(Unicode Version)
ရဲဌာနတစ်ခုတွင်-
ဒု-ရဲမှူးမင်းခန့်က လူပျောက်တိုင်ကြားထားတဲ့ စာရင်းတွေကို စစ်ဆေးရင်းနဲ့ ဆန်းဝင်းဆိုသူရဲ့နာမည်ကို တွေ့ရှိသွားလေသည်။
"ဒီလူက ဘိန်းမှောင်ခိုမှုနဲ့ သံသယရှိတဲ့သူမလား!?"
မင်းခန့်ရဲ့တပည့်ဉာဏ်ထက်က ပုံကို သေချာစွာ ကြည့်ပြီး အဖြေပြန်ပေးခဲ့သည်။
"ဟုတ်ပါတယ်...ဆရာ။ ဟိုတလောက သူ့ကို နောင်ချိုဘက်နားမှာ တွေ့လိုက်တယ်လို့ ကျွန်တော် သတင်းရထားသေးတယ်။"
"တိုင်ချက်ဖွင့်တဲ့သူက သူ့မိန်းမပဲ။ နောင်ချိုကနေ ပြန်အလာမှာ ပျောက်သွားတာလို့လည်း ပြောထားတယ်။"
"ကျွန်တော်တို့ သူ့ကို လိုက်ရှာနေတယ်ဆိုပြီး သတင်းရလို့ ပုန်းနေတာများလား!?"
"အထက်က ဖမ်းမိန့်တောင် မချရသေးတာ။ သူက သတင်းရသွားစရာ အကြောင်းမရှိပါဘူး။"
"ဒါဆို သူ ပျောက်သွားတာက ဘာကြောင့်ဖြစ်နိုင်မလဲ!?"
"ဘိန်းမှောင်ခိုလောကထဲမှာ အချင်းချင်း မကျေနပ်ကြတဲ့သူတွေအများကြီးရှိတော့ အဲ့အထဲကလူတွေနဲ့ ပြဿနာဖြစ်ပြီး အဖမ်းခံထားရတာ နေမှာပေါ့။"
"ဆရာပြောတာလည်း ဖြစ်နိုင်ပါတယ်။"
"သူ့ကိစ္စကို မင်း တာဝန်ယူလိုက်။ ပြီးရင် ငါ့ဆီကို အကျိုးအကြောင်း လာတင်ပြ။"
"ဟုတ်ကဲ့ပါ...ဆရာ။"
ဉာဏ်ထက်က ဖိုင်တွဲယူပြီး ထွက်သွားချိန်မှာ မင်းခန့်ရဲ့ဖုန်းသံ မြည်လာလေသည်။
"ဟယ်လို...အမိန့်ရှိပါ။"
"မင်းခန့်လား!?"
ထိုအသံကြောင့် မင်းခန့်က ဝမ်းသာအားရနဲ့ ပြန်ဖြေလိုက်သည်။
"ဟာ...သိင်္ဂါရ!!! မင်း ဘယ်တုန်းက မြန်မာပြည်ကို ပြန်ရောက်တာလဲ!?"
"နှစ်လလောက်တော့ ရှိပြီ။"
"မင်းကွာ...ငါ့ဆီကို ဘာလို့ စောစောစီးစီး မဆက်သွယ်တာလဲ!?"
"ငါလည်း အိမ်အပြောင်းအရွှေ့နဲ့ အလုပ်ရှုပ်နေလို့ပါ။"
"အိမ်အပြောင်းအရွှေ့..!? ဘာလို့လဲ!?"
"အသေးစိတ်ကို ငါတို့လူချင်းတွေ့မှပဲ ပြောပြတော့မယ်။"
"ဒါ မင်းရဲ့ဖုန်းနံပါတ်အသစ်လား!?"
"ဟုတ်တယ်။ မင်းရဲ့ဖုန်းနံပါတ်ကိုလည်း ငါ့မှာ မနည်းလိုက်ရှာထားရတာ။"
"အခု ဘယ်သူ့ဆီကနေ သိလာတာလဲ!?"
"ကောင်းမြတ်ဆီကနေ မေးထားတာ။"
"သူနဲ့ရော မင်း တွေ့ပြီးပြီလား!?"
"ငါ ဘယ်သူနဲ့မှ မတွေ့ရသေးဘူး။"
"မင်းရဲ့လိပ်စာ ငါ့ကို ပေးလေ။ ငါ လာလည်ပေးရမှာပေါ့။"
သိင်္ဂါရ ပြောပြတဲ့ အိမ်လိပ်စာကို မင်းခန့်က သေချာလိုက်မှတ်ထားခဲ့သည်။
"ရပြီ...သူငယ်ချင်း။ ငါ ညနေကျရင် မင်းဆီကို လာခဲ့မယ်။"
"ငါ့ဆီ မလာခင် မင်းမိန်းမကို ဖုန်းကြိုဆက်ထားဦး။ အလုပ်ကအပြန် အိမ်ကို တန်းမလာလို့ဆိုပြီး အဆူခံနေရဦးမယ်။"
"ငါက မယကမှ မဟုတ်တာ။"
"အဲ့စကားကို မှတ်ထား။ ကဲ...ငါ ဖုန်းချလိုက်တော့မယ်။ ညနေကျမှ တွေ့ကြတာပေါ့။"
"အေး...အေး။ ငါ လာခဲ့မယ်။"
သိင်္ဂါရနဲ့ ဖုန်းပြောပြီးချိန်မှာ မင်းခန့်က ငယ်သူငယ်ချင်းကို ပြန်တွေ့ရတော့မှာမို့ ပျော်ရွှင်နေမိတော့သည်။
ညနေ(၆)နာရီခန့်တွင်-
"သိင်္ဂါရ!!!"
သိင်္ဂါရက ခေါ်သံကြောင့် ဆေးခန်းအပေါက်ဝဆီသို့ လှမ်းကြည့်မိပြီး ယူနီဖောင်ဝတ်ဆင်ထားတဲ့ မင်းခန့်ကို တွေ့သွားလေသည်။
"ရောက်လာပြီလား!?"
မင်းခန့်က သိင်္ဂါရနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ပြုံးရွှင်စွာဖြင့် ဝင်ထိုင်ခဲ့သည်။
"မင်းရဲ့ဆေးခန်းက မိုက်လှချည်လား!?"
"ငါ့စိတ်တိုင်းကျ ပြင်ဆင်ထားတာလေ။"
အခန်းပတ်လည်ကို သေချာစွာကြည့်ရှုနေတဲ့ မင်းခန့်ကြောင့် သိင်္ဂါရလည်း ပြုံးလိုက်မိသည်။
"ငါ့သူငယ်ချင်းက ယူနီဖောင်းနဲ့ တော်တော်လိုက်တာပဲ။"
"ဌာနကနေအပြန် ဒီကို ဝင်လာရတော့ အဝတ်အစား မလဲဖြစ်ခဲ့တာ။"
"ခဏလေး...ငါ မင်းအတွက် ကော်ဖီဖျော်ပေးမယ်။"
အနောက်ဘက်အခန်းသို့ ဝင်သွားပြီး ကော်ဖီဖျော်ပေးနေတဲ့ သိင်္ဂါရကို မင်းခန့်က စောင့်ရင်းနဲ့ ဆေးခန်းထဲမှာ လှည့်ပတ်ကြည့်လိုက်သည်။ ခဏအကြာမှာ သိင်္ဂါရ ပြန်ထွက်လာပြီး သူတို့နှစ်ဦးလည်း စကားစမြည်ပြောဖြစ်ခဲ့ကြသည်။
"မင်း ဒီနေရာကို ဘာလို့ ပြောင်းလာရလဲဆိုတာ ပြောပြစမ်းပါဦး။"
သိင်္ဂါရက တစ်စုံတစ်ခုကို အလေးအနက်တွေးနေဟန်ဖြင့် ခဏတာငြိမ်သက်ပြီးမှ ဖြေပေးခဲ့လေသည်။
"ပြောပြရမှာတော့ နည်းနည်းရှည်တယ်။"
"အိမ်နဲ့ ပြဿနာဖြစ်လာလို့လား!?"
"အဲ့လိုပါပဲ။ ငါတို့မိသားစုအကြောင်းကို မင်းလည်း သိပါတယ်။ ဖေဖေနဲ့အစ်ကိုက မေမေ့ကိစ္စဖြစ်ပြီးကတည်းက ငါ့အပေါ် အမြင်သိပ်မကြည်ကြတော့ဘူး။ ငါကလည်း စိတ်ပညာပိုင်းကို အထူးပြုယူလိုက်တော့ အခြေအနေက ပိုဆိုးသွားတယ်။"
"အခုကရော ဘာကိစ္စကြောင့်လဲ!?"
"ငါနဲ့ စေ့စပ်ထားတဲ့သူကို မင်း သိတယ်မလား!?"
"ဪ...ဟိုသူဌေးသမီးမလား!?"
"ဟုတ်တယ်။ ကလျာ့ကို ပြောတာ။ ငါတို့ရဲ့စေ့စပ်ပွဲ ပျက်သွားပြီ။"
"ဘာဖြစ်လို့လဲ!?"
"အဲဒါကလည်း ငါ့အမှားကြောင့်ပါပဲ။ ငါက တခြားသူအပေါ်ကို စိတ်ယိုင်မိသွားလို့။"
ထိုစကားကြောင့် မင်းခန့်က မယုံကြည်နိုင်သလို ဖြစ်သွားတော့သည်။ သူ သိထားတဲ့ သိင်္ဂါရက အရာရာကို ချင့်ချိန်တတ်ပြီး မိဘစကားဆိုရင် မြေဝယ်မကျ နားထောင်တတ်သူပင်။ သည်လိုလူမျိုးကို စိတ်ယိုင်သွားစေလောက်တဲ့အထိ ဘယ်သူက ဆွဲဆောင်လိုက်သလဲဆိုတာကိုလည်း သိချင်လာမိသည်။
"အဲဒီလူက ဘယ်သူလဲ!?"
"သူ့နာမည်က Theoတဲ့။"
"ဟမ်!!! ဒါ...ဒါက ယောက်ျားလေးနာမည်မလား!?"
သိင်္ဂါရက ခေါင်းညိတ်ပြပြီး တည်ငြိမ်စွာဖြင့် ကော်ဖီကို တစ်ငုံမျှ သောက်လိုက်လေသည်။ ထို့နောက် မင်းခန့်ရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီး တိကျပြတ်သားတဲ့အသံနဲ့ ပြောခဲ့သည်။
"ငါက ယောက်ျားလေးတစ်ယောက်ကို ချစ်မိသွားတာ။"
လိင်တူချင်း ချစ်ကြိုက်မှုကို ကြားဖူးနားဝရှိထားပေမယ့်လည်း ယခုလိုမျိုး အရင်းနှီးဆုံးသူငယ်ချင်းဆီက ဝန်ခံချက်ကို ကြားရချိန်မှာ မင်းခန့် အလွန်အမင်း အံ့အားသင့်သွားတော့သည်။
"ဘယ်လိုဖြစ်တာလဲ!?"
"ဘာကြောင့်လဲဆိုတာကို ငါလည်း မသိဘူး။ ဒါပေမဲ့ သူနဲ့ အတူရှိနေရင် ငါ အထီးကျန်တယ်လို့ မခံစားရတော့ဘဲ ပျော်လာတယ်။ ငါ့ကို တန်ဖိုးထားတဲ့သူတစ်ယောက် ရှိလာတဲ့ ခံစားချက်က ဘာနဲ့မှ မလဲနိုင်သလိုပဲ။"
သိင်္ဂါရက ဆယ်ကျော်သက်အရွယ်ကတည်းက မိဘမေတ္တာနဲ့ ကင်းကွာခဲ့ရမှန်း မင်းခန့်လည်း သိထားပြီးသားပင်။ သို့ပေမဲ့ လူအများစုရဲ့အပြစ်တင်မှုကြားမှာ သိင်္ဂါရကို မမြင်တွေ့ရက်တာမို့ ဖျောင်းဖျကြည့်လိုက်သည်။
"မင်းရဲ့ဘဝက အထီးကျန်နေခဲ့ရတော့ ကိုယ့်အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့သူကို စိတ်ယိုင်သွားတာ နေမှာပေါ့။ သေချာသိရအောင်လို့ ပြန်ဆန်းစစ်ကြည့်ပါဦးလား!?"
သိင်္ဂါရက ပြုံးလျက်သာ ခေါင်းကို တွင်တွင်ခါခဲ့သည်။
"ဘေးလူဖြစ်တဲ့ မင်းတောင် ဒီလောက်ထိဖြစ်နေမှတော့ ငါကရော လွယ်လွယ်နဲ့ လက်ခံပေးလိုက်မယ်လို့ ထင်နေတာလား!? မဟုတ်ဘူး...မင်းခန့်။ သူနဲ့ အတူရှိနေတဲ့ကာလတစ်လျှောက်လုံး ငါ့ကိုယ်ငါ မေးခွန်းမျိုးစုံမေးပြီး အဖြေထုတ်နေခဲ့တာ။ ဒီခံစားချက်က အချစ်မှ ဟုတ်ရဲ့လားလို့ သံသယဝင်ပြီး သူ့ကို ငါ လက်ခံမပေးခဲ့ပါဘူး။"
သိင်္ဂါရက ခေတ္တရပ်နားပြီးမှ ဆက်ပြောပြခဲ့လေသည်။
"တစ်ယောက်တည်းနေရတာကို ကျင့်သားရနေတဲ့ ငါက သူ မရှိတော့ရင်ဆိုတဲ့ အတွေးနဲ့တင် ရင်ထဲမှာ ပူလောင်လာတယ်။ ဒီအချစ်က ငါ့ကို စဉ်းစားဆင်ခြင်ဉာဏ် ကင်းမဲ့သွားတဲ့အထိ ရူးသွပ်စေနိုင်ခဲ့တာပါ။"
မင်းခန့်အနေနဲ့ ထိုကိစ္စကို လက်မခံချင်ပေမယ့် သိင်္ဂါရရဲ့ပြတ်သားမှုကြောင့် အားပေးစကားကိုသာ ဆိုလိုက်ရတော့သည်။
"မင်း ဘယ်လမ်းကိုပဲ ရွေးရွေးပါ။ ငါက မင်းဘက်ကနေ အားပေးပါ့မယ်။"
"ကျေးဇူးပါပဲ။"
"ဒါနဲ့ အိမ်ပြောင်းတဲ့ ကိစ္စကရော!?"
"ကလျာကနေတစ်ဆင့် ငါ့အကြောင်းတွေကို ဖေဖေက သိသွားတယ်။ အဲဒါကို စိတ်ဆိုးပြီး အိမ်ပေါ်က နှင်ချလိုက်တာ။"
"ကိုယ့်သားသမီးပဲ...အဲ့လောက်ထိ လုပ်ဖို့ မလိုပါဘူး။"
"ဖေဖေက မေမေ့ကိစ္စဖြစ်ကတည်းက ငါ့ကို အမြင်မှ မကြည်တော့တာ။ ဒါပေမဲ့ အမွေကိုတော့ ခွဲပေးလိုက်ပါတယ်။"
"အမွေက ဆယ်ပုံပုံရင် နှစ်ပုံလောက်ပဲ ခွဲပေးတာမလား!? မင်းအစ်ကိုကတော့ အကြိုက်တွေ့နေလောက်ပြီ။"
"အစ်ကိုက ငါ့အတွက် အမွေခွဲဖို့ တိုက်တွန်းပေးခဲ့တဲ့သူပါ။ သူလည်း ငါ့အပေါ်မှာ ကောင်းရှာပါတယ်။"
"ဘာကို ကောင်းရမှာလဲ!? ငါကတော့ သူ့ကို ကြည့်လို့မရဘူး။ ကျောင်းတက်ကတည်းက မင်းအပေါ် အနိုင်ကျင့်လွန်းတယ်။"
"ဒါကလည်း မေမေ့ကိစ္စကြောင့်ပါပဲ။ အရင်တုန်းကဆို ငါ့အပေါ် အရမ်းကောင်းခဲ့တာကို မင်းလည်း သိရဲ့သားနဲ့။"
သည်တစ်ခါမှာ မင်းခန့်လည်း ချေပပြောဆိုနိုင်ခြင်း မရှိတော့ပေ။ ဒေါ်အိမ်စည်ရဲ့ကိစ္စမတိုင်မီ ထိုညီအစ်ကိုနှစ်ဦးရဲ့ဆက်ဆံရေးက သူကိုယ်တိုင် မျက်မြင်ပဲမို့ နှုတ်ဆိတ်သွားခဲ့လေသည်။ ထိုအချိန်မှာ နောက်ကျောဘက်ဆီက ခြေသံတစ်စုံကို ကြားလိုက်ရပြီး မင်းခန့် လှည့်ကြည့်မိတော့သည်။ မြင်တွေ့လိုက်ရသည်က တည်ကြည်ခံ့ညားပြီး အရပ်အမောင်းကောင်းသူတစ်ဦး ဆေးခန်းထဲသို့ စမတ်ကျကျ လျှောက်လှမ်းလာသည့် မြင်ကွင်းပင်။
"ရောက်လာပြီလား!? ဒါ ငါ့သူငယ်ချင်းလေ။ နာမည်က မင်းခန့်တဲ့။"
ထိုလူက သိင်္ဂါရကို ပြုံးရွှင်စွာ ကြည့်ပြီး မင်းခန့်ဘက်သို့ လှည့်ကာ နှုတ်ဆက်စကားပြောလိုက်လေသည်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က Theoပါ။"
သိင်္ဂါရ ပြောပြထားတဲ့ နာမည်ဖြစ်နေတာမို့ မင်းခန့်လည်း အံ့အားသင့်ပြီး ပြန်နှုတ်ဆက်ခဲ့ရသည်။
"တွေ့ရတာ ဝမ်းသာပါတယ်။"
Theoက မင်းခန့်ရဲ့နံဘေးရှိ ခုံမှာ ဝင်ထိုင်ပြီး သိင်္ဂါရကို မေးလိုက်သည်။
"ဆေးခန်းက မပိတ်သေးဘူးလား!?"
"သူငယ်ချင်းနဲ့ စကားကောင်းနေလို့ မသိမ်းဖြစ်သေးတာ။"
"ကိုယ် သိမ်းပေးမယ်။"
"နေပါစေ။ ပြီးမှ ငါ့ဘာသာငါ သိမ်းလိုက်ပါ့မယ်။"
"ဧည့်သည်ကို အပေါ်ထပ်ခေါ်သွားပြီးတော့ အေးအေးဆေးဆေး စကားပြောပါလား!? ကိုယ်က ဒီမှာ သိမ်းပေးပြီးမှ တက်လာခဲ့မယ်။"
မင်းခန့်က ငြိမ်သက်စွာ အကဲခတ်ကြည့်နေရင်းနဲ့ သူတို့နှစ်ဦးရဲ့ရင်းနှီးမှုအတိမ်အနက်ကို သိရှိသွားလေသည်။ ယောက်ျားလေးချင်း ချစ်ကြိုက်နေကြပေမယ့် လိုက်ဖက်ညီမှုဆိုတာက သူတို့နှစ်ဦးကြားမှာ တည်ရှိနေသလိုပင်။
"မင်းခန့်...ငါ့အိမ်ခန်းကို လိုက်ပြမယ်။ လာ... အပေါ်ကို လိုက်ခဲ့။"
မင်းခန့်လည်း သိင်္ဂါရ ခေါ်ဆောင်ရာနောက်ကို လိုက်ပါလာခဲ့သည်။ ထိုအိမ်ခန်းလေးက သပ်သပ်ရပ်ရပ်နဲ့ နေချင့်စဖွယ်ပုံစံမျိုး ပြင်ဆင်ထားပြီး ဝင်လိုက်တာနဲ့ လူကို အေးမြသွားစေနိုင်သည်။
"ဒီမှာ ထိုင်လို့ရတယ်။"
သိင်္ဂါရ ညွှန်ပြတဲ့ ဆိုဖာပေါ်မှာ မင်းခန့်က ဝင်ထိုင်လိုက်တော့သည်။
"မင်းတို့လင်မယားက ကလေးမယူသေးဘူးလား!?"
"မယူဖြစ်သေးဘူး။ နောက်တစ်နှစ်လောက်မှ ယူမယ်လို့ စဉ်းစားထားတာ။"
"မင်းမိန်းမနဲ့ တူရင်တော့ ကလေးက ချောမှာပဲ။"
"ငါနဲ့တူရင် ရုပ်ဆိုးလိမ့်မယ်လို့ ပြောချင်တာလား!?"
"ဆိုပါတော့..."
"Theoကို ဒီလောက်ကြည့်ကောင်းမယ်မှန်း ငါ မထင်ထားခဲ့ဘူး။ မင်းတို့က ဘယ်မှာ စတွေ့ဖြစ်ကြတာလဲ!?"
"လန်ဒန်မှာ တွေ့တာ။ ငါက သူ့ကို မြန်မာမှန်း မသိဘဲနဲ့ အလိမ်ခံလိုက်ရသေးတယ်။"
"မင်းက ပတ်ဝန်းကျင်လေ့လာမှုအားနည်းတဲ့သူလေ။ အလိမ်ခံရမှာပေါ့။"
"ဟုတ်ပါတယ်။ ငါကိုက ညံ့ခဲ့တာ။"
"ဒါပေမဲ့ သူက မင်းကို တော်တော်လေးဂရုစိုက်တဲ့ပုံပဲ။"
မင်းခန့်ရဲ့ကောက်ချက်ချမှုကြောင့် သိင်္ဂါရက ပြုံးလိုက်သည်။
"ကောက်ချက်ချတာ မစောလွန်းဘူးလား!?"
"အပြင်ပန်းအကဲဖြတ်မှုအရ ပြောတာပါ။"
"သူက ငါ့အပေါ် တကယ်ကောင်းပါတယ်။ ငါ့မိသားစုဆီက ဆုံးရှုံးသွားသမျှ ဂရုစိုက်မှုတွေကို သူက ပြန်ဖြည့်ပေးခဲ့တာ။"
"ဒါနဲ့ မင်းအမေကရော...ဟိုအိမ်မှာပဲလား!?"
"ဟုတ်တယ်။ နေ့လယ်ခင်းတွေဆို ငါ သွားကြည့်ပေးရတာ။"
"ရောဂါက မသက်သာသေးဘူးလား!?"
"ငါလည်း ကြိုးစားနေတာပဲ။ ဝါရင့်ဆရာဝန်ကြီးတွေနဲ့လည်း ပြကြည့်သေးတယ်။ ဒါပေမဲ့ အခြေအနေက တိုးတက်မလာဘူး။"
သူတို့နှစ်ဦး ခဏကြာအောင် စကားပြောပြီးချိန်မှာ Theoက အပေါ်ထပ်သို့ ရောက်ရှိလာလေသည်။
"ပင်ပန်းသွားပြီလား!?"
သိင်္ဂါရရဲ့မေးခွန်းကို Theoက အပြုံးမပျက်ဖြေပေးခဲ့သည်။
"ဒါကို ပင်ပန်းတယ်လို့ ဘယ်ခေါ်ပါ့မလဲ!?"
Theoက သိင်္ဂါရရဲ့နံဘေးမှာ ဝင်ထိုင်ပြီး မင်းခန့်ကို စကားစပြောလိုက်သည်။
"အစ်ကိုက ဘယ်စခန်းမှာ တာဝန်ကျတာလဲ!?"
"အစ်ကိုက ____စခန်းကလေ။"
"ဪ...ရဲဝန်ထမ်းဘဝက တော်တော်ပင်ပန်းမှာပဲ။"
"ဝါသနာအရဆိုတော့လည်း ပင်ပန်းလားဆိုတာတောင် သတိမထားမိပါဘူး။"
"အမှုလိုက်ရတာမျိုးကို ကျွန်တော်လည်း သဘောကျတယ်။ ဒါပေမဲ့ စာအုပ်တွေထဲမှာပဲ ဖတ်ဖူးတာ။"
"မင်းက အစ်ကိုတို့ထက် ငယ်တာလား!?"
"ဟုတ်ကဲ့။ သုံးနှစ်ငယ်ပါတယ်။"
"ဪ...သိင်္ဂါရကို ကိုယ်နဲ့မင်းဆိုပြီး သုံးနေလို့ ရွယ်တူထင်နေတာ။"
"သူ့ကို အစ်ကိုခေါ်ရင် နည်းနည်းစိမ်းသလို ခံစားရလို့ပါ။"
"ဒါနဲ့ ညီလေးက ဘာအလုပ်လုပ်တာလဲ!?"
"သူငယ်ချင်းတစ်ယောက်ရဲ့ကုမ္ပဏီမှာ အလုပ်ဝင်ထားတာပါ။ PAသဘောမျိုးပေါ့။"
"📱...📱...📱"
ရုတ်တရက် မြည်လာတဲ့ ဖုန်းသံကြောင့် Theoက စကားပြောခြင်းကို ခေတ္တရပ်နားပြီး နောက်ဖေးဘက်သို့ ဖုန်းပြောရန် ထွက်လာခဲ့သည်။
"ဟယ်လို..."
"Theo...ငါ မင်းကို Videoတစ်ခု ပို့ပေးထားတယ်။ အမြန်ကြည့်လိုက်ဦး။"
ခဏအကြာမှာ စိုင်းရသဦးဆီက Videoတစ်ခု ရောက်ရှိလာပြီး Theoလည်း ဖွင့်ကြည့်လိုက်မိတော့သည်။ ထိုVideoထဲမှာ လင်္ကာမျိုးက ဒေါ်အိမ်စည်ဆီ ရောက်လာပြီး ဆေးတိုက်နေတာကို တွေ့ရှိရသည်။ ထူးခြားသည်က သိင်္ဂါရ ပေးတဲ့ဆေးကို တိုက်ရမယ့်အစား သူ့အိတ်ကပ်ထဲမှာ ထည့်ယူလာတဲ့ဆေးကို တိုက်နေခြင်းပင်။
"Theo..."
သိင်္ဂါရရဲ့ခေါ်သံကြောင့် Theoက ကြည့်လက်စVideoကို အမြန်ပိတ်ပြီး ဘာမှမဖြစ်သလို ပုံစံမျိုးနဲ့ ဖြေလိုက်ရလေသည်။
"ဘာကိစ္စရှိလို့လဲ!?"
သိင်္ဂါရကလည်း Theoရဲ့လက်ထဲက ဖုန်းကို မသင်္ကာသလို ကြည့်လာခဲ့သည်။
"ဘယ်က ဖုန်းလာတာလဲ!?"
"ရသက မနက်ဖြန် အလုပ်ရှိတယ်လို့ လှမ်းပြောတာ။"
"မင်းခန့်က အိမ်ပြန်ရတော့မယ်တဲ့။ သူ့ကို လာနှုတ်ဆက်လိုက်ပါဦး။"
Theoက သိင်္ဂါရရဲ့စကားအတိုင်း မင်းခန့်ကို ထွက်နှုတ်ဆက်ပြီးနောက် အခန်းထဲမှာ သူတို့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။ Theoက လင်္ကာမျိုးရဲ့အကောက်ကြံမှုထဲသို့ ကျရောက်နေတဲ့ ဒေါ်အိမ်စည်အကြောင်း သိင်္ဂါရကို ပြောမထွက်နိုင်ဘဲ တနုံ့နုံ့ဖြစ်နေမိသည်။
"Theo...မျက်နှာလည်း မကောင်းပါလား!? ဘာဖြစ်နေတာလဲ!?"
Theoရဲ့မျက်နှာရိပ်မျက်နှာကဲကို အမြဲတမ်းအကဲခတ်နေတတ်တဲ့ သိင်္ဂါရကြောင့် စကားအသွားအလာနဲ့ ပတ်သက်ပြီး သတိထားခဲ့ရပြန်သည်။
"ဘာမှမဖြစ်ပါဘူး။ အလုပ်အတွက် လိုအပ်တာတွေကို စဉ်းစားကြည့်နေတာ။"
"ဒီနေ့ည ဒီမှာ ညအိပ်သွားမှာလား!?"
ဆန်းဝင်းဆီ မသွားခင် လာတွေ့ရုံမျှသာ ကြံရွယ်ထားခဲ့ပေမယ့် စောစောက Videoကြောင့် သိင်္ဂါရရဲ့နံဘေးကနေ ထွက်မသွားရက်သလို ဖြစ်နေတာ အမှန်ပင်။
"ဟုတ်တယ်။ ဒီမှာ ညအိပ်မလို့။"
"ဒါဆို ရေချိုးပြီး စောစောနားလိုက်။"
Theoက သိင်္ဂါရ မရိပ်မိအောင် ဟန်မပျက်နေရင်းနဲ့ ရေချိုးခန်းထဲသို့ ဝင်လာရတော့သည်။ စိတ်ထဲမှာလည်း လင်္ကာမျိုးကို ဘယ်လိုတားဆီးရမလဲဆိုတာကိုသာ တရစပ်တွေးနေမိသည်။ ခဏအကြာ Theo ရေချိုးခန်းထဲကနေ ပြန်ထွက်လာချိန်မှာ သိင်္ဂါရက အိပ်ရာကို ပြင်ဆင်ပေးပြီး ထိုင်စောင့်နေခဲ့လေသည်။
"ခေါင်းလျှော်လိုက်တာလား!?"
"အင်း...ခေါင်းနည်းနည်းရှုပ်နေလို့။"
"ဒီကို လာခဲ့...ငါ ရေသုတ်ပေးမယ်။"
Theoက သိင်္ဂါရရဲ့ခြေထောက်နားမှာ ထိုင်ချပြီး ရေသုတ်ဖို့ အဆင်ပြေအောင် မေးစေ့ကို သိင်္ဂါရရဲ့ပေါင်ပေါ်သို့ တင်ပေးထားလိုက်တော့သည်။
"စိတ်ညစ်စရာရှိရင် ငါ့ကို ပြောပြလေ။"
ဦးခေါင်းကို ရေသုတ်ပေးနေရင်းနဲ့ မေးလာတဲ့ သိင်္ဂါရကို Theo အဖြေပြန်မပေးနိုင်ခဲ့ပေ။
"သိင်္ဂါရ..."
"ပြောလေ..."
"မင်းအမေကို ဒီမှာ ခေါ်ထားလိုက်ပါလား!?"
ထိုစကားကြောင့် သိင်္ဂါရရဲ့လက်တွေက တုံ့ဆိုင်းသွားလေသည်။
"ငါလည်း ခေါ်ထားချင်ပါတယ်။ ဒါပေမဲ့ ငါ ဆေးခန်းထိုင်နေလို့ရှိရင် မေမေ့ကို ဘယ်သူမှ ကြည့်မပေးနိုင်ဘူးလေ။ ပြီးတော့ အခန်းက ကျဉ်းပြီး လေကောင်းလေသန့်လည်း မရနိုင်ဘူး။"
"ကိုယ် မင်းအတွက် အခုထက်ကျယ်တဲ့အိမ် ဝယ်ပေးပါ့မယ်။ နာ့စ်တစ်ယောက်လည်း ဌားပေးထားမယ်။ အန်တီ့အတွက် စိတ်မပူရတော့ဘူးပေါ့။"
Theoပြောတဲ့ကိစ္စကို သိင်္ဂါရ အလေးအနက်ထားပြီး စဉ်းစားကြည့်လိုက်မိသည်။
"မင်း ဝယ်ပေးစရာမလိုပါဘူး။ ဒါပေမဲ့ မင်းဆီကနေ အကူအညီတောင်းစရာရှိတယ်။"
"ဘာလဲ!?"
"လေကောင်းလေသန့်ရမယ့် အနေတော်အိမ်လေးတစ်လုံးလောက် ရှာကြည့်ပေးပါ။ ငါက အသိမိတ်ဆွေ သိပ်မရှိတော့ ရှာရခက်လို့။"
"စိတ်ချ...ကိုယ် အမြန်ဆုံးရှာထားပေးမယ်။"
"ငါလည်း ဖေဖေ့ဆီကနေ ခွင့်ပြုချက်ယူရဦးမယ်။"
Theoက သိင်္ဂါရရဲ့လက်လေးကို ဆုပ်ကိုင်ပြီး အားပေးစကားပြောခဲ့သည်။
"ဘာတွေပဲ ဖြစ်လာပါစေ...မင်းမှာ ကိုယ် ရှိတယ်ဆိုတာကို မမေ့လိုက်နဲ့။"
Theoရဲ့အားပေးစကားက သိင်္ဂါရအတွက် နွေးထွေးမှုပေးနိုင်တာ အမှန်ပင်။ ကိုယ့်မိခင်အတွက်ပါ စေတနာထားပေးနိုင်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားရတာမို့ စိတ်ထဲ ကြည်နူးလာပြီး Theoရဲ့နဖူးလေးကို သိင်္ဂါရ ငုံ့နမ်းလိုက်တော့သည်။
"ငါ့အမေကို ဂရုတစိုက်ရှိလို့ ကျေးဇူးတင်ပါတယ်။"
Theoကလည်း သိင်္ဂါရရဲ့မျက်နှာလေးကို မြတ်နိုးစွာ မော့ကြည့်ပြီး ပြောခဲ့လေသည်။
"မင်းရဲ့ပျော်ရွှင်မှုက ကိုယ့်ပျော်ရွှင်မှုပါပဲ။"
လင်္ကာမျိုးရဲ့ယုတ်မာမှုတွေက ဘယ်အချိန်ကတည်းက စတင်နေခဲ့မှန်း Theo မသိရပေမယ့် တတ်နိုင်သလောက် ကြိုးစားကယ်တင်ပေးဖို့အတွက် ဆုံးဖြတ်ထားလိုက်သည်။ ဒေါ်အိမ်စည်သာ တစ်ခုခုဖြစ်သွားခဲ့ရင် စိတ်ထိခိုက်ရမယ့်သူက သိင်္ဂါရပင် ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးကိုလည်း Theo လုံးဝမလိုလားပေ။ Theoရဲ့ရည်ရွယ်ချက်က သိင်္ဂါရရဲ့မျက်နှာပြင်ပေါ်မှာ အပြုံးလှလှလေးတွေကို အမြဲဖန်တီးပေးနိုင်သူ ဖြစ်ဖို့ပင်။
*ဒီနေ့ အရမ်းအိပ်ချင်နေလို့ စာလေးတွေကို မနက်ဖြန်ကျမှ Replyပြန်ပေးပါ့မယ်နော်။
#Śûè
***************
(Zawgyi Version)
ရဲဌာနတစ္ခုတြင္-
ဒု-ရဲမႉးမင္းခန္႔က လူေပ်ာက္တိုင္ၾကားထားတဲ့ စာရင္းေတြကို စစ္ေဆးရင္းနဲ႔ ဆန္းဝင္းဆိုသူရဲ႕နာမည္ကို ေတြ႕႐ွိသြားေလသည္။
"ဒီလူက ဘိန္းေမွာင္ခိုမႈနဲ႔ သံသယ႐ွိတဲ့သူမလား!?"
မင္းခန္႔ရဲ႕တပည့္ဉာဏ္ထက္က ပုံကို ေသခ်ာစြာ ၾကည့္ၿပီး အေျဖျပန္ေပးခဲ့သည္။
"ဟုတ္ပါတယ္...ဆရာ။ ဟိုတေလာက သူ႕ကို ေနာင္ခ်ိဳဘက္နားမွာ ေတြ႕လိုက္တယ္လို႔ ကြၽန္ေတာ္ သတင္းရထားေသးတယ္။"
"တိုင္ခ်က္ဖြင့္တဲ့သူက သူ႕မိန္းမပဲ။ ေနာင္ခ်ိဳကေန ျပန္အလာမွာ ေပ်ာက္သြားတာလို႔လည္း ေျပာထားတယ္။"
"ကြၽန္ေတာ္တို႔ သူ႕ကို လိုက္႐ွာေနတယ္ဆိုၿပီး သတင္းရလို႔ ပုန္းေနတာမ်ားလား!?"
"အထက္က ဖမ္းမိန္႔ေတာင္ မခ်ရေသးတာ။ သူက သတင္းရသြားစရာ အေၾကာင္းမ႐ွိပါဘူး။"
"ဒါဆို သူ ေပ်ာက္သြားတာက ဘာေၾကာင့္ျဖစ္ႏိုင္မလဲ!?"
"ဘိန္းေမွာင္ခိုေလာကထဲမွာ အခ်င္းခ်င္း မေက်နပ္ၾကတဲ့သူေတြအမ်ားႀကီး႐ွိေတာ့ အဲ့အထဲကလူေတြနဲ႔ ျပႆနာျဖစ္ၿပီး အဖမ္းခံထားရတာ ေနမွာေပါ့။"
"ဆရာေျပာတာလည္း ျဖစ္ႏိုင္ပါတယ္။"
"သူ႕ကိစၥကို မင္း တာဝန္ယူလိုက္။ ၿပီးရင္ ငါ့ဆီကို အက်ိဳးအေၾကာင္း လာတင္ျပ။"
"ဟုတ္ကဲ့ပါ...ဆရာ။"
ဉာဏ္ထက္က ဖိုင္တြဲယူၿပီး ထြက္သြားခ်ိန္မွာ မင္းခန္႔ရဲ႕ဖုန္းသံ ျမည္လာေလသည္။
"ဟယ္လို...အမိန္႔႐ွိပါ။"
"မင္းခန္႔လား!?"
ထိုအသံေၾကာင့္ မင္းခန္႔က ဝမ္းသာအားရနဲ႔ ျပန္ေျဖလိုက္သည္။
"ဟာ...သိဂၤါရ!!! မင္း ဘယ္တုန္းက ျမန္မာျပည္ကို ျပန္ေရာက္တာလဲ!?"
"ႏွစ္လေလာက္ေတာ့ ႐ွိၿပီ။"
"မင္းကြာ...ငါ့ဆီကို ဘာလို႔ ေစာေစာစီးစီး မဆက္သြယ္တာလဲ!?"
"ငါလည္း အိမ္အေျပာင္းအေ႐ႊ႕နဲ႔ အလုပ္႐ႈပ္ေနလို႔ပါ။"
"အိမ္အေျပာင္းအေ႐ႊ႕..!? ဘာလို႔လဲ!?"
"အေသးစိတ္ကို ငါတို႔လူခ်င္းေတြ႕မွပဲ ေျပာျပေတာ့မယ္။"
"ဒါ မင္းရဲ႕ဖုန္းနံပါတ္အသစ္လား!?"
"ဟုတ္တယ္။ မင္းရဲ႕ဖုန္းနံပါတ္ကိုလည္း ငါ့မွာ မနည္းလိုက္႐ွာထားရတာ။"
"အခု ဘယ္သူ႕ဆီကေန သိလာတာလဲ!?"
"ေကာင္းျမတ္ဆီကေန ေမးထားတာ။"
"သူနဲ႔ေရာ မင္း ေတြ႕ၿပီးၿပီလား!?"
"ငါ ဘယ္သူနဲ႔မွ မေတြ႕ရေသးဘူး။"
"မင္းရဲ႕လိပ္စာ ငါ့ကို ေပးေလ။ ငါ လာလည္ေပးရမွာေပါ့။"
သိဂၤါရ ေျပာျပတဲ့ အိမ္လိပ္စာကို မင္းခန္႔က ေသခ်ာလိုက္မွတ္ထားခဲ့သည္။
"ရၿပီ...သူငယ္ခ်င္း။ ငါ ညေနက်ရင္ မင္းဆီကို လာခဲ့မယ္။"
"ငါ့ဆီ မလာခင္ မင္းမိန္းမကို ဖုန္းႀကိဳဆက္ထားဦး။ အလုပ္ကအျပန္ အိမ္ကို တန္းမလာလို႔ဆိုၿပီး အဆူခံေနရဦးမယ္။"
"ငါက မယကမွ မဟုတ္တာ။"
"အဲ့စကားကို မွတ္ထား။ ကဲ...ငါ ဖုန္းခ်လိုက္ေတာ့မယ္။ ညေနက်မွ ေတြ႕ၾကတာေပါ့။"
"ေအး...ေအး။ ငါ လာခဲ့မယ္။"
သိဂၤါရနဲ႔ ဖုန္းေျပာၿပီးခ်ိန္မွာ မင္းခန္႔က ငယ္သူငယ္ခ်င္းကို ျပန္ေတြ႕ရေတာ့မွာမို႔ ေပ်ာ္႐ႊင္ေနမိေတာ့သည္။
ညေန(၆)နာရီခန္႔တြင္-
"သိဂၤါရ!!!"
သိဂၤါရက ေခၚသံေၾကာင့္ ေဆးခန္းအေပါက္ဝဆီသို႔ လွမ္းၾကည့္မိၿပီး ယူနီေဖာင္ဝတ္ဆင္ထားတဲ့ မင္းခန္႔ကို ေတြ႕သြားေလသည္။
"ေရာက္လာၿပီလား!?"
မင္းခန္႔က သိဂၤါရနဲ႔ မ်က္ႏွာခ်င္းဆိုင္ခုံမွာ ျပဳံး႐ႊင္စြာျဖင့္ ဝင္ထိုင္ခဲ့သည္။
"မင္းရဲ႕ေဆးခန္းက မိုက္လွခ်ည္လား!?"
"ငါ့စိတ္တိုင္းက် ျပင္ဆင္ထားတာေလ။"
အခန္းပတ္လည္ကို ေသခ်ာစြာၾကည့္႐ႈေနတဲ့ မင္းခန္႔ေၾကာင့္ သိဂၤါရလည္း ျပဳံးလိုက္မိသည္။
"ငါ့သူငယ္ခ်င္းက ယူနီေဖာင္းနဲ႔ ေတာ္ေတာ္လိုက္တာပဲ။"
"ဌာနကေနအျပန္ ဒီကို ဝင္လာရေတာ့ အဝတ္အစား မလဲျဖစ္ခဲ့တာ။"
"ခဏေလး...ငါ မင္းအတြက္ ေကာ္ဖီေဖ်ာ္ေပးမယ္။"
အေနာက္ဘက္အခန္းသို႔ ဝင္သြားၿပီး ေကာ္ဖီေဖ်ာ္ေပးေနတဲ့ သိဂၤါရကို မင္းခန္႔က ေစာင့္ရင္းနဲ႔ ေဆးခန္းထဲမွာ လွည့္ပတ္ၾကည့္လိုက္သည္။ ခဏအၾကာမွာ သိဂၤါရ ျပန္ထြက္လာၿပီး သူတို႔ႏွစ္ဦးလည္း စကားစျမည္ေျပာျဖစ္ခဲ့ၾကသည္။
"မင္း ဒီေနရာကို ဘာလို႔ ေျပာင္းလာရလဲဆိုတာ ေျပာျပစမ္းပါဦး။"
သိဂၤါရက တစ္စုံတစ္ခုကို အေလးအနက္ေတြးေနဟန္ျဖင့္ ခဏတာၿငိမ္သက္ၿပီးမွ ေျဖေပးခဲ့ေလသည္။
"ေျပာျပရမွာေတာ့ နည္းနည္း႐ွည္တယ္။"
"အိမ္နဲ႔ ျပႆနာျဖစ္လာလို႔လား!?"
"အဲ့လိုပါပဲ။ ငါတို႔မိသားစုအေၾကာင္းကို မင္းလည္း သိပါတယ္။ ေဖေဖနဲ႔အစ္ကိုက ေမေမ့ကိစၥျဖစ္ၿပီးကတည္းက ငါ့အေပၚ အျမင္သိပ္မၾကည္ၾကေတာ့ဘူး။ ငါကလည္း စိတ္ပညာပိုင္းကို အထူးျပဳယူလိုက္ေတာ့ အေျခအေနက ပိုဆိုးသြားတယ္။"
"အခုကေရာ ဘာကိစၥေၾကာင့္လဲ!?"
"ငါနဲ႔ ေစ့စပ္ထားတဲ့သူကို မင္း သိတယ္မလား!?"
"ဪ...ဟိုသူေဌးသမီးမလား!?"
"ဟုတ္တယ္။ ကလ်ာ့ကို ေျပာတာ။ ငါတို႔ရဲ႕ေစ့စပ္ပြဲ ပ်က္သြားၿပီ။"
"ဘာျဖစ္လို႔လဲ!?"
"အဲဒါကလည္း ငါ့အမွားေၾကာင့္ပါပဲ။ ငါက တျခားသူအေပၚကို စိတ္ယိုင္မိသြားလို႔။"
ထိုစကားေၾကာင့္ မင္းခန္႔က မယုံၾကည္ႏိုင္သလို ျဖစ္သြားေတာ့သည္။ သူ သိထားတဲ့ သိဂၤါရက အရာရာကို ခ်င့္ခ်ိန္တတ္ၿပီး မိဘစကားဆိုရင္ ေျမဝယ္မက် နားေထာင္တတ္သူပင္။ သည္လိုလူမ်ိဳးကို စိတ္ယိုင္သြားေစေလာက္တဲ့အထိ ဘယ္သူက ဆြဲေဆာင္လိုက္သလဲဆိုတာကိုလည္း သိခ်င္လာမိသည္။
"အဲဒီလူက ဘယ္သူလဲ!?"
"သူ႕နာမည္က Theoတဲ့။"
"ဟမ္!!! ဒါ...ဒါက ေယာက်္ားေလးနာမည္မလား!?"
သိဂၤါရက ေခါင္းညိတ္ျပၿပီး တည္ၿငိမ္စြာျဖင့္ ေကာ္ဖီကို တစ္ငုံမွ် ေသာက္လိုက္ေလသည္။ ထို႔ေနာက္ မင္းခန္႔ရဲ႕မ်က္ႏွာကို ေစ့ေစ့ၾကည့္ၿပီး တိက်ျပတ္သားတဲ့အသံနဲ႔ ေျပာခဲ့သည္။
"ငါက ေယာက်္ားေလးတစ္ေယာက္ကို ခ်စ္မိသြားတာ။"
လိင္တူခ်င္း ခ်စ္ႀကိဳက္မႈကို ၾကားဖူးနားဝ႐ွိထားေပမယ့္လည္း ယခုလိုမ်ိဳး အရင္းႏွီးဆုံးသူငယ္ခ်င္းဆီက ဝန္ခံခ်က္ကို ၾကားရခ်ိန္မွာ မင္းခန္႔ အလြန္အမင္း အံ့အားသင့္သြားေတာ့သည္။
"ဘယ္လိုျဖစ္တာလဲ!?"
"ဘာေၾကာင့္လဲဆိုတာကို ငါလည္း မသိဘူး။ ဒါေပမဲ့ သူနဲ႔ အတူ႐ွိေနရင္ ငါ အထီးက်န္တယ္လို႔ မခံစားရေတာ့ဘဲ ေပ်ာ္လာတယ္။ ငါ့ကို တန္ဖိုးထားတဲ့သူတစ္ေယာက္ ႐ွိလာတဲ့ ခံစားခ်က္က ဘာနဲ႔မွ မလဲႏိုင္သလိုပဲ။"
သိဂၤါရက ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက မိဘေမတၱာနဲ႔ ကင္းကြာခဲ့ရမွန္း မင္းခန္႔လည္း သိထားၿပီးသားပင္။ သို႔ေပမဲ့ လူအမ်ားစုရဲ႕အျပစ္တင္မႈၾကားမွာ သိဂၤါရကို မျမင္ေတြ႕ရက္တာမို႔ ေဖ်ာင္းဖ်ၾကည့္လိုက္သည္။
"မင္းရဲ႕ဘဝက အထီးက်န္ေနခဲ့ရေတာ့ ကိုယ့္အေပၚ ေကာင္းေကာင္းမြန္မြန္ဆက္ဆံတဲ့သူကို စိတ္ယိုင္သြားတာ ေနမွာေပါ့။ ေသခ်ာသိရေအာင္လို႔ ျပန္ဆန္းစစ္ၾကည့္ပါဦးလား!?"
သိဂၤါရက ျပဳံးလ်က္သာ ေခါင္းကို တြင္တြင္ခါခဲ့သည္။
"ေဘးလူျဖစ္တဲ့ မင္းေတာင္ ဒီေလာက္ထိျဖစ္ေနမွေတာ့ ငါကေရာ လြယ္လြယ္နဲ႔ လက္ခံေပးလိုက္မယ္လို႔ ထင္ေနတာလား!? မဟုတ္ဘူး...မင္းခန္႔။ သူနဲ႔ အတူ႐ွိေနတဲ့ကာလတစ္ေလွ်ာက္လုံး ငါ့ကိုယ္ငါ ေမးခြန္းမ်ိဳးစုံေမးၿပီး အေျဖထုတ္ေနခဲ့တာ။ ဒီခံစားခ်က္က အခ်စ္မွ ဟုတ္ရဲ႕လားလို႔ သံသယဝင္ၿပီး သူ႕ကို ငါ လက္ခံမေပးခဲ့ပါဘူး။"
သိဂၤါရက ေခတၱရပ္နားၿပီးမွ ဆက္ေျပာျပခဲ့ေလသည္။
"တစ္ေယာက္တည္းေနရတာကို က်င့္သားရေနတဲ့ ငါက သူ မ႐ွိေတာ့ရင္ဆိုတဲ့ အေတြးနဲ႔တင္ ရင္ထဲမွာ ပူေလာင္လာတယ္။ ဒီအခ်စ္က ငါ့ကို စဥ္းစားဆင္ျခင္ဉာဏ္ ကင္းမဲ့သြားတဲ့အထိ ႐ူးသြပ္ေစႏိုင္ခဲ့တာပါ။"
မင္းခန္႔အေနနဲ႔ ထိုကိစၥကို လက္မခံခ်င္ေပမယ့္ သိဂၤါရရဲ႕ျပတ္သားမႈေၾကာင့္ အားေပးစကားကိုသာ ဆိုလိုက္ရေတာ့သည္။
"မင္း ဘယ္လမ္းကိုပဲ ေ႐ြးေ႐ြးပါ။ ငါက မင္းဘက္ကေန အားေပးပါ့မယ္။"
"ေက်းဇူးပါပဲ။"
"ဒါနဲ႔ အိမ္ေျပာင္းတဲ့ ကိစၥကေရာ!?"
"ကလ်ာကေနတစ္ဆင့္ ငါ့အေၾကာင္းေတြကို ေဖေဖက သိသြားတယ္။ အဲဒါကို စိတ္ဆိုးၿပီး အိမ္ေပၚက ႏွင္ခ်လိုက္တာ။"
"ကိုယ့္သားသမီးပဲ...အဲ့ေလာက္ထိ လုပ္ဖို႔ မလိုပါဘူး။"
"ေဖေဖက ေမေမ့ကိစၥျဖစ္ကတည္းက ငါ့ကို အျမင္မွ မၾကည္ေတာ့တာ။ ဒါေပမဲ့ အေမြကိုေတာ့ ခြဲေပးလိုက္ပါတယ္။"
"အေမြက ဆယ္ပုံပုံရင္ ႏွစ္ပုံေလာက္ပဲ ခြဲေပးတာမလား!? မင္းအစ္ကိုကေတာ့ အႀကိဳက္ေတြ႕ေနေလာက္ၿပီ။"
"အစ္ကိုက ငါ့အတြက္ အေမြခြဲဖို႔ တိုက္တြန္းေပးခဲ့တဲ့သူပါ။ သူလည္း ငါ့အေပၚမွာ ေကာင္း႐ွာပါတယ္။"
"ဘာကို ေကာင္းရမွာလဲ!? ငါကေတာ့ သူ႕ကို ၾကည့္လို႔မရဘူး။ ေက်ာင္းတက္ကတည္းက မင္းအေပၚ အႏိုင္က်င့္လြန္းတယ္။"
"ဒါကလည္း ေမေမ့ကိစၥေၾကာင့္ပါပဲ။ အရင္တုန္းကဆို ငါ့အေပၚ အရမ္းေကာင္းခဲ့တာကို မင္းလည္း သိရဲ႕သားနဲ႔။"
သည္တစ္ခါမွာ မင္းခန္႔လည္း ေခ်ပေျပာဆိုႏိုင္ျခင္း မ႐ွိေတာ့ေပ။ ေဒၚအိမ္စည္ရဲ႕ကိစၥမတိုင္မီ ထိုညီအစ္ကိုႏွစ္ဦးရဲ႕ဆက္ဆံေရးက သူကိုယ္တိုင္ မ်က္ျမင္ပဲမို႔ ႏႈတ္ဆိတ္သြားခဲ့ေလသည္။ ထိုအခ်ိန္မွာ ေနာက္ေက်ာဘက္ဆီက ေျခသံတစ္စုံကို ၾကားလိုက္ရၿပီး မင္းခန္႔ လွည့္ၾကည့္မိေတာ့သည္။ ျမင္ေတြ႕လိုက္ရသည္က တည္ၾကည္ခံ့ညားၿပီး အရပ္အေမာင္းေကာင္းသူတစ္ဦး ေဆးခန္းထဲသို႔ စမတ္က်က် ေလွ်ာက္လွမ္းလာသည့္ ျမင္ကြင္းပင္။
"ေရာက္လာၿပီလား!? ဒါ ငါ့သူငယ္ခ်င္းေလ။ နာမည္က မင္းခန္႔တဲ့။"
ထိုလူက သိဂၤါရကို ျပဳံး႐ႊင္စြာ ၾကည့္ၿပီး မင္းခန္႔ဘက္သို႔ လွည့္ကာ ႏႈတ္ဆက္စကားေျပာလိုက္ေလသည္။
"ေတြ႕ရတာ ဝမ္းသာပါတယ္။ ကြၽန္ေတာ္က Theoပါ။"
သိဂၤါရ ေျပာျပထားတဲ့ နာမည္ျဖစ္ေနတာမို႔ မင္းခန္႔လည္း အံ့အားသင့္ၿပီး ျပန္ႏႈတ္ဆက္ခဲ့ရသည္။
"ေတြ႕ရတာ ဝမ္းသာပါတယ္။"
Theoက မင္းခန္႔ရဲ႕နံေဘး႐ွိ ခုံမွာ ဝင္ထိုင္ၿပီး သိဂၤါရကို ေမးလိုက္သည္။
"ေဆးခန္းက မပိတ္ေသးဘူးလား!?"
"သူငယ္ခ်င္းနဲ႔ စကားေကာင္းေနလို႔ မသိမ္းျဖစ္ေသးတာ။"
"ကိုယ္ သိမ္းေပးမယ္။"
"ေနပါေစ။ ၿပီးမွ ငါ့ဘာသာငါ သိမ္းလိုက္ပါ့မယ္။"
"ဧည့္သည္ကို အေပၚထပ္ေခၚသြားၿပီးေတာ့ ေအးေအးေဆးေဆး စကားေျပာပါလား!? ကိုယ္က ဒီမွာ သိမ္းေပးၿပီးမွ တက္လာခဲ့မယ္။"
မင္းခန္႔က ၿငိမ္သက္စြာ အကဲခတ္ၾကည့္ေနရင္းနဲ႔ သူတို႔ႏွစ္ဦးရဲ႕ရင္းႏွီးမႈအတိမ္အနက္ကို သိ႐ွိသြားေလသည္။ ေယာက်္ားေလးခ်င္း ခ်စ္ႀကိဳက္ေနၾကေပမယ့္ လိုက္ဖက္ညီမႈဆိုတာက သူတို႔ႏွစ္ဦးၾကားမွာ တည္႐ွိေနသလိုပင္။
"မင္းခန္႔...ငါ့အိမ္ခန္းကို လိုက္ျပမယ္။ လာ... အေပၚကို လိုက္ခဲ့။"
မင္းခန္႔လည္း သိဂၤါရ ေခၚေဆာင္ရာေနာက္ကို လိုက္ပါလာခဲ့သည္။ ထိုအိမ္ခန္းေလးက သပ္သပ္ရပ္ရပ္နဲ႔ ေနခ်င့္စဖြယ္ပုံစံမ်ိဳး ျပင္ဆင္ထားၿပီး ဝင္လိုက္တာနဲ႔ လူကို ေအးျမသြားေစႏိုင္သည္။
"ဒီမွာ ထိုင္လို႔ရတယ္။"
သိဂၤါရ ၫႊန္ျပတဲ့ ဆိုဖာေပၚမွာ မင္းခန္႔က ဝင္ထိုင္လိုက္ေတာ့သည္။
"မင္းတို႔လင္မယားက ကေလးမယူေသးဘူးလား!?"
"မယူျဖစ္ေသးဘူး။ ေနာက္တစ္ႏွစ္ေလာက္မွ ယူမယ္လို႔ စဥ္းစားထားတာ။"
"မင္းမိန္းမနဲ႔ တူရင္ေတာ့ ကေလးက ေခ်ာမွာပဲ။"
"ငါနဲ႔တူရင္ ႐ုပ္ဆိုးလိမ့္မယ္လို႔ ေျပာခ်င္တာလား!?"
"ဆိုပါေတာ့..."
"Theoကို ဒီေလာက္ၾကည့္ေကာင္းမယ္မွန္း ငါ မထင္ထားခဲ့ဘူး။ မင္းတို႔က ဘယ္မွာ စေတြ႕ျဖစ္ၾကတာလဲ!?"
"လန္ဒန္မွာ ေတြ႕တာ။ ငါက သူ႕ကို ျမန္မာမွန္း မသိဘဲနဲ႔ အလိမ္ခံလိုက္ရေသးတယ္။"
"မင္းက ပတ္ဝန္းက်င္ေလ့လာမႈအားနည္းတဲ့သူေလ။ အလိမ္ခံရမွာေပါ့။"
"ဟုတ္ပါတယ္။ ငါကိုက ညံ့ခဲ့တာ။"
"ဒါေပမဲ့ သူက မင္းကို ေတာ္ေတာ္ေလးဂ႐ုစိုက္တဲ့ပုံပဲ။"
မင္းခန္႔ရဲ႕ေကာက္ခ်က္ခ်မႈေၾကာင့္ သိဂၤါရက ျပဳံးလိုက္သည္။
"ေကာက္ခ်က္ခ်တာ မေစာလြန္းဘူးလား!?"
"အျပင္ပန္းအကဲျဖတ္မႈအရ ေျပာတာပါ။"
"သူက ငါ့အေပၚ တကယ္ေကာင္းပါတယ္။ ငါ့မိသားစုဆီက ဆုံး႐ႈံးသြားသမွ် ဂ႐ုစိုက္မႈေတြကို သူက ျပန္ျဖည့္ေပးခဲ့တာ။"
"ဒါနဲ႔ မင္းအေမကေရာ...ဟိုအိမ္မွာပဲလား!?"
"ဟုတ္တယ္။ ေန႔လယ္ခင္းေတြဆို ငါ သြားၾကည့္ေပးရတာ။"
"ေရာဂါက မသက္သာေသးဘူးလား!?"
"ငါလည္း ႀကိဳးစားေနတာပဲ။ ဝါရင့္ဆရာဝန္ႀကီးေတြနဲ႔လည္း ျပၾကည့္ေသးတယ္။ ဒါေပမဲ့ အေျခအေနက တိုးတက္မလာဘူး။"
သူတို႔ႏွစ္ဦး ခဏၾကာေအာင္ စကားေျပာၿပီးခ်ိန္မွာ Theoက အေပၚထပ္သို႔ ေရာက္႐ွိလာေလသည္။
"ပင္ပန္းသြားၿပီလား!?"
သိဂၤါရရဲ႕ေမးခြန္းကို Theoက အျပဳံးမပ်က္ေျဖေပးခဲ့သည္။
"ဒါကို ပင္ပန္းတယ္လို႔ ဘယ္ေခၚပါ့မလဲ!?"
Theoက သိဂၤါရရဲ႕နံေဘးမွာ ဝင္ထိုင္ၿပီး မင္းခန္႔ကို စကားစေျပာလိုက္သည္။
"အစ္ကိုက ဘယ္စခန္းမွာ တာဝန္က်တာလဲ!?"
"အစ္ကိုက ____စခန္းကေလ။"
"ဪ...ရဲဝန္ထမ္းဘဝက ေတာ္ေတာ္ပင္ပန္းမွာပဲ။"
"ဝါသနာအရဆိုေတာ့လည္း ပင္ပန္းလားဆိုတာေတာင္ သတိမထားမိပါဘူး။"
"အမႈလိုက္ရတာမ်ိဳးကို ကြၽန္ေတာ္လည္း သေဘာက်တယ္။ ဒါေပမဲ့ စာအုပ္ေတြထဲမွာပဲ ဖတ္ဖူးတာ။"
"မင္းက အစ္ကိုတို႔ထက္ ငယ္တာလား!?"
"ဟုတ္ကဲ့။ သုံးႏွစ္ငယ္ပါတယ္။"
"ဪ...သိဂၤါရကို ကိုယ္နဲ႔မင္းဆိုၿပီး သုံးေနလို႔ ႐ြယ္တူထင္ေနတာ။"
"သူ႕ကို အစ္ကိုေခၚရင္ နည္းနည္းစိမ္းသလို ခံစားရလို႔ပါ။"
"ဒါနဲ႔ ညီေလးက ဘာအလုပ္လုပ္တာလဲ!?"
"သူငယ္ခ်င္းတစ္ေယာက္ရဲ႕ကုမၸဏီမွာ အလုပ္ဝင္ထားတာပါ။ PAသေဘာမ်ိဳးေပါ့။"
"📱...📱...📱"
႐ုတ္တရက္ ျမည္လာတဲ့ ဖုန္းသံေၾကာင့္ Theoက စကားေျပာျခင္းကို ေခတၱရပ္နားၿပီး ေနာက္ေဖးဘက္သို႔ ဖုန္းေျပာရန္ ထြက္လာခဲ့သည္။
"ဟယ္လို..."
"Theo...ငါ မင္းကို Videoတစ္ခု ပို႔ေပးထားတယ္။ အျမန္ၾကည့္လိုက္ဦး။"
ခဏအၾကာမွာ စိုင္းရသဦးဆီက Videoတစ္ခု ေရာက္႐ွိလာၿပီး Theoလည္း ဖြင့္ၾကည့္လိုက္မိေတာ့သည္။ ထိုVideoထဲမွာ လကၤာမ်ိဳးက ေဒၚအိမ္စည္ဆီ ေရာက္လာၿပီး ေဆးတိုက္ေနတာကို ေတြ႕႐ွိရသည္။ ထူးျခားသည္က သိဂၤါရ ေပးတဲ့ေဆးကို တိုက္ရမယ့္အစား သူ႕အိတ္ကပ္ထဲမွာ ထည့္ယူလာတဲ့ေဆးကို တိုက္ေနျခင္းပင္။
"Theo..."
သိဂၤါရရဲ႕ေခၚသံေၾကာင့္ Theoက ၾကည့္လက္စVideoကို အျမန္ပိတ္ၿပီး ဘာမွမျဖစ္သလို ပုံစံမ်ိဳးနဲ႔ ေျဖလိုက္ရေလသည္။
"ဘာကိစၥ႐ွိလို႔လဲ!?"
သိဂၤါရကလည္း Theoရဲ႕လက္ထဲက ဖုန္းကို မသကၤာသလို ၾကည့္လာခဲ့သည္။
"ဘယ္က ဖုန္းလာတာလဲ!?"
"ရသက မနက္ျဖန္ အလုပ္႐ွိတယ္လို႔ လွမ္းေျပာတာ။"
"မင္းခန္႔က အိမ္ျပန္ရေတာ့မယ္တဲ့။ သူ႕ကို လာႏႈတ္ဆက္လိုက္ပါဦး။"
Theoက သိဂၤါရရဲ႕စကားအတိုင္း မင္းခန္႔ကို ထြက္ႏႈတ္ဆက္ၿပီးေနာက္ အခန္းထဲမွာ သူတို႔ႏွစ္ဦးတည္းသာ က်န္ရစ္ခဲ့ေတာ့သည္။ Theoက လကၤာမ်ိဳးရဲ႕အေကာက္ၾကံမႈထဲသို႔ က်ေရာက္ေနတဲ့ ေဒၚအိမ္စည္အေၾကာင္း သိဂၤါရကို ေျပာမထြက္ႏိုင္ဘဲ တႏုံ႔ႏုံ႔ျဖစ္ေနမိသည္။
"Theo...မ်က္ႏွာလည္း မေကာင္းပါလား!? ဘာျဖစ္ေနတာလဲ!?"
Theoရဲ႕မ်က္ႏွာရိပ္မ်က္ႏွာကဲကို အၿမဲတမ္းအကဲခတ္ေနတတ္တဲ့ သိဂၤါရေၾကာင့္ စကားအသြားအလာနဲ႔ ပတ္သက္ၿပီး သတိထားခဲ့ရျပန္သည္။
"ဘာမွမျဖစ္ပါဘူး။ အလုပ္အတြက္ လိုအပ္တာေတြကို စဥ္းစားၾကည့္ေနတာ။"
"ဒီေန႔ည ဒီမွာ ညအိပ္သြားမွာလား!?"
ဆန္းဝင္းဆီ မသြားခင္ လာေတြ႕႐ုံမွ်သာ ၾကံ႐ြယ္ထားခဲ့ေပမယ့္ ေစာေစာက Videoေၾကာင့္ သိဂၤါရရဲ႕နံေဘးကေန ထြက္မသြားရက္သလို ျဖစ္ေနတာ အမွန္ပင္။
"ဟုတ္တယ္။ ဒီမွာ ညအိပ္မလို႔။"
"ဒါဆို ေရခ်ိဳးၿပီး ေစာေစာနားလိုက္။"
Theoက သိဂၤါရ မရိပ္မိေအာင္ ဟန္မပ်က္ေနရင္းနဲ႔ ေရခ်ိဳးခန္းထဲသို႔ ဝင္လာရေတာ့သည္။ စိတ္ထဲမွာလည္း လကၤာမ်ိဳးကို ဘယ္လိုတားဆီးရမလဲဆိုတာကိုသာ တရစပ္ေတြးေနမိသည္။ ခဏအၾကာ Theo ေရခ်ိဳးခန္းထဲကေန ျပန္ထြက္လာခ်ိန္မွာ သိဂၤါရက အိပ္ရာကို ျပင္ဆင္ေပးၿပီး ထိုင္ေစာင့္ေနခဲ့ေလသည္။
"ေခါင္းေလွ်ာ္လိုက္တာလား!?"
"အင္း...ေခါင္းနည္းနည္း႐ႈပ္ေနလို႔။"
"ဒီကို လာခဲ့...ငါ ေရသုတ္ေပးမယ္။"
Theoက သိဂၤါရရဲ႕ေျခေထာက္နားမွာ ထိုင္ခ်ၿပီး ေရသုတ္ဖို႔ အဆင္ေျပေအာင္ ေမးေစ့ကို သိဂၤါရရဲ႕ေပါင္ေပၚသို႔ တင္ေပးထားလိုက္ေတာ့သည္။
"စိတ္ညစ္စရာ႐ွိရင္ ငါ့ကို ေျပာျပေလ။"
ဦးေခါင္းကို ေရသုတ္ေပးေနရင္းနဲ႔ ေမးလာတဲ့ သိဂၤါရကို Theo အေျဖျပန္မေပးႏိုင္ခဲ့ေပ။
"သိဂၤါရ..."
"ေျပာေလ..."
"မင္းအေမကို ဒီမွာ ေခၚထားလိုက္ပါလား!?"
ထိုစကားေၾကာင့္ သိဂၤါရရဲ႕လက္ေတြက တုံ႔ဆိုင္းသြားေလသည္။
"ငါလည္း ေခၚထားခ်င္ပါတယ္။ ဒါေပမဲ့ ငါ ေဆးခန္းထိုင္ေနလို႔႐ွိရင္ ေမေမ့ကို ဘယ္သူမွ ၾကည့္မေပးႏိုင္ဘူးေလ။ ၿပီးေတာ့ အခန္းက က်ဥ္းၿပီး ေလေကာင္းေလသန္႔လည္း မရႏိုင္ဘူး။"
"ကိုယ္ မင္းအတြက္ အခုထက္က်ယ္တဲ့အိမ္ ဝယ္ေပးပါ့မယ္။ နာ့စ္တစ္ေယာက္လည္း ဌားေပးထားမယ္။ အန္တီ့အတြက္ စိတ္မပူရေတာ့ဘူးေပါ့။"
Theoေျပာတဲ့ကိစၥကို သိဂၤါရ အေလးအနက္ထားၿပီး စဥ္းစားၾကည့္လိုက္မိသည္။
"မင္း ဝယ္ေပးစရာမလိုပါဘူး။ ဒါေပမဲ့ မင္းဆီကေန အကူအညီေတာင္းစရာ႐ွိတယ္။"
"ဘာလဲ!?"
"ေလေကာင္းေလသန္႔ရမယ့္ အေနေတာ္အိမ္ေလးတစ္လုံးေလာက္ ႐ွာၾကည့္ေပးပါ။ ငါက အသိမိတ္ေဆြ သိပ္မ႐ွိေတာ့ ႐ွာရခက္လို႔။"
"စိတ္ခ်...ကိုယ္ အျမန္ဆုံး႐ွာထားေပးမယ္။"
"ငါလည္း ေဖေဖ့ဆီကေန ခြင့္ျပဳခ်က္ယူရဦးမယ္။"
Theoက သိဂၤါရရဲ႕လက္ေလးကို ဆုပ္ကိုင္ၿပီး အားေပးစကားေျပာခဲ့သည္။
"ဘာေတြပဲ ျဖစ္လာပါေစ...မင္းမွာ ကိုယ္ ႐ွိတယ္ဆိုတာကို မေမ့လိုက္နဲ႔။"
Theoရဲ႕အားေပးစကားက သိဂၤါရအတြက္ ေႏြးေထြးမႈေပးႏိုင္တာ အမွန္ပင္။ ကိုယ့္မိခင္အတြက္ပါ ေစတနာထားေပးႏိုင္တဲ့ ခ်စ္သူမ်ိဳးကို ပိုင္ဆိုင္ထားရတာမို႔ စိတ္ထဲ ၾကည္ႏူးလာၿပီး Theoရဲ႕နဖူးေလးကို သိဂၤါရ ငုံ႔နမ္းလိုက္ေတာ့သည္။
"ငါ့အေမကို ဂ႐ုတစိုက္႐ွိလို႔ ေက်းဇူးတင္ပါတယ္။"
Theoကလည္း သိဂၤါရရဲ႕မ်က္ႏွာေလးကို ျမတ္ႏိုးစြာ ေမာ့ၾကည့္ၿပီး ေျပာခဲ့ေလသည္။
"မင္းရဲ႕ေပ်ာ္႐ႊင္မႈက ကိုယ့္ေပ်ာ္႐ႊင္မႈပါပဲ။"
လကၤာမ်ိဳးရဲ႕ယုတ္မာမႈေတြက ဘယ္အခ်ိန္ကတည္းက စတင္ေနခဲ့မွန္း Theo မသိရေပမယ့္ တတ္ႏိုင္သေလာက္ ႀကိဳးစားကယ္တင္ေပးဖို႔အတြက္ ဆုံးျဖတ္ထားလိုက္သည္။ ေဒၚအိမ္စည္သာ တစ္ခုခုျဖစ္သြားခဲ့ရင္ စိတ္ထိခိုက္ရမယ့္သူက သိဂၤါရပင္ ျဖစ္သည္။ ထိုကဲ့သို႔ေသာ အေျခအေနမ်ိဳးကိုလည္း Theo လုံးဝမလိုလားေပ။ Theoရဲ႕ရည္႐ြယ္ခ်က္က သိဂၤါရရဲ႕မ်က္ႏွာျပင္ေပၚမွာ အျပဳံးလွလွေလးေတြကို အၿမဲဖန္တီးေပးႏိုင္သူ ျဖစ္ဖို႔ပင္။
*ဒီေန႔ အရမ္းအိပ္ခ်င္ေနလို႔ စာေလးေတြကို မနက္ျဖန္က်မွ Replyျပန္ေပးပါ့မယ္ေနာ္။
#Śûè
***************