အပိုချပ်​(၂.၂)/အပိုခပျြ(၂.၂)

14.7K 2.2K 166
                                    

Zawgyi

အပိုချပ်​ အခန်း (၂) - အပိုင်း (၂)

ရှောင်​ယဲ့က သူ့စကားအတိုင်း တစ်​ပတ်​လုံးလုံး သူ့​ခေါင်း​ပေါ်က ဆံချည်​မျှင်​​လေးတစ်​မျှင်​ကို​တောင်​ ဝမ်​ကျို့အား ထိခွင့်​မ​ပေး​ပေ။

အစက​တော့, ဝမ်​ကျို သူ ခရီးက​နေအရမ်းပင်​ပန်းပြီး အမှတ်​တမဲ့ အိပ်​​ပျော်​သွားတာပါလို့​ပြောရင်း အကြိမ်​​ရေအနည်းငယ်​​လောက်​ ​တောင်းပန်​​ခဲ့​ပေမဲ့ အဆုံးထိအပြစ်​ဒဏ်​ကိုလုပ်​​ဆောင်​ဖို့ဆုံးဖြတ်​ထားတဲ့ သူ့ရဲ့ ခက်​ထန်​တင်းကျပ်​ပြီး မငဲ့ညှာဘဲအကြင်​နာမဲ့တဲ့ အိုမီဂါနဲ့ ရင်​ဆိုင်​ရတဲ့အခါ သူ လုံးဝ ခိုကိုးရာမဲ့သွားသည်​။ သူ့မှာ တစ်​ခြား​ရွေးချယ်​စရာမရှိဘဲ နာခံကာ ​ခပ်​ခွာခွာ​နေဖို့ကိုပဲ ​ခေါင်းထဲစွဲ​မှတ်လိုက်​ရသည်​။

နောက်​ဆုံးကျမှ, ​သောကြာ​နေ့ညပါတီမတိုင်​ခင်​မှာပဲ, ​ရှောင်​ယဲ့ သူ့ရဲ့အ​လျှော့မ​ပေးတဲ့စိတ်​ကို အနည်းငယ်​​လျော့ချလိုက်​ပြီး ဝမ်​ကျို့ကို သူ့လည်​စည်းကူစည်း​ပေးဖို့ ခွင့်​ပြုလိုက်​သည်​။

ဝမ်​ကျို ​ရှောင်​ယဲ့အ​နောက်​မှာ ရပ်​ပြီး ​ရှောင်​ယဲ့ကိုမထိဘဲ သူ့​ဘေးနားက ​လေဟာပြင်​ထဲကိုသာ လက်​ဆန့်​ထုတ်​လိုက်​ပြီး ​ရှောင်​ယဲ့ရဲ့​ကော်​လာစ​လေးကို ကိုင်​လိုက်​တယ်။သူ့အိုမီဂါရဲ့ မက်​​မောစရာဖြူဖြူ​ဖွေး​ဖွေးလည်​တိုင်​​လေးဆီကို ဝမ်​ကျို ​ခေါင်းငုံ့ချလိုက်​သည်​, သူ့မျက်​လုံး​တွေက​​တော့ တားမရဆီးမရဖြင့်​ ရှုချင်​စဖွယ်​မြင်​ကွင်း​ကိုပဲ စိုက်​ကြည့်​​နေ​လေရဲ့။ ဝမ်​ကျို သည်းခံကာ ကိုယ့်​ကိုယ်​ကိုထိန်းချုပ်​လိုက်​ပြီး ​နောက်​ဆုံး လည်​စည်း,စည်းပြီးသွားတဲ့အထိဆို ငါးမိနစ်​နီးပါး​လောက်​ လုပ်​လိုက်​ရသည်​။

ကိုယ်​လုံး​ပေါ်မှန်​နှင့်​ မျက်​နှာချင်းဆိုင်​ဖြစ်​​နေတာ​ကြောင့်​, ​သူ့ရဲ့မျက်​နှာ​ပေါ်မှာသူ့စိတ်​ခံစားချက်​​တွေအကုန်​လုံး ထင်​ဟပ်​​နေတဲ့ သူ့​နောက်​ ​​ယောက်ျားသားကို ​ရှောင်​ယဲ့ကြည့်​လိုက်​ပြီး ကျိတ်​ရယ်​မိသွားသည်​။ သူတမင်​သက်​သက်​ စကား​ပြောလိုက်​သည်​, " ကိုကို, ကိုကို ငါ့ကို ထိချင်​လား?"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now