အခန်း(၁၂)/အခနျး(၁၂)

16.4K 3K 71
                                    

Zawgyi
မ​တော်​တဆဖြစ်​ရပ်​တစ်​ခုလုံးက ၂စက္ကန့်​ ၊ ၃စက္ကန့်​​လောက်​ပဲ ကြာသည်​။ သူတို့ရဲ့ထပ်​​နေတဲ့ ခန္ဓာကိုယ်​​တွေ ​အောက်​ကိုလိမ့်​ဆင်း​နေရာက​နေ ​မြေပြင်​ကို​ရောက်​ပြီး ရပ်​သွား​တော့ တိုက်​မိ​ဆောင့်​မိတာ​တွေရဲ့ တုံ့ပြန်​ခံစားရမှု​​ကြောင့်​ ​ရှောင်​ယဲ့ မူး​ဝေ​နေသည်​။ ဒါ​ပေမဲ့ သူ့ကိုယ်​မှာ​တော့ နာကျင်​မှုတစ်​စုံတစ်​ရာမှ မရှိဘူး။ သူ့ကို ကာကွယ်​ခဲ့တဲ့ ဝမ်​ကျိုက​တော့ အား​ဖျော့ပြီး စိတ်​ချမ်းသာစရာမ​ကောင်းတဲ့ ညည်းသံကြီး ထ​အော်​​လေသည်​။

သူ့ရင်​ဘက်​ထဲက နှလုံးသားက တင်းကြပ်​သွားပြီး​တော့ ​ရှောင်​ယဲ့ ထထိုင်​လိုက်​ပြီး​တော့ ချက်​ချင်းပဲ ​မေးလိုက်
သည်​။
"ဝမ်​ကျို၊ ဝမ်​ကျို၊ ဘယ်​နားက နာ​နေတာလဲ?"

ရှောင်​ယဲ့ အရမ်းကြီးမလှုပ်​ရှားရဲဘဲ ဝမ်​ကျို​ဘေးဘက်​ကို ဂရုတစိုက်​ သွားလိုက်​သည်​။ သူ ခပ်​မြန်​မြန်​​လေးနဲ့ ​သေ​သေချာချာ ဝမ်​ကျို့ကို ​ခေါင်းက​နေ ​ခြေမအထိ စစ်​​ဆေးလိုက်​သည်​။ ကံ​ကောင်းတာက​တော့ သူ့​ခေါင်းမှာ ဘာဒဏ်​ရာမှမရှိဘူး။
ပြီး​တော့ တစ်​ခြားဘယ်​​နေရာမှလည်း ​သွေးထွက်​​နေတဲ့ ဒဏ်​ရာ​တွေမရှိဘူး။

ဝမ်​ကျို သူ့​ခေါင်းကို မူး​ဝေ​နေရာက​နေ သက်​သာ​အောင်​ အချိန်​ခဏ​လောက်​ယူလိုက်​ရသည်​။ ပြီးမှ ပြုံးလိုက်​ပြီး
"အဆင်​​ပြေပါတယ်​။......ဖြစ်​နိုင်​တာက ​ခြေဆစ်​လွဲသွားပြီထင်​တယ်​"

ရှောင်​ယဲ့ စိတ်​သက်​သာရာရသွားသည်​။
"မလှုပ်​နဲ့ဦး။ ငါ တစ်​​ယောက်​​ယောက်​ကို လာကူဖို့ ​ခေါ်လိုက်​ဦးမယ်​"

ကံ​ကောင်းတာက​တော့ သူ့အိပ်​ကပ်​ထဲက ဖုန်း မကွဲသွားဘူး။ ​ရှောင်​ယဲ့ လျို့ဟန်​နဲ့ လို့​ယောင်​ဟန်​ကို ရှင်းပြပြီး ​ခေါ်လိုက်​သည်​။ သူ ဝမ်​ကျိုနဲ့ ၁၀မိနစ်​ ကြာ​အောင်​ ​စောင့်​လိုက်​ရသည်​။ ၂​ယောက်​သား မြန်​မြန်​​ရောက်​လာပြီး လျို့ဟန်​က သူ့အိုမီဂါကိုပါ ​ခေါ်လာသည်​။

"​ရှောင်​​ရှောင်​၊ ဘာလို့မင်းက ဒီကို​ရောက်​​နေတာလဲ?
အိမ်​ပြန်​ပြီး သွားနား​တော့" လို့​ရှောင်​ယဲ့ ​ပြောလိုက်​သည်​။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now