အပိုချပ်​(၂.၇)/အပိုခပျြ(၂.၇)

Start from the beginning
                                    

အဲ့ဒါကိုမှထပ်​​လောင်း​ပေါင်းစပ်​​ပြောရမယ်​ဆိုရင်​, သူတို့အိမ်​ကြီးရဲ့အတွင်းပိုင်းတစ်​ခုလုံးသည်​ သူခိုး သာမက မုန်​တိုင်းပါ ဝင်​​မွှေထားသည့်​ပုံစံ ​ပေါက်​​နေပြီး, ကြမ်းပြင်​တစ်​ခုလုံး အမည်​မသိအစိုကွက်​များဖြင့်​ ​ညစ်​​ပေပွ​နေ၏။

အဆုံးသတ်​၌, ဝင်​​မွှေသွားတဲ့ ကြီးမားတဲ့​ဘေးဒုက္ခက သူတိုတာ ဝမ်​ကျို သ​ဘော​ပေါက်​သွားတဲ့အထိ မနေ့ညရဲ့ သူ့မှတ်​ဥာဏ်​​တွေကို တဖြည်းဖြည်း ပြန်​သတိရသွားသည်​။

"မ​နေ့က ကျွန်​​တော်​ဘာဖြစ်​သွားမှန်းကို ကျွန်​​တော်​ တကယ်​မသိရပါဘူး.....ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​နော်​"

သူ့ရဲ့အိုမီဂါကို အဲ့လိုနည်းလမ်းမျိုးနဲ့ ဆက်​ဆံဖို့ သူ ဘယ်​လိုဆန္ဒရှိခဲ့တာလဲဆိုတာကို​ရော, ရက်​စက်​ကြမ်းကြုတ်​တဲ့ ကိုယ့်​လုပ်​ရပ်​​ကြောင့်​ ဝမ်​ကျို အရမ်း​ကြောက်​လန့်​​နေမိတတယ်​။

"ကျွန်​​တော်​ ​ရှောင်​ယဲ့ကို ​နောက်​တစ်​ကြိမ်​ထပ်​ပြီး ဘယ်​​တော့မှ နာကျင်​ခွင့်​မပြု​တော့ဘူးလို့ အရင်​က ကျွန်​​တော်​ သိသိသာသာ ကတိ​ပေးခဲ့​ပေမဲ့, အခု​တော့ ​ရှောင်​ယဲ့ကို ဒီလိုနည်းလမ်းမျိုးနဲ့ နာကျင်​​စေတဲ့လူက ကျွန်​​တော်​ ဖြစ်​​နေတယ်​........အ​ကြောင်းပြချက်​​ပေးဖို့ အရမ်း​နောက်ကျသွားပြီဆိုတာ ကျွန်​​တော်​ နားလည်​ပါတယ်​, ဒါ​ပေ​မဲ့​လေ, ကျွန်​​တော်​ ကြိုးစားချင်​​သေးတယ်​.... ကျန်​ရှိ​နေတဲ့ကျွန်​​တော်​တို့ရဲ့ ဘဝတစ်​​လျှောက်​လုံး ဘယ်​​တော့မှ ကျွန်​​တော့်​ကို ​ရှောင်​ယဲ့ကို ထိခွင့်​မ​ပေးပါနဲ့​​တော့, ဒါ​ပေမဲ့ ကျွန်​​တော့်​ကို မကွာရှင်းပါနဲ့,​နော်​? ကျွန်​​တော်​ ​ရှောင်​ယဲ့ကို ​တောင်းဆိုပါတယ်​, ​ကျေးဇူးပြုပြီး​တော့........"

ဝမ်​ကျို ​တောင်းပန်​ပြီးငိုရှိုက်​တာကို နား​ထောင်​ရင်း ​ရှောင်​ယဲ့ခမျာ အူထဲသည်းထဲကပွင့်​အန်​ထွက်​လာ​တော့မဲ့ စကားကြမ်းကြမ်း​တွေနဲ့ကျိန်​ဆဲဖို့ကို ပြန်​မျိုချလိုက်​ရသည်​။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now