အခန်း(၃)/အခနျး(၃)

24.4K 3.6K 109
                                    

Zawgyi
ပထမနှစ်​​လေးက သူ့အခန်းမှာ လာ​နေတယ်​လို့ လျို့ဟန်​ ​ပြောထားသားပဲ ဒါ​ပေမဲ့ အဲ့တာက ဒီ​လောက်
မြန်​မြန်​ကြီး ဖြစ်​လာမယ်​လို့​တော့ ​ရှောင်​ယဲ့ လုံးဝကို မ​မျှော်​လင့်​မိဘူး​လေ။

လျှော်​ပြီးသားအဝတ်​​တွေနဲ့ သူအခန်းကို ပြန်​လာ​တော့ လွန်​ခဲ့တဲ့နာရီဝက်​ သူထွက်​သွားတုန်းက ​သေ​သေချာချာ တံခါးကို ​သော့ခတ်​ခဲ့​ပေမဲ့ တံခါးပွင့်​​နေတာကို သူ​တွေ့
လိုက်​ရတယ်​။
သူအတွင်းထဲကို ဝင်​လိုက်​​တော့ အ​ဆောင်​ခန်းရဲ့ ကုတင်​အလွတ်​​ဘေးနားမှာ မသိတဲ့လူတစ်​​ယောက်​ရပ်​​နေတာကို သူ​တွေ့လိုက်​သည်​။

"​ဟေ့"

လူငယ်​​လေးက သူ့ရဲ့ရုတ်​တရက်​စကားသံ​ကြောင့်
လန့်​ဖျပ်​သွားသည်​။ သူက သူ့ရဲ့ခရီး​ဆောင်​အိတ်​ကို ရှင်းလင်းဖို့ ကိုင်း​နေရာက​နေ ထခုန်​မိသွားသည်​။ ပြီး​တော့ ​​ရှောင်​ယဲ့ ကိုလှည့်​ကြည့်​လာသည်​။

ေ​ရှာင်​ယဲ့: "........"

ဒီပထမနှစ်​အယ်​လ်​ဖာ​လေးက ​တော်​​တော်​​လေးကို အရပ်​ရှည်​တယ်​။ သူ့ထက်​ ​ခေါင်းတစ်​လုံးနီးပါး​လောက်​ကို ရှည်​တာ။ သူ့မှာ ​ကြောက်​လန့်​​နေတဲ့ပုံစံဖြစ်​​နေ​ပေမဲ့လည်း သူက ​တော်​​တော်​​လေးကို ကြည့်​​ကောင်းတယ်​။ အခုမှ အထက်​တန်း​ကျောင်းက ထွက်​လာတာမို့ က​လေးရုပ်​​လေးဖြစ်​​နေတုန်းပဲ။

အဲ့လူငယ်​​လေးက ​ရှောင်​ယဲ့ အ​ဆောင်​အခန်းတံခါး​ရှေ့မှာ ရပ်​​နေတာလည်းမြင်​​ရော ခဏ​​လောက်​ ရပ်​သွားတယ်​။
ပြီး​တော့ ချက်​ချင်းပဲ အရမ်းကို​တောက်​ပပြီး ထွန်း
လင်း​နေတဲ့ အပြုံးက ထွက်​​ပေါ်လာတယ်​။

"ရွှဲကျန်း! ဟဲလို!"

လူငယ်​​လေးက ​ရှောင်​ယဲ့ ​ရှေ့မှာရပ်​ဖို့ အ​ရှေ့ကို တိုးလာသည်​။ ပြီး​တော့ အကျယ်​ကြီး​အော်​​ပြော​လေသည်​။
"ကျွန်​​တော့်​နာမည်​က ဝမ်​ကျိုပါ။ ​ကျေးဇူးပြုပြီး ​ကျွန်​​တော့်​ကို ​​သေ​သေ​ချာချာ​လေး​စောင့်​​ရှောက်​​ပေးပါဦး။"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Kde žijí příběhy. Začni objevovat