အခန်း(၄၃)/အခနျး(၄၃)

19.7K 2.7K 61
                                    

Zawgyi
ရက်​​ပေါင်း​တော်​​တော်​​လေး ကုန်​သွားခါမှပဲ ​ရှောင်​ယဲ့ရဲ့ ပထမဆုံး heat က ​နောက်​ဆုံး​တော့ ​ကောင်း​ကောင်း​လေးအဆုံးသတ်​သွားတဲ့ပုံပဲ။ ​ခေါင်းအစ​ခြေဖျားတစ်​ဆုံး မင်္ဂလာ​ရေစင်​ဖြန်းပက်​ခံရပြီး​နောက်​, သူ့ဆီမှာ အတွင်း​ရောအပြင်​ပါ ဝမ်​ကျို့ရနံ့ပဲ အနံ့ထွက်​​နေ​တော့သည်​။ သူတို့နှစ်​​ယောက်​ထံမှာ bond ဖြစ်​တည်​သွားပြီဆိုတာ ​ကြေညာလို့​နေသည်​။

သနားစရာ​ကောင်းလှသည့်​ ပါးပါးကျန့်​က​တော့ သူ့သား ​သေ​သေချာချာနဲ့ လုံးဝပြီးပြည့်​စုံစွာ အစားခံရပြီးသည့်​အထိ ဒီလုံးဝမထင်​မှတ်​ထားတဲ့ဖြစ်​ရပ်​ကို မသိ​ပေ။

"ဘာ???!!!!!"

ရှောင်​ယဲ့ဖုန်းကို နည်းနည်း​ဝေး​ဝေးမှာထားပြီး ကိုင်​လိုက်​သည်​, "ပါး, ကျွန်​​တော်​ နားကန်း​တော့မယ်​, နည်းနည်းတိုးပါဦး"

"တစ်​​ယောက်​​ယောက်​က ငါ့သားကို အိပ်​ရာ​ပေါ်​ခြေ​တော်​တင်​လိုက်​တာကို ငါကဘယ်​လိုလုပ်​ စိတ်​​အေးနိုင်​မှာလဲ"

"Tsk, အိပ်​ရာ​ပေါ်​ခြေ​တော်​တင်​တာ အ​ဖေ့သားဆိုတာ သိသာ​နေတာကို"
ရှောင်​ယဲ့ မဲ့ပြုံးပြုံးလိုက်​ရင်း သူ့​မိန်းမရဲ့အ​ဖေ​အော်​ဟစ်​သံ​ကြောင့်​ ​ကြောက်​ပြီးကတုန်​ကယင်​​ဖြစ်​​နေတဲ့ ဝမ်​ကျို့ကို လှမ်းကြည့်​လိုက်​သည်​။

"မင်း ပါးကိုစကား​ပြောချင်​​လား?"

သူ့ရဲ့ရက်​စက်​အကြမ်းကြုတ်​ဆုံး ရန်​သူကို သူရင်​ဆိုင်​ရ​တော့မလိုမျိုး ဝမ်​ကျိုက ရုတ်​တရက်​ ကြည့်​လာ၏။ သူ ​ကြောက်​​ကြောက်​ရွံ့ရွံ့နှင့်​ စပီိကာဖွင့်​ထားတဲ့ဖုန်းကို လက်​နှစ်​ဖက်​နဲ့ ယူလိုက်​သည်​။

"ဦး​လေး"

ရှောင်​ယဲ့ ဝမ်​ကျို့ကို ကန်​ထလိုက်​တယ်​။
"မင်း ပါးကို ဘယ်​လို​ခေါ်ရမှာလဲ?"

ဝမ်​ကျို မြန်​မြန်​ဆန်​ဆန်ပဲ အမှားကိုပြန်​ပြင်​လိုက်​သည်​။
"ပါး!"

ပါးပါးကျန့်​က​တော့ ရယ်​ရမလား, ​ဒေါသထွက်​ရမလားဆိုတာ​တောင်​ မသိ​တော့ဘူး။
"မင်းတို့ လူငယ်​​တွေက​လေ အရမ်းမြန်​တာပဲ,ဟုတ်​တယ်​မလား? မင်း ငါ့သားကိုတကယ်​ကြိုက်​မှန်းငါသိပါတယ်​။ ပြီး​တော့ ငါမင်းကို အထင်​လည်းကြီးပါတယ်​ကွ, ဒါ​ပေမဲ့ ဒါက အရမ်း ရုတ်​တရက်​ဖြစ်​လွန်းတယ်​။ ငါ ဒါကို ဘယ်​လိုလက်​ခံရမလဲဆိုတာ​တောင်​ မသိ​တော့ဘူး......ဒါက သူတို့​ခေါ်တဲ့ 'အရင်​​ခေါင်းဖြတ်​ပြီးမှ ဖလားဆုကိုတင်​ပြလိုက်​ပါ' ဆိုသလိုဖြစ်​​နေပြီ"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now