(Unicode Version)🔞🔞🔞
တစ်ပတ်ခန့်ကြာပြီးနောက်-
ဦးစိုင်းမောင်က Theoနဲ့ စိုင်းရသဦးကို စားသောက်ဆိုင်တစ်ခုဆီသို့ ခေါ်ဆောင်လာပြီး နေ့လည်စာအတူစားဖြစ်ခဲ့သည်။
"သားတို့ ပြန်ရောက်ကတည်းက အခုလိုမျိုး နေ့လည်စာ အတူတူစားချင်ခဲ့တာ။ အလုပ်မအားတာနဲ့ အခုမှပဲ စားရတော့တယ်။ သားကို ဂရုမစိုက်သလိုဖြစ်သွားလို့ တောင်းပန်ပါတယ်ကွာ။"
ဦးစိုင်းမောင်ရဲ့စေတနာမပါတဲ့ စကားတွေကို Theoနဲ့ စိုင်းရသဦးက သည်းခံနားထောင်ပြီး ဟန်ဆောင်ပြုံးပြလိုက်ရသည်။
"ဖေဖေက အလုပ်ကို ဦးစီးနေရတဲ့သူဆိုတော့ အားလပ်ချိန်ရှားတာ ထုံးစံပါပဲ။ သား နားလည်ပါတယ်။"
ပြဇာတ်တိုက်ထားသလို ချိုအီတာထက် ပိုနေတဲ့ ထိုသားအဖနှစ်ယောက်ရဲ့စကားတွေကြောင့် Theo စိတ်မရှည်နိုင်တော့ပေ။
"မှာထားတာတွေ အေးကုန်တော့မယ်။ စားရင်းနဲ့မှ ဆက်ပြောကြပါလား!?"
ထိုအခါကျမှ အကယ်ဒမီဆုရှင်နှစ်ဦးရဲ့စကားဖြင့် အမွှမ်းတင်ခြင်းကဏ္ဍပြီးဆုံးသွားလေသည်။
"ဟုတ်သားပဲ...အရင် စားကြတာပေါ့။"
ထမင်းစားနေရင်းနဲ့ ဦးစိုင်းမောင်က စိုင်းရသဦးရဲ့ပန်းကန်ထဲကို ပုစွန်ဟင်းထည့်ပေးလိုက်သည်။
"သားတို့က ပုစွန်ဟင်းကို ဘာလို့ ထည့်မစားကြတာလဲ!?"
စိုင်းရသဦးကလည်း အပြုံးနဲ့ ပြန်ငြင်းပယ်ခဲ့သည်။
"သားတို့နှစ်ယောက်စလုံးက ပုစွန်နဲ့ ဓာတ်မတည့်ဘူး...ဖေဖေ။"
ထိုအဖြေကြောင့် ဦးစိုင်းမောင်က အံ့အားသင့်သွားပုံပင်။
"ဟုတ်လား!? ဖေဖေလည်း ပုစွန်နဲ့ ဓာတ်မတည့်ဘူး။ သားတို့နဲ့ တည့်မယ်ထင်ပြီး မှာထားလိုက်တာ။"
သူတို့နှစ်ဦးရဲ့အပြန်အလှန်ပြောစကားတွေကို ငြိမ်သက်ပြီး နားထောင်နေတဲ့ Theoက စားလက်စ ဇွန်းနဲ့ ခက်ရင်းကို စားပွဲခုံပေါ်သို့ ဆောင့်ချလိုက်လေသည်။ Theoရဲ့အပြုအမူကြောင့် စိုင်းရသဦးက မျက်နှာပျက်သွားပြီး ဦးစိုင်းမောင်ကလည်း နားမလည်နိုင်သလို ဖြစ်သွားတော့သည်။
"ငါ သွားစရာရှိသေးတယ်။"
ပြောပြီးပြီးချင်း ထိုင်ခုံကနေ ထထွက်သွားတဲ့ Theoရဲ့အနောက်ကို စိုင်းရသဦးက အမြန်လိုက်လာပြီး တားခဲ့သည်။
"Theo...ဘာဖြစ်လို့လဲ!?"
"ဘာမှမဖြစ်ဘူး။ စားချင်စိတ် မရှိတော့လို့။"
"ငါလည်း လိုက်ခဲ့မယ်လေ။"
"မလိုပါဘူး။ မင်းဘာသာမင်း သူနဲ့သာ အတူဆက်နေပေးလိုက်စမ်းပါ။"
ခပ်ပြတ်ပြတ်ပြောပြီး အမြန်ထွက်သွားတဲ့ Theoရဲ့ကျောပြင်ကို ငေးကြည့်ရင်းနဲ့ စိုင်းရသဦး သက်ပြင်းချလိုက်မိသည်။ ဒေါသမီးတွေနဲ့ ပူလောင်နေတဲ့ Theoကတော့ သူ့ကို အေးမြမှုပေးနိုင်မယ့် တစ်ဦးတည်းသောသူဆီသို့သာ ဦးတည်သွားခဲ့လေသည်။
"🔔...🔔...🔔"
မိခင်ဖြစ်သူဆီ သွားတွေ့ဖို့ ပြင်နေတဲ့ သိင်္ဂါရက ဘဲလ်မြည်သံကြောင့် တံခါးဖွင့်ပေးလိုက်ရသည်။
"Theo...ဘာဖြစ်လာတာလဲ!?"
Theoက ဘာမှပြန်မဖြေဘဲ သိင်္ဂါရရဲ့ပခုံးပေါ်သို့ သူ့ဦးခေါင်းကို မှီထားခဲ့သည်။ သိင်္ဂါရလည်း မေးမြန်းခြင်းအမှုကို ခေတ္တရပ်နားထားပြီး Theoရဲ့ဆံစလေးတွေကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
"နံပါတ်စဉ်ကို (၆၀)ကနေ (၁)အထိ ပြန်ရေကြည့်။ အဲဒါတော့ ရေတတ်တယ်မလား!?"
Theoက သိင်္ဂါရရဲ့စကားကို ကြားချိန်မှာ ပြုံးပြီး ဦးခေါင်းပြန်မော့လာခဲ့သည်။
"နံပါတ်စဉ်မရေတတ်လို့ သင်ပေးပါဦး။"
သိင်္ဂါရလည်း ထိုအခါကျမှ ပြုံးရယ်နိုင်တော့သည်။
"ဘာကြောင့်လဲဆိုတာကို မပြောပြချင်ဘူးလား!?"
Theoက သိင်္ဂါရကို တစ်ဖက်သို့ လှည့်လိုက်ပြီး ပခုံးလေးကို အသာအယာတွန်းကာ အိမ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် သိင်္ဂါရကို ဆိုဖာမှာ ထိုင်ခိုင်းပြီး Theoကတော့ သူ့ပေါင်ပေါ် ခေါင်းအုံးကာ လဲလျောင်းလိုက်လေသည်။
"အသိတစ်ယောက်ရဲ့အကြောင်းကို ပြောပြမယ်။"
"မင်းရဲ့အကြောင်းမလား!?"
သိင်္ဂါရရဲ့မေးခွန်းကြောင့် Theoက ပြုံးလိုက်မိသည်။
"ဟုတ်တယ်။"
"ပြောပြလေ။ သူများအကြောင်းလို့ သဘောထားပြီး နားထောင်ပေးပါ့မယ်။"
"လွန်ခဲ့တဲ့ (၁၄)နှစ်လောက်က ရုတ်တရက် မိဘမဲ့ဖြစ်သွားတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့တယ်။ တစ်ရက်ကျတော့ သူက သူ့လိုပဲ မိဘမဲ့ဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့သွားပြီး သူငယ်ချင်းဖွဲ့လိုက်တာပေါ့။"
သိင်္ဂါရက Theoရဲ့နဖူးပေါ်က ဆံပင်စလေးတွေကို သပ်တင်ရင်းနဲ့ စိတ်ပါလက်ပါ နားထောင်ပေးခဲ့သည်။
"အဖြစ်ချင်းက တူနေတော့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဖြစ်သွားတာမလား!?"
"အဲ့လိုမျိုးပါပဲ။ ဒါပေမဲ့ ပထမကောင်လေးမှာ ထိမ်ချန်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိတယ်။"
"သူ့သူငယ်ချင်းကိုတောင် ပြောပြလို့ မရဘူးလား!?"
"ဟုတ်တယ်။ သူ့ကို ပြောပြလို့မရဘူး။"
ခဏတာငြိမ်သက်သွားတဲ့ Theoကို ကြည့်ပြီး သိင်္ဂါရက စကားစ,ပေးလိုက်သည်။
"ငါ့ကိုလည်း ပြောပြလို့မရဘူးမလား!?"
Theoက သိင်္ဂါရရဲ့မျက်ဝန်းတွေကို ငေးကြည့်ပြီး ပြန်မေးခဲ့လေသည်။
"ကိုယ် မပြောလို့ ရလား!?"
"ရပါတယ်။ လူတိုင်းမှာ မပြောပြချင်တဲ့ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြတာပဲလေ။ မင်း ဆန္ဒရှိမှ ပြောပြပါ။"
သိင်္ဂါရရဲ့တခြားသူအပေါ် နားလည်မှုပေးနိုင်စွမ်းကို Theo လေးစားမိတာ အမှန်ပင်။
"မင်းက မင်းရဲ့အမေနဲ့ တူတာထင်တယ်။"
"ဘယ်လိုလုပ် သိတာလဲ!?"
"ဒီလိုပဲ ခန့်မှန်းကြည့်တာပါ။ စိတ်ထားနူးညံ့ရင် အမေနဲ့ တူလို့ပေါ့။"
"မင်းကရော ဘယ်သူနဲ့တူတာလဲ!?"
"ကိုယ့်ရုပ်က အဖေနဲ့တူပေမယ့် စိတ်ကတော့ ဘယ်သူနဲ့မှ မတူဘူး။"
"သေချာတယ်။ မင်းက အကျင့်ပုပ်လေး။"
သိင်္ဂါရရဲ့စနောက်မှုကို Theoက ပြုံးရွှင်စွာဖြင့် လက်ခံလိုက်သည်။
"အကျင့်ပုပ်ပေမယ့် ချစ်ဖို့ကောင်းတယ်မလား!?"
"ဘယ်သူ ပြောလဲ!?"
"မင်းရဲ့ရင်ခုန်သံတွေက ပြောနေတယ်လေ။ အခုတောင် ကြားနေရတာပဲ။"
"တော်ပြီ...ဇိမ်ယူမနေနဲ့။ ထတော့..."
သိင်္ဂါရက တွန်းထုတ်ဖို့ ကြိုးစားလိုက်ချိန်မှာ Theoကလည်း သူ့ခါးကို တင်းကြပ်စွာ ဖက်တွယ်ထားခဲ့သည်။
"မထချင်သေးဘူး။ ဒီအတိုင်းပဲ ဆက်နေဦးမှာ။"
ကလေးဆန်ဆန် ပြုမူနေတဲ့ Theoကို ကြည့်ပြီး သိင်္ဂါရ ပျော်ရွှင်လာမိသည်။ လူတွေရှေ့မှာဆို တည်ငြိမ်ပြီး အရယ်အပြုံးနည်းလေ့ရှိတဲ့ ဒီကောင်လေးက သိင်္ဂါရ အတွက်တော့ ချစ်စရာကောင်းသူတစ်ဦး ဖြစ်နေခဲ့သည်။ ထို့ကြောင့် ရင်ခွင်ထဲမှာ ခေါင်းဝှက်ထားပြီး ငြိမ်သက်နေတဲ့ Theoကို သိင်္ဂါရက စနောက်ပြီး မေးကြည့်လိုက်တော့သည်။
"ဒါ ဘယ်နှနှစ်သားလေးလဲ!?"
"(၇)နှစ်သားလေးလေ..."
သိင်္ဂါရရဲ့မျက်နှာလေးက သူတို့နှစ်ဦး ပထမဆုံးအကြိမ် ဆုံတွေ့ချိန်ကအတိုင်း တောက်ပစွာ ရှိနေဆဲပင်။ (၇)နှစ်သားအရွယ် Theoရဲ့စိတ်ကို အေးမြစေခဲ့သူ၊ (၁၀)နှစ်သားအရွယ် Theoရဲ့နာကျင်မှုကို ပြေပျောက်စေခဲ့သူ... ဒီလိုအမှတ်တရကောင်းလေးတွေသာ ကျန်ရစ်နေစေတဲ့ သိင်္ဂါရကို ချစ်မြတ်နိုးမှုအပြည့်ဖြင့် ငေးမောကြည့်နေမိသည်။
"ဘာကြည့်တာလဲ!?"
"မင်းက အရမ်းလှလို့..."
"ဒီစကားကို ငါတို့ စတွေ့တုန်းကလည်း မင်း ပြောခဲ့ဖူးတယ်။ ဘာလို့ အဲ့လိုပြောတာလဲ!?"
"မင်းက တကယ်လှလို့လေ။"
"ငါ အတည်မေးနေတာ။ ငါက မိန်းမဆန်နေလို့လား!?"
"မဟုတ်ပါဘူး။ ကိုယ့်အတွက် မင်းက မိန်းကလေးတွေထက် ပိုကြည့်ကောင်းနေလို့ လှတယ်ဆိုပြီး ပြောတာ။"
"ဒါပေမဲ့ ငါ့ကို အဲ့လိုပြောတဲ့သူတစ်ယောက် ရှိဖူးတယ်။"
Theoရဲ့မျက်ဝန်းတွေက မျှော်လင့်ချက်ကြီးစွာဖြင့် အရောင်လဲ့သွားလေသည်။
"ဟုတ်လား...အဲဒါက ဘယ်သူလဲ!?"
"ကလေးလေးတစ်ယောက်ပါ။ ကြာပြီဆိုတော့ သေချာတောင် မမှတ်မိတော့ဘူး။ သူက ငါ့ကို လှတယ်လို့ ပြောပြီး ပန်းလည်း ပေးလိုက်တယ်။ ဟိုတစ်ခါ မင်း ပေးတဲ့ ပန်းလေးလေ... Purple Lilacsဆိုတာ..."
"သူနဲ့ ဘယ်မှာတွေ့ခဲ့တာလဲ!?"
"မွေးနေ့ပွဲတစ်ခုမှာပဲ။ သူတို့အိမ်မှာ ပန်းခင်းကြီးရှိတယ်။ ပန်းတွေကလည်း နိုင်ငံခြားမျိုးတွေချည်းပဲ။ ငါက လူရှုပ်ရင် မကြိုက်တော့ အပြင်ထွက်နေလိုက်တာ။ သူ့ကိုတောင် မွေးနေ့ရှင်မှန်း ငါ မသိလိုက်ဘူး။ အိမ်ကို ပြန်ရောက်မှ မေမေ ပြောပြလို့ သိရတာ။"
"အဲဒီကလေးလေးက ဘယ်လိုပုံစံမျိုးလဲဆိုတာရော မမှတ်မိဘူးလား!?"
"ချစ်ဖို့ကောင်းတယ်။ ဒါပေမဲ့ သူ့မျက်နှာကို ငါ သေချာမမှတ်မိတော့ဘူး။"
"ဪ..."
"ဘာဖြစ်လို့လဲ!?"
"သဝန်တိုလို့..."
"ဘာများ သဝန်တိုစရာရှိလို့လဲ!?"
"သူက မင်းကို လှတယ်လို့ အရင်ပြောခွင့်ရတဲ့သူလေ။"
Theoရဲ့သဝန်တိုမှုကြောင့် သိင်္ဂါရက ထပ်ပြီး စနောက်ကြည့်ဖို့ ကြိုးစားခဲ့သည်။
"ပြီးတော့လေ...သူက ငါ့ရဲ့ပထမဆုံးအနမ်းကိုလည်း ရသွားသေးတယ်။"
သူတို့နှစ်ဦးရဲ့အမှတ်တရလေးတွေကို ပြန်တွေးကြည့်ရင်းနဲ့ Theo ပြုံးလိုက်မိသည်။
"သူက ပထမဆုံးအနမ်းကို ယူသွားတဲ့သူဆိုရင် ကိုယ်က ကျန်တဲ့အနမ်းအားလုံးကို သိမ်းယူပစ်လိုက်မှာပေါ့။"
Theoက သိင်္ဂါရရဲ့လည်တိုင်ကို လက်နဲ့ ညင်သာစွာ ဆွဲယူပြီး နှုတ်ခမ်းပါးလေးဆီသို့ နူးညံ့တဲ့အနမ်းများစွာ နှင်းအပ်ခဲ့လေသည်။ သဘာဝအတိုင်း ချိုမြိန်နေတဲ့ ချစ်ရသူရဲ့နှုတ်ခမ်းလေးကို Theoက စိတ်တိုင်းကျနမ်းရှိုက်ရင်းနဲ့ လောဘတက်လာမိသလိုပင်။ ထိုအခြင်းအရာကို သိင်္ဂါရကလည်း သတိထားမိသွားပြီး ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။
"Theo...ငါ မင်းကို ကူညီပေးပါ့မယ်။"
သိင်္ဂါရကို ဒီလိုမျိုးလုပ်ဖို့ Theo ခွင့်မပြုရက်ပေ။
"ကိုယ့်အတွက် ဒီလောက်ထိ လုပ်ပေးစရာ မလိုပါဘူး။"
"မင်းလည်း ငါ့ကို လုပ်ပေးဖူးတာပဲ။"
သိင်္ဂါရက ဆိုဖာပေါ်ကနေ ဆင်းလာပြီး Theoရဲ့ရှေ့မှာ ဒူးထောက်လျက်သား ထိုင်ချလိုက်လေသည်။ ထိုအချိန်မှာပင် Theoရဲ့တပ်မက်မှုက ဖုံးကွယ်ထားလို့ မရနိုင်တော့တာမို့ ဘောင်းဘီနဲ့ အတွင်းခံကို ချွတ်ချပြီး သူ့အငယ်လေးကိုလည်း သိင်္ဂါရရဲ့နှုတ်ခမ်းနားသို့ တေ့ပေးလိုက်မိသည်။ သိင်္ဂါရက ဒီလိုကိစ္စမျိုးမှာ အတွေ့အကြုံမရှိပေမယ့် သတိထားပြီး ကြိုးစားကြည့်ခဲ့သည်။ Theoရဲ့အငယ်လေးကို သူ့လျှာဖျားနဲ့ ဖြည်းညင်းစွာ ထိတွေ့ပြီး အစပျိုးပေးရင်းက ပါးစပ်အတွင်းသို့ ထည့်ကာ သွားနဲ့ မထိရလေအောင် စုပ်ယူလိုက်တော့သည်။ Theoရဲ့ညည်းညူသံက သိင်္ဂါရအတွက် ပိုပြီးကြိုးစားချင်စိတ် ဖြစ်ပေါ်လာစေသည်။ ခဏအကြာမှာ Theoရဲ့လက်က သိင်္ဂါရရဲ့ဦးခေါင်းပေါ်သို့ ရောက်ရှိလာပြီး အထုတ်အသွင်းမြန်ဆန်စေဖို့ ဦးဆောင်ပေးခဲ့သည်။ သာယာမှုကို ခံစားနေရတဲ့ Theoရဲ့မျက်နှာပြင်ပေါ်မှာ ချွေးစက်လေးတွေက တွဲလောင်းခိုနေပြီး ယောက်ျားပီသမှုကို ဖော်ပြပေးနေသလိုပင်။ နောက်ဆုံးမှာ သိင်္ဂါရရဲ့နာမည်ကို ညည်းညူရင်းနဲ့ Theoက အချစ်ရည်တွေ ထုတ်လွှတ်နိုင်ခဲ့လေသည်။
"ကိုယ် မထိန်းနိုင်ဖြစ်သွားလို့ တောင်းပန်ပါတယ်။ မြန်မြန်ထွေးထုတ်လိုက်ပါ။"
Theoရဲ့မျက်နှာပြင်ပေါ်မှာ အားနာစိတ်က အထင်းသားပေါ်နေတာမို့ သိင်္ဂါရလည်း အမြန်မျိုချကာ ပြုံးပြလိုက်တော့သည်။
"ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ခဏနေရင် မေမေ့ဆီ သွားတွေ့ရမှာဆိုတော့ ရေပြန်ချိုးလိုက်ဦးမယ်။ ဒါနဲ့ မေမေ့ကို လိုက်တွေ့ချင်လား!?"
Theoက ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြခဲ့သည်။
"ဒီမှာပဲ ခဏထိုင်စောင့်နေလိုက်။ ငါ မြန်မြန်ချိုးလိုက်မယ်။"
သိင်္ဂါရ ရေချိုးခန်းထဲ ဝင်သွားချိန်မှာ Theoက အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်လေသည်။ စိတ်ထဲမှာလည်း မိခင်ဖြစ်သူနဲ့ မိတ်ဆက်ပေးရလောက်တဲ့အထိ ရင်းနှီးလာတဲ့ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးအတွက် ကျေနပ်ပီတိဖြစ်နေမိသည်။
နေ့လည်(၂)နာရီခန့်တွင်-
Theoက သိင်္ဂါရရဲ့အိမ်ကို အတူလိုက်ပါလာပြီး ဒေါ်အိမ်စည်နဲ့ တွေ့ခွင့်ရခဲ့သည်။
"မေမေ...သူက Theoတဲ့။"
စက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေတဲ့ ဒေါ်အိမ်စည်ကို သိင်္ဂါရက ထုံးစံအတိုင်း စကားတွေပြောပြီး အဖော်ပြုပေးလိုက်သည်။ ပါးစပ်က ဖွင့်မပြောပြပေမယ့် သိင်္ဂါရရဲ့ရင်ထဲမှာ မိခင်အတွက် ဝမ်းနည်းနေရမယ်မှန်း Theo နားလည်ပေးနိုင်ခဲ့သည်။
"အန်တီ...ကျွန်တော်က Theoပါ။ သိင်္ဂါရရဲ့ချစ်သူပေါ့။ အခုလို အန်တီနဲ့ တွေ့ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။"
တုံ့ပြန်ခြင်းမရှိတဲ့ စကားအခွန်းပေါင်းများစွာကို သိင်္ဂါရက တစ်ယောက်တည်း နှစ်နဲ့ ချီပြီး ပြောလာခဲ့မှန်း Theo သိလိုက်ရပြီမို့ ဂရုဏာသက်မိလေသည်။
"သိင်္ဂါရက အရမ်းတော်တဲ့သူပါ။ စိတ်ထားလည်း ကောင်းတယ်၊ ကြင်နာတတ်တယ်၊ လူနာတွေအပေါ်မှာလည်း စေတနာထားပြီး ကုပေးတယ်။ သူ့လိုလူမျိုးက ဒီခေတ်ကြီးထဲမှာ အရမ်းရှားသွားပြီလေ။"
မိခင်ဖြစ်သူဆီမှာ ကိုယ့်ကို အမွှမ်းတင်နေတဲ့ ချစ်သူကြောင့် သိင်္ဂါရ ပြုံးလိုက်မိသည်။ အရင်လိုမျိုး မိခင်ဖြစ်သူနဲ့ လာတွေ့ချိန်တိုင်း ခံစားရတတ်တဲ့ အထီးကျန်မှုဆိုတာကလည်း ပျောက်ကွယ်သွားသလိုပင်။
"ကျွန်တော် သူ့ကို အရမ်းချစ်တယ်။ သူ့ကို ဂရုစိုက်ပြီး တစ်သက်လုံး စောင့်ရှောက်ပေးသွားပါ့မယ်။ အန်တီရဲ့သားရတနာလေးကို ကျွန်တော့်ဆီ ယုံယုံကြည်ကြည်နဲ့ အပ်နှံပေးပါ။"
ပိုင်စိုးပိုင်နင်း ပြောနေတဲ့ Theoကို သိင်္ဂါရက လက်တို့ပြီး တားလိုက်တော့သည်။
"ဘာတွေ လျှောက်ပြောနေတာလဲ!?"
"မင်းအမေဆီက ခွင့်တောင်းနေတာလေ။"
"ဘာလုပ်ဖို့လဲ!?"
"မင်းကို လက်ထပ်ဖို့..."
Theoရဲ့မျက်ဝန်းထဲမှာ နေရာယူထားတဲ့ လေးနက်မှုတစ်ခုကြောင့် သိင်္ဂါရရဲ့ရင်ထဲမှာ ပျော်ရွှင်မှုလေးက ထွက်ပေါ်လာခဲ့သည်။
"အန်တီက လက်ခံပေးထားတဲ့ပုံပဲ။"
"မေမေက ဘာမှပြန်မပြောနိုင်ဘူးလေ။"
"ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပဲမလား!?"
Theoရဲ့စကားတတ်မှုကြောင့် သိင်္ဂါရ ပြုံးလိုက်မိသည်။
"မင်းလည်း သဘောတူနေတာပဲ။"
"ငါက ဘယ်မှာ သဘောတူလို့လဲ!?"
"ဟိုဘက်ကို ကြည့်လိုက်။"
Theoရဲ့လက်ညှိုးညွှန်ရာဆီသို့ သိင်္ဂါရ ကြည့်မိချိန်မှာ မှန်ပေါ်က ပြုံးနေတဲ့မျက်နှာလေးတစ်ခုကို မြင်တွေ့လိုက်ရသည်။
"မင်း ပြုံးနေတယ်လေ။"
Theoရဲ့အဖော်ပြုပေးမှုကြောင့် သိင်္ဂါရရဲ့ခြောက်သွေ့နေတဲ့ ဘဝလေးက ပြန်လည်စိုပြေလာပြီး ပျော်ရွှင်မှုကိုလည်း ခံစားတတ်လာခဲ့သည်။ ထို့ကြောင့် မိခင်ဖြစ်သူကို ငေးကြည့်ရင်းနဲ့ သိင်္ဂါရ စိတ်ထဲကနေ ရေရွတ်လိုက်မိသည်။
"မေမေ...အချစ်ခံရတယ်ဆိုတဲ့ ခံစားချက်ကို သား ပြန်မှတ်မိသွားပြီ။ ဒီခံစားချက်လေးက ပျော်စရာကောင်းပြီး လူကို နွေးထွေးစေနိုင်တယ်ဆိုတာကိုပေါ့..."
ည(၈)နာရီခန့်တွင်-
မြေအောက်ခန်းထဲက ကိုယ်လုံးတီးဖြစ်နေတဲ့ စိုးမင်းရဲ့ခြေချောင်း၊ လက်ချောင်းတွေပေါ်မှာ သံစိုက်ရာကိုယ်စီရှိနေပြီး သွားတွေကိုလည်း တစ်နေ့(၂)ချောင်းနှုန်းနဲ့ နှုတ်ယူခြင်းခံထားရလေသည်။ ထို့အပြင် ခန္ဓာကိုယ်ပေါ်မှာ ကြာပွတ်ရာတွေကလည်း နေရာအနှံ့ ရှိနေပြန်သည်။
"ဒီနေ့ ခင်ဗျားက တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ပြီး သတ်သေဖို့ ကြိုးစားခဲ့သေးတယ်ဆို..."
လူရုပ်ရယ်လို့ ပီသစွာ မပေါ်လွင်တော့တဲ့ စိုးမင်းက အသံတုန်တုန်ရီရီနဲ့ အသနားခံခဲ့သည်။
"ငါ့ကို သေခွင့်ပေးပါတော့။"
Theoက ထိုအခြေအနေကို အရသာခံကြည့်နေရင်းနဲ့ မေးလိုက်သည်။
"သေချင်နေတယ်ပေါ့လေ...ဟုတ်လား!?"
စိုးမင်းက တက်ကြွစွာ ခေါင်းညိတ်ပြခဲ့လေသည်။
"ဒါဆို မေးခွန်းလေးတစ်ခုလောက် မေးပါရစေဦး။ မှန်ရင် ခင်ဗျားကို သေခွင့်ပေးမယ်။ မှားခဲ့ရင်တော့ လက်တစ်ချောင်းဖြတ်ပစ်မယ်။ ဘယ်လိုလဲ...ဖြေကြည့်ချင်လား!?"
ဒီလိုနှိပ်စက်ခံနေရတဲ့ ဘဝကြီးကနေ လွတ်မြောက်ဖို့ နည်းလမ်းက သေလမ်းပဲမို့ စိုးမင်း အရဲစွန့်ကာ ဖြေဖို့ ရွေးချယ်လိုက်တော့သည်။
"ဒီအိမ်ပိုင်ရှင်ရဲ့နာမည်က ဘယ်သူလဲ!?"
စိုးမင်းက ထိုအဖြေကို သိရဖို့အတွက် အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်ပေမယ့် ခေါင်းထဲက ဘာမှထွက်မလာခဲ့ပေ။ သူတို့လို ကြေးစားသမားတွေက ခိုင်းတာလုပ်၊ ပိုက်ဆံယူရုံကလွဲပြီး ဘယ်သူဘယ်ဝါဆိုတာကို လေ့လာခြင်းမျိုးမရှိသလို ကိစ္စပြီးတာနဲ့ ချက်ချင်း မေ့ပစ်လိုက်ကြတာကလည်း ထုံးစံပင်။
"မသိဘူးမလား!?"
Theoရဲ့မျက်ဝန်းထဲမှာ ဒေါသမီးတောက်တွေက အထင်းသား မြင်နေရတာမို့ စိုးမင်း ကြောက်လန့်တကြား တောင်းပန်ခဲ့ရသည်။
"ငါ...ငါတို့က ဘယ်သူ့ကို သတ်ခဲ့ရတယ်ဆိုပြီး မှတ်မထားကြလို့ပါ။"
"ဟုတ်တာပေါ့။ ဘယ်မှတ်ထားနိုင်ပါ့မလဲ!?"
ထိုအချိန်မှာပင် စိုးမင်းရဲ့ညာဘက်လက်သန်းက ပင်မခန္ဓာကိုယ်ကို စွန့်ခွာသွားတော့သည်။
"အားးးးးးးးးးး"
စိုးမင်းရဲ့အော်သံကို Theoက ရွံ့ရှာစွာဖြင့် လှမ်းတားလိုက်လေသည်။
"နားညီးတယ်။ ထပ်အော်ရင် ခင်ဗျားရဲ့လျှာကိုပါ ဖြတ်ပစ်မှာ။"
နာကျင်မှုကို ဖွင့်ဟခွင့်မရတဲ့ စိုးမင်းက ငြိမ်သက်ပြီး မျက်ရည်ကျနေရုံသာ တတ်နိုင်ပေတော့သည်။
"အပြစ်မရှိတဲ့သူတွေကို သတ်ခဲ့ရတာ ပျော်စရာကောင်းလား!?"
စိုးမင်းက ပြန်မဖြေရဲဘဲ နှုတ်ဆိတ်နေခဲ့သည်။
"မေးနေတယ်လေ။ ပျော်ခဲ့လား!?"
"မ...မပျော်ပါဘူး။"
"ဒါဆို ဘာလို့ သတ်ခဲ့တာလဲ!?"
"ငွေ...ရလို့ပါ။"
"ဪ...ငွေတဲ့လား!? နောက်ဆုံးတော့လည်း ဒီငွေကြောင့်ပဲကို..."
Theoရဲ့အသံက ဆို့နင့်သွားတာကို စိုင်းရသဦး သတိထားမိလိုက်လေသည်။
"မိဘက သားသမီးကို စွန့်ပစ်တာ၊ သားသမီးတွေက မိဘကို ပြန်ဒုက္ခပေးတာ၊ မိသားစုဝင်အချင်းချင်း အန္တရာယ်ပြုကြတာ... ဒါတွေရဲ့အဓိကတရားခံက ဒီငွေပဲ။ ငွေကို ဒီလောက်တောင် ကြိုက်ကြတာလား!? ဒီစက္ကူရွက်တွေက လူ့အသက်ထက်တောင် တန်ဖိုးကြီးနေတာလား!?"
Theoက ငွေစက္ကူတွေကို စိုးမင်းရဲ့မျက်နှာဆီသို့ ဒေါသတကြီး ပစ်ပေါက်ခဲ့သည်။
"ယူလေ...ဒါတွေကို ခင်ဗျား သိပ်ကြိုက်တာမလား!?"
"မ...မကြိုက်ပါဘူး။"
"$ပိုတွေ မပြောနဲ့!!!"
အမြဲတမ်း အေးတိအေးစက် ပြောနေခဲ့တဲ့ Theoကို အခုလို ကြမ်းကြမ်းတမ်းတမ်းပုံစံနဲ့ တွေ့လိုက်ရတာမို့ စိုးမင်းနဲ့ စိုင်းရသဦးက အံ့အားသင့်သွားတော့သည်။ ထိုအချိန်မှာပင် Theoက ဦးခေါင်းကို လက်နှစ်ဖက်နဲ့ ဖိကိုင်ကာ အရူးတစ်ယောက်လို အော်ဟစ်ခဲ့လေသည်။
"မုန်းတယ်...အားလုံးကို မုန်းတယ်။ ခင်ဗျားတို့အားလုံးကို သတ်ပစ်ရမယ်။ ဟုတ်တယ်... သတ်ပစ်ရမယ်။"
စိုင်းရသဦးက အခြေအနေကို ဝင်ထိန်းပေးဖို့အတွက် Theoရဲ့ပခုံးကို ကိုင်ပြီး ပြောလိုက်သည်။
"မင်းရဲ့စိတ်ကို အေးအေးထားပါဦး။"
တဒင်္ဂအတွင်းမှာ Theoက နီရဲနေတဲ့ မျက်ဝန်းတွေနဲ့ စိုင်းရသဦးရဲ့မျက်နှာကို စိုက်ကြည့်ပြီး ပြောခဲ့သည်။
"မင်းရဲ့လက်နဲ့ ငါ့အသားကို လာမထိနဲ့။ ရွံဖို့ ကောင်းတယ်။"
စိုင်းရသဦးက သူ့အမှားသူ သိရှိပြီး လက်ကို အမြန်ပြန်ရုပ်လိုက်ချိန်မှာ Theoက ထိုအခန်းထဲကနေ အမြန်ထွက်သွားခဲ့လေသည်။
ည(၁၀)နာရီခန့်တွင်-
"🔔...🔔...🔔"
အိပ်ရာဝင်ဖို့ ပြင်ဆင်နေချိန်မှာ ကြားလိုက်ရတဲ့ လူခေါ်ဘဲလ်သံကြောင့် သိင်္ဂါရ တံခါးဆီသို့ အမြန်ပြေးခဲ့ရသည်။ တံခါးဝမှာ စောင့်နေသူက Theoပင်...
"Theo...ဘာဖြစ်လာတာလဲ!?"
Theoက ခပ်ယဲ့ယဲ့ပြုံးပြီး မေးလိုက်သည်။
"လူနာလက်ခံသေးလား...ဆရာ!?"
Theoရဲ့အပြုံးတွေက အသက်မပါသလို ပုံစံကလည်း ဖျော့တော့တော့ ဖြစ်နေသလိုပင်။ နေ့ခင်းကအထိ တက်ကြွစွာရှိနေခဲ့သူကို အခုလိုပုံစံမျိုးနဲ့ မြင်တွေ့ရတာက ထူးဆန်းနေတာမို့ သိင်္ဂါရ ဆက်မမေးဘဲ အိမ်ထဲသို့ ဝင်ခွင့်ပြုလိုက်သည်။
"လူက ထိုင်းမှိုင်းနေလို့ ရေသွားချိုးလို့ ရမလား!?"
"ရပါတယ်။ ငါ မင်းအတွက် အဝတ်အစား ထုတ်ပေးထားမယ်။ ဝင်ချိုးလိုက်လေ။"
Theoက ခွင့်ပြုချက်ယူပြီး ရေချိုးခန်းထဲ ဝင်သွားတာမို့ သိင်္ဂါရကလည်း သင့်တော်တဲ့ အဝတ်အစားကို ရွေးထုတ်ပေးထားခဲ့သည်။ ခဏအကြာမှာ Theoက ရေချိုးသန့်စင်ပြီး ပြန်ထွက်လာလေသည်။
"ဒါတွေကို ဝတ်ထားလိုက်။"
Theoလည်း အဝတ်အစားတွေကို အမြန်လဲဝတ်ပြီး သိင်္ဂါရရဲ့နံဘေးမှာ ဝင်ရောက်လဲလျောင်းဖြစ်ခဲ့သည်။
"ဘာမှမတွေးဘဲ စိတ်ကို အေးအေးထားပြီး အိပ်ပစ်လိုက်။"
"ဘာဖြစ်ခဲ့လဲဆိုတာကို မမေးဘူးလား!?"
သိင်္ဂါရက Theoဘက်ကို လှည့်ကြည့်ပြီး ဖြေပေးလိုက်သည်။
"မင်း ပြောပြချင်တဲ့စိတ်ရှိရင် ငါလည်း သိရမှာပေါ့။"
"ကိုယ် ကြောက်လို့ ထွက်ပြေးလာတာ။"
"ဘာကိုလဲ!?"
"ငွေနဲ့ လူတွေရဲ့လောဘကို..."
သိင်္ဂါရက Theoကို ဂရုဏာသက်စွာ ကြည့်ပြီး ပွေ့ဖက်ပေးခဲ့လေသည်။
"အခု ငါ ရှိနေပြီပဲ။ မင်းရဲ့ကြောက်စိတ်တွေကို မေ့ထားလိုက်ပါတော့..."
သိင်္ဂါရဆီက အနွေးဓာတ်လေးကို ခိုလှုံရယူရင်းနဲ့ Theo ပြောလိုက်မိသည်။
"ကိုယ့်ဆီမှာ မင်းကလွဲပြီး ဘယ်သူမှမရှိဘူး...သိင်္ဂါရ။ အဲဒါကြောင့် ဘာတွေပဲဖြစ်လာပါစေ...ကိုယ့်အနားမှာ ရှိနေပေးပါ။"
"စိတ်ချပါ။ ငါ မင်းနဲ့အတူ အမြဲတမ်းရှိနေပါ့မယ်။"
ထိုကတိစကားကြောင့် Theoရဲ့စိုးရိမ်မှုတွေ ပပျောက်ပြီး စိတ်အစဉ်ကလည်း ငြိမ်းချမ်းခြင်းသို့ ရောက်ရှိသွားလေသည်။
#Śûè
***************
(Zawgyi Version)🔞🔞🔞
တစ္ပတ္ခန္႔ၾကာၿပီးေနာက္-
ဦးစိုင္းေမာင္က Theoနဲ႔ စိုင္းရသဦးကို စားေသာက္ဆိုင္တစ္ခုဆီသို႔ ေခၚေဆာင္လာၿပီး ေန႔လည္စာအတူစားျဖစ္ခဲ့သည္။
"သားတို႔ ျပန္ေရာက္ကတည္းက အခုလိုမ်ိဳး ေန႔လည္စာ အတူတူစားခ်င္ခဲ့တာ။ အလုပ္မအားတာနဲ႔ အခုမွပဲ စားရေတာ့တယ္။ သားကို ဂ႐ုမစိုက္သလိုျဖစ္သြားလို႔ ေတာင္းပန္ပါတယ္ကြာ။"
ဦးစိုင္းေမာင္ရဲ႕ေစတနာမပါတဲ့ စကားေတြကို Theoနဲ႔ စိုင္းရသဦးက သည္းခံနားေထာင္ၿပီး ဟန္ေဆာင္ျပဳံးျပလိုက္ရသည္။
"ေဖေဖက အလုပ္ကို ဦးစီးေနရတဲ့သူဆိုေတာ့ အားလပ္ခ်ိန္႐ွားတာ ထုံးစံပါပဲ။ သား နားလည္ပါတယ္။"
ျပဇာတ္တိုက္ထားသလို ခ်ိဳအီတာထက္ ပိုေနတဲ့ ထိုသားအဖႏွစ္ေယာက္ရဲ႕စကားေတြေၾကာင့္ Theo စိတ္မ႐ွည္ႏိုင္ေတာ့ေပ။
"မွာထားတာေတြ ေအးကုန္ေတာ့မယ္။ စားရင္းနဲ႔မွ ဆက္ေျပာၾကပါလား!?"
ထိုအခါက်မွ အကယ္ဒမီဆု႐ွင္ႏွစ္ဦးရဲ႕စကားျဖင့္ အမႊမ္းတင္ျခင္းက႑ၿပီးဆုံးသြားေလသည္။
"ဟုတ္သားပဲ...အရင္ စားၾကတာေပါ့။"
ထမင္းစားေနရင္းနဲ႔ ဦးစိုင္းေမာင္က စိုင္းရသဦးရဲ႕ပန္းကန္ထဲကို ပုစြန္ဟင္းထည့္ေပးလိုက္သည္။
"သားတို႔က ပုစြန္ဟင္းကို ဘာလို႔ ထည့္မစားၾကတာလဲ!?"
စိုင္းရသဦးကလည္း အျပဳံးနဲ႔ ျပန္ျငင္းပယ္ခဲ့သည္။
"သားတို႔ႏွစ္ေယာက္စလုံးက ပုစြန္နဲ႔ ဓာတ္မတည့္ဘူး...ေဖေဖ။"
ထိုအေျဖေၾကာင့္ ဦးစိုင္းေမာင္က အံ့အားသင့္သြားပုံပင္။
"ဟုတ္လား!? ေဖေဖလည္း ပုစြန္နဲ႔ ဓာတ္မတည့္ဘူး။ သားတို႔နဲ႔ တည့္မယ္ထင္ၿပီး မွာထားလိုက္တာ။"
သူတို႔ႏွစ္ဦးရဲ႕အျပန္အလွန္ေျပာစကားေတြကို ၿငိမ္သက္ၿပီး နားေထာင္ေနတဲ့ Theoက စားလက္စ ဇြန္းနဲ႔ ခက္ရင္းကို စားပြဲခုံေပၚသို႔ ေဆာင့္ခ်လိုက္ေလသည္။ Theoရဲ႕အျပဳအမူေၾကာင့္ စိုင္းရသဦးက မ်က္ႏွာပ်က္သြားၿပီး ဦးစိုင္းေမာင္ကလည္း နားမလည္ႏိုင္သလို ျဖစ္သြားေတာ့သည္။
"ငါ သြားစရာ႐ွိေသးတယ္။"
ေျပာၿပီးၿပီးခ်င္း ထိုင္ခုံကေန ထထြက္သြားတဲ့ Theoရဲ႕အေနာက္ကို စိုင္းရသဦးက အျမန္လိုက္လာၿပီး တားခဲ့သည္။
"Theo...ဘာျဖစ္လို႔လဲ!?"
"ဘာမွမျဖစ္ဘူး။ စားခ်င္စိတ္ မ႐ွိေတာ့လို႔။"
"ငါလည္း လိုက္ခဲ့မယ္ေလ။"
"မလိုပါဘူး။ မင္းဘာသာမင္း သူနဲ႔သာ အတူဆက္ေနေပးလိုက္စမ္းပါ။"
ခပ္ျပတ္ျပတ္ေျပာၿပီး အျမန္ထြက္သြားတဲ့ Theoရဲ႕ေက်ာျပင္ကို ေငးၾကည့္ရင္းနဲ႔ စိုင္းရသဦး သက္ျပင္းခ်လိုက္မိသည္။ ေဒါသမီးေတြနဲ႔ ပူေလာင္ေနတဲ့ Theoကေတာ့ သူ႕ကို ေအးျမမႈေပးႏိုင္မယ့္ တစ္ဦးတည္းေသာသူဆီသို႔သာ ဦးတည္သြားခဲ့ေလသည္။
"🔔...🔔...🔔"
မိခင္ျဖစ္သူဆီ သြားေတြ႕ဖို႔ ျပင္ေနတဲ့ သိဂၤါရက ဘဲလ္ျမည္သံေၾကာင့္ တံခါးဖြင့္ေပးလိုက္ရသည္။
"Theo...ဘာျဖစ္လာတာလဲ!?"
Theoက ဘာမွျပန္မေျဖဘဲ သိဂၤါရရဲ႕ပခုံးေပၚသို႔ သူ႕ဦးေခါင္းကို မွီထားခဲ့သည္။ သိဂၤါရလည္း ေမးျမန္းျခင္းအမႈကို ေခတၱရပ္နားထားၿပီး Theoရဲ႕ဆံစေလးေတြကို ညင္သာစြာ ပြတ္သပ္ေပးလိုက္သည္။
"နံပါတ္စဥ္ကို (၆၀)ကေန (၁)အထိ ျပန္ေရၾကည့္။ အဲဒါေတာ့ ေရတတ္တယ္မလား!?"
Theoက သိဂၤါရရဲ႕စကားကို ၾကားခ်ိန္မွာ ျပဳံးၿပီး ဦးေခါင္းျပန္ေမာ့လာခဲ့သည္။
"နံပါတ္စဥ္မေရတတ္လို႔ သင္ေပးပါဦး။"
သိဂၤါရလည္း ထိုအခါက်မွ ျပဳံးရယ္ႏိုင္ေတာ့သည္။
"ဘာေၾကာင့္လဲဆိုတာကို မေျပာျပခ်င္ဘူးလား!?"
Theoက သိဂၤါရကို တစ္ဖက္သို႔ လွည့္လိုက္ၿပီး ပခုံးေလးကို အသာအယာတြန္းကာ အိမ္ထဲသို႔ ေခၚေဆာင္သြားခဲ့သည္။ ထို႔ေနာက္ သိဂၤါရကို ဆိုဖာမွာ ထိုင္ခိုင္းၿပီး Theoကေတာ့ သူ႕ေပါင္ေပၚ ေခါင္းအုံးကာ လဲေလ်ာင္းလိုက္ေလသည္။
"အသိတစ္ေယာက္ရဲ႕အေၾကာင္းကို ေျပာျပမယ္။"
"မင္းရဲ႕အေၾကာင္းမလား!?"
သိဂၤါရရဲ႕ေမးခြန္းေၾကာင့္ Theoက ျပဳံးလိုက္မိသည္။
"ဟုတ္တယ္။"
"ေျပာျပေလ။ သူမ်ားအေၾကာင္းလို႔ သေဘာထားၿပီး နားေထာင္ေပးပါ့မယ္။"
"လြန္ခဲ့တဲ့ (၁၄)ႏွစ္ေလာက္က ႐ုတ္တရက္ မိဘမဲ့ျဖစ္သြားတဲ့ ေကာင္ေလးတစ္ေယာက္ ႐ွိခဲ့တယ္။ တစ္ရက္က်ေတာ့ သူက သူ႕လိုပဲ မိဘမဲ့ျဖစ္ေနတဲ့ ေကာင္ေလးတစ္ေယာက္ကို ေတြ႕သြားၿပီး သူငယ္ခ်င္းဖြဲ႕လိုက္တာေပါ့။"
သိဂၤါရက Theoရဲ႕နဖူးေပၚက ဆံပင္စေလးေတြကို သပ္တင္ရင္းနဲ႔ စိတ္ပါလက္ပါ နားေထာင္ေပးခဲ့သည္။
"အျဖစ္ခ်င္းက တူေနေတာ့ စိတ္တူကိုယ္တူ သူငယ္ခ်င္းေတြ ျဖစ္သြားတာမလား!?"
"အဲ့လိုမ်ိဳးပါပဲ။ ဒါေပမဲ့ ပထမေကာင္ေလးမွာ ထိမ္ခ်န္ထားတဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခု ႐ွိတယ္။"
"သူ႕သူငယ္ခ်င္းကိုေတာင္ ေျပာျပလို႔ မရဘူးလား!?"
"ဟုတ္တယ္။ သူ႕ကို ေျပာျပလို႔မရဘူး။"
ခဏတာၿငိမ္သက္သြားတဲ့ Theoကို ၾကည့္ၿပီး သိဂၤါရက စကားစ,ေပးလိုက္သည္။
"ငါ့ကိုလည္း ေျပာျပလို႔မရဘူးမလား!?"
Theoက သိဂၤါရရဲ႕မ်က္ဝန္းေတြကို ေငးၾကည့္ၿပီး ျပန္ေမးခဲ့ေလသည္။
"ကိုယ္ မေျပာလို႔ ရလား!?"
"ရပါတယ္။ လူတိုင္းမွာ မေျပာျပခ်င္တဲ့ လွ်ိဳ႕ဝွက္ခ်က္ကိုယ္စီ ႐ွိၾကတာပဲေလ။ မင္း ဆႏၵ႐ွိမွ ေျပာျပပါ။"
သိဂၤါရရဲ႕တျခားသူအေပၚ နားလည္မႈေပးႏိုင္စြမ္းကို Theo ေလးစားမိတာ အမွန္ပင္။
"မင္းက မင္းရဲ႕အေမနဲ႔ တူတာထင္တယ္။"
"ဘယ္လိုလုပ္ သိတာလဲ!?"
"ဒီလိုပဲ ခန္႔မွန္းၾကည့္တာပါ။ စိတ္ထားႏူးညံ့ရင္ အေမနဲ႔ တူလို႔ေပါ့။"
"မင္းကေရာ ဘယ္သူနဲ႔တူတာလဲ!?"
"ကိုယ့္႐ုပ္က အေဖနဲ႔တူေပမယ့္ စိတ္ကေတာ့ ဘယ္သူနဲ႔မွ မတူဘူး။"
"ေသခ်ာတယ္။ မင္းက အက်င့္ပုပ္ေလး။"
သိဂၤါရရဲ႕စေနာက္မႈကို Theoက ျပဳံး႐ႊင္စြာျဖင့္ လက္ခံလိုက္သည္။
"အက်င့္ပုပ္ေပမယ့္ ခ်စ္ဖို႔ေကာင္းတယ္မလား!?"
"ဘယ္သူ ေျပာလဲ!?"
"မင္းရဲ႕ရင္ခုန္သံေတြက ေျပာေနတယ္ေလ။ အခုေတာင္ ၾကားေနရတာပဲ။"
"ေတာ္ၿပီ...ဇိမ္ယူမေနနဲ႔။ ထေတာ့..."
သိဂၤါရက တြန္းထုတ္ဖို႔ ႀကိဳးစားလိုက္ခ်ိန္မွာ Theoကလည္း သူ႕ခါးကို တင္းၾကပ္စြာ ဖက္တြယ္ထားခဲ့သည္။
"မထခ်င္ေသးဘူး။ ဒီအတိုင္းပဲ ဆက္ေနဦးမွာ။"
ကေလးဆန္ဆန္ ျပဳမူေနတဲ့ Theoကို ၾကည့္ၿပီး သိဂၤါရ ေပ်ာ္႐ႊင္လာမိသည္။ လူေတြေ႐ွ႕မွာဆို တည္ၿငိမ္ၿပီး အရယ္အျပဳံးနည္းေလ့႐ွိတဲ့ ဒီေကာင္ေလးက သိဂၤါရ အတြက္ေတာ့ ခ်စ္စရာေကာင္းသူတစ္ဦး ျဖစ္ေနခဲ့သည္။ ထို႔ေၾကာင့္ ရင္ခြင္ထဲမွာ ေခါင္းဝွက္ထားၿပီး ၿငိမ္သက္ေနတဲ့ Theoကို သိဂၤါရက စေနာက္ၿပီး ေမးၾကည့္လိုက္ေတာ့သည္။
"ဒါ ဘယ္ႏွႏွစ္သားေလးလဲ!?"
"(၇)ႏွစ္သားေလးေလ..."
သိဂၤါရရဲ႕မ်က္ႏွာေလးက သူတို႔ႏွစ္ဦး ပထမဆုံးအႀကိမ္ ဆုံေတြ႕ခ်ိန္ကအတိုင္း ေတာက္ပစြာ ႐ွိေနဆဲပင္။ (၇)ႏွစ္သားအ႐ြယ္ Theoရဲ႕စိတ္ကို ေအးျမေစခဲ့သူ၊ (၁၀)ႏွစ္သားအ႐ြယ္ Theoရဲ႕နာက်င္မႈကို ေျပေပ်ာက္ေစခဲ့သူ... ဒီလိုအမွတ္တရေကာင္းေလးေတြသာ က်န္ရစ္ေနေစတဲ့ သိဂၤါရကို ခ်စ္ျမတ္ႏိုးမႈအျပည့္ျဖင့္ ေငးေမာၾကည့္ေနမိသည္။
"ဘာၾကည့္တာလဲ!?"
"မင္းက အရမ္းလွလို႔..."
"ဒီစကားကို ငါတို႔ စေတြ႕တုန္းကလည္း မင္း ေျပာခဲ့ဖူးတယ္။ ဘာလို႔ အဲ့လိုေျပာတာလဲ!?"
"မင္းက တကယ္လွလို႔ေလ။"
"ငါ အတည္ေမးေနတာ။ ငါက မိန္းမဆန္ေနလို႔လား!?"
"မဟုတ္ပါဘူး။ ကိုယ့္အတြက္ မင္းက မိန္းကေလးေတြထက္ ပိုၾကည့္ေကာင္းေနလို႔ လွတယ္ဆိုၿပီး ေျပာတာ။"
"ဒါေပမဲ့ ငါ့ကို အဲ့လိုေျပာတဲ့သူတစ္ေယာက္ ႐ွိဖူးတယ္။"
Theoရဲ႕မ်က္ဝန္းေတြက ေမွ်ာ္လင့္ခ်က္ႀကီးစြာျဖင့္ အေရာင္လဲ့သြားေလသည္။
"ဟုတ္လား...အဲဒါက ဘယ္သူလဲ!?"
"ကေလးေလးတစ္ေယာက္ပါ။ ၾကာၿပီဆိုေတာ့ ေသခ်ာေတာင္ မမွတ္မိေတာ့ဘူး။ သူက ငါ့ကို လွတယ္လို႔ ေျပာၿပီး ပန္းလည္း ေပးလိုက္တယ္။ ဟိုတစ္ခါ မင္း ေပးတဲ့ ပန္းေလးေလ... Purple Lilacsဆိုတာ..."
"သူနဲ႔ ဘယ္မွာေတြ႕ခဲ့တာလဲ!?"
"ေမြးေန႔ပြဲတစ္ခုမွာပဲ။ သူတို႔အိမ္မွာ ပန္းခင္းႀကီး႐ွိတယ္။ ပန္းေတြကလည္း ႏိုင္ငံျခားမ်ိဳးေတြခ်ည္းပဲ။ ငါက လူ႐ႈပ္ရင္ မႀကိဳက္ေတာ့ အျပင္ထြက္ေနလိုက္တာ။ သူ႕ကိုေတာင္ ေမြးေန႔႐ွင္မွန္း ငါ မသိလိုက္ဘူး။ အိမ္ကို ျပန္ေရာက္မွ ေမေမ ေျပာျပလို႔ သိရတာ။"
"အဲဒီကေလးေလးက ဘယ္လိုပုံစံမ်ိဳးလဲဆိုတာေရာ မမွတ္မိဘူးလား!?"
"ခ်စ္ဖို႔ေကာင္းတယ္။ ဒါေပမဲ့ သူ႕မ်က္ႏွာကို ငါ ေသခ်ာမမွတ္မိေတာ့ဘူး။"
"ဪ..."
"ဘာျဖစ္လို႔လဲ!?"
"သဝန္တိုလို႔..."
"ဘာမ်ား သဝန္တိုစရာ႐ွိလို႔လဲ!?"
"သူက မင္းကို လွတယ္လို႔ အရင္ေျပာခြင့္ရတဲ့သူေလ။"
Theoရဲ႕သဝန္တိုမႈေၾကာင့္ သိဂၤါရက ထပ္ၿပီး စေနာက္ၾကည့္ဖို႔ ႀကိဳးစားခဲ့သည္။
"ၿပီးေတာ့ေလ...သူက ငါ့ရဲ႕ပထမဆုံးအနမ္းကိုလည္း ရသြားေသးတယ္။"
သူတို႔ႏွစ္ဦးရဲ႕အမွတ္တရေလးေတြကို ျပန္ေတြးၾကည့္ရင္းနဲ႔ Theo ျပဳံးလိုက္မိသည္။
"သူက ပထမဆုံးအနမ္းကို ယူသြားတဲ့သူဆိုရင္ ကိုယ္က က်န္တဲ့အနမ္းအားလုံးကို သိမ္းယူပစ္လိုက္မွာေပါ့။"
Theoက သိဂၤါရရဲ႕လည္တိုင္ကို လက္နဲ႔ ညင္သာစြာ ဆြဲယူၿပီး ႏႈတ္ခမ္းပါးေလးဆီသို႔ ႏူးညံ့တဲ့အနမ္းမ်ားစြာ ႏွင္းအပ္ခဲ့ေလသည္။ သဘာဝအတိုင္း ခ်ိဳၿမိန္ေနတဲ့ ခ်စ္ရသူရဲ႕ႏႈတ္ခမ္းေလးကို Theoက စိတ္တိုင္းက်နမ္း႐ိႈက္ရင္းနဲ႔ ေလာဘတက္လာမိသလိုပင္။ ထိုအျခင္းအရာကို သိဂၤါရကလည္း သတိထားမိသြားၿပီး ျဖည့္ဆည္းေပးဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။
"Theo...ငါ မင္းကို ကူညီေပးပါ့မယ္။"
သိဂၤါရကို ဒီလိုမ်ိဳးလုပ္ဖို႔ Theo ခြင့္မျပဳရက္ေပ။
"ကိုယ့္အတြက္ ဒီေလာက္ထိ လုပ္ေပးစရာ မလိုပါဘူး။"
"မင္းလည္း ငါ့ကို လုပ္ေပးဖူးတာပဲ။"
သိဂၤါရက ဆိုဖာေပၚကေန ဆင္းလာၿပီး Theoရဲ႕ေ႐ွ႕မွာ ဒူးေထာက္လ်က္သား ထိုင္ခ်လိုက္ေလသည္။ ထိုအခ်ိန္မွာပင္ Theoရဲ႕တပ္မက္မႈက ဖုံးကြယ္ထားလို႔ မရႏိုင္ေတာ့တာမို႔ ေဘာင္းဘီနဲ႔ အတြင္းခံကို ခြၽတ္ခ်ၿပီး သူ႕အငယ္ေလးကိုလည္း သိဂၤါရရဲ႕ႏႈတ္ခမ္းနားသို႔ ေတ့ေပးလိုက္မိသည္။ သိဂၤါရက ဒီလိုကိစၥမ်ိဳးမွာ အေတြ႕အၾကဳံမ႐ွိေပမယ့္ သတိထားၿပီး ႀကိဳးစားၾကည့္ခဲ့သည္။ Theoရဲ႕အငယ္ေလးကို သူ႕လွ်ာဖ်ားနဲ႔ ျဖည္းညင္းစြာ ထိေတြ႕ၿပီး အစပ်ိဳးေပးရင္းက ပါးစပ္အတြင္းသို႔ ထည့္ကာ သြားနဲ႔ မထိရေလေအာင္ စုပ္ယူလိုက္ေတာ့သည္။ Theoရဲ႕ညည္းညဴသံက သိဂၤါရအတြက္ ပိုၿပီးႀကိဳးစားခ်င္စိတ္ ျဖစ္ေပၚလာေစသည္။ ခဏအၾကာမွာ Theoရဲ႕လက္က သိဂၤါရရဲ႕ဦးေခါင္းေပၚသို႔ ေရာက္႐ွိလာၿပီး အထုတ္အသြင္းျမန္ဆန္ေစဖို႔ ဦးေဆာင္ေပးခဲ့သည္။ သာယာမႈကို ခံစားေနရတဲ့ Theoရဲ႕မ်က္ႏွာျပင္ေပၚမွာ ေခြၽးစက္ေလးေတြက တြဲေလာင္းခိုေနၿပီး ေယာက်္ားပီသမႈကို ေဖာ္ျပေပးေနသလိုပင္။ ေနာက္ဆုံးမွာ သိဂၤါရရဲ႕နာမည္ကို ညည္းညဴရင္းနဲ႔ Theoက အခ်စ္ရည္ေတြ ထုတ္လႊတ္ႏိုင္ခဲ့ေလသည္။
"ကိုယ္ မထိန္းႏိုင္ျဖစ္သြားလို႔ ေတာင္းပန္ပါတယ္။ ျမန္ျမန္ေထြးထုတ္လိုက္ပါ။"
Theoရဲ႕မ်က္ႏွာျပင္ေပၚမွာ အားနာစိတ္က အထင္းသားေပၚေနတာမို႔ သိဂၤါရလည္း အျမန္မ်ိဳခ်ကာ ျပဳံးျပလိုက္ေတာ့သည္။
"ဘာမွမျဖစ္ပါဘူး။ ဒါေပမဲ့ ခဏေနရင္ ေမေမ့ဆီ သြားေတြ႕ရမွာဆိုေတာ့ ေရျပန္ခ်ိဳးလိုက္ဦးမယ္။ ဒါနဲ႔ ေမေမ့ကို လိုက္ေတြ႕ခ်င္လား!?"
Theoက ျပဳံး႐ႊင္စြာျဖင့္ ေခါင္းညိတ္ျပခဲ့သည္။
"ဒီမွာပဲ ခဏထိုင္ေစာင့္ေနလိုက္။ ငါ ျမန္ျမန္ခ်ိဳးလိုက္မယ္။"
သိဂၤါရ ေရခ်ိဳးခန္းထဲ ဝင္သြားခ်ိန္မွာ Theoက အဝတ္အစားေတြကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပင္ဆင္လိုက္ေလသည္။ စိတ္ထဲမွာလည္း မိခင္ျဖစ္သူနဲ႔ မိတ္ဆက္ေပးရေလာက္တဲ့အထိ ရင္းႏွီးလာတဲ့ သူတို႔ႏွစ္ဦးရဲ႕ဆက္ဆံေရးအတြက္ ေက်နပ္ပီတိျဖစ္ေနမိသည္။
ေန႔လည္(၂)နာရီခန္႔တြင္-
Theoက သိဂၤါရရဲ႕အိမ္ကို အတူလိုက္ပါလာၿပီး ေဒၚအိမ္စည္နဲ႔ ေတြ႕ခြင့္ရခဲ့သည္။
"ေမေမ...သူက Theoတဲ့။"
စက္႐ုပ္တစ္႐ုပ္လို ၿငိမ္သက္ေနတဲ့ ေဒၚအိမ္စည္ကို သိဂၤါရက ထုံးစံအတိုင္း စကားေတြေျပာၿပီး အေဖာ္ျပဳေပးလိုက္သည္။ ပါးစပ္က ဖြင့္မေျပာျပေပမယ့္ သိဂၤါရရဲ႕ရင္ထဲမွာ မိခင္အတြက္ ဝမ္းနည္းေနရမယ္မွန္း Theo နားလည္ေပးႏိုင္ခဲ့သည္။
"အန္တီ...ကြၽန္ေတာ္က Theoပါ။ သိဂၤါရရဲ႕ခ်စ္သူေပါ့။ အခုလို အန္တီနဲ႔ ေတြ႕ခြင့္ရတဲ့အတြက္ အရမ္းဝမ္းသာပါတယ္။"
တုံ႔ျပန္ျခင္းမ႐ွိတဲ့ စကားအခြန္းေပါင္းမ်ားစြာကို သိဂၤါရက တစ္ေယာက္တည္း ႏွစ္နဲ႔ ခ်ီၿပီး ေျပာလာခဲ့မွန္း Theo သိလိုက္ရၿပီမို႔ ဂ႐ုဏာသက္မိေလသည္။
"သိဂၤါရက အရမ္းေတာ္တဲ့သူပါ။ စိတ္ထားလည္း ေကာင္းတယ္၊ ၾကင္နာတတ္တယ္၊ လူနာေတြအေပၚမွာလည္း ေစတနာထားၿပီး ကုေပးတယ္။ သူ႕လိုလူမ်ိဳးက ဒီေခတ္ႀကီးထဲမွာ အရမ္း႐ွားသြားၿပီေလ။"
မိခင္ျဖစ္သူဆီမွာ ကိုယ့္ကို အမႊမ္းတင္ေနတဲ့ ခ်စ္သူေၾကာင့္ သိဂၤါရ ျပဳံးလိုက္မိသည္။ အရင္လိုမ်ိဳး မိခင္ျဖစ္သူနဲ႔ လာေတြ႕ခ်ိန္တိုင္း ခံစားရတတ္တဲ့ အထီးက်န္မႈဆိုတာကလည္း ေပ်ာက္ကြယ္သြားသလိုပင္။
"ကြၽန္ေတာ္ သူ႕ကို အရမ္းခ်စ္တယ္။ သူ႕ကို ဂ႐ုစိုက္ၿပီး တစ္သက္လုံး ေစာင့္ေ႐ွာက္ေပးသြားပါ့မယ္။ အန္တီရဲ႕သားရတနာေလးကို ကြၽန္ေတာ့္ဆီ ယုံယုံၾကည္ၾကည္နဲ႔ အပ္ႏွံေပးပါ။"
ပိုင္စိုးပိုင္နင္း ေျပာေနတဲ့ Theoကို သိဂၤါရက လက္တို႔ၿပီး တားလိုက္ေတာ့သည္။
"ဘာေတြ ေလွ်ာက္ေျပာေနတာလဲ!?"
"မင္းအေမဆီက ခြင့္ေတာင္းေနတာေလ။"
"ဘာလုပ္ဖို႔လဲ!?"
"မင္းကို လက္ထပ္ဖို႔..."
Theoရဲ႕မ်က္ဝန္းထဲမွာ ေနရာယူထားတဲ့ ေလးနက္မႈတစ္ခုေၾကာင့္ သိဂၤါရရဲ႕ရင္ထဲမွာ ေပ်ာ္႐ႊင္မႈေလးက ထြက္ေပၚလာခဲ့သည္။
"အန္တီက လက္ခံေပးထားတဲ့ပုံပဲ။"
"ေမေမက ဘာမွျပန္မေျပာႏိုင္ဘူးေလ။"
"ဆိတ္ဆိတ္ေနျခင္းက ဝန္ခံျခင္းပဲမလား!?"
Theoရဲ႕စကားတတ္မႈေၾကာင့္ သိဂၤါရ ျပဳံးလိုက္မိသည္။
"မင္းလည္း သေဘာတူေနတာပဲ။"
"ငါက ဘယ္မွာ သေဘာတူလို႔လဲ!?"
"ဟိုဘက္ကို ၾကည့္လိုက္။"
Theoရဲ႕လက္ညိႇဳးၫႊန္ရာဆီသို႔ သိဂၤါရ ၾကည့္မိခ်ိန္မွာ မွန္ေပၚက ျပဳံးေနတဲ့မ်က္ႏွာေလးတစ္ခုကို ျမင္ေတြ႕လိုက္ရသည္။
"မင္း ျပဳံးေနတယ္ေလ။"
Theoရဲ႕အေဖာ္ျပဳေပးမႈေၾကာင့္ သိဂၤါရရဲ႕ေျခာက္ေသြ႕ေနတဲ့ ဘဝေလးက ျပန္လည္စိုေျပလာၿပီး ေပ်ာ္႐ႊင္မႈကိုလည္း ခံစားတတ္လာခဲ့သည္။ ထို႔ေၾကာင့္ မိခင္ျဖစ္သူကို ေငးၾကည့္ရင္းနဲ႔ သိဂၤါရ စိတ္ထဲကေန ေရ႐ြတ္လိုက္မိသည္။
"ေမေမ...အခ်စ္ခံရတယ္ဆိုတဲ့ ခံစားခ်က္ကို သား ျပန္မွတ္မိသြားၿပီ။ ဒီခံစားခ်က္ေလးက ေပ်ာ္စရာေကာင္းၿပီး လူကို ေႏြးေထြးေစႏိုင္တယ္ဆိုတာကိုေပါ့..."
ည(၈)နာရီခန္႔တြင္-
ေျမေအာက္ခန္းထဲက ကိုယ္လုံးတီးျဖစ္ေနတဲ့ စိုးမင္းရဲ႕ေျခေခ်ာင္း၊ လက္ေခ်ာင္းေတြေပၚမွာ သံစိုက္ရာကိုယ္စီ႐ွိေနၿပီး သြားေတြကိုလည္း တစ္ေန႔(၂)ေခ်ာင္းႏႈန္းနဲ႔ ႏႈတ္ယူျခင္းခံထားရေလသည္။ ထို႔အျပင္ ခႏၶာကိုယ္ေပၚမွာ ၾကာပြတ္ရာေတြကလည္း ေနရာအႏွံ႔ ႐ွိေနျပန္သည္။
"ဒီေန႔ ခင္ဗ်ားက တိုင္နဲ႔ ေခါင္းနဲ႔ ေဆာင့္ၿပီး သတ္ေသဖို႔ ႀကိဳးစားခဲ့ေသးတယ္ဆို..."
လူ႐ုပ္ရယ္လို႔ ပီသစြာ မေပၚလြင္ေတာ့တဲ့ စိုးမင္းက အသံတုန္တုန္ရီရီနဲ႔ အသနားခံခဲ့သည္။
"ငါ့ကို ေသခြင့္ေပးပါေတာ့။"
Theoက ထိုအေျခအေနကို အရသာခံၾကည့္ေနရင္းနဲ႔ ေမးလိုက္သည္။
"ေသခ်င္ေနတယ္ေပါ့ေလ...ဟုတ္လား!?"
စိုးမင္းက တက္ႂကြစြာ ေခါင္းညိတ္ျပခဲ့ေလသည္။
"ဒါဆို ေမးခြန္းေလးတစ္ခုေလာက္ ေမးပါရေစဦး။ မွန္ရင္ ခင္ဗ်ားကို ေသခြင့္ေပးမယ္။ မွားခဲ့ရင္ေတာ့ လက္တစ္ေခ်ာင္းျဖတ္ပစ္မယ္။ ဘယ္လိုလဲ...ေျဖၾကည့္ခ်င္လား!?"
ဒီလိုႏွိပ္စက္ခံေနရတဲ့ ဘဝႀကီးကေန လြတ္ေျမာက္ဖို႔ နည္းလမ္းက ေသလမ္းပဲမို႔ စိုးမင္း အရဲစြန္႔ကာ ေျဖဖို႔ ေ႐ြးခ်ယ္လိုက္ေတာ့သည္။
"ဒီအိမ္ပိုင္႐ွင္ရဲ႕နာမည္က ဘယ္သူလဲ!?"
စိုးမင္းက ထိုအေျဖကို သိရဖို႔အတြက္ အျပန္ျပန္အလွန္လွန္ စဥ္းစားၾကည့္ေပမယ့္ ေခါင္းထဲက ဘာမွထြက္မလာခဲ့ေပ။ သူတို႔လို ေၾကးစားသမားေတြက ခိုင္းတာလုပ္၊ ပိုက္ဆံယူ႐ုံကလြဲၿပီး ဘယ္သူဘယ္ဝါဆိုတာကို ေလ့လာျခင္းမ်ိဳးမ႐ွိသလို ကိစၥၿပီးတာနဲ႔ ခ်က္ခ်င္း ေမ့ပစ္လိုက္ၾကတာကလည္း ထုံးစံပင္။
"မသိဘူးမလား!?"
Theoရဲ႕မ်က္ဝန္းထဲမွာ ေဒါသမီးေတာက္ေတြက အထင္းသား ျမင္ေနရတာမို႔ စိုးမင္း ေၾကာက္လန္႔တၾကား ေတာင္းပန္ခဲ့ရသည္။
"ငါ...ငါတို႔က ဘယ္သူ႕ကို သတ္ခဲ့ရတယ္ဆိုၿပီး မွတ္မထားၾကလို႔ပါ။"
"ဟုတ္တာေပါ့။ ဘယ္မွတ္ထားႏိုင္ပါ့မလဲ!?"
ထိုအခ်ိန္မွာပင္ စိုးမင္းရဲ႕ညာဘက္လက္သန္းက ပင္မခႏၶာကိုယ္ကို စြန္႔ခြာသြားေတာ့သည္။
"အားးးးးးးးးးး"
စိုးမင္းရဲ႕ေအာ္သံကို Theoက ႐ြံ႕႐ွာစြာျဖင့္ လွမ္းတားလိုက္ေလသည္။
"နားညီးတယ္။ ထပ္ေအာ္ရင္ ခင္ဗ်ားရဲ႕လွ်ာကိုပါ ျဖတ္ပစ္မွာ။"
နာက်င္မႈကို ဖြင့္ဟခြင့္မရတဲ့ စိုးမင္းက ၿငိမ္သက္ၿပီး မ်က္ရည္က်ေန႐ုံသာ တတ္ႏိုင္ေပေတာ့သည္။
"အျပစ္မ႐ွိတဲ့သူေတြကို သတ္ခဲ့ရတာ ေပ်ာ္စရာေကာင္းလား!?"
စိုးမင္းက ျပန္မေျဖရဲဘဲ ႏႈတ္ဆိတ္ေနခဲ့သည္။
"ေမးေနတယ္ေလ။ ေပ်ာ္ခဲ့လား!?"
"မ...မေပ်ာ္ပါဘူး။"
"ဒါဆို ဘာလို႔ သတ္ခဲ့တာလဲ!?"
"ေငြ...ရလို႔ပါ။"
"ဪ...ေငြတဲ့လား!? ေနာက္ဆုံးေတာ့လည္း ဒီေငြေၾကာင့္ပဲကို..."
Theoရဲ႕အသံက ဆို႔နင့္သြားတာကို စိုင္းရသဦး သတိထားမိလိုက္ေလသည္။
"မိဘက သားသမီးကို စြန္႔ပစ္တာ၊ သားသမီးေတြက မိဘကို ျပန္ဒုကၡေပးတာ၊ မိသားစုဝင္အခ်င္းခ်င္း အႏၲရာယ္ျပဳၾကတာ... ဒါေတြရဲ႕အဓိကတရားခံက ဒီေငြပဲ။ ေငြကို ဒီေလာက္ေတာင္ ႀကိဳက္ၾကတာလား!? ဒီစကၠဴ႐ြက္ေတြက လူ႕အသက္ထက္ေတာင္ တန္ဖိုးႀကီးေနတာလား!?"
Theoက ေငြစကၠဴေတြကို စိုးမင္းရဲ႕မ်က္ႏွာဆီသို႔ ေဒါသတႀကီး ပစ္ေပါက္ခဲ့သည္။
"ယူေလ...ဒါေတြကို ခင္ဗ်ား သိပ္ႀကိဳက္တာမလား!?"
"မ...မႀကိဳက္ပါဘူး။"
"$ပိုေတြ မေျပာနဲ႔!!!"
အၿမဲတမ္း ေအးတိေအးစက္ ေျပာေနခဲ့တဲ့ Theoကို အခုလို ၾကမ္းၾကမ္းတမ္းတမ္းပုံစံနဲ႔ ေတြ႕လိုက္ရတာမို႔ စိုးမင္းနဲ႔ စိုင္းရသဦးက အံ့အားသင့္သြားေတာ့သည္။ ထိုအခ်ိန္မွာပင္ Theoက ဦးေခါင္းကို လက္ႏွစ္ဖက္နဲ႔ ဖိကိုင္ကာ အ႐ူးတစ္ေယာက္လို ေအာ္ဟစ္ခဲ့ေလသည္။
"မုန္းတယ္...အားလုံးကို မုန္းတယ္။ ခင္ဗ်ားတို႔အားလုံးကို သတ္ပစ္ရမယ္။ ဟုတ္တယ္... သတ္ပစ္ရမယ္။"
စိုင္းရသဦးက အေျခအေနကို ဝင္ထိန္းေပးဖို႔အတြက္ Theoရဲ႕ပခုံးကို ကိုင္ၿပီး ေျပာလိုက္သည္။
"မင္းရဲ႕စိတ္ကို ေအးေအးထားပါဦး။"
တဒဂၤအတြင္းမွာ Theoက နီရဲေနတဲ့ မ်က္ဝန္းေတြနဲ႔ စိုင္းရသဦးရဲ႕မ်က္ႏွာကို စိုက္ၾကည့္ၿပီး ေျပာခဲ့သည္။
"မင္းရဲ႕လက္နဲ႔ ငါ့အသားကို လာမထိနဲ႔။ ႐ြံဖို႔ ေကာင္းတယ္။"
စိုင္းရသဦးက သူ႕အမွားသူ သိ႐ွိၿပီး လက္ကို အျမန္ျပန္႐ုပ္လိုက္ခ်ိန္မွာ Theoက ထိုအခန္းထဲကေန အျမန္ထြက္သြားခဲ့ေလသည္။
ည(၁၀)နာရီခန္႔တြင္-
"🔔...🔔...🔔"
အိပ္ရာဝင္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ ၾကားလိုက္ရတဲ့ လူေခၚဘဲလ္သံေၾကာင့္ သိဂၤါရ တံခါးဆီသို႔ အျမန္ေျပးခဲ့ရသည္။ တံခါးဝမွာ ေစာင့္ေနသူက Theoပင္...
"Theo...ဘာျဖစ္လာတာလဲ!?"
Theoက ခပ္ယဲ့ယဲ့ျပဳံးၿပီး ေမးလိုက္သည္။
"လူနာလက္ခံေသးလား...ဆရာ!?"
Theoရဲ႕အျပဳံးေတြက အသက္မပါသလို ပုံစံကလည္း ေဖ်ာ့ေတာ့ေတာ့ ျဖစ္ေနသလိုပင္။ ေန႔ခင္းကအထိ တက္ႂကြစြာ႐ွိေနခဲ့သူကို အခုလိုပုံစံမ်ိဳးနဲ႔ ျမင္ေတြ႕ရတာက ထူးဆန္းေနတာမို႔ သိဂၤါရ ဆက္မေမးဘဲ အိမ္ထဲသို႔ ဝင္ခြင့္ျပဳလိုက္သည္။
"လူက ထိုင္းမိႈင္းေနလို႔ ေရသြားခ်ိဳးလို႔ ရမလား!?"
"ရပါတယ္။ ငါ မင္းအတြက္ အဝတ္အစား ထုတ္ေပးထားမယ္။ ဝင္ခ်ိဳးလိုက္ေလ။"
Theoက ခြင့္ျပဳခ်က္ယူၿပီး ေရခ်ိဳးခန္းထဲ ဝင္သြားတာမို႔ သိဂၤါရကလည္း သင့္ေတာ္တဲ့ အဝတ္အစားကို ေ႐ြးထုတ္ေပးထားခဲ့သည္။ ခဏအၾကာမွာ Theoက ေရခ်ိဳးသန္႔စင္ၿပီး ျပန္ထြက္လာေလသည္။
"ဒါေတြကို ဝတ္ထားလိုက္။"
Theoလည္း အဝတ္အစားေတြကို အျမန္လဲဝတ္ၿပီး သိဂၤါရရဲ႕နံေဘးမွာ ဝင္ေရာက္လဲေလ်ာင္းျဖစ္ခဲ့သည္။
"ဘာမွမေတြးဘဲ စိတ္ကို ေအးေအးထားၿပီး အိပ္ပစ္လိုက္။"
"ဘာျဖစ္ခဲ့လဲဆိုတာကို မေမးဘူးလား!?"
သိဂၤါရက Theoဘက္ကို လွည့္ၾကည့္ၿပီး ေျဖေပးလိုက္သည္။
"မင္း ေျပာျပခ်င္တဲ့စိတ္႐ွိရင္ ငါလည္း သိရမွာေပါ့။"
"ကိုယ္ ေၾကာက္လို႔ ထြက္ေျပးလာတာ။"
"ဘာကိုလဲ!?"
"ေငြနဲ႔ လူေတြရဲ႕ေလာဘကို..."
သိဂၤါရက Theoကို ဂ႐ုဏာသက္စြာ ၾကည့္ၿပီး ေပြ႕ဖက္ေပးခဲ့ေလသည္။
"အခု ငါ ႐ွိေနၿပီပဲ။ မင္းရဲ႕ေၾကာက္စိတ္ေတြကို ေမ့ထားလိုက္ပါေတာ့..."
သိဂၤါရဆီက အေႏြးဓာတ္ေလးကို ခိုလႈံရယူရင္းနဲ႔ Theo ေျပာလိုက္မိသည္။
"ကိုယ့္ဆီမွာ မင္းကလြဲၿပီး ဘယ္သူမွမ႐ွိဘူး...သိဂၤါရ။ အဲဒါေၾကာင့္ ဘာေတြပဲျဖစ္လာပါေစ...ကိုယ့္အနားမွာ ႐ွိေနေပးပါ။"
"စိတ္ခ်ပါ။ ငါ မင္းနဲ႔အတူ အၿမဲတမ္း႐ွိေနပါ့မယ္။"
ထိုကတိစကားေၾကာင့္ Theoရဲ႕စိုးရိမ္မႈေတြ ပေပ်ာက္ၿပီး စိတ္အစဥ္ကလည္း ၿငိမ္းခ်မ္းျခင္းသို႔ ေရာက္႐ွိသြားေလသည္။
#Śûè
***************