အခန်း(၂၃)/အခနျး(၂၃)

18K 2.8K 212
                                    

Zawgyi
(အများကြီးဘာသာပြန်​ထားတာမို့ တစ်​လုံးချင်းစီဖတ်​​ပေါ်ဟွန့်​! ဒီအပိုင်း​လေးက ​ရှောင်​ယဲ့ရဲ့ ဝမ်​ကျို့အ​ပေါ်စိတ်​​နေစိတ်​ထားအရမ်း​ပေါ်လွင်​တဲ့အပိုင်း​လေးပါ။ ဖတ်​ပြီးရင်​ ထင်​မြင်​ချက်​​တွေ ဖလှယ်​ကြမယ်​!)

တနင်္လာ​နေ့မနက်​ အတန်းသွားတက်​တဲ့အချိန်​မှာ​တော့ ​ရှောင်​ယဲ့ ဝမ်​ကျိုကို ​အ​ဆောင်​ထဲကထွက်​ခွင့်​​ပေးလိုက်​ သည်​။ ​လူ​တော်​​တော်​များများက​တော့ လူသွားလမ်းအထိ လာပြီး သူတို့ကို စိတ်​ဝင်​စားဖွယ်​အတင်းတုပ်​စရာရသွားသလိုမျိုးကြည့်​​နေကြ၏။ ​ရှောင်​ယဲ့က​တော့ သူတို့​တွေကို သူနဲ့ဝမ်​ကျိုနားမှာရှိတဲ့​လေ​တွေလိုမျိုးသာ သတ်​မှတ်​ထားတာ​ကြောင့်​ နှုတ်​ဆိတ်​ပြီး တည်​ငြိမ်​ဟန်​ရှိ​သည်​။ ဒါ​ပေမဲ့ လူတကာဆီက အကဲဖြတ်​ခံ​နေရတဲ့ ဝမ်​ကျိုက​တော့ ချက်​ချင်းဆိုသလို သူ့လက်​​တွေ​ခြေ​တွေကို​​တောင်​ ဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိဖြစ်​​နေမိပြီး ကို့ယို့ကားယားနှင့်​ ယက်​ကန်​ယက်​ကန်​ ဖြစ်​​နေ​တော့သည်​။

ရှောင်​ယဲ့ သက်​ပြင်းချလိုက်​ပြီး ဝမ်​ကျို့ကို လက်​နဲ့လှမ်းဆွဲလိုက်​သည်​။
"မ​ကြောက်​​နေနဲ့။ တစ်​ခုခုဖြစ်​လာခဲ့ရင်​ ငါ့နားမှာပဲ​နေ"

"ရွှဲကျန်း, ကျွန်​​တော်​ မ​ကြောက်​ပါဘူး။ ကျွန်​​တော်​...."
ကျန်​​နေတဲ့စကားစကိုမ​ပြော​တော့ဘဲ သူ့စကားသူတုံးတိဖြတ်​လိုက်​သည်​။

စာသင်​ချိန်​လည်း ​တော်​​တော်​​လေးနီးလာပြီဖြစ်​တာ​ကြောင့်​ ​ရှောင်​ယဲ့ သူ့အတွက်​ များများစားစားမလုပ်​​ပေးနိုင်​​ပေ။ သူတို့ရဲ့သက်​ဆိုင်​ရာစာသင်​​ဆောင်​​တွေဆီကို သူတို့လမ်း​လျှောက်​သွား​နေချိန်​​လေးမှာပဲ ​ရှောင်​ယဲ့ သူ့ကို နည်းနည်းပါးပါးသာ နှစ်​​သိမ့်​​ပေးနိုင်​​​လေသည်​။ ပြီး​တော့ သူတို့ သက်​ဆိုင်​ရာဋ္ဌာနဆီ လမ်းခွဲသွားလိုက်​ရသည်​။

တစ်​မနက်​လုံး အာရုံတစ်​ခြား​ရောက်​​နေတာ​ကြောင့်​ ​ရှောင်​ယဲ့ professor ​တွေရဲ့ lecture ​တွေကို ကြားရုံ​လေးသာ ကြားလိုက်​ရသည်​။ သူ့စိတ်​အစုံက​တော့ ​ခွေးရူး​လေးကို ရဲရင့်​လာ​အောင်​ ဘယ်​လိုလုပ်​ရမလဲဆိုတာ​ပေါ်မှာပဲ အာရုံစိုက်​​နေမိသည်​။ ဘယ်​လိုတိုက်​ခိုက်​ရမယ်​ဆိုတာ သူ့ကိုသင်​​ပေးလိုက်​တာ ပို​ကောင်းမယ်​။ အဲ့လိုမှမဟုတ်​ရင်​ သူ ဘယ်​​တော့မှ စိတ်​ချလက်​ချ​နေနိုင်​မှာမဟုတ်​ဘူး။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now