဟာ စာကြည့်စားပွဲပေါ်တွင်တင်ထားသည်ကိုမြင်သွားသောညီသုတသည် ခပ်အုပ်အုပ်ရယ်ရင်း စတီးဇလုံနှစ်ခုကိုတိတ်တိတ်သွားယူလေသည်။

ထို့နောက်အမြွှာနှစ်ယောက်၏အလယ်နားတွင်ရပ်၍ စတီးဇလုံနှစ်ခုကိုအချင်းချင်းထုရိုက်၍ နားမခံသာသောအသံများကိုဖန်တီးလေတော့သည်။ စူးရှရှအသံကျယ်များဟာ အခန်းထဲတွင်ပဲ့တင်ထပ်သွားသောအခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြသောအမြွှာနှစ်ယောက်ကလည်း အလန့်တကြားနှင့်နိုးလာကြသည်။

"ခွေးမကြီးပြေးသွားပြီ..."

ကယောင်ကတမ်းအော်ဟစ်ရင်းအဆဲတစ်ပိုင်းဖြင့်နိုးလာသူကတော့ လင်းထက်ပိုင်ပင်။ စွမ်းထက်ပိုင်ကတော့ ကြောက်လန့်တကြားနှင့် အကျင့်ပါနေသောခန္ဓာကိုယ်ဟာ အသံလာရာဘက်ကို လက်သီးလက်မောင်းတန်းရင်းကန်လိုက်လေရာ သူ၏ခန္ဓာကိုယ်ကလည်း ကုတင်ပေါ်မှဝုန်းခနဲပြုတ်ကျလာလေတော့သည်။

" အား!!! "

ကုတင်တိုင်နှင့်ခေါင်းဟာအားပြင်းပြင်းနှင့်ဆောင့်မိသွားသည်မို့ ဖရဲသီးကွဲသံနှင့်တူသောအသံတစ်ခုဟာ ကျယ်လောင်စွာထွက်လာလေသည်။ ညီသုတကတော့နှစ်ယောက်သားဖြစ်ပျက်သွားပုံကိုကြည့်ရင်း အောင်ပွဲခံသည့်အနေနှင့်စတီးဇလုံများကို တဒေါင်ဒေါင်တဒင်ဒင်တီးခတ်နေသေးသည်။

ယခုမှညီသုတကိုသတိထားမိသွားကြသောအမြွှာနှစ်ယောက်မှာ ညီသုတကိုသူတို့၏ခေါင်းအုံးများနှင့်ပစ်ပေါက်ကြလေသည်။ ပါးစပ်ကလည်း အယုတ္တအနတ္တများစုံနေအောင်ဆဲလေတော့သည်။

"ဘယ်လိုလဲ စာကြေကြရဲ့လား"

နှစ်ယောက်လုံးဟာအိပ်ရာပေါ်တွင်အိပ်ချင်မူးတူးရုပ်များဖြင့် ဖင်ကုတ်လိုက်၊ခေါင်းကုတ်လိုက် လုပ်နေကြသည်။ ညီသုတကိုအခုထိအစာမကြေသေးဟန်နှင့်စိုက်ကြည့်နေကြသည်။

"မင်းမျက်နှာကြီးကြေမွသွားအောင်ထုပစ်လိုက်မှာနော် အေးဆေးနေ"

လင်းထက်ပိုင်ကအိပ်ရာထဲမှထလာပြီးညီသုတကိုကြိမ်းမောင်းသည်။ ညီသုတ၏မျက်နှာကတော့ ယခုထိပြုံးစိစိ။

"ဘယ်နှနာရီရှိပြီလဲ"

စွမ်းထက်ပိုင်ကဖောင်းမို့နေသောမျက်လုံးကိုပွတ်သပ်နေရင်းဖြင့် မေးသည်။

"ခုနစ်နာရီထိုးပြီ မနက်စာထွက်စားရအောင် ကျူရှင်လည်းသွားရဦးမယ်လေ မြန်မြန်လုပ်ကြ"

ညီသုတကလောဆော်လေတော့အမြွှာနှစ်ယောက်ကလည်း မြန်မြန်ဆန်ဆန်ပြင်ဆင်ရတော့သည်။ သူတို့သုံးယောက်စလုံးမနက်စာစားရန်တစ်လမ်းကျော်ရှိဆိုင်သို့သွားကြသည့်အချိန်ဟာ ခုနစ်နာရီနှင့်ငါးမိနစ်မျှသာရှိသေးသည်။

"အန်တီ ကျွန်တော်တို့ကိုမုန့်ဟင်းခါးတစ်ပွဲရယ်..."

ညီသုတကသူ့အတွက်မှာပြီးနောက် ကျန်နှစ်ယောက်ဆက်မှာနိုုင်ရန် စကားစပျိုးပေးလိုက်သည်။

"ကျွန်တော်က မုန့်တီသုပ်တစ်ပွဲ"

"ကျွန်တော့်ကိုတော့ဆီချက်တစ်ပွဲလုပ်ပေးပါ"

"ဟုတ်ပြီ ခဏစောင့်နော် သားတို့"

မှာစရာရှိတာမှာပြီးပြီမို့ ဖိုက်ဘာစားပွဲခုံလေးတစ်ခုတွင် သုံးယောက်သားဝိုင်းထိုင်ရင်း စောင့်နေကြသည်။

ယနေ့ရာသီဥတုဟာနေရောင်ပြင်းပြင်းဖြာမကျပါဘဲ အနည်းငယ်အုံ့မှိုင်းနေလေသည်။ မနက်ခင်းလေပြည်အေးအေးလေးကလည်း သူတို့၏ခန္ဓာကိုယ်များကိုပွတ်သပ်ကာကလူကျီစယ်နေလေ၏။ မိုးရွာမည့်အရိပ်အယောင်လည်းမရှိပေ။ ဤကဲ့သို့သောရာသီဥတုမျိုးသည် လမ်းလျှောက်ထွက်ရန်သင့်လျော်လှသောကြောင့် ညီသုတတို့သုံးယောက်သားလည်း ကျူရှင်သို့စက်ဘီးနှင့်မဟုတ်ဘဲ လမ်းလျှောက်၍သာသွားရန်သဘောတူလိုက်ကြသည်။

"စွမ်းထက် မနေ့ကငါပေးတဲ့စာရွက်ကိုဘယ်မှာသိမ်းထားလဲ"

လင်းထက်ပိုင်ကဆိုင်ရှင်အဒေါ်ကြီးလာချပေးသောမုန့်တီပန်းကန်ကိုနယ်နေရင်းမှ စွမ်းထက်ပိုင်ကိုမေးလိုက်သည်။

"ငါ့လွယ်အိတ်ထဲမှာ သိမ်းထားတယ်လေ"

"အိုခေ သေချာသိမ်းထား ငါတို့အစီအစဥ်စရတော့မှာ"

ညီသုတကသူ၏ဘေးရှိအမြွှာနှစ်ယောက်အပြန်အလှန်ပြောနေကြသော စကားများကိုနားမလည်၍ ကြောင်အအဖြစ်နေရသည်။ တပြိုင်တည်းမှာပင် ဟာသဆန်သည်ဟုလည်းတွေးနေမိ၏။ အမြွှာနှစ်ယောက်ဟာပေါ့တီးပေါ့ပြက်နေတတ်သူများမဟုတ်သော်လည်း ဤကဲ့သို့တစ်စုံတစ်ခုကိုအကြီးအကျယ်အစီအစဥ်ဆွဲနေသယောင်လုပ်နေသည်မှာ ရယ်ချင်စဖွယ်ကောင်းနေသည်။

"မင်းတို့နှစ်ယောက် ဘာတွေကြံစည်နေကြတာလဲ"

"မင်းကိုကာရန်ရှင်းနဲ့အောင်သွယ်ပေးဖို့လေ"

မုန့်ဟင်းခါးသောက်နေသည့်ညီသုတ၏မျက်လုံးများသည် ထိုစကားကြောင့်အရောင်တဖိတ်ဖိတ်တောက်ပသွားရသည်။ သူကိုယ်တိုင်ကလည်းကာရန်ရှင်းနှင့်နီးစပ်ရေး တို့အရေးဖြစ်နေသော်လည်း စာကိုအသည်းအသန်ကြိုးစားရမည့်ဆယ်တန်းလိုအခိုက်အတန့်မျိုးဟာ ထိုကိစ္စကိုဦးစားပေးရန်အခြေအနေမပေး၍ ဆန္ဒများကိုခဏမြိုသိပ်ထားရခြင်းသာ။

"ဘယ်လိုအောင်သွယ်မှာလဲ"

"အဲ့ဒါတွေကိုငါအဆင့်ခွဲထားပြီးသား။ ဘယ်အချိန်မှာဘာလုပ်ရမယ်ဆိုတာကအစ planချပြီးသားနော် မင်းကငါတို့ခိုင်းတဲ့အတိုင်းလုပ်ရုံပဲ"

လင်းထက်ပိုင်ကအမှန်အကန်အစီအစဥ်ဆွဲသူတစ်ယောက်၏မာန်ဖြင့် ပြောနေလေရာ ညီသုတကလည်းသဘောကျလို့မဆုံးပေ။

"ဟုတ်ပြီလေ။ အရှုံးမရှိပါဘူး။  လုပ်ကြည့်တာပေါ့"

"အိုကေ ဒီလိုဆိုရင်ငါတို့ပထမဆုံးလုပ်ရမှာက...."

လင်းထက်ပိုင်ဟာဟိတ်ကြီးဟန်ကြီးထုတ်ကာပြောနေသည်ကိုပင် ညီသုတဟာအမြင်ကပ်ချိန်မရ။ ဆက်ပြောလာမည့်စကားကိုသာ အာရုံစိုက်၍နားထောင်နေသည်။

"အင်း ဘာလုပ်ရမှာလဲ"

"ပထမဆုံးလုပ်ရမှာကဘာလဲဆိုတာကို စွမ်းထက်ပြောလိမ့်မယ်"

ဟိတ်ကြီးဟန်ကြီးထုတ်လိုက်နိုင်သည့်အချိန်ဟာစက္ကန့်ပိုင်းမျှသာ။ အကြောင်းမှာ လင်းထက်ပိုင်သည်မနေ့ကရေးမှတ်ထားသောအကြောင်းအရာများကို မမှတ်မိတော့သောကြောင့်ပင်။ ထို့ကြောင့်ညီသုတ၏အဆဲကိုခံလိုက်ရသလို စွမ်းထက်ပိုင်၏နားရင်းအုပ်ခြင်းလည်းခံရသည်။

"ဒီလိုလေကွာ လူတစ်ယောက်နဲ့တစ်ယောက်အချစ်ရေးအရနီးစပ်ဖို့ဆိုတာ ရင်းနှီးဖို့လည်းလိုတယ်လေကွာ ဟုတ်တယ်မလား"

စွမ်းထက်ပိုင်ကပညာရှင်ဆန်ဆန် ဆန်းစစ်ပြနေလေရာ ညီသုတကလည်းမြန်မြန်ဆန်ဆန်ထောက်ခံလိုက်သည်။

"အင်း"

"အဲ့ဒီတော့သူနဲ့အရင်ရင်းနှီးအောင်လုပ်ရမယ်။ ဒါပေမယ့်တအားရင်းနှီးသွားလို့လည်းမဖြစ်ဘူး။ အကွာအဝေးတစ်ခုထားရမယ်"

"ဘာလို့လဲ"

"ဘာရမှာလဲကွ တအားရင်းနှီးသွားရင်Friend Zoneထဲ ဝင်သွားမှာပေါ့ အဲ့ဒီအခါကျမှဂွတီးဂွကျဖြစ်သွားလိမ့်မယ်"

"အင်း ဒါလည်းဟုတ်တာပဲ ဒါပေမယ့်ကွာငါသူ့ကိုအမျိုးမျိုးချဥ်းကပ်ကြည့်ပြီးပြီလေ။ ရင်းနှီးဖို့နေနေသာသာလှည့်တောင်မကြည့်တာမင်းတို့အသိပဲလေ"

ညီသုတကတစ်ချိန်လုံးကျရှုံးနေရသည့်အကြောင်းများကို မအီမသာပုံစံနှင့်ထုတ်ပြောပြန်သည်။ ထိုအခါ စွမ်းထက်ပိုင်ကလည်းခေါင်းတညိတ်ညိတ်လုပ်ရင်းဆက်ပြောသည်။

"အင်း သေချာတာပေါ့။ ရင်းနှီးဖို့ဆိုတာကလည်းပတ်ဝန်းကျင်အခြေအနေကောင်းဦးမှကွ။ မင်းတို့ကြားမှာပေါ့ပါးတဲ့လေထုလေးဖန်တီးနိုင်မှ တစ်ယောက်ကိုတစ်ယောက်အကောင်းမြင်နိုင်မှာပေါ့။ တင်းကြပ်နေတဲ့လေထုမျိုးမှာနှစ်ယောက်လုံးStressတွေပိနေတဲ့အခါ စကားလာပြောရင်တောင်ရိုက်သတ်ချင်စိတ်ပဲရှိနေမှာထုံးစံပဲလေ"

ညီသုတကကျိုးကြောင်းဆီလျော်လှသောစွမ်းထက်ပိုင်၏စကားများကိုအထူးတဆန်းဖြစ်မိသော်လည်း မထောက်ခံဘဲမနေနိုင်အောင်မှန်နေသည်ဟုလည်းတွေးမိပြန်သည်။ ထူးဆန်းသည်ဆိုတာကလည်း ထိုသို့ဆီလျော်လှသောအကြောင်းအရာများက တလွဲသာလုပ်တတ်လေ့ရှိသောအမြွှာနှစ်ယောက်နှင့် လားလားမျှမအပ်စပ်ပေ။

"ဒီတော့ငါတို့ကမင်းတို့နှစ်ယောက်ပဲရှိတဲ့အခြေအနေလေးတစ်ခုဖြစ်လာရင် မင်းတို့ကြားမှာလန်းလန်းဆန်းဆန်းလေထုလေးဖန်တီးပေးဖို့ သီချင်းတွေကိုသုံးမယ်"

"သီချင်း??"

"ဒါပေါ့။ လူတွေရဲ့စိတ်ကိုစိုးမိုးခြယ်လှယ်နိုင်စွမ်းရှိတာဂီတပဲ"

တစ်ချိန်လုံးငြိမ်နေသည့်လင်းထက်ပိုင်ကလည်း ထောက်ခံသလိုဝင်ပြောပြန်သည်။

ညီသုတမှာလည်းယောင်နနဖြင့်ခေါင်းညိတ်နေမိသည်။ ထိုအကြောင်းအရာများကမှန်ကန်သင့်သလောက်မှန်သော်လည်း အလွဲတစ်လိုင်းအမြွှာနှစ်ယောက်ကနေ့ချင်းညချင်း အချစ်ရေးကျွမ်းကျင်အတိုင်ပင်ခံများဖြစ်သွားကြသောကြောင့် စိတ်ထဲတွင်သိပ်မသင်္ကာပေ။

"ဟုတ်ပါပြီ။ ဒါပေမယ့်ဒါတွေကိုမင်းတို့ကဘယ်လိုသိလဲ။ ဘယ်ကရှာထားတာလဲ"

အရှိုက်ထိသွားသောအမြွှာနှစ်ယောက်သည် ညီသုတကိုဘုကြည့် ကြည့်လိုက်ကြပြီး လက်ညှိုးငေါက်ငေါက်ထိုးနေလေ၏။

"လျှာမရှည်နဲ့။ ငါတို့ပြောတာလက်ခံမခံဆိုတာပဲပြော"

"လက်ခံပါတယ် မင်းတို့စောက်တလွဲတွေမလုပ်ဘူးဆိုရင်ပေါ့"

"ဒီတစ်ခေါက်တော့ငါတို့ကိုစိတ်ချထားလိုက်"

ပြိုင်တူပြောလာသည့်အမြွှာနှစ်ယောက်၏စကားကြောင့် ညီသုတကပို၍စိတ်မချနိုင်ဖြစ်သွားရသည့်အကြောင်းကို ဘယ်သူ့အားဖွင့်ဟရပါ့မလဲလေ။ အမြွှာနှစ်ယောက်ဟာသူ့ကိုချောက်ချချင်သည့်အချိန်မျိုးတွင်သာ ဤကဲ့သို့ရှားရှားပါးပါးညီညွတ်နေတတ်သည်မလား။

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

A/N: စိတ်ပြေလက်ပျောက်ဖတ်ပြီးအပန်းဖြေနိုင်ကြပါစေ😗❤️

°°°°°°°°°°°°°°°°°°°°°°°°°°°°°
ZawGyi Version

ေက်ာင္းပိတ္ရက္တြင္ညီသုတဟာက်ဴ႐ွင္ခ်ိန္လည္းေစာေသးသည္ျဖစ္ရာ မနက္စာထြက္စားရင္း အႁမႊာႏွစ္ေယာက္၏အိမ္ဘက္သို႔ထြက္လာခဲ့သည္။ အႁမႊာႏွစ္ေယာက္၏အိမ္သည္ ခါတိုင္းထက္ပို၍တိတ္ဆိတ္ေနသည္ကို ျမင္ေသာအခါ ညီသုတလည္းအိမ္ထဲသို႔သတိထား၍ ဝင္လာေလသည္။

"လင္းထက္!! စြမ္းထက္!! "

ညီသုတ၏ေခၚသံကိုၾကားေသာအခါ မီးဖိုေခ်ာင္ထဲတြင္႐ွိေနေသာ အႁမႊာႏွစ္ေယာက္၏အေမကခ်က္ခ်င္းထြက္လာေလသည္။

"ေၾသာ္ သုတပါလား လာေလ"

အိမ္ထဲသို႔ေရာက္လာသည္အထိ ညီသုတမွာအႁမႊာႏွစ္ေယာက္၏အရိပ္အေယာင္ကိုမျမင္ေလေသာအခါ သူတို႔၏အေမကိုေမးလိုက္ရသည္။

"အန္တီ လင္းထက္တို႔ေရာ"

အႁမႊာႏွစ္ေယာက္၏အေမဟာညီသုတကိုအေ႐ွ႕ခန္း႐ွိထိုင္ခုံတြင္ထိုင္ေစ၍ သူ႕အတြက္မုန္႔တခ်ိဳ႕ခ်ေပးရင္း မေက်မနပ္ညည္းညဴေလေတာ့သည္။

"အမေလး သုတရယ္ ဒီေမ်ာက္ေလာင္းႏွစ္ေကာင္ကိုအန္တီလည္းမႏိုင္ေတာ့ဘူး မေန႔ညကသူတို႔ဖုန္းခိုးသုံးေနတာျမင္လို႔ ဆူမိတာကိုႏွစ္ေယာက္လုံးေဆာင့္ႀကီးေအာင့္ႀကီးနဲ႔ေျပာဆိုေနၾကတာ"

ညီသုတသည္အႁမႊာႏွစ္ေကာင္ျဖစ္ပ်က္ေနမည့္ပုံကို ေတြးရင္ ခပ္ဖြဖြျပဳံးလိုက္မိသည္။

"အန္တီတို႔ရန္ျဖစ္ထားၾကတာေပါ့"

"ေအးေပါ့ကြယ္ ဖုန္းကိုင္မယ့္အစားစာသာေၾကေအာင္လုပ္လို႔ေျပာလိုက္တာကိုစိတ္ဆိုးဆိုးနဲ႔ စာေၾကေအာင္လုပ္ျပမယ္ဆိုၿပီး ေခါင္းအုံးေအာက္ကိုစာအုပ္ေတြခုၿပီးအိပ္ေနၾကတယ္ေလ အခုထိမထၾကေသးဘူး"

ညီသုတလည္းအႁမႊာႏွစ္ေယာက္၏အေမကိုအားမနာႏိုင္ေတာ့ဘဲ ေအာ္ရယ္မိေလေတာ့သည္။ ညီသုတ၏သူငယ္ခ်င္းပီသပါေပ့။

ဤအတိုင္းသာဆိုလွ်င္ စာေၾကမေၾကေတာ့ညီသုတမသိ။ စာအုပ္ေတာ့ေၾကသြားမည္မွာအမွန္ပင္။

"သြား သြား သူတို႔အခန္းထဲမွာ႐ွိတယ္ သားကိုယ္တိုင္သာဝင္ႏိႈးလိုက္ေတာ့"

အႁမႊာႏွစ္ေယာက္၏အေမဟာညီသုတကိုထားခဲ့၍ မီးဖိုေခ်ာင္ထဲသို႔ျပန္ဝင္သြားေလသည္။ ညီသုတလည္း ရယ္ခ်င္ပက္က်ိျဖစ္ေနေသာ႐ုပ္ျဖင့္ အႁမႊာႏွစ္ေယာက္၏အခန္းဆီသို႔ခ်ီတက္လာခဲ့သည္။

အခန္းတံခါးေခါက္မေနေတာ့ဘဲဝင္သြားလိုက္ေလရာ ကုတင္တစ္ခုစီတြင္ ကို႔႐ို႕ကားယားႏွင့္အိပ္ေနၾကေသာညီအစ္ကိုႏွစ္ေယာက္ကို ထင္းထင္း႐ွင္း႐ွင္းျမင္လိုက္ရသည္။ သူတို႔၏ေခါင္းအုံးမ်ားေအာက္တြင္လည္း ဓာတုေဗဒစာအုပ္မ်ားကိုထိုးသိပ္၍ထည့္ထားေသးသည္။

နဂိုဗီဇကိုထိန္းခ်ဳပ္မရသည့္ညီသုတကလည္း အႁမႊာႏွစ္ေကာင္ကိုခ်က္ခ်င္းမႏိႈးေသးဘဲ အခန္းထဲသို႔အၾကည့္ေဝ့လိုက္သည္။

ညကအသီးထည့္ထားခဲ့ပုံရေသာစတီးဇလုံႏွစ္ခုဟာ စာၾကည့္စားပြဲေပၚတြင္တင္ထားသည္ကိုျမင္သြားေသာညီသုတသည္ ခပ္အုပ္အုပ္ရယ္ရင္း စတီးဇလုံႏွစ္ခုကိုတိတ္တိတ္သြားယူေလသည္။

ထို႔ေနာက္အႁမႊာႏွစ္ေယာက္၏အလယ္နားတြင္ရပ္၍ စတီးဇလုံႏွစ္ခုကိုအခ်င္းခ်င္းထု႐ိုက္၍ နားမခံသာေသာအသံမ်ားကိုဖန္တီးေလေတာ့သည္။ စူး႐ွ႐ွအသံက်ယ္မ်ားဟာ အခန္းထဲတြင္ပဲ့တင္ထပ္သြားေသာအခါ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနၾကေသာအႁမႊာႏွစ္ေယာက္ကလည္း အလန္႔တၾကားႏွင့္ႏိုးလာၾကသည္။

"ေခြးမႀကီးေျပးသြားၿပီ..."

ကေယာင္ကတမ္းေအာ္ဟစ္ရင္းအဆဲတစ္ပိုင္းျဖင့္ႏိုးလာသူကေတာ့ လင္းထက္ပိုင္ပင္။ စြမ္းထက္ပိုင္ကေတာ့ ေၾကာက္လန္႔တၾကားႏွင့္ အက်င့္ပါေနေသာခႏၶာကိုယ္ဟာ အသံလာရာဘက္ကို လက္သီးလက္ေမာင္းတန္းရင္းကန္လိုက္ေလရာ သူ၏ခႏၶာကိုယ္ကလည္း ကုတင္ေပၚမွဝုန္းခနဲျပဳတ္က်လာေလေတာ့သည္။

" အား!!! "

ကုတင္တိုင္ႏွင့္ေခါင္းဟာအားျပင္းျပင္းႏွင့္ေဆာင့္မိသြားသည္မို႔ ဖရဲသီးကြဲသံႏွင့္တူေသာအသံတစ္ခုဟာ က်ယ္ေလာင္စြာထြက္လာေလသည္။ ညီသုတကေတာ့ႏွစ္ေယာက္သားျဖစ္ပ်က္သြားပုံကိုၾကည့္ရင္း ေအာင္ပြဲခံသည့္အေနႏွင့္စတီးဇလုံမ်ားကို တေဒါင္ေဒါင္တဒင္ဒင္တီးခတ္ေနေသးသည္။

ယခုမွညီသုတကိုသတိထားမိသြားၾကေသာအႁမႊာႏွစ္ေယာက္မွာ ညီသုတကိုသူတို႔၏ေခါင္းအုံးမ်ားႏွင့္ပစ္ေပါက္ၾကေလသည္။ ပါးစပ္ကလည္း အယုတၱအနတၱမ်ားစုံေနေအာင္ဆဲေလေတာ့သည္။

"ဘယ္လိုလဲ စာေၾကၾကရဲ႕လား"

ႏွစ္ေယာက္လုံးဟာအိပ္ရာေပၚတြင္အိပ္ခ်င္မူးတူး႐ုပ္မ်ားျဖင့္ ဖင္ကုတ္လိုက္၊ေခါင္းကုတ္လိုက္ လုပ္ေနၾကသည္။ ညီသုတကိုအခုထိအစာမေၾကေသးဟန္ႏွင့္စိုက္ၾကည့္ေနၾကသည္။

"မင္းမ်က္ႏွာႀကီးေၾကမြသြားေအာင္ထုပစ္လိုက္မွာေနာ္ ေအးေဆးေန"

လင္းထက္ပိုင္ကအိပ္ရာထဲမွထလာၿပီးညီသုတကိုႀကိမ္းေမာင္းသည္။ ညီသုတ၏မ်က္ႏွာကေတာ့ ယခုထိျပဳံးစိစိ။

"ဘယ္ႏွနာရီ႐ွိၿပီလဲ"

စြမ္းထက္ပိုင္ကေဖာင္းမို႔ေနေသာမ်က္လုံးကိုပြတ္သပ္ေနရင္းျဖင့္ ေမးသည္။

"ခုနစ္နာရီထိုးၿပီ မနက္စာထြက္စားရေအာင္ က်ဴ႐ွင္လည္းသြားရဦးမယ္ေလ ျမန္ျမန္လုပ္ၾက"

ညီသုတကေလာေဆာ္ေလေတာ့အႁမႊာႏွစ္ေယာက္ကလည္း ျမန္ျမန္ဆန္ဆန္ျပင္ဆင္ရေတာ့သည္။ သူတို႔သုံးေယာက္စလုံးမနက္စာစားရန္တစ္လမ္းေက်ာ္႐ွိဆိုင္သို႔သြားၾကသည့္အခ်ိန္ဟာ ခုနစ္နာရီႏွင့္ငါးမိနစ္မွ်သာ႐ွိေသးသည္။

"အန္တီ ကြၽန္ေတာ္တို႔ကိုမုန္႔ဟင္းခါးတစ္ပြဲရယ္..."

ညီသုတကသူ႕အတြက္မွာၿပီးေနာက္ က်န္ႏွစ္ေယာက္ဆက္မွာႏိုုင္ရန္ စကားစပ်ိဳးေပးလိုက္သည္။

"ကြၽန္ေတာ္က မုန္႔တီသုပ္တစ္ပြဲ"

"ကြၽန္ေတာ္႕ကိုေတာ့ဆီခ်က္တစ္ပြဲလုပ္ေပးပါ"

"ဟုတ္ၿပီ ခဏေစာင့္ေနာ္ သားတို႔"

မွာစရာ႐ွိတာမွာၿပီးၿပီမို႔ ဖိုက္ဘာစားပြဲခုံေလးတစ္ခုတြင္ သုံးေယာက္သားဝိုင္းထိုင္ရင္း ေစာင့္ေနၾကသည္။

ယေန႔ရာသီဥတုဟာေနေရာင္ျပင္းျပင္းျဖာမက်ပါဘဲ အနည္းငယ္အုံ႔မိႈင္းေနေလသည္။ မနက္ခင္းေလျပည္ေအးေအးေလးကလည္း သူတို႔၏ခႏၶာကိုယ္မ်ားကိုပြတ္သပ္ကာကလူက်ီစယ္ေနေလ၏။ မိုး႐ြာမည့္အရိပ္အေယာင္လည္းမ႐ွိေပ။ ဤကဲ့သို႔ေသာရာသီဥတုမ်ိဳးသည္ လမ္းေလွ်ာက္ထြက္ရန္သင့္ေလ်ာ္လွေသာေၾကာင့္ ညီသုတတို႔သုံးေယာက္သားလည္း က်ဴ႐ွင္သို႔စက္ဘီးႏွင့္မဟုတ္ဘဲ လမ္းေလွ်ာက္၍သာသြားရန္သေဘာတူလိုက္ၾကသည္။

"စြမ္းထက္ မေန႔ကငါေပးတဲ့စာ႐ြက္ကိုဘယ္မွာသိမ္းထားလဲ"

လင္းထက္ပိုင္ကဆိုင္႐ွင္အေဒၚႀကီးလာခ်ေပးေသာမုန္႔တီပန္းကန္ကိုနယ္ေနရင္းမွ စြမ္းထက္ပိုင္ကိုေမးလိုက္သည္။

"ငါ့လြယ္အိတ္ထဲမွာ သိမ္းထားတယ္ေလ"

"အိုေခ ေသခ်ာသိမ္းထား ငါတို႔အစီအစဥ္စရေတာ့မွာ"

ညီသုတကသူ၏ေဘး႐ွိအႁမႊာႏွစ္ေယာက္အျပန္အလွန္ေျပာေနၾကေသာ စကားမ်ားကိုနားမလည္၍ ေၾကာင္အအျဖစ္ေနရသည္။ တၿပိဳင္တည္းမွာပင္ ဟာသဆန္သည္ဟုလည္းေတြးေနမိ၏။ အႁမႊာႏွစ္ေယာက္ဟာေပါ့တီးေပါ့ျပက္ေနတတ္သူမ်ားမဟုတ္ေသာ္လည္း ဤကဲ့သို႔တစ္စုံတစ္ခုကိုအႀကီးအက်ယ္အစီအစဥ္ဆြဲေနသေယာင္လုပ္ေနသည္မွာ ရယ္ခ်င္စဖြယ္ေကာင္းေနသည္။

"မင္းတို႔ႏွစ္ေယာက္ ဘာေတြၾကံစည္ေနၾကတာလဲ"

"မင္းကိုကာရန္႐ွင္းနဲ႔ေအာင္သြယ္ေပးဖို႔ေလ"

မုန္႔ဟင္းခါးေသာက္ေနသည့္ညီသုတ၏မ်က္လုံးမ်ားသည္ ထိုစကားေၾကာင့္အေရာင္တဖိတ္ဖိတ္ေတာက္ပသြားရသည္။ သူကိုယ္တိုင္ကလည္းကာရန္႐ွင္းႏွင့္နီးစပ္ေရး တို႔အေရးျဖစ္ေနေသာ္လည္း စာကိုအသည္းအသန္ႀကိဳးစားရမည့္ဆယ္တန္းလိုအခိုက္အတန္႔မ်ိဳးဟာ ထိုကိစၥကိုဦးစားေပးရန္အေျခအေနမေပး၍ ဆႏၵမ်ားကိုခဏၿမိဳသိပ္ထားရျခင္းသာ။

"ဘယ္လိုေအာင္သြယ္မွာလဲ"

"အဲ့ဒါေတြကိုငါအဆင့္ခြဲထားၿပီးသား။ ဘယ္အခ်ိန္မွာဘာလုပ္ရမယ္ဆိုတာကအစ planခ်ၿပီးသားေနာ္ မင္းကငါတို႔ခိုင္းတဲ့အတိုင္းလုပ္႐ုံပဲ"

လင္းထက္ပိုင္ကအမွန္အကန္အစီအစဥ္ဆြဲသူတစ္ေယာက္၏မာန္ျဖင့္ ေျပာေနေလရာ ညီသုတကလည္းသေဘာက်လို႔မဆုံးေပ။

"ဟုတ္ၿပီေလ။ အ႐ႈံးမ႐ွိပါဘူး။  လုပ္ၾကည့္တာေပါ့"

"အိုေက ဒီလိုဆိုရင္ငါတို႔ပထမဆုံးလုပ္ရမွာက...."

လင္းထက္ပိုင္ဟာဟိတ္ႀကီးဟန္ႀကီးထုတ္ကာေျပာေနသည္ကိုပင္ ညီသုတဟာအျမင္ကပ္ခ်ိန္မရ။ ဆက္ေျပာလာမည့္စကားကိုသာ အာ႐ုံစိုက္၍နားေထာင္ေနသည္။

"အင္း ဘာလုပ္ရမွာလဲ"

"ပထမဆုံးလုပ္ရမွာကဘာလဲဆိုတာကို စြမ္းထက္ေျပာလိမ့္မယ္"

ဟိတ္ႀကီးဟန္ႀကီးထုတ္လိုက္ႏိုင္သည့္အခ်ိန္ဟာစကၠန္႔ပိုင္းမွ်သာ။ အေၾကာင္းမွာ လင္းထက္ပိုင္သည္မေန႔ကေရးမွတ္ထားေသာအေၾကာင္းအရာမ်ားကို မမွတ္မိေတာ့ေသာေၾကာင့္ပင္။ ထို႔ေၾကာင့္ညီသုတ၏အဆဲကိုခံလိုက္ရသလို စြမ္းထက္ပိုင္၏နားရင္းအုပ္ျခင္းလည္းခံရသည္။

"ဒီလိုေလကြာ လူတစ္ေယာက္နဲ႔တစ္ေယာက္အခ်စ္ေရးအရနီးစပ္ဖို႔ဆိုတာ ရင္းႏွီးဖို႔လည္းလိုတယ္ေလကြာ ဟုတ္တယ္မလား"

စြမ္းထက္ပိုင္ကပညာ႐ွင္ဆန္ဆန္ ဆန္းစစ္ျပေနေလရာ ညီသုတကလည္းျမန္ျမန္ဆန္ဆန္ေထာက္ခံလိုက္သည္။

"အင္း"

"အဲ့ဒီေတာ့သူနဲ႔အရင္ရင္းႏွီးေအာင္လုပ္ရမယ္။ ဒါေပမယ့္တအားရင္းႏွီးသြားလို႔လည္းမျဖစ္ဘူး။ အကြာအေဝးတစ္ခုထားရမယ္"

"ဘာလို႔လဲ"

"ဘာရမွာလဲကြ တအားရင္းႏွီးသြားရင္Friend Zoneထဲ ဝင္သြားမွာေပါ့ အဲ့ဒီအခါက်မွဂြတီးဂြက်ျဖစ္သြားလိမ့္မယ္"

"အင္း ဒါလည္းဟုတ္တာပဲ ဒါေပမယ့္ကြာငါသူ႕ကိုအမ်ိဳးမ်ိဳးခ်ဥ္းကပ္ၾကည့္ၿပီးၿပီေလ။ ရင္းႏွီးဖို႔ေနေနသာသာလွည့္ေတာင္မၾကည့္တာမင္းတို႔အသိပဲေလ"

ညီသုတကတစ္ခ်ိန္လုံးက်႐ႈံးေနရသည့္အေၾကာင္းမ်ားကို မအီမသာပုံစံႏွင့္ထုတ္ေျပာျပန္သည္။ ထိုအခါ စြမ္းထက္ပိုင္ကလည္းေခါင္းတညိတ္ညိတ္လုပ္ရင္းဆက္ေျပာသည္။

"အင္း ေသခ်ာတာေပါ့။ ရင္းႏွီးဖို႔ဆိုတာကလည္းပတ္ဝန္းက်င္အေျခအေနေကာင္းဦးမွကြ။ မင္းတို႔ၾကားမွာေပါ့ပါးတဲ့ေလထုေလးဖန္တီးႏိုင္မွ တစ္ေယာက္ကိုတစ္ေယာက္အေကာင္းျမင္ႏိုင္မွာေပါ့။ တင္းၾကပ္ေနတဲ့ေလထုမ်ိဳးမွာႏွစ္ေယာက္လုံးStressေတြပိေနတဲ့အခါ စကားလာေျပာရင္ေတာင္႐ိုက္သတ္ခ်င္စိတ္ပဲ႐ွိေနမွာထုံးစံပဲေလ"

ညီသုတကက်ိဳးေၾကာင္းဆီေလ်ာ္လွေသာစြမ္းထက္ပိုင္၏စကားမ်ားကိုအထူးတဆန္းျဖစ္မိေသာ္လည္း မေထာက္ခံဘဲမေနႏိုင္ေအာင္မွန္ေနသည္ဟုလည္းေတြးမိျပန္သည္။ ထူးဆန္းသည္ဆိုတာကလည္း ထိုသို႔ဆီေလ်ာ္လွေသာအေၾကာင္းအရာမ်ားက တလြဲသာလုပ္တတ္ေလ့႐ွိေသာအႁမႊာႏွစ္ေယာက္ႏွင့္ လားလားမွ်မအပ္စပ္ေပ။

"ဒီေတာ့ငါတို႔ကမင္းတို႔ႏွစ္ေယာက္ပဲ႐ွိတဲ့အေျခအေနေလးတစ္ခုျဖစ္လာရင္ မင္းတို႔ၾကားမွာလန္းလန္းဆန္းဆန္းေလထုေလးဖန္တီးေပးဖို႔ သီခ်င္းေတြကိုသုံးမယ္"

"သီခ်င္း??"

"ဒါေပါ့။ လူေတြရဲ႕စိတ္ကိုစိုးမိုးျခယ္လွယ္ႏိုင္စြမ္း႐ွိတာဂီတပဲ"

တစ္ခ်ိန္လုံးၿငိမ္ေနသည့္လင္းထက္ပိုင္ကလည္း ေထာက္ခံသလိုဝင္ေျပာျပန္သည္။

ညီသုတမွာလည္းေယာင္နနျဖင့္ေခါင္းညိတ္ေနမိသည္။ ထိုအေၾကာင္းအရာမ်ားကမွန္ကန္သင့္သေလာက္မွန္ေသာ္လည္း အလြဲတစ္လိုင္းအႁမႊာႏွစ္ေယာက္ကေန႔ခ်င္းညခ်င္း အခ်စ္ေရးကြၽမ္းက်င္အတိုင္ပင္ခံမ်ားျဖစ္သြားၾကေသာေၾကာင့္ စိတ္ထဲတြင္သိပ္မသကၤာေပ။

"ဟုတ္ပါၿပီ။ ဒါေပမယ့္ဒါေတြကိုမင္းတို႔ကဘယ္လိုသိလဲ။ ဘယ္က႐ွာထားတာလဲ"

အ႐ိႈက္ထိသြားေသာအႁမႊာႏွစ္ေယာက္သည္ ညီသုတကိုဘုၾကည့္ ၾကည့္လိုက္ၾကၿပီး လက္ညိႇဳးေငါက္ေငါက္ထိုးေနေလ၏။

"လွ်ာမ႐ွည္နဲ႔။ ငါတို႔ေျပာတာလက္ခံမခံဆိုတာပဲေျပာ"

"လက္ခံပါတယ္ မင္းတို႔ေစာက္တလြဲေတြမလုပ္ဘူးဆိုရင္ေပါ့"

"ဒီတစ္ေခါက္ေတာ့ငါတို႔ကိုစိတ္ခ်ထားလိုက္"

ၿပိဳင္တူေျပာလာသည့္အႁမႊာႏွစ္ေယာက္၏စကားေၾကာင့္ ညီသုတကပို၍စိတ္မခ်ႏိုင္ျဖစ္သြားရသည့္အေၾကာင္းကို ဘယ္သူ႕အားဖြင့္ဟရပါ့မလဲေလ။ အႁမႊာႏွစ္ေယာက္ဟာသူ႕ကိုေခ်ာက္ခ်ခ်င္သည့္အခ်ိန္မ်ိဳးတြင္သာ ဤကဲ့သို႔႐ွား႐ွားပါးပါးညီၫြတ္ေနတတ္သည္မလား။

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

A/N: စိတ္ေျပလက္ေပ်ာက္ဖတ္ၿပီးအပန္းေျဖႏိုင္ၾကပါေစ😗❤️

°°°°°°°°°°°°°°°°°°°°°°°°°°°°°

Continue Reading

You'll Also Like

412K 15.6K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
6.3K 743 20
တစ်ဦးဆိုင်နာမ်လေးတစ်ခုရဲ့ fairy tale...
320K 14.7K 71
ဟင်္သာ အောက်ချင်းကို ပုံပမာထား ဒေစီပန်းလေးတွေရဲ့ သစ္စာစကားက တစ်သက် တစ်ယောက် အချစ် တစ်ဘဝတည်းတဲ့လား.... ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ခု❤️ Uni & Za...
436K 10.5K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."