အခန်း(၄၄)/အခနျး(၄၄)

19.2K 2.7K 68
                                    

Zawgyi
နှစ်​သစ်​ကူး၏မနက်​​စော​စောတွင်​, နှစ်​​ယောက်​သား ခရီး​ဆောင်​အိတ်​ဆွဲပြီး နှစ်​သစ်​ကူးနှုတ်​ဆက်​ရန်​အတွက်​ ​ရှောင်​ယဲ့ရဲ့အဘိုးအဘွား​တွေဆီ တက္ကစီသာစီး၍သွားလိုက်​သည်​။ အစိမ်း​ရောင်​အပင်​​တွေက လတ်​ဆတ်​သည့်​​လေဖန်​တီး​ပေးပြီး အနားယူထားသည့်​အသက်​ကြီးစုံတွဲအတွက်​ အလွန်​ကိုမှသန့်​ရှင်းသင့်​​လျော်​သည့်​ မြို့စွန်​မြိုဖျားက အ​နောက်​ပိုင်းပုံစံအိမ်​​သေး​သေး​လေးမှာ ​ရှောင်​ယဲ့ရဲ့ဘိုးဘွားစုံတွဲ​နေ,​နေတာဖြစ်​သည်​။

ရှောင်​ယဲ့ ကြိုဖုန်းဆက်ပြီး နှစ်​သစ်​ကူးကြိုဆိုဖို့ သူ​လာ​နေပြီလို့​ပြောထားတာ​ကြောင့်​ ကားက ရပ်​ကွက်​ထဲကိုထွက်​လိုက်​လျှင်​ပဲ, ​မျှော်​လင့်​​စောင့်​စားစွာဖြင့်​လိုက်​ကြည့်​​နေပြီး သူတို့အိမ်​တံခါး​ရှေ့မှာရပ်​​နေသည့်​ သူ့အဖိုးတို့ကိုရိပ်​ခနဲမြင်​လိုက်​ရသည်​။ သူ ကားထဲကထွက်​တာနဲ့ သူချက်​ချင်းကို အ​ပြေးသွားကာ သူ့အဘိုး​တို့ကိုနှုတ်​ဆက်​လိုက်​သည်​။ ​ရှောင်​ယဲ့ သူတို့ကိုမ​တွေ့ရတာ လအနည်းငယ်​ရှိ​နေပြီ။ဒါ​ပေမဲ့ သူတို့က​တော့ အသက်​အရွယ်​ကြီးရင့်​​သော်​ငြား သန်​တုန်းမြန်​တုန်းပင်​။ သူ့တို့ရဲ့စိတ်​အ​ခြေအ​နေက​လည်း ​ကောင်းမွန်​​နေစဲ။ ​ရှောင်​ယဲ့ သူစိုးရိမ်​​နေမိတာ​တွေကို လက်​လွှတ်​နိုင်​သွားပြီး ဝမ်​ကျို့ကို ​ကား​နောက်​ပစ္စည်းခန်းက​နေ ပစ္စည်း​တွေချတာကူညီလို့ ပြန်​လှည့်​လိုက်​သည်​။ သူ့အဘိုးအဘွား​တွေ​ရှေ့မှာ သူ ဝမ်​ကျို့​ကို ဦး​ဆောင်​​ပေးလိုက်​သည်​။

"ဒါက ကျွန်​တော်​ အဖိုးတို့ကို​ပြောပြထားတဲ့တစ်​​ယောက်​, ကျွန်​​တော့်​ ချစ်​သူ, ဝမ်​ကျို"

ဝမ်​ကျိုက မတ်​မတ်​ကြီးရပ်​​နေပြီး ကြည့်​ရှူစစ်​​ဆေးသည့်​အကြည့်​​တွေ​အောက်​ စိတ်​လှုပ်​ရှား​နေ၏။

"​ရှောင်​ဝမ်​​လေးက အရမ်းကြည့်​​ကောင်းတာပဲ။ ဒီနှစ်​ သား အသက်​ဘယ်​​လောက်​ရှိပြီလဲ?"

"နှစ်​-နှစ်​ဆယ်​ပါဗျ!"
သူ သူ့အသက်​ကို​ပြောပြလိုက်​တဲ့အချိန်​မှာ ဝမ်​ကျို ​ရှောင်​ယဲ့ကို အားနာသည့်​အကြည့်​ဖြင့်​ကြည့်​လိုက်​မိသည်​။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now